ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Wednesday, April 29, 2009

ဝက်တုပ်ကွေး Swine Flu အကြောင်း သိမှတ်ဖွယ်ရာ

- ဝက်တုပ်ကွေး ရောဂါသည် မျိုးရိုးဗီဇ ၄ မျိုး ပေါင်းစပ်၍ ဖြစ်ပေါ်လာသော ဗိုင်းရပ်စ်ပိုးသစ် ဖြစ်သည်။

ဤရောဂါသည် ရောဂါဖြစ်ပွားသော ဝက်ကို ထိတွေ့ကိုင်တွယ်မိရာက ကူးစက်ခြင်းဖြစ်ကာ လူမှ လူသို့ ကူးစက်နိုင်သော ရောဂါဖြစ်သဖြင့် လျင်မြန်စွာ ကူးစက်ပွားမှု ဖြစ်နေသည်။

ဧပြီလ ၁၃ ရက်နေ့က စတင်ဖြစ်ပွားခဲ့သော မက္ကဆီကို နိုင်ငံတွင် ဤတုပ်ကွေးကြောင့် လူ ၂ဝ အသက် ဆုံးရှုံးရသည်ကိုသာ အတည်ပြုနိုင်သော်လည်း စုစုပေါင်း ၁၄၉ ဦး အသက်ဆုံးရှုံးခဲ့ရပြီး ဖြစ်ကြောင်း အစောပိုင်းက ကြေညာခဲ့သည်။ သေဆုံးသူများမှာ အသက် ၂ဝ နှစ်မှ ၅ဝ နှစ်ကြား ဖြစ်ကြသည်။

- အခြား နိုင်ငံအချို့တွင်လည်း ရောဂါဖြစ်ပွားသူများ တွေ့လာနေရသည်။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက ဤရောဂါနှင့် ပတ်သက်၍ အဆင့် ၄ အဆင့်ဟု ကြေညာထားရာ လူမှ လူသို့ ကူးစက်မှု ဖြစ်ပွားနိုင်ပြီး လူမှု အဖွဲ့အစည်းအတွင်း ကပ်ဘေးအန္တရာယ် ဖြစ်လာနိုင်သည်ဟု ဆိုခြင်းဖြစ်သည်။

ဝက်တုပ်ကွေး၏ လက္ခဏာများ

- ကိုယ်ပူခြင်း၊ နှာရည်ယိုခြင်း၊ နှာစေးချောင်းဆိုးခြင်း၊ ကိုယ်လက် မအီမသာဖြစ်၍ ကိုက်ခဲခြင်း၊ ခေါင်းကိုက်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ အသက်ရှူကြပ်ခြင်းတို့ ဖြစ်သည်။

ရှောင်ရန်

အထက်ပါ ရောဂါလက္ခဏာဖြစ်လျှင် မိမိနေအိမ်တွင်သာ အနားယူရန်၊ လိုအပ်လျှင် ဆေးရုံ၊ ဆေးခန်းသို့ ပြသ၍ ကုသမှုခံယူရန်၊ အဖျားကြီးခြင်း၊ ချောင်းဆိုးကြာရှည်ခြင်း၊ အသက်ရှူ ခက်ခဲ၍ မောပန်းခြင်း စသည့် ပြင်းထန်သော ရောဂါလက္ခဏာများ ခံစားရလျှင် ဆေးရုံ၊ ဆေးခန်းသို့ ပြသရန် လိုအပ်သည်။

လူတိုင်းလိုက်နာ ဆောင်ရွက်သင့်သည်မှာ -

(၁) နှာချေ ချောင်းဆိုးလျှင် လက်ကိုင်ပုဝါဖြင့် ဖုံးအုပ်ခြင်း

(၂) လက်ကို ဆပ်ပြာဖြင့် စင်ကြယ်စွာ ဆေးကြောခြင်း

(၃) တကိုယ်ရေသန့်ရှင်းမှု ဂရုပြု ဆောင်ရွက်ခြင်း

(၄) ကောင်းစွာ အိပ်စက်အနားယူခြင်း

(၅) အာဟာရ ပြည့်ဝသည့် အစားအစာများ စားသုံးခြင်း

(၆) ကိုယ်လက်လှုပ်ရှားမှု မှန်မှန် ပြုလုပ်ခြင်း

(၇) လေကောင်းလေသန့် ရရှိအောင် ဆောင်ရွက်နေထိုင်ခြင်း

တုပ်ကွေးရောဂါ ဖြစ်ပွားသည်ဟု သံသယရှိသူများနှင့် ပြုစုစောင့်ရှောက်သူများသည် နှာခေါင်းစည်းများ တပ်ဆင်ရန် လိုအပ်သည်။

ဝက်မွေးမြူသူများ၊ ရောင်းဝယ်သူများနှင့် စားသုံးသူများ လိုက်နာရန်

(၁) ဝက်များ၌ ဖျားနာသည့် လက္ခဏာများ တွေ့ရှိပါက လူနှင့် တိုက်ရိုက် မထိစေဘဲ လူနှင့် အနီးနား၌ မထားဘဲ သီးခြားထားရှိရန်

(၂) ဝက်ခြံလုပ်ငန်း ဆောင်ရွက်ပြီးတိုင်း ခြေ၊ လက်များ စနစ်တကျ စင်ကြယ်စွာ ဆေးကြောရန်

(၃) နှာခေါင်း၊ ပါးစပ်အကာ လက်အိတ်များ အသုံးပြုကိုင်တွယ်သွားရန်

(၄) မကျန်းမာသော ဝက်များအား ဈေးကွက်သို့ ရောင်းချခြင်း မပြုရန်

(၅) မူရင်းဇစ်မြစ်မသိသော ဝက်များကို ရောင်းချခြင်း မပြုရန်၊ အထူးသဖြင့် နယ်စပ်ဖြတ်ကျော်၍ ဝင်ရောက်လာသော ဝက်များကို ဝယ်ယူရောင်းချခြင်း မပြုရန်

(၆) ဝက်သားနှင့် ဝက်သားထွက် ပစ္စည်းများကို ချက်ပြုတ်စားသောက်လိုလျှင် အပူချိန် ၇ဝံ င အထက် ချက်ပြုတ်စားသောက်ရန်

Monday, April 27, 2009

Swine တုပ်ကွေး အရေးပေါ် သတိပေးချက် WHO နဲ့ အမေရိကန် ကြေညာ

အမေရိကန် ပြည်ထောင်စုနဲ့ မက္ကဆီကို နိုင်ငံတွေမှာ ၀က်တွေမှာ တွေ့ရတတ်တဲ့ ဗိုင်းရပ်စ်ပိုးတမျိုးကနေ Swine Flu တုပ်ကွေး ဖြစ်ပွားတာတွေ လူတွေမှာ စမ်းသပ်တွေ့ရှိရပြီးတဲ့နောက် ဒီရောဂါကူးစက်မှုတွေ ရှိလာမှာ စိုးရိမ်တဲ့အကြောင်း WHO ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက ပြောဆိုလိုက်ပါတယ်။ အခုဆိုရင် ကနေဒါနိုင်ငံမှာလည်း နောက်ထပ် ရောဂါဖြစ်ပွား တာတွေ စမ်းသပ်တွေ့နေရတယ်လို့ ပြောပါတယ်။ အမေရိကန်ပြည်ထောင်စုမှာတော့ ပြည်သူ့ ကျန်းမာရေး အရေးပေါ် အခြေအနေ ကြေညာပြီး ဒီ ကူးစက်ရောဂါ တိုက်ဖျက်ရေးအတွက် ဗဟိုအစိုးရအနေနဲ့ ပြည်နယ်တွေအတွက် လိုအပ်တာတွေ အသုံးပြုပြီး အရှိန်မြှင့် ဆောင်ရွက်မယ်လို့ သမ္မတအိုဘားမားရဲ့ အစိုးရအဖွဲ့က ပြောဆိုထားပါတယ်။ VOA သတင်းထောက် Michael Bowman သတင်းပေးပို့ထားတာကို ကိုသိန်းထိုက်ဦးက တင်ပြပေးပါတယ်။

ဆွိုင်း ဖလူး တုပ်ကွေးရောဂါဖြစ်ပွားမှုတွေဟာ အများပြည်သူ့ ကျန်းမားရေးအတွက် နိုင်ငံတကာ အတိုင်းအတာနဲ့ စိုးရိမ်ရတဲ့ အခြေအနေလို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ WHO အဖွဲ့က ပြောပါတယ်။ WHO အဖွဲ့ လက်ထောက်ညွှန်ကြားရေးမှူးချုပ် Keiji Fukuda ကလည်း သတင်းထောက်တွေကို ဂျနီဗာကနေ တယ်လီကွန်ဖရန်စ်ကတဆင့် အခုလို ပြောပါတယ်။

"နိုင်ငံတိုင်း နိုင်ငံတိုင်းက စောင့်ကြပ်ကြီးကြပ်တာတွေ လုပ်ဘို့ ကျနော်တို့ က တိုက်တွန်း တောင်းဆိုထားပါတယ်။ ဒီလို စောင့်ကြည့်နေမှ ကျွန်တော်တို့က အမြန်ဆုံး စမ်းသပ်စစ်ဆေးနိုင်မယ်။ ဒီဗိုင်းရပ်စ်ပိုး မကူးစက်အောင် အမြန်ဆုံး ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။"

မက္ကဆီကိုမှာ ရောဂါဖြစ်ပွားတာတွေက ပိုပြီး ဆိုးဆိုးဝါးဝါး ဖြစ်နေပေမဲ့ အမေရိကန်ပြည်ထောင်စုနဲ့ မက္ကဆီကို နိုင်ငံတွေမှာ တွေ့ရတဲ့ Swine ဖလူး ဖြစ်ပွားမှု ပုံစံတွေဟာ ခပ်ဆင်ဆင်ပဲလို့ WHO အဖွဲ့ လက်ထောက်ညွှန်ကြားရေးမှူးချုပ် Keiji Fukuda က ပြောပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း မက္ကဆီကိုမှာ တုပ်ကွေးဖြစ်ပွားမှုတွေ ရှိနေပြီး လူတွေ ဒါဇင်နဲ့ချီသေဆုံးမှုတွေ ရှိခဲ့ပါတယ်။ ဒီ သေဆုံးမှုအားလုံးဟာ ဆွိုင်း ဖလူး ဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးတာ ဟုတ် မဟုတ်ဆိုတာတော့ ရှင်းရှင်း လင်းလင်း မသိရသေးပါဘူး။

အခု ဆွိုင်း ဖလူးခေါ် ဗိုင်းရပ်စ်မျိုးဟာ အနည်းနဲ့အများ အချိန်အတိုင်းအတာတခုအထိ မြန်မြန်ဆန်ဆန် ကူးးစက်နိုင်တဲ့ အနေအထားမျိုး ရှိတယ်လို့လည်း WHO အဖွဲ့ လက်ထောက်ညွှန်ကြားရေးမှူးချုပ် Keiji Fukuda က ပြောပါတယ်။

"ဒီ ဗိုင်းရပ်စ်ပိုးတွေက ရောဂါဖြစ်နိုင်ခြေ သိပ်ကို ပြောင်းလဲနိုင်ပါတယ်၊ တချိန်တည်းမှာ မူလသန္ဓေကနေ လွယ်လွယ်ကူကူနဲ့ လည်း ပြောင်သွားတာမျိုးတွေ ရှိပါတယ်။ ဗိုင်းရပ်စ်ပိုး တဖြေးဖြေး အားကောင်းလာတယ်၊ ပြောင်းလဲလာပြီးတယ်ဆိုရင် လူတွေအတွက် ပိုပြီး အန္တရာယ် ကြီးလာပါတယ်။ ပိုပြီး ဆိုးတဲ့ ရောဂါဘယဖြစ်လာနိုင်သလို မူလသန္ဓေကနေ ခွဲထွက်သွားတဲ့ အတွက် သိပ်ပြီး ရောဂါ မပြင်းထန်တော့တာမျိုးတွေလည်း တွေ့ရနိုင်ပါတယ်။"

WHO အဖွဲ့ ညွှန်ကြာရေးမှူး Keiji Fukuda ပြောပြီး သိပ်မကြာခင်မှာပဲ အမေရိကန် အရာရှိတွေက ပြည်သူ့ကျန်းမာရေး အရေးပေါ် အခြေအနေ ကြေညာလိုက်တာပါ။ အမေရိကန်ပြည်ထောင်စုအတွင်း ပြည်နယ် ငါးခုမှာ ရောဂါဖြစ်ပွားတဲ့သူ အယောက်၂၀ ကို တွေ့ရတယ်လို့ ပြောပါတယ်။

အခု တွေ့ရတဲ့ ရောဂါဖြစ်ပွားနေတာတွေထက် ပိုပြီး ပြင်းထန်တဲ့ လက္ခဏာနဲ့ တွေ့ရနိုင်ပြီး တုပ်ကွေးဖြစ်တဲ့သူတွေကိုလည်း ပိုများလာနိုင်တယ်လို့ အမေရိကန် ဗဟို ရောဂါ တိုက်ဖျက်ရေးဌာနက အရာရှိတွေက ပြောပါတယ်။ အိမ်ဖြူတော် သတင်းစာ ရှင်းလင်းပွဲမှာ အမိမြေ လုံခြုံရေးဆိုင်ရာ ၀န်ကြီး Janet Napolitano က အမေရိကန် အစိုးရအနေနဲ့ သိမ်းထားတဲ့ ရောဂါ တိုက်ဖျက်ရေး ဆေးတွေကို ပြည်နယ်တွေကို ထောက်ပံ့ပေးသွားမယ်လို့ ပြောပါတယ်။ ဗဟိုအစိုးရက ဒီ ရောဂါအန္တရာယ် ကာကွယ်ရေးကို အရှိန်မြှင့် ဆောင်ရွက်နေတယ်လို့ ပြောပါတယ်။

"အစိုးရတခုတည်း ဖြေရှင်းလို့ မရပါဘူး။ အမေရိကန်ပြည်ထောင်စုမှာ ရှိတဲ့ သူတိုင်း ဒီကိစ္စကို တာဝန်ယူဖို့ လိုပါတယ်။ ဖျားနာမယ်ဆိုရင် အိမ်မှာပဲ နေကြပါ။ လက်တွေကို စင်ကြယ်အောင် ဆေးကြပါ။ လူတွေ နည်းနိုင်သမျှ နည်းနည်းနဲ့ ရောဂါကို မပြန့်ပွားအောင် ထိန်းထားနိုင်ဖို့ လူဘယ်လောက် အမှန်တကယ် ဖျားနာတယ်ဆိုတာ သိနိုင်အောင် ကျမတို့ လုပ်နိုင်အောင် တာဝန်သိသိနဲ့ လုပ်စရာရှိတာတွေ လုပ်ဖို့ လိုပါတယ်။"

WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အရာရှိတွေကတော့ နိုင်ငံတကာ အကြားမှာ ရောဂါ တိုက်ဖျက်ရေးအတွက် အရင်တုန်းကနဲ့ စာလျှင် ကိရိယာပစ္စည်းတွေ ပိုပြီး စုံစုံလင်လင် တပ်ဆင်သုံးစွဲလာနိုင်နေပြီဖြစ်တဲ့အတွက် ဒါကတော့ သတင်းကောင်းတခုလို့ ပြောပါတယ်။ နိုင်ငံတကာရဲ့ ရောဂါ တိုက်ဖျက်နိုင်အား၊ ဘယ်လောက်ပြင်ဆင်ထားနိုင်ပြီလဲ ဆိုတာကို စမ်းသပ် စိန်ခေါ်မှု တွေ ရှိလာနေပါပြီ။ အခု ကနေဒါနိုင်ငံမှာလည်း ဆွိုင်း တုပ်ကွေးရောဂါဖြစ်ပွားမှုတွေ ရှိနေပါတယ်။ Nova Scotia နဲ့ British Columbia မှာ လူတွေတော်တော်များများ သိပ်ပြီး အပြင်းအထန်ကြီး မဟုတ်သေးတဲ့ ဖျားတာမှုတွေ ရှိနေပါတယ်။ ပြင်သစ်နဲ့ နယူးဇီလန် နိုင်ငံတွေမှာလည်း ဖြစ်နိုင်ခြေ စုံစမ်းစစ်ဆေးတာတွေ ရှိနေပါတယ်။

ဝက်မှာတွေ့တဲ့ တုတ်ကွေးဗိုင်းရပ်မျိုးကြောင့် မက်ဆီကိုမှာ လူ ၈၁ဦးသေဆုံး

မက္ကဆီကို နိုင်ငံမှာ Swine flu ဝက်တုပ်ကွေး ကူးစက် ပျံ့ပွားမှုကြောင့် သေဆုံးသူပေါင်း ၈၁ ယောက်ရှိသွားပြီလို့  မက္ကဆီကို ကျန်းမာရေး ဝန်ကြီးက ပြောပါတယ်။
မက္ကဆီကို စီးတီး မြို့တော်နဲ့ အနီး ဝန်းကျင်က ဒေသတွေမှာ ကျောင်းတွေကို မေလ ၆ ရက်နေ့ အထိ ပိတ်ထားမယ်လို့  အစိုးရက ကြေငြာခဲ့တာနဲ့ အတူ လူအသေအပျောက်နှုန်း အသစ်ကို ကျန်းမာရေးဝန်ကြီးက ထုတ်ပြန်ပြောကြား ခဲ့တာဖြစ်ပါတယ်။

မက္ကဆီကို နိုင်ငံနဲ့  အမေရိကန် နိုင်ငံတွေမှာ ဝက်တုပ်ကွေးလို့  အတည်ပြုနိုင်တဲ့ နောက်ထပ် ကူးစက်မှုတွေနဲ့  ဖြစ်နိုင်ချေရှိတဲ့ ကူးစက်မှုတွေကြောင့်  လူတွေမှာဖြစ်တဲ့ ဝက်တုပ်ကွေးရောဂါ ပျံ့နှံ့ ဖြစ်ပွားနိုင်တဲ့ အလားအလာရှိနေတာမို့  ဒီ ဗိုင်းရပ် ပိုးဟာ နိုင်ငံတကာမှာ အများပြည်သူ ကျန်းမာရေးအတွက် အရေးပေါ် စိုးရိမ်စရာဖြစ်တယ်လို့  WHO ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ ကြီးက ကြေငြာထားပါတယ်။

ဗိုင်းရပ် ကူးစက်မှုကို တာဝန်ရှိသူတွေ ထိန်းနိုင်မှာ မဟုတ်ဘူးလို့  အမေရိကန် ရောဂါထိန်းချုပ်ရေးဌာနက သတိပေးထားပါတယ်။

နယူးဇီလန် နိုင်ငံမှာတော့ မက္ကဆီကို ကနေ လတ်တလော ပြန်လာတဲ့ ကျောင်းသား ၁၀ ယောက်ဟာ ဝက်တုပ်ကွေး ဗိုင်းရပ် ကူးစက်လာခဲ့ ပုံရတယ်လို့ နယူးဇီလန် ကျန်းမာရေးဝန်ကြီးက ပြောပါတယ်။

မက္ကဆီကို နိုင်ငံမှာ လူပေါင်း ၁၃၀၀ ကျော် နာမကျန်း ဖြစ်ခဲ့ ရတာဟာ ဝက်တုပ်ကွေး ဗိုင်းရပ် ကြောင့် ဖြစ်မယ်လို့  သံသယရှိကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။ Roman Catholic ဘာသာဝင် အများစုနေထိုင်ကြတဲ့  မက္ကဆီကို မှာ ဒီကနေ့  တနင်္ဂနွေနေ့  ဝတ်ပြု ဆုတောင်းပွဲတွေကို တနိုင်ငံလုံးက ဘုရားကျောင်းတွေမှာ ဖျက်ခဲ့ပါတယ်။ မြို့တော်ထဲမှာလဲ လူစုလူဝေးပွဲတွေ အားလုံးကို ၁၀ ရက် မ လုပ်ရလို့  မြို့တော်ဝန်က အမိန့် ထုတ်ထားတဲ့ အပြင် လူနာတွေကို သီးခြားထားဖို့ နဲ့  ခရီးသွားတွေကို စစ်ဆေးမှုတွေလုပ်ဖို့  ကျန်းမာရေးဌာနကို လုပ်ပိုင်ခွင့်တွေ ပေးထားပါတယ်။

အမေရိကန်မှာတော့  California ပြည်နယ်မှာ ၁ ယောက် နဲ့  Kansas ပြည်နယ်မှာ ၂ ယောက် အပါအဝင် အသက်အန္တာရာယ် မရှိသေးတဲ့  ရောဂါကူးစက်မှု စုစုပေါင်း ၁၁ ခု တွေ့ ရှိထားတယ်လို့  ကျန်းမာရေး တာဝန်ရှိသူတွေက အတည်ပြု ပါတယ်ရှင်။

Friday, April 24, 2009

မြန်မာပြည်မှာ နေရတာ ကောင်းတယ်

Friday, April 24, 2009
မြန်မာပြည်မှာ နေရတာ ကောင်းတယ်။
မန်ကျည်းယို၊ ဇီးယို၊ မက်မန်းပေါင်း၊ ဂွေးသီးချဉ်စပ်၊ ရှောက်ပေါင်း ဘာစားမလဲ စားချင်တာစား။
လက်တွန်းလှည်းထဲထည့် အဖုံးမပါ ဘာမပါနဲ့ လေဓာတ် ရေဓာတ် နေဓာတ်ကို သဘာဝကျကျ ရယူထားတဲ့ မြန်မာကြိုက် သွားရည်စာလေးတွေ။
ဘာ မဆလာတွေသုံး၊ ဘာ အရောင်တင်မှုန့်တွေသုံး၊ ဘာ ငံပြာရည်တွေ သုံးထားလည်းတော့ မသိဘူး။

ချဉ်ငန်စပ် ရောင်းနေတဲ့လူရဲ့ ချွေးစက်တွေတောင် ပါချင်ပါဦးမှာ။ ဘယ်လောက် သဘာဝနဲ့ နီးစပ်သလဲ။
နိုင်ငံခြားမှာ ရလို့လား။
တွေဝေမနေနဲ့ တရုတ်တန်းသွား တုတ်ထိုးလေး စားကြည့်လိုက်ဦး။ ဝက်တစ်ကောင်လုံး အမွှေးတောင် စားမရလို့ ချန်ထားရတာ။
ဘာနဲ့ သေလို့ သေမှန်းမသိတဲ့ ဝက်တွေလည်း ပါချင်ပါဦးမှာပဲ။ အရသာ ရှိလေစွ။ မနေ့က တနေ့က ရောင်းမကုန်တဲ့ အသားတွေလည်း ရောထည့် မူးမူးနဲ့ တွယ်သာ တွယ်လိုက်။
ဘာမှတောင် သိလိုက်မှာ မဟုတ်ဘူး။ တုတ်ထိုးစားပြီး အဆီတစ်နေရင် လမ်းဘေးက ဖျော်ရည်လေး ဝယ်သောက်လိုက်ဦး။
ဟိုကိုင်ဒီကိုင် ကိုင်ထားတဲ့ လက်လေးနဲ့ အားပါးတရ ညှစ်ဖျော်ထားတဲ့ သံပုရာသီး ဖျော်ရည်လေးကို ဘာရေနဲ့ လုပ်ထားမှန်း မသိတဲ့ ရေခဲနဲ့ ခပ်ဆဆမွှေ၊ အခါတစ်သောင်းလောက် ဆေးထားပြီးသား ခွက်ဆေးရည်နဲ့ ဆေးထားတဲ့ ဖန်ခွက်မှာထည့်။
မော့ပေရော့ လတ်လတ်ဆတ်ဆတ်။
တော်ပြီလား ကြံရည်လေးလည်း သောက်သွားဦး။ ယင်ကောင်က တလောင်းလောင်းနဲ့ အဖတ်စစ်တဲ့ အဝတ်က ဘယ်နှစ်ရက် မလျှော်ဘဲထားတဲ့ လက်နှီးစုတ်မှန်း မသိဘူး။
ကြံတွေ ဘယ်က ယူလာသလဲ ဆိုတာလည်း ကြည့်လိုက်ဦး ခြေနင်းပတ်မှာ ပိုးလိုးပက်လက်။ မြေဓာတ်ကို အပြည့်အဝ ယူထားတာ။
ရလား စင်္ကာပူမှာ။ ကြာပါတယ် အဆင်ပြေတုန်း လက်သုပ်စုံလေးပါ ဆွဲလိုက်။ ကားတွေက ဘေးနားမှာ တဝီဝီ၊ လက်တဝါးစာ ထိုင်ခုံပေါ်က ကျွံထွက်နေတဲ့ဖင် ကားနဲ့ မချိတ်မိရင် ကံကောင်း။ အမယ် ငရုတ်ဆီတွေများ ဘယ်သူက တားထားထား စားနေကြတာက တရွှဲရွှဲနဲ့ နီရဲနေတာပဲ။
နယ်ဖတ်နေတဲ့ လက်ကြီး ကြည့်ပြန်တော့ ဂျုံနယ်သမား လိုပဲ။ တခါနယ်ပြီးတိုင်း ပလုံဆို ဘေးနားက ရေပုံးခပ်စုတ်စုတ်ထဲ လက်ကို ဆင်းစိမ်လိုက်သေးတယ်။ ပြီးရင် ဂျီးဗလပွနဲ့ လက်နှီးစုတ်ကို သုတ်တယ်။

ကံကောင်းရင် အန်တီ နှံ့နှံ့လေး နယ်ပေးနော်။
ဒါမှ စားကောင်းတာဆိုတဲ့ သောက်ပျင်းထူထူ မိန်းမတွေကို စားရင်းသောက်ရင်း ငေးလို့ရသေးတယ်။ ဒါပေမယ့်လည်း အဲလိုနေရာတွေ သိပ်ကြာကြာမနေနဲ့။ လူဗွက်ပေါက်နေတဲ့ လမ်းတလျှောက် ကြော်လှော်နေကြတဲ့ ဆီပူအိုးတွေ ဆီပူအိုးတွေဆိုတာ။ ဖိုင်နယ်ဒစ်စတီနေရှင်း နောက်ဆက်တွဲတွေ မြန်မာပြည်မှာ ရိုက်ကောင်း ရိုက်နေရဦးမယ်။
အိမ်ပြန်တဲ့အခါလည်း လမ်းလျှောက်ပြန်ဖို့တော့ မစဉ်းစားနဲ့။ ကားပေါ်ကနေ ပြစ်ခနဲ ထွေးလိုက်တဲ့ ကွမ်းသွေးတွေ သလိပ်ဖတ်တွေ ထိနေမယ်။ လိုင်းကားလေးနဲ့ပြန်။ ကားနဲ့ ပြန်တယ်ဆိုပြီးတော့ ဟိုဟိုဒီဒီ လျှောက်မကိုင်နဲ့ဦး၊ သူများရဲ့ ပီကေဖတ်တွေ၊ ချွဲတွေ လက်မှာ ပေကုန်မယ်။
အိမ်ပြန်ရောက်ရင် ညဘက် အင်စတန့် ကော်ဖီလေးလည်း သောက်လိုက်ဦး။ ဘာဓာတ်တွေ ဘယ်လိုအချိုးနဲ့ ပါနေမှန်းတော့ မသိဘူး။ သောက်ကောင်းတာပဲ။
သေကာမှ သေရော။ ကြော်ငြာထားတာတွေကလည်း အလွန်။ မျိုမချပါနဲ့ ငုံထားပါ ဆိုလား ဘာလား။

ထားတော့ ကော်ဖီမကြိုက်ရင် ဘီယာဆိုင်သွား။

အိမ်မှာနေလဲ မီးပျက်နေမှာပဲ။

မထူးဘူး လင်းလင်းချင်းချင်း ရှိတဲ့ ဘီယာဆိုင်လေးသွားပြီး အချိန်ဖြုန်းလိုက်။ တစ်ခွက် ၇၀၀ သောက်လိုက်စမ်းပါ ၆ခွက်လောက်တော့။ ဘာအရေးလဲ။
အသားကင်တွေ စားရင် ကင်ဆာဖြစ်တယ်ဆိုတာ မိုးလုံးပြည့် မုသာဝါဒတွေပဲ ဖြစ်မှာပဲ။
ဒီတော့ ဝက်နံကင်လေး၊ ကြက်ဖင်ဆီဖူးကင်လေး၊ ငါးကင်လေး နဲ့ ဆွဲပစ်လိုက်။ အချိန်မတော် ပြန်လာလို့ အိမ်က တံခါးမဖွင့်ပေးဘူးလား။ အနှိပ်ခန်း သွားအိပ်လို့ ရသေးတယ်။ မှိုလိုပေါက်နေတာ ဘာအရေးလဲ။ ဝါသနာပါရင် ဝါသနာပါရင်.. အင်း အခန်းထဲ ထမင်းဟင်း မှာစားလို့ ရသေးတယ်လို့ ပြောမလို့။

ကဲ အိမ်ပြန်ရောက်ပြီး စာအုပ်လေးဖတ်ရင်း ခံတွင်းလေးဟာလာရင် လက်ဖက်သုတ်လေး ဝါးချင်ဝါးလို့ ရသေးတယ်။
အောင်မလေး ဆိုးဆေးတွေ စိမ်ဆေးတွေဆိုတာ အခုမှ ကြောက်နေကြတာ ကိုယ့်လူ။ တမြန်နှစ်က ကျုပ်ကြီးတော်ကြီး သေတုန်းက ဘာမှန်းတောင် မသိလိုက်ဘူး။
ဒီလိုပဲ ဘာမှ မသိသေးတော့ သေရိုးသေစဉ်ပေါ့။ မြေချတော့တောင် သူကြိုက်တတ်တဲ့ လက်ဖက်လေး ထည့်ပေးလိုက်သေးတယ်။ လက်ဖက်သားလေးတွေဆိုတာ ဝင်းလို့။ အညွန့်လေးတွေဆိုတာ တောင့်လို့ ကော့လို့။ အလောင်းပြန်တူးပြီး တရားစွဲရ အခုဆို နိုင်ချင်နိုင်ဦးမှာပ။
ဘာအရေးလဲ။
ကိုယ်ကြိုက်တာလေးစားပြီး သေသွားတာ ကျေနပ်စရာကြီး မဟုတ်ဘူးလား။
နိုင်ငံခြားမှာ အဆင့်ဆင့် စစ်ဆေးမှုတွေနဲ့ စည်းကမ်းတွေက တင်းကျပ်၊ စနစ်တွေက မြင့်မား ခင်ဗျားတို့ စားချင်တာ စားရလို့လား။ တစ်နေ့ထမင်း တစ်နေ့ဟင်း ကိုယ်တိုင် ဈေးသွားပြီး ဝယ်ကြည့်လိုက်ဦး။
Wet Market ဆိုတာက
ို ဗွက်မားကတ်လို့ နာမည်တော့ တလွဲတွေ လာမပေးကြနဲ့။ သားဈေးငါးဈေးသွားတာ ဟန်လုပ်ဖို့မှ မလိုတာ။ အသက်လေး အောင့်တတ်ရင် ခြေဖျားလေးထောက်ပြီး သွားတတ်ရင်၊ နားသည်းခံနိုင်ရင် လတ်လတ်ဆတ်ဆတ် အကုန်ရတယ်။

ဘယ်လောက်ကောင်းတဲ့ ရွှေနိုင်ငံလဲ။
မြန်မာပြည်မှာ နေရတာ ကောင်းတယ်။

ဆက်ရေးချင်ပေမယ့် မီးပျက်နေလို့ ဒီလောက်နဲ့ပဲ ရပ်လိုက်တယ်။
ဒါလေးဖတ်ပြီး မြန်မာပြည် ပြန်လာချင်စိတ်တွေ ပေါက်သွားရင် ချက်ချင်းသာ ပြန်လာခဲ့။

သတင်းစာထဲမှာ ဖတ်လိုက်ရတာ ရှိပါတယ်။ ဘာတဲ့ မြန်မာပြည်မှာ အလုပ်အကိုင်အတွက် မပူနဲ့တဲ့။ အင်း နာဂစ်မှာ သေသွားတဲ့ လယ်သမားတွေ အများကြီးပဲ။ ဆီလီကွန်ဗဲလီက အလုပ်ပြုတ်လာလို့ပဲ ဖြစ်ဖြစ်၊ စင်္ကာပူ ကနေ အပြီးပြန်လာလို့ပဲဖြစ်ဖြစ် လယ်ထဲဆင်းပြီး ကောက်စိုက်လို့ ရနေသေးတာပဲ။ အလုပ်ဟူသမျှ ဂုဏ်ရှိစွတဲ့။ ဒါတွေလည်း အလုပ်ပဲလေ။
အဲအဲ တစ်ခုပဲ ဝင်လာရင်တော့ 10% လေး ဆောင်ဖို့သာ ရှာလာခဲ့။ ကိုယ့်ပိုက်ဆံနဲ့ကိုယ် အမှုပတ်နေမယ်။ ဒါက ကွိုင်ရှိတယ်လေ ဟုတ်တယ်ဟုတ်။

Take from Nyi Lynn Seck

Snow ...Near Ogikubo...Suminamiku Tokyo



သူငယ်ချင်းတွေနဲ့ ဘာလို့ မဝေးချင်ပဲ ဝေးသွားကြရတာလဲ

ငါ့သူငယ်ချင်းတော့ အလုပ်တွေနဲ့ရှုပ်နေမှာပဲ လို့နှစ်ယောက်လုံး တွေးနေကြရင်း နှုတ်ဆက်လိုက်ရင် သူ့အတွက် အနှောက်အယှက်များ ဖြစ်သွားမလား လို့တွေးပြီး ဒီတိုင်းပဲ နေလိုက်ကြရင်းနဲ့
ဒီလို အချိန်တွေကြာလာတော့
နှစ်ယောက်လုံးက တခြား နားလည်မှုပေးနိုင်မယ့် သူငယ်ချင်းကို တောင့်တလာတယ်။ နောက်တော့ နှစ်ယောက်လုံးက သူတောင်နေနိုင်သေးတာပဲ ငါကဘာလို့ စခေါ်ရမှာလည်း လို့တွေးပြီး စိတ်ထဲမှာ မကျေနပ်သလိုဖြစ်လာတယ်။
အဲဒါနဲ့ပဲ အချစ်က အမုန်းတွေအဖြစ်ပြောင်းလဲလာတယ်
နောက်ပိုင်းတော့ အရင်က ခင်ခဲ့တယ် ဆိုတာတောင် မှတ်ညဏ်ထဲမှာ မှေးမှိန်လာပြီး တစ်ယောက်နဲ့ တစ်ယောက်မေ့သွားကြရော
ဒါကြောင့် အမြဲတမ်း ကိုယ်နှစ်လိုတဲ့ သူငယ်ချင်းတွေကို ထိတွေ့ပေးဖို့လိုအပ်တယ်လို့ထင် ပါတယ်
ကျွန်တော်ကတော့ အဲလိုနဲ့ ဝေးသွားတာမျိုး မဖြစ်ချင်ဘူးဗျာ
ဒါကြောင့်ဒီစာလေးကို ကျွန်တော်ရဲ့ ချစ်လှစွာသောသူငယ်ချင်းများဆီကို အခုပဲ ပို့ပေးလိုက်ပါပြီ
ဒီတော့ အဲလိုမဖြစ်အောင် ဘယ်လိုလုပ်ကြမလည်း ဆိုတော့
ဟေ့ သူငယ်ချင်း နေကောင်းလား မင်း အလုပ်တွေရှုပ်နေလား ငါ မင်းကို သတိရနေတာ
အဲလိုလေး ပြောကြည့်ကြမယ်လေ အိုကေလား
ကဲ ဘယ်လိုလဲ
ကျွန်တော်ကိုလည်း ဒီလိုမျိုး နှုတ်ဆက်ကြည့်ပါလားဗျာ။

from..
Han Win Naing..

ထိုင်းဝန်ကြီးချုပ် စီးသည့် မာစီဒီးကျည်ကာကား

ထိုင်းနိုင်ငံမှာ အနီဝတ်ဆန္ဒပြသူများ၏ အကြမ်းဖက်မှုနောက်ပိုင်း ထူးခြားသည့်အချက်မှာ ကျည်ကာ ကားများ ခေတ်စားလာခြင်းဖြစ်သည်။
ကားကုမ္ပဏီများကလည်း မိမိတို့ကျည်ကာကား မည်မျှအစွမ်းထက်ကြောင်း ထိုင်းနိုင်ငံရေးသမားတွေကို အလုအယက် ကြော်ငြာကြသည်။

ဝန်ကြီးချုပ် အာဘီဆစ်၏ BMW ကားကို ပတ္တယားမြို့မှာ အနီဝတ်တွေ တိုက်ပြီးနောက်ပိုင်း ထိုင်းဝန်ကြီးချုပ် အတွက် အစိုးရက၀ယ်ထားသည့် ကျည်ကာကားကို အာဘီဆစ်က ပြောင်းစီးသည်။ ပြည်ထဲရေးဝန်ကြီးဌာနမှာ အာဘီဆစ်စီးသည့် ကျည်ကာကားကို အကြမ်းဖက်သူတွေက ပန်းအိုးများ၊ ကျောက်ခဲများ၊ တုတ်များဖြင့် ပစ်ပေါက်ခဲ့ သော်လည်း ၀န်ကြီးချုပ် အာဘီဆစ်ကို မထိခိုက်ခဲ့ပေ။ ကျည်ကာကားက ကြံ့ကြံ့ခံနိုင်ခဲ့သည်။

ထိုမြင်ကွင်းကို ရုပ်မြင်သံကြားလိုင်းမျိုးစုံက မကြာခဏပြခဲ့သည်မှာ အာဘီဆစ်၏ ကျည်ကာကားကို ကြော်ငြာပေးနေသလား မှတ်ရသည်။ ပီအေဒီခေါင်းဆောင် ဆွန်ထိကိုပါ လက်နက်ကိုင်အုပ်စုက သေနတ်ဖြင့် ၀ိုင်းဝန်းပစ်ခတ်မှု ဖြစ်ပွားပြီးနောက်ပိုင်း ကျည်ကာကားကို ထိုင်းခေါင်းဆောင်တွေ နိုင်ငံရေးသမားတွေ မျက်စိကျလာသည်။

အာဘီဆစ်နှင့် မာစီဒီးဘင့်အက်စ် (၆၀၀) ဂတ်

ဝန်ကြီးချုပ် အာဘီဆစ်စီးသည့် ကျည်ကာ ကားအမျိုးအစားမှာ ဂျာမဏီနိုင်ငံ မာစီဒီးကားကုမ္ပဏီမှ ထုတ်လုပ်သည့် မာစီဒီးဘင့်အက်စ် (၆၀၀) ဂတ် အမျိုးအစားဖြစ်သည်။ ထိုင်းဝန်ကြီးချုပ်ဟောင်း တပ်ဆင်လက်ထက်မှာ ၎င်းအား လုပ်ကြံသတ်ဖြတ်နိုင်သည်ဟု ယူဆသည့်အတွက် တစီး ဘတ်ငွေ (၂၅) သန်း တန်သည့် မာစီဒီး ကျည်ကာကား သုံးစီးကိုဝယ်ရန် တပ်ဆင်က အမိန့်ပေးခဲ့သည်။ တနည်းဆိုရလျှင် တပ်ဆင်၏ ကျေးဇူးကြောင့် ၀န်ကြီးချုပ် အာဘီဆစ် အသက်ရှင်ခွင့်ရခဲ့ခြင်းဖြစ်သည်။ တပ်ဆင်သာ ကျည်ကာကား မ၀ယ်ခဲ့လျှင် အာဘီဆစ်၏ ကံကြမ္မာ မစဉ်းစားဝံ့အောင်ဖြစ်မည်ဟု မီဒီယာအချို့က ယူဆသည်။

အာဘီဆစ်၏ မာစီဒီးဘင့်အက်စ် (၆၀၀) ဂတ် အမျိုးအစား ကျည်ကာကားသည် အိုဘားမား၏ The Beast စီးတော်ယာဉ်လောက် လက်နက်ကြီးဒဏ် ခံနိုင်ရည်မရှိသော်လည်း နိုင်ငံ့ခေါင်းဆောင်တဦးကို စစ်သုံးအသေးစား လက်နက်များဒဏ်မှ လုံလောက်စွာ အကာအကွယ်ပေးနိုင်သည်။

အန္တရာယ်ကြားမှ အချိန်မီ လွတ်မြောက်နိုင်ရန် မောင်းနိုင်မည့် အားကောင်းသည့် အင်ဂျင်ပါဝါတပ်ဆင်ထားပြီး အဆင့်မြင့် ကာကွယ်နိုင်ရန် သံမဏိအစိတ်အပိုင်း (၅၀၀) ဖြင့် တည်ဆောက်ထားသည်။

မာစီဒီးဘင့်အက်စ် (၆၀၀) ဂတ်၏ ထူးခြားချက်သံချပ်ကာ ကားများနှင့် ခြားနားသည့်အချက်မှာ မာစီဒီးဘင့်အက်စ် (၆၀၀) ဂတ် အမျိုးအစား ကျည်ကာကားကို ၀ယ်မည့်ပုဂ္ဂိုလ်တွေ လိုချင်သည့်ပုံစံအတိုင်း ထုတ်လုပ်ပေးနိုင်ခြင်း ဖြစ်သည်။

ကျည်ကာမှန်နှင့် သံမဏိများက သေနတ်ဖြင့် ပစ်ခတ်မှုကို ခံနိုင်ရည်ရှိသည့်ပြင် စီးနင်းလိုက်ပါလာသူများအား ရိုင်ဖယ်သေနတ်၊ ပစ္စတိုသေနတ် စသည့် စစ်သုံးအသေးစားလက်နက်မျိုးစုံ ပစ်ခတ်မှုကို ကာကွယ်နိုင်သည်။

ထို့ပြင် ကားထဲမှ စီးနင်းသူများအား လက်ပစ်ဗုံးဆန်များ ထိမှန်ခြင်းမှလည်း ကာကွယ်ပေးနိုင်သည်။ ကားတာယာများမှာလည်း ပေါက်နေသည့်တိုင် မောင်းလို့ရသည့် တာယာများဖြစ်သည့်အတွက် တိုက်ခိုက်ခံရသည့်နေရာမှ ကားကို အမြန်မောင်းထွက်နိုင်သည်။

ကားတွင်းမှာ တပ်ဆင်ထားသည့် နောက်ဆုံးပေါ် အထူးကိရိယာများထဲတွင် အရေးပေါ် လေသန့်ထုတ်ပေးစနစ် လည်းပါ၏။ ဓာတုလက်နက်နှင့်တိုက်ခိုက်ခြင်းခံရပါက ကားတွင်းမှာ အရေးပေါ် လေသန့်စက်ထုတ်ပေးနိုင်သည့် အဆိုပါစနစ်ကိုမူ ၀ယ်လိုသူက တပ်ခိုင်းမှသာ ကျသင့်တန်ဖိုးသတ်မှတ်ပြီး တပ်ပေးသည်ဆို၏။ ပြင်ပမှ မျက်ရည်ယိုဗုံး အဆိပ်ဓာတ်ငွေစသည်တို့ကို ကားတွင်းရှိ ဆင်ဆာက စမ်းသပ်မိသည်နှင့် ကားထဲရှိ လေအေးပေး စနစ်သည် ပြင်ပမှ လေသန့်ဝင်သည့်စနစ်ကို အလိုအလျောက် ပိတ်လိုက်မည်ဖြစ်သည်။

ကားနောက်ဖုံးက ထွက်ပြေးနိုင်အရေးပေါ်အခြေအနေတွင် ကားတွင်းမှပုဂ္ဂိုလ်များ ကားနောက်ဘက် boot အံဖုံးနောက်တံခါးမှ ထွက်လိုပါက ကားတွင်းရှိ ခလုတ်တခုကို ဆွဲလိုက်သည်နှင့် ထွက်နိုင်အောင် စီမံထားသေးသည်။

ကားလောင်စာဆီအိုးမှာလည်း တခုတခုကြောင့် ပေါက်သွားပါက အလိုအလျောက် ပြန်ပိတ်နိုင်ရန် စီမံထားသည်။ အိုဘားမားကားလည်း ထိုစနစ်ကို သုံးသည်။

ကားနောက်မှာတပ်ထားသည့် ကင်မရာက ကားနောက်ပိုင်းအခြေအနေကို မျက်ခြည်မပြတ် စောင့်ကြည့်နေသည်။ညပိုင်းမောင်းနှင်သည့်အခါ ထိခိုက်မှုနည်းပါးစေရန် ရှေ့မြင်ကွင်းကို အင်ဖရာရက်ရောင်ခြည်သုံး မီးလုံးများဖြင့် ထိုးထားသည်။

ကားလေကာမှန်ဘေးမှာ တပ်ဆင်ထားသည့် အင်ဖရာရက် ကင်မရာက လမ်းပေါ်မှထင်လာသည့် ပုံရိပ်များကို ကားတွင်းရှိ ထိန်းချုပ်ဖန်သားပြင်သို့ ပို့ပေးသည်။ ကားဘရိတ်ကိုလည်း ရေဒါသုံး BAS PLUS စနစ် သုံးထားသည့်အတွက် ရှေ့ကားနှင့်နီးလာပြီဆိုလျှင် အလိုအလျောက် သတိပေးသည်။ ကားချင်းတိုက်တော့မည့် အခြေအနေရောက်ပြီဆိုလျှင် ဘရိတ်ကို မည်မျှအတိုင်းအတာထိ အုပ်ရမည်ကို အလိုအလျောက်တွက်ချက် ထိန်းလိုက်သည့်အတွက် ကားမောင်းသူကို လိုသလောက် ဘရိတ်မအုပ်လည်း BAS PLUS စနစ်က လိုသလောက် အလိုလို ဘရိတ်အုပ်ပေးသည်ဆို၏။

ကျည်ကာကားတွေ ဈေးကောင်းမာစီဒီးဘင့်အက်စ် (၆၀၀) ဂတ် အမျိုးအစား ကျည်ကာကားများကို လက်တင်အမေရိက၊ တောင်အာဖရိကနှင့် ဥရောပတောင်ပိုင်းနိုင်ငံတွေအပြင် ဥရောပအလယ်ပိုင်းနိုင်ငံများ၊ ယခင်ဆိုဗီယက်နိုင်ငံ ပြည်နယ်များက အ၀ယ်လိုက်၏။ မကြာခင်က ထိုင်းနိုင်ငံ ခေါင်းဆောင်များအပေါ် လုပ်ကြံဖို့ကြိုးပမ်းမှုတွေအပြီး ကျည်ကာကား ထုတ်လုပ်သည့် အခြားကုမ္ပဏီများကလည်း ထိုင်းနိုင်ငံရေးသမားများအား နောက်ဆုံးပေါ် ကျည်ကာကားများ ကမ်းလှမ်းလာသည်။

BMW ကုမ္ပဏီက နောက်ဆုံးပေါ် X5 Security Plus ဆိုသည့် ကျည်ကာကားကို ပွဲထုတ်သည်။ AK-47 မောင်းပြန်သေနတ်ဒဏ်ခံနိုင်သည့် ပထဆုံး ကျည်ကာကားဟုဆို၏။Ford ကုမ္ပဏီကလည်း ထိုင်းဒု-၀န်ကြီးချုပ် ဆူထက်၏ လုံခြုံရေးအစောင့်အား ကျည်ကာကား (၂) စီး စမ်းသပ်မောင်းခိုင်းပြီး ကြော်ငြာလာသည်။ ထိုင်းနိုင်ငံရေးလှုပ်လေ ကျည်ကာကားတွေ အရောင်းသွက်လေ ဖြစ်သည်။

အရေးအခင်းကာလက အနီဝတ်များ၏ တိုက်ခိုက်မှုခံခဲ့ရသည့် ၀န်ကြီးချုပ် အာဘီဆစ်၏ မာစီဒီးဘင့်အက်စ် (၆၀၀) ဂတ် အမျိုးအစား ကျည်ကာကားကို ပြန်ပြင်ရန်အတွက် ဂျာမဏီသို့ပို့ထားချိန်တွင် အခြား ကျည်ကာကားတစီးကို အာဘီဆစ်က ပြောင်းစီးနေသည်ဟု ယနေ့ထုတ် The Nation သတင်းစာက ရေးသည်။ သို့သော် ယခုတကြိမ်တွင် ကျည်ကာကားသာမက ကျည်ကာအကျီကိုပါ ထိုင်းဝန်ကြီးချုပ်က ၀တ်ဆင်နေပြီ ဖြစ်သည်။

Thursday, April 23, 2009

Yen for fast food

CNN's Kyung Lah found where the Japanese go to eat when they're wallets are on lockdown!

Visit to Tokyo Disney Land (2)