ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Friday, July 31, 2009

လူဘီလူး အရိုးစုတွေ့ ရှိ...




ဒီအကြောင်းအရာကတော့ အန္ဒိယမြောက်ပိုင်းလူသူကင်းတဲ့ Empty Quarte မှာ တွေ့ခဲ့တာဖြစ်ပါတယ်။ ဒီအရိုးစုက အလွန်ကြီးမားတဲ့ လူပုံသဏ္ဍာန်အရိုးစုပုံဖြစ်ပါတယ်။ တွေ့ရှိခဲ့တဲ့အဖွဲ့ကတော့ အန္ဒိယနိုင်ငံ National Geographic အဖွဲ့ဘဲဖြစ်ပါတယ်။ ဒါဟာ ဟိန္ဒိုကဗျာ ထဲက ဘီစီ၂ဝဝလောက် ကရှိခဲ့တဲ့ စူပါလူသား တွေ ဖြစ်တယ်လို့ဆိုနိုင်ပါတယ်။ အဲ့လူသားတွေဟာ အရပ်အလွန်ရှည်၊ ခန္ဓာကိုယ်အလွန်ကြီးမားကြပါတယ်။ သစ်ပင်တစ်ပင်ကို ပင်စည် ကနေကိုင်ပြီး အမြစ်ကျွတ်ထွက်လာအောင်တောင် နုတ်ပြစ်နိုင်တယ်လို့ဆိုပါတယ်။







ကုလဆိုင်ရာ မြန်မာကိုယ်စားလှယ်ကို ဘန်ကီမွန်း ခေါ်တွေ့

31 July 2009


ဒီကနေ့ဟာ ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားတဲ့အမှု စီရင်ချက်ချမယ့်နေ့ပါ။ ဒီနေ့ကျင်းပမယ့် တရားခွင်ကို အမေရိကန်ဘက်က ကောင်စစ်ဝန်တဦးလည်း တက်ရောက်လိမ့်မယ်လို့ မနေ့က ကျင်းပခဲ့တဲ့ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာနရဲ့ ပုံမှန် သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုနဲ့ ပတ်သက်ပြီး အမေရိကန် ပြည်ထောင်စုဘက်က အထူးစောင့်ကြည့်နေတယ်၊ ပြီးခဲ့တဲ့ အပြီးသတ် လျှောက်လဲချက်တင်တဲ့ တရားခွင်ကိုလည်း အမေရိကန် ကောင်စစ်ဝင်တဦး တက်ရောက်ခဲ့တယ်၊ အမေရိကန် နိုင်ငံသားတဦးကလည်း ဒီအမှုနဲ့အတူ တရားခွင်မှာ ရင်ဆိုင်နေရတယ်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသား ၂,၀၀၀ ကျော်ကို ချွင်းချက်မရှိ ချက်ချင်း ပြန်လွှတ်ပေးဖို့ ဆိုတဲ့ အမေရိကန်ဘက်က ရပ်တည်ချက်ကို လူသိရှင်ကြား တောက်လျှောက် ပြောနေခဲ့တာ ဖြစ်တယ်၊ မကြာခင်တုန်းကလည်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) က အာဆီယံ အစည်းအဝေးမှာ ဒေါ်အောင်ဆန်းစုကြည်ကို ချွင်းချက်မရှိ ပြန်လွှတ်ပေးဖို့ လိုတဲ့အကြောင်း ပြောထားခဲ့ပါတယ်လို့ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ အီယန် ကယ်လီ (Ian Kelly) က ရှင်းပြခဲ့ပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းကလည်း ဒေါ်အောင်ဆန်းစုကြည်အပေါ် မြန်မာစစ်အစိုးရက စွဲဆိုထားတဲ့ စွပ်စွဲချက်တွေကို ပြန်ရုပ်သိမ်းပြီး ချွင်းချက်မရှိ လွှတ်ပေးဖို့ ဗုဒ္ဓဟူးနေ့က ပြောထားပါတယ်။ ကုလသမဂ္ဂ ရုံးချုပ်က မြန်မာနိုင်ငံဆိုင်ရာ အမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးသန်းဆွေကို အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းကလည်း လွန်ခဲ့တဲ့ နာရီပိုင်းက ခေါ်ယူတွေ့ဆုံခဲ့တယ်လို့ အတွင်းရေးမှူးချုပ်ရုံးက ဗွီအိုအေကို ပြောပါတယ်။ သူတို့တွေ ဘာအကြောင်း ပြောဆိုသလဲတော့ မသိရသေးပါဘူး။

Thursday, July 30, 2009

နိုဗယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည် အမှု သောကြာနေ့ စီရင်ချက်ချမည်

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပေါ် နေအိမ်အကျယ်ချုပ် တားမြစ်မိန့်ကို ဖောက်ဖျက်တယ်ဆိုပြီး ရုံးတင် တရားစွဲဆိုနေတဲ့ အမှုအတွက် နောက်ဆုံးစီရင်ချက်ကို လာမယ့် သောကြာနေ့ ဇူလိုင်လ ၃၁ ရက်နေ့မှာ ချမှတ်မယ်လို့ တရားသူကြီးက ကြေညာထားပါတယ်။ အပြည့်အစုံ ကိုကျော်ကျော်သိန်းရဲ့ သတင်းပေးပို့ချက်ကို ကြည့်ရှု့နိုင်ပါတယ်။

ဗွီအိုအေ မှကူးယူဖေါ်ပြသည်။ ။

ထိန်းသိမ်းခံ ၃ နှစ်သား မြန်မာ ကလေး ပြန်လွတ်

ကိုထွေး
.ထိုင်းနိုင်ငံ ဘန်ကောက်မြို့လူဝင်မှုကြီးကြပ်ရေး ဌာန (လ၀က) က တပတ်ခန့် ဖမ်းဆီး ထိန်းသိမ်း ထားခဲ့သော မြန်မာ ကလေးငယ် တဦးကို ယမန်နေ့က ပြန်လွှတ်ပေးလိုက်သည် ဟု Bangkok Post သတင်းစာတွင် ရေးသား ထားသည်။

အသက် ၃ နှစ် အရွယ်ရှိ အဆိုပါကလေးကို တောင်းရမ်း စားသောက်သူများနှင့် လုပ်ကိုင်နေသည်ဟု သံသယရှိ သဖြင့် ရဲများက ဇူလိုင်လ ၂၀ရက် တွင် ဘန်ကောက်မြို့ပြင်ရှိ ဈေးတခုတွင် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ဘန်ကောက်မြို့ Suan Phlu အရပ်ရှိ လ၀က ထိန်းသိမ်းရေးစခန်းတွင် ယမန်နေ့က အထိ ထိန်းသိမ်း ထားသည်ဟု သိရသည်။

ကလေး၏ မိခင်ဖြစ်သူသည် မိုမို (Momo) ဟု အမည်ရသည့် ရွှေ့ပြောင်း မြန်မာအလုပ်သမားတဦး ဖြစ်သည်။ အစောပိုင်းတွင် မိခင်ဖြစ်သူက ရဲတပ်ဖွဲ့များနှင့် တွေ့ဆုံပြီး ကလေးကို လွှတ်ပေးရန် တောင်းဆိုခဲ့သော်လည်း ရဲတို့က လက်မခံခဲ့ကြောင်း၊ ထို့ကြောင့် သူက ထိန်းသိမ်းရေးစခန်းတွင် နေထိုင်ကာ သားဖြစ်သူကို ပြုစု စောင့်ရှောက်ခဲ့သည်ဟု ဆှိုသည်။

“ဒီထိန်းသိမ်းမှုက အမေတယောက်ရဲ့ ပြုစုမှုကို ရင်အုပ်မကွာ ရှိသင့်တဲ့ ၃နှစ်အရွယ် ကလေး တယောက် ရဲ့ အခြေခံ အခွင့်အရေးကို ကြမ်းကြမ်း တမ်းတမ်း ချိုးဖောက်လိုက်တာပါပဲ” ဟူသော ရှေ့နေများကောင်စီ၏ လူ့အခွင့်ရေးကော်မတီ အဖွဲဝင် တဦး ဖြစ်သူ Surapong Kongchantuek ၏ ပြောဆိုချက်ကို သတင်းစာတွင် ကိုးကား ဖော်ပြထားသည်။

နိုင်ငံမဲ့များအရေး ဆောင်ရွက်နေသည့် ဘန်ကောက် အခြေစိုက် Stateless Watch for Research and Development Institute of Thailand (Swit) အဖွဲ့၏ အကူအညီဖြင့် မိုမိုသည် ကလေး အမေ ဖြစ်ကြောင်း ၎င်းက သက်သေပြပြီး ကလေးငယ် လွတ်မြောက်ရေးအတွက် ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

ယင်းသက်သေအထောက်အထား အရ တရားဝင် အလုပ်သမားလက်မှတ် ကိုင်ဆောင်ထားသည့် မိုမိုသည် ကလေးကို ၂၀၀၆ ခုနှစ် ဖေဖော်ဝါရီလက Samut Prakan ဆေးရုံတွင် မွေးဖွားခဲ့သည်ဟု သိရသည်။

ထို့အပြင် ကလေးငယ်၏ အထူးမွေးစာရင်း အရ ၎င်းသည် ထိုင်းနိုင်ငံသား အဖြစ် လျှောက်ထားစဉ် ထိုင်းနိုင်ငံတွင် ယာယီနေထိုင်ခွင့်ရှိသည်ဟု ဆိုသည်။

ယင်းသို့ ဖမ်းဆီး ထိန်းသိမ်းခဲ့ခြင်းမှာ ရွှေ့ပြောင်းအလုပ်သမားတို့၏ ကလေးငယ်များကို နိုင်ငံတွင်း ယာယီ နေထိုင်ခွင့် ပေးထားသည့် ဥပဒေကို ချိုးဖောက်လိုက်ခြင်း ဖြစ်သည်ဟု Surapong Kongchantuekက ပြောသည်။

လ၀က အရာရှိ ဒုဗိုလ်မှူးကြီး Sunthorn Arunnara က “မိုမိုဟာ ကလေးအမေဆိုတာ သက်သေပြနိုင်ရင် ကလေးကို ပြန်လွှတ်ပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်၊ ကလေးရဲ့ မိခင် အစစ် ဟုတ်မဟုတ် သိချင်တာပါ၊ ကျနော်တို့က ကလေးကို မြန်မာပြည် ပြန်ပို့ဖို့ စိတ်ကူး မရှိပါဘူး” ဟု ပြောကြောင်း ဖော်ပြပါရှိသည်။

လူ့အခွင့်အရေးလှုပ်ရှားသူများက အဆိုပါ ကလေးငယ် မြန်မာပြည်သို့ ပြန်ပို့ခံရမည်ဟု သံသယရှိသဖြင့် ယင်းဖမ်းဆီး ထိန်းသိမ်းမှုကို စောင့်ကြည့်ခဲ့ခြင်း ဖြစ်သည်။

Tuesday, July 28, 2009

စားသုံးဆီအမှတ်တံဆိပ် ၄ မျိုး ပိတ်ပင်

ဟိန်းဇော်
.ပြည်ပမှ ဝင်ရောက်လာသော စားသုံးဆီများကို စစ်အစိုးရက စားသုံးရန် မသင့်ဟုဆိုကာ ရောင်းချခြင်း၊ စားသုံးခြင်း မပြုရန် တားမြစ်လိုက် ခြင်းကြောင့် ယင်းအမှတ် တံဆိပ်များ ရောင်းချ လျက်ရှိသော ဆီကုန်သည်များ အခက်အခဲဖြစ်နေရကြောင်း ကြားသိရသည်။

ဈေးကွက်အတွင်း ရောင်းချနေသော ပြည်ပမှ တင်သွင်းသည့် စားသုံးဆီများအနက် အမှတ်တံဆိပ် ၄ ခုကို စားသုံးရန်မသင့်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ ဇူလိုင် ၂၅ ရက်ထုတ် စစ်အစိုးရပိုင် သတင်းစာများတွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။

“ဒီလို စားသုံးရန်မသင့်ဘူး ဆိုပြီးသာ ခဏခဏကြေညာနေတယ်။ ရောင်းတဲ့သူကရောင်း၊ စားတဲ့သူက စား နေတာပဲ။ အခုလည်း ရေသန့်တွေကို စစ်နေပြန်ပြီ၊ လုပ်ငန်းဘယ်နှခုလောက် နားရဦးမလဲမသိဘူး” ဟု ရန်ကုန် မြို့ခံတဦးက ဆိုသည်။

ဈေးကွက်များတွင် ရောင်းချလျက်ရှိသော စားသုံးဆီများကို ဓာတ်ခွဲစစ်ဆေးခဲ့ရာ ပြည်ပမှ တင်သွင်းသော အမှတ်တံဆိပ် ၄ ခုတွင် စားသုံးဆီသတ်မှတ်ချက်နှင့် ကိုက်ညီမှုမရှိသဖြင့် စားသုံးရန်မသင့်ကြောင်း ထုတ်ပြန်ခဲ့ သည်ဟု ကျန်းမာရေးဝန်ကြီးဌာန လက်အောက်ရှိ ဗဟိုအစားအသောက်နှင့် ဆေးဝါး စီမံကွပ်ကဲရေး အဖွဲ့မှ တာဝန်ရှိသူ တဦးကပြောသည်။

ယင်းတံဆိပ်လေးခုမှာ မလေးရှားနိုင်ငံထုတ် ကျောက်ပုစွန်နှစ်ကောင် (Star Oil ကြယ်နီပုံ) အမှတ်တံဆိပ် (၁၈ လီတာဝင် အဝါရောင်ပလတ်စတစ်ပုံး)၊ ကျောက်ပုစွန်တကောင်အမှတ်တံဆိပ် (၁၈လီတာဝင် အဝါရောင် ပလတ်စတစ်ပုံး)၊ ရေနဂါး (Twin Sea Horse) အမှတ်တံဆိပ် (၁၈လီတာဝင် အဝါရောင်ပလတ်စတစ်ပုံး) နှင့် Manufactured by, A1 Energy company Limited.ထိုင်းနိုင်ငံထုတ် ငါးကြော် (Pamola Brand) အမှတ် တံဆိပ် များဖြစ်ပြီး ၎င်းတို့ကို ရောင်းချခြင်းမပြုရန် လိုက်လံအသိပေး လျက်ရှိကြောင်း ညောင်ပင်လေးဈေး ပလာဇာရှိ စားသုံးဆီ ရောင်းဝယ်ရေးဆိုင်မှ အရောင်းဝန်ထမ်းတဦးက ဧရာဝတီကိုပြောသည်။

ပြီးခဲ့သည့်လများက လက်ဖက်များတွင် ဆိုးဆေးပါသဖြင့် စားသုံရန်မသင့် ဟုဆိုကာ တားမြစ်ခဲ့ သော်လည်း ယခုရက်ပိုင်းတွင်ပြန်လည်ရောင်းချခွင့်ပြုခဲ့သည်။

မေလ နှင့် ဇွန်လ ကလည်း ဓာတ်ခွဲခန်းသုံး ဆိုးဆေး အသုံးပြုထားသည့် ငါးပိ တံဆိပ် ၇၉ မျိုး၊ ငရုတ်သီးမှုန့် တံဆိပ် ၆ မျိုး၊ ပဲနီလေး တံဆိပ် ၁ မျိုး၊ ယိုစုံ (အချဉ်ထုပ်) တံဆိပ် ၁ မျိုး တို့ကို ပိတ်ပင်ကြောင်း ကျန်းမာရေး ဌာနက ထုတ်ပြန်ခဲ့သည်။

မန္တလေးမြို့ထုတ် ငရုတ်သီးမှုန့်နှင့် ငါးပိ အမှတ်တံဆိပ် ၂၈ ခုတွင် အန္တရာယ်ကြီးသည့် ဓာတုဗေဒ ဆိုးဆေး ပါဝင်နေသဖြင့် စားသုံးရန် မသင့်ကြောင်း ယခုလ ၁၃ရက်နေ့ ကကြေညာခဲ့သည်။

Monday, July 27, 2009

Money and the Taliban

CNN's Ralitsa Vassileva speaks to the author of 'Seeds of Terror' about how money moves through insurgent networks.

Hitachi Digital TV အားသာချက်တချို့ 

Hitachi Digital TV အထူ၃၅ မီလီမီတာ ...အရုပ်ကြည်လင် ပြတ်သားလာသည်....TV ကြည့်နေစဉ် ...... မိမိ မြို့ နယ် စာတိုက်သေတ္တာနံပါတ် အလိုက် ရာသီဥတု ...ဒေါ်လာ နှင့် ယန်း ငွေ နူန်း ထား များကိုကြည့်နိုင် ပြီး....
BS..CS ပါတပါတည်း ပါရှိသည်....တစ်နေ့ တာအချိန် ဇယား ကို ကြိုတင်သိနိုင်ပြီး မိမိအိမ်တွင် မရှိသော်လည်းလိုအပ်သည့်အစီအစဉ်ကို ဖမ်းယူထားနိုင်သည်....ကြည့်နေစဉ် ချက်ချင်း လည်း ဖမ်းယူထားနိုင်သည်...ပရိုဂရမ် ဖမ်းယူပြီး ခြင်း mail ပို့ သည်ကိုဖတ်ရူနိုင် သည်....သို့ သော် computer Digital TV ကဲ့သို့ ဖမ်းယူနေသည့် အစီအစဉ် မှလွှဲ၍ တစ်ခြားအစီအစဉ် ကြည့်ရူမရနိုင်သေး....

နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးကို ဝင်ရောက်စစ်ဆေး

၂၁ ဇူလိုင် ၂၀၀၉
ရန်ကုန်မြို့ ပန်းဆိုးတန်းရှိ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးနှင့် ပြည်တွင်းအခွန်ဦးစီးဌာနရုံးတို့ကို နေပြည်တော်မှအထူးအဖွဲ့ ၀င်ရောက်စစ်ဆေးမှုများ ပြုလုပ်နေပြီး ဒု-ရဲအုပ် (၁) ဦးနှင့် ပတ်စ်ပို့ပွဲစား (၂၇) ဦးကို ဖမ်းဆီးစစ်ဆေးနေကြောင်း သိရသည်။

နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးမှ ဒု-ရဲအုပ်တဦးက “ရုံးက လူကြီးတွေ ကျနော်တို့ကို ပြောတာကတော့ နေပြည်တော်က တပ်မတော် အရာရှိတချို့ ထွက်ပြေးတိမ်းရှောင်နေတာ ရှိတယ်။ တချို့ ရိုးရိုးသာမန်ပတ်စ်ပို့လုပ်ပြီး ရန်ကုန်လေဆိပ်ကနေပဲ နိုင်ငံခြား ထွက်သွားခဲ့တယ်လို့ ဆိုတယ်။ ဒီအထဲမှာ ယူကရိန်းက နျူကလီးယား သိပ္ပံပညာ လေ့လာခဲ့တဲ့ အရာရှိငယ် တယောက်လည်း ပါသွားတယ်လို့ ပြောတယ်။ အဲဒါကြောင့် အသည်းအသန် ခုလို နေပြည်တော်က အထူးအဖွဲ့ ဆင်းလာပြီး ဖမ်းဆီးစစ်ဆေးနေတာလို့ သိရတယ်” ဟု ပြောသည်။

နေပြည်တော်မှဆင်းလာသည့် စသုံးလုံး၊ စီအိုင်ဒီနှင့် အခြားအဖွဲ့ဝင်များပါသည့် အထူးအဖွဲ့သည် ပြီးခဲ့သည့် ဇူလိုင် (၁၇) ရက်မှ စတင်ကာ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးတွင် မှတ်ပုံတင်အတု၊ သန်းခေါင်စာရင်းအတုနှင့် ပတ်စ်ပို့စာအုပ်လုပ်သည့် ကိစ္စများကို အဓိကထားစစ်ဆေးပြီး ယင်းကိစ္စများနှင့်ဆက်စပ်နေသည့် ပွဲစားများကိုပါ လိုက်လံရှာဖွေ ဖမ်းဆီးစစ်ဆေးနေကြောင်း ၎င်းက ပြောသည်။

ပုံစံ (၁၉) ထုတ်ပေးရာ ပြည်တွင်းအခွန်များ ဦးစီးဌာနရုံးသို့လည်း ယမန်နေ့က အထူးအဖွဲ့ရောက်လာပြီး လူစာရင်းတောင်းကာ တယောက်ချင်း စစ်ဆေးရေးစတင်နေပြီဖြစ်ကြောင်း ယင်းရုံးမှ ဦးစီးအရာရှိတဦးက အတည်ပြုပြောကြားသည်။

နေပြည်တော်မှ တပ်မတော်အရာထမ်းအချို့ တိမ်းရှောင်ထွက်ပြေးသည့်ကိစ္စနှင့်ပတ်သက်၍ “ပြီးခဲ့တဲ့တလလောက်တုန်းက နေပြည်တော် စစ်ရုံးချုပ်က တပ်ကြပ်ကြီးစာရေးအဆင့် စုစုပေါင်း (၁၁) ဦး ထွက်ပြေးတိမ်းရှောင်သွားတယ်လို့ သိရတယ်။ တချို့က ခွင့်နဲ့သွားပြီး ပြန်မလာတာရှိသလို တချို့ကတော့ ပျဉ်းမနားဘက်ကို အားလပ်ချိန် ထွက်သွားပြီး ပြန်မလာတော့တာ။ သူတို့ထဲမှာ ရုရှားပြန်တချို့လည်း ပါတယ်လို့ သိရတယ်” ဟု နေပြည်တော် စစ်ရုံးချုပ်နှင့်နီးစပ်သည့် တပ်မတော်အရာရှိဟောင်း တဦးက ခေတ်ပြိုင်သို့ ပြောသည်။

ထွက်ပြေးသွားသည့် တပ်မတော်အရာထမ်းများ၏ မိဘ၊ ဆွေမျိုး နေအိမ်များကို ၀င်ရောက်စစ်ဆေးမှုများ လုပ်ခဲ့သော်လည်း ထူးခြားသည်ဟု မကြားသိရကြောင်း၊ ရန်ကုန် ပတ်စ်ပို့ရုံးကို နေပြည်တော်က အထူးအဖွဲ့ ဝင်ရောက်ဖမ်းဆီး စစ်ဆေးနေခြင်းသည် ယင်းတပ်မတော်သားများ ထွက်ပြေးမှုနှင့် ဆက်စပ်နိုင်ကြောင်း ၎င်းက ပြောသည်။

“အခုလို ထွက်ပြေးသွားတဲ့ တပ်ကြပ်ကြီးစာရေးအဆင့် တပ်မတော်သားတွေထဲမှာ တပ်မတော်မှတ်တမ်းရုံးကလည်း ပါတာကြောင့် လောလောဆယ် အင်တာနက်နဲ့ နိုင်ငံခြားသတင်းဌာနတွေမှာ ပျံ့နှံ့နေတဲ့ ဗိုလ်ချုပ်ကြီး သူရရွှေမန်းရဲ့ မြောက်ကိုရီးယား လျှို့ဝှက်ခရီးစဉ်မှတ်တမ်း၊ ဒု-ဗိုလ်ချုပ်မှူးကြီး မောင်အေးရဲ့ ရုရှားခရီးစဉ်မှတ်တမ်း၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ အိန္ဒိယ ခရီးစဉ်မှတ်တမ်း၊ ဗိုလ်ချုပ်ဌေးဦးရဲ့ အစည်းအဝေးမှတ်တမ်း စတာတွေဟာ သူတို့ဖြန့်ဖြူးတာဖြစ်နိုင်တယ်” ဟု အဆိုပါ တပ်မတော်အရာရှိဟောင်းတဦးက သုံးသပ်သည်။

ရန်ကုန် ပန်းဆိုးတန်း နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးသည် တနိုင်ငံလုံးမှ ပြည်သူများ၊ ဝန်ထမ်းများ၊ တပ်မတော်သားများ၊ သံတမန်များအား ပတ်စ်ပို့ထုတ်ပေးသည့် လာဘ်ပေးလာဘ်ယူ အများဆုံး ရုံးတရုံးဖြစ်ပြီး တာဝန်ကျရဲနှင့် လဝက ဝန်ထမ်းများ ဝင်ငွေအဖြောင့်ဆုံး ရုံးလည်းဖြစ်သည်။

နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးနှင့်ပတ်သက်၍ နအဖစစ်အစိုးရက အခက်အခဲပေါင်းစုံ ဖန်တီးထားသည့်အတွက် လာဘ်ပေးလာဘ်ယူမှုများ ပေါ်ပေါက်နေခြင်းဖြစ်ပြီး ငွေတတ်နိုင်သူ မည်သူမဆို မှတ်ပုံတင်အတု၊ သန်းခေါင်စာရင်းအတု စသည်များပြုလုပ်နိုင်ကာ တရားဝင် နိုင်ငံကူးလက်မှတ်တခုအထိ ပြုလုပ်နိုင်သည်ဟု မြို့ခံများက ပြောသည်။

ယခုကဲ့သို့ နေပြည်တော်အထူးအဖွဲ့၏ စစ်ဆေးဖမ်းဆီးမှုများသည် မကြာခင် မြို့နယ်အဆင့် လဝကရုံးများနှင့် ပြည်တွင်းအခွန် ဦးစီးဌာနရုံးများအထိ ပျံ့နှံ့သွားနိုင်သည်ဟု ၀န်ထမ်းများက ပြောဆိုနေကြသည်။

တရုတ်ကုန်များ ပိတ်ပင်သဖြင့် နယ်စပ် ကားပြေးဆွဲမှု ထက်ဝက်ကျော် ကျဆင်း

မျိုးကြီး
တနင်္ဂနွေနေ့၊ ဂျူလိုင်လ 26 ရက် 2009 ခုနှစ် 16 နာရီ 27 မိနစ်


ရွှေလီ (မဇ္ဈိမ) ။ ။ တရုတ်ကုန်များ တင်သွင်းမှုကို မြန်မာဘက်က ပိတ်ပင်လိုက်သဖြင့် တရုတ်-မြန်မာ နယ်စပ် ကုန်သွယ်ရေးတွင် ဒုတိယအကြီးဆုံး လမ်းကြောင်းဖြစ်သည့် ကချင်ပြည်နယ် ဗန်းမော်-လွယ်ဂျယ်လမ်း ခရီးသည်တင်လိုင်းကား ပြေးဆွဲမှုမှာ ထက်ဝက်ကျော် ကျဆင်းသွားသည်။

ယခုလဆန်းမှစတင်၍ တရုတ်ဘက်ခြမ်း ကျန်းဖုန်းမြို့နှင့် ကပ်လျက်ရှိ လွယ်ဂျယ်မြို့မှတဆင့် ကချင်ပြည်နယ် ဗန်းမော်သို့ တရုတ်ကုန်ပစ္စည်း တင်သွင်းခွင့်ကို အာဏာပိုင်များက တားမြစ်ခဲ့ရာမှ ယခုလို အသွားအလာများ ထူးကဲစွာ ကျဆင်းသွားရခြင်း ဖြစ်သည်။

ဗန်းမော်-လွယ်ဂျယ်ကားလိုင်းတွင် စိန်လုံတောင်တန်းနှင့် ရွှေလှေခါးလိုင်းတို့ရှိရာ ကားအစီးရေ ၇၀ ကျော် ရှိသည့်အနက် ယခုအခါ ၂၀ ကျော်သာ ပြေးဆွဲနေတော့သည်။

ရွှေလှေခါးကားလိုင်းမှ ယာဉ်မောင်းတဦးက “နားထားရတဲ့ကား တော်တော်များနေပြီ။ အစီး ၇၀ ကျော် ၈၀ ရှိတာ၊ အစီး ၂၀ လောက်ပဲ ပြေးနိုင်တော့တယ်။ မကိုက်တော့တာ။ အကုန်လုံး နားထားရတယ်” ဟု ပြောသည်။

လိုင်းကားများသည် ဟိုင်းလပ်စ်ကားနှင့် မှန်လုံကားများဖြစ်ကြရာ ဟိုင်းလပ်စ်ကားမှာ အများဆုံး ဖြစ်သည်။

ဗန်းမော်မြို့မှ မှန်လုံကားသမားတဦး၏ ဇနီးသည်က “ကားတွေနားထားရတာ တပတ်ကျော်လောက်တော့ ရှိပြီ။ ကျမတို့ကားတော့ ဒီတရက်နှစ်ရက်တော့ ပြန်ပြီး စမ်းပြေးကြည့်နေတယ်” ဟု ပြောသည်။

ဗန်းမော်-လွယ်ဂျယ် ကားလမ်းတလျှောက် ဂိတ်တာဝန်ကျများက ကားသမားများထံမှ ငွေတောင်းယူမှုများ ရှိသည့်အပေါ် နေပြည်တော်အထိ တိုင်ကြားခံရသဖြင့် တရုတ်ကုန် သယ်ယူခွင့် အပိတ်ခံရခြင်း ဖြစ်သည်။

“ဒီလဆန်းပိုင်းလောက်ကပဲ လွယ်ဂျယ် နကသ (နယ်စပ်ကုန်သွယ်ရေး) ညွှန်မှူးက နေပြည်တော်အထိ အောက်ခြေဝန်ထမ်းတွေ မသမာမှုကို တိုင်လိုက်တယ်။ နေပြည်တော်အထိ တိုင်တယ်ဆိုတော့ ဒီမှာ လာကြပ်မတ်လာတော့ ကုန်သည်တွေ မသွားနိုင်တော့တာပေါ့” ဟု ဟု လွယ်ဂျယ်မြို့ရှိ ကုန်သည်တဦးက ပြောသည်။

သူက ဆက်ပြီး “ကားတွေကို ပိတ်လိုက်တာတော့ မဟုတ်ဘူး။ တရုတ်ကုန်ကို ပိတ်တာ။ ခရီးသည်တင် ကားတွေကတော့ ပြေးနေတာပါပဲ။ ဒါပေမဲ့ အရင်ကထက်တော့ အများကြီး နည်းသွားတယ်။ သွားထိတာက ကုန်သည် အလတ်၊ အငယ်တွေနဲ့ ဝန်ထမ်းတွေ အထိနာတာပေါ့။ ကုန်သည်ကြီးတွေကတော့ ကားအစီးလိုက် သွားနေတာပဲ” ဟု ပြောသည်။

ရွှေလှေခါး ကားလိုင်းမှ ကားမောင်းကလည်း “ပစ္စည်းကတော့ အများကြီးတော့ မရဘူးဗျ။ original လောက်ပဲ ရတော့တာပေါ။ အခုက ဝန်ထမ်းတွေဘက်က နည်းနည်း ချို့ယွင်းချက်ရှိလို့ ပစ္စည်းတွေ ဝင်လို့မရတော့ဘူး။ နည်းနည်း ပိတ်ထားတာပေါ့။ အရင်အခြေအနေနဲ့ အများကြီး ကွာသွားတယ်ခင်ဗျ။ ကုန်သည် အသွားအလာက ပါးသွားပြီလေ။ ဆီဖိုးလောက်ပဲ ရတာပေါ့။ ၄-၅-၆ သောင်းဖိုးလောက်ပဲ ရတာပေါ့” ဟု သူက ပြောသည်။

လွယ်ဂျယ် နကသ ညွှန်မှူးက တိုင်ကြားခဲ့ပြီးနောက် တရုတ်ကုန်များ အပိတ်ခံခဲ့ရသော်လည်း ဝန်ထမ်းများအား အရေးယူတာမျိုး မရှိသေးဘဲ နယ်ပြောင်းသည်များဘရှိကြောင်း သိရသည်။

လွယ်ဂျယ်မြို့ ကုန်သည်က “ဖမ်းတာတို့၊ နေရာပြောင်းလိုက်တာတို့တော့ မကြားဘူး။ ဒါပေမဲ့လည်း အထက်က ကြပ်မတ်တဲ့အခါကျတော့ တင်လို့မရတော့တာပေါ့။ လွယ်ဂျယ်က ဝန်ထမ်းတော်တော်များများက ဒီကိစ္စကို မကျေနပ်ကြဘူး” ဟု ပြောသည်။

တရုတ်-မြန်မာ ကုန်သွယ်ရေး လမ်းကြောင်းများဖြစ်သော ဗန်းမော်-လွယ်ဂျယ်၊ ဗန်းမော်-လိုင်ဇာ လမ်းများတွင် ယခင်ကတည်းက ဂိတ်တာဝန်ကျများက ကားသမားများထံ ငွေတောင်းယူမှုများ ရှိနေသော်လည်း ယခုအခါမှ တရုတ်ကုန်ပစ္စည်း သယ်ဆောင်ခွင့်ကို ပိတ်ပင်လိုက်သည်မှာ ထူးခြားလျက်ရှိသည်ဟု နှစ်နိုင်ငံ နယ်စပ်နေ လေ့လာသူများက ဆိုသည်။

ယခုလဆန်းပိုင်းအတွင်း ဒု-ဗိုလ်ချုပ်မှူးကြီးမောင်အေးသည် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး တခုဖြစ်သည့် မူဆယ် ၁ဝ၅ မိုင် ကုန်သွယ်ရေးဇုန်သို့ ရောက်ရှိခဲ့ပြီးနောက်ပိုင်း တရုတ်ကုန်များ ပိတ်ပင်ခံရခြင်းလည်း ဖြစ်သည်။

Sunday, July 26, 2009

Credit Card နှင့် ATM မြန်မာပြည်မှာ တကယ် သုံးလို့ ရတော့မှာလား...

မြန်မာပြည်မှာ Credit Card ကို အသုံးမပြုခင် ATM ကဒ် ကို အမှန်တကယ် အစိုးရ ဘဏ် မှာသုံးလို့ ရရင် ကောင်း မယ်....၂၄ နာရီ သုံး လို့ ရရင် မြန်မာပြည် တိုးတက် လာမှာ အမှန်ပဲ....
Credit Card က ATM သုံး ပြီးငွေများများ သုံးလို့ ဘဏ်ကအတိုး ရ ဖို့  ယုံကြည်လို့ ထပ်ထုတ်ပေးတာ...ဘယ်လိုပဲဖြစ်ဖြစ်...Credit Card နှင့် ATM မြန်မာပြည်မှာ တကယ် သုံးလို့ ရရင်ဝမ်းသာစရာပါ....
ှစင်ကာပူမှာ က ၂၄နာရီ ATM သုံးလို့ ရတယ်.....ဒါပေမဲ့....ဘဏ်မှာ ဒေါ်လာ၅၀၀ကျော်..ဒေါ်လာ၁၀၀၀ကျော် မှ မကျော် ရင်တစ်လ ၂ဒေါ်လာ ဖြတ်တယ်....
ဂျပန်မှာက ဂင်ဇာ မှာ တချို့ နေရာ မှာ ၂၄နာရီ ရတယ်...ညဘက်မှာ ၁၀၅ ယန်း....၂၄နာရီဆိုင်မှာဆို...၂၁၀ ယန်း ဖြတ်တယ်....

Credit Card ဆိုလို့  မြန်မာမေဖလားဝါး ATM ကဒ်ခဏပဲသုံးလိုက်ရတယ်...

အွန်လိုင်း ငွေပေးချေရေး စနစ် မြန်မာပြည်တွင် စတင် စမ်းသပ်


Saturday, 25 July 2009 15:58 အေးချမ်းမြေ့ .မြန်မာနိုင်ငံတွင် အွန်လိုင်း စီးပွားရေးစနစ် (e – commerce) စတင်နိုင်တော့မည်ဖြစ်ကြောင်း ကွန်ပျူတာ အသင်း၌ လွန်ခဲ့သည့် အပတ်က ကျင်းပသည့် ဟောပြောပွဲတွင် ဘဏ်အရာရှိ တဦးက ပြောသည်။

“မကြာခင်မှာ အွန်လိုင်း ငွေပေးချေရေးစနစ် စတင်နိုင်ပါတော့မယ်။ အခုလည်း အစိုးရနဲ့ ပုဂ္ဂလိက ဘဏ် ကွန်ယက် စနစ် (Banking network) တည်ဆောက်နေပါတယ်”ဟု ယင်း ဟောပြောပွဲတွင် မြဝတီဘဏ် လီမိတက်၏ ဒုတိယ အထွေထွေမန်နေဂျာ ဒေါ်မြတ်စန္ဒာကျော်က ပြောကြားလိုက်သည်။


ကွန်ပျူတာအသင်းတွင် ကျင်းပသည့် e – commerce ဆိုင်ရာ ဟောပြောပွဲ (ဓာတ်ပုံ - ဧရာဝတီ)
မြဝတီဘဏ်တွင် ယခုအခါ Semi-online banking operation စနစ်များ စတင်စမ်းသပ်ရန် ကြိုးစား နေပြီ ဟုလည်း ၎င်းက ဆက်ပြောသွား ကြောင်း သိရသည်။

သို့ရာတွင် ကွန်ပျူတာပညာရှင်များနှင့် စီးပွားရေးလုပ်ငန်းရှင်များက အွန်လိုင်းငွေပေးချေရေးစနစ် စတင်ရန် မလွယ်ကူနိုင်သေးဟု ပြောဆိုနေကြသည်။

အတည်မပြုနိုင်သေးသည့် သတင်းများအရ မြဝတီဘဏ်နှင့် နိုင်ငံခြားကုန်သွယ်မှုဘဏ်တို့က ပြည်တွင်း၌ Credit Card (အကြွေးဝယ်ကတ်) အသုံးပြုနိုင်မည့် စနစ်ကို စတင်စမ်းသပ်နေပြီး ၎င်းကတ်ကို နိုင်ငံတကာတွင် အသုံးပြု နိုင်ခြင်း မရှိသည့်အတွက် Semi-online banking operation ဟု အမည်ပေးထားကြောင်း သိရသည်။

မြန်မာနိုင်ငံ ကွန်ပျူတာ အသင်းမှ တာဝန်ရှိသူတဦးဖြစ်သည့် ဦးဇော်ထွဋ်ကမူ“ကျနော်တို့အနေနဲ့ ပြောရရင် အွန်လိုင်းငွေပေးချေရေးစနစ်အတွက် နည်းပညာ လုံခြုံမှု အာမခံချက်တွေ မပေးနိုင်သေးပါဘူး”ဟု ပြောသည်။

မြန်မာပြည်တွင် အွန်လိုင်းစီးပွားရေးစနစ် စတင်နိုင်ရန် Credit Card များ အသုံးမပြုနိုင်မီ ပထမဦးစွာ မိုဘိုင်း ဖုန်းများအသုံးပြု၍ ငွေပေးချေခြင်း (Tele - payment) စနစ်ကိုစမ်းသပ်မည်ဟုလည်း ဦးဇော်ထွဋ်က ဆိုသည်။

ထိုသို့ မိုဘိုင်းဖုန်းများအသုံးပြုကာ ငွေပေးချေရာတွင် ဖုန်း ဘီလ်ပေးပို့သကဲ့သို့ ဝယ်ယူထားသည့် ပစ္စည်းတန်ဖိုး ဘီလ်များကို မြဝတီဘဏ်မှတဆင့် ကောက်ခံမည်ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

“Hot line တခုထားပြီး ဝယ်ယူတဲ့ပစ္စည်းအတွက် ငွေ ချေဖို့ သဘောတူမတူ မေးမြန်းမယ်။ သဘောတူတယ် ဆိုရင် ဖုန်းဘီလ် ပို့သလိုပဲ ဝယ်ယူထားတဲ့ပစ္စည်းအတွက် စလစ် ပို့ပေးမယ်” ဟု ဦးဇော်ထွဋ်က ပြောခဲ့သည်။

ထိုသို့ အွန်လိုင်း စီးပွားရေးစနစ် စတင်နိုင်လျှင် မြန်မာနိုင်ငံကို စီးပွားရေးပိတ်ဆို့နေမှုမှ အတိုင်းအတာ တခုအထိ တွန်းလှန် နိုင်မည်ဖြစ်ကြောင်း အဆိုပါ ဦးဇော်ထွဋ်က ပြောကြားခဲ့သည်ဟု သိရသည်။

“ဒီစနစ် အကောင်အထည်ဖော်နိုင်ရင် တဆင့်ခံမဟုတ်တော့ဘဲ ရောင်းတဲ့၊ ဝယ်တဲ့သူအချင်းချင်း တိုက်ရိုက် ဆက်သွယ်နိုင်မှာဖြစ်လို့ စီးပွားရေးပိတ်ဆို့တာကို အထိုက်အလျှောက် ကာကွယ်နိုင်မှာဖြစ်ပါတယ်။ လောလော ဆယ် အာဆီယံဒေသတွင်းနိုင်ငံတွေ ထဲမှာ စမ်းသပ်ကြည့်ပြီးမှ တကမ္ဘာလုံးအဆင့်အထိ သွားဖို့ ကြိုးစားပါမယ်” ဟုသူကဆက်ပြောခဲ့သည်။

အွန်လိုင်း စီးပွားရေးစနစ် ဟောပြောပွဲသို့ တက်ရောက်လာသည့် စီးပွားရေးသမား အများစုကမူ မိုဘိုင်းဖုန်း သုံး၍ ငွေချေရာတွင် ငွေပမာဏတခုကို သတ်မှတ်သင့်ကြောင်း၊ ၎င်းတို့ထံ ပြန်လည်ပေးပို့လာသည့် စလစ်နံပါတ် များနှင့် ပစ္စည်းစာရင်းကို ပြန်လည်တိုက်ဆိုင်စစ်ဆေးရန် အချိန်ပေးသင့်ကြောင်း ပြန်လည်ဆွေးနွေးကြသည်ဟု သိရသည်။

မြန်မာနိုင်ငံကွန်ပျူတာအသင်းတွင် ပြီးခဲ့သည့် ဇူလိုင် ၁၈ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သော အဆိုပါဟောပြောပွဲ၌ အွန်လိုင်း စီးပွားရေးစနစ်နှင့် ပတ်သက်၍ အဓိကထား ဆွေးနွေးခဲ့ကြပြီး ဝန်ကြီးဌာနများမှ တာဝန်ရှိသူ အများ အပြားနှင့် ကွန်ပျူတာပညာရှင်များ၊ စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ကြောင်း ၎င်းပွဲသို့ တက်ခဲ့သည့် လေ့လာသူ တဦးက ဆိုသည်။

၎င်းဟောပြောပွဲသည် ယခင် နည်းပညာဟောပြောပွဲ များနှင့် မတူဘဲ နိုင်ငံတော်အဆင့် နေပြည်တော်မှ ကျင်းပခိုင်းခြင်းဖြစ်ကြောင်း ကွန်ပျူတာအသင်းမှ တာဝန်ရှိသူ တဦးက ဆိုသည်။

ကမ္ဘာ့ဘဏ် အကြံပေးတဦးဖြစ်သူ Myanmar Credent Technology မှ အထွေထွေမန်နေဂျာ ဦးဇော်နိုင် ကလည်း “ပြောင်းလဲတော့မှာပါ။ ပြောင်းလဲရင် အဆင်သင့်ဖြစ်အောင် ပြင်ဆင်ထားဖို့ လိုအပ်တယ်” ဟု ပြောကြားခဲ့ကြောင်းသိရသည်။

Saturday, July 25, 2009

နိုဗယ်ငြိမ်းချမ်း ရေးဆုရှင်ဒေါ်အောင်ဆန်းစုကြည် သဘောထား.....ဦးကြည်ဝင်းပြောတဲ့ဗွီဒီယို

၂၄ဇူလိုင်၂၀၀၉

မိုဘိုင်းက Terror ဗွီဒီယို

Channel 4 - Dispatches (June 2009) - Terror in Mumbai from Mskadu on Vimeo.

ဂျပန်ကားဟောင်းများ မြန်မာပြည် တင်သွင်းမှုပိုမိုများ


နအဖနှင့်နီးစပ်သည့်ကုမ္ပဏီတခုကို ကားလေလံတင် ရောင်းချခွင့်ပြုလိုက်သောကြောင့် မဲဆောက်-မြ၀တီမှတဆင့် ရန်ကုန်သို့ ဂျပန်ကားဟောင်းများ တရားမ၀င်တင်ပို့နေမှု ပိုမိုမြင့်တက်လာနေကြောင်း ကားကုန်သည်များက ပြောသည်။

“အရင်ကဆိုရင် တရက်ခြား ကားတန်းအဆင်းမှာ မြ၀တီကနေ ရန်ကုန်ကို သယ်တဲ့ကားတွေဟာ အများဆုံး (၁၀) စီး၊ (၁၅) စီးပဲ။ အခုဆိုရင် တရက်ခြား အစီး (၃၀) လောက်ရှိတယ်” ဟု ကားသယ်ပို့ပေးသူ ကရင်ငြိမ်းချမ်းရေးအဖွဲ့တခုမှ ယဉ်မောင်းတဦးက ပြောသည်။

ယခုတင်သွင်းသည့်ကားများမှာ ဂျပန်မှတဆင့် ဘန်ကောက်ဆိပ်ကမ်းသို့ ရောက်ရှိလာသည့်ကားများဖြစ်ပြီး ဘန်ကောက်မှ တဆင့် နယ်စပ် မဲဆောက်မြို့ကမ်းနားရှိ အမှတ် (၁၇) ဂိတ်၊ (၁၀) ဂိတ်၊ (၁၃) ဂိတ်နှင့် ထာ့အာဂိတ်များမှတဆင့် မြန်မာနိုင်ငံ မြ၀တီသို့ တင်သွင်းကြခြင်းဖြစ်သည်။

ရန်ကုန်မြို့မှ ကားကုန်သည်တဦးက “ဒီနှစ်လ၊ သုံးလအတွင်းမှာ ကားတွေ ထက်ဝက်နီးပါး ပိုသွင်းကြတာက အစိုးရက သူနဲ့ နီးစပ်တဲ့ကုမ္ပဏီတခုကို ကားရောင်းချခွင့်ပေးတာနဲ့ တိုက်ရိုက်ဆက်စပ်တယ်လို့ သိရတယ်။ နောက်ထပ် ကုမ္ပဏီတွေကိုလည်း ဒီလုပ်ငန်းတွေ ချပေးဖို့ ရှိတယ်လို့ သိရတယ်။ ဒါကြောင့် ကားသွင်းတဲ့လူတွေ အလုပ်ဖြစ်နေကြတယ်” ဟု ပြောသည်။

ထိုင်းဘက်ကမ်းမှ မြ၀တီသို့ ကားတစီးတင်သွင်းရာတွင် မဲဆောက် ထိုင်းအကောက်ခွန်ဌာနအား ဘတ် (၆) ထောင်၊ မော်တော်ကား မြန်မာဘက်ကူးခ ဘတ် (၃) ထောင်၊ မြ၀တီဘက်ခြမ်းရှိ မြန်မာအာဏာပိုင်များအတွက် ဘတ် (၃) ထောင် ပေးရသည်ဟု ကုန်သည်များက ပြောသည်။

အဆိုပါကားများကို ဒီကေဘီအေအဖွဲ့၊ ကရင်ငြိမ်းချမ်းရေးကောင်စီအဖွဲ့၊ စစ်တပ်နှင့်ရဲတို့က မြ၀တီမှ ရန်ကုန်မြို့သို့ သယ်ဆောင်ပေးကြပြီး ကားအမျိုးအစားပေါ်မူတည်၍ ၎င်းတို့အား ကျပ်သိန်း (၂၀) မှ (၂၅) အထိ ယာဉ်ပိုင်ရှင်များက ပေးရသည်။

လတ်တလောတင်သွင်းနေသည့်ကားများမှာ တိုရိုတာ (TOYOTA) အမျိုးအစားနှင့် အခြားအမျိုးအစားများဖြစ်ပြီး ထိုကားများကို ဆယ်ဘီးတပ် ကားသယ်ယာဉ်များဖြင့် သယ်ဆောင်ကြသည်။ ဆယ်ဘီးတပ်ကားကြီး တစီးလျှင် အနည်းဆုံး ကား (၆) စီးခန့် တင်ကာ ဘန်ကောက်မှ မဲဆောက်ကမ်းနားအထိ လာရောက်ပို့ဆောင်ပေးသည်။

အဆိုပါလမ်းကြောအတိုင်း မော်တော်ကားများအပြင် မြေတူးစက်များ၊ ဆောက်လုပ်ရေးသုံးယာဉ်များ၊ ဂျပန်နှင့် ကိုရီယား နိုင်ငံတို့မှ ကုန်သေတ္တာများဖြင့် တင်သွင်းသည့် စက်ဘီးအဟောင်းများကိုလည်း မြန်မာနိုင်ငံအရပ်ရပ်သို့ သယ်ယူကြသည်။

Thursday, July 23, 2009

ဟာသ ...ဖွင့်ဟဝန်ခံချက်...

.....ဟာသ များမှာ....ဒူးယားဆောင်...စီဆောင်...ရန်ကုန်စက်မူတက္ကသိုလ်....များမှ...အမှန်တကယ်ဖြစ်သဖြင့်သူငယ်ချင်း များ ပြုံးပျော် နိုင်ကြပါစေ......
ဒူးယားဆောင်...စီဆောင်...ရန်ကုန်စက်မူတက္ကသိုလ် သို့ အမှတ်တရ....
ကေး(ရေနံ)

အဆောင်ထုတ်လိုက်ရမကောင်းရှိတော့မယ်

၁၉၉၃ ဒူးယားဆောင် ညချမ်းလေးမှာပေါ့....
..အဆောင်မှူးတူမ စာကျက်နေသည်ကို...
........အဆောင် ကျောင်းသားတစ်စု တို့ 
.....ဂစ်တာတီး ပြီး ....အဆိုတော်ဂျက်မြသောင်း သီချင်း ....စိုးရိမ်မိတယ်ဖြိုးရယ်....သီကြူးနေစဉ်....
အဆောင်မှူးတူမနာမည်တွင် ....ဖြိုး...ပါသောကြောင့်....
ထိုစဉ် ကျွန်တော်က အခန်းခဏပြန်အဝင်..........
...အဆောင်မှူးကအခန်းမှဖြတ် သွားသဖြင့်....
သို့ သော် .....ဒိုက်ဦးသား...လတ်ကြီး က ဂစ်တာတီးကောင်းဆဲ.....
အဆောင်မှူးက ပခုံးကိုင်သည်ကိုပင်...
.................ကျွန်တော်နာမည်ခေါ်ပြီး....ခဏနေစမ်းပါ ဆိုသဖြင့်......
.......အဆောင်မှူးကဂုတ်ကိုဆွဲမြောက်လိုက်မှ.....နောက်လှည့်ကြည့်ပြီး...
......................................ဆောရီးဆရာ.....
...မင်းတို့ တွေ..အဆောင်ထုတ်လိုက်ရမကောင်းရှိတော့မယ်........
တော်တော့... ကိုယ်အခန်းကိုပြန် .....စာကျက်ကြ..
..........................ဟုတ်..ဟုတ်ကဲ့...ဆရာ....
(ကွယ်လွန်သွားပြီဖြစ်သောအဆောင်မှူးဆရာဦးဝင်းမြင့်ကိုဂါရဝပြုလျှက်....)
ကေး(ရေနံ)

Tuesday, July 21, 2009

စာကလေး နဲ့ ရေမွှေး

၁၉၉၃ ခုနှစ် ဒူးယားဆောင် နံနက် ခင်း မှာ စာကလေး တစ်ယောက် သူချစ် သူ နဲ့ တွေ ဖို့  ရေ မွှေး ဆွှတ် ပြီး သွား ဖို့  ပြင် စဉ် သူငယ် ချင်း များ က ပိုမိုဆွှတ် ပေး သဖြင့် .....
...ဟာ... အ ချိန်နီး နေ ပြီ....
အရမ်းမွှေး ကြိုင် နေ သဖြင့်...အင်္ကျီ ပြန် လဲ စဉ်
...သာယာဝတီ သား က...
ဆံပင် ကို ရေ မွှေး ဆွှတ်ပေး လိုက် သော် အခါ..
...ရေချိုးရန် အချိန် က မရှိ...
စာကလေး တစ်ယောက် သူချစ် သူ ထံ သို့  မွှေး ကြိုင် စွာဖြင့် သွားရလေသည်......
စာကလေး တစ်ယောက် ရေ မွှေး အရမ်း ကြိုက် ကြောင်းသူချစ် သူ ....သိမှာ အသေအချာ ပင်။ ။
(သူငယ်ချင်း များကို စိတ်မဆိုးတတ် သော စာကလေး သို့ )
ကေး(ရေနံ)

Monday, July 20, 2009

စားအုန်းဆီကို မလေးရှားက သွင်းနေတာ ဦးပိုင်ကပါ။အဆိပ်သင့်အောင် ဘာဖြစ်လို့ ဆပ်ပြာမှုန့်တွေ ရောရတာပါလည်း။

စားအုန်းဆီထဲတွင် ဆပ်ပြာမှုန့်တွေရောကာ မခဲအောင်လုပ်ပြီး ရောင်းချနေကြောင်း သိရှိရပါတယ်။ အီလန်ဆပ်ပြာမှုန့်က
ဈေးပေါတော့ စားအုန်းဆီ တစ်ပီပါ (၄၂) ဂါလံကို အီလန်တစ်ထုပ် (၂၀၀ ဂရမ်) ထည့်တယ်လို့ ကြားရပါတယ်။
“ဆီကို ရေချိုး ဆေးရိုး မီးလှုံ ကောက်ရိုးတောင်လိုပုံ” ဆိုတဲ့ စကားပုံကို အမြတ်တနိုး ရွတ်တတ်တဲ့ ဗမာလူမျိုးဟာ
ဆီစားကြတာ ကြမ်းပါတယ်။ ဒါပေမယ့် ပြည်တွင်းမှာ ဆီပေါလို့လားဆိုတော့ မဟုတ်ပါဘူး။ မပေါတော့တာ ကြာလှပါပြီ။
ဒီစကားပုံက ရှေးဟောင်းပစ္စည်းဖြစ်သွားပါပြီ။
မြန်မာတိုင်းမ်ရဲ့ အဆိုအရ ဗမာတယောက်ဟာ တနှစ်ကို စားသုံးဆီ (၅) ပိဿာနဲ့ (၄၉) ကျပ်သား စားသုံးပါတယ်။ လူဦးရေ
(၅၂) သန်းနဲ့ တွက်မယ်ဆို တနှစ်ကို ပိဿာပေါင်း (၂၈၅) သန်း၊ တန်အားဖြင့် (၄) သိန်း စားသုံးပါတယ်။
ဆီအဖြစ် ပဲဆီ၊ နှမ်းဆီ၊ စားအုန်းဆီတို့ကို အဓိက အသုံးပြုရာမှာ ပြည်တွင်းမှာ စားဆီ ၅၀%လောက်ပဲ ထွက်ပြီး
ကျန်တဲ့တ၀က်ကို ပြည်ပက တင်သွင်းရပါတယ်။
အဓိက တင်သွင်းတဲ့ နိုင်ငံက မလေးရှားဖြစ်ပြီး သွင်းတဲ့ဆီအမျိုးအစားက စားအုန်းဆီ ဖြစ်ပါတယ်။ တနှစ်ကို တန်ချိန် (၂)
သိန်း တင်သွင်းပါတယ်။ ပြည်တွင်းမှာ တနင်္သာရီတိုင်းမှာ ဧက (၂) သိန်းလောက် စိုက်ဖို့ လျာထားတာ (၁) သိန်းလောက်ပဲ
စိုက်နိုင်သေးတယ်လို့ ဆင်ဟွာသတင်းဌာနက ပြီးခဲ့တဲ့လက ရေးပါတယ်။
ဒါပေမယ့် မြန်မာတိုင်းမ်က ၂၀၀၅ ခုနှစ်မှာ ဧက (၇) သောင်းလောက်ပဲ စိုက်နိုင်သေးတယ်လို့ ဆိုပါတယ်။
မြန်မာတိုင်းမ်အဆိုက အမှန်နဲ့ ပိုနီးစပ်ပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ (၁) ဧကကို (၂.၅) တန်ထွက်ရင် ဧက (၇) သောင်းကို တန်ချိန် (၁) သိန်း (၇) သောင်းခွဲ
ထွက်ပါတယ်။ မလေးရှားက တနှစ်ကို စားအုန်းဆီ တန် (၂) သိန်း တင်သွင်းတယ်ဆိုတော့ ပြည်တွင်းမှာ စားအုန်းဆီ နှစ်စဉ်
တန်ပေါင်း (၃) သိန်း (၇) သောင်းခွဲ စားနေပါတယ်။ ဆင်ဟွာက ပြောတာယူရင် နှစ်စဉ်စားတဲ့ဆီက စားအုန်းဆီချည်းပဲ တန်
(၄) သိန်းခွဲ ဖြစ်သွားပါလိမ့်မယ်။
တနှစ်ကို စားအုန်းဆီ တန် (၃) သိန်း (၇) သောင်းခွဲ စားတယ်ဆိုတော့ လိုတဲ့ တန် (၂) သောင်းခွဲက ပဲဆီနဲ့
နှမ်းဆီဖြစ်ဖို့များပါတယ်။ နေကြာဆီ နည်းနည်းပါနိုင်ပါတယ်။
ချုပ်လိုက်ရင် စားအုန်းဆီတွေ ပြည်တွင်းမှာ လှိုင်ဘောလယ်နေပါတယ်။ တန် (၃) သိန်း (၇) သောင်းခွဲကို လူဦးရေ (၅၂)
သန်းနဲ့စားရင် လူတယောက်ဟာ တနှစ်ကို စားအုန်းဆီ (၅) ပိဿာနဲ့ (၁၅) ကျပ်သား စားသုံးပါတယ်။
စားအုန်းဆီက ဒီတိုင်းထားရင်း ခဲတယ် ဆိုတာ လူတော်တော်များများ သိပါတယ်။ သူ့ရဲ့ အခဲဖြစ်တဲ့ အပူချိန်က မြင့်ပါတယ်။
(၃၁) နဲ့ (၄၁) ဒီဂရီ စင်တီဂရိတ်ကြားမှာ အခဲဖြစ်ပါတယ်။ ဗမာပြည်မှာ အောက်ပြည်အောက်ရွာနဲ့ အညာမှာ တနှစ်လုံး
ပျမ်းမျှအပူချိန်က (၃၀) ဒီဂရီနဲ့ အထက်မှာ ရှိတာဆိုတော့ စားအုန်းဆီခဲဖို့ လွယ်တဲ့နေရာပါ။
စားအုန်းဆီခဲရင် ပျော်သွားအောင် တနေ့ကို နည်းနည်းချင်းစီ အပူပေးရပါတယ်။ အပူသိပ်ပြင်းရင် ဆီထဲက
အဆီတွေပျက်သွားလို့ အနံ့ဆိုးသွားပါတယ်။ ဒီတော့ စားအုန်းဆီကို ထိန်းသိမ်းရတာ ခက်ပါတယ်။
အဲဒီတော့ ရောင်းတ့လဲူတေကွ အလွယ်လိုက်ပြီး အဆီတွေပျော်အောင် ဆပ်ပြာမှုန့်ရောလိုက်ပုံ ရပါတယ်။
ဆပ်ပြာမှုန့်သွေးလမ်းကြောင်းထဲရောက်သွားရင် သွေးထဲမှာ အက်ဆစ်ပမာဏများလာတာ၊
အစာလမ်းကြောင်းပေါက်ကုန်တာ၊ အသက်ရှုကျပ်တာ၊ သွေးဖိအားကျတာ၊ လည်ချောင်းယောင်လာတာ၊ ခန္ဓာကိုယ်တွင်းက
အင်္ဂါတွေပျက်စီးတာ ဖြစ်တတ်ပါတယ်။
(၂၀၀၉) ခုနှစ် ဇွန်လ ကမ္ဘာ့စားAုန်းဆီပေါက်ဈေးနဲ့ တွက်မယ်ဆိုရင် စားအုန်းဆီ တစ်တန်ကို အမေရိကန်ဒေါ်လာ (၇၁၄)
ဒေါ်လာ ပေါက်ပါတယ်။ ပိဿာနဲ့ပြန်တွက်မယ်ဆို တစ်ပိဿာကို (၉၉) ဆင့်ပဲ ကျပါတယ်။ တစ်ဒေါ်လာပဲ ထားပါတော့။
ဗမာငွေနဲ့ဆို ကျပ် (၁၁၀၀) မပြည့်ပါဘူး။
ဒါပေမယ့် ရန်ကုန်မှာ စားအုန်းဆီ တပိဿာ ကျပ် (၂၁၀၀) ၊ မန္တလေးမှာ ကျပ် (၁၉၁၀) ၊ တောင်ကြီးမှာ ကျပ် (၂၁၀၀) နဲ့
စစ်တွေမှာ ကျပ် (၂၂၀၀) ပေါက်ပါတယ်။ စစ်တွေက လူတွေက စားအုန်းဆီကို ကမ္ဘာ့ပေါက်ဈေးထက် ၂ဆပိုပေးပြီး
စားရပါတယ်။
စားအုန်းဆီကို မလေးရှားက သွင်းနေတာ ဦးပိုင်ကပါ။ လက်ကား၊ လက်လီအဆင့်ဆင့်ဖြတ်ပြီး
တကယ်စားတဲ့လူဆီရောက်တော့ သွင်းဈေးရဲ့ နှစ်ဆဖြစ်နေပါပြီ။ ဒါပေမယ့် ဈေးကြီးတာက ထားတော့။ လူတွေ
အဆိပ်သင့်အောင် ဘာဖြစ်လို့ ဆပ်ပြာမှုန့်တွေ ရောရတာပါလည်း။
စားသုံးသူက ဘာအခွင့်အရေးမှ မရှိတာ ကြာနေပါပြီ။ ဒါပေမယ့် ကိုယ့်အသက်ကို အန္တရာယ်ပြုနေတဲ့လူတွေကို
တရားစွဲလို့ရတဲ့ ဥပဒေရှိတာကို သုံးရမယ့် အချိန်ရောက်နေပါပြီ။ တရုတ်ပြည်မှာတောင် နို့မှုန့်ထဲ
မယ်လမင်းရောတ့လဲူတေကွို သေဒဏ်ပေးလိုက်ပါပြီ။
ဗမာပြည်မှာ စားသုံးသူတွေရဲ့ အခွင့်အရေးကို တောင်းဆိုတဲ့ အဖွဲ့တွေ ရှိဖို့  လိုနေပါပြီ။ ဥပဒေပညာရှင်တွေ၊
ကျန်းမာရေးဝန်ထမ်းတွေ၊ စားသုံးသူတေကွိုယ်တိုင်ပါဝင်ပြီး အစားအစာတွေကို အဆိပ်ဖြစ်အောင်လုပ်နေတဲ့ လူတွေကို
တရားစွဲရမယ့် အချိန်ရောက်နေပါပြီ။ တနှစ်ကို အဆိပ်ရည် (၅) ပိဿာ သိသိကြီးနဲ့ တိုက်နေတာကို ချက်ချင်းရပ်သင့်ပါပြီ။
(ပေးပို့ လာသူ မိတ်ဆွေတစ်ဦးအား ကျေးဇူးတင်ရှိပါတယ်)။

စင်္ကာပူမှ သင်္ဘောကျင်းများ



မောင်သာမန်
ကြာသပတေးနေ့၊ ဂျူလိုင်လ 16 ရက် 2009 ခုနှစ် 18 နာရီ 59 မိနစ်


စင်္ကာပူမှ သင်္ဘောကျင်းများ


လွန်ခဲ့တဲ့ နှစ်ပေါင်း ၄ဝ ကျော်ကစပြီး ကြည့်ရင်တော့ စင်္ကာပူမှာ သင်္ဘောကျင်းအနေနဲ့ အင်္ဂလိပ်ရေတပ်အတွက် Sambawang Shipyard ရှိပါတယ်။ ဂျပန်တွေကလည်း Jurong Shipyard, Hitachi-Zoezin Shipyard စတင်ခဲ့ကြတယ်။ စင်္ကာပူအစိုးရ အနေနဲ့ သင်္ဘောကျင်းလုပ်ငန်းကို ST Marine (Singapore Technology) နဲ့ Keppel Shipyard စသဖြင့် ဝင်ရောက်ပါဝင်ခဲ့ရင်း အခုတော့ စင်္ကာပူအစိုးရ ရှယ်ယာအများဆုံးရှိတဲ့ Sambawang Corporation နဲ့ Keppel Corporation ၂ ခုကပဲ တခြားသင်္ဘောကျင်းများကို လက်ဝါးကြီးအုပ် ဝယ်ယူသွားခဲ့ကြပါတယ်။ ၂ဝဝ၉ ခုနှစ်မှာတော့ KEPPEL CORPORATION (10 Billions S$) နဲ့ SEMBCORP (9 Billions S$) တို့ ဖြစ်ကြပါတယ်။ မြန်မာပြည်က လာတဲ့ အလုပ်သမားတွေကို ဒီကုမ္ပဏီကြီး ၂ ခုနဲ့ ဆိုင်တဲ့ သင်္ဘောကျင်းများမှာ တွေ့နိုင်ပါတယ်။ အဲဒီသင်္ဘောကျင်းတွေရဲ့ Sub Contract လုပ်တဲ့ ကုမ္ပဏီအငယ်၊ အလတ်စားများ S&E Companies မှာလည်း မြန်မာအလုပ်သမား၊ အင်ဂျင်နီယာများစွာကို တွေ့ရပါတယ်။

လွန်ခဲ့သော ၁၉၉ဝ ကျော်ပိုင်းက စင်္ကာပူမှာ မြန်မာအလုပ်လာရှာသူများအတွက် အလွယ်ကူဆုံး အလုပ်ရနိုင်ပြီး၊ အစိုးရက အလုပ်လုပ်ခွင့် မြန်မြန် ပါမစ်ချပေးတာက သင်္ဘောနဲ့ဆိုင်တဲ့ Marine Industry ပါပဲ။ အလုပ်သမားအနေနဲ့တော့ ယခင်က အိန္ဒိယပြည်က အလုပ်သမားတွေပဲ သုံးနေရာကနေ အခုနောက်ပိုင်းမှာ တရုတ်ပြည်မကြီးနဲ့ မြန်မာ၊ ဘင်္ဂလားဒေ့ခ်ျ အလုပ်သမား၊ အင်ဂျင်နီယာများစွာကို တွေ့နေရပါပြီ။ အထူးသဖြင့် Keppel Corporation က သင်္ဘောကျင်းများမှာ မြန်မာများစွာ ရှိပါတယ်။ မြန်မာစာနဲ့ ဆိုင်းဘုတ်များ၊ အရည်အချင်းစစ် စာမေးပွဲများပင် ရှိနေကြပြီဖြစ်ပါတယ်။ စင်္ကာပူမှာ အစိုးရသုံး ဘာသာကြီး ၄ မျိုး (အင်္ဂလိပ်၊ တရုတ်၊ မလေး၊ အိန္ဒိယ (Tamil) တို့ ဖြစ်ပါတယ်။ အခုတော့ သင်္ဘောကျင်းလောကမှာ မြန်မာဘာသာစကား ပြောသူ များလာတာကို မြင်ရပါတယ်။

သင်္ဘောနဲ့ဆိုင်တဲ့ အလုပ်များမှာ မြန်မာများ နေရာပိုရလာရေးအတွက် အလွန်ကောင်းမွန်တဲ့ စာအုပ်ငယ် Singapore.info.2009.Build Your Future[1] ကို အင်တာနက် http://monywa.org/singaporeinfo.htm မှာ ဒေါင်းလုပ်ဖတ်ရှုနိုင်ပါတယ်။ ပြုစုသူ အေးငြိမ်း ဖြစ်ပါတယ်။ အင်မတန် ကောင်းမွန်တဲ့ စာတမ်းငယ်ဖြစ်ပြီး၊ သင်္ဘောကျင်းများသာမက အခြား စက်ရုံအလုပ်ရုံလုပ်ငန်း လုပ်ကိုင်သူများအတွက်လည်း ဘဝတိုးတက်ရာ လမ်းပြစာအုပ်ဖြစ်ပါတယ်။

သင်္ဘောနဲ့ပတ်သက်တဲ့ အလုပ်များကတော့

၁။ အလုပ်သမား တာဝန်
၂။ အငယ်တန်း အတတ်ပညာပိုင်းဆိုင်ရာ လုပ်ငန်းများ
၃။ အင်ဂျင်နီယာဆိုင်ရာ လုပ်ငန်းများ ဖြစ်ပါတယ်။ လစာနှုန်းထားနဲ့ အလုပ်သဘာဝများကို Singapore Info စာအုပ်ငယ်မှာ ရေးထားပါတယ်။

သင်္ဘောပြင်ဆင်တဲ့လုပ်ငန်းမှာ သင်္ဘောကျင်းမှာတော့ ထုံးစံအတိုင်း အကြီးစားလုပ်ငန်းကြီးများ (သင်္ဘော ကိုယ်ထည် Hull Bead Blasting, Painting နဲ့ ပိုက်ကြီးများ လဲလှယ်ခြင်း) အစရှိသည်များကို လုပ်ကိုင်ကြပါတယ်။ သင်္ဘောမှာပါတဲ့ စက်ကိရိယာများကို ပြုပြင်တဲ့လုပ်ငန်းပိုင်းကို Marine Automation ကိုတော့ ကုမ္ပဏီငယ်များက လုပ်ကိုင်ကြပါတယ်။ စင်္ကာပူမှာတော့ အများအားဖြင့် ငွေပိုအကုန်ခံနိုင်တဲ့ ရေနံတင်သင်္ဘောကြီးများ လာပြင်ကြပါတယ်။ အခြား ကုန်တင်သင်္ဘောကြီးများကတော့ ဈေးပိုသက်သာတဲ့ တရုတ်ပြည်၊ ဗီယက်နမ် စသည်တို့မှာ သွားပြင်ကြပါတယ်။ ဒါကြောင့် ရေနံတင်သင်္ဘောကြီးများအတွက်
- ရေနံတင်၊ချ ရာမှာသုံးတဲ့ Cargo Loading/ Unloading က Cargo Oil Pump, Tank Leveling, Inert Gas System စတဲ့ အရာများကတော့ အများဆုံးဖြစ်ပါတယ်။ ဘွိုင်လာ၊ Steam Turbine, Main Engine, Pump, Generator, Power Distribution System စတဲ့ အရာများကတော့ သင်္ဘောမှာ မရှိမဖြစ်တဲ့ စက်ကိရိယာများ ဖြစ်ပါတယ်။ မိုတာ၊ ဂျင်နရေတာ၊ ပန့်များကတော့ မွမ်းမံ၊ ပြင်ဆင်ပေးလေ့ရှိပါတယ်။

- ရေနံအမျိုးစားများအတွက် Tank Leveling, Temp & Pressure monitoring, Cargo Oil Pump Turbine Control System, Gas Alarm System, Inert Gas System အစရှိတဲ့ Automtion လုပ်ငန်းများ။
- စက်ပစ္စည်းနဲ့ဆိုင်တဲ့ ကရိန်း၊ ရေသန့်စက်၊ မီးရှို့စက်၊ အညစ်အကြေးစွန့်စက်၊ အပူပေးစက် စတဲ့ အထွေထွေ စက်ပစ္စည်းများ ..
- တခြား ရေကြောင်းနဲ့ဆိုင်တဲ့ Navigation Equipment, Oil Discharge Monitoring, Oily Water Seperator စတဲ့ ကိရိယာများ ဖြစ်ကြပါတယ်။

စက်ပစ္စည်းများအတွက် Automation လုပ်တဲ့နေရာမှာ လျှပ်စစ်၊ အီလက်ထရွန်းနစ်၊ PLC ၊ DCS ၊ HMS တို့အပြင် Pneumatic လေအား, Hydraulic ဆီအား သုံးတဲ့ Insturment, Control Valves, Actuator တွေကိုလည်း နားလည်ကျွမ်းကျင်ရပါတယ်။ မြန်မာပြည်မှာတော့ စက်ရုံအလုပ်ရုံ အတွေ့အကြုံရှိဖူးသူတွေအတွက် သိပ်မခဲယဉ်းလှပေမယ့် ဘာမှမလုပ်ဖူးသူများအတွက် လေ့လာရပါတယ်။

သင်္ဘောမှာသုံးတဲ့ စက်ပစ္စည်းကိရိယာများဟာ ရှုပ်ထွေးခက်ခဲခြင်း မရှိလှပါဘူး၊ နားလည်လွယ်ပါတယ်။ ဒါပေမဲ့ အလုပ်က ကြမ်းပါတယ်။ သင်္ဘော အပေါ်အောက်၊ တက်လိုက်၊ ဆင်းလိုက် လုပ်ရတယ်။ စက်ချေး၊ ဆီချေးနဲ့ ညစ်ပတ်ပေရေတာထက် ဆိုးတာကတော့ ပူလောင်လှတဲ့ အင်ဂျင်အခန်းမှာ စက်ကြီးများနဲ့ အလုပ်လုပ်ရတာ အန္တရာယ်ကြီးပါတယ်။ အများကြီး သတိထားရပါတယ်။ High Temperature, High Pressure, Machin Movement တွေကြားမှာ လုပ်ရတဲ့အတွက် အထူးသတိထားရပါတယ်။ သင်္ဘောကျင်းမှာဆိုရင် ပစ္စည်းတွေ အသစ်လဲလှယ်၊ အတင်အချ လုပ်ရတဲ့အခါမှာ မကြာခဏ သေကြေ၊ ထိခိုက်ဒဏ်ရာရမှုတွေ ရှိတဲ့အတွက် Safety ကြပ်ကြပ်မတ်မတ် လုပ်ရပါတယ်။ ဦးထုပ်၊ ခါးပတ်၊ မျက်မှန် စတဲ့ အကာအကွယ်များကို သေချာဝတ်ဆင်ရပြီး သံထည်များကို ဖြက်ဆက်၊ ကပ်ညှပ်ရာမှာ Gas Oxigen Cutter, Welding Machine, Grinding, Blasting, Drilling စတဲ့ လုပ်ငန်းများဟာ အန္တရာယ်ကြီးတဲ့အတွက် သင်္ဘောကျင်းတိုင်းမှာ Safety Department ဟာ အရေးကြီးတဲ့ ဌာနဖြစ်ပါတယ်။ သင်္ဘောကျင်း အလုပ်လာလုပ်ရင် Safety Course သင်တန်း အရင်တက်ရပါတယ်။

သင်္ဘောနဲ့ပတ်သက်တဲ့ စက်ကိရိယာများအကြောင်း
Electrical Power Distribution and Automation

လျှပ်စစ်နဲ့ပတ်သက်တဲ့ လုပ်ငန်းများအနက် သင်္ဘော၊ Power Generation and Distribution System ကို အထူးသဖြင့် ဂျပန်ကုမ္မဏီကြီးများ ထုတ်လုပ်တဲ့ Circuit Breaker, Contactor, Relay တွေကို အသုံးများကြပါတယ်။ မိုတာများ၊ Marine Cable ဆိုတဲ့ အလွန်မာတဲ့ လျှပ်စစ်ကေဘယ်ကြိုးများ၊ ဂျင်နရေတာ၊ ဘက်ထရီ စတဲ့ လျှပ်စစ်ပစ္စည်းများ ရှိပါတယ်။

Ship Engine Room

သင်္ဘော အင်ဂျင်ခန်းမှာတော့ စက်ပစ္စည်းများ အပြည့်အကြပ် ပြွတ်သိပ်ထည့်ထားပါတယ်။ သင်္ဘောရဲ့ Main Engine ကတော့ အကြီးမားဆုံးသော စက်ကြီးပါပဲ။ သင်္ဘောခုတ်မောင်းဖို့ ဒီဇယ်အင်ဂျင်ကြီး ပစ်စတင်အကြီးကြီးများကို တွေ့နိုင်ပါတယ်။ အင်ဂျင်ခန်းဟာ အင်မတန် ဆူညံတဲ့အတွက် နားကျပ်ကို အမြဲတပ်ထားဖို့ လိုပါတယ်။ အင်ဂျင်ခန်း၊ သင်္ဘောရဲ့ နောက်ဘက်မှာ ဘွိုင်လာကြီး ၂ ခုကို တည်ဆောက်ထားပါတယ်။ အဲဒီကနေ ရေနွေးငွေ့ထုတ်ပြီး Steam Turbine, Steam Heating System တွေကို လည်ပတ်စေပါတယ်။ Steam Turbine များနဲ့ ရေနံစိမ်း Cargo Pump များနဲ့ Water Balast Pump တွေကို လည်ပတ်စေပါတယ်။ အင်မတန် ပူလောင်ပါတယ်။ အများအားဖြင့် ရေနွေးငွေ့အပူချိန် ၂ဝဝ ဒီဂရီအထက်ရှိပြီး ဖိအား (Pressure) က 10 to 15 Kg/cm2 ရှိပါတယ်။ သင်္ဘောအကြီးတွေဆိုရင် Steam Temp 400 deg C & Pressure 60 Kg/cm2 အထိရှိတော့ အင်မတန် သတိထားရပါတယ်။ Air Compressor, Power Generator, Water Pump Motors, Alarm Noise စသဖြင့် အလွန်ဆူညံလှတဲ့အခန်း ဖြစ်ပါတယ်။ ECR လို့ခေါ်တဲ့ Engine Control Room ကတော့ အလုံပိတ် လေအေးစက်ပေးထားပါတယ်။ အဲဒီမှာ ကွန်ပြူတာ၊ Drawing၊ Monitoring System, Control System, Electrical Poser Distribution Panels တွေကို စုပေါင်းပြီးထားပေးပါတယ်။ သင်္ဘောအင်ဂျင်နီယာများ ခေတ္တဝင်ပြီး နားနေ၊ ကော်ဖီသောက်ရာ နေရာလည်း ဖြစ်ပါတယ်။

Inert Gas System IGS

ရေနံတင်သင်္ဘောများအတွက် မရှိမဖြစ်တဲ့ Inert Gas System ဖြစ်ပါတယ်။ ရေနံ အတင်အချ လုပ်တဲ့အချိန်မှာ ရေနံ Oil Tank ထဲမှာ မီးမလောင်တဲ့ Inert Gas ကို ထည့်ပေးရပါတယ်။ အဲဒီ Inert Gas ကို ဘွိKင်လာ မီးခိုးကတဆင့် ရေထဲဖြတ် သန့်စင်စေပြီး ရေနံလှောင်ကန်ထဲ ထည့်ပေးပါတယ်။ အောက်စီဂျင်ကိုလည်း ၃ - ၈ ရာနှုန်း ထိန်းပေးထားခြင်းဖြင့် မီးမလောင်နိုင်တော့ပါဘူး။ ဒီစနစ် အလုပ်လုပ်မှသာ သင်္ဘောကို နိုင်ငံအစိုးရတွေက ဆိပ်ကမ်းကပ်ခွင့် ပေးပါတယ်။ ဒါကြောင့် အလွန်အရေးကြီးတဲ့ စနစ်ဖြစ်ပါတယ်။ Inert Gas Generator ဆိုတဲ့ မီးခိုးထုတ်စက်ကိုလည်း လိုအပ်သလို မောင်းပေးရပါတယ်။ သင်္ဘော ဆိပ်ကမ်းကပ်ရင် Surveyor တွေက အရင်ဆုံးစစ်ဆေးတဲ့ အရာဖြစ်ပါတယ်။

Boiler Control

သင်္ဘောမှာသုံးတဲ့ ဘွိုင်လာကိုတော့ Marine Boiler လို့ ခေါ်ပါတယ်။ AAlborg ဘွိုင်လာကတော့ ရေပန်းအစားဆုံးဖြစ်ပြီး တခြား အမျိုးအစားများဖြစ်တဲ့ Miura Z boiler, Sunflame, Mitsubishi, Kawasaki, Vacalno စတဲ့ ဘွိုင်လာများစွာ ရှိပါတယ်။ သင်္ဘောတိုင်းမှာ မရှိမဖြစ်တဲ့ တာဘိုင်လည်ပတ်ခြင်း၊ သုံညအောက် ရေခဲတဲ့ရာသီမှ ရေ၊ ရေနံဆီများကို အပူဓာတ်ငွေ့ပေးခြင်း စတဲ့ လုပ်ငန်းများအတွက် အထူးလိုအပ်တဲ့ ဘွိုင်လာပါ။ ဘွိုင်လာမှာ FO Fuel Oil ကိုမီးရှို့ပြီး အပူဓာတ်ပေးရာမှာ အပူချိန် ဒီဂရီစင်တီဂရိတ် ထောင်နဲ့ချီတဲ့အထိ အပူချိန် ပြင်းထန်ပါတယ်။ ရေနွေးငွေ့ကလည်း ဘွိုင်လာအကြီးအသေးပေါ် မူတည်ပြီး အလွန်မြင့်မားပြီး၊ ရေနွေးငွေ ဖိအား Pressure ကလည်း ကြောက်စရာ ကောင်းလောက်အောင် ပြင်းထန်ပါတယ်။ အထူးသတိပြု လုပ်ကိုင်ရတဲ့ အလုပ်ဖြစ်ပါတယ်။

Steam Turbine

ရေနွေးငွေ့ တာဘိုင်ကတော့ ရေနံတင်သင်္ဘောတွေ ရေနံစုတ်ထုတ်တဲ့ ပန့် Pump တွေအတွက် အထူးအသုံးကျနေဆဲပါ။ အားကောင်းပြီး နေရာကျဉ်းကျဉ်းပဲ လိုအပ်တော့ အင်ဂျင်ပန့်၊ လျှပ်စစ်မိုတာပန့်တွေ အစားထိုးလို့ မရသေးပါဘူး။ ရှေးတုန်းကတော့ သင်္ဘောမောင်းတဲ့ အင်ဂျင်နေရာမှာ Main Turbine ကိုသုံးပြီး သင်္ဘောဒလက်ကို လည်ပတ်မောင်းခဲ့ပါတယ်။ အခုနောက်ပိုင်းတော့ ဒီဇယ်အင်ဂျင်ကြီးများပဲ ရေနံတင်သင်္ဘောအကြီးတွေမှာ အစားထိုးသုံးနေကြပါပြီ။ လျှပ်စစ်ဓာတ်အားထုတ်တဲ့ နေရာမှာလည်း တာဘိုဂျင်နရေတာကို ရေနွေးငွေ့ တာဘိုင်သုံးတာ များပါတယ်။

Oil Discharge Monitor

သင်္ဘောမှာ ရေညစ်ပတ်တွေကို သင်္ဘောအပြင်ဘက် ကြိုက်သလို ထုတ်ပစ်လို့ မရပါဘူး။ ပင်လယ်ပြင် ညစ်ညမ်းမှု၊ Pollution ကာကွယ်တဲ့ ဥပဒေများကြောင့် သင်္ဘောအပြင်ဘက် ထုတ်ပစ်တဲ့ ရေများမှာ ဆီပါဝင်မှုကို ထိန်းချုပ်ထားဖို့ အပြည်ပြည်ဆိုင်ရာ ရေကြောင်းအဖွဲ့ International Maritime Organization - IMO တာဝန်ယူထားပါတယ်။ အခုခေတ်မှာ ဂြိုလ်တုဓာတ်ပုံများကြောင့် ဆီများများပါတဲ့ ရေတွေ သင်္ဘောက စွန့်ပစ်နေတာ အလွယ်တကူ တွေ့နိုင်ပါတယ်။ ပင်လယ်ပြင် နိုင်ငံတကာ ရေပိုင်နက်ထဲ ဖြစ်ရင်လည်း သင်္ဘောမောင်းတဲ့ ကပ္ပတိန်ကို ဒဏ်ငွေ ဒေါ်လာ သိန်းနဲ့ချီပြီး ဒဏ်ရိုက်ပါတယ်။ သင်္ဘောဆိပ်ကမ်းတွင်း ဝင်လာတော့မယ်ဆိုရင် ဆီထုတ်နှုန်းထိန်းချုပ်ပေးတဲ့ Oil Discharge Monitoring System အလုပ်လုပ်ကြောင်း Surveyor ကို ပြသရပါတယ်။ အဲဒီစက် အလုပ်မလုပ်ရင် သူတို့နိုင်ငံတွင်းကို သင်္ဘော အဝင်မခံပါဘူး။ ဆီပါနှုန်း များနေတဲ့ ရေတွေကိုလည်း ဆီနဲ့ရေ ခွဲခြားပေးတဲ့ Oily Water Seperator စက်ကိုလည်း သင်္ဘောတိုင်း မရှိမဖြစ် ဝယ်ယူထားရပါတယ်။ ဒါတွေကတော့ ပင်လယ်ပြင် မညစ်ညမ်းရေးအတွက် IMO သတ်မှတ်ထားတဲ့ စက်များဖြစ်ပါတယ်။

PLC, DCS, HMI

ရှေးယခင်များကတော့ လျှပ်စစ် ကွန်ထရိုးမှာ Relay Network နဲ့ အလုပ်လုပ်ကြပါတယ်။ အခုခေတ်တော့ ပိုလွယ်ကူ၊ဈေးသက်သာတဲ့ Programmable Logic Controller PLC များကို အစားထိုးသုံးလာပြီး၊ LCD Panel touch screen control ကို သုံးလာကြတယ်။ Central Control အဖြစ် DCS, Human Machine Interface HMI စတဲ့ စနစ်ကြီးများကို Module များနဲ့ ဆက်စပ်သုံးစွဲလာကြပါတယ်။ ဒါကြောင့် သင်္ဘောတခုလုံး အပူချိန်၊ ဖိအား၊ အားလုံးကို တနေရာကနေ မြင်ရ၊ ထိန်းရတာ ပိုလွယ်လာပါတယ်။ သို့သော်ငြားလည်း သင်္ဘော၊ စက်ရုံများမှာ လူနဲ့ သွားကြည့်လုပ်ကိုင်တဲ့ Manual System ကိုပဲ အားကိုးနေရဆဲပါ။

Marine Navigation System

သင်္ဘောတွေမှာ သက္ကရာဇ် ၂ဝဝဝ နောက်ပိုင်းမှာ တဲလက်စ်ရိုက်တဲ့ ရေဒီယိုအရာရှိဆိုတာ မထားတော့ပါဘူး။ Nigavation လုပ်တဲ့ ရေဒါ၊ ဂျိုင်ရို၊ ဂျီပီအက်စ်၊ စပိလော့ စတဲ့ ပစ္စည်းကိရိယာများနဲ့ သင်္ဘောတစင်းနဲ့ တစင်း ဆက်သွယ်မှုနည်းစနစ်ဟာ အလွန်ကောင်းလာတဲ့အတွက် ရှေးကလို ရေဒီယိုအရာရှိ မလိုတော့ပါဘူး။ သာမန် အရာရှိတယောက်က အလွယ်တကူ သုံးနိုင်လာပါပြီ။ ဒါကြောင့် သင်္ဘော လျှပ်စစ်အရာရှိ Electrician ကပဲ ဒီ Navigation Equipment များကို တာဝန်ယူ၊ ပြင်ဆင်တဲ့ လုပ်ငန်းကို လုပ်ပါတယ်။

Pneumatic and Hydraulic

သင်္ဘောက စက်ပစ္စည်းများ Automation အတွက် အဓိကလိုအပ်တာကတော့ လျှပ်စစ်ဓာတ်အားဖြစ်ပါတယ်။ သို့သော်လည်း Automation Instruments များကို မောင်းနှင်ဖို့ Pneumatic (လေအား) နဲ့ Hydraulic (ဆီအား) ၂ မျိုးက အထူးအရေးကြီးပါတယ်။ အလွန်လေးလံကြီးမားတဲ့ စက်တွေ၊ Cargo Valves တွေ၊ ကရိန်းကြီးတွေကို Hydraulic System နဲ့ အလုပ်လုပ်ခိုင်းရပါတယ်။ သေးငယ်သွက်လက်တဲ့ စက်ကိရိယာများ၊ လျှပ်စစ်ဓာတ်အား မီးပွားကျမှာ စိုးရိမ်ရတဲ့ ရေနံသိုလှောင်တဲ့နေရာများမှာ Pheumatic Controller များကို သုံးရပါတယ်။ ဒီခေတ်အခါမှာတော့ Zenar Barrier ဆိုတဲ့ ပေါက်ကွဲမှု ကာကွယ်နိုင်တဲ့ Safety Device တွေ စိတ်ချလက်ချ သုံးလာနိုင်တဲ့အတွက် Pheumatic, Hydraulic ကို အရင်လောက် တွင်တွင်ကျယ်ကျယ် မသုံးတော့ပေမယ့် ဒီ
၂ မျိုးကိုတော့ သင်္ဘော၊ ရေနံ၊ ဓာတ်ငွေ့ လောကမှာ အထူးလိုအပ်နေဆဲ ဖြစ်ပါတယ်။

စင်္ကာပူကျွန်းပတ်လည်ရှိ သင်္ဘောများ

သင်္ဘောနဲ့ပတ်သက်ပြီး လေအေးပေးစက် (Air-con)၊ ကွန်ပရက်စာ၊၊ ဖရီဇာ၊ ဓာတ်အားပေးစက် စတဲ့ စက်ပစ္စည်းများ ထုတ်လုပ်ရောင်းချတဲ့ ကုမ္ပဏီများစွာလည်း ရှိပါတယ်။ လျှပ်စစ်၊ စက်မှု ပစ္စည်းများကို သင်္ဘောပေါ် တပ်ဆင်၊ ကော်မရှင်၊ စမ်းသပ်ပေးတဲ့ ကုမ္ပဏီများစွာလည်း ရှိပါတယ်။ စင်္ကာပူကျွန်းပတ်လည်မှာ သင်္ဘောမျိုးစုံ နေ့စဉ် အစင်းရေ ၅ ထောင်ထက်မနည်း အဝင်အထွက်၊ အသွားအလာ ရှိတဲ့အတွက် သင်္ဘောပြင်ဆင်၊ လုပ်ငန်းဟာ စင်္ကာပူနိုင်ငံအတွက် ဝင်ငွေအမြောက်အမြား ပေးနေဆဲဖြစ်ပါတယ်။ စင်္ကာပူဟာ ကွန်တင်နာ သင်္ဘောဆိပ်ကလည်း ကုန်တင်ကုန်ချ အများကြီးလုပ်ရပြီး (ကမ္ဘာ့ ကုန်တင်ကုန်ချ အများဆုံး ကွန်တင်နာဆိပ်ကမ်း)၊ ရေနံချက်စက်ရုံများ (ကမ္ဘာ့ ရေနံအများဆုံး ချက်လုပ်သော မြို့) ဖြစ်တဲ့အတွက် ရေနံတင်သင်္ဘောများလည်း အမြောက်အမြား ဝင်ထွက်သွားလာနေကြပါတယ်။ အင်ဒိုနီးရှားနဲ့ အာရပ်နိုင်ငံများက ရေနံများ တရုတ်၊ ဂျပန်၊ အမေရိကားကို သယ်တဲ့ ခရီးစဉ်မှာ စင်္ကာပူကို ကြားခံ ရေနံသိုလှောင်ချထားတဲ့ ပွဲစားနိုင်ငံအဖြစ် အသုံးပြုတော့ စင်္ကာပူမှာ ရေနံချက်လုပ်ငန်းအပြင်၊ ရေနံသိုလှောင်ကန်များစွာ ရှိပါတယ်။

၂ဝဝ၅ ခုနှစ် ပေါက်ဈေးအရ Oil Tanker သင်္ဘောတန်ဖိုးက တန်ချိန်အရ 32–45,000 DWT, 80–105,000 DWT, and 250–280,000 DWT သင်္ဘောတွေကို အမေရိကန်ဒေါ်လာ သန်းပေါင်း US$43M, $58M, $120M ရှိပါတယ်။ ရေနံအပြည့်တင်ရင် အခေါက်အနည်းငယ်နဲ့ အရင်းကျေတဲ့ လုပ်ငန်းဖြစ်ပေမယ့် အရင်းအနှီး ကြီးလှပါတယ်။ ဒါကြောင့် သင်္ဘောပြင်ဆင်၊ ဒေါက်တင်တဲ့အခါ လျင်မြန်ပြီး အရည်အသွေးမြင့်တဲ့ စင်္ကာပူမှာ မြန်မြန်ပြီးနိုင်တဲ့အတွက် စင်္ကာပူသင်္ဘောကျင်းလုပ်ငန်းက စရိတ်ကြီးပေမယ့် အောင်မြင်နေဆဲ ဖြစ်ပါတယ်။ ဒါကြောင့် မြန်မာအလုပ်သမား ထောင်၊ သောင်းချီပြီး စင်္ကာပူ သင်္ဘောပြင်တဲ့ လုပ်ငန်းတွေမှာ အလုပ်ပေးထားနိုင်ပါတယ်။

စင်္ကာပူ Ship Management Agents နှင့် မြန်မာသင်္ဘောသားများ

စင်္ကာပူအစိုးရပိုင်တဲ့ Neptune Orient Line သင်္ဘောများမှာ မြန်မာအင်ဂျင်နီယာများစွာ အလုပ်လုပ်ကြပါတယ်။ သင်္ဘောသားလောကမှာ ဖိလစ်ပိုင်နဲ့ အိန္ဒိယ လူမျိုးပြီးရင် မြန်မာလူမျိုးက အများဆုံးဆိုတဲ့အထိ နာမည်ရပါတယ်။ ယခင်ကတော့ သင်္ဘောသားဆိုရင် ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ဖြစ်ခဲ့ပေမယ့် အခုမှာတော့ လစာကောင်းပေမယ့် ဘဝကြမ်းတမ်း၊ ပင်လယ်ခရီးသွားရတော့ မြန်မာများ သိပ်မလုပ်တော့ပါဘူး။ ဒါပေမဲ့ မြန်မာသင်္ဘောသားများကို ခန့်တဲ့ အေဂျင်စီတွေ မြန်မာပြည်မှာ ပွဲခတောင်ပေးစရာ မလိုတဲ့အထိ ဖြစ်နေပါတယ်။ အထူးသဖြင့် မြန်မာသင်္ဘောသားများကို စင်္ကာပူအခြေစိုက် အေဂျင်စီများက ခေါ်ခန့်ထားလေ့ ရှိပါတယ်။ သင်္ဘောသား အရာရှိတော်တော်များများဟာ စင်္ကာပူကတဆင့် သင်္ဘော အတက်၊ အဆင်း လုပ်ရပြီး တချို့ စင်္ကာပူမှာပဲ အမြဲနေထိုင်ခွင့် Permanant Resident - PR အဖြစ်ကို ရရှိနေကြပါပြီ။ မြန်မာသင်္ဘောသားများအတွက် အေဂျင်စီများကို www.myanmarshipping.com/agents.htm အင်တာနက်မှာ ရှာနိုင်ပါတယ်။

သင်္ဘောပေါ် ပြင်ဖို့ရောက်သွားတဲ့ မြန်မာအင်ဂျင်နီယာ၊ အလုပ်သမားများအတွက် သင်္ဘောပေါ်မှာ လုပ်တဲ့ မြန်မာသင်္ဘောသားများ မြန်မာစကားပြောဆိုပြီး အလုပ်လုပ်နိုင်တော့ ပိုအဆင်ပြေပါတယ်။ သင်္ဘောတွေကို မှတ်ပုံတင်ခြင်း၊ Classification လုပ်ပေးတဲ့ Surveyer Company - Lloyd, ABS, DNV စတဲ့ စစ်ဆေးရေး အာမခံလုပ်ငန်းလုပ်တဲ့ လုပ်ငန်းတွေမှာလည်း စင်္ကာပူနိုင်ငံက နေရာပိုယူလာပါတယ်။ ရေနံတင်သင်္ဘော မှတ်ပုံတင်တဲ့နိုင်ငံများမှာ ၂ဝဝ၅ ခုနှစ်စာရင်းအရ တန်ချိန် ၁ သိန်းကျော်တဲ့ ရေနံတင်သင်္ဘောပေါင်း ၄ဝ၂၄ စင်းမှာ စင်္ကာပူက ပနားမား၊ လစ်ဘာရီးယား၊ မာရှယ်ကျွန်းစုနိုင်ငံပြီးရင် စင်္ကာပူက ကမ္ဘာနံပါတ်၎ နေရာကိုရပါတယ်။ ရေနံတင် သင်္ဘောအများဆုံး ပိုင်ဆိုင်တဲ့နိုင်ငံများကတော့ ဂရိ၊ ဂျပန်၊ အမေရိကန်တို့ဖြစ်ပြီး၊ သင်္ဘောအားလုံးရဲ့ ၇ဝ % ကို တောင်ကိုးရီးယား၊ ဂျပန်၊ တရုတ် နိုင်ငံများမှာ ဆောက်ကြပါတယ်။ တခါတရံ စင်္ကာပူ သင်္ဘောပေါ်ရောက်သွားရင် Surveyor လည်း မြန်မာလူမျိုး၊ သင်္ဘော Chief Engineer လည်း မြန်မာလူမျိုး၊ Shore Technican (Engineer) လည်း မြန်မာလူမျိုး ကြုံရပါတယ်။

စင်္ကာပူမှ ရေနံချက်စက်ရုံများ

ကမ္ဘာ့ ရေနံအများဆုံး ချက်လုပ်သော မြို့မှာ စင်္ကာပူက ထိပ်တန်းမှာ ရှိပါတယ်။ အနီးနားက အင်ဒိုနီးရှား၊ ဘရူနိုင်းနိုင်ငံများက ထွက်တဲ့ရေနံနဲ့ အရှေ့အလယ်ပိုင်း အာရပ်နိုင်ငံများက ရေနံများကို ချက်လုပ်တဲ့ ရေနံချက်စက်ရုံများစွာ စင်္ကာပူတဝိုက် ကျွန်းငယ်လေးတွေမှာ ရှိပါတယ်။ ၂ဝဝဝ နောက်ပိုင်းမှာ Jurong Ilands ဆိုပြီး မြေဖို့၊ ရေနံချက်စက်ရုံများစွာ စက်မှုကျွန်းတခုကို ထပ်ဆောက်ပေးပါတယ်။ Shell, Mobil, Esso, British Petro စတဲ့ ကမ္ဘာ့ ရေနံကုမ္ပဏီကြီးများအပြင် စင်္ကာပူအစိုးရပိုင် Singapore Patrol Corp SPC ရေနံချက်စက်ရုံများစွာလည်း ရှိပါတယ်။ ရေနံချက်စက်ရုံများမှာ အမြဲတမ်း အင်ဂျင်နီယာ၊ အလုပ်သမား များစွာ ခန့်မထားပေမယ့် Maintanance လုပ်တဲ့ ကုမ္ပဏီများမှာတော့ မြန်မာအလုပ်သမားများစွာ ရှိပါတယ်။ အခု ၂ဝဝ၈ နောက်ပိုင်း စီးပွားရေးကပ်ဆိုက်ပြီး စင်္ကာပူစက်ရုံ၊ သင်္ဘောကျင်းများက မြန်မာအလုပ်သမားများစွာ ပါမစ်ဆက်မတိုးပေးဘဲ မြန်မာပြည်ပြန်ရပါတယ်။ သို့သော် ရေနံချက်စက်ရုံများရဲ့ Oil & Gas Industry အလုပ်များကတော့ သိပ်မကျပါဘူး၊ ဆက်လက်ကောင်းစားနေဆဲဖြစ်ပါတယ်။ Pulau Bukom Refinery (Shell) - ၄၅၈ဝဝဝ ဂါလံ၊ Jurong Island Refinery (ExxonMobil) ၆ဝ၅ဝဝဝ ဂါလံနဲ့ စုစုပေါင်း တရက် ဂါလံတသိန်းကျော် ချက်လုပ်ပြီး ကမ္ဘာမှာ အများဆုံး ရေနံချက်လုပ်တဲ့ မြို့ဖြစ်ပါတယ်။

ကမ်းလွန်ရေနံတူးစင်များ နှင့် FPSO

ရေနံတူးစဉ်များလည်း ယခင်က စင်္ကာပူအထိ သင်္ဘောနဲ့ဆွဲလာပြီး၊ ပြင်ဆင်ကြတယ်။ ပြီးရင် ကမ်းလွန်ရေနံတူးတဲ့ နေရာတွေကို သင်္ဘောနဲ့ ဆွဲသွားပြီး ကျောက်ချ၊ ရေနံတူးကြတယ်။ ဒါကြောင့် စင်္ကာပူတဝိုက်မှာ ရေနံမထွက်ပေမယ့် ရေနံတူးစင် Oil Rig အများအပြား တွေ့ရပါတယ်။ စင်္ကာပူက FELS Far East Levistan Shipyard မှာ ရေနံတူးစဉ်အသစ်များ တည်ဆောက်ပါတယ်။ တခုတခုကို တနှစ်ကနေ ၂ နှစ်ကြာအောင် ဆောက်ရပါတယ်။

၂ဝဝ၈ ခုနှစ် နောက်ပိုင်းမှာ သင်္ဘောတွေကို သံထည် ၂ ထပ် Double Hull လုပ်ရမယ့် ဥပဒေ ထွက်လာပါတယ်။ ယခင်က သင်္ဘောဟောင်းလာရင် သံဈေးနဲ့ ရောင်းချလိုက်ရတယ်။ သင်္ဘော နှစ် ၂ဝ ကျော်ကြာတဲ့ အဟောင်းတွေကို အိန္ဒိယနိုင်ငံထိ ဆွဲယူသွားပြီး အိန္ဒိယမှာ သင်္ဘောတစီးလုံးကို တခဏချင်းမှာ အပြောက် Scrap လုပ်ပစ်လိုက်တယ်။ အိန္ဒိယမှာ သံထည်၊ သံမဏိလုပ်ငန်းမှာ ကုန်ကြမ်းအဖြစ် သုံးပစ်လိုက်ပါတယ်။ အခုနောက်ပိုင်းမှာ ရေနံတင်သင်္ဘော အဟောင်းကြီးတွေကို သံထည်တထပ်ထဲရှိတော့ ပင်လယ်မှာ မောင်းခွင့် မရှိတော့ဘူး။ ဒီတော့ ပင်လယ်ကမ်းလွန် ရေနံတွင်းနားမှာပဲ ရေပေါ် ရေနံချက်လုပ်စက်ရုံ၊ သိုလှောင်ကန်အဖြစ် Floating Production Storage and Offshore FPSO အဖြစ် Conversion ရေနံတင်သင်္ဘောကို ကမ်းလွန် ရေပေါ်ရေနံချက်စက်ရုံ၊ သိုလှောင်ကန် အဖြစ် ပြောင်းလဲခြင်းလုပ်ငန်း ခေတ်စားလာတယ်။ စင်္ကာပူမှာ အဲဒီလို Conversion သင်္ဘော တနှစ်ကို ၅ စီးလောက် လုပ်တော့ အလုပ်သမား အများကြီး လိုလာပါတယ်။ Project တခုကို ဒေါ်လာသန်းပေါင်း ရာ၊ ထောင်နဲ့ချီ သုံးနိုင်ကြပါတယ်။ ရေနံ၊ ဓာတ်ငွေ့လုပ်ငန်းက မြက်မြက်ကလေးရတဲ့ ပေါ်ပင်လုပ်ငန်းဆိုတော့ ငွေသုံးနိုင်ကြပါတယ်။

ရေအောက် ရေငုတ်အလုပ်များ

မြန်မာပြည်ရေတပ်သားများ အုပ်စုလိုက် စင်္ကာပူမှာ Diver ရေငုတ်သမားအဖြစ် လာလုပ်ကြတာ တွေ့ရပါတယ်။ စင်္ကာပူမှာတော့ ရေငုတ်အလုပ်သမားဟာ လစာတော်တော်ကောင်းပါတယ်။ အသက်အန္တရာယ်လည်း အလွန်ကြီးတယ်။ သင်္ဘောအောက်ခြေ ဝမ်းပိုက်မှာရှိတဲ့ အပြစ်အနာအဆာတွေ၊ စက်ပစ္စည်းတွေကို ရေအောက် ကင်မရာနဲ့ ဓာတ်ပုံရိုက်၊ ဖြုတ်ထုတ်၊ အသစ်လဲ လုပ်ငန်းများဟာ မလွယ်လှပါဘူး။ ပင်လယ်အောက်မှာ ရေပိုက်ချ၊ ဓာတ်ကြိုး၊ ပစ္စည်းကိရိယာများ ချထား၊ ဆယ်ယူတဲ့ လုပ်ငန်းများကို လုပ်တဲ့ ရေအောက်လုပ်ငန်း စပယ်ရှယ်လုပ်တဲ့ ကုမ္ပဏီများလည်း အများကြီးရှိပါတယ်။ သင်္ဘောကျင်းတွေက ရေအောက်ငုတ်စရာ ကိစ္စပေါ်လာရင် အဲဒီရေငုတ်သမား ကုမ္ပဏီများကို ခေါ်ရပါတယ်။

သင်္ဘောလုပ်ငန်းနှင့် စင်္ကာပူအစိုးရ အားပေးမှု

စင်္ကာပူဟာ ယခင်ကတည်းက သင်္ဘောလုပ်ငန်းကြောင့် ပီနန်ကျွန်းထက်သာပြီး တိုးတက်ကြီးပွားလာရခြင်း ဖြစ်ပါတယ်။ သင်္ဘောလုပ်ငန်းဟာ စင်္ကာပူ တိုးတက်ကြီးပွားရခြင်းရဲ့ အခြေခံဖြစ်တဲ့အတွက် အစိုးရက အထူးအားပေးလျက် ရှိပါတယ်။ အစိုးရ The Maritime and Port Authority of Singapore (MPA) http://www.mpa.gov.sg/ အင်တာနက်မှာကြည့်ရင် သင်္ဘောလုပ်ငန်းနဲ့ပတ်သက်ပြီး စီးပွားရေး လုပ်လိုသူများကို အထူးကူညီပေးတာကို တွေ့နိုင်ပါတယ်။ စင်္ကာပူမှ Setting a Marine Business အတွက် အားပေးပါတယ်။ စင်္ကာပူ ပေါ်လီတက်ကနစ်မှာ ၃ နှစ် ကျောင်းတက်ရင် အစိုးရ Shipping Company တွေက ကျောင်းစတက်တာနဲ့ လစာပေးပါတယ်။ ၃ နှစ်ပြီးရင်လည်း တလ ၂ဝဝဝ လောက်နဲ့ အလုပ် ချက်ချင်းခန့်ပါတယ်။ သင်္ဘောအင်ဂျင်နီယာအလုပ် ၅ နှစ်လောက် လုပ်ပြီးရင် လစာ ၅ ထောင်လောက် ပေးပါတယ်။

စင်္ကာပူ NTU, NUS တက္ကသိုလ်တွေမှာလည်း ဘွဲ့လွန် Marine Degree/ Master တွေကို Sponsorship နဲ့ တက်ခွင့်ရှိပါတယ်။ အဲဒီလူငယ်များဟာ စင်္ကာပူက သင်္ဘောနဲ့ပတ်သက်တဲ့ ကုမ္ပဏီကြီးများမှာ မန်နေဂျာ၊ ဒါရိုက်တာများ ငယ်ငယ်ရွယ်ရွယ်နဲ့ ဖြစ်လာကြပါတယ်။ တော်တော်များများလည်း စင်္ကာပူမှာ သင်္ဘောဆောက်တဲ့ ဒီဇိုင်းကုမ္ပဏီ၊ Ship Building, Ship Contractor ကုမ္ပဏီ ပိုင်ရှင်များ ဖြစ်လာကြပါတယ်။ သင်္ဘောနဲ့ပတ်သက်ပြီး Tracking System ကိုလည်း အချိန်မရွေး Call Sign မေးလို့ရပါတယ်။ မိမိသင်္ဘောရဲ့ Information ကိုလည်း အလွယ်တကူ မေးမြန်းနိုင်ပါတယ်။

မြန်မာပြည် သင်္ဘောကျင်း၊ ဓာတ်ငွေ့လုပ်ငန်းအခြေအနေ

မြန်မာပြည်ရဲ့ သင်္ဘောကျင်းလုပ်ငန်းကတော့ ယခင်က ဆင်မလိုက်သင်္ဘောကျင်း၊ ရေတပ်သင်္ဘောကျင်းတွေပဲ ရှိပြီး မြန်မာသင်္ဘောသားတွေ လက်တွေ့ Dock Service သွားယူရတဲ့နေရာ ၂ ခု ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ပေါ်လစီကြောင့် မြန်မာနိုင်ငံကို သင်္ဘောများ အဝင်အထွက် များများ မလုပ်နိုင်သေးတဲ့အတွက် သင်္ဘောပြင်တဲ့လုပ်ငန်း မြန်မာပြည်မှာ မတိုးတက်သေးပါဘူး။ ကြယ်ငါးပွင့်၊ မြန်မာ့ငါးလုပ်ငန်း၊ ပြည်တွင်း ရေကြောင်းပို့ဆောင်ရေး အစိုးရလုပ်ငန်းတွေပဲ ရှိပါသေးတယ်။ နိုင်ငံခြား သင်္ဘောလိုင်းတွေ များများ မလာနိုင်သေးပါဘူး။ ရေနံတင်၊ ဓာတ်ငွေ့တင် သင်္ဘောများလည်း မလာဘဲ မြန်မာနိုင်ငံက ရောင်းချတဲ့ ဓာတ်ငွေ့ကလည်း ပိုက်လိုင်းက ပို့ပေးခြင်းဖြစ်တော့ သင်္ဘောမလိုသေးပါဘူး၊ သင်္ဘောဆောက်တဲ့ လုပ်ငန်းမှာလည်း မထွန်းကားသေးပါဘူး။ မြန်မာ ရေတပ်သင်္ဘောတွေတောင်မှ စင်္ကာပူအစိုးရ ST Marine သင်္ဘောကျင်းတွေမှာ လာပြင်၊ ဆောက်လုပ် နေရပါတယ်။ သင်္ဘောပြင်လုပ်ငန်းကလည်း သိပ်မခက်ခဲတော့ နိုင်ငံခြားရောက် မြန်မာပညာရှင် မလိုပါဘူး။

သက္ကရာဇ် ၂ဝဝဝ နောက်ပိုင်းမှာ မြန်မာနိုင်ငံ ကမ်းလွန်ဓာတ်ငွေ့ တွေ့ပြီး ရေနံကုမ္ပဏီကြီးများဖြစ်တဲ့ Total ပြင်သစ်၊ Unical အမေရိကန်တို့နဲ့အတူ ရုရှား၊ တရုတ်၊ အိန္ဒိယ၊ ထိုင်း ရေနံနဲ့ ဓာတ်ငွေ့ကုမ္ပဏီတွေ တန်းစီပြီး မြန်မာနိုင်ငံက ကမ်းလွန်ဓာတ်ငွေ့ ဈေးကွက်ဝင်ဖို့ ကြိုးစားလာပါတယ်။ မြန်မာအစိုးရရဲ့ ပထမဆုံး ဓာတ်ငွေ့ ရောင်းရငွေကတော့ ရုရှားလုပ် MIG တိုက်လေယာဉ်ဖိုး ပေးလိုက်ရသလို ပြောပါတယ်။ စစ်တပ်အင်အားချဲ့ပြီး လက်နက်ဝယ်ရင်း အိမ်နီးချင်း ထိုင်းနိုင်ငံရဲ့ ခေတ်မီ စစ်လက်နက်များကို ယှဉ်ဖို့ ကြိုးစားခဲ့ပါတယ်။

၂ဝဝ၈ ခုနှစ် မြန်မာနိုင်ငံရဲ့ ဝင်ငွေ ၆ ဘီလျံလောက်ရှိတဲ့အထဲ ဓာတ်ငွေ့ရောင်းရငွေက ရာနှုန်း အမြင့်ဆုံးရပါတယ်။ ထိုင်းနိုင်ငံကို ဓာတ်ငွေ့ပိုက်လိုင်းများ တည်ဆောက်ပြီးလို့ ရောင်းချ ဝင်ငွေရနေပြီဖြစ်ပြီး၊ တရုတ်နဲ့ အိန္ဒိယကိုလည်း ဓာတ်ငွေ့ပိုက်လိုင်းတွေ တည်ဆောက်နေကြပါတယ်။ ဒီတော့ စင်္ကာပူမှာ ရေနံနဲ့ ဓာတ်ငွေ လုပ်ငန်းကို လုပ်နေသူ မြန်မာစီးပွားရေး လုပ်ငန်းရှင်များက မြန်မာနိုင်ငံဈေးကွက်ကို မျက်စိကျပြီး ဝင်ဖို့ ကြိုးစားပေမယ့် မရပါဘူး။ မြန်မာအစိုးရက နိုင်ငံခြားကုမ္ပဏီများနဲ့ သိုသိပ်ကျစ်လစ်စွာ Oil & Gas Industy ကို ချုပ်ထိန်းထားနိုင်ပါတယ်။ အပြင်လူများ ဝင်ခွင့် မရနိုင်ပါဘူး။ သို့သော်လည်း စင်္ကာပူမှာ Oil and Gas Industry လုပ်နေတဲ့ မြန်မာအတတ်ပညာရှင်များ၊ လုပ်ငန်းရှင်လေးများကတော့ မြန်မာပြည် ပြန်လာလုပ်ဖို့အတွက် မျှော်လင့်ချက်ကတော့ ထားနေဆဲပါ။

မြန်မာအလုပ်သမားများ အလုပ်အကိုင် အလားအလာ (၂ဝဝ၉)

မြန်မာပြည်က ကောင်းဆက် အလုပ်အကိုင်ရှာဖွေရေးကို မေးမြန်းကြည့်တဲ့အခါ စင်္ကာပူမှာ မြန်မာများကို ပိုမိုခန့်ထားကြပါတယ်။ အရှေ့အလယ်ပိုင်း အလုပ်အကိုင်ဈေးကွက်မှာ မြန်မာများအနေနဲ့ ငွေပိုရပေမယ့် အနေအထိုင်၊ အစားအသောက် သိပ်အဆင်မပြေတဲ့အတွက် မြန်မာအလုပ်သမားများဟာ စင်္ကာပူကိုပဲ ခင်တွယ်ကြတယ်။ စင်္ကာပူကလည်း အလုပ်ပိုပေးနိုင်လာပါတယ်။ ကြမ်းတမ်း၊ ညစ်ပတ်၊ အန္တရာယ်ရှိတဲ့ အလုပ်တွေမှာ အိန္ဒိယအလုပ်သမားတွေပဲ လုပ်နိုင်ပါတယ်။ မြန်မာ၊ ဖိလစ်ပိုင်များကတော့ ပညာနဲ့လုပ်ရတဲ့ အင်ဂျင်နီယာပိုင်းဆိုင်ရာတွေမှာ နေရာရပါတယ်။ သင်္ဘောကျင်း လုပ်ငန်းမှာတော့ ပေပေတေတေ လုပ်ရတဲ့အတွက် စင်္ကာပူက ပိုလီဒီပလိုမာရထားတဲ့ မြန်မာများကတော့ တခြားစက်ရုံတွေမှာ လုပ်ကြတာများပါတယ်။ မြန်မာပြည်က တိုက်ရိုက်လာတဲ့ လူငယ်၊ လူကြီးများအတွက်ကတော့ သင်္ဘောကျင်း၊ ရေနံဓာတ်ငွေ ကုမ္ပဏီတွေမှာ အလုပ်ရလွယ်ပြီး၊ ငွေလည်း အသင့်အတင့် ရကြပါတယ်။ စင်္ကာပူရဲ့ အဓိက နိုင်ငံခြားပို့ကုန် နံပါတ် ၁ ကလည်း ရေနံထွက်ပစ္စည်းဖြစ်တော့ ဒီလုပ်ငန်းက ကောင်းစားနေဦးမှာဖြစ်ပါတယ်။

စင်္ကာပူမှာ အိန္ဒိယ၊ တရုတ်ပြည်မကြီး၊ မြန်မာ၊ ဘင်္ဂလားဒေ့ခ်ျ အလုပ်သမားများ သင်္ဘောကျင်းများရှိတဲ့ Jurong, Tuas တဝိုက်မှာ ပက်လက်ကားကြီးတွေအပေါ် တင်ပြင်ခွေပြီး အစုလိုက်သွားလာနေပုံတွေ၊ အလုပ်သမားတွေကို ထမင်းထုပ်ရောင်းပို့တဲ့ မြန်မာထမင်းဆိုင်တွေ၊ အလုပ်သမားတွေ တလကို ဒေါ်လာ ၁ဝဝ လောက်နဲ့ငှားပေးတဲ့ အလုပ်သမားတန်းလျားတွေမှာ လူငယ်အလုပ်သမားများ အစုလိုက်အပြုံလိုက် သွားလာလှုပ်ရှားနေပုံတွေ ပင်လယ်ရပ်ခြား စင်္ကာပူမှာ မိသားစုနဲ့ခွဲခွာ လာကြတဲ့ နိုင်ငံခြားအလုပ်သမားများရဲ့ မြင်ကွင်းတွေပါ။

သင်္ဘောကျင်း၊ ရေနံဓာတ်ငွေ့ လုပ်ငန်းများမှာ လုပ်ကိုင်သူ မြန်မာများကို လေးစားလျက် ကျန်းမာ၊ချမ်းသာစေကြောင်း ဆုမွန်တောင်းပေးလိုက်ပါတယ်။

(ဇူလိုင်လ ၇ ရက်၊ ၂ဝဝ၉)

http://www.mizzimaburmese.com/edop/songpa/3378-2009-07-16-12-45-09.html

အာဇာနည်နေ့


အာဇာနည်နေ့သည် ဗိုလ်ချုပ်အောင်ဆန်းနှင့် လုပ်ဖော်ကိုင်ဖက်များ လုပ်ကြံခံရသည့် နှစ်ပတ်လည် နေ့ ဖြစ်သည်။

ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ လွတ်လပ်ရေး ခေါင်းဆောင်ကြီးများ ဖြစ်ကြသည့် သခင်မြ၊ ဦးဘဝင်း၊ မန်းဘခိုင်၊ ဦးရာဇတ်၊ စပ်စံထွန်း၊ ဒီးဒုတ်ဦးဘချို၊ ဦးအုန်းမောင် စသည့် ဝန်ကြီး (၇) ဦး အပါအဝင် သက်တော်စောင့် ရဲဘော်ကိုထွေးတို့သည်

၁၉၄၇ ခု ဇူလိုင်လ ၁၉ ရက်နေ့ မနက် ၁ဝနာရီ ၃၇ မိနစ်တွင် နိုင်ငံရေးပြိုင်ဘက် ဂဠုန်ဦးစော၏ ခိုင်းစေချက်ဖြင့် လုပ်ကြံ သတ်ဖြတ်ခြင်း ခံခဲ့ကြရသည်။

ဗြိတိန်က ကမ္ဘာ့ အသက်အကြီးဆုံး ပုဂ္ဂိုလ် ကွယ်လွန်


ကွယ်လွန်သွားသည့် ကမ္ဘာ့ အသက်အကြီးဆုံး အမျိုးသား ဟင်နရီ အယ်လင်ဂမ်။
ဇွန် ၁၃၊ ၂၀၀၈။
ကမ္ဘာ့ အသက်အကြီးဆုံး အမျိုးသား၊ ပထမကမ္ဘာစစ် ဗြိတိသျှ စစ်မှုထမ်းဟောင်း ဟင်နရီ အယ်လင်ဂမ် (Henry Allingham) ဟာ အသက် ၁၁၃ နှစ်အရွယ် ဒီနေ့ အင်္ဂလန်တောင်ပိုင်း ကမ်းရိုးတန်းက သက်ကြီးဂေဟာမှာ ကွယ်လွန်သွားပါပြီ။ ဘုရင့်လေတပ်မတော် ဗုံးကြဲလေယာဉ်မှာ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး သားသမီး မြေးမြစ် တီ ကျွတ် ၃၀ ကျော် ကျန်ခဲ့ပါတယ်။

စီးကရက်၊ ၀ီစကီအရက်နဲ့ ခပ်ကြမ်းကြမ်း ခပ်ရမ်းရမ်း မိန်းမများကြောင့် သူ အသက်ရှည်ခဲ့ရတာလို့ ရာစု ၃ စု၊ ဘုရင်၊ ဘုရင်မ ၆ ပါးနဲ့ ကမ္ဘာစစ်ကြီး ၂ ခုကို ဖြတ်သန်းခဲ့သူ ဖိုးသက်ရှည်ကြီးက ပြောလေ့ရှိပါတယ်။

ကမ္ဘာ့ အသက်အကြီးဆုံး အမျိုးသမီး ဂါ့တ်ရုဒ် ဘန်းစ် (Gertrude Baines) ကတော့ အသက် ၁၁၅ နှစ်အရွယ် အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်မှာ အသက်ရှင်နေဆဲ ဖြစ်ပါတယ်။

ဒီနေ့မနက် ကွယ်လွန်သွားတဲ့ အင်္ဂလန်နိုင်ငံက ဖိုးသက်ရှည်ကြီးကို ဂုဏ်ပြုကြတဲ့ အထဲမှာ ဗြိတိသျှ ဘုရင်မကြီး အဲလစ်ဇဘက် (Elizabeth) နဲ့ ဗြိတိသျှ ၀န်ကြီးချုပ် ဂေါ်ဒွန် ဘရောင်း (Gordon Brown) တို့လည်း ပါဝင်ပါတယ်။

မနှစ်က အိန္ဒိယနိုင်ငံမှာ ကွယ်လွန်သွားသူ ဟက်ဘစ် မီရန်း (Habib Mian) က အသက် ၁၃၈ နှစ်ရှိတယ်လို့ ဆိုပေမယ့် သူ့ရဲ့မွေးနေ့ကို အတည်ပြုချက် မရတာနဲ့ Guiness Book ခေါ် ကမ္ဘာ့မှတ်တမ်းထဲမှာ စာရင်းမ၀င် ဖြစ်ခဲ့ရပါတယ်။

Sunday, July 19, 2009

အာဇာနည်နေ့ 


ခေတ်ပြိုင် မှ ကူး ယူဖေါ်ပြသည်။ ။

Saturday, July 18, 2009

10 climbers die on Japanese mountains


Highlights
10 climbers have died on two mountains in northern Japan, police said Friday

Eight climbers who died on Mount Tomuraushi were in tourist group

Except for a 32-year-old survivor, all the climbers were in their late 60s
updated 3 hours, 54 minutes agoNext Article in World »



(CNN) -- Ten climbers have died on two mountains in northern Japan, police said Friday.


Hokkaido's mountains and scenery are a big drawcard for climbers and tourists.

Eight of the climbers who died on Mount Tomuraushi were in a group organized by a tourist company, according to Yuji Kikuchi, a spokesman for Hokkaido police. A ninth man was climbing alone.

One more climber died on Mount Biei, Kikuchi said.

Another 10 people survived on both mountains in Hokkaido, according to Kikuchi.

Except for a 32-year-old survivor, all the climbers were in their late 60s, the spokesman said.

The cause of their deaths was not available.

The area has experienced heavy rain and gusty winds in the past two weeks due to a persistent area of low pressure, CNN's meteorologist Jennifer Delgado said.

The storm system has also brought flooding to North and South Korea, she added.

Thursday, July 16, 2009

ငွေကြေးမတတ်နိုင်သဖြင့် ကျောင်းသားထက်ဝက်ခန့် ကျောင်းမတက်နိုင်

ဉာဏ်မောင်
.ငွေကြေးမပြေလည်မှုနှင့် ကုန်ကျစရိတ်များပြားမှုကြောင့် တက္ကသိုလ် တက်ရောက်နေသည့် ကျောင်းသားထက်ဝက်ခန့် ကျောင်းတက်နိုင်ခြင်းမရှိတော့သည့် အခြေအနေ ကြုံတွေ့နေရသည်။

ရှမ်းပြည်နယ်၊ အရှေ့ပိုင်း၊ တောင်ကြီးတက္ကသိုလ်တွင် ယခုနှစ် ဒုတိယနှစ်ဝက် ကျောင်းတက်ချိန်တွင် တက္ကသိုလ်တခုလုံးအတိုင်းအတာဖြင့် ကျောင်းသားကျောင်းသူ ထက်ဝက်နီးပါး ကျောင်းမတက်နိုင်တော့ကြောင်း တောင်ကြီးတက္ကသိုလ်နှင့် နီးစပ်သူတဦးက ပြောသည်။

"အခုကျောင်းသားတွေ စာမေးပွဲနီးမှ ကျူရှင်ပဲ တက်ကြတယ်၊ အဆောင်ကြေးရော၊ အခြားစရိတ်တွေရောဆို တသိန်းလောက်ကျတော့ မတက်နိုင်ကြဘူး၊ တချို့အဆောင်ဆို ပိတ်လိုက်ရတာတွေတောင်ရှိတယ်" ဟု ပြောသည်။

ကျောင်းသားကျောင်းသူများအနေဖြင့် စာမေးပွဲဖြေရန် တလအလိုလောက်တွင် အတန်းပိုင်းဆရာမများထံ ကျူရှင်တက်ပြီး မေးခွန်းထုတ် ဖြေဆိုကာ ပြန်သွားခြင်းများ လုပ်နေသည်ဟု ဆက်ပြောသည်။

"ဖြေခါနီးမှာ ကျောင်းက ဆရာမတွေက တိုးတိုးတိတ်တိတ် ကျူရှင်ပေးလိုက်တာကိုပဲ တက်လိုက်ကြတာ၊ တဘာသာကို ၆,၀၀၀၊ ၇,၀၀၀ ပေးရတယ်၊ သုံးပတ်၊ တလလောက်တက်ရတာ၊ ပြီးရင်း မေးခွန်းထုတ်ပေးလိုက်တယ်၊ အဆောင်မှာ လာနေ၊ အဲလိုတက်ပြီးစာမေးပွဲဖြေပြီး တခါတည်းပြန်ကြတာ၊ ကျောင်းတက်တယ်ဆိုတာ မရှိတော့ဘူး" ဟု ၎င်းက ဆက်ပြောသည်။

ယခင်က ကျောင်းသား ၂၀ ရှိသော အဆောင်တွင် ယခုအခါ ကျောင်းသား ၃ ဦးလောက်သာရှိပြီး တောင်ကြီးတက္ကသိုလ်အနီးတွင် အဆောင် ၅၀ ရှိကာ မှတ်ပုံတင်ထားခြင်းမရှိသည့် အဆောင်များလည်း ရှိသည်။

"တချို့က အိမ်မှာ လေးငါးယောက် ထားတာရှိတယ်၊ အဆောင်ကြီးတွေ လေးငါးဆယ်ထားတဲ့ အဆောင်တွေမှာလ ၁၅ ယောက်၊ အယောက် ၂၀ လောက်ပဲ ရှိတယ်၊ ပြီးခဲ့တဲ့နှစ်ကမှ ကျောင်းတက်တာရှိသေးတယ်၊ အခု တော်တော်ကို လျော့သွားတာ" ဟု ပြောသည်။

ယခုနှစ်၊ ပထမနှစ်ဝက် ကျောင်းဖွင့်ချိန်မှာ ဇန်နဝါရီလတွင် စတင်ကာ မတ်လ နောက်ဆုံးပတ်တွင် ပိတ်လိုက်ပြီး ဒုတိယနှစ်ဝက် ကျောင်းဖွင့်ချိန်ကို ဇွန် ၂ ရက်နေ့က စတင်ခဲ့ခြင်းဖြစ်သည်။

"ဒုတိယနှစ်ဝက်ပြန်ဖွင့်တာက ဇွန် ၂ ရက်နေ့က၊ ဒါပေမဲ့ ကျောင်းသားက သုံးပတ်လောက်နေမှ စုံတာ၊ အဲဒီစုံတယ်ဆိုတာတောင် တဝက်လောက် လျော့ကြသွားပြီ၊ အဓိကကတော့ ကုန်ကျစရိတ်က အစစအရာရာ ကြီးလာတော့ စီးပွားရေးလဲ မပြေလည်လို့ အခုလိုဖြစ်တာ" ဟု ဆက်လက်ပြောသည်။

စကားချပ်.....
(၁၉၉၆ စတင်တဲ့........မမေ့ဘူးဆိုရင်ပေါ့)

Tuesday, July 14, 2009

Passport applications accepted in Muse

by Myo Gyi

Ruili (Mizzima) – According to residents, local authorities in conjunction with a travel agent are issuing Burmese passports, valid for three years, from the northern Shan State town of Muse.

The Rangoon-based Maha Toe Travel Agency accepted passport applications in the first week of July, the first such operation ever witnessed in the Sino-Burma border town of Muse.

“The first phase of issuing passports has finished. They said they will conduct the process a second time and told us to register with them for an application. But they didn’t say when the next round will take place,” according to a local resident from Muse who applied for a passport.

A merchant living in Muse added, “The passports were issued at the SB (Police Special Branch) office in association with a travel agent."

Many Burmese of Chinese descent who work in the Chinese border town of Ruili are reportedly among the over 300 passport applicants from earlier this month.

One local resident remarked, “It costs 100,000 kyats [$US 90] to get this passport. Plus, we have to pay 30,000 kyats for Passport Form 17 and have to wait one month to receive our passports in our hands. It will be good for three years."

If successful in their application, passport holders can then officially travel as tourists to foreign countries.

Yet, the passport will expire after a period of only one year if the holder does not journey to a foreign country within the initial 365-day period, local residents explained.

Previously, people had to go to the former capital of Rangoon and the new capital city of Naypyitaw to apply for a passport.

ကားပစ္စည်း တင်သွင်းခွင့် မူဝါဒပြောင်း

မေကျော်
ချင်းမိုင် (မဇ္ဈိမ)။ ။
မြန်မာပြည်တွင်း မော်တော်ကားထုတ်လုပ်ရေး လုပ်ငန်းများအတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက စက်မှုဇုန်အလိုက် ကားပစ္စည်းများ ပြန်လည်တင်သွင်းခွင့် ပြုလိုက်သည်။

ကားပစ္စည်းဈေးနှုန်း မြင့်တက်မှုနှင့် ရှားပါးမှုကြောင့် ရပ်ဆိုင်းလုနီးပါး ဖြစ်နေသော လက်ရှိ ကားထုတ်လုပ်ရေးကို ယခု မူဝါဒအသစ်ဖြင့် အစားထိုးနိုင်ရန် မြန်မာစစ်အစိုးရ ဝန်ကြီးဌာနက ယခုလ ၁၂ ရက်နေ့တွင် ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

“စက်မှုဇုန်တွေအလိုက် ကားပစ္စည်းတင်သွင်းမယ့် ကုမ္ပဏီတွေ စာရင်းပေးလျှောက်ထားကြပါ။ သူ ခွင့်ပြုပေးပါ့မယ်လို့ စီးပွားကူးသန်းဝန်ကြီးက ဒီလ ၁၂ ရက်နေ့က ပြောပါတယ်” ဟု မန္တလေး စက်မှုဇုန်မှ တာဝန်ရှိသူတဦးက မဇ္ဈိမကို ပြောသည်။

၂၀၀၈ ခုနှစ် မတိုင်မီက ပြည်တွင်း ကားထုတ်လုပ်သူများကို ကားပစ္စည်း တင်သွင်းခွင့် ပြုခဲ့သော်လည်း ၂၀၀၈-၂၀၀၉ ဘဏ္ဍာနှစ်တွင် တင်သွင်းခွင့်ကို ဝန်ကြီးဌာနက ရန်ကုန်အခြေစိုက် ကုမ္ပဏီများဖြစ်သည့် TMC ၊ ဦးသမာဓိ၊ ရန်ကုန်မြန်မာနှင့် MOTHER Trading တို့ကိုသာ တင်သွင်းခွင့် ပြုခဲ့သည်။

ပြည်တွင်း ကားထုတ်လုပ်ရေး ကုမ္ပဏီများမှာ ကားအင်ဂျင်နှင့် ဆက်စပ်ပစ္စည်းများကို အဆိုပါ ကုမ္ပဏီ ၄ ခု ထံမှ တဆင့်ဝယ်ယူကြောင်း အထောက်အထားပြမှသာ အစိုးရ ကုန်းလမ်းပို့ဆောင်ရေးက မော်တော်ယာဉ် လိုင်စင် ထုတ်ပေးသည်။

တင်သွင်းခွင့်ရ အဆိုပါ ကုမ္ပဏီ ၄ ခုမှ ကားပစ္စည်းဈေး မြှင့်လာခြင်းအပြင် စက်ပစ္စည်းကို လိုသလောက် ဝယ်ယူမရခြင်းက ကားတပ်ဆင် ထုတ်လုပ်စရိတ် တက်လာကာ ကားဈေးကွက် ကျဆင်းလာရသည်ဟု ကားထုတ်လုပ်သူ အသိုင်းအဝိုင်းက ဆိုသည်။

လက်ရှိ ဂျစ်ကား တစင်းထုတ်လုပ်မှု ကုန်ကျစရိတ် ငွေကျပ် ၆၅ သိန်း ကုန်ကျပြီး ပြင်ပ ဈေးကွက်ပေါက်ဈေးမှာ ကျပ်သိန်း ၆၀ ဝန်းကျင်အောက်သာ ရှိနေသည်။

ပြည်တွင်းထုတ် လိုက်ထရပ် တစီးအတွက် အရင်းငွေ ကျပ် သိန်း ၈၀ ခန့် ကုန်ကျပြီး၊ အမျိုးအစားအလိုက် သိန်း ၁၀၀ မှ ၁၃၅ သိန်းကြား အရောင်းအဝယ် ဖြစ်နေသည်။

ပြည်တွင်း ကားထုတ်လုပ်ရေး လုပ်ငန်းမှာ အင်ဂျင်၊ ဂီယာ၊ ရေတိုင်ကီ အပါအဝင် စက်ပိုင်းဆိုင်ရာ ဆက်စပ်ပစ္စည်းများကို ပြည်ပမှ မှာယူတင်သွင်းရပြီး စက်မှုဇုန်များတွင် ဘော်ဒီပိုင်း၊ ခေါင်းနှင့် ဖရိန်ကိုသာ လုပ်ဆောင်တပ်ဆင်ကြသည်။

လတ်တလော ပြည်တွင်း တပ်ဆင်ယာဉ်များတွင် ကုန်တင်ယာဉ်ငယ် ထုတ်လုပ်မှုသာ အလုပ် အနည်းငယ် ဖြစ်နေပြီး၊ ဂျစ်ကားထုတ်လုပ်မှုမှာ ရပ်ဆိုင်းလုနီးပါး ဖြစ်နေရာမှ မူဝါဒအသစ် ထုတ်ပြန်လာပြီဖြစ်သဖြင့် ကား ထုတ်လုပ်မှု လုပ်ငန်းသည် ပြန်လည် လည်ပတ်နိုင်မည်ဟု ကားတပ်ဆင် ထုတ်လုပ်သူများက ခန့်မှန်းကြသည်။

KM ကားထုတ်လုပ်ရေးမှ ဦးကျော်မြင့်က ''လိုက်ထရပ် ၁၀၀ ထုတ်မယ်ဆိုရင် ဂျစ်ကား ၅ စီးလောက်ပဲ ပါတော့တယ်။ ဈေးကွက်ကလည်း လိုက်ထရပ်ကို ပိုကြိုက်တယ်။ အခု မူ ပြင်လိုက်တဲ့ အခါကျတော့ ကျနော်တို့ ဂျစ်ကားကို ထုတ်သင့်ရင် ပြန်ထုတ်မှာပါ'' ဟု ဆိုသည်။

ယခုအခါ ပြည်တွင်း ကားတပ်ဆင် ထုတ်လုပ်သည့် ရန်ကုန်၊ မန္တလေး၊ မုံရွာနှင့် တောင်ကြီး စက်မှုဇုန်များအလိုက် ကားပစ္စည်း တင်သွင်းခွင့်ကို လျှောက်ထားခွင့် ရပြီဖြစ်သဖြင့် စက်မှုဇုန်များအလိုက် ဆွေးနွေးနေကြကြောင်း သိရသည်။

ဧရာဝတီတိုင်း၊ မြန်အောင်မြို့နယ်တွင် လောင်းကစားလုပ်ငန်းကို ကျယ်ပြန့်စွာ လုပ်ဆောင်နေ

ဖြိုးကြီး
.ဧရာဝတီတိုင်း၊ မြန်အောင်မြို့နယ်တွင် ကျေးရွာအာဏာပိုင်များကိုယ်တိုင် ဦးစီးကာ လောင်းကစားလုပ်ငန်းကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေလျှက်ရှိသည်။

မြန်အောင်မြို့နယ်၊ ကညင်အုပ်စု ကျေးရွာဥက္ကဌ ကိုကြည်စိုးနှင့် ရယကစာရေး ကျော်စွာတို့ ဦးစီးကာ နှစ်လုံးထီ၊ သုံးလုံးထီ လောင်းကစားလုပ်ငန်းများကို မြို့ပေါ်ရှိ ဒိုင်များနှင့် ချိတ်ဆက်ကာ ပေါ်ပေါ်ထင်ထင် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ဒေသခံရွာသားတဦးက ပြောသည်။

"ဒိုင်က မြို့ပေါ်က နာမည်ကြီးဒိုင်နှစ်ဒိုင် ကျေးရွာမှာ လက်ခွဲတွေ ဖွင့်တယ်၊ အဲဒီထဲမှာ ရယကစာရေးကို အစုထည့်ပေးထားတယ်၊ ကြွေးတောင်းမရတဲ့ လက်ခွဲဒိုင်လေးတွေကို ရယကဥက္ကဌက ခေါ်ပြီး စာချုပ်တွေ လုပ်ပေးနေတာ၊ အဲဒါက နှစ်လုံး၊ သုံးလုံးထိုးတဲ့ ကြွေးမဟုတ်ဘူး၊ တခြားကိစ္စနဲ့ လုပ်တဲ့ ကြွေးဆိုပြီး လက်မှတ်ထိုးခိုင်း၊ အဲလိုတွေလုပ်တာ" ဟု ပြောသည်။

ကညင်အုပ်စုအတွင်း နေ့စဉ် နှစ်လုံးထီလောင်းကစားမှ တက်ငွေ ၂၅ သိန်းမှ သိန်း ၃၀ အထိရှိပြီး သုံးလုံးထီမှာ တပတ်လျှင် သိန်း ၅၀ မှ ၁၀၀ ဝန်းကျင်အကြားရှိကြောင်း အဆိုပါရွာသားက ဆက်ပြောသည်။

ရွာသားများအနေဖြင့်လည်း ယခုကဲ့သို့ လောင်းကစားလုပ်ငန်းများ နေ့စဉ် ရှိနေသည့်အတွက်ကြောင့် တခြားအလုပ်အကိုင်များကို စိတ်ဝင်စားခြင်းမရှိတော့ကြောင်း ၎င်းက ဆက်ပြောသည်။

"အခုဆို လူတွေက တခြားအလုပ်အကိုင်တွေကို စိတ်မဝင်စားတော့ဘူး၊ စာရိတ္တတွေ ပျက်လာတာပေါ့၊ ခိုးမှုတွေကလဲ နေ့စဉ်ကို ဖြစ်နေတာ၊ ကြက်တွေ့ ကြက်ခိုး၊ စပါးတွေ့ စပါးခိုး အဲလိုတွေဖြစ်နေတာ၊ ပြီးခဲ့တဲ့နှစ်ကဆို ဘုန်းကြီးတောင် အသတ်ခံရပြီး ပစ္စည်းတွေယူသွားတဲ့ အဖြစ်မျိုးတွေတောင် ရှိတယ်" ဟု ဆက်လက်ပြောသည်။

ကျေးရွာအာဏာပိုင်များကိုယ်တိုင် ယခုကဲ့သို့ လောင်းကစားလုပ်ငန်းကို ထဲထဲဝင်ဝင် ပါဝင်ပတ်သက်နေသည့်အပေါ် သက်ဆိုင်ရာ အထက်အာဏာပိုင်များကလည်း တစုံတရာ အရေးယူခြင်းမရှိကြောင်း ဆက်ပြောသည်။

မြန်အောင်မြို့နယ်၊ ကညင်အုပ်စုတွင် ကျေးရွာပေါင်း ၂၄ ရွာရှိပြီး တရားဟောဘုန်းကြီးများပင်လျှင် နှစ်လုံးသုံးလုံးလောင်းကစားများကို လုပ်ကိုင်နေလျှက်ရှိသည်ဟု ၎င်းက ဆက်လက်ပြောသည်။

နောက်ဆိုရင် မြန်မာဘောလုံးပွဲ တရားဝင် ကျယ်ကျယ်ပြန့်ပြန့် လောင်းကစား ရတော့မှာပါ။ ။

ကင်ဂျုံအီးလ် Pancreatic ကင်ဆာ ဖြစ်နေကြောင်း သတင်းထွက်


မြောက်ကိုရီးယား သမ္မတ ကင်ဂျုံအီးလ် (Kim Jong-il) ဟာ ပန်းခရီယကင်ဆာ (Pancreatic Cancer) ရောဂါ ခံစားနေရပြီး စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေတယ်လို့ တောင်ကိုရီးယား ယွန်ဟပ် ရုပ်မြင်သံကြား သတင်းဌာန (YTN) က ဒီနေ့ ကြေညာပါတယ်။

YTN ရဲ့ အဆိုအရ ဒီသတင်းဟာ တောင်ကိုရီးယားနဲ့ တရုတ် စုံစမ်းစစ်ဆေးရေး အရာရှိတွေဆီက ရခဲ့တဲ့ သတင်းဖြစ်တယ်လို့ ပါရှိပါတယ်။ ဒါပေမယ့် ဆိုးလ်မြို့မှာရှိတဲ့ တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယား နှစ်နိုင်ငံ ပြန်လည်ပေါင်းစည်းရေး ၀န်ကြီးဌာနကတော့ ဒီသတင်းကို သူတို့မရဘူးလို့ ပြောပါတယ်။

မြောက်ကိုရီးယားရဲ့ လျှို့ဝှက်သတင်းတွေကို ဖော်ပြတဲ့ ပုဂ္ဂလိကပိုင် Open Radio ရဲ့ ဌာနမှူး ဟာ တေ-ကျုံး (Hah Tae-kyoung) ကတော့ ဒီသတင်းကို မယုံကြည်ဘူးလို့ ပြောပါတယ်။

ပန်းခရိယကင်ဆာဟာ သေစေနိုင်တဲ့ ရောဂါဖြစ်ပြီး နောက်ဆုံးအဆင့်ကို ရောက်မှပဲ ရှာဖွေဖော်ထုတ်လို့ ရနိုင်တဲ့ ရောဂါမျိုးဖြစ်တယ်လို့ ဆရာဝန်တွေက ဆိုပါတယ်။

မစ္စတာကျင်ဂျုံအီးလ်ရဲ့ ကျန်းမာရေး အခြေအနေကို ပြီးခဲ့တဲ့နှစ်တုန်းက လေဖြတ်ဝေဒနာ ခံစားရကြောင်း သတင်းထုတ်ခဲ့ပြီးနောက် စောင့်ကြည့်နေခဲ့ကြတာ ဖြစ်ပါတယ်။

ဒီသတင်းကို spy တွေ က အတည်ပြုဖို. ငြင်းဆိုခဲ့ပါတယ်။ ။

အထွေထွေ ရွေးကောက်ပွဲ ကျင်းပရက် ဂျပန်ဝန်ကြီးချုပ် ကြေညာ


ဂျပန်ဝန်ကြီးချုပ် တာရို အာဇို (Taro Aso) က နောက်သီတင်းပတ်အတွင်း အောက်လွှတ်တော်ကို ဖျက်သိမ်းပြီး သြဂုတ်လ ၁၀ ရက်နေ့မှာ ရွေးကောက်ပွဲ ကျင်းပပေးဖို့ တောင်းဆိုလိုက်ပါတယ်။ တိုကျိုမြို့တော်က ရွေးကောက်ပွဲမှာ မစ္စတာအာဇိုရဲ့ လစ်ဘရယ် ဒီမိုကရက်တစ်ပါတီ (Liberal Democratic Party) က အဓိက ဆုံးရှုံးမှုကို ရင်ဆိုင်ခဲ့အပြီး တရက်အကြာမှာ အခုလို သတင်းတွေ ထွက်ပေါ်ခဲ့တာပါ။ အကြောင်းစုံကို တိုကျိုမြို့က ဗွီအိုအေသတင်းထောက် အာကီကို ဖူဂျီတာ (Akiko Fujita) သတင်းပေးပို့ထားတာကို ဒေါ်လှလှသန်းက တင်ပြပေးထားပါတယ်။

ဂျပန်နိုင်ငံရဲ့ အကြီးမားဆုံး ဒေသခံ ရွေးကောက်ပွဲကြီးက ထွက်ပေါ်လာတဲ့ နောက်ဆုံး အနိုင်အရှုံး စာရင်းတွေကြောင့် အခုလို ဂျပန်နိုင်ငံရေး လောကမှာ အကြိတ်အနယ် အခြေအနေ စတင်ခဲ့တာပါ။ ဂျပန်ရဲ့ အတိုက်အခံ ဒီမိုကရက်ပါတီ (DPJ) က တိုကျိုမြို့တော်တွင်း ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ အမတ်နေရာ ၅၄ နေရာနဲ့ အပြတ်အသတ် အနိုင်ရရှိလိုက်တာပါ။ အာဏာရ LDP လစ်ဘရယ် ဒီမိုကရက်ပါတီကတော့ ၃၈ နေရာ အနိုင်ရပြီး ၁၀ နေရာ လက်လွတ် ဆုံးရှုံးသွားပါတယ်။ တနင်္ဂနွေနေ့က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲရဲ့ ရလဒ်တွေကြောင့် တိုကျိုရဲ့ LDP ပါတီဥက္ကဋ္ဌ နိုဘူတီရူ အီရှိဟရ (Nobuteru Ishihara) က အခြေအနေ သိပ်မဟန်ကြောင်း ပြောခဲ့ပါတယ်။

သူ့ပါတီရဲ့ ကိုယ်စားလှယ် အများစုဟာ လူထုရဲ့ ယုံကြည်မှုကို လက်လွတ် ဆုံးရှုံးခဲ့ရတယ်၊ ဒါဟာ အထွေထွေ ရွေးကောက်ပွဲကြီးမှာ အတော်လေး ဂယက်ရိုက်နိုင်တယ်လို့ အီရှိဟရက ပြောသွားပါတယ်။

အခုလို အခြေအနေမလှတဲ့ ဖြစ်ရပ်ကြောင့် အောက်လွှတ်တော်ကို ဖျက်ပြီး အထွေထွေ ရွေးကောက်ပွဲကြီး ကျင်းပပေးဖို့ ၀န်ကြီးချုပ် အာဇိုအပေါ် ဖိအားတိုးပေးရာ ရောက်စေခဲ့ပါတယ်။

ယူကီအို ဟတိုယမ (Yukio Hatoyama) ကတော့ ဂျပန်ရဲ့ DPJ ဒီမိုကရက်ပါတီရဲ့ ဥက္ကဋ္ဌ ဖြစ်ပါတယ်။ ရွေးကောက်ပွဲကို မြန်မြန်ထက်ထက် ကျင်းပနိုင်ရေးအတွက် ဆောင်ရွက်ပေးဖို့နဲ့ မဲဆန္ဒရှင်တိုင်းရဲ့ အသံကို နားစွင့်ဖို့လည်း ဟတိုယမက ၀န်ကြီးချုပ် အာဇိုကို တိုက်တွန်းသွားပါတယ်။

ဒီနောက် နာရီအနည်းငယ် အကြာမှာပဲ ၀န်ကြီးချုပ်က သြဂုတ်လ ၃၀ ရက်နေ့မှာ ရွေးကောက်ပွဲ ကျင်းပပေးမယ်လို့ ကြေညာခဲ့ပါတယ်။ နိုင်ငံရေးပါတီတွေ အနေနဲ့ ရွေးကောက်ပွဲ မဲဆွယ်ဖို့ တလကျော်ပဲ အချိန်ကျန်ပါတော့တယ်။ ဒါပေမယ့် အာဏာရ LDP ပါတီရဲ့ ရှေ့ရေးကတော့ ရင်လေးစရာပါ။ ဂျပန် ထိပ်တန်း သတင်းစာကြီးတွေရဲ့ နောက်ဆုံးကောက်ခံတဲ့ စစ်တမ်းတွေအရတော့ အများစုက အတိုက်အခံ DPJ အင်အားစု ဦးဆောင်တဲ့ အစိုးရကို ထောက်ခံကြတာ တွေ့ရပြီး မစ္စတာအာဇိုအပေါ် ထောက်ခံမှု ကျဆင်းသွားပါတယ်။ သူ့ပါတီတွင်း တချို့က သူ့ကို မနှစ်သက်ကြတဲ့အတွက်လည်း သြဂုတ်လ ရွေးကောက်ပွဲ မတိုင်မီ သူ့ကို ပါတီခေါင်းဆောင်အဖြစ်က ဖြုတ်ပစ်ကြဖို့ လိုလားကြတာလည်း ရှိပါတယ်။

အထွေထွေ ရွေးကောက်ပွဲကြီးမှာ အာဏာရ LDP သာ ဆုံးရှုံးခဲ့ရင် ဒါဟာ ဂျပန်နိုင်ငံရေးမှာ နှစ် ၅၀ ကျော်ကြာ LDP ရဲ့ ကြီးစိုးမှုကို အဆုံးသတ်စေမှာလည်း ဖြစ်ပါတယ်။ ချွိုင်တက္ကသိုလ် (Chuo University) က ပါမောက္ခ စတီဖင် ရိဒ် (Professor Stephen Reed) ကတော့ အတိုက်အခံ DPJ ဟာ လွန်ခဲ့တဲ့ ၁၀ နှစ်ကထက်စာရင် အခု အင်အားပိုကောင်းလာတယ်လို့ ဆိုပါတယ်။

“သူတို့က ဒီလိုလုပ်ဖို့ ၁၉၉၆ ခုကတည်းက စဉ်းစားလာခဲ့ကြတာပါ။ သူတို့ဘာလုပ်ကြမလဲ ဆိုတာကိုလည်း သူတို့အချင်းချင်းကြား စကားပြောဆို ဆွေးနွေးတာတွေ ရှိခဲ့ပါတယ်။ သူတို့က အတော်လေးကို မျှော်မှန်းချက် ကြီးကြတာပါ။”

အဂတိလိုက်စားမှု အရှုပ်တော်ပုံတွေနဲ့ စီးပွားရေး ကျဆင်းမှုကြောင့် အာဏာရ LDP ပါတီအပေါ် လူကြိုက်များမှုကတော့ လျော့ကျလာပါတယ်။ မစ္စတာအာဇိုဟာ သက္ကရာဇ် ၂၀၀၆ ခုနောက်ပိုင်း တတိယမြောက် တာဝန်ထမ်းဆောင်ခဲ့တဲ့ ၀န်ကြီးချုပ်ပဲ ဖြစ်ပါတယ်။ အဲဒီဝန်ကြီးချုပ်တွေအနက် ၀န်ကြီးချုပ် တဦးတလေမှ တနှစ်ကျော်အထိ သူတို့ရာထူးမှာ တာဝန်ထမ်းဆောင်ခဲ့တာ မတွေ့ရပါဘူး။

Monday, July 13, 2009

တာချီလိတ်တွင် ဘိန်းအမြောက်အမြား ဖမ်းဆီးရမိ

ကိုစိုး

.ဘိန်းဖြူ ကီလို ဂရမ် ၁၀၀၀ ခန့်နှင့် မက်သာ အဖက်တမင်းဆေးပြား ၃ သိန်း ၄ သောင်းခန့် သယ်ဆောင်လာသော ကုန်တင်ကား တစီးကို ကားမောင်းသူ အပါအဝင် လူ ၃ ဦးနှင့်အတူ ပြီးခဲ့သည့် သောကြာနေ့က ထိုင်း-မြန်မာ နယ်စပ် တာချီလိတ် မြို့အဝင် လွယ်တော်ခမ်း စစ်ဆေးရေး ဂိတ်တွင် ဖမ်းဆီးမိကြောင်း သိရသည်။


ရှမ်းပြည်နယ်ရှိ ဘိန်းခင်းတခင်းတွင် ဘိန်းခြစ်ယူနေပုံ (ဓာတ်ပုံ - KADAC)
အဆိုပါ ကုန်တင်ကားကို ရှာဖွေဖမ်းဆီးစဉ် မက်သာအဖက်တမင်း ဆေးပြားများ အပါအဝင် ဘလောက်တုံး သဏ္ဍန် ပြုလုပ်ထားသော ဘိန်းဖြူ အတုံးပေါင်း၂၀၀၀ ကျော်အား ကားပေါ်တွင်ဝှက်၍ သယ်ဆောင်လာသည်ကို တွေ့ရှိရသည်ဟု တာချီလိတ် ရဲ စခန်းမှ တာဝန်ရှိသူ တဦးက ပြောသည်။ ယင်း ဘိန်းဖြူ အတုံး၂ တုံးလျှင် ၁ ကီလို ဂရမ် အလေးချိန်ရှိသည်ဟုလည်း ၎င်းက ပြောပြသည်။

ထို မူးယစ်ဆေးဝါးများ သယ်ဆောင်လာသော ကားသည် ရှမ်းပြည်နယ် တောင်ပိုင်း ကျိုင်းတုံမြို့နယ် မိုင်းဆတ် ဘက်မှ တာချီ လိတ်မြို့ဘက်သို့ လာရောက်ခြင်းဖြစ်ပြီး ဘိန်းဖြူများသယ်ဆောင်လာသူ ၃ ဦးကို လက်ရှိ တာချီ လိတ် ရဲစခန်းတွင် ဆက်လက် စစ်ဆေးနေကြောင်း သိရသည်။

“သူတို့ ဒီဘိန်းဖြူတွေကို ဘယ်ကသယ်လာပြီး ဘယ်သူ့ဆီကို ပို့တယ်ဆိုတာ ဆက်ပြီး စစ်နေပါတယ်၊ အသေး စိတ်တော့ မသိရသေးပါဘူး၊ အခုမိတာက ဒီမှာ အများဆုံးမိတာ”ဟု တာချီလိတ် ရဲက ပြောပြသည်။

ယင်း ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများသည် ထိုင်းနိုင်ငံဘက်သို့ သယ်ဆောင်ဖွယ်ဖြစ်နိုင်ကြောင်းလည်း ၎င်း က ဆိုသည်။

ယခု မူးယစ်ဆေးများနှင့်အတူ ဖမ်းဆီးမိသူများသည် ရှမ်း-တရုတ် လူမျိုးများဖြစ်ပြီး ဝ အဖွဲ့နှင့် အဆက်အသွယ် ရှိသူ များဖြစ်နိုင်ကြောင်း တာချီလိတ်မြို့မှ အရောင်းအဝယ် လုပ်ကိုင်သူ တဦးကလည်း ပြောသည်။

“ကားက တောင်ကြီးဘက်ကနေ မိုင်းတုံ မိုင်းဆတ်ကနေဖြတ်ပြီးတော့ တာချီလိတ်ကို ဝင်လာတာ၊ အဲဒီ အဝင်မှာ စစ်တပ် ဂိတ်တဂိတ်ရှိတယ်၊ စစ်တပ်က ဖမ်းမိတာ၊ ၆ ဘီးကား နဲ့ ၊ ၀ အဖွဲ့နဲ့ အဆက်အသွယ်ရှိတယ်လို့ ထင်နေ ကြတယ်၊ ဘာဖြစ်လို့လဲဆိုတော့ တောင်ကြီးကနေပြီး မိုင်းတုံ မိုင်းဆတ်က ကွေ့ပြီးဝင်လာတယ်ဆိုကတည်းက မိုင်းတုံ မိုင်းဆတ်မှာ ဝ ဂိတ်ရှိတယ်၊ သူတို့က လွှတ်ပေးတယ်ဆိုကတည်းက အဆက်အသွယ်ရှိတာ သေချာတယ် ပေါ့၊ အခုမိတာက ဒီ တာချီလိတ်နဲ့အနီးတဝိုက်မှာ အများဆုံး မိတာပဲ”ဟု ယင်းတာချီလိတ်မြို့ခံ အရောင်း အဝယ် သမားက ပြောဆိုသည်။

ယင်း ရှမ်းတိုင်းရင်းသားများ နေထိုင်သည့် မိုင်းတုံ မိုင်းဆတ်နယ်မြေသည် တရား မဝင်မူးယစ်ဆေးဝါးများ ကျယ် ပြန့်စွာ ထုတ်လုပ်ရောင်းဝယ်နေသည်ဟု သတင်းများထွက်ပေါ်နေသော ဝ ပြည်စည်းလုံးညီညွတ်ရေး တပ်မတော် (UWSA)၏ နယ်မြေဖြစ်ပြီး ထိုနယ်မြေမှ ဘိန်းဖြူများကို ထိုင်းနိုင်ငံဘက်သို့ သယ်ဆောင်မှုများ ရှိသည်ဟုလည်း ၎င်းက ဆိုသည်။

ယခု တာချီလိတ်တွင် မူးယစ်ဆေး ဖမ်းဆီးရမိသည့် သတင်းကို အစိုးရ မီဒီယာများတွင် ဖော်ပြသည်ကို မတွေ့ရှိရ ပေ။ ယခုနှစ် ဇန်နဝါရီ လကုန်ပိုင်းကလည်း ရန်ကုန်မြို့ အေးရှားဝေါလ် ဆိပ်ကမ်းမှ ကိုတာ တီဂက် (Kota Tegap) အမည်ရှိ ပြည်ပထွက်ခွာ သဘောင်္တစီးပေါ်တွင် ဘိန်းဖြူ အနည်းဆုံး ၂၉ ကီလို ဂရမ်ကို မြန်မာနိုင်ငံ မူးယစ်ဗဟို က ဖမ်းဆီးရမိခဲ့သေးသည်။

အေးရှားဝေါလ် ကုမ္ပဏီသည် ဘိန်းဘုရင် လော်စစ်ဟန်၏ သားဖြစ်သူ စတီဗင်လော ခေါ် ဦးထွန်းမြင့်နိုင်၏ ကုမ္ပဏီဖြစ်ပြီး ယင်း ကုမ္ပဏီကို အမေရိကန်အစိုးရက ဘဏ္ဍာရေးအရ ပိတ်ဆို့ အရေးယူမှု ပြုလုပ်ထားသည်။

အမေရိကန်နှင့် ကုလသမဂ္ဂတို့ ၏ ထုတ်ပြန်ချက်များအရ ကမ္ဘာတဝန်းလုံး အာဖဂန်နစ္စတန် ပြီးလျှင် မြန်မာနိုင်ငံ သည် ဒုတိယ အကြီးဆုံး ဘိန်းထုတ်လုပ်သည့် နိုင်ငံဖြစ်နေသေးကြောင်း သိရသည်။

မြန်မာအစိုးရကမူ ယခုနှစ်အတွင်း ကချင် ပြည်နယ်နှင့် ရှမ်းပြည်နယ်အတွင်း ဘိန်းစိုက်ခင်းပေါင်း ၇၈၉၃ ဧက ကို ဖျက်ဆီးခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ရန်ကုန်တိရစ္ဆာန်ဥယျာဉ်အတွင်းရှိ မျောက်ရော လူများမှာပါ တီဘီရောဂါ ကူးစက်ပျံ့နှံ့


ရန်ကုန်တိရစ္ဆာန်ဥယျာဉ်အတွင်းရှိ မျောက်များနှင့် ၀န်ထမ်းများမှာပါ တီဘီရောဂါ ကူးစက်ပြန့်ပွားနေသည်ဟု ရန်ကုန်တိရစ္ဆာန်ဥယျာဉ်မှ တာဝန်ရှိသူတဦးက ပြောသည်။

တိရစ္ဆာန်ဥယျာဉ်အတွင်းရှိ မျောက်များ ပုံမှန်မဟုတ်သည့် သေဆုံးမှု ရှိလာသည့်အတွက် ရောဂါတမျိုးမျိုးဖြစ်နေသည်ဟု သံသယရှိ၍ သက်ဆိုင်ရာ တိရစ္ဆာန်ဆေးကုဆရာဝန်များကို စစ်ဆေးခိုင်းရာမှ မျောက်များတွင် တီဘီရောဂါဖြစ်နေသည်ကို သိရှိရခြင်းဖြစ်ကြောင်း အဆိုပါတာဝန်ရှိသူက ပြောသည်။

၎င်းက “ကျနော်တို့ သိတဲ့အချိန်မှာ တကောင်နဲ့တကောင် ကူးနေပြီ။ ဒါနဲ့ မျောက်တွေကို ကိုင်တွယ်ရတဲ့ မျောက်ရုံအနား တာဝန်ကျတဲ့ ၀န်ထမ်းတွေကိုပါ ဆေးစစ်ကြည့်တော့ တီဘီရောဂါဖြစ်တဲ့သူတွေ တွေ့ရတယ်။ နောက် ၀န်ထမ်းအားလုံးကို စစ်တော့လည်း အတော်များများမှာ တီဘီရှိနေတာ တွေ့ရတယ်။ ဖြစ်နိုင်တာက လူတွေမှာ အရင်ဖြစ်မယ်၊ နောက် မျောက်တွေကိုပါ ကူးစက်ပြီး နောက်တဆင့် မျောက်အချင်းချင်း တကောင်နဲ့တကောင် ကူးစက်သွားတယ်လို့ ယူဆရတယ်။ ခုတော့ အဲဒီမျောက်တွေကနေ လူတွေကိုပါ တဆင့်ပြန်ကူးတာမျိုး ဖြစ်မလား စစ်ဆေးနေတုန်းပဲ” ဟု ပြောသည်။

တီဘီရောဂါဖြစ်ပွားနေသည့် တိရစ္ဆာန်ဥယျာဉ်ဝန်ထမ်းများကို သက်ဆိုင်ရာကျန်းမာရေးဌာနသို့ စေလွှတ်၍ ဆေးကုသမှု ခံယူစေကြောင်း၊ မျောက်များကို ကုသရန်အတွက်မူ ဆေးဖိုးဝါးခ တန်ဖိုးကြီးသဖြင့် စိတ်ရှည်လက်ရှည်ကုသနိုင်ခြင်းမရှိဘဲ မျောက်အချို့သေဆုံးကုန်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

ယခုအခါ မျောက်ရုံတွင် မျောက်ကောင်ရေလျော့နည်းနေသည်ကို တွေ့ရှိရကြောင်း မြို့ခံ မျက်မြင်တဦးက ပြောသည်။

တီဘီအဆုတ်ရောဂါသည် လူအချင်းချင်းကူးစက်နိုင်သကဲ့သို့ လူမှမျောက်၊ မျောက်အချင်းချင်း စသဖြင့် ကူးစက်နိုင်သည်ဟု ပုဂ္ဂလိက တိရစ္ဆာန်ဆေးကုဆရာဝန်တဦးက ပြောသည်။

“တိရစ္ဆာန်တွေကို ထိတွေ့ကိုင်တွယ်နေရတဲ့ လူတွေအနေနဲ့ မိမိဆီက ရောဂါပိုး တိရစ္ဆာန်တွေဆီ မကူးစက်အောင်၊ တိရစ္ဆာန် တွေဆီမှာ ရောဂါရှိနေရင်လည်း မိမိထံမကူးစက်အောင် ပိုးသတ်ထားတဲ့ နှာခေါင်းစည်းတွေ၊ လက်အိတ်တွေ သုံးသင့်တာပေါ့။ ဒါပေမယ့် ရန်ကုန်တိရစ္ဆာန်ဥယျာဉ်လို ငွေကြေးဘတ်ဂျက်နည်းတဲ့နေရာမှာတော့ ဒီလိုသုံးမယ်မထင်ဘူး” ဟု ၎င်းကပြောသည်။

သြစတြေးလျနိုင်ငံရှိ CSL တိရစ္ဆာန်ကျန်းမာရေးအဖွဲ့၏ တိရစ္ဆာန်များ တီဘီရောဂါဖြစ်ပွားမှုနှင့် ပတ်သက်သည့် စမ်းသပ်ချက်တွင်မူ လူတွင်ဖြစ်ပွားသည့် တီဘီရောဂါသည် လူဝံ၊ မျောက် စသည့် အဆင့်မြင့်နို့တိုက်သတ္တ၀ါများသို့ ကူးစက်နိုင်ကြောင်း ဖော်ပြပါရှိသည်။

မြန်မာနိုင်ငံတွင် တီဘီရောဂါကို အဖြစ်များသည့် ကူးစက်ရောဂါတခုအဖြစ် သတ်မှတ်ထားသော်လည်း တိုက်ရိုက်ကြည့်ရှု အချိန်တိုကုနည်း (DOTS) ဖြင့် စနစ်တကျကုသပါက ပျောက်ကင်းနိုင်သည့်ရောဂါဖြစ်သည်။

သို့သော် စစ်အစိုးရကျန်းမာရေးဝန်ကြီးဌာနသည် တီဘီရောဂါတိုက်ဖျက်ရေးကို မြန်မာတနိုင်ငံလုံးတွင် အမျိုးသားစီမံကိန်း အနေဖြင့် ပြုလုပ်သွားမည်ဟု ပြောဆိုနေသော်လည်း တိုက်ဖျက်ရေးအတွက် ငွေကြေးစိုက်ထုတ်မှုနည်းခြင်း၊ အားသွန်ခွန်စိုက် ကြိုးစားလုပ်ဆောင်မှုမရှိဘဲ ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းများ၏ ကူညီမှုများနှင့်လောက်သာ ဆောင်ရွက်နေသည့် အတွက် ထိရောက်မှုမရှိခြင်းဖြစ်ကြောင်း ပြည်တွင်းမှ အန်ဂျီအိုများက သုံးသပ်ကြသည်။

၂၀၀၇ ခုနှစ်တွင် မြန်မာနိုင်ငံ၌ တီဘီရောဂါဖြစ်ပွားသူ (၈၃,၄၀၃) ရှိပြီး လူ (၁) သိန်းတွင် (၁၇၁) ဦးနှုန်း ဖြစ်ပွားကာ သေဆုံးသူ အရေအတွက်မှာ (၆,၂၉၇) ဦးရှိကြောင်း၊ လူ (၁) သောင်းတွင် ဆရာဝန် (၄) ဦးနှုန်းရှိကြောင်း ကမ္ဘာ့ကျန်မာရေးအဖွဲ့ (WHO) အစီရင်ခံစာတွင် ဖော်ပြသည်။

Japan's PM under pressure after key vote lost

Taro Aso is facing increasing pressure within his party to step aside before elections

Pressure comes after his party lost a key vote in Tokyo

Aso's Liberal Democratic Party lost its majority in the Tokyo Metropolitan Assembly

Kyodo says he plans to dissolve Diet's lower house Tuesday, call for new elections



(CNN) -- Japanese Prime Minister Taro Aso is facing increasing pressure within his party to step aside before national elections after his party lost a key vote in Tokyo on Sunday.


Japanese Prime Minister Taro Aso said the Tokyo election would have no effect on the national vote.

Aso's Liberal Democratic Party lost its majority in the Tokyo Metropolitan Assembly as the opposition Democratic Party of Japan made the largest gains.

The LDP won 38 seats, down from 48. Its coalition partner, the New Komeito Party, won 23.

The opposition boosted its numbers from 34 to 54 representatives in the assembly. The results mean the LDP loses its decisive majority previously held along with the New Komeito Party.

Speculation now centers on how the Tokyo vote will affect the national election, which must be held by the end of October.

Aso said the Tokyo election would have no effect on the national vote, but Japan's Kyodo news agency said Monday that he plans to dissolve the Diet's lower house Tuesday and call for new

Sunday, July 12, 2009

မြန်မာနိုင်ငံမှာ ၀က်တုပ်ကွေး ကူးစက်သူ နောက်တဦး တွေ့

မြန်မာနိုင်ငံမှာ A H1N1 ဗိုင်းရပ်စ် အမျိုးအစား ၀က်တုပ်ကွေး ရောဂါပိုး ကူးစက်သူ နောက်တယောက် ထပ်တွေ့တယ်လို့ ကျန်းမာရေး ၀န်ကြီးဌာနက အတည်ပြု ပြောဆိုပါတယ်။ အခုတွေ့တဲ့လူနာဟာ မြန်မာနိုင်ငံမှာတွေ့ရှိတဲ့ ဒုတိယမြောက် လူနာဖြစ်ပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

အခု ရောပိုး ကူးစက်ခံရသူဟာ ထိုင်းနိုင်ငံကနေ ပြီးခဲ့တဲ့ ဂျူလိုင်လ ၆ ရက်နေ့က ပြန်လာတဲ့ အသက် ၂၀ အရွယ် အမျိုးသား တဦး ဖြစ်တယ်လို့ စစ်အစိုးရ သတင်းမီဒီယာတွေမှာ ဖော်ပြထားပါတယ်။ အခုလို ၀က်တုပ်ကွေးရောဂါပိုး ကူးစက်တဲ့လူနာ နောက်တဦး ထပ်တွေ့တယ်ဆိုတာ မှန်ကန်တဲ့အကြောင်း ရန်ကုန်မြို့ ကျန်းမာရေး ၀န်ကြီးဌာနရုံးက ၀န်ထမ်း တဦးက အတည်ပြု ပြောဆိုပါတယ်။

“ဟုတ်ပါတယ်။ မှန်ပါတယ်ရှင်။ ကျမတို့ ၀န်ကြီးဌာနက အတည်ပြုပြီးတော့ သွားတာပါရှင်။ အဲဒီကလေးကတော့ ဘန်ကောက်က ပြန်လာတာပါ။ သူ့ကို ဆေးကုသမှု ပေးနေပါတယ်။”

မြန်မာနိုင်ငံကို ရောက်လာကြတဲ့ ခရီးသည်တွေမှာ ရောဂါပိုး ပါမပါ သိရှိနိုင်အောင် အပူချိန်တိုင်း ကိရိယာတွေနဲ့ တိုင်းတဲ့ အပြင် သူတို့ ဘယ်နိုင်ငံက လာတယ် ဆိုတဲ့ ကိုယ်ရေးရာဇ၀င်ကိုလည်း စစ်ဆေးတဲ့အကြောင်း အဲဒီ ကျန်းမာရေးဝန်ကြီးဌာန ၀န်ထမ်းက ဆက်ပြောပြပါတယ်။

“လေဆိပ်မှာ ၀င်လာတဲ့ခရီးသည်တိုင်းကို အပူချိန်တိုင်း ကိရိယာ နဲ့ တိုင်းပါတယ်။ ဒါကတော့ Airport arrival မှာ တိုင်းပါ တယ်။ ရောက်လာတဲ့ ခရီးသည် အကုန်လုံးကိုလည်း လေယာဉ်ပေါ်မှာကတည်းကိုက ကျမတို့ Health Declaration Form ဖြည့်ခိုင်းပါတယ်။ အဲဒီမှာ လိုချင်တဲ့ သတင်းအချက်အလက်တွေ အကုန်လုံးကို သူတို့ကို တုပ်ကွေးနဲ့ ပတ်သက်ပြီးတော့ ရှိမရှိ ရယ်။ နောက်ပြီးတော့ ဘယ်နိုင်ငံက လာသလဲ၊ ရောဂါကူးစက်ခံရတဲ့ နိုင်ငံကလာတာ ဟုတ်မဟုတ် အချက်အလက်တွေ ရယူပါတယ်။”


အရင် စင်္ကာပူက ပြန်လာတဲ့ အမျိုးသမီးငယ်လေးတုန်းကတော့ အဲဒီ အပူချိန်တိုင်းစက်တွေနဲ့ တိုင်းတာတဲ့အခါမှာ မတွေ့ရဘဲ နောက်ပိုင်း တရက် ၂ ရက်လောက်ကြာမှ ရောဂါပိုး ရှိကြောင်း တွေ့ရှိခဲ့တာနဲ့ပတ်သက်လို့လည်း သူက -

“ဒါကတော့ ရှိတယ်လေ။ ရောဂါ တိုးချိန် ဆိုတာ ရှိတယ်လေ။ ကြားအချိန်မှာတော့ မပေါ်ဘူး။ ဘာပဲဖြစ်ဖြစ် ရောဂါပိုး ဖြစ်ပြီး ၅ ရက်၊ ၆ ရက်၊ ၇ ရက်လောက်နေမှ ပေါ်လာတဲ့ လက္ခဏာတွေပေါ့။ ဒါကြောင့်ပါ။ စက်ကြောင့် မဟုတ်ပါဘူး။ အကုန်လုံး ကျမတို့ပေါ့နော်။ ဒီ နယ်စပ် ဧရိယာမှာ စောင့်ကြပ် ကြည့်ရှုနေပါတယ်။ ဒီရောဂါ နဲ့ပတ်သက်ပြီးတော့ပေါ့။”

ကျန်းမာရေးဦးစီးဌာနက လေဆိပ်တွေ၊ နယ်စပ်ဖြတ်ကျော်ဂိတ်တွေမှာ ၀က်တုပ်ကွေးရောဂါရှိမရှိ စမ်းသပ် စစ်ဆေးမှုတွေ လုပ်ဆောင်နေတာက ဘယ်လောက် ကျယ်ပြန့်ပြီး ထိရောက်မှုရှိပါသလဲ။ အာဏာပိုင်တွေဘက်က ဘယ်လောက်ထိ သေသေချာချာ စစ်ဆေးမှုတွေ ပြုလုပ်နေပါသလဲ။ ဒါနဲ့ပတ်သက်လို့ ထိုင်းနိုင်ငံအခြေစိုက် လူထု ကျန်းမာရေး လုပ်ငန်းတွေ လုပ်ဆောင်နေတဲ့ ဒေါက်တာ သီဟမောင်ကတော့ -

“သူတို့ လုပ်သင့်တွေတော့ လုပ်တယ်ခင်ဗျ။ ဒါပေမယ့် တခုရှိတာက Cross Border Check Point တွေမှာ ဘယ်လောက် ထိထိရောက်ရောက် လုပ်သလဲ ဆိုတာကတော့ တိတိကျကျ ကျနော်တို့ မသိရဘူးပေါ့လေ။ ဒါပေမယ့် အခု ကူးစက်ရောဂါ တွေ ဖြစ်ရင်တော့ အများအားဖြင့်က Cross Border Point တွေမှာ ဂရုမစိုက်လို့ရှိရင် ပြဿနာ ပိုပြီးတော့ ကြီးထွားတတ် ပါတယ်။ ဆိုလိုတာကတော့ အဲဒီ Border Check Point တွေကို လေဆိပ် အ၀င်အထွက်တွေမှာ လုပ်တာဟာ အထူးဂရုစိုက် ဖို့ လိုပါတယ်။”


မြန်မာ့အိမ်နီးချင်း ထိုင်းနိုင်ငံမှာတင် ဒီ ၀က်တုပ်ကွေးရောဂါပိုးကြောင့် အခုချိန်ထိ သေဆုံးသူ ၁၄ ယောက်၊ ရောဂါပိုး ကူးစက်နေသူ ၃,၀၀၀ ကျော် ရှိနေပြီဖြစ်တဲ့ အကြောင်း ထိုင်းသတင်းမီဒီယာတွေမှာ ဖော်ပြထားပါတယ်။ ထိုင်းနိုင်ငံက ရောဂါပိုး ကူးစက်မှုနှုန်းဟာ အခုချိန်မှာ တဖြည်းဖြည်း မြန်ဆန်လာနေတယ်လို့ ဒေါက်တာ သီဟမောင်က ပြောပြပါတယ်။

ဒါကြောင့် ထိုင်းအစိုးရက လူငယ်တွေစုဝေးရာ နေရာတွေဖြစ်တဲ့ စာသင်ကျောင်း၊ ကျူရှင်နဲ့ ဗွီဒီယို ဂိမ်းစ် ကစားတဲ့ နေရာ တွေကို သီတင်း နှစ်ပတ်တိတိ ပိတ်ထားဖို့ အမိန့် ထုတ်ထားတယ်လို့ ဆိုပါတယ်။

တကယ်တော့ ကူးစက်ရောဂါတွေ ဖြစ်ပွားပြီဆိုရင် ဖြစ်တဲ့လူထုက သတင်းပို့မှသာ အာဏာပိုင်တွေအနေနဲ့ သိနိုင်တာမို့ တကယ် ရောဂါဖြစ်ပွားတဲ့ အရေအတွက်ကို သိနိုင်ဖို့က ခဲယဉ်းတယ်လို့ ဒေါက်တာ သီဟမောင်က ထောက်ပြပါတယ်။

“ကူးစက်ရောဂါတွေ ဖြစ်ပြီဆိုရင် အများသောအားဖြင့် ကျနော်တို့က တကယ့်အဖြစ်မှန် အခြေအနေကို အတိအကျ သတင်း ရဖို့ဆိုတာ ဖြစ်ပါတယ်။ ကျနော်တို့ ဒီ ကူးစက်ရောဂါတွေ ဖြစ်တဲ့အခါမှာ ဆေးရုံဆေးခန်း ကျန်းမာရေးဌာနတွေကို လာပြီး သတင်းပို့တဲ့သူကိုသာလျင် ကျနော်တို့က အတည်ပြုနိုင်ပြီးတော့ အပြင်လောကမှာ တကယ့် အဖြစ်အပျက်မှန် အခြေအနေ ဟာ အတိကျ မသိနိုင်ပါဘူး။”


ဒေါက်တာ သီဟမောင် ပြောသွားတာဖြစ်ပါတယ်။

အိုဘားမား အာဖရိက ပထမဆုံး ခရီးစဉ်အဖြစ် ဂါနာနိုင်ငံရောက်ရှိ

အာဖရိကတိုက်နဲ့ ဖွံ့ဖြိုးဆဲ ကမ္ဘာရဲ့ အနာဂတ် အတွက် ဒီမိုကရေစီရေး အခွင့်အလမ်း၊ ကျန်းမာရေး နဲ့ ပဋိပက္ခ ဖြေရှင်းရေးတို့ အဓိက ကျတယ်လို့ သမ္မတ ဘားရက် အိုဘားမားက ဂါနာ ပါလီမန် မှာ စနေနေ့က ပြောဆိုခဲ့ပါတယ်။

အက်ကရာ မြို့ ဂါနာ ပါလီမန်မှာ လွှတ်တော်အမတ်များ တခြား အရေးကြီး ပုဂ္ဂိုလ်များ အား မိန့်ကြားတဲ့ မိန့်ခွန်းထဲမှာ သမ္မတ အိုဘားမားက သူ့အစိုးရရဲ့ အာဖရိကတိုက် ဆိုင်ရာ မူဝါဒ သဘောထားများကို တင်ပြသွားပါတယ်။ ဂါနာ နဲ့ အမေရိကန် နိုင်ငံတို့ရဲ့ မဟာမိတ်ဖြစ်ရေး အခြေခံ အပြန်အလှန် တာဝန်ယူရလိမ့်မယ်လို့လည်း သမ္မတ အိုဘားမား က ထောက်ပြသွားပါတယ်။

အာဖရိကတိုက်မှာ ငှက်ဖျားရောဂါ၊ ပိုလီယို ရောဂါ၊ တီဘီ အဆုတ်နာ ရောဂါနဲ့ အေအိုင်ဒီအက်စ် ရောဂါများ တိုက်ဖျက်ရေးအတွက် သူ့အစိုးရက ဒေါ်လာ ၆၃ ဘီလီယံ ပေးသွားမယ်လို့လည်း သမ္မတ အိုဘားမား က ကတိပြု ပြောဆိုသွားပါတယ်။

အာဖရိကတိုက်ရဲ့ အနာဂတ်ဟာ အာဖရိကတိုက်သား များ အပေါ်မှာသာ မူတည်ပါတယ်လို့လည်း သမ္မတ အိုဘားမား က ပြောဆိုသွားပါတယ်။

ထိုင်းလူမျိုး ၁၂၀၀ ခန့် A(H1N1) တုတ်ကွေးကြောင့် သေကြေပျက်စီးနိုင်ပြီး ၃ နှစ်အတွင်း လူဦးရေ သန်း ၃၀ ခန့် ဗိုင်းရပ်စ် ကူးစက်နိုင်သည်ဟုဆို

ဖြိုးကြီး
.ထိုင်းနိုင်ငံအတွင်း A(H1N1) ကြောင့် သေဆုံးသူ ယမန်နေ့ကအထိ ၁၅ ဦးရှိသွားပြီဖြစ်ပြီး ဆေးရုံတက်ရောက် ကုသသူများအနက် လူ ၃၀,၀၀၀ မှ ၁၃၀,၀၀၀ ထိ ဗိုင်းရပ်ရောဂါပိုး ဖြစ်ပွားတွေ့ရှိရကြောင်း A(H1N1) ရောဂါပိုး ဖြစ်ပွားမှုကို စောင့်ကြည့်နေသော ဝန်ကြီးဌာန၏ ဆပ်ကော်မတီဥက္ကဌ ပရာဆပ်သွန်ချာရိုရန်က ပြောကြားလိုက်သည်။

၎င်းကိန်းဂဏန်း အရေအတွက်သည် လွန်ခဲ့သော တနှစ်မှ သုံးနှစ်အတွင်း တွေ့ရှိမှုများ၏ ခန့်မှန်းခြေကို အခြေခံ၍ ဖေါ်ပြခြင်းဖြစ်ကြောင်း ယနေ့ထုတ် ဘန်ကောက်ပို့စ်သတင်းစာတွင် ဖော်ပြထားသည်။

ယခုနောက်ဆုံး A(H1N1) ကြောင့် သေဆုံးသူမှာ စမတ်ပရာကန်ခရိုင်မှ အသက် (၆၃) နှစ်အရွယ် အမျိုးသမီးဖြစ်ပြီး ကျောက်ကပ်ပျက်စီးကာ သွေးလည်ပတ်မှုများပျက်စီး၍ သေဆုံးရခြင်းဖြစ်သည်။

ဒေါက်တာ ပရာဆပ်က ပြည်သူလူထုအနေဖြင့် အဆိုပါ ဗိုင်းရပ်စ်ပိုးကို မည်ကဲ့သို့ ကာကွယ်တာဆီးရမည်နှင့် ရောဂါဖြစ်ပွားမှု တာဆီးခြင်းများကို ပညာပေးပြောဆိုရန် ကျန်းမာရေးဝန်ထမ်းများအား အကြံပြု ပြောဆိုထားသည်။

“လူထုစည်းရုံးရေးနဲ့ကျန်းမာရေး လှုပ်ရှားဆောင်ရွက်နေသူများအနေနဲ့ A(H1N1) ရောဂါ ကူးစက်ပြန့်ပွားမှုနှုန်း ပပျောက်ဖို့အထိ လျှော့ချနိုင်အောင် ပြည်သူလူထုနဲ့အတူ အစီအစဉ်ဆွဲ လုပ်ဆောင်ရမှာဖြစ်တယ်” ဟု ဒေါက်တာ ပရာဆပ်က ပြောဆိုခဲ့သည်။

ထိုင်းဝန်ကြီးချုပ်ဟောင်း ချွမ်လိပိုင်က ၎င်းဗိုင်းရပ်စ်ပိုးရပ်တန့်ရေး ဆွေးနွေးရန် ကျန်းမာရေးကျွမ်းကျင်သူများ၊ အစိုးရဌာနဆိုင်ရာများ၊ ချူလာလောင်ကွန်တက္ကသိုလ်၊ မဟီရောဒ်တက္ကသိုလ်နှင့် ရာမက်သီဗိုဒီဆေးရုံ အပါအဝင် ဆေးရုံနှင့် ဆေးကျောင်းများမှ ရောဂါဗေဒ ကျွမ်းကျင်သူများကို ယနေ့ အစည်းအဝေးခေါ်ခဲ့သည်။

တဆက်တည်းမှာပင် ရောဂါထိန်းချုပ်မှုနှင့်ပတ်သက်၍ အစိုးရ၏ လှုပ်ရှားဆောင်ရွက်မှုသည် အလွန်နှေးကွေးကြောင်း ပြည်သူလူထု၏ ဝေဖန်သံများ ပေါ်ထွက်နေလျှက်ရှိသည်။

ရောဂါထိန်းချုပ်မှုဌာနမှ ပြောရေးဆိုခွင့်ရှိသူ ကမ်နျူအန် အန်ချူဆပ်က ထိုင်းနိုင်ငံ၏ ကူးစက်ရောဂါဖြစ်ပွားမှု အဆင့် (၂) နေရာတွင် ဖလူးရောဂါဖြစ်ပွားကူးစက်မှု စုစုပေါင်း၏ ၀.၄ ရာခိုင်နှုန်းသည် သေကြေပျက်စီးမှုရှိသည်ဟု ပြောဆိုခဲ့သည်။ ၎င်းခန့်မှန်းချက်မှာ အမေရိကန်နိုင်ငံ ရောဂါဖြစ်ပွားကူးစက်မှု ထိန်းချုပ်ရေးဌာန စာရင်းဇယားများအရ ပြောဆိုခြင်းဖြစ်ကာ ပြည်သူ့ကျန်းမာရေး ဝန်ကြီးဌာနအဆိုအရ သေဆုံးမှုတွင် အဆင့် (၅) နေရာတွင် ရှိသည်။

“အဆင့် (၂) မှာ ကျန်းမာရေးအရာရှိတွေအနေနဲ့ ပြည်သူလူထုကို လူစည်ကားရာနေရာတွေကို ရှောင်ရှားကြဖို့နဲ့ အခြား သတိပေးကြေညာချက်တွေ ထုတ်ပြန်ရလိမ့်မယ်” ဟု ကမ်နျူအန် အန်ချူဆပ်က ပြောသည်။

သေဆုံးမှုနှုန်း (၀.၅) မှ (၁) ရာနှုန်းနှင့်အထက် အသေအပျောက်ရှိသော အဆင့် (၃) နေရာများတွင် ဗိုင်းရပ်စ်ပိုး လွယ်ကူစွာ ကူးစက်နိုင်သော အများပြည်သူနေထိုင်သည့် နေရာများကို ထိန်းချုပ်ထားရမည်ဖြစ်သည်။

အသေအပျောက် (၂) ရာခိုင်နှုန်းအထက်ရှိဖြစ်သော အဆင့် (၅) နေရာများကို သွားလာမှု တားဆီးပိတ်ပင်ထားရမည်ဖြစ်ကြောင်း ဘန်ကောက်ပို့စ်သတင်းစာတွင် ဆက်လက်ဖော်ပြထားသည်။

အမျိုးသား တုတ်ကွေးရောဂါ ထိန်းချုပ်ရေးဌာန ဥက္ကဌဖြစ်သူ ဒုတိယဝန်ကြီးချုပ် ဗိုလ်ချုပ် ဆန်နန်ချော်ပရာဆပ်က A(H1N1) ရောဂါတိုက်ဖျက်ရေးအတွက် ဘတ်သန်း ၇၀ ရရှိရေးအတွက် အစိုးရကက်ဘိနက်သို့ တင်ပြမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

လူစည်ကားရာနေရာများဖြစ်သည့် စီးပွားရေးဈေးကွက်များတွင် အဆိုပါ တုတ်ကွေးကူးစက်မှု များစွာ ဖြစ်ပွားလျှက်ရှိပြီး Siam Piwat ကုမ္ပဏီ ဒုဥက္ကဌ ဝိချာဟန်က A(H1N1) ရောဂါပိုးသည် Siam Paragon, Siam Discovery နှင့် Siam Center အရောင်းစင်တာ ၃ ခုကို ဖြတ်၍ ပြန့်ပွားလျက်ရှိသည်ဟု ဆိုသည်။

နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသည်များ၏ ဈေးဝယ်မှုနှုန်းသည် ဖလူးရောဂါနှင့် စီးပွားရေး အကြပ်အတည်းများကြောင့် ထက်ဝက်ခန့် ကျဆင်းသွားပြီး လက်ရှိအားဖြင့် ၎င်းအရောင်းစင်တာ ၃ ခုတွင် နိုင်ငံခြားသား ဈေးဝယ်သူ (၄၀) ရာခိုင်နှုန်းခန့်သာရှိသည်။

“နောက်ထပ် ပြည်တွင်းက ဈေးဝယ်သူတွေပါ လျှော့နည်းသွားတာကို တွေ့ရနိုင်တယ်၊ အခုဆိုရင် နောက်အပတ်ကစပြီး ကျူရှင်ကျောင်းတွေ ၁၅ ရက်ပိတ်မယ်လို့ အာဏာပိုင်တွေက အမိန့်ထုတ်ထားတယ်” ဟု Siam Piwat ကုမ္ပဏီ ဒုဥက္ကဌ ဝိချာဟန်က ပြောသည်။

ထိုင်းနိုင်ငံ ပညာရေးဝန်ကြီး ယူရင်လက်ဆန်နာဗီဆစ်က ဘာသာဗေဒကျောင်းများနှင့် ကျူရှင်ကျောင်းများကို ၂ ပတ် ပိတ်ထားမည်ဟု ဆိုသည်။

တနိုင်ငံလုံး ပုဂ္ဂလိက ကျူရှင်ကျောင်းနှင့် ဘာသာဗေဒကျောင်း ၂,၃၁၀ ကို လာမည့်တနင်္လာနေ့မှစ၍ ဇူလိုင်လ ၂၈ ရက်ထိ ပိတ်ထားမည်ဖြစ်သည်ဟုပြောသည်။

ယခုလအတွင်း စစ်ဆေးမည့် GAT နှင့် PAT စာမေးပွဲများကိုလည်း အစီအစဉ်မှ ရွှေ့ဆိုင်းဖို့ရှိသည်ဟု ပညာရေးဝန်ကြီး မစ္စတာယူရင်က ပြောသည်။

ထိုင်းစက်မှုလက်မှုလုပ်ငန်းရှင်များ ဒုတိယဥက္ကဌ ပနစ်ဆိုရပ်က A(H1N1) ကူးစက်ပြန့်ပွားမှုကြောင့် စီးပွားရေး ထိခိုက်နစ်နာမှုသည် ယခင်က (၂) မှ (၃) ရာခိုင်နှုန်း ခန့်မှန်းသော်လည်း ယခု တတိယလေးလပတ်တွင် (၄) မှ (၅) ရာခိုင်နှုန်းထိ တိုးလာသည်ဟု ပြောသည်။

သတင်းနှင့် ဆက်သွယ်ရေးနည်းပညာ ဝန်ကြီး ရနောင်းရပ် ဆူဝန်ချဝီးက အင်တာနက်ကဖီးနှင့် ဂိမ်းဆိုင်များကိုလည်း ယာယီပိတ်ထားကြရန် တိုက်တွန်းထားလိုက်သည်။

ရှင်ဂျန်းမူစလင်များ အိမ်အပြင် မထွက်ရဲ

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က သွေးမြေကျခဲ့ရတဲ့ အထိ လူမျိုးရေး အဓိကရုဏ်းတွေ ဖြစ်ပွားခဲ့တဲ့ တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှင်ဂျန်း ပြည်နယ်ရဲ့ မြို့တော် အူရုမ်းချီး (Urumqi) မှာ ၀တ်စုံပြည့် လုံထိန်းရဲတွေ အပြည့်တင်ဆောင်ထားတဲ့ ထရပ်ကားတွေနဲ့ လုံခြုံရေးကို တင်းတင်းကြပ်ကြပ် ချထားတာကြောင့် ဒေသခံ ၀ီဂါ မူစလင်တွေ အပြင်မထွက်ရဲဘဲ ဖြစ်နေပါတယ်။

တချို့ကတော့ သေဆုံးသွားတဲ့ သူတို့ရဲ့  ဆွေးမျိုးသားချင်းတွေ အတွက် ၀မ်းနည်းပူဆွေးနေကြသလို၊ တချို့က ပျောက်ဆုံးနေတဲ့ ဆွေးမျိုးတွေကို လိုက်ရှာနေကြပါတယ်။ ရှင်ဂျန်းက ၀ီဂါမူဆလင်နဲ့ ဟန် တရုတ်လူမျိုးတို့ အကြား အဓိကရုဏ်းမှာ သေဆုံးသူဦးရေ ၁၅၇ ဦးကနေ ၁၈၄ ဦး ရှိခဲ့တယ်လို့ တရုတ်အစိုးရက တရားဝင် ကြေညာခဲ့ပြီးနောက် မနေ့က မြို့တော် အူရုမ်းချီး မှာ လုံခြုံရေးတွေ အလုံးအရင်း နဲ့ အထပ်ထပ် ချထားခဲ့တာ ဖြစ်ပါတယ်။

သေဆုံးသူအားလုံး ၁၈၄ ဦးထဲက ၁၃၇ ဦးဟာ ဟန်တရုတ်လူမျိုးတွေဖြစ်ပြီး၊ ကျန်တာကသာ ၀ီဂါ မူစလင်တွေ ဖြစ်တယ်လို့ တရုတ်အစိုးရက ပြောပါတယ်။
အူရုမ်းချီး မြို့တော်က လမ်းမတွေပေါ်က ၀ီဂါတွေနဲ့ အဝေးရောက် ၀ီဂါ အရေး လှုပ်ရှားသူတွေ ကတော့ တရုတ်အစိုးရရဲ့ ကြေညာချက်နဲ့ပတ်သက်ပြီး စောဒက တက်နေကြပါတယ်။ တရုတ်အစိုးရပြောတာထက် ၀ီဂါမူစလင်တွေ အများကြီး သေဆုံးခဲ့တယ်လို့ သူတို့က ပြောပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ ဇူလိုင်လ ၅ ရက်မှာ ၀ီဂါ မူစလင်တွေက ဟန်တရုတ်လူမျိုးတွေကို အရင် ရန်စတာကြောင့် ရုန်းရင်းဆံခတ်မှုတွေ ဖြစ်ခဲ့ပါတယ်။ နှစ်ရက်အကြာမှာ ဟန်တရုတ်လူမျိုးတွေက ၀ီဂါတွေကို ပြန်ကလှည့်စားချေခဲ့တာ ဖြစ်ပါတယ်။

Obama Looks To Future And The Past

Aside from the politics, President Obama's visit to Ghana in Africa is also an intensely personal trip. He visited a former jail where, 200 years ago, tens of thousands of slaves were sent to America. Emma Hurd reports.

Obama: 'Africa Must Strengthen Democracy'

US President Barack Obama has said Africa is a key part of "our interconnected world" - but must strengthen democracy and fight corruption.

Iranians protest

Iranians protest on the 10th anniversary of the raids at the University of Tehran. CNN's Ali Velshi and Reza Sayah report.
• Iran Election Fallout: News & Videos about Iran Election

Saturday, July 11, 2009


World's Most Expensive Cities To Live
By Sarah Lynch, Forbes.com
Jul 8th, 2009
ARTICLE TOOLS: Email article Printable view IM article Save to del.icio.us Bookmark
Twenty spots where it's hardest to make ends meet.
Think your morning commute is expensive? Think again. The ride on a bus or subway in Tokyo costs $3.25. Grab a newspaper and a cup of coffee on the way and the total comes to $11.70. That's more than anywhere else in the world--24% more than what those same things cost in New York, even.

Tokyo is the world's most expensive city, according to Mercer's 2009 Worldwide Cost of Living survey released today, with the cost of living up 13.1% from 2008; the city ranked at No. 2 in 2008's survey. Japan's capital is followed by Osaka and Moscow, which held the top spot in last year's rankings. Geneva comes in fourth.

In Depth: World's Most Expensive Cities To Live

The significant changes from last year are due to massive swings in exchange rates, with many currencies at their weakest in years against the U.S. dollar, during the March 2009 survey period. Because of this, New York moved up 14 spaces to No. 8 from No. 22. London dropped to No. 16 from No. 3 as the pound dropped as low as 1.37 against the U.S. dollar during the study period. Six months earlier, one pound was worth $1.86.

"Changes in exchange rate tend to be one of the major drivers, I would argue the major driver, in cost of living," says Rebecca Powers, a principal consultant at Mercer. Even with the U.S. dollar weakening over the past four months--it's now worth $1.65--due in part to the Obama administration's stimulus package, the cost of living in London, when measured against the value of the U.S. dollar, is significantly lower than it was a year ago, when the pound was worth more than $2.

Other notable jumps from last year's ranking to this year's are Dubai, which moved to No. 20 from No. 52, and Caracas, which moved to No. 15 from No. 89. Both climbed so quickly because the local currencies are pegged to the greenback; the more the dollar's value increased, so did the cost of living in those places (but Caracas also has a high rate of inflation, pushing up prices for basic goods).

All U.S. cities included in the ranking also experienced a rise, including Los Angeles, up 32 places, and Washington, D.C., up 41 places.

Behind the Numbers
To generate its ranking of the world's most expensive cities, Mercer, an international consulting firm, looked at more than 200 cities across six continents, examining the cost of over 200 items in each location, including housing, food, clothing, transport, household goods and entertainment to calculate an overall cost of living. The survey is used to help multinational companies determine compensation packages for employees living abroad. Mercer uses New York as the base city for the index and scores the cost of living there at 100 points. Cities scoring higher are more expensive; lower than 100, and they're cheaper. All cities included in the ranking are in comparison to New York, and currency is measured against the U.S. dollar.

"Since we're polling those places in a local environment, we're getting costs in a local currency," Powers says. "When the currencies fluctuate, that has a significant affect on costs." Powers says these cost fluctuations are making multinational companies reassess the need for expansion abroad.

"Companies have been much more guarded about their investments," she says. "While you can still argue that there is interest in emerging markets, the general pattern of money flowing into the same markets was interrupted when companies started looking at their money."

Johannesburg, South Africa (No. 143) bottoms out the complete list of cities with a score of 49.6. Also at the tail end are Monterrey, Mexico (No. 142), and Asuncion, Paraguay (No. 141).

Tokyo Steady, Shaky Everywhere Else
The main constant in these rankings, since Mercer's first set was released in 1994, is Tokyo's place at or close to the top. Osaka has only fallen outside the top 10, once, when it slipped to the No. 11 spot last year. While the value of the yen is strong against the dollar, Japan--and Tokyo in particular--has always featured prominently due to the high cost of international goods, says Mercer senior researcher Nathalie Constantin-Metral. One can count on Japan being expensive in good times and bad alike for the yen.

But there's no telling what will happen in a place like Moscow--which zoomed up to the top spot last year, and fell out of it this year. It will all depend, says Constantin-Metral, on the performance of Russia's currency. The ruble had been on a long, steady climb against the greenback as of March 2008; but it bottomed out at the beginning of March 2009. It's been on a recovery trajectory ever since, but still has a long way to go. Either way, the rankings make clear that the more the ruble slips, the less expensive a city Moscow becomes.

American cities, then, have more in common with a place like Moscow than anywhere in Japan. The more the dollar--and prices--move, the more or less expensive U.S. cities get, which means it's all up in the air as to what will happen over the year ahead. Tokyo and Osaka may be expensive, but at least everyone knows it for certain. Just about everywhere else, it seems, nobody knows for sure what the cost of living is like until the year is already in the rear-view mirror.

World's Top Five Most Expensive Cities To Live
1. Tokyo, Japan

2. Osaka, Japan

3. Moscow, Russia

4. Geneva, Switzerland

5. Hong Kong

In Depth: World's Most Expensive Cities To