ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Friday, October 30, 2009

ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ အမှတ် (၇) ရပ်ကွက် ရယကဥက္ကဋ္ဌ ဦးဝင်းသိန်း၏ စာရိတ္တ

ရိုးမ ၃ .
အကျင့်စာရိတ္တကောင်းမွန်ခြင်းမရှိသည့် ရယကဥက္ကဋ္ဌကြောင့် ပြည်သူများအတွက် မလိုလားအပ်သည့် ဆူပူမှုများ ဖြစ်လာနိုင်ကြောင်း အထက်အာဏာပိုင်များထံသို့ တင်ပြတိုင်ကြားသော်လည်း တစုံတရာအရေးယူခြင်း မရှိသည့်အတွက် ဒေသခံများ မကျေမနပ်ဖြစ်နေကြသည်။

ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ အမှတ် (၇) ရပ်ကွက် ရယကဥက္ကဋ္ဌ ဦးဝင်းသိန်းသည် နာဂစ်မုန်တိုင်းဒဏ်သင့် ပြည်သူများအတွက် ထောက်ပံ့ရေးပစ္စည်းများကို ကိုယ်ကျိုးအတွက် သုံးစွဲခဲ့သည့်အပြင် ယခင်ကလည်း ခိုးမှုဖြင့် ထောင်ကျခဲ့ဖူးသူတဦးဖြစ်ကြောင်း ဒေသခံတဦးက ပြောသည်။

“နာဂစ်တုန်းက ပေးတဲ့ အကူညီပစ္စည်းတွေထဲက သံထည်ပစ္စည်းတွေကို သူ့တပည့် အေးကြူကို ထော်လာဂျီနဲ့ ခိုးထုတ်ပြီး ရာမည (၁၂) လမ်းက ဦးသိန်းအောင် ပန်းပဲဖို၊ အမှတ် (၆) ရပ်ကွက် ရယက ဦးမြင့်လွင်သံဆိုင်နဲ့ ဈေးကြီးထဲက စိန်နဲ့မြ သံဆိုင်တွေမှာ သွားရောင်းတာ။ အဲဒီ ရောင်းတဲ့ပိုက်ဆံတွေကို သူ့မိန်းမက ညဘက်ကျမှ လိုက်သိမ်းတာ” ဟု ပြောသည်။

ထို့အပြင် ရပ်ကွက်အတွင်းရှိ လေဘေးသင့်ပြည်သူ အယောက် ၁၄၀ အတွက် ပေးသည့် သံထည်နှင့် ဘိလပ်မြေများကို ခွဲဝေပေးခြင်းမရှိဘဲ ၎င်း၏အစ်မဖြစ်သူ နေထိုင်ရာ ရာမည (၁၀) လမ်းထိပ် သမဝါယမဆိုင် အနောက်ဘက်တွင် သိမ်းထားပြီး လိုသလောက်ထုတ်ယူကာ သုံးစွဲနေကြောင်း အဆိုပါဒေသခံက ဆက်လက်ပြောသည်။

“သူနဲ့ သူ့တပည့်တွေက ညတိုင်း ရယကရုံးထဲမှာ အရက်ဝိုင်းလုပ်နေတာ။ ရပ်ကွက်ထဲက လူတွေကလည်း ဘာမှမပြောဘူးဆိုတာက သူက ထောင်ထွက်ဖြစ်ပြီး တပည့်တွေအကုန်လုံးကလည်း ထောင်ထွက်လူမိုက်တွေကို ခန့်ထားတာ။ ရုံးစောင့် အေးကြူဆိုရင် ခိုးမှုနဲ့ အကြိမ်ကြိမ် ထောင်ကျထားတာ။ အဲလိုလူတွေ ခန့်ထားတာ” ဟု ဆက်ပြောသည်။

ထို့အပြင် ရုံးတယ်လီဖုန်းပြင်ရန် အကြောင်းပြပြီး ရပ်ကွက်အတွင်း လုပ်ငန်းရှင်များထံမှ အလှူငွေ ၃,၀၀၀ နှင့် အခြေခံလူတန်းစားများထံမှ ၃၀၀ နှုန်း ကောက်ခံပြီး တယ်လီဖုန်းအသစ်တလုံးကို ၎င်းအိမ်တွင် တပ်ဆင်ထားကြောင်း ၎င်းက ဆက်ပြောသည်။

ရပ်ကွက်အတွင်း ရဲအရေးပိုင်အမှုများကိုလည်း ၎င်းသဘောဆန္ဒအလျောက် ဒဏ်ရိုက်အပြစ်ပေးခြင်းကို ပြုလုပ်နေသည့်အတွက် ဥပဒေဝန်ထမ်းများအနေဖြင့်လည်း လုပ်ငန်းအနှောင့်အယှက်များ ကြုံတွေ့နေရကြောင်း အမည်မဖော်လိုသည့် ဥပဒေဝန်ထမ်းတဦးက ပြောသည်။

“ဖဲဝိုင်းတွေဘာတွေကို သူ့ဟာသူ ဖမ်းဝရမ်းမပါဘဲ သူများအိမ်ပေါ်တွေ တက်ဖမ်းတယ်။ ပြီးတော့ ဒဏ်ငွေ ငါးသောင်းစီ တောင်းတယ်။ ဒဏ်ငွေမပေးနိုင်တော့မှ ရဲစခန်းကို အကြောင်းကြားတာဆိုတော့ ရဲတပ်ဖွဲ့အနေနဲ့လည်း အလုပ်လုပ်ရတာ ခက်တယ်။ အဲလိုမျိုး လုပ်တာကလည်း အကြိမ်ပေါင်းမနည်းတော့ဘူး” ဟု သူက ပြောသည်။

အဆိုပါ ရယကဥက္ကဋ္ဌ၏ အလွဲသုံးစားလုပ် ကိုယ်ကျိုးရှာနေမှုများကို သက်ဆိုင်ရာ အထက်အာဏာပိုင်များထံ စာရေးတိုင်ကြားသော်လည်း တစုံတရာ အရေးယူခြင်းမရှိသည့်အတွက် ရပ်ကွက်နေ ပြည်သူများ၊ ဥပဒေဝန်ထမ်းများအနေဖြင့် မကျေမနပ်ဖြစ်နေကြောင်း အဆိုပါဝန်ထမ်းက ဆက်လက်ပြောသည်။

Thursday, October 29, 2009

ဂျပန် က အိုင်ဖုန်း

iphone နဲ့  အင်တာနက် သုံးတာ အင်တာနက်ဖိုးက ၆၁၁၉၅၀ ယန်း တဲ့. မြန်မာငွေ ဆို ၆၁ သိန်းကျော်ပေါ့....ကြိုက်သလောက်သုံး plan ယူထားလို့ သာပေါ့.......
....ဂျပန်မှာ အိုင်ဖုန်းသုံးလျှင်ပေါ့...
ဝိုင်ဖိုင် wifiနှင့် အဆင်ပြေပြေ ဖြစ်စေဖို့ 

အိုင်ဖုန်းဝယ်တာ ၆ ရက် အောက်တိုဘာ ၂၀၀၉ က မှ... စကိုင်းပီ.ဂျီတော့ ဗွီအိုအိုင်ပီ ခေါ်ရတယ် ဆိုလို့ သုံးကြည့်တာ တော်တော်တော့ အဆင်ပြေပါတယ်...ဝိုင်ဖိုင် wifi မသုံးရင်တော့ မရဘူး......ဝိုင်ဖိုင် ချိတ်ဖို့  USB ...ဝိုင်ဖိုင် ဆက်တဲ့ဟာ သုံးကြည့်တာ တရက်နှစ်ရက်တော့ အဆင်ပြေပါရဲ့ နောက်တော့ ဝိုင်ဖိုင်ချိတ်ရင် ဝိုင်ဖိုင်ချိတ်ပြီး အင်တာနက် က ပါမလာ..
ဒါနဲ့  အိမ်ကအင်တာနက်က Yahoo BB သုံးတာ ၄ နှစ်နီးပါး သုံးတာကြာလို့ လားမသိ...ဘဏ်ကဖြတ်နေကျကို မဖြတ်ပဲ အင်တာနက်ဖြတ်တာ ...Emobile wireless internet ရှိတော့ ပြဿနာ မရှိပေမဲ့ တကြိမ်လဲမဟုတ် နှစ်ကြိမ်ဖြစ်တော့ ...
Yahoo BBလိုင်းပိတ်ပြီး
NTT နဲ့  OCN လိုင်းချိတ်ပြီး ကွန်ပြူတာ လေးလုံး သုံးဖို့ ပြောပြီး လုပ်တော့

့ AOSS တခါတည်းပါလာတယ်...
ဝိုင်ဖိုင် wifi ချိတ်တော့ တော်တော်ကြီးကို အဆင်ပြေသွားတယ်...့  USB ...ဝိုင်ဖိုင် ဆက်တဲ့ဟာ သုံးစရာမလိုတော့...
ဝိုင်ဖိုင် wifi ချိတ်တော့ မှစကိုင်းပီ.ဂျီတော့ ဗွီအိုအိုင်ပီ ခေါ်ရတာကောင်းတယ် ...

ဝိုင်ဖိုင် wifi ပြီးတော့ အိုင်ဖုန်းပြဿနာ
ဝယ်တာမှ တစ်လမပြည့်သေးဘူး အားသွင်းတဲ့ ကြိုးက ပေါက်ပြီး ဝါယာတွေပြတ်လာတော့ တနှစ် အာမခံရှိတော့ လုပ်တဲ့ ဆိုင်ကိုသွားတော့ Softbank ကိုသွားတဲ့...
Softbank ကလဲ.... သူဆီမှာဆိုကြာမယ်တဲ့... APPLE ကိုသွားတဲ့....
ဒါနဲ့ ...ဂင်ဇာက APPLEရောက်တော့
ခဏစောင့် ပြီး ချက်ချင်း လဲပေးလိုက်ပြီး ...လိုတာပြောဆိုလို့  ဖုန်း ID ကိစ္စပြောတော့ ချက်ချင်းလုပ်ပေးလိုက်တာ...အဆင်ကိုပြေလို့ 
အားသွင်းတဲ့ ကြိုးကိုလဲ ထပ်ဖြစ်ရင် တနှစ် အတွင်းဆို ချက်ချင်းလာလဲပါတဲ့ အားမနာပါနဲ့ တဲ့....
ကောင်းလိုက်တဲ့ အာမခံ နဲ့  ဝန်ဆောင်မှု....

ဂျပန် က အိုင်ဖုန်း ကိုင်သူတွေ ... တခုခုဆို APPLE ကိုသတိရဖို့  လိုပြီ....

ယနေ့  RIT ကျောင်းတော်ကြီး

၂၀၀၉ ဇူလိုင် က ရန်ကုန်စက်မှုတက္ကသိုလ်
မေး(လ်)ထဲရောက်လာတာကိုမျှဝေပါရစေ...လွှမ်းမိတဲ့ ကျောင်းတော်ကြီးကိုပေါ့ ...ဒူးယားဆောင် နဲ့ C ဆောင်ကို တမ်းတမိပါရဲ့ ....

Wednesday, October 28, 2009

ဂျပန်စစ်သင်္ဘောနဲ့ တောင်ကိုရီးယား ကုန်တင်သင်္ဘောတို့ တိုက်မိ


တောင်ကိုရီးယား ကုန်သင်္ဘောနှင့် တိုက်မှုကြောင့် မီးလောင်ပျက်စီးနေသည့် ဂျပန်ဖျက်သင်္ဘော ကုရာမ။
အောက်တိုဘာ ၂၇၊ ၂၀၀၉။
ဂျပန်နိုင်ငံ တောင်ဘက် ကမ်းလွန်မှာ အင်္ဂါနေ့က ဂျပန်ရေတပ် ဖျက်သင်္ဘောနဲ့ တောင်ကိုရီးယား ကုန်သင်္ဘောတစင်း တိုက်မိခဲ့တဲ့အတွက် ၂ စင်းစလုံး မီးလောင်ခဲ့တဲ့အပြင် ဂျပန်သင်္ဘောပေါ်က သင်္ဘောသား ၃ ဦးပါ ဒဏ်ရာရရှိခဲ့ပါတယ်။

ဂျပန်နိုင်ငံ ကျူရှူး (Kyushu) နဲ့ ဟွန်ရှူး (Honshu) ကျွန်း ၂ ကျွန်းကြားက ကျဉ်းမြောင်းတဲ့ ကန်မွန် (Kanmon) ရေလက်ကြားမှာ ဂျပန်ဖျက်သင်္ဘော ကုရာမ (Kurama) နဲ့ တောင်ကိုရီးယား ကုန်တင်သင်္ဘော ကရီနာ စတား (Carina Star) တို့ မတော်တဆ တိုက်ခိုက်မှု ဖြစ်ပွားခဲ့တယ်လို့ ဂျပန် ကာကွယ်ရေး ၀န်ကြီးဌာနက ပြောကြားပါတယ်။

တိုက်မိတဲ့အရှိန်ကြောင့် ၂ စင်းစလုံး မီးလောင်ခဲ့ပြီး ဂျပန်သင်္ဘောပေါ်က သင်္ဘောသားတဦး ထိခိုက်ဒဏ်ရာ အနည်းငယ်ရရှိခဲ့ပြီး နောက် ၂ ဦးကတော့ မီးခိုးတွေကို ရှူရှိုက်ခဲ့မိတဲ့အတွက် ဆေးကုသမှု ခံယူနေရပါတယ်။

ကိုရီးယား ကုန်သင်္ဘောပေါ် ပါလာသူ တဦးတယောက်မှ ဒဏ်ရာမရခဲ့ဘူးလို့ အရာရှိတွေက ပြောပါတယ်။

တန်ချိန် ၇,၄၀၀ ရှိတဲ့ ကုန်သင်္ဘော ကရီနာ စတားဟာ တောင်ကိုရီးယားနိုင်ငံ ဘူဆန်းဆိပ်ကမ်းကနေ ဂျပန်နိုင်ငံ အနောက်ပိုင်း အိုဆာကာကို ထွက်လာတာ ဖြစ်ပါတယ်။ သင်္ဘောအမှုထမ်း ၁၆ ဦးထဲမှာ မြန်မာ ၄ ဦး ပါဝင်နေပါတယ်။

ဂျပန်ရေတပ် သင်္ဘောကတော့ သင်္ဘောသား ၃၆၀ ကို တင်ဆောင်ပြီး ကျူရှူးကျွန်းက မိခင်ဆိပ်ကမ်းကို ပြန်လာတာ ဖြစ်ပါတယ်။

အခုလို မတော်တဆတိုက်မှု ဖြစ်ပွားခဲ့ရတဲ့အတွက် ၀မ်းနည်းကြောင်းနဲ့ ဖြစ်ပွားရတဲ့ အကြောင်းရင်းကို ဂျပန်အစိုးရက စုံစမ်းမှာဖြစ်ကြောင်း ဂျပန် ကာကွယ်ရေးဝန်ကြီး တိုးရှိမိ ကိတာဇာဝါ (Toshimi Kitazawa) က ပြောကြားခဲ့ပါတယ်။

Tuesday, October 27, 2009

အဲပုဂံလေယာဉ် စက်ချို့ယွင်း၍ နောက်ကြောင်းပြန်လှည့်ရ


အောင်ကျော်မိုး

မြစ်ကြီးနားမှ ရန်ကုန်သို့ ထွက်ခွာလာသည့် ထူးကုမ္ပဏီပိုင် အဲပုဂံလေယာဉ်တစီးသည် ကောင်းကင်ပေါ်တွင် စက်ချို့ယွင်းမှု ဖြစ်ပွားပြီး မြစ်ကြီးနားလေဆိပ်သို့ ပြန်လည်ဆင်းသက်ခဲ့ရကြောင်း သိရသည်။

အောက်တိုဘာ (၂၅) ရက်၊ မြစ်ကြီးနားမှ ရန်ကုန်သွားမည့် အဲပုဂံခရီးစဉ်အမှတ် W9-296 လေယာဉ်သည် နေ့လယ် (၂) နာရီ (၁၅) မိနစ်ခန့်တွင် မြစ်ကြီးနားလေဆိပ်မှ ထွက်ခွာပြီး ကောင်းကင်တွင် နာရီဝက်နီးပါးခန့်ပျံသန်းပြီးမှ ညာဘက်ပန်ကာတလုံး ရပ်သွားသည့်အတွက် နောက်ကြောင်းပြန်လှည့်ကာ မြစ်ကြီးနားလေဆိပ်သို့ ပြန်လာခဲ့ရကြောင်း အဆိုပါလေယာဉ်တွင် လိုက်ပါခဲ့သူ ခရီးသည်တဦးက ပြောသည်။

၎င်းက “ကောင်းကင်မှာ နာရီဝက်နီးပါးလောက် ပျံပြီးမှ ညာဘက်ပန်ကာတလုံးက လုံးဝမလည်တော့ဘူး။ အဲဒါနဲ့ လေယာဉ်လည်း ခါနေတယ်။ ခရီးသည်တွေအားလုံးကတော့ သွားပါပြီဆိုပြီး ဘုရားတကြတယ်။ ဘုရားစာတွေ ရွတ်ကြတယ်။ နောက် လေယာဉ်က မြစ်ကြီးနားဘက်ပြန်လှည့်ပြီး မြစ်ကြီးနားလေဆိပ်ကိုပဲ ပြန်ဆင်းတယ်။ အဲဒီမှာရောက်တော့ (၃) နာရီထိုးကာနီးနေပြီ။ သူတို့က အဲဒီလေယာဉ်ကို ပြင်ဆင်မယ်တဲ့။ နောက်နေ့ အောက်တိုဘာ (၂၆) တနင်္လာနေ့ ကွင်းချိန်း ပြန်ပေးတယ်” ဟု ပြောပြသည်။

“နိုင်ငံတကာမှာလို သူတို့ရဲ့ ချို့ယွင်းမှုအတွက် မြစ်ကြီးနားမှာ တည်းခိုစရိတ်တို့၊ စားသောက်ရေးတို့ ဘာမှပြင်ဆင်မပေးဘူး။ အဲဒါနဲ့ ဒီနေ့ တနင်္လာ မနက် (၅) နာရီခွဲ ကွင်းချိန်းသွားရတယ်။ လေယာဉ်က ကွင်းကနေ (၇) နာရီ ထွက်တယ်။ ခု ရန်ကုန်လေဆိပ်ကို မနက် (၁ဝ) နာရီ (၁၅) မိနစ်လောက် ရောက်တယ်။ မနေ့က လေယာဉ်ပေါ်မှာ ကျွေးပြီးသားဆိုပြီး ဒီနေ့ လေယာဉ်ပေါ်မှာ ဘာမှမကျွေးဘူး။ ယူတာက လူတယောက် လေယာဉ်ခ ကျပ် (၁) သိန်း (၂) သောင်း ပေးရတယ်” ဟု အဆိုပါ ခရီးသည်က ပြောသည်။

မြန်မာနိုင်ငံရှိ လေကြောင်းလိုင်းများအနက် ဦးတေဇပိုင် အဲပုဂံလေယာဉ်များသည် မကြာခဏ မတော်တဆဖြစ်ခြင်း၊ စက်ချို့ယွင်းခြင်းများ ဖြစ်ပေါ်ခဲ့ဖူးပြီး ယမန်နှစ်ကလည်း ပူတာအိုလေဆိပ်တွင် လေဆိပ်ပြေးလမ်းချော်ပြီး လေယာဉ်တောင်ပံကျိုးသည့် အဖြစ်အပျက်မျိုး ရှိခဲ့သည်။

အဲပုဂံလေကြောင်းလိုင်းသည် နာမည်ကြီးစီးပွားရေးသမား ဦးတေဇပိုင်ဆိုင်ပြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အပါအဝင် စစ်ခေါင်းဆောင်အချို့၏ အစုရှယ်ယာများလည်း ပါဝင်သည်ဟု ပြည်တွင်းပြည်ပတွင် ကျယ်ကျယ်ပြန့်ပြန့် သတင်းဖြစ်ပေါ်ခဲ့သည်။

အဲပုဂံလေကြောင်းလိုင်းသည် ရန်ကုန်မှ ကိုရီးယားနိုင်ငံ ဆိုးလ်၊ ရန်ကုန်မှ ထိုင်းနိုင်ငံ ဘန်ကောက်၊ ရန်ကုန်- စင်ကာပူ၊ ရန်ကုန်- မလေးရှားနိုင်ငံ ကွာလာလမ်ပူ စသည့်လိုင်းတို့တွင် ပြေးဆွဲပြီး နိုင်ငံတကာလေကြောင်းလိုင်း ဖြစ်လာရန် ကြိုးစားခဲ့သော်လည်း အမေရိကန်နှင့် ဥရောပသမဂ္ဂဝင်နိုင်ငံများ၏ စီးပွားရေးအရ အရေးယူဒဏ်ခတ် ပိတ်ဆို့မှုများကြောင့် ခရီးစဉ်အားလုံး ရပ်ဆိုင်းသွားခဲ့ပြီး နောက်ပိုင်း ပြည်တွင်း ခရီးစဉ်များကိုသာ ပြေးဆွဲလျက်ရှိသည်။

ယခုနောက်ပိုင်း အဲပုဂံလေကြောင်းလိုင်းသည် ရန်ကုန်- ကွာလာလမ်ပူ ပြေးဆွဲနေသည့် မလေးရှားနိုင်ငံ ဆမ်ဘူမိ လေကြောင်းလိုင်းအတွက် လေယာဉ်ငှားစားသည့်အပြင် မြန်မာ့နိုင်ငံတကာလေကြောင်း (MAI) မှ ပိုင်ဆိုင်သည့် အစုရှယ်ယာအများစုကို ဝယ်ယူလိုက်ပြီး ၎င်းပိုင်လေယာဉ်များ ထည့်သွင်းပြေးဆွဲခြင်းကို ယခုလ (၂၆) ရက်မှ စတင်လုပ်ကိုင်နေပြီဖြစ်ကြောင်း သိရသည်။

မြစ်ကြီးနားသို့ လေယာဉ်နောက်ကြောင်းပြန်လှည့်ခဲ့ရသည့် အဲပုဂံခရီးစဉ်အမှတ် W9-296 တွင် လေယာဉ်ခ ဈေးနှုန်းကြီးမြင့်စွာယူပြီး ဝန်ဆောင်မှုမကောင်းသည့်အပေါ် အဲပုဂံလေကြောင်းလိုင်းကို မကျေမနပ် ဖြစ်နေကြသော်လည်း အခြားရွေးချယ်စရာ မရှိသဖြင့် အဆိုပါလေယာဉ်ကိုသာ စီးကြရကြောင်း ခရီးသည်များက ပြောကြသည်။

စာရေးဆရာ နီကိုရဲ ကွယ်လွန်

မျိုးချစ်သူ

ယခုလ (၂၄) ရက်နေ့ နံနက်က ရန်ကုန်မြို့ လှိုင်သာယာမြို့နယ် လုမ္ဗနီအထူးကု ဆေးရုံတွင် နှလုံးရောဂါဖြင့်ကွယ်လွန်ခဲ့သည့် နိုင်ငံကျော်စာရေးဆရာ နီကိုရဲ၏ဈာပနကို အောက်တိုဘာ (၂၈) ရက် နေ့လယ် (၂) နာရီတွင် ရေဝေးသုသာန်၌ မီးသင်္ဂြိုဟ်မည်ဖြစ်ကြောင်း ဇနီးဖြစ်သူ မနိုင်နိုင်ဝင်းက ပြောသည်။

နီကိုရဲသည် ၁၉၉၇ ခုနှစ် ၀န်းကျင်က ၎င်း၏ပထမဦးဆုံး လုံးချင်းဝတ္ထုဖြစ်သော မကြည်ပြာဝတ္ထုကို စတင်ရေးသားခဲ့ပြီး ကလောင်တမျိုးတည်းဖြင့် ၀တ္ထု၊ ကဗျာ၊ ဇာတ်ညွှန်းတို့ကို သေဆုံးသည်ထိ ရေးသားခဲ့သူတဦးဖြစ်သည်။

၎င်း၏နောက်ဆုံးလက်ရာဖြစ်သော ( ဘ…နာ ) လုံးချင်းဝတ္ထုကို ကြောင်နှစ်ကောင်စာပေမှ ပြီးခဲ့သည့် ရက်ပိုင်းက ထုတ်ဝေခဲ့သည်။

“ဒီလိုလူကတော့ ရှာမှရှားဗျ။ ဒီဘက်ခေတ်မှာ အောင်မြင်တဲ့စာရေးဆရာတွေ နည်းလာတယ်၊ လူငယ်စာရေးဆရာလို့ပြောရမယ့် တာရာမင်းဝေတို့၊ နီကိုရဲတို့၊ မင်းခိုက်စိုးစန်တို့ဟာ လူကြီးလူငယ်တွေအားလုံး ကြိုက်တဲ့စာရေးဆရာတွေပေါ့။ ပြောရရင် တာရာမင်းဝေနဲ့ နီကိုရဲကတော့ သေတာကလည်း ငယ်ရွယ်စဉ်မှာဆိုတော့ ကျနော်တို့အနေနဲ့ နှမြောတာတော့အမှန်ပဲဗျ” ဟု ၀ါရင့်သတင်းစာဆရာတဦးက ပြောသည်။
နီကိုရဲ ရေးသားထုတ်ဝေခဲ့သော လုံးချင်းဝတ္ထုအုပ်ရေ (၃၀) ကျော်ခန့်ရှိပြီး ဇာတ်ညွှန်းရေးသားမှုများနှင့်ဆိုလျှင် စုစုပေါင်း (၁၀၀) ၀န်းကျင်ခန့်ရှိမည်ဖြစ်ကြောင်း ဒီဇိုင်းဆရာ မျိုးဆွေသန်းက ပြောသည်။

“ကျနော်က တာရာမင်းဝေနဲ့ နီကိုရဲကို ရင်းနှီးကျွမ်းဝင်သလို သူတို့ကိုလည်း လေးစားတယ်။ သူတို့ ဆုံးသွားပြီဆိုပြန်တော့ စိတ်မကောင်းစရာပေါ့ဗျာ” ၎င်းက ပြောသည်။

နီကိုရဲ၏ အအောင်မြင်ဆုံးစာအုပ်များမှာ မကြည်ပြာ အပါအ၀င် သကြားနဲ့အသူရာ၊ နှလုံးသားထဲကြွက်ဝင်နေသည်၊ စိတ်အိုင်ပက်သူ တို့ဖြစ်ကြောင်း ကြောင်နှစ်ကောင်စာပေက ပြောကြားသည်။

၎င်း၏ဇာတ်ညွှန်းများအား ရုပ်ရှင်အဖြစ်ဖန်တီးရာတွင် ကြည်ပြာရောင်နဂ္ဂတစ်များ ရုပ်ရှင်ဇာတ်ကားမှာ မြန်မာတနိုင်ငံလုံး အောင်မြင်ခဲ့သော ဇာတ်ကားဖြစ်ကြောင်း ဒါရိုက်တာ မောင်မျိုးမင်းက ပြောသည်။

စာရေးဆရာမတဦးကလည်း “သူက ပျော်ပျော်ပါးပါးနေတတ်တယ်၊ စိတ်ကောင်းရှိတယ်၊ သူတပါးကို အကူအညီပေးတတ်တယ်၊ ပြီးတော့ အတွေးအခေါ်ကောင်းတယ်၊ သူကွယ်လွန်တာဟာ ကျမတို့ စာပေလောကအတွက်တော့ ဆုံးရှုံးမှုတခုပဲ”ဟု ပြောသည်။

နီကိုရဲ၏အမည်ရင်းမှာ ကိုရဲဝင်းဖြစ်ကာ ကွယ်လွန်ချိန်တွင် အသက် (၄၃) နှစ်ရှိပြီဖြစ်ပြီး ဇနီး မနိုင်နိုင်ဝင်းနှင့် အသက် (၇) နှစ် အရွယ် သား မောင်လင်းမြတ်တို့ ကျန်ရစ်ခဲ့သည်။

လောက်ကိုင်မြို့တွင် (၁၀) လုံးထက်မနည်း ဗုံးများ ဆက်တိုက်ပေါက်ကွဲ

ခိုင်လင်း

ယခုလ (၂၄) ရက်နေ့ ညပိုင်းက ကိုးကန့်ဒေသ၊ လောက်ကိုင်မြို့တွင် ဗုံး (၁၀) လုံးထက်မနည်း ဆက်တိုက်ပေါက်ကွဲခဲ့သည်။

ဗုံးပေါက်ကွဲမှုသည် လောက်ကိုင်မြို့ပေါ်အပါအဝင် နေရာအနှံ့တွင် ဖြစ်ပွားခဲ့ပြီး ကိုးကန့်ရုပ်မြင်သံကြားထုတ်လွှင့်နေသည့် အဆောက်အဦနှင့် လက်ကျန် ကိုးကန့်တပ်ဖွဲ့၏ ဥက္ကဋ္ဌတာဝန်ယူထားသူ ပိုင်စုံချိန်၏ လောင်းကစားရုံတို့တွင် ဆိုးဆိုးဝါးဝါး ပေါက်ကွဲခဲ့ပြီး လူအသေအပျောက်များ ရှိခဲ့သည်ဟု လက်ရှိ ကိုးကန့်တပ်ဖွဲ့ခေါင်းဆောင်များနှင့် နီးစပ်သူ တရုတ်နယ်စပ်ဒေသခံတဦးက ပြောသည်။

၎င်းက “တီဗွီလွှင့်တဲ့ဌာန အဆောက်အဦကြီးကတော့ ပြိုကျသွားတယ်။ အခု ကိုကန့်အဖွဲ့ဥက္ကဋ္ဌ ပိုင်စုံချိန်ရဲ့ လောင်းကစားရုံလည်း အတော်လေးပျက်သွားတယ်။ အထိအခိုက်တွေတော့ရှိတယ်။ ဘယ်လောက်ထိခိုက်တယ်ဆိုတာတော့ အတိအကျ မပြောနိုင်သေးဘူး” ဟု ပြောသည်။

ပြီးခဲ့သည့် သြဂုတ်လကုန်ပိုင်းက ဖြစ်ပွားခဲ့သည့် ကိုးကန့်အရေးအခင်းကတည်းကစ၍ ကိုးကန့်ဒေသတခုလုံးတွင် လောက်ကိုင်ဒေသကွပ်ကဲမှုစစ်ဌာနချုပ် လက်အောက်ခံတပ်များ၊ အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ တပ်အချို့၊ တပ်မ (၃၃) လက်အောက်ခံတပ်အချို့၊ သိန်းနီအခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှု စစ်ဌာနချုပ် လက်အောက်ခံတပ်များ ဝင်ရောက်နေပြီး လက်နက်ပုန်းများ မြေလှန်ဖော်ထုတ်နေချိန်တွင် ယခုကဲ့သို့ ဗုံးပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပွားမှုသည် ကိုးကန့်ဒေသ တည်ငြိမ်မှုမရှိသေးကြောင်း ပြသနေခြင်းပင်ဖြစ်သည်ဟု တရုတ်-မြန်မာနယ်စပ် စစ်ရေးအကဲခတ် ဦးအောင်ကျော်ဇောက ပြောသည်။

၎င်းက “ပိုင်စုံချိန်က ဖုန်လောက် သြဇာမရှိဘူး။ အခု ဖွဲ့လိုက်တဲ့ ကိုးကန့်ရုပ်သေးအဖွဲ့ထဲမှာတောင် ကွဲနေတာ။ ပိုင်စုံချိန်က တဖွဲ့၊ မင့်ရွှေချန်းက တဖွဲ့၊ ဝေစန်းက တဖွဲ့၊ တပ်သားတွေလည်း အပြိုင်အဆိုင်စုနေတာ။ ပိုင်စံချိန်ရဲ့ လောင်းကစားဝိုင်းကိုလည်း ချတယ်ဆိုတာ နည်းနည်းတော့ စဉ်းစားစရာ ရှိတယ်။ ခန့်မှန်းရတော့ ခက်တယ်။ ဖုန်အဖွဲ့တို့ထက် သူတို့ထဲက လူတွေ အချင်းချင်းလည်း ဖြစ်နိုင်တယ်” ဟု ပြောသည်။

ယခုကဲ့သို့ ကိုးကန့်ဒေသအတွင်း ဒေသမတည်မငြိမ် ဖြစ်ပ်ါလာခြင်းသည် နိုင်ငံရေးအရ မကောင်းသော်လည်း ဒေသတခုလုံးကို နအဖ ဆက်လက်ထိန်းထားနိုင်ပြီး သူ့အတွက် အကျိုးအမြတ်သာဖြစ်စေသည်ဟု ဦးအောင်ကျော်ဇောက ပြောသည်။

ပြီးခဲ့သည့် သြဂုတ်လအတွင်းက ကိုးကန့်တပ်ဖွဲ့ ဒု-ဥက္ကဋ္ဌ ပိုင်စုံချိန် ဦးဆောင်သည့်အဖွဲ့က ကိုးကန့်တပ်ဖွဲ့ဥက္ကဋ္ဌ ဖုန်ကြားရှင်ထံမှ အာဏာသိမ်းရန် ကြိုးစားခဲ့ပြီး လောက်ကိုင်ဒေသအတွင်း နအဖတပ်များ ဝင်ရောက်ရာမှ အစပြု၍ ကိုးကန့်တပ်ဖွဲ့နှင့် နအဖတပ်များအကြား တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

ကိုးကန့်အရေးအခင်းတွင် ဖုန်ကြားရှင် ဦးဆောင်သည့်အဖွဲ့ ကိုးကန့်ဒေသမှ ဆုတ်ခွာခဲ့ရပြီးနောက်ပိုင်းတွင် ပိုင်စုံချိန် ဦးစီးပြီး ကိုးကန့်တပ်ဖွဲ့ကို ပြန်လည်ဖွဲ့စည်းခဲ့သည်။

မြေကြီးငို

ကမ္ဘာမြေကြီးဝါးစားမရလို့  စာရေးဆရာ တစ်ယောက်က တစ်မျက်နှာဝတ္ထု နဲ့  မြေကြီးငို ဆိုပြီး ရေးခဲ့တာ အခုတော့ မြန်ပြည်က အခုမှသတိထားမိတယ်ထင်ပါရဲ့...

ရန်ကုန်တွင် ကြွပ်ကြွပ်အိတ်စက်ရုံများ ပိတ်ရတော့မည်

မဇ္ဈိမ
ရန်ကုန်တိုင်းအတွင်းရှိ ကြွပ်ကြွပ်အိတ် စက်ရုံများအားလုံး နိုဝင်ဘာလကုန် နောက်ဆုံးထားပြီး ပိတ်ပစ်ရတော့မည် ဖြစ်ကြောင်း ရန်ုကုန်တိုင်း အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ အတွင်းရေးမှူး ဦးလှစိုးက ပြောသည်။

ကြွပ်ကြွပ်အိတ် စက်ရုံများကို ပိတ်ပင်ရန် ယခုလ ၆ ရက်နေ့တွင် ကျင်းပသော ရန်ကုန်တိုင်း အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်ဟု သူက ဆိုသည်။

ထိုသို့ ကြွပ်ကြွပ်အိတ် စက်ရုံများ ပိတ်ပစ်ရန် ကြိုတင် အကြောင်းကြားခဲ့ခြင်း မရှိဘဲ၊ အနားနီးမှ ကပ်အကြောင်းကြားခဲ့သဖြင့် စက်ရုံလုပ်ငန်းရှင် များ အနေဖြင့် ကြိုတင် ဝယ်ယူစုဆောင်းထားသော ကုန်ကြမ်းများ ဆုံးရှုံးမှုများနှင့် ကြုံတွေ့ရပြီး စက်ရုံ အလုပ်သမားများလည်း အလုပ်လက်မဲ့ ပြဿနာဖြင့် ကြုံတွေ့ရနိုင်သည် ဟု တောင်ဒဂုံစက်မှုဇုန်မှ ကြွပ်ကြွပ်အိတ်စက်ရုံ လုပ်ငန်းရှင်တဦးက ဆိုသည်။

“သူတို့က ရန်ကုန်မှ ကြွပ်ကြွပ်အိတ် မသုံးရဆိုပြီး တားမြစ်တာမျိုး မဟုတ်ပါဘူး။ ရန်ကုန်မှာရှိတဲ့ ကြွပ်ကြွပ်အိတ် စက်ရုံတွေ ပိတ်ပစ်ခိုင်းတာပါ။ အဲဒီတော့ တခြားမြို့တွေမှာ ကြွပ်ကြွပ်အိတ်ထုတ်ပြီး ဒီကိုပို့ရင် သုံးနေကြဦးမှာပါ။ အခုတော့ ရန်ကုန်မှာရှိတဲ့ စက်ရုံတွေ စီးပွားပျက်တာပေါ့” ဟု အဆိုပါ လုပ်ငန်းရှင်က ပြောသည်။

“သူတို့က နိုဝင်ဘာ ၃၀ ရက်နေ့ ကျော်တာနဲ့ ကျနော်တို့စက်ရုံတွေကို မီးဖြတ်မယ်လို့ ပြောတယ်။ ပြီးတော့ ပိတ်ခိုင်းတာက တရားဝင် လိုင်စင် တင်ပြီး လုပ်နေတဲ့ စက်ရုံတွေကို။ ရန်ကုန်တမြို့လုံးမှာဆို အားလုံးပေါင်း ၁၅၀ လောက် ရှိတယ်။ တပိုင်တနိုင်လုပ်နေတဲ့ စက်ရုံအသေးလေး တွေက ဆက်ထုတ်နေဦးမှာပဲ” ဟု လုပ်သား ဦးရေ ၃၀ ကျော်ဖြင့် လည်ပတ်နေသော အဆိုပါ ကြွပ်ကြွပ်အိတ် စက်ရုံ ပိုင်ရှင်က ပြောသည်။

“ကြိုတင်ပြီး ကြောင်းကြားရင်တော့ ကောင်းတာပေါ့။ အခုတော့ ကျနော်တို့က နိုင်ငံခြားက ကော်စေ့တွေသွင်းပြီး စတော့လုပ်ထားတာတွေ ဘာသွားလုပ်ရမှာလဲ။ လုပ်ငန်းကတော့ ကျနော်တို့က တခြား ပလပ်စတစ်တွေလည်း ထုတ်တာဆိုတော့ ဆက်လည်ပတ်လို့ ရပါတယ်” ဟု သင်္ဃန်းကျွန်းမြို့နယ် မွှေးကော်အိတ်လုပ်ငန်းမှာ တာဝန်ရှိသူ တဦးက တယ်လီဖုန်းဖြင့် ဖြေကြားသည်။

စက်ရုံများကို ပိတ်ပင်ရာတွင် ပလပ်စတစ်အိတ် ထုတ်လုပ်သည့် စက်ရုံများ အားလုံးကို ပိတ်ပင်ခြင်းမဟုတ်ဘဲ ကြွပ်ကြွပ်အိတ်ထုတ်သည့် လုပ်ငန်းများကိုသာ ပိတ်ခိုင်းခြင်း ဖြစ်ကြောင်းနှင့် နှစ်မျိုးတွဲထုတ်လုပ်နေသော စက်ရုံများလည်း လတ်တလောတွင် ပိတ်ပစ်ရမည် ဖြစ်ပြီး၊ recycle ပြန်လုပ်နိုင်သော ပလပ်စတစ်အိတ်များကိုသာထုတ်လုပ်မည်ဆိုပါက ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီတွင် လုပ်ငန်း လိုင်စင် အသစ်တဖန် ပြန်လည် လုပ်ကိုင်ရမည် ဖြစ်ကြောင်း ဦးလှစိုးက ပြောသည်။

ရန်ကုန်မြို့တွင် နေ့စဉ် ပလပ်စတစ်စွန့်ပစ်မှု ပမာဏဟာ တနေ့လျှင် တန် ၂၀၀ နီးပါးရှိပြီး အခြားသတ္ထုနှင့် လျှပ်စစ်ပစ္စည်း စွန့်ပစ်မှုမှာ တန် ၁၅၀ နီးပါး ရှိသည်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏စာရင်းဇယားများအရ သိရသည်။

“ရန်ကုန်မှာ ကြွပ်ကြွပ်အိတ် သုံးစွဲမှု တားမြစ်သင့်နေတာကတော့ ကြာပါပြီ။ ဒီလိုမှ မဟုတ်ရင်ကျရင် မြို့က အမှိုက်ပုံသာသာ ဖြစ်လာနိုင်တယ်။ ဒါပေမဲ့ ဒီလိုလုပ်တဲ့နေရာမှာ ဘယ်သူမှ အခက်မတွေ့အောင် လုပ်ထုံးလုပ်နည်း မှန်မှန်ကန်ကန်နဲ့ ချဉ်းကပ်ဖို့တော့ လိုတာပေါ့” ဟု မြန်မာနိုင်ငံ သစ်တောသယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အသင်း FREDA မှ တာဝန်ရှိသူတဦးက သုံးသပ်သည်။

မြန်မာနိုင်ငံတွင် ကြွပ်ကြွပ်အိတ် သုံးစွဲမှုကို ယခုနှစ် ဇွန်လ ၂၂ ရက်နေ့က စတင်ကာ ဥပဒေထုတ် တားမြစ်ခဲ့ပြီး အစိုးရရုံးစိုက်ရာ နေပြည်တော် တွင်လည်း ယခုလဆန်းပိုင်းမှ စတင်ကာ ကြွပ်ကြွပ်အိတ် မသုံးစွဲရေး နှိုးဆော်ချက်များ လိုက်လံ ကြေညာနေပြီဟု နေပြည်တော် မြို့ခံများက ပြောသည်။

မြန်မာနိုင်ငံ၏ ယဉ်ကျေးမှုမြို့တော် ပုဂံတွင်လည်း ကြွပ်ကြွပ်အိတ် ကင်းစင်ရေး မြို့တော်အဖြစ် သတ်မှတ်နိုင်ရန်အတွက် မန္တလေးမြို့တော် စည်ပင်သာယာတွင် လုပ်ထုံးလုပ်နည်းများ လာရောက်လေ့လာခဲ့သည်ဟု မန်း စည်ပင် ဝန်ထမ်းတဦးက ဆိုသည်။

သဘာဝ ဓာတ်ငွေ့လိုင်း ပျက်စီးသဖြင့် ရန်ကုန်တွင် ရေပြတ်လပ်ခဲ့

မဇ္ဈိမ
ရန်ကုန်တိုင်း မြို့နယ် ၁၁ မြို့နယ်တွင် ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း သုံးရေပြတ်လပ်ရခြင်းမှာ လျှပ်စစ်ဓာတ်အား မလုံလောက်သဖြင့် ရေတွန်းစက်များ မလည်ပတ်နိုင်ခြင်းကြောင့်ဟု ရန်ကုန်စည်ပင်က ယနေ့ ပြောဆိုသည်။

ရန်ကုန်မြို့တွင် ကမ်းလွန် သဘာဝဓာတ်ငွေ့ဖြင့် လည်ပတ်နေသော လျှပ်စစ်ဓာတ်အားပေး စက်ရုံများသို့ ပေးပို့နေသည့် မွန်ပြည်နယ် လမိုင်းမြို့နယ်အတွင်းမှ ဓာတ်ငွေ့ပိုက်လိုင်းသည် ပြီးခဲ့သည့်လ ၁၉ ရက်နေ့နှင့် ၂၃ ရက်နေ့တွင် ပျက်စီးခဲ့ခြင်းကြောင့် ဓာတ်ငွေ့ မပေးပို့နိုင်ရာမှ စက်ရုံများ မလည်ပတ်နိုင်သဖြင့် လုံလောက်သည့် လျှပ်စစ်အား မရခဲ့ခြင်း ဖြစ်သည်ဟု ပြောဆိုခြင်း ဖြစ်သည်။

“အီးပီစီက ဂက်စ်လိုင်းပေါက်လို့ ပြင်နေတာ။ ကျနော်တို့ဆီကို မီးမပေးနိုင်လို့ စက်တွေ မမောင်းနိုင်ဘူး။ စက်တွေအားလုံး ကောင်းပါတယ်။ မီးအား မပြည့်လို့ပါ” ဟု ရန်ကုန်စည်ပင်မှ အမည်မဖော်လိုသည့် တာဝန်ရှိသူ တဦးက ပြောသည်။

ကမ်းလွန် သဘာဝဓာတ်ငွေ့ဖြင့် လည်ပတ်နေသော ရန်ကုန်တိုင်း လှော်ကား လျှပ်စစ်ဓာတ်အားပေး စက်ရုံမှ တာဝန်ရှိသူတဦးကလည်း အဆိုပါ ဓာတ်ငွေ့ပိုက်လိုင်း ပျက်စီးခဲ့သည်ဟူ၍ အတည်ပြု ပြောဆိုလိုက်ပြီး၊ သူက “အဲဒီပိုက်လိုင်းက ရန်ကုန်မြို့က ဓာတ်ငွေ့သုံးစက်ရုံတွေကို ပို့ပေးနေတဲ့ ပိုက်လိုင်းပါ” ဟု ဆက်ပြောသည်။

ရန်ကုန်တွင် ကမ်းလွန် သဘာဝဓာတ်ငွေ့ အသုံးပြုသည့် သာကေတ၊ ရွာမနှင့် လှော်ကား လျှပ်စစ်ဓာတ်အားပေး စက်ရုံ ၃ ရုံရှိပြီး၊ ကုန်းတွင်း သဘာဝဓာတ်ငွေ့ဖြင့် လည်ပတ်သည့် အလုံစက်ရုံနှင့် နိုင်ငံပိုင် ရေအားလျှပ်စစ် စက်ရုံကလည်း လျှပ်စစ်ဓာတ်အား ဖြန့်ဝေပေးလျက်ရှိသည်။

ဖူးကြီး၊ လှော်ကား၊ ဂျိုးဖြူနှင့် ငမိုးရိပ် စသည့် ရေလှောင်ကန်များမှ ရန်ကုန်သို့ နေ့စဉ် ရေဂါလံ သန်း ၁၄ဝ ကျော် ပေးဝေလျက်ရှိရာ ဂျိုးဖြူရေလှောင်ကန်တခုသာ ရေတွန်းစက်မလိုဘဲ ရေပေးဝေနိုင်ပြီး ကျန်ရေလှောင်ကန်များမှာ ရေတွန်းစက်အသုံးပြု၍ ပေးဝေရကြောင်း စည်ပင်မှတ်တမ်းများအရ သိရသည်။

မြို့တွင်းဧရိယာများ၊ ပင်မပိုက်လိုင်းနှင့် အလှမ်းဝေးသော နေရာများသို့ ကမ္ဘာအေး ရေတွန်းစက်ရုံမှ ရေတွန်းစက် ၃ လုံး၊ ငမိုးရိပ် ရေပေးဝေရေးစခန်း (ညောင်နှစ်ပင်) မှ ၃ လုံး၊ လှော်ကားမှ ၂ လုံးတို့ဖြင့် ရေတွန်းပို့လျက်ရှိသည်။

ရန်ကုန်မြို့တော်ဝန် ဗိုလ်မှူးချုပ်အောင်သိန်းလင်းက လျှပ်စစ်မီး ပြတ်တောက်စဉ် ရေတွန်းစက်ရုံများ လည်ပတ်နိုင်ခြင်း မရှိသဖြင့် မြို့နယ်အချို့တွင် ရေပြတ်တောက်မှု ဖြစ်ပေါ်ရကြောင်း ပြီးခဲ့သည့် ဖေဖော်ဝါရီလလယ်ပိုင်းက ပြည်တွင်းအပတ်စဉ်ထုတ် ဂျာနယ်တစောင်သို့ ပြောကြားခဲ့သည်။

ရေတွန်းစက်ရုံများမှ ရေမလွှတ်နိုင်သဖြင့် သုံးရေပြတ်လပ်ခဲ့သော မြို့နယ်များမှာ လသာ၊ ကျောက်တံတား၊ ဗဟန်း၊ မင်္ဂလာတောင်ညွန့်၊ ပုစွန်တောင်၊ စမ်းချောင်း၊ တာမွေ၊ ပန်းဘဲတန်း၊ ရန်ကင်း၊ ကြည့်မြင်တိုင်နှင့် ကမာရွတ် ဖြစ်သည်။

အဆိုပါ မြို့နယ်များတွင် အနည်းဆုံး ၂ ရက်မှ ၅ ရက်အထိ သုံးရေမရရှိသဖြင့်၊ ရေတဘူးလျှင် ကျပ် ၅၀၀ ဖြင့်လည်းကောင်း၊ ရေတစည်လျှင် ကျပ် ၁၅ဝဝ ဖြင့်လည်းကောင်း ဒေသခံများက ဝယ်ယူသုံးစွဲခဲ့ရသည်။ အချို့မှာ နီးစပ်ရာ ဘုန်းတော်ကြီးကျောင်းများနှင့် ကိုယ်ပိုင်အဝီစိတွင်းရှိသည့် မိတ်ဆွေအိမ်များတွင် ရေပုံးများဖြင့် သယ်ယူသုံးစွဲခဲ့ရပြီး အချို့မှာ ရေတင်ရန် ကြိုးစားရင်း လျှပ်စစ်မော်တာအချို့ပင် ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

ရန်ကုန်တွင် ၂၀၀၈ ခုနှစ် မေလဆန်းတွင် နာဂစ်မုန်တိုင်း တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း သုံးရေပြတ်တောက်မှု ကြုံတွေ့ခဲ့သေးသော်လည်း ယခုတကြိမ်သည် အချိန်အကြာဆုံး ဖြစ်ကြောင်း မြို့ခံများက ပြောဆိုကြသည်။

(ဆလိုင်း ဟံသာစန်း သတင်းပေးပို့သည်။)

မူပိုင်ခွင့်

နိုင်ငံတကာမူပိုင်ခွင့်ကတော့ သေပြီး နှစ် ၇၀ ထိ ခံစားခွင့် ရှိသည်ဟုပြောသည်...မြန်ပြည်ကတော့ နိုင်ငံတကာမူပိုင်ခွင့်မှာမှတ်ပုံမတင်ရသေးတော့ ဘယ်လိုလဲမသိ...

ကော်ပီဆိုတဲ့သူက ကော်ပီကူးတဲ့ ဈေးဗန်းကိုစိတ်ဆိုးပြီး ကန်တာ...
ဘယ်သူမှန်လို့ ဘယ်သူမှားလဲဟင်...
ကော်ပီကူးတာချင်းအတူတူ
ကော်ပီဆိုတဲ့သူ က မှန် တာပဲလား...
ကော်ပီကူးပြီးရောင်းတဲ့ သူက သူလို ကော်ပီ ကူးတတ်လာလို့ စိတ်ဆိုးတာလား
ဘာပဲဖြစ်ဖြစ်ပေါ့
နိုင်ငံတကာ ပွဲမှာ တေးရေး...တေးဆို ထူးအိမ်သင် ရဲ့ ကိုယ်ပိုင်သံစဉ် အမေ့အိမ် ကို ဆိုခဲ့ရတာကို မမေ့ရင်ပေါ့....ရထားဥသြသံကြားတိုင်း သတိရနေရင်ပေါ့...
မြန်ပြည်တခွင် ကိုယ်ပိုင်သံစဉ်ကြီးစိုးမည့် နှစ်များကိုမျှော်ရည်လျှက်...

Monday, October 26, 2009

အကြီးမားဆုံးလောင်းကစား

ကမ္ဘာပေါ်မှာ အကြီးမားဆုံးလောင်းကစား ဆိုတာ ရေနံအင်ဂျင်နီယာတွေ လုပ်ရတဲ့ ရေနံတူးတဲ့ အလုပ်ဖြစ်တယ်....မြေအောက်မှာ ရှိတာကို တွက်ချက်ပြီး ရေနံရမယ်ဆိုပြီး တူးတာ ....တွင်းတစ်တွင်းကို ဒေါ်လာ သန်းပေါင်းများစွာ အကုန်ခံ ပြီး အလောင်းအစား ဆန်ဆန် တူးရပါသည်....ရေနံ ထွက်တော့ထွက်ပါရဲ့ စီးပွားဖြစ် မထွက်ပဲ DRY HOLE တွင်းခြောက် ဆိုပြီး တွင်းပိတ်လိုက်ရရင်...တူးရင်း BLOW OUT ပေါက်ကွဲမှုဖြစ်ရင် တွင်းတူးစင်ပါ ပါရော... အဲဒါဆို ဒေါ်လာ သန်းချီ ကုန်ပြီး ဘာမှမရ လိုက်တော့.....ကဲ အကြီးမားဆုံး လောင်းကစား နိုင်ငံတကာမှာ လုပ်နေတာနည်းလား....

Geology ဆရာဦးချစ်ဆွေ အားဂါရဝ ပြုလျှက် ....ရေနံအင်ဂျင်နီယာဘာသာရပ် အတန်းစတက်စဉ် ပြောသော ဆရာအမှာစကား

Friday, October 23, 2009

နေပြည်တော်မှာ CDMA လက်ကိုင်ဖုန်း သုံးစွဲနိုင်ပြီ

မြင့်မောင်
စစ်အစိုးရ ရုံးစိုက်ရာ မြို့တော်သစ် ကြပ်ပြေး နေပြည်တော်တွင် ကမ်းရိုးတန်းသုံး CDMA လက်ကိုင်ဖုန်းများကို ယခုလမှစတင်၍ သုံးစွဲခွင့်ပြုလိုက်သည်။

၂၀၀၅ ခုနှစ် နိုဝင်ဘာလတွင် မြို့တော်ဟောင်း ရန်ကုန်မှ မန္တလေးတိုင်းအတွင်းရှိ မြို့တော်သစ် နေပြည်တော်သို့ စစ်အစိုးရက ပြောင်းရွှေ့ ရုံးစိုက်ရာတွင် ဝန်ထမ်းများသည် လိုင်းဖုန်းကိုသာ သုံးစွဲနိုင်ခဲ့ရာမှ ၄ နှစ်ခန့်အကြာတွင် အခြေခံ အဆောက်အဦနှင့် ဆက်သွယ်ရေးစနစ်များ တပ်ဆင်ပြီးနောက် CDMA ဖုန်းကို ယခုလ ၉ ရက်နေ့မှ စတင်၍ သုံးစွဲရန် ခွင့်ပြုလိုက်ခြင်း ဖြစ်သည်။

“CDMA မိုဘိုင်းတွေ အားလုံး သုံးခွင့်ရပါတယ်။ CDMA ၄၅၀ ဆိုတဲ့ ကမ်းရိုးတန်းဖုန်း ရှိတဲ့သူ မှန်သမျှ ဘယ်လို လူမျိုးပဲဖြစ်ဖြစ် သုံးလို့ ရပါတယ်။ ဝန်ထမ်းအားလုံး သုံးလို့ ရပါတယ်” ဟု နေပြည်တော်ရှိ ဆက်သွယ်ရေးဌာနမှ တာဝန်ရှိသူတဦးက ပြောသည်။

ယခင်က နေပြည်တော်တွင် ဆက်သွယ်ရေးအတွက် လိုင်းဖုန်းများအပြင် စာတိုက်နှင့် ကြေးနန်းဆက်သွယ်ရေး ဝန်ကြီးဋ္ဌာနနှင့် မြန်မာတယ်လီပို့ (Myanmar Teleport) မှ ဖြန့်ချိပေးသော အင်တာနက်ကိုသာ သုံးစွဲခဲ့ရသည်။

“အရင်တုန်းကတော့ လိုင်းဖုန်းတွေပဲ သုံးရတယ်။ မိုဘိုင်းဖုန်းတွေ သုံးလို့မရဘူး။ ဆက်သွယ်ရေးအနေနဲ့ အင်တာနက်တွေတော့ သုံးလို့ ရတယ်။ အင်တာနက်လိုင်းတွေက နည်းနည်းတော့ နှေးတာပေါ့။ အခု မိုဘိုင်းတွေ သုံးခွင့်ရလာတယ်ဆိုတော့ ဝန်ထမ်းတွေအတွက် အဆင်ပြေတာပေါ့” ဟု ဆက်သွယ်ရေးဌာနမှ တာဝန်ရှိသူက ပြောသည်။

မြန်မာနိုင်ငံတွင် လက်ကိုင်ဖုန်း CDMA ၈၀၀ (ခြင်းဖုန်း)၊ CDMA ၄၅၀ နှင့် GSM ဖုန်းများကို သုံးစွဲရာ GSM သည် ဈေးကြီးသဖြင့် အဖိုးချိုသော CDMA ဖုန်းများကိုသာ တွင်ကျယ်စွာ သုံးစွဲလာသည်။ ကိုရီးယားနိုင်ငံလုပ် CDMA ၄၅၀ ဖုန်းခွံ (Hand Set) နှင့် SIM ကဒ်ကို ပြင်ပတွင် ကျပ် ၁၈ သိန်း ပေါက်ဈေးရှိပြီး၊ အစိုးရထုတ်ဈေးမှာ ကျပ် ၁၅ သိန်းခွဲခန့် ရှိသည်။

၂၀၀၈ မေလဆန်းတွင် နာဂစ်မုန်တိုင်း တိုက်ခတ်ပြီးနောက် မုန်တိုင်းသင့် ဒေသများတွင် ဆက်သွယ်ရေး လွယ်ကူစေရန် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ CDMA ကမ်းရိုးတန်းဖုန်းများ ချပေးခဲ့သည်။

ကယ်ဆယ်ရေးနှင့် ထူထောင်ရေး လုပ်ငန်းများ လုပ်ကိုင်သည့် ကုမ္ပဏီများကို စတင်ချပေးခဲ့သော်လည်း၊ ယခုအခါ ကမ်းရိုးတန်း ဒေသများတွင် သာမက ဧရာဝတီ၊ ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်းနှင့် ပဲခူးတိုင်းများတွင် ကျယ်ပြန့်စွာ သုံးစွဲနိုင်ပြီဖြစ်သည်။ သို့သော် CDMA ၈၀၀ ကို စစ်အစိုးရက ရောင်းချခြင်း မရှိတော့သဖြင့် CDMA ၄၅ဝ ကိုသာ အသုံးများသည်။

ကမ်းရိုးတန်းဖုန်းမှာ အထိုင်ဖုန်းတလုံး လိုအပ်သည်။ SIM ကဒ်ကို အသုံးပြုရပြီး GSM ဖုန်းများမှ SIM ကဒ်နှင့် မတူကွဲပြား၍ ဖုန်းအခွံ သီးသန့် အသုံးပြုရသည်။ ရန်ကုန်မြို့တွင်းနှင့် ကမ်းရိုးတန်းဒေသတွင် အသုံးပြုလျှင် အထိုင်ဖုန်း မပါဘဲ သုံးစွဲနိုင်သော်လည်း ရန်ကုန် ဧရိယာနှင့် အလှမ်းကွာသည့် တွံတေး၊ သန်လျင်ကဲ့သို့ ဒေသများတွင် အထိုင်ဖုန်းရှိမှ သုံးရသည်မှာ အဆင်ပြေသည်။

မြန်မာပြည်မှာ ကလပ်များ မဖွင့်ရ

သန်းထိုက်ဦး
.ရန်ကုန်နှင့် မန္တလေးမြို့ အတွင်းရှိ Day Club (နေ့ကလပ်) နှင့် Night Club (ညကလပ်) များကို ဒေသဆိုင်ရာ အာဏာပိုင်များ၏ စီမံချက်ဖြင့် အောက်တိုဘာ လဆန်းပိုင်းမှ စတင်၍ ပိတ်ထားရ ကြောင်း သိရှိရသည်။

ယခု အပိတ်ခံရသည့် ကလပ်များတွင် ရန်ကုန်မြို့ ကန်တော်ကြီး ဥယျာဉ်အတွင်းနှင့် ပြည်သူ့ရင်ပြင်များတွင် ဖွင့်လှစ်ထားသည့် ဒေးကလပ်များနှင့် မန္တလေးမြို့ရှိ Mandalay Hill Resort နှင့် Sedona Hotel တို့တွင် ဖွင့်လှစ်ထားသည့် နိုက်ကလပ်များ ပါဝင်သည်ဟု ရန်ကုန်မြို့မှ Hip Hop လူငယ်တဦးက ပြောဆိုသည်။

၎င်းက“ကလပ်မရောက်ဘူးတဲ့ သူတွေက ကလပ်အထဲမှာ နမ်းနေကြတာ၊ မိန်းကလေးတွေကလည်း ကလပ် တခါမှ မရောက်ဘူးကြတာနဲ့ အရက်တွေသောက် ဘာတွေသောက်တာတွေ ရှိတယ်၊ အဲဒါကြောင့် ထိန်းရ သိမ်းရခက်မှာ စိုးလို့ ပိတ်လိုက်တာလို့ကြားတယ်”ဟု ပြောသည်။

ပြည်တွင်း သတင်းထောက်တဦးကမူ ယင်းကလပ်များသည် နားလည်မှုဖြင့် ဖွင့်လှစ်ထားပြီး တရားမ၀င်သည့် အတွက် အာဏာပိုင်များ၏ စီမံချက်ဖြင့် ပြန်ပိတ်ခိုင်းခြင်းဖြစ်နိုင်ကြောင်း ပြောပြသည်။

ဆက်လက်၍ ၎င်းသတင်းထောက်က“မန္တလေးဘက်မှာကျတော့ မူးယစ်ဆေးကိစ္စတွေ၊ ဆေးသုံးတာတွေ ဘာတွေ ရှိတယ်၊ ရန်ကုန်မှာကျတော့ လူငယ်ကျောင်းသားလေးတွေ၊ အရွယ်မရောက်သေးတဲ့ လူငယ်တွေ များလာပြီး ပိတ်လိုက်ရတာဖြစ်နိုင်တယ်”ဟု ၎င်းက ဆိုသည်။

ယင်း ရန်ကုန်မြို့ရှိ ဒေးကလပ် များကို နံနက် ၁၀နာရီမှ ညနေ ၅ နာရီဝန်းကျင်အထိဖွင့်လှစ်ထားသဖြင့် ကျောင်း တက်ကျောင်းဆင်းချိန်နှင့် တိုက်ဆိုင်နေကြောင်း၊ ကလပ်ဝင်ကြေးအနေဖြင့် တဦးလျှင် အနည်းဆုံး ၁၅၀၀ ကျပ် ခန့်ရှိကြောင်း သိရသည်။

''လူငယ်တွေအနေနဲ့ သောက်စားမူးယစ်ပျော်မြူးရင်းနဲ့ နောက်ဆက်တွဲပြဿနာတွေ ထပ်ဖြစ်မှာစိုးရိမ်ပါတယ်။ ကျမတို့ အနေနဲ့လည်း သားသမီးတွေအပေါ် ထိန်းသိမ်းမှုက အပြည့်အ၀မလွှမ်းခြုံနိုင်ပါဘူး။ ကလေး တွေကို ဒေးကလပ် တွေအနေနဲ့ ပေးမ၀င်ဖို့ လိုပါတယ်''ဟု ကျောင်းသား မိဘတဦး၏ ပြောကြားချက်ကို ဝိကလီး အလဲဗင်း ဂျာနယ်က ကိုးကားဖော်ပြထားသည်။

အလားတူ မန္တလေးမြို့ရှိ နိုက်ကလပ်များ ပိတ်ရသည့် အကြောင်းနှင့် ပတ်သက်၍ ဆက်သွယ်မေးမြန်း ခဲ့ရာ ၎င်းဟိုတယ် ၀န်ထမ်းများက အတည်ပြုပြောကြားသော်လည်း ပိတ်ရသည့် အကြောင်းရင်းကို မသိရှိရဟု ဖြေကြားသည်။

မန္တလေးမြို့တွင်ရှိသော ညကလပ်၂ နေရာအား လွန်ခဲ့သည့် နှစ်တွင် နိုင်ငံခြား ဧည့်သည်များ အတွက်ရည်ရွယ်၍ ဖွင့်လှစ်ခြင်း ဖြစ်ကြောင်း၊ သို့သော် ယင်းညကလပ်များတွင် နိုင်ငံ ခြားသား ဧည့်သည်များအပြင် မြန်မာ လူငယ် များစွာလည်း လာရောက်ကြကြောင်း သိရသည်။

Thursday, October 22, 2009

ရန်ကုန်မြို့လယ် ကားလမ်းများပေါ် ရေလွှမ်း


မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အောက်တိုဘာ ၂၀ ရက် ညနေပိုင်းက ရန်ကုန်မြို့လယ် ကားလမ်းများပေါ် ရေလွှမ်းသဖြင့် ယာဉ်အသွားအလာများ တုံ့နှေးသွားတော့သည်။( ဓာတ်ပုံ- မဇ္ဈိမ)

ရန်ကုန်မြို့လယ် မြို့နယ်များတွင် ရေမလာသဖြင့် လူအများစိတ်ညစ်နေကြရ

မိုးမခ
အောက်တိုဘာ ၂၀ရက်နေ့ နံနက်မှ စတင်ပြီး ရန်ကုန်မြို့လယ် မြို့နယ်များသို့ ရေပေးဝေခြင်း မရှိသဖြင့် ရန်ကုန်မြို့လယ်တွင် နေထိုင်သူ၊ စီးပွားရေးလုပ်ကိုင်သူ များအပါအ၀င် စိတ်ညစ်နေကြရသည်ဟု သိရသည်။

ရန်ကုန်မြို့ ကျောက်တံတားမြို့နယ်တွင် နေထိုင်သူတဦးက“မနက်တတည်းက ရေမရတာကို မသိပဲ ရေသုံးနေကြအတိုင်း သုံးပြီးညနေစောင်းမှ တင်လို့မရတော့ ပတ်ဝန်းကျင်ကိုမေးမှ တော်တော်များများ ရေမလာတာသိရတယ်၊ ရေမလာဘူးဆိုတာကို စောစောသိရင်လည်း ချွေတာသုံးတာ၊ လှောင်ထားတာတို့ လုပ်လို့ရတာပေါ့၊ အခုတော့ ဘာမှလဲ မကြေငြာ၊ အသိမပေးတာလူတွေကို ဂရုမစိုက်တဲ့သဘောပဲ” ဟုဆိုသည်။

ဗိုလ်တထောင်မြို့နယ်ရှိ ကုမ္ပဏီ တခုတွင် အလုပ်လုပ်နေသူ တဦးကလည်း“ ကျွန်မတို့ရုံးမှာ နေ့လည်က ၀န်ထမ်းတွေကို အော်လံနဲ့ လိုက်သတိပေးနေတယ်။ ရေကုန်သွားလို့ အိမ်သာတက်ရင် ရေမရှိတော့ တခြားနေရာကို သွားကြဖို့ လိုက်ပြောနေတာ” မိုးတွင်းမကုန်သေးလည်း ရေကပြတ်နေတာ၊ လျှပ်စစ်မီးကြောင့်လား ရေကြောင့်လား မပြောတတ်တော့ဘူး” ဟုဆိုသည်။

ရန်ကုန်မြို့တွင် ရေပြတ်မည်၊ မီးပျက်မည် ဆိုသည်ကို မည်သည့် အခါမျှ လူထုအား ကြိုတင် အသိပေးလေ့မရှိပေ။

ရန်ကုန်မြို့စည်ပင်သာယာရေး ကော်မတီမှ ထုတ်လွှင့်သည့် စီတီးအက်ဖ်အမ် မှလည်ုး ရန်ကုန်မြို့တွင် နေထိုင်သူများအတွက် အသုံးဝင်မည့် ယခုလို သတင်းအချက်အလက်မျိုးကို ထုတ်ပြန်လေ့မရှိပဲ အခကြေးငွေ ရသည့် စီးပွားရေးကြော်ငြာများကို သာအသားပေး ထုတ်လွှင့်လေ့ရှိသည်။

ထိုသို့ ရေတွန်းစက်မှ ရေမတွန်းသဖြင့် ပိုက်ထဲရေမရှိသည်ကို မသိရှိပဲ ရေမော်တာဖြင့် ရေတင်ထားမိပြီး မော်တာလောင်ကျွမ်းကာ ပြင်ဆင်ရသည့် အဖြစ်မျိုးလည်း ရန်ကုန်တွင်မကြာခဏ ဖြစ်ပျက်လေ့ရှိသည်။

မြန်မာနိုင်ငံ၏ အင်တာနက် ကွန်ရက်စနစ်သစ်နှင့် မြန်မာနိုင်ငံတွင် လက်ရှိ အင်တာနက်လိုင်း



မြန်မာနိုင်ငံတွင် လက်ရှိ အင်တာနက်လိုင်း သုံးစွဲသူပေါင်း ၆သောင်း နီးပါးရှိ
မိုးမခ
မြန်မာတနိုင်ငံလုံး တွင် တယ်လီဖုန်းလိုင်း ၄သိန်းနီးပါးရှိပြီး အဆိုပါဖုန်းလိုင်း အရေအတွက်၏ ၁၀ရာခိုင်နှုန်းက Dial Up အင်တာနက်လိုင်း သုံးစွဲသူဖြစ်ပြီး ၀ိုင်ယာလက် စနစ် အင်တာနက်ကို သုံးစွဲသူ ၂သောင်းနီးပါးနှင့် ပေါင်းလျင် မြန်မာနိုင်ငံ၌ အင်တာနက်လိုင်း ၀ယ်ယူသုံးစွဲသူ ၆သောင်းနီးပါး ရှိသည်ဟု မြန်မာ့ဆက်သွယ်ရေးဝန်ကြီးဌါန ကခန့်မှန်း တွက်ချက်ပြောဆိုသည်။

ယခင် သီတင်းပတ်က မြန်မာ့ ဆက်သွယ်ရေး ၀န်ကြီးဌါက ရန်ကုန်မြို့တွင် ပြုလုပ်သည့်ရှင်းလင်းပွဲ တခုတွင် ထိုသို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။ ထိုသို့သော တယ်လီဖုန်းလိုင်းသုံးစွဲသူ ၄သိန်းနီးပါးအနက် ရန်ကုန်မြို့တမြို့ထဲတွင် ၁သိန်း ၇သောင်းရှိကာ၊ တနိုင်ငံလုံး အင်တာနက်လိုင်း သုံးစွဲသူ အရေအတွက် ၆သောင်းနီးပါးအနက် ရန်ကုန်မြို့က ၂သောင်း ၆ထောင်နီးပါး သုံးစွဲသည်ဟု အဆိုပါ ရှင်းလင်းပွဲတွင် ဖေါ်ပြသော ကိန်းဂဏန်းများ အရသိရှိရသည်။

အထက်ဖေါ်ပြပါ ကိန်းဂဏန်းများမှာ အင်တာနက်လိုင်း သုံးစွဲသူအရေအတွက်သာ ဖြစ်ပြီး ထိုအင်တာနက် လိုင်းတလိုင်းတွင် ထပ်ဆင့်သုံးစွဲသူမည်မျှ ရှိသည်ကိုမူ တိကျသည့် ကိန်းဂဏန်းများ မရရှိသေးပေ။ ရန်ကုန်မြို့နှင့် အခြားမြို့ကြီးများတွင် အင်တာနက်ကို မိမိကိုယ်ပိုင် အိမ်တွင်သွယ်ယူ သုံးစွဲနိုင်သူ နည်းပါးလွန်းပြီး အင်တာနက် ကဖေး၊ ရုံးနှင့် ကုမ္ပဏီတို့လို အလုပ်ဌါနများတွင် သုံးစွဲကြရသည်။ ဒိုင်ရယ်အပ် စနစ်သုံး ကြိုတင်ပေး အင်တာနက်ကဒ် များကို သုံးစွဲလျင် တနာရီ အနည်းဆုံး ကျပ် ၅၀၀ ကျသင့်ပြီး ဖုန်းလိုင်း မအားဖြစ်ခြင်းနှင့် နှေးကွေးခြင်း တို့ကြောင့် သုံးစွဲသူအများစုမှာ တနာရီ ကျပ် ၃၀၀မှ ၅၀၀ ၀န်းကျင်ထိပေးရသော အင်တာနက် ကဖေးများတွင် သွားရောက်သုံးစွဲလျက်ရှိသည်။

မြန်မာနိုင်ငံသည် ဘရော့ဘန်းလို၊ ဒီအက်စ်အယ်လို အင်တာနက်လိုင်းတလိုင်းသွယ်ယူရန် အတွက် နိုင်ငံရေးနှင့် ကင်းရှင်းကြောင်း ကိုယ်တိုင်ဝန်ခံချက်၊ ပြစ်မှုကင်းရှင်းကြောင်း ရဲစခန်းထောက်ခံချက်နှင့် ရပ်ကွက်အေးချမ်းသာယာရေးကောင်စီ ထောက်ခံချက် တို့နှင့်အတူ ဒေါ်လာငွေ ၁၅၀၀မှ ၁၈၀၀ အကြား ပေးသွင်းရပြီး လစဉ်ကြေးအနေဖြင့် အနည်းဆုံး တလ ၃၅ဒေါ်လာမှ ကုမ္ပဏီများ ၊ အင်တာနက်ဆိုင်များကဲ့သို့ မြန်နှုန်းပိုမိုမြင့်မားသည့် အစီအစဉ်ဖြစ်လျင် ဒေါ်လာ ၁၀၀ နီးပါးအထိကျသင့်သည်။ ထိုသို့သော အချက်အလက်များကြောင့် မြန်မာနိုင်ငံသည် အရှေ့တောင်အာရှ နိုင်ငံများအနက် အင်တာနက် ဆက်သွယ်မှု ကွန်ရက် အညံ့ဆုံး နိုင်ငံတနိုင်ငံ ဖြစ်နေသည်။

မြန်မာနိုင်ငံ၏ အင်တာနက် ကွန်ရက်စနစ်သစ် မကြာမီပြီးစီးမည်

အင်တာနက် သုံးစွဲမှု ပိုမိုမြန်ဆန်စေပြီး နယ်မြို့အများအပြား သို့ပါ အင်တာနက်ဆက်သွယ်မှု ရောက်ရှိစေလိမ့်မည့် အင်တာနက် ဆက်သွယ်မှု စနစ်သစ်ကို လာမည့် ၂၀၁၀ ခုနှစ်အစတွင် ပြီးစီးလိမ့်မည်ဟု မကြာမီရက်ပိုင်းက ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့သည့် ရှင်းလင်းပွဲတခုတွင် ဆက်သွယ်ရေး ၀န်ကြီး ဗိုလ်မှူးချုပ် သိန်းဇော်က ပြောကြားခဲ့သည်။

ပြီးခဲ့သည့် နှစ်များက စတင် လုပ်ဆောင်နေခဲ့သည့် နယ်စပ်ဖြတ်ကျော်ပြီး သွယ်တန်းယူ မည့် ဖိုင်ဘာအော့ပတစ် (အလင်းဖန်မျှင်) အင်တာနက်လိုင်းများ ယခုနှစ်ကုန်ပိုင်းတွင်း ပြီးစီးမည်ဖြစ်သည်ဟု လည်းပြောဆိုသည်။ အိန္ဒိယနိုင်ငံမှ သွယ်ယူသည့် ဖိုင်ဘာအော့ပတစ်လိုင်းမှာ အိန္ဒိယမြန်မာနယ်စပ် တမူးမြို့မှ တဆင့် မန္တလေးတိုင်း ရတနာပုံ တယ်လီပို့ကို သွယ်တန်းပြီး တရုတ်နိုင်ငံမှ သွယ်ယူသည့် ဖိုင်ဘာအော့ပတစ် လိုင်းမှာ ရွှေလီ-မူဆယ်နယ်စပ်မှ ရတနာပုံ တယ်လီပို့သို့ပင် သွယ်တန်းမည်ဖြစ်သည်။ ထိုင်းနိုင်ငံမှ သွယ်ယူသည့် ဖိုင်ဘာ အော့ပတစ်လိုင်းမှာမူ တာချီလိတ်မှ တဆင့်ရန်ကုန်မြို့သို့ သွယ်တန်းမည် ဖြစ်သည်။

ယခင်က ဧရာဝတီတိုင်း ဖျာပုံမှ တဆင့်မြန်မာနိုင်ငံထဲသို့ ၀င်ရောက်လာသည့် ပင်လယ်ပြင်မှ တဆင့်သွယ်တန်းယူသည့် ဆီမီဝီ SE ME WE 3 အင်တာနက်ကျောရိုးလိုင်း ကို အဓိကအားကိုးခဲ့ရာမှ မကြာမီတွင် နယ်စပ်မှ တဆင့်သွယ်တန်းသည့် ဖိုင်ဘာ အော့ပတစ်လိုင်းများကို အစားထိုး သုံးစွဲခြင်းဖြင့် ယခင်ထက် ပိုမိုကျယ်သည့် လိုင်းပမာဏကို သုံးစွဲနိုင်မည် ဖြစ်ပြီး ၂၀၁၀ ခုနှစ်တွင် မြန်မာတနိုင်ငံလုံးအတွက် ကျောရိုး အင်တာနက် လှိုင်းအကျယ်ကို 4 Gbps အထိ ပေးဝေနိုင်မည်ဟု လည်းပြောဆိုခဲ့သည်။

ထိုကာလတွင် Dial Up သုံးစွဲသူ ၁သိန်းခွဲခန့် Broadband, ADSL,WiMax နှင့် iPstar သုံးစွဲသူ စုစုပေါင်း ၁သိန်း ၇သောင်းခန့်ရှိလိမ့်မည်ဟု ခန့်မှန်းထားကြောင်းလည်း ရှင်းလင်း တင်ပြခဲ့သည်။ ယခုလက်ရှိအချိန်တွင် ရန်ကုန်မြို့သည် မြန်မာနိုင်ငံအင်တာနက် ဆက်သွယ်မှု၏ အဓိက ပင်မဌါန ဖြစ်နေသော်လည်း ယခုနှစ်ကုန်ပိုင်း ဆက်သွယ်ပြီးစီးမည့် စနစ်သစ်တွင် နေပြည်တော်နှင့် ရန်ကုန် နှစ်နေရာကို အဓိကကျသည့် National Gateway နှစ်ခု အဖြစ်ထားရှိပြီး မန္တလေး၊ တောင်ကြီး၊ မော်လမြိုင်နှင့် အခြားမြို့ကြီးအများအပြားသို့ အင်တာနက် ဆက်သွယ်မှုကွန်ရက်ကို ဖြန့်ကျက်သွားမည် ဟု ရှင်းလင်းပြောဆိုချက်များ အရသိရှိရသည်။

ထိုစနစ်သစ်တွင် ရန်ကုန်-နေပြည်တော်-မန္တလေး သုံးမြို့တို့ကို မြန်နှုန်းမြင့် ဖိုင်ဘာအော့ပတစ် လိုင်းဖြင့် သွယ်တန်းထားရှိမည် ဖြစ်ပြီး ယခုလက်ရှိ ရန်ကုန်အခြေပြုထားသည့် အင်တာနက် ကျောရိုးစနစ်ကို ပြန်လည်ပြင်ဆင် သွယ်တန်းသွားမည့် သဘောလည်း ဖြစ်သည်ကို တွေ့ရှိရသည်။ ထိုသို့ပြန်လည် သွယ်တန်းရာတွင် လုံခြုံရေး ရှုထောင့်မှကြည့်ရှုပြီး ပိုမိုထိန်းချုပ်ရလွယ်ကူစေရန် လည်းပြုလုပ်ထားသည့် သဘောမျိုးတွေ့ရသည်ဟု ရှင်းလင်းပွဲ တက်ရောက်ခဲ့သူ တဦးကပြောဆိုသည်။

မြန်မာ့ ဆက်သွယ်ရေးဝန်ကြီးဌါန ကရှင်းလင်းတင်ပြသည့် တင်ပြချက်အတိုင်း လာမည့်နှစ်တွင် Dial Upနှင့် မြန်နှုန်းမြင့် အင်တာနက် သုံးစွဲသူ အရေအတွက် ၃သိန်းကျော်ရှိလာစေအောင် မည်သို့သော ဈေးကွက်နည်းဗျူဟာများ သုံးစွဲပြီး ချဲ့ထွင်မည်ကိုမူ ရှင်းလင်းတင်ပြခဲ့ခြင်း မရှိပေ။ မြန်မာနိုင်ငံသည် မြန်နှုန်းမြင့် အင်တာနက် လိုင်းတလိုင်း သွယ်တန်းဖို့အလို့ငှာ အမေရိကန်ဒေါ်လာ အနည်းဆုံး ၁၅၀၀ ကုန်ကျရမည် ဖြစ်သဖြင့် နိုင်ငံ၏ တဦးချင်းဝင်ငွေနှင့် နှိုင်းစာလျင် အလွန်မြင့်မားသည့် ပမာဏဖြစ်နေသည့် အတွက် လိုင်းဝယ်ယူနိုင်သူ အရေအတွက်မှာ ထောင်ဂဏန်း၊ သောင်းဂဏန်းပမာဏ ထက်ပိုမိုမြင့်တက်လာ နိုင်ခြင်း မရှိသေးသည်ကိုတွေ့ရှိရသည်။

သီတင်းကျွတ် အဖိတ် နေ. က ဖြစ်ပျက် ခဲ. တဲ. ကြေကွဲ စရာ အဖြစ်အပျက် လေးတစ်ခုပါ..


Source : Weekly Eleven Journal
စစချင်းကတော. ဘေးချင်းဘဲ တိုက် မိတာကို ညမှောင် နေတော. ကုန်ကားသမားက အရှိန်တင်ပြီးမောင်းပြေးဖို. ကြိုးစားတယ်...အဲဒီအချိန် မှာ ဘဲ ကားလေးကို ကုန် ကားကြီးက တက်ကြိတ် သလို ဖြစ် သွားပြိး မိသားစု ( ၅ ) ယောက် နဲ. အိမ်ဖော် ( ၁ ) ယောက် စုစုပေါင်း ( ၆ )
ယောက် သေဆုံးသွားတယ်....အဲဒီ ဗင်ကား လေးက ဘယ်လောက်ထိ ကြေမွ သွားလဲ ဆိုရင်အလောင်းတွေတောင် ပြားကပ် ပြီးသယ် လို. မရလို.အဲဒီနေရာ မှာ ဘဲ မီးသဂြိုလ် လိုက် ရတယ်၊

Wednesday, October 21, 2009

ရွှေဘို သားတို့ ရဲ့ ကထိန်ပဒေသာပင်တွင် ကွန်ပျူတာ၊ လေအေးပေးစက်တို့ပါဝင်

သဲသဲ ဧရာဝတီ .
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့မှ ကထိန်ပွဲတော်တွင် ကွန်ပျူတာ၊ လေအေးပေးစက်၊ ရေခဲသေတ္တာ၊ ဘီရို၊ စောင်၊ ခြင်ထောင် စသည့် ဘုန်းကြီးကျောင်း တကျောင်းတွင် အသုံးပြုသည့် ပစ္စည်းပစ္စယ အစုံအလင် ပါဝင်သော ပဒေသာပင်ကြီးများကို တွေ့နိုင်သည်။

တခြားဒေသများနှင့် မတူဘဲ တမူထူးခြားနေသည့် ထိုပဒေသာပင်များကို ဉာတ်မကြီးပဒေသာပင်ဟု ခေါ်ပြီး ကျပ်သိန်းပေါင်း ၂၅၀ မှ ၅၀၀ အကြားရှိ လှူဖွယ် ၀တ္ထုများ ပါဝင်သည်ဟု ဆိုသည်။

ရွှေဘိုရှိ ဘုန်းကြီးကျောင်း ၇၃ ကျောင်းအနက် တကျောင်းကိုသာ မဲနှိုက် ရွေးချယ်ပြီး တန်ဆောင်မုန်းလပြည့်နေ့ အရုဏ်တက်ချိန်တွင် ဉာတ်မကြီးပဒေသာပင်များကို သွားရောက် လှူဒါန်းလေ့ရှိသည်။

ယခုလ ၄ ရက်နေ့ (သီတင်းကျွတ်လပြည့်ကျော် ၁ ရက်နေ့) က ယခုနှစ်ကထိန် အတွက် ကြိုတင်မဲနှိုက်ခဲ့ရာ ကံထူးသည့် ကျောင်းမှာ ပြည်လုံးချမ်းသာကျောင်း ဖြစ်သည်ဟု စုပေါင်းကထိန်ပွဲအား ဦးစီးကျင်းပရေး ပင်မကော်မတီမှ တာဝန်ရှိသူ တဦးက ပြောသည်။

ယခင်က ဉာတ်မကြီးပဒေသာပင်များတွင် ပါဝင်မည့် လှူဖွယ်ဝတ္ထုများအတွက် အလှူရှင်တဦးတည်းက တာဝန်ယူခဲ့သည်။ သို့သော်လည်း မြို့သူ မြို့သားများ၏ စီးပွားရေး ကျဆင်းလာသဖြင့် အသင်းအဖွဲ့အလိုက် သို့မဟုတ် ရပ်ကွက်အလိုက်သာ တာဝန်ယူနိုင်ကြတော့သည်ဟု မြို့ခံများက ပြောသည်။

“ဒီနှစ်အတွက် ဉာတ်မကြီး ပဒေသာပင်ကိုတော့ အမှတ် ၄ ရပ်ကွက်က တာဝန်ယူပါမယ်” ဟု ကော်မတီဝင်တဦးက ပြောသည်။

တချို့နှစ်များတွင် ဉာတ်မကြီးပဒေသာပင် မဲပေါက်သည့် ကျောင်းမှ ကျောင်းထိုင် ဆရာတော်က သာသနာ့ဘောင်ကို စွန့်ခွာသွားသည်ဟု ရွှေဘိုမြို့သားတဦးက ဆိုသည်။ ထိုသို့ လူဝတ်လဲသွားသော သံဃာများမှာ ငယ်ရွယ်သူများ ဖြစ်လေ့ရှိသည်ဟု သိရသည်။

“ဉာတ်မကြီး ပဒေသာပင်ကို ရတယ် ဆိုရင် ထီဆုကြီး ပေါက်သလိုပဲလေ” ဟု ရွှေဘိုမြို့သားတဦးက ပြောသည်။

ရွှေဘိုတွင် တန်ဖိုးကြီး ဉာတ်မကြီး ပဒေသာပင်များသာမက တခြားမြို့များတွင် တွေ့ရသော ပဒေသာပင်များ ကိုလည်း တွေ့နိုင်သည်။ ထို သာမန် ပဒေသာပင်များကိုလည်း “မိုးပေါ်ကျ ကထိန် ပဒေသာပင်” နှင့် “ဘုံကထိန် ပဒေသာပင်” ဟူ၍ နှစ်မျိုးခွဲထားသည်။

မိုးပေါ်ကျ ပဒေသာပင်များကို စာသင်သား ရဟန်း အများစု ရှိသည့် ကျောင်းကို ဦးစားပေးပြီး လှူဒါန်းလေ့ရှိသည်ဟု သိရသည်။ စာသင်သား များသည့် ကျောင်းများကို အလှည့်ကျ လှူဒါန်းခြင်းဖြစ်သည်ဟု ဆိုသည်။

ဘုံကထိန် ပဒေသာပင်များကိုမူ မြို့ပေါ်ရှိ ကျောင်း ၇၃ ကျောင်းသို့ အချိုးကျ ခွဲဝေသည့် စနစ်ဖြင့် လှူဒါန်းကြကြောင်း ကော်မတီမှ တာဝန်ရှိသူတဦးက ပြောသည်။

ကထိန်ပွဲကာလတွင် ရွှေဘိုမြို့ လမ်းမတော်လမ်းမကြီးတလျှောက် မဏ္ဍပ်ပေါင်း ၃၀ ကျော် တွေ့နိုင်သည်။ ဉာတ်မကြီး ပဒေသာပင်များ ထားရှိမည့် မဏ္ဍပ်ကြီးများကို တခြားမဏ္ဍပ်များနှင့် မတူခြားနားစွာ စီစဉ်ထားသည်ဟု ဆိုသည်။

ရွှေဘိုမြို့သားတဦး ဖြစ်သူ ဒါရိုက်တာ အကယ်ဒမီ ကြည်စိုးထွန်းက တခြားမြို့များနှင့် မတူခြားနားသည့် ဓလေ့များရှိသည့် ရွှေဘိုမြို့အတွက် ဂုဏ်ယူသည်ဟု ဆိုသည်။

“ကျနော် အခုလို (အောင်မြင်တဲ့ ရုပ်ရှင်ဒါရိုက်တာတဦး) ဖြစ်လာရတာလည်း ကျနော့် ဒေသရဲ့ကျေးဇူးတွေ အများကြီး ပါတယ်။ ကျနော်တို့မြို့မှာ ဒီလိုဓလေ့တွေ ရှိတာ ဂုဏ်ယူတယ်၊ တခြား ထူးခြားတဲ့ ပွဲတော်တွေလည်း အများကြီး ရှိသေးတယ်” ဟု ဒါရိုက်တာ ကြည်စိုးထွန်းက ပြောသည်။

ရွှေဘိုကထိန်တွင် အပြောင်းအလဲတချို့ ဖြစ်ပေါ်နေသည်ဟု မြို့ခံများက ဆိုသည်။

ကျောင်းအလိုက်၊ ရပ်ကွက်အလိုက် အသင်းအဖွဲ့များက ပဒေသာပင်များကို ဘုန်းတော်ကြီး ကျောင်းများသို့ အိုးစည်၊ ဒိုးပတ် အက အခုန်များဖြင့် စည်ကားစွာ ပို့ဆောင်ခဲ့ကြသော်လည်း ယခုအခါ စည်ကားမှု နည်းပါးလာကြောင်း ရွှေဘိုမှ အမျိုးသမီးကြီးတဦးက ရှင်းပြသည်။

“ကျမတို့ ၁၆ နှစ်လောက်က ဆိုရင် သိပ်ပျော်ဖို့ ကောင်းတာ။ မြို့နားတ၀ိုက်က ရွာတွေဆိုရင် မဏ္ဍပ်တွေက များတော့ တနေကုန် ထမင်းချိုင့်နဲ့ လာကြည့်ကြတာ။ လူပျိုတွေက ပိဋိကတ်သုံးပုံတွေကိုင်၊ ပဒေသာပင်တွေ ထမ်း၊ အပျိုတွေကတော့ သင်္ကန်းတွေ လှူဖွယ်တွေ ကိုင်ပေါ့။ အခုနဲ့တော့ တခြားစီ ဖြစ်သွားပါပြီ” ဟု ၎င်းက ဆက်ပြောသည်။

၂၀၀၅ ခုနှစ်ခန့်မှ စတင်၍ စည်ပင်သာယာရေးဌာန ၀န်ထမ်းများက မဏ္ဍပ်နေရာ ရယူလိုသည့် အသင်းအဖွဲ့များ ထံမှ အခွန်ကောက်ခဲ့သောကြောင့် မဏ္ဍပ်အင်အား နည်းလာကြောင်း သိရသည်။

“ကျနော်တို့က မဏ္ဍပ်ထိုးပြီး လှူချင်တဲ့သူ လှူနိုင်အောင် စီစဉ်ထားတယ်။ အဓိကက ပွဲစည်ဖို့ပါပဲ။ ဒါကို ကော်မတီဝင်တွေ မသိအောင် ကြားကနေ ပိုက်ဆံတွေ တောင်းတော့ လှူချင်တဲ့သူက နေရာ ၀ယ်ရတဲ့သဘောပေါ့။ ပြောရရင် ရိုက်စား လုပ်သွားတာလေ” ဟု ကော်မတီဝင်တဦးက ပြောသည်။

မြန်မာပြည်မှ ဗုဒ္ဓဘာသာတို့၏ ထုံးတမ်း အစဉ်အလာအရ အကျင့်သီလ နှင့် ပြည့်စုံသော ရဟန်း၊ သံဃာများကို သီတင်းကျွတ် လပြည့်ကျော် ၁ ရက်နေ့မှ တန်ဆောင်မုန်း လပြည့်နေ့ အတွင်း ကပ်လှူ ပူဇော်သည့် သင်္ကန်းကို ကထိန်သင်္ကန်း ဟု ခေါ်ဆိုကြသည်။

ရွှေဘိုတွင် ဘုံကထိန်ပွဲတော်ကို ကျင်းပလာခဲ့သည်မှာ ၉၅ ကြိမ်မြောက် ရှိခဲ့ပြီဖြစ်သည်။ ဒုတိယ ကမ္ဘာစစ် နှင့် ၁၉၈၈ နိုင်ငံရေး အခြေအနေများကြောင့် ကထိန်ပွဲ ကျင်းပရန် ၃ ကြိမ် ပျက်ကွက်ခဲ့သည်ဟု ပွဲကျင်းပရေး ကော်မတီမှ တာဝန်ရှိသူတဦးက ဆိုသည်။

ရွှေဘိုသည် သမိုင်းဝင်မြို့ကြီးဖြစ်သည်။ တတိယ မြန်မာနိုင်ငံတော်ကို တည်ထောင်ခဲ့သူ အလောင်းမင်းတရားက မြန်မာသက္ကရာဇ် ၁၁၁၅ (ခရစ် သက္ကရာဇ် ၁၇၅၃-၅၄) ခုနှစ်တွင် ရွှေဘိုမြို့ကို မင်းနေပြည်တော်အဖြစ် သတ်မှတ်ခဲ့သည်။ ရွှေဘိုမြို့ ဖြစ်လာမည့် ဒေသကို ယခင်က မုဆိုးဖို၊ ရန်ကြီးအောင်၊ ကုန်းဘောင်၊ ရတနာသိင်္ခ ဟု ခေါ်ကြသည်။

မြ၀တီ ရဲများ မူးယစ်ရောင်းဝယ်မှုတွင် ပတ်သက်၍ အဖမ်းခံရ

ဘစောတင် .
ကရင်ပြည်နယ် မြ၀တီမြို့ နယ် မူးယစ်ဆေးဝါး တိုက်ဖျက် နှိမ်နင်းရေး ရဲအဖွဲ့မှ ရဲအရာရှိ (၃) ဦး အပါအ၀င် ရဲတပ်ဖွဲ့ဝင်များကို နေပြည်တော် စစ်ဖက်ရေးရာ လုံခြုံရေးအဖွဲ့ (စရဖ) က ပြီးခဲ့သည့် တနလာင်္နေ့တွင် ဖမ်းဆီး၍ စစ်ဆေးမှုများ ပြုလုပ်နေကြာင်း သတင်းရရှိသည်။

မြ၀တီမြို့ နယ်အတွင်းရှိ ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်ဖွဲ့(ဒီကေဘီအေ) ထိန်းချုပ်ရာ မယ်ထော်သလေး ရွာတွင် ရဲအုပ် အေးထွန်း ခေါင်းဆောင်သော မူးယစ်အရာရှိများက မြင်းဆေး(ယာဘ)သွားဖမ်းစဉ် မြင်းဆေး ရောင်း သူများထံမှ လာဘ်ငွေ ထိုင်းဘတ် ၇၀၀၀၀ ကိုရယူခဲ့သောကြောင့် ယခုကဲ့သို့ အဖမ်းခံရခြင်း ဖြစ် သည်ဟု မြ၀တီရဲစခန်းမှ ရဲဝန်ထမ်းတဦးက ပြောသည်။

“အရာရှိနှစ်ယောက်နဲ့ အခြားအဆင့်တယောက်ကို စရဖက ဖမ်းပြီးစစ်နေတယ်၊ ရဲတပ်ကြပ် ထွန်းအောင် က တော့ ထွက်ပြေးသွားတယ်”ဟု ၎င်းက ဆိုသည်။

အဆိုပါ လာဘ်စားမှုနှင့် အဖမ်းခံရသူများမှာ ရဲအုပ် အေးထွန်းနှင့် အတူ ဒု ရဲအုပ် စိုးနိုင်ဝင်း၊ ရဲတပ်ကြပ်ကြီး ဟန်သိန်းဦးတို့ ဖြစ်ကြောင်း၊ ယင်းအမှုနှင့် ဆက်နွယ်သော ရဲတပ်ကြပ် ထွန်းအောင်နှင့် ရဲတပ်သား တဦးမှာ ခြောက်လုံးပြူး သေနတ် တလက်နှင့်အတူ ထွက်ပြေးတိမ်းရှောင် သွားခဲ့ကြကြောင်း သိရသည်။

အလားတူ မြ၀တီမြို့ နယ်မှူးဟောင်း ဒု ရဲမှူး တင့်လွင်ကိုလည်း ဖမ်းဆီးထားသည်ဟု မြ၀တီမြို့ ခံ တဦးက ပြောပြသည်။

“ဒီမှာ မာဆတ် (အနှိပ်ခန်း)တွေက အများကြီးရှိတယ်၊ တလ ကို ဆယ်ပုံး(ကျပ် ၁၀ သိန်း)ပေးရတယ်၊ အဲသလို ၀ါးခဲ့တာက အခုအမှုဖြစ်တော့ သူ့ ကိုလည်း ဖမ်းတော့တာပဲ”ဟု မြ၀တီမြို့ခံက ဆိုသည်။

၎င်း ဒု ရဲမှူး တင့်လွင်သည် ယခုအဖမ်းခံရချိန်တွင် မြ၀တီမြို့ မှ ဖာပွန်မြို့ သို့ ပြောင်းရွှေ့ တာဝန်ထမ်းဆောင် နေချိန် ဖြစ်သည်ဟုလည်း ၎င်းက ပြောသည်။

ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦး တရုတ် ဒုဝန်ကြီးချုပ်နှင့်တွေ့

ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦးနှင့် တရုတ် ဒုဝန်ကြီးချုပ် Li Keqiang (ဓာတ်ပုံ - ဆင်ဟွာ)
ရန်ပိုင် .
တရုတ်နိုင်ငံ နန်ကျင်းမြို့တွင် ကျင်းပမည့် တရုတ်- အာဆီယံ စီးပွားရေး ရင်းနှီးမြုပ်နှံမှု ထိပ်သီး အစည်းအဝေးသို့ သွားရောက်သည့် စစ်အစိုးရ ခေါင်းဆောင် တဦးဖြစ်သူ ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦးသည် ယနေ့တွင် တရုတ်နိုင်ငံ၏ ဒု ၀န်ကြီးချုပ် Li Keqiang နှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။

အတွင်းရေးမှူး(၁) ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦးသည် တရုတ် ဒု ၀န်ကြီးချုပ်နှင့် တွေ့ဆုံရာတွင် နှစ်နိုင်ငံ နယ်စပ်ဒေသများ လုံခြုံမှုနှင့် တည်ငြိမ်မှုရှိ စေရန်အတွက် အတူတကွ ပူးပေါင်းလုပ်ဆောင်မည်ဟု သဘောတူညီကြောင်း ဆင်ဟွာသတင်းတွင် ဖော်ပြထားသည်။

“တရုတ်နဲ့ မြန်မာနှစ်နိုင်ငံစလုံး နယ်စပ်ဒေသတည်ငြိမ်ရေးအတွက် အတူတကွ ပူးပေါင်းဆောင်ရွက်သင့်တယ်၊ ဒါဟာနှစ်နိုင်ငံလူထုအတွက် အခြေခံအကျဆုံးဖြစ်တယ်”ဟု တရုတ်နိုင်ငံ၏ ဒုတိယ ၀န်ကြီးချုပ်ကပြောကြား ကြောင်း သိရသည်။

ထို့အပြင် မြန်မာနိုင်ငံ၏ စီးပွားရေးတည်ဆောက်မှု နှင့် ဖွံဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် ဆက်လက် အကူ အညီပေးသွားမည်ဖြစ်ကြောင်းလည်း ၎င်းက ပြောကြားသွားသည်ဟု ဆင်ဟွာက ဆိုသည်။

နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းနှင့် တခြားသော အစိုးရအဖွဲ့ဝင် ၀န်ကြီးများပါ လိုက်ပါသွားခဲ့သော ဗိုလ်ချုပ်ကြီး သီဟသူရတင်အောင်မြင့်ဦး၏ ယမန်နေ့က စတင်သည့် ခရီးစဉ်သည် သြဂုတ်လအတွင်းဖြစ်ပွားခဲ့သည့် ကိုးကန့်တိုက်ပွဲများပြီးဆုံးပြီး နောက် အဆင့်မြင့်စစ်အစိုးရ အဖွဲ့ဝင် တဦး တရုတ်နိုင်ငံသို့ စတင်သွားရောက်ခြင်းဖြစ်သည်။

တရုတ်နိုင်ငံအနေဖြင့် ပြည်တွင်း စွမ်းအင်လိုအပ်ချက် ပမာဏကြီးမားသောကြောင့် မြန်မာနိုင်ငံ ရခိုင်ကမ်းလွန်မှ ထွက်ရှိလာမည့် သဘာဝဓာတ်ငွေ့များအား နယ်စပ်ဒေသများကို ဖြတ်၍တရုတ်နိုင်ငံ ယူနန်ပြည်နယ်သို့ သယ်ယူ မည်ဖြစ်သည့်အတွက် နယ်စပ်ဒေသတည်ငြိမ်ရေးကို အထူးလိုလားနေခြင်းဖြစ်ကြောင်း တရုတ်နိုင်ငံ ကူမင်းမြို့ရှိ ဗမာပြည်ကွန်မြူနစ်ပါတီမှ ဒေါက်တာလှကျော်ဇော က ပြောသည်။

“တရုတ်က သူ့နယ်စပ်မှာ နောက်ထပ်လက်နက်ကိုင်တိုက်ပွဲတွေ ထပ်ပြီး မပေါ်စေချင်ဘူး၊ စစ်အစိုးရကလည်း တရုတ် အစိုးရ နဲ့ ဆက်ဆံရေးက အရေးကြီးတယ်”ဟု ၎င်းက ဆိုသည်။

ပြီးခဲ့သည့် သြဂုတ်လအတွင်းက တရုတ်နယ်စပ်ရှိ ကိုးကန့်ဒေသတွင် စစ်အစိုးရနှင့် ဦးဖုန်ကျားရှင် ဦးဆောင်သည့် ကိုးကန့်အပစ်ရပ်အဖွဲ့(MNDAA)တို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ရာတွင် စစ်အစိုးရ၏ လက်နက်ကြီးကျည်များ တရုတ် နိုင်ငံ အတွင်းသို့ ကျရောက်ခဲ့သောကြောင့် တဦးသေဆုံးကာ နှစ်ဦးဒဏ်ရာ ရရှိခဲ့ပြီး တချို့သော တရုတ်လူမျိုး များလည်း ရိုက်နှက်ခံရမှု ရှိခဲ့သည်။

ထို့အပြင် စီးပွားရေးလုပ်ငန်းများ ဆုံးရှုံးခဲ့ရသည့်အတွက် လင်ချန်ဒေသ အာဏာပိုင်များက လျော်ကြေးအဖြစ် တရုတ်ယွမ်ငွေ သန်း ၂၈၀ တောင်းခံခဲ့သည်။

တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံသည် ၁၉၆၇ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် တရုတ်မြန်မာအရေးအခင်းကြောင့် နှစ်နိုင်ငံ ဆက်ဆံရေး ခေတ္တ ပျက်ပြားခဲ့သည်။ ၁၉၈၈ ခုနှစ် စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်းတွင် တရုတ်နိုင်ငံသည် စစ်အစိုးရနှင့် ဆက်ဆံရေး ပြန်လည်ကောင်းမွန်လာကာ စီးပွားရေးနှင့် လက်နက် အဓိက ထောက်ပံ့သော နိုင်ငံ ဖြစ်လာသည်။

ကိုယ်ပျောက်ထီးနှင့်ပူးတွဲတပ်ချုပ်ကြီးမောင်အေး

၂၀၀၉ အောက်တိုဘာလ၂၀ ရက် အင်္ဂါနေ့ ထုတ်သတင်းစာမျက်နှာဖုံးများတွင်တရုတ်ပြည်သို့  ထွက်ခွာသွားသောဗိုလ်ချုပ်ကြီးတင်အောင်မြင့်ဦးအား
တပ်ချုပ်ကြီးနှင့် အတူပို့ ဆောင်နှုတ်ဆက်စဉ်ပူးတွဲတပ်ချုပ်ကြီး မောင်အေး အား ကိုယ်ပျောက်ထီးသုံး သည် ကို ထင်ထင်ရှားရှား ဖြစ်အောင် ဖေါ်ပြခဲ့ပါတယ်။

အင်တာနက်ကြည့်ခတွေဈေးပေါပြီ....

တောင်ဒဂုံဆိပ်ကမ်း တချို့ အင်တာနက်ကြည့်ခတွေတနာရီ ကို ၂၀၀ ကျပ် တဲ့ ဒါဆို ဈေးပေါပြီ....ဝမ်းမြောက်ဝမ်းသာကြိုဆိုပါ၏..
တချို့ နိုင်ငံကလွဲလို့  နိုင်ငံတကာမှာမရသေးဘူး.

အရိပ်...

ငယ်စဉ်က ကျောင်း တက်တော့ မူလတန်းကို ပုသိမ်မြို့  ယိုးဒယားကုန်းလမ်း အမှတ် ၉ အခြေခံပညာမူလတန်းကျောင်းတက် ခဲ့ပြီး အထက်တန်းကို အမှတ် ၅ အခြေခံပညာအထက်တန်းကျောင်း မှာတက် ခဲ့တာမှာ မိန်းကလေး သူငယ်ချင်း အပေါင်းအသင်းရယ် လို့  မရှိခဲ့လို့ လားမသိ...၁၉၉၃ ဖေဖော်ဝါရီလ ၁၆ ရက် နေ့  ရန်ကုန်စက်မှုတက္ကသိုလ် ကျောင်းရောက်တော့ ပထမနှစ်မှာ အတန်း ထဲမှာ မိန်းကလေး တစ်ယောက် မှ မပါ..ဒီလိုနဲ့  ဒုတိယနှစ်ရောက်တော့ အတန်း ထဲမှာ မိန်းကလေး နှစ်ယောက် ပဲရှိတယ်...ဒါနဲ့  တတိယနှစ်မေဂျာတွေရောက်တော့ မိန်းကလေး မပါတဲ့ ရေနံအင်ဂျင်နီယာဘာသာရပ် တဲ့...ဒီလိုနဲ့ ကျောင်းပြီးတော့ မန်းရေနံမြေရောက်တော့ အလုပ်လုပ်တဲ့ နေရာနဲ့  နေထိုင်တဲ့ ဝင်းထဲကို မိန်းကလေး မဝင်ရ စည်းကမ်းနဲ့  ဆိုတော့...ဖြတ်သန်းခဲ့သမျှ အရိပ်ကြောင့်လားမသိ..တခါတရံ အရေးအသား တစ်မျိုးဖြစ်မယ်ထင်ပါရဲ့ ....

Tuesday, October 20, 2009

(ဆရာ စံဇာဏီဘိုနှင့် မေးမြန်းချက်)

အင်တာဗျူး
နန်းဒေဝီ
ဆရာ စံဇာဏီဘိုက ၂၀၁၀ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်နေ့တွင် ဖြစ်ပေါ်မည့် မြန်မာနိုင်ငံတွင် အကြာမြင့်ဆုံး နေကြတ်မှု (နေအရစ်ကြတ်မှု) သည် ဆိုးကျိုးဖြစ်ထွန်းမည်မဟုတ်ဟု ဆိုသည်။ မြန်မာနိုင်ငံ အလယ်တည့်တည့်မှ ဖြတ်သန်းသွားမည့် နေအရစ်ကြတ်မှု ဖြစ်စဉ်တွင် မုံရွာနှင့် ရွှေဘိုမြို့များပေါ်က ဖြတ်သွားမည်ဖြစ်ပြီး ပုဂံ၊ ညောင်ဦး၊ ပုပ္ပါး၊ မန္တလေး၊ စစ်ကိုင်း အပါအဝင် မြို့ ၁၇ မြို့မှ ကောင်းစွာ မြင်ရမည်ဖြစ်သည်။

နေအရစ်ကြတ်တာကို မြင်ရမယ့် အလယ်ပိုင်းဒေသတွေမှာ ဗေဒင်၊ နက္ခတ်ပညာအမြင်နဲ့ ဘယ်လို အယူအဆမျိုး ရှိပါသလဲ။

အရင်တုန်းကတော့ ဒီလိုနေကြတ်တာမျိုး တွေ့မြင်ရတဲ့ နိုင်ငံ၊ မြို့တွေအနေနဲ့က အထူးသဖြင့် မြန်မာနိုင်ငံလိုက ဆိုးကျိုးလို့ တစိုက်မတ်မတ် ယူလာခဲ့တယ်။ ဆိုးကျိုးဆိုတာက အုပ်ချုပ်တဲ့လူတွေအတွက် မကောင်းသလို၊ လက်အောက်ခံ တိုင်းပြည်သူတွေအတွက်လည်း မကောင်းဘူး။ ဆန်၊ ရေ၊ စပါး၊ ဒီလိုအခက်အခဲ ရှိတတ်တယ်ဆိုတဲ့ ရှေးအယူအဆ ရှိတယ်။ သူတယောက်ထဲ ဆိုးပြီး၊ တယောက်ထဲ ကောင်းဆိုတာမျိုး မဟုတ်ဘဲနဲ့ အားလုံးပေါ့။ လူတွေအားလုံးအတွက် မကောင်းတဲ့၊ ဆိုးတဲ့ ယာယီဖြစ်ပေါ်မှုလို့ နိမိတ်ဖတ်ကြတာပေါ့လေ။

ကြာမြင့်ချိန်က ၁၀ မိနစ်ဆိုတော့ ဒီအပေါ်မှာရော ဘယ်လိုအဓိပ္ပာယ် ကောက်ယူနိုင်ပါသလဲ။

သူက လောင်တီကျူ မျဉ်းကြောင်းတခုကို ဖြတ်သန်းရင် ၄ မိနစ်ကြာတယ်။ ၁၀ မိနစ်ဆိုတော့ မျဉ်းကြောင်း ၂ ခုကို ဖြတ်တယ်ဆိုတော့ ကျနော်တို့ခေါ်တာ ၂ အံစာခေါ်တာပေါ့။ ၂ ဒီဂရီနဲ့ တဝက်ဆိုတော့ နည်းနည်းကြာတာပေါ့။ ကြာမြင့်မှု အတိုင်းအတာများရင် ဆိုးတဲ့ သဘော၊ ပိုအားများတဲ့ သဘော ရှိတာပေါ့။

၂၀၁၀ ကိုတော့ ကျနော်တို့ရော၊ တကမ္ဘာလုံးက ကောင်းတဲ့နှစ်လို့ ကျနော်တို့ မယူဆထားကြပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ၂၀၁၀ နေကြတ်တာထက်ဆိုးတာက ၂၀၁၀ ကျော်ပြီး ၁၄ ရက်ကျော်ပြီးရင် ကျားနှစ်ရောက်ပြီ။ ကျားနှစ်တွေကတော့ တိုင်းပြည်တွေမှာ အကြီးအကျယ်အုံကြွမှုတွေ၊ နိုင်ငံအစိုးရ ပြောင်းလဲတာတွေ၊ ကမ္ဘာကြီးမှာ ဒုက္ခအန္တရာယ် ဖြစ်တာတွေ ရှိတတ်တယ်။

The end of the world. အဲဒါကို ကျနော်တို့ ဗေဒင်ဆရာတွေက စိတ်ဝင်တစားနဲ့ လေ့လာနေကြတာ။ အယူသည်းမှုနဲ့ မဆိုင်ဘူး။ သိပ္ပံပညာရှင်တွေကိုယ်တိုင်က လက်ခံထားတာ။ အဲဒါကို ပိုပြီး စိတ်ဝင်စားပါတယ်။

နေကြတ်မှုဖြစ်စဉ် ကြည့်ရှုရန် ကြိုတင်ခရီးစဉ်များ

နန်းဒေဝီ
၂၁ ရာစုတွင် အချိန်အကြာဆုံး နေကြတ်မှု ဖြစ်စဉ်ကို မြန်မာနိုင်ငံ အလယ်ပိုင်း ဒေသများ၌ တွေ့မြင်ရမည်ဖြစ်ရာ မြန်မာ့ခရီးသွား အေဂျင်စီများအနေဖြင့် အုပ်စုလိုက် နိုင်ငံခြား ခရီးသွားများ လာကြည့်နိုင်ရေးအတွက် ခရီးစဉ်များ ရေးဆွဲရန် နောက်ကျနေပြီဟု ခရီးသွားအေဂျင်စီများက ဆိုသည်။

ယခုလ ၁၆ ရက်နေ့တွင် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များ အသင်းက နိုင်ငံခြား ခရီးသွားများ လာကြည့်နိုင်ရန် ခရီးစဉ်များ ရေးဆွဲနိုင်ကြောင်း အေဂျင်စီများသို့ ထုတ်ပြန် ကြေညာခဲ့ရာ၊ အုပ်စုလိုက် ခရီးသွားများအတွက် ပြင်ဆင်ရန် အချိန်နှောင်းနေသဖြင့် တဦးချင်းအတွက်သာ ဖြစ်နိုင်တော့ကြောင်း ပြောဆိုခြင်း ဖြစ်သည်။

“Package Tour (အုပ်စုလိုက် ခရီးစဉ်) က တနှစ်လောက် ကြိုတင် ပြင်ဆင်ရတာပါ။ တဖက်က Tour အော်ပရေတာတွေ လက်မှတ်ကြိုတင်ရောင်း၊ ဘုတ်ကင်တွေ လုပ်ရမယ်။ ဒီဘက်မှာလည်း ချိတ်ပေါ့။ အခုသိတဲ့အချိန်မှာ တော်တော် နောက်ကျနေပြီ။ FIT (Foreign Independent Tour) တဦးချင်းစီလောက် လာမယ့်ဟာပဲ မျှော်ရမှာ” ဟု ရန်ကုန်ရှိ နာမည်ကြီး ခရီးသွားလုပ်ငန်း အေဂျင်စီတခု၏ Package Tour ယူနစ်မှ တာဝန်ရှိသူတဦးက ပြောသည်။

ရန်ကုန်အခြေစိုက် အပြည်ပြည်ဆိုင်ရာ နိုင်ငံခြားခရီးသွားလုပ်ငန်း လုပ်ကိုင်နေသည့် Asia Wave Travel နှင့် Nice Fair ကုမ္ပဏီတို့မှ တာဝန်ရှိသူများအနေဖြင့် နေကြတ်မှုဖြစ်စဉ်အတွက် Package Tour ကြိုတင်ပြင်ဆင်ရန် အကြောင်းကြားမှုပင် မရရှိသေးကြောင်း ပြောဆိုကြသည်။

မြန်မာ့ခရီးသွားလုပ်ငန်း၏ အထူးရာသီ လများဖြစ်သည့် အောက်တိုဘာလမှ ဧပြီလအတွက် Package Tour လာရာက်လိုသူများအတွက် ပြီးခဲ့သည့်နှစ် အထူးရာသီလများတွင် ရောင်းချခဲ့သည့် ဈေးနှုန်းများအတိုင်း လုပ်ဆောင်ပေးသွားမည် ဖြစ်ကြောင်းနှင့် နေကြတ်မှုဖြစ်စဉ်အတွက် အထူးဈေးနှုန်းများ လျော့ချခြင်း၊ တိုးမြှင့်ခြင်းများ မရှိကြောင်း သိရသည်။

နေကြတ်မှုဖြစ်စဉ်ကို လာမည့်နှစ် ဇန်နဝါရီလ ၁၅ ရက်နေ့တွင် အလယ်ပိုင်းဒေသ မုံရွာနှင့် ရွှေဘိုမြို့ အပါအဝင် အထင်ကရမြို့များဖြစ်သည့် ပုဂံ၊ ညောင်ဦး၊ ပုပ္ပါး၊ မန္တလေးတောင်နှင့် စစ်ကိုင်းတောင် စသည့် မြို့နယ် ၁၇ မြို့နယ်တွင် တွေ့မြင်ရမည်ဖြစ်သည်။ နေကြတ်မှုဖြစ်စဉ်ကို နံနက်ပိုင်း ၈ နာရီခွဲ ၈ နာရီ ၄၀ မိနစ်အထိ ၁၀ မိနစ်ကြာ မြင်တွေ့ရမည်။

မြန်မာနိုင်ငံ နေကြတ်မှုဖြစ်စဉ်ကို လာရောက်ကြည့်ရှုမည့် နိုင်ငံခြားသား ခရီးသွားများအနေဖြင့် အရေအတွက် နည်းနိုင်ကြောင်း အေဂျင်စီများက ဆိုသည်။

“တခြားနိုင်ငံတွေမှာလည်း ဒီနေကြတ်တာကို မြင်ရမှာဆိုတော့ တခြားနိုင်ငံတွေကိုပဲ ရွေးချယ်ဖို့ များပါတယ်။ သူတို့မှာက ဒီကိစ္စအတွက် ဈေးကွက်ဗျူဟာတွေ အများကြီးလုပ်နိုင်တယ်။ ဒါကြောင့် မြန်မာပြည်လာဖို့တော့ သိပ်မထင်ဘူး” ဟု အမည်မဖော်လိုသူ ခရီးသွားအေဂျင်စီက တာဝန်ရှိသူ တဦးက ပြောသည်။

မြန်မာ့ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ဝန်ကြီးဌာန စာရင်းများအရ ၁၉၉၂ ခုနှစ်မှ စတင်ကာ မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်သည့် နိုင်ငံခြားသား ခရီးသွားဧည့်သည်မှာ ဦးရေ ၇ သိန်းခွဲထက် နည်းကြောင်း သိရသည်။

၂၀၀၆ ခုနှစ်အတွင်း ခရီးသွားဧည့်သည် ၆ သိန်းခန့် လာရောက်မည်ဟု ခန့်မှန်းခဲ့သည်။ သို့သော် ရွှေဝါရောင် သံဃာ-လူထု လှုပ်ရှားမှုအပြီးနှင့် နာဂစ်မုန်တိုင်း တိုက်ခတ်မှုအပြီးတွင် လာရောက်လည်ပတ်သူ အရေအတွက်မှာ သိသာစွာ ကျဆင်းခဲ့သည်။

၂၀၀၈ ခုနှစ်အတွင်း ဧည့်သည်ပေါင်း ၂ သိန်း ၆ သောင်းကျော် ဝင်ရောက်လာခဲ့ပြီး၊ ခရီးသွားလုပ်ငန်းမှ ရရှိသည့် ဝင်ငွေမှာ အမေရိကန်ဒေါ်လာ ၁၆၅ သန်းရှိကြောင်း မြန်မာ့ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ဝန်ကြီးဌာန ထုတ်ပြန်ချက် စာရင်းက ဆိုသည်။

ဝန်ကြီးဌာနက မြန်မာ့ခရီးသွားလုပ်ငန်း ပိုမိုတိုးမြှင့် လုပ်ဆောင်သည့် အနေဖြင့် ယခုနှစ် အောက်တိုဘာနှင့် နိုဝင်ဘာအတွင်း ကျင်းပမည့် စင်္ကာပူနှင့် လန်ဒန်ခရီးသွား ပြပွဲများကို မြန်မာနိုင်ငံမှ ခရီးသွားလုပ်ငန်းရှင်များ တက်ရောက်ခြင်းဖြင့် မြန်မာ့ခရီးသွားလုပ်ငန်းကို ဆွဲဆောင်သွားမည်ဟု ပြီးခဲ့သည့်လ ၁၆ ရက်နေ့တွင် မြန်မာ့ခရီးသွားလုပ်ငန်း ဈေးကွက်မြှင့်တင်ရေး ကော်မတီ MMC က ဆိုသည်။

စင်္ကာပူနိုင်ငံတွင် ယခုလ ၂၁ ရက်နေ့မှ ၂၃ ရက်နေ့အတွင်း ၃ ရက်ကြာ ပြုလုပ်မည့် ITB Asia 2009 ခုနှစ် ခရီးသွားပြပွဲကို မြန်မာနိုင်ငံမှ MAI ခေါ် အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်း အပါအဝင် ခရီးသွားလုပ်ငန်းဆိုင်ရာ ကုမ္ပဏီ ၁၁ ခု တက်ရောက်မည်ဖြစ်သည်။

“စင်္ကာပူမှာရှိတဲ့ MAI ရုံးခွဲကနေ ပြပွဲကို သွားမှာပါ။ လောလောဆယ် ပြေးဆွဲနေတဲ့ နိုင်ငံတကာ ခရီးစဉ်တွေ မလေးရှား၊ စင်္ကာပူ၊ မကြာခင်က အသစ်ဖွင့်လိုက်တဲ့ ဗုဒ္ဓဂါယာ ခရီးစဉ်တွေကို သွားရောက်ပြသမှာ ဖြစ်ပါတယ်။ ရလဒ်ကတော့ MAI အနေနဲ့ မြန်မာနိုင်ငံအနေနဲ့ ဒီလိုခရီးစဉ်တွေ ရှိတယ်ဆိုတာ အသိပေးနိုင်တာပါ” ဟု MAI မှ ဈေးကွက် စီမံခန့်ခွဲရေး တာဝန်ခံ က ပြောသည်။

အလားတူ မြန်မာနိုင်ငံတွင် နိုင်ငံတကာအဆင့်မီ ဟိုတယ်များကို အက်ဒမန်ပင်လယ်ရှိ St.Luke ကမ်းခြေနှင့် မြန်မာနိုင်ငံ တောင်ဘက်ရှိ မြိတ်ကျွန်းစုတွင် အပမ်းဖြေဟိုတယ်များကို အဆင့်မြင့် တိုးချဲ့ဆောက်လုပ်မည့်အပြင်၊ ဧရာဝတီတိုင်းရှိ ငွေဆောင်ကမ်းခြေအထိ လေကြောင်းခရီးဖြင့် သွားနိုင်ရန် ရေးဆွဲနေသည်။

မြန်မာ့ခရီးသွား လုပ်ငန်းများကို တိုးချဲ့လုပ်ဆောင်နေသော်လည်း ၂၀၁၀ ခုနှစ်တွင် ယခင်ကဲ့သို့ပင် ပုံမှန်လည်ပတ်ရန် မဖြစ်နိုင်သေးကြောင်း ခရီးသွား ကုမ္ပဏီတချို့က ဆိုသည်။

“၂၀၀၇၊ ၂၀၀၈ ထက်စာရင်တော့ ၂၀၁၀ တော့ နည်းနည်း တက်လာနိုင်ပါတယ်။ ဒါပေမဲ့ ခရီးသွား ကုမ္ပဏီတွေအနေနဲ့က destination marketing (မြန်မာပြည်ကို ပိုသိအောင်) လုပ်ဆောင်နိုင်ဖို့ဆိုတာ အားနည်းနေပါသေးတယ်” ဟု ခရီးသွားကုမ္ပဏီမှ တာဝန်ရှိသူ တဦးက ဆိုသည်။

မြဝတီ လောင်းကစားဝိုင်းများ

ဘစောတင်
.ထိုင်း - မြန်မာ နယ်စပ်၊ မြ၀တီမြို့ရှိ ဟေမာန်ဦးနှင့် မိကျောင်းကုန်း ဘုန်းတော်ကြီး ကျောင်းတို့တွင် ယခုလဆန်းပိုင်းမှ စတင်ကာ ဘုန်းကြီးကျောင်း ရန်ပုံငွေဟု ခေါင်းစဉ်တပ်၍ လောင်းကစား ၀ိုင်းများ ပြုလုပ် ငွေရှာလျှက်ရှိကြောင်း သိရှိရသည်။

မြ၀တီမြို့ခံတဦးက “ကျနော်တို့မြို့မှာ လောင်းကစား လုပ်တာက သိပ်တော့ မဆန်းတော့ဘူးဗျာ၊ ဒါပေမယ့် ဘုန်းကြီးကျောင်းမှာ ကျောင်းရန်ပုံငွေအတွက်ဆိုပြီး လုပ်တာကတော့ အရမ်းကို အရုပ်ဆိုးတယ်” ဟု ပြောသည်။

အဆိုပါ ဘုန်းတော်ကြီးကျောင်းများတွင် အနီထောင်ဝိုင်း (လေးကောင်ဂျင်)၊ ဖဲဝိုင်း၊ အံစာဝိုင်းနှင့် ဘောလုံး လောင်းကစားဝိုင်းများ ပြုလုပ်ကြောင်း၊ ထိုသို့ လောင်းကစားဝိုင်းများ ပြုလုပ်သဖြင့် မူးယစ်သောက်စား ခြင်းများလည်း ပါလာကြောင်း၊ လောင်းကစားဝိုင်းများမှ ရရှိသော အကောက်ငွေများကို ဘုန်းတော်ကြီးများ ကိုယ်တိုင် လက်ခံ ရယူကြောင်းနှင့် ဘုန်းကြီးကျောင်း ဆောက်လုပ်ရန်အတွက်ဟု အကြောင်းပြကာ ယခုကဲ့သို့ ငွေရှာနေခြင်း ဖြစ်ကြောင်း ဟု ပြောဆိုသည်။

မြဝတီမြို့တွင် နေရာတိုင်း၌ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်ဖွဲ့ (DKBA) က ဦးစီးသည့် လောင်းကစားဝိုင်းများကို
အာဝါဒေးလို့ခေါ်တယ်၊ ဘုန်းကြီးတွေ လုပ်တာကိုတော့ ရန်ပုံငွေ ပွဲလို့ခေါ်တယ်။ မြ၀တီမှာက ကထိန်ခင်း ရှင်ပြုတာတောင် လောင်းကစားပွဲပါမှ စည်တာ” ဟု ပြောသည်။

ဒိုင်လုပ်သူက အမြတ်ငွေ၏ ၁၀ ရာခိုင်နှုန်း ကောက်ခံရရှိကြောင်း ပြောပြသည်။

“ တနေ့ကို အကောက်က ကျပ် သိန်း ၃၀၊ ၄၀ လောက် ရတယ်၊ အဲဒါအနည်းဆုံးပဲ။ ကစားကြေးတွေကလည်း သိန်းရာဂဏန်းကနေ ထောင်ချီနေတာ” ဟု ၎င်းက ဆိုသည်။

လောင်းကစားဝိုင်းများသို့ ကုန်သည်ပွဲစားများ၊ DKBA တပ်ဖွဲ့ဝင်များ၊ အာဏာပိုင်များမှ အစ လူငယ်လူရွယ် ကျောင်းသားငယ်များအထိ ဝင်ရောက် ကစားလေ့ရှိကြောင်း သိရသည်။

လောင်းကစားပွဲမှာ ရှုံးတဲ့သူက ပါလာတဲ့ ကားတို့၊ ဆိုင်ကယ်တို့ စက်ဘီးတို့ကို ပေါင်ကြတာပေါ့၊ အဲဒီလို ပေါင်တဲ့ထဲမှာ ကိုယ်ပိုင်ပါသလို တချို့လည်း ခဏငှားလာတာတွေ ပါတယ်။ အဲဒီပြဿနာ နေ့တိုင်း ရှိတယ်” ဟု ပြောသည်။

မြ၀တီနှင့် မဲဆောက်နယ်စပ်တွင် ဆိုင်ကယ်များ စက်ဘီးများ မကြာခဏ ပျောက်ရှလျှက် ရှိသည်ဟုလည်း သူက ဆိုသည်။

ရွှေတူးနေသည့် တရုတ်နိုင်ငံသားများအား ဖမ်းဆီး ရွှေတူးစက်ယန္တရားများ တရုတ်နိုင်ငံသို့ ပြန်သယ်ခွင့်မပြု

ရွှေတူးစက်ယန္တရားများ တရုတ်နိုင်ငံသို့ ပြန်သယ်ခွင့်မပြု
ပေါက်ပေါက်

ယခုနှစ် ပွင့်လင်းရာသီအတွင်း မေခနှင့် မလိခမြစ်တလျှောက် အပါအဝင် ကချင်ပြည်နယ်အတွင်း ရွှေတွင်းများတွင် ရွှေတူးဖော်ရှာဖွေရာ၌ အသုံးပြုနေသည့် တရုတ်နိုင်ငံဘက်မှ စက်ယန္တရားများကို တရုတ်ပြည်ဘက်သို့ ပြန်လည် သယ်ယူသွားခွင့်မရှိကြောင်း ကချင်ပြည်နယ်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (ပယက) က တရားဝင် ပြောဆိုလိုက်သည်။

ယခုလ (၆) ရက်တွင် ကချင်ပြည်နယ် ပယကရုံး၌ ကချင်ပြည်နယ်အတွင်းမှ ရွှေလုပ်ငန်းရှင် (၅ဝ) ခန့်အား ပယက အတွင်းရေးမှူးက ခေါ်ယူတွေ့ဆုံစဉ်တွင် စက်ယန္တရားများကို တင်သွင်းခွင့်ပြုကြောင်း၊ သို့သော် ပြန်လည်သယ်ယူ၍မရကြောင်း၊ တရုတ်နိုင်ငံသား ရွှေတူးအလုပ်သမားများကို ရွှေတူးခွင့်ပေးတော့မည်မဟုတ်ကြောင်း ပြောကြားခဲ့သည်ဟု အစည်းအဝေး တက်ရောက်ခဲ့သူ မြစ်ကြီးနားမြို့မှ ရွှေလုပ်ငန်းရှင်တဦးက ပြောသည်။

၎င်းက “ပြီးခဲ့တဲ့ (၈) ရက်နေ့က နန်ဆန်ယန်ရွှေမှော်က တရုတ်တွေကို ဝင်ဖမ်းတာဟာ အဲဒီကိစ္စကြောင့်ပဲ။ စက်ယန္တရားတွေကို ကိုင်တွယ်အသုံးပြုတတ်တာက တရုတ်တွေပဲရှိတာ။ မှုန်စုပ်စက်လိုမျိုးကျတော့ ဒေသခံတွေလည်း လုပ်တတ်တော့ ဘာမှ ပြဿနာမရှိပေမယ့် ခဲ၊ သဲတွေ ဇကာတိုက်တဲ့ စက်ကြီးလိုဟာက တရုတ်တွေပဲ လုပ်တတ်တာ။ အမှန်က ငွေတောင်းဖို့ ခွင်ဆင်ထားတာပါ။ တရုတ်တယောက် ဘယ်လောက်ဆိုပြီး ငွေတောင်းလို့ရအောင်ပေါ့” ဟု ပြောသည်။

ယခုလ (၈) ရက်နေ့တွင် ဒေသခံအာဏာပိုင်များက နန်ဆန်ယန်ရွှေမှော်သို့ ဝင်ရောက်ပြီး တရုတ်နိုင်ငံသားများကို ဖမ်းဆီးကာ စက်ယန္တရားများကို သိမ်းယူခဲ့သည်။ ယင်းနောက်ပိုင်း ယခုကဲ့သို့ စက်ယန္တရားများကို တရုတ်ပြည်ဘက်သို့ သယ်ဆောင်ခွင့် ပိတ်ပင်ခဲ့သည်။

ရွှေတူးသည့် စက်ယန္တရားများသည် နယ်စပ်မှ တရားမ၀င်တင်သွင်းနေပြီး ရွှေတွင်းများသို့ ရောက်ရှိပြီးသား စက်များအား ပြန်လည်သယ်ယူခွင့်မပြုပါက တရုတ်နိုင်ငံသားများအနေဖြင့် ၎င်းတို့နှင့်အကျိုးတူလုပ်နေသည့် ရွှေလုပ်ငန်းရှင်များထံသို့ လည်းကောင်း သို့မဟုတ် အခြားပြည်တွင်းလုပ်ငန်းရှင်များထံသို့ ရောင်းချသွားရတော့မည်ဖြစ်သည်။

မေခ၊ မလိခမြစ်တလျှောက်နှင့် ၎င်းမြစ်နှစ်သွယ်အကြားရှိ အင်ဂျားယန်မြို့နယ်အတွင်း တရားဝင်ခွင့်ပြုထားသည့် ရွှေတူးလုပ်ငန်းရှင် (၁၀၀) ကျော်ရှိပြီး ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) ၏ ခွင့်ပြုချက်ဖြင့် ရွှေတူးနေသည့် လုပ်ငန်းရှင်များလည်း ရာနှင့်ချီရှိသည်ဟု မေခမြစ်ဘက်တွင် ရွှေတူးနေသည့် လုပ်ငန်းရှင်တဦးက ပြောသည်။

၎င်းက “မေခဘက်ကျတော့ ကေအိုင်အိုက ချပေးတဲ့ လုပ်ကွက်တွေများတယ်။ မလိခဘက်ကျတော့ တိုင်းမှူး၊ ပယကဆီကနေ လုပ်ကွက်ပါမစ် ရတဲ့သူဆီက တဆင့်ပြန်ပြီး ယူကြတာများတယ်။ ကျနော်တို့ကျတော့ ရွှေတူးတဲ့ ပွင့်လင်းရာသီတခုအတွက် ကေအိုင်အိုကို တကျင်းကို ရွှေ (၅) ကျပ်သား၊ (၁၀) သိန်း ပေးရတယ်၊ ကေအိုင်အိုဘက်ကျတော့ ရွှေမထွက်ဘူးဆိုရင် ပြန်ညှိလို့ ရတယ်၊ ပိုက်ဆံပေးလည်း ရတယ်” ဟု ပြောသည်။

ရွှေတူးနေသည့် အချို့လုပ်ငန်းရှင်များသည် တရုတ်နိုင်ငံဘက်မှ ကုမ္ပဏီများနှင့် ပူးပေါင်းပြီး စက်ယန္တရားကြီးများအသုံးပြုကာ တရုတ်အလုပ်သမားများကို ခေါ်ယူတူးနေကြပြီး တပိုင်တနိုင်တူးနေကြသည့် တိုင်းရင်းသား လုပ်ငန်းရှင်အများစုမှာ မှုန်စုပ်စက်၊ တရုတ်အင်ဂျင်စက်များဖြင့်သာ တူးနေကြသည်ဟု အဆိုပါ ရွှေတူးလုပ်ငန်းရှင်က ပြောသည်။

စက်ယန္တရားများဖြင့် ရွှေတူးဖော်နေခြင်းသည် ကုမ္ပဏီများအတွက် အကျိုးအမြတ်ဖြစ်ထွန်းစေသော်လည်း ဒေသခံလူထုအား အလုပ်လက်မဲ့ဖြစ်စေသည်ဟု ကချင်ပြည်ဖွံ့ဖြိုးတိုးတက်ရေးကွန်ရက်မှ ဥက္ကဋ္ဌ ဦးအောင်ဝါက ပြောသည်။

၎င်းက “ကျောက်စိမ်းတွင်းပဲဖြစ်ဖြစ်၊ ရွှေတွင်းပဲဖြစ်ဖြစ် အစောပိုင်းကဆို သမားရိုးကျလုပ်တော့ ဒေသခံတွေရော၊ အောက်ပြည်အောက်ရွာက လူတွေရော လူသိန်းနဲ့ချီ အလုပ်ပေးထားနိုင်တယ်။ ရေရှည်လုပ်ရမယ့်ဟာကို အခုလို စက်တွေသုံးပြီး အချိန်တိုအတွင်း လုပ်လိုက်တော့ ကုမ္ပဏီအနည်းအကျဉ်းကသာ အမြတ်အစွန်းထွက်သွားတယ်၊ ဒေသခံနဲ့ အနယ်နယ်ကလူတွေ အတွက်တော့ လုပ်ဖို့ခက်သွားတယ်” ဟု ပြောသည်။

တရုတ်-မြန်မာနယ်စပ်တလျှောက် တရုတ်ပြည်ဘက်တွင် ရွှေအပါအဝင် ဓာတ်သတ္တုရှာဖွေခွင့်အား တရုတ်အစိုးရက ပိတ်ပင်တားမြစ်ထားချိန်တွင် မြန်မာပြည်ဘက်တွင် ယခုကဲ့သို့ ရွှေများ အကြီးအကျယ် တူးနေကြခြင်းဖြစ်သည်။

ရွှေတူးနေသည့် တရုတ်နိုင်ငံသားများအား
ဖမ်းဆီး
ပေါက်ပေါက်


ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှ အရှေ့တောင်ဘက် မိုင် (၄ဝ) ကျော်အကွာရှိ နန်ဆန်ယန်ရွှေမှော်သို့ ဒေသခံအာဏာပိုင်များက ယခုလ (၈) ရက်နေ့တွင် ဝင်ရောက်ပြီး တရုတ်နိုင်ငံသားများကို ဖမ်းဆီးကာ စက်ယန္တရားများကို သိမ်းယူလိုက်သည်။

နန်ဆန်ယန်ကျေးရွာအနီးရှိ ဒေသခံလယ်သမားများ၏ လယ်ကွက်များကို တရုတ်နိုင်ငံသားများက ဝယ်ယူပြီး ရွှေတူးနေကြသည့် လုပ်ကွက်များနှင့် ကချင်ပြည်နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၏ ခွင့်ပြုချက်ဖြင့် လုပ်နေသည့် ရွှေလုပ်ကွက်များပါဝင်သော နန်ဆန်ယန် ရွှေမှော်သို့ ဒေသခံစစ်တပ်နှင့်ရဲများက ဝင်ရောက်ပြီး တရုတ်နိုင်ငံသား (၈) ဦးကို ဖမ်းဆီးခဲ့ကြောင်း ရွှေလုပ်ငန်းရှင်ဒေသခံတဦးက ပြောသည်။

၎င်းက “အဲဒီနေ့က ဝင်ဖမ်းလိုက်တာတာ တရုတ် (၈) ယောက် ဖမ်းမိသွားတယ်။ အတော်များများကတော့ အစောပိုင်းတည်းက သတင်းရလို့ ကြိုရှောင်သွားကြတာ။ အချို့လည်း ထွက်ပြေးကုန်တာပေါ့။ ဗမာတွေကောပါ ရောယောင်ပြေးကုန်တာ။ အမှန်တော့ ဗမာတွေကိုတော့ မဖမ်းဘူး။ ရွှေကျင်တဲ့စက် အလုံးနှစ်ဆယ်လောက် သိမ်းသွားတယ်။ ဒီမှာ ခေါ်တာကတော့ မှုန်စုပ်စက် လို့ခေါ်တာပေါ့၊ တရုတ်တွေရဲ့ဟာပဲ။ ဖမ်းတဲ့ခါမှာ စစ်တပ်ကော ရဲရောပါတယ်” ဟု ပြောသည်။

လွန်ခဲ့သည့် ၂ဝဝ၇ ခုနှစ်မှစတင်၍ နန်ဆန်ယန်ရွှေမော်သည် ရွှေအထွက်ကောင်းလာသဖြင့် ဒေသခံများသာမကဘဲ စစ်ဗိုလ်ချုပ်သားသမီးများကလည်း လုပ်ကွက်များရယူကာ တရုတ်နိုင်ငံသားများအား ရောင်းချပြီး ၎င်းတို့အမည်ဖြင့် တရုတ်နိုင်ငံသားများနှင့်အတူ အကျိုးတူ ရွှေရှာနေကြောင်း နန်ဆန်ယန်ဒေသခံက ပြောသည်။

၎င်းက “ဆက်သွယ်ရေး၊ စာတိုက်ဝန်ကြီး ဗိုလ်မှူးချုပ် သိန်းဇော် သမီးနဲ့ သမက်က အမြွှာဆိုတဲ့ ကုမ္ပဏီ နာမည်ခံထားတယ်။ အရင် မပခတိုင်းမှူးဟောင်း ဗိုလ်ချုပ် အုန်းမြင့်ရဲ့ သားက သီရီကုမ္ပဏီရှိတယ်။ နောက် ဗိုလ်ချုပ်တယောက်ရဲ့ ဆွေမျိုးထဲကပဲ သွေးဆိုတဲ့ ကုမ္ပဏီတခုရှိသေးတယ်။ အဲဒါတွေလည်း တရုတ်တွေနဲ့ လုပ်နေတာ။ သူတို့တွေကျတော့ စောစောစီးစီး သတင်းရလို့ ရှောင်ထားကြတယ်။ သူတို့တွေကို မမိလိုက်ဘူး။ သူတို့တွေရဲ့ စက်တွေကိုပါ အစောကတည်းက ရွှေ့ထားလိုက်တာ” ဟု ပြောသည်။

နန်ဆန်ယန်ရွှေမှော်တွင် ရွှေတူးနေသည့် တရုတ်နိုင်ငံသားများအပါအဝင် မြန်မာနိုင်ငံသား သောင်းနှင့်ချီရှိနေပြီး စားသောက်ဆိုင်များ၊ လောင်းကစားဝိုင်းများပါ ဖွင့်လှစ်ထားကာ လူစည်ကားသည့် ရွှေမိုင်းတခုဖြစ်သည်။

ယခု နန်ဆန်ယန်ရွှေမှော်တွင် ဖမ်းဆီးခံလိုက်ရသည့် တရုတ်နိုင်ငံသား (၈) ဦးကို ဝိုင်းမော်မြို့ ရဲစခန်းတွင် ချုပ်နှောင်ထားပြီး မည်သို့ အရေးယူဆောင်ရွက်သွားမည် ဆိုသည်ကို မသိရသေးပေ။

မင်းကိုနိုင် ရေးသားသည့် နောက်ကြည့်မှန် ၀တ္တုထုတ်ဝေ


ရဲရင့်

၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေးတော်ပုံကို အခြေခံပြီး မင်းကိုနိုင် ရေးသားသည့် “နောက်ကြည့်မှန်” လုံးချင်းဝတ္ထုကို ယမန်နေ့က ကျရောက်သည့် စာရေးသူ၏မွေးနေ့တွင် ဂုဏ်ပြုထုတ်ဝေဖြန့်ချိလိုက်သည်။

မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှု ခေါင်းဆောင်တဦးဖြစ်သူ မင်းကိုနိုင်၏ စာပေအနုပညာအလင်းရောင်များကို ပြည်သူများထံ ဖြန့်ကြက်သွားစေရန်အတွက် ရည်ရွယ်ထုတ်ဝေခြင်း ဖြစ်သည်။

ဝတ္ထုကို နောက်ကြည့်မှန်ဆိုပြီး နာမည်ပေးထားတယ်။ အချစ်ဝတ္ထု ရသဆန်ဆန်လေး ရေးထားတယ်။ ဒါပေမယ့် သူဖြတ်သန်းတဲ့ခေတ် အခြေခံပြီး သူဖန်တီးတာပါ။

မင်းကိုနိုင်သည် ပထမအကြိမ် ထောင်ထဲတွင် (၁၆) နှစ် ကြာနေခဲ့ရကာ ထောင်မှပြန်ထွက်လာပြီး နောက်ပိုင်း နောက်ဆုတ်သွားခြင်းမရှိဘဲ နိုင်ငံရေးကို တစိုက်မတ်မတ်လုပ်ဆောင်ခဲ့သည်။ ယခင်ကဲ့သို့ သပိတ်မှောက်ကျောင်းသား အဆင့်မဟုတ်တော့ဘဲ နိုင်ငံအတွက် အမှန်တကယ်လိုအပ်နေသည့် အမျိုးသားသွေးစည်းညီညွတ်ရေးကို တစိုက်မတ်မတ် ပြောဆိုလုပ်ဆောင်လာခဲ့သည်။

နောက်ကြည့်မှန် လုံးချင်းဝတ္ထုသည် စာမျက်နှာ (၁၇၁) မျက်နှာပါရှိပြီး အလိုရှိသူများ ထိုင်းနိုင်ငံအတွင်း စာပို့ခအပါအ၀င် ဘတ် (၁၂၀) နှင့် အခြားပြည်ပနိုင်ငံများသို့ စာပို့ခအပါအ၀င် အမေရိကန် (၁၅) ဒေါ်လာဖြင့် စာတိုက်သေတ္တာအမှတ် (၉၃) မဲဆောက်စာတိုက် ထိုင်းနိုင်ငံ စာပို့သင်္ကေတ (၆၃,၁၁၀) သို့ ဆက်သွယ်မှာယူနိုင်သည်။

အဘ ဦးသက်ညွန့်၊ အမိ ဒေါ်လှကြည်တို့မှ မင်းကိုနိုင်ကို ၁၉၆၂ ခုနှစ်တွင် မွေးဖွားခဲ့ပြီး ၁၉၈၅ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်၌ သတ္တဗေဒအဓိကဖြင့် စတင်ပညာသင်ကြားခဲ့ကာ ၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံ ကျောင်းသားလှုပ်ရှားမှုတွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံရသည်။

၁၉၈၉ ခု မတ်လ (၂၃) ရက်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံအပြီး နေအိမ်သို့အပြန် မင်းကိုနိုင်ကို စစ်အစိုးရက ဖမ်းဆီးပြီး ၂၀၀၄ ခုနှစ် နိုဝင်ဘာ (၁၉) ရက်တွင် ထောင်မှပြန်လွတ်ခဲ့သည်။ ထို့နောက်၂၀၀၆ ခု စက်တင်ဘာ (၂၇) ရက်တွင် ထပ်မံဖမ်းဆီးခံရပြီး ၂၀၀၇ ခု ဇန်န၀ါရီလ (၁၁) ရက်တွင် ပြန်လွတ်လာကာ ၂၀၀၇ ခု သြဂုတ် (၂၁) ရက်ညတွင် ထပ်မံဖမ်းဆီးခံရပြီး ထောင်ဒဏ် (၆၅) နှစ် ကျခံနေရသည်။

၁၉၉၉ ခုနှစ်က ကိုမင်းကိုနိုင်သည် မယ်တော်ဆေးခန်းတာဝန်ခံ ဒေါက်တာစင်သီယာမောင်နှင့်အတူ ကနေဒါနိုင်ငံမှချီးမြှင့်သည့် JohnHumphreyFreedomAward(Canada) ဆုကို စတင်ရရှိခဲ့ပြီး အဆိုပါဆုအပါအ၀င် နိုင်ငံတကာမှ ပေးအပ်ချီးမြှင့်သည့်ဆု (၇) ဆု ရရှိထားသည်။

မင်းကိုနိုင် နောက်ဆုံးရရှိသည့်ဆုမှာ တောင်ကိုရီးယားနိုင်ငံ၏ ၂၀၀၉ ခုနှစ် လူ့အခွင့်အရေးဆိုင်ရာ အမြင့်မားဆုံးဆုဖြစ်သည့် ဂွမ်ဂျူးလူ့အခွင့်အရေးဆုဖြစ်သည်။

နိုင်ငံခြားငွေ ရှိသူများကို ဒီဇယ်ဆီ တင်သွင်းခွင့်ပေးမည်

အောင်ကျော်မိုး

ပြည်ပသို့ ကုန်ပစ္စည်းများ တင်ပို့ရာမှ နိုင်ငံခြားငွေ ရရှိထားသူများကို ဒီဇယ်ဆီ လွတ်လပ်စွာ တင်သွင်းခွင့်ပြုမည်ဖြစ်ကြောင်း အောက်တိုဘာ (၁၅) ရက်နေ့ နေပြည်တော်တွင် ကျင်းပသည့် စီးပွားရေးမူဝါဒရေးရာ ကောင်စီက ဆုံးဖြတ်ခဲ့ကြောင်း ပို့ကုန်လုပ်ငန်းရှင်တဦးက ပြောသည်။

၎င်းက “မနေ့က နေပြည်တော်အစည်းဝေးက ဆုံးဖြတ်ခဲ့တာပါ။ လက်ရှိ ဒီဇယ်ဆီတွေကို ကော်မတီဖွဲ့ပြီး တင်သွင်းနေရာကနေ ပို့ကုန်ဝင်ငွေ ရှိသူတိုင်း တင်သွင်းခွင့်ရလာမယ်လို့ သိရတယ်။ အခြားအသေးစိတ် အချက်အလက်တွေတော့ မသိရသေးဘူး” ဟု ပြောသည်။

နိုင်ငံခြားမှ ဓာတ်ဆီ၊ ဒီဇယ်ဆီ အပါအဝင် လောင်စာဆီ တင်သွင်းခွင့်၊ ပြည်တွင်းတွင် ဖြန့်ဖြူးရောင်းချခွင့်များကို စစ်အစိုးရက ချုပ်ကိုင်ထားသော်လည်း ဒီဇယ်တင်သွင်း ရောင်းချခွင့်တခုကိုမူ နာဂစ်လေမုန်တိုင်းဘေး ဖြစ်ပွားပြီးနောက်ပိုင်း ကော်မတီဖွဲ့ကာ လုပ်ဆောင်ခွင့်ပြုထားခြင်းဖြစ်သည်။

ဒီဇယ်ဆီဈေးနှုန်းနှင့် ပတ်သက်၍ လောလောဆယ် အစိုးရဆီဆိုင်များမှ ရောင်းချနေသည့် နှုန်းထားသည် ပြင်ပမှောင်ခို ပေါက်ဈေးထက် မြင့်နေကာ အစိုးရဆီဆိုင်များတွင် ဒီဇယ်ဆီ တဂါလန် ကျပ် (၃,ဝဝဝ) ဖြင့် ရောင်းချနေပြီး ပြင်ပဒီဇယ်ဆီ ပေါက်ဈေးမှာမူ တဂါလန် ကျပ် (၂,၆ဝဝ) ခန့်သာ ရှိသည်။

ထို့ကြောင့် ဒီဇယ်အင်ဂျင်သုံး ကားစီးသူများအနေဖြင့် အစိုးရ ဆီဆိုင်များတွင် မဝယ်ဘဲ ပြင်ပမှောင်ခိုဆီဆိုင်များ၌သာ ဝယ်ယူ အသုံးပြုကြကြောင်း၊ သို့သော် နောက်ပိုင်း ပြင်ပဒီဇယ်ဆီ ပေါက်ဈေးများ မြင့်တက်လာသည့်အခါ အစိုးရဆိုင်တွင် ပြန်လည်ဝယ်ယူနိုင်ရန် ဆီခွဲတမ်းစာအုပ် အသက်ရှင်နေရေးအတွက် (၁) လ တခါ သွားထည့်နေရသေးကြောင်း ရန်ကုန်မြို့မှ ဒီဇယ်ကား အသုံးပြုနေသူများက ပြောသည်။

အစိုးရသည် ဒီဇယ်ဆီအပါအဝင် လောင်စာဆီ တင်သွင်း ဖြန့်ဖြူး ရောင်းချခွင့်များနှင့်ပတ်သက်၍ စည်းကမ်းအမျိုးမျိုးထုတ်ကာ မကြာခဏ မူဝါဒပြောင်းလဲတတ်ကြောင်း ဘုရင့်နောင်ပွဲရုံမှ လုပ်ငန်းရှင်ကြီးတဦးက ပြောသည်။

၎င်းက “လောင်စာဆီ ပြဿနာနဲ့ ပတ်သက်လို့ ဘာမှ မှန်းဆလို့ မရနိုင်ဘူး။ နိုင်ငံတကာလို ပုဂ္ဂလိကတွေကို ပြည်ပကနေ လွတ်လပ်စွာ တင်သွင်းခွင့်ပြုပြီး ပြည်တွင်းမှာလည်း တရားဝင် ဖြန့်ဖြူးရောင်းချခွင့်ပြုသင့်တယ်။ ဒါမှသာ ပြည်တွင်း လောင်စာဆီလောကမှာ မှောင်ခိုစနစ် ဖြစ်နေတာတွေ၊ မှောင်ခိုကြောင့် မီးလောင်မှု ဖြစ်ပွားနေရတာတွေ လျော့နည်းသွားမှာ ဖြစ်တယ်” ဟု ပြောသည်။

နေပြည်တော်လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနမှ အမည်မဖော်လိုသူ အရာရှိတဦးကမူ မကြာမီ ပွင့်လင်းရာသီရောက်ပြီးနောက်ပိုင်း လျှပ်စစ်ဓာတ်အား ဖြန့်ဝေမှု အလွန်လျော့နည်းတော့မည်ဖြစ်သည့်အတွက် မြန်မာနိုင်ငံတဝန်း မီးစက်နှင့် အခြားအင်ဂျင်များကို အသုံးပြုရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ဒီဇယ်ဆီလိုအပ်ချက် ကြီးကြီးမားမား ဖြစ်ပေါ်လာနိုင်ပြီး အဆိုပါပြဿနာကို ကာကွယ်သည့်အနေဖြင့် ဒီဇယ်ဆီတင်သွင်းခွင့်ပြုလိုက်ခြင်းဖြစ်နိုင်ကြောင်း သုံးသပ်သည်။

ဓာတ်ဆီဈေးမှာမူ အစိုးရဆီဆိုင်တို့တွင် တဂါလန် ကျပ် (၂,၅ဝဝ) ဖြစ်ပြီး ပြင်ပပေါက်ဈေးမှာ တဂါလန် ကျပ် (၂,၇ဝဝ) ခန့် ပေါက်ဈေးရှိသည်။

လိုင်စင်မဲ့ကားများ ထွေထွေရာရာ

လိုင်စင်မဲ့ကားများ တင်လာသည့် (၂၀) ဘီးကားကြီး
ပဲခူးအ၀င်တွင် တိမ်းမှောက်
ဝီရ


မြဝတီမြို့မှ ရန်ကုန် စက်မှုဇုန်များသို့ လိုင်စင်မဲ့ကား တင်ဆောင်လာသည့် (၂၀) ဘီးကားတစီး ပဲခူးမြို့အဝင် လမ်းမတနေရာတွင် တိမ်းမှောက်သွားရာ သက်ဆိုင်ရာအာဏာပိုင်တို့က အခင်းဖြစ်ပွားခဲ့သည့် အဆိုပါ (၂၀) ဘီးကားနှင့်အတူ ကားပေါ်တွင် တင်ဆောင်လာသည့်ကား (၆) စီးကို သိမ်းယူလိုက်ကြောင်း စုံစမ်းသိရှိရသည်။

“အဲဒီကားက မြဝတီမှာ ကားအရောင်းအဝယ်လုပ်နေသူတဦးရဲ့ ကားတွေဖြစ်တယ်။ အဲဒီကားပေါ်မှာ မြဝတီက ခယက အဖွဲ့ကိုယ်စားလှယ်တဦးလည်း ပါတယ်။ ကားတွေကို သိမ်းလိုက်တော့ ပြဿနာက ကြီးသွားတာပေါ့” ဟု ထိုင်း-မြန်မာနယ်စပ် အခြေစိုက် ကားတင်ပို့သူတဦးက ပြောသည်။

ထိုကားကြီးသည် စက်တင်ဘာ (၂၇) ရက် ညပိုင်းတွင် တိမ်းမှောက်သွားခြင်းဖြစ်ပြီး အသိမ်းခံလိုက်ရသည့် လိုင်စင်မဲ့ ကားအသေးများမှာ တစီးလျှင် ကျပ်သိန်း (၅၀) မှ သိန်း (၁၀၀) ကျော်အထိ တန်ဖိုးရှိသည့် ဖင်ကောက် Corolla ၊ မက်တူးနှင့် ပရာဒိုကားများ ပါဝင်ကြောင်း အဆိုပါကားတင်ပို့သူက ပြောသည်။

ယခုကားများ တင်သွင်းသူသည် မြဝတီတွင် အသစ်ရောက်လာသော ခယက ခရိုင်မှူးနှင့် နားလည်မှုယူ၍ ပြုလုပ်ခြင်း ဖြစ်ကြောင်း မြဝတီ ကားပွဲစားအသိုင်းအဝိုင်းက ပြောသည်။

“ဒါတွေကို နားလည်မှုတွေနဲ့ပဲ အဆင့်ဆင့်လုပ်တာဖြစ်ပေမယ့် အခုလို ကားမှောက်သွားတော့ အကုန်ပေါ်ကုန်တာပေါ့။ အခု မှောက်သွားတဲ့ကားပေါ်မှာ Honda ဆိုင်ကယ်တွေလည်း ကြားညှပ်ပြီး ပါသေးတယ်။ အခု ကားတွေ ပြန်မရလည်း ကားသွင်းသူအနေနဲ့ ဘာမှဖြစ်မသွားဘူး။ အခုပြဿနာက ဒီလို ထပ်လုပ်လို့မရမှာဘဲ ကြောက်တာ။ ဒီလုပ်ငန်းတွေ ပိတ်ခံရမှာ ကြောက်နေကြတာ။ ဒီလုပ်ငန်းတွေမှာ နအဖ အာဏာပိုင်တွေကိုယ်တိုင် ပါနေတာဆိုတော့ အရေးယူဖို့ကလည်း မလွယ်ဘူးလေ” ဟု မြဝတီမြို့မှ ကားပွဲစားတဦးက ပြောသည်။

ထိုကဲ့သို့ ကားကြီးတိမ်းမှောက်မှုဖြစ်ပွားကာ ကားများအသိမ်းခံရပြီး နောက်ပိုင်းတွင် အလားတူ (၂၀) ဘီးကားဖြင့် ရန်ကုန်သို့ လိုင်စင်မဲ့ကားများ ပို့ဆောင်သည်ကို မတွေ့ရတော့ဘဲ အပစ်ရပ်အဖွဲ့အစည်းများနှင့် နအဖအာဏာပိုင်တို့က တစီးချင်းစီ ကိုယ်တိုင် မောင်းပို့မှုများသာ တွေ့ရကြောင်း အခြားကားပွဲစားတဦးက ပြောသည်။

၎င်းက “အဲဒီလို ဘီး (၂၀) ကားကြီးနဲ့ အလုံးအရင်း ပို့မယ်ဆိုရင် မြဝတီ-ရန်ကုန် တလျှောက်မှာရှိတဲ့ ဂိတ်ကြီးတွေဖြစ်တဲ့ မြ၀တီစီးပွားရေးဇုန်က စုပေါင်းဂိတ်၊ သင်္ကန်းညီနောင်အလွန် နအဖစစ်တပ်ဂိတ်၊ ဘားအံတံတား (သံလွင်) ဂိတ်နဲ့ ဘုရားကြီးဂိတ် ခေါ် ဝေါ်ဂိတ်တွေကို ကျပ် (၅) သိန်းစီပေးရပြီး ကျန်တဲ့ဂိတ်အသေးတွေကို (၁) သိန်းစီပေးရလို့ တွက်ခြေကိုက်ပြီး စရိတ်စကလည်း သက်သာတယ်လေ” ဟု ရှင်းပြသည်။

ဂျပန်အကျနှင့် သက်တမ်းကုန်ဆုံးသည့် ထိုင်းနိုင်ငံထုတ် ကားများကို ဒီကေဘီအေအဖွဲ့က ထိုင်းနိုင်ငံ တဖက်ကမ်း မဲဆောက်မြို့မှ မြဝတီ မြန်မာဘက်ကမ်းသို့ရောက်ရန် တာဝန်ယူပြီး တဆင့်ရောင်းချကာ ရန်ကုန်သို့ တင်သွင်းနေခြင်း ဖြစ်သည်။

နယ်စက်မှုဇုန်တွင် လိုင်စင်မဲ့ကားထုတ်လုပ်မှုပိတ်ပင်
ရန်ကုန်စက်မှုဇုန်တွင် ကားဝယ်ယူမှု ရှိနေဆဲ
ဝီရ

ပြည်နယ်နှင့်တိုင်းရှိ စက်မှုဇုန်များတွင် တရားမဝင် လိုင်စင်မဲ့ကားများ အသွင်ပြောင်းထုတ်လုပ်နေခြင်းကို စစ်အစိုးရက ခွင့်မပြုတော့ကြောင်း တရားဝင်ကြေညာထားသော်လည်း မြဝတီနယ်စပ်မှ ဝင်ရောက်လာသည့် လိုင်စင်မဲ့ကားများကို ရန်ကုန်ရှိ စက်မှုဇုန်များက ဝယ်ယူလျက်ရှိကြောင်း ကားပွဲစားများက ပြောသည်။

“မော်လမြိုင် စက်မှုဇုန်က အခုမဝယ်တော့ဘူး။ ရန်ကုန်စက်မှုဇုန်တွေပဲ အဖွဲ့အစည်း နာမည်ခံတွေက စက်မှုဇုန်နဲ့ နားလည်မှုယူပြီး ဝယ်နေတုန်းပဲ။ ဒီကားတွေကို စက်နဲ့ကိုယ်ထည် နံပါတ်ရိုက်ပြီး အရောင်ပြောင်း၊ ကိုယ်ထည် နည်းနည်းချိုးလိုက်ရင် လိုင်စင်အပြီး သိန်း (၃၀၀) အထက် ဈေးပေါက်တယ်လေ။ ဒီလိုအသွင်ပြောင်းထားတဲ့ကားတွေက ဝယ်လက်ကောင်းတယ်လေ။ အဲဒီကြောင့် နားလည်မှုနဲ့ လုပ်ကြတာပေါ့။ အဆင့်ဆင့်ညှိပြီး လုပ်နေတုန်းပဲ” ဟု ကားအရောင်းအဝယ် လုပ်ကိုင်နေသူ အပစ်ရပ်အဖွဲ့ အရာရှိတဦးက ခေတ်ပြိုင်သို့ ပြောသည်။

ယခင်က အလားတူး အသွင်ပြောင်းထုတ်လုပ်သည့် လုပ်ငန်းများကို ပြည်နယ်နှင့် တိုင်းအသီးသီးရှိ စက်မှုဇုန်တို့ကလည်း လုပ်ဆောင်နေခဲ့သော်လည်း ၂၀၀၉ ခုနှစ် စက်တင်ဘာလက လုံးဝခွင့်မပြုတော့ကြောင်း မြန်မာစက်မှုလက်မှု ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီက ထုတ်ပြန်ခဲ့သည်။

ထိုကဲ့သို့ လိုင်စင်မဲ့ကားများအား ရန်ကုန်စက်မှုဇုန်များတွင် တင်သွင်းရာတွင် အပစ်ရပ်အဖွဲ့အစည်းမှ အရာရှိများသာမက စစ်အစိုးရ အာဏာပိုင်တို့ကလည်း တိုက်ရိုက်ပတ်သတ်မှု ရှိကြောင်းနှင့် ရန်ကုန်ရှိ လှိုင်စက်မှုဇုန်နှင့် ဥဿာစက်မှုဇုန်တို့က အများဆုံးတင်သွင်းကြကြောင်း ဒီကေဘီအေ အရာရှိတဦးက ပြောသည်။

မြဝတီမြို့တွင် သိန်း (၃၀) ကျပ်နှင့် သိန်း (၆၀) ကျပ်ကြား ဈေးပေါက်သည့် တောင်းအိတ်ခ်ျနှင့် မာတီအိတ်ခ်ျတို့ကိုသာ အပစ်အရပ်အဖွဲ့များက အရောင်းအဝယ်လုပ်ကြသော်လည်း စစ်အစိုးရအာဏာပိုင်တို့က မော်ဒန်မြင့်ကားများကိုသာ တင်သွင်းကြကြောင်း ထိုအရာရှိက ပြောသည်။

“ဒီမြဝတီမှာ ရဲတပ်ဖွဲ့က အရာရှိတွေနာမည်နဲ့ ကားအရောင်းအဝယ်လုပ်နေတာ အများကြီးပေါ့။ ပဲခူးတိုင်း ဝေါ်မြို့အဝင်ဂိတ်က အစစ်အဆေးအများဆုံးပဲ။ ဒါပေမယ့် နားလည်မှုနဲ့ ဖြတ်သွားလို့ ရပါတယ်။ မြဝတီကနေ ရန်ကုန်အထိ လမ်းခရီးမှာ ဂိတ်တွေအတွက် (၁၃) သိန်းလောက် ကုန်တယ်” ဟု ၎င်းက ပြောသည်။

ယခုအခါ ရန်ကုန်စက်မှုဇုန်များကသာ လိုင်စင်မဲ့ကားများအား ဝယ်ယူနေသည့်အတွက် အပြိုင်အဆိုင်ရှိနေ၍ တစီးလျှင် အမြတ်ငွေ (၁၀) သိန်းဝန်းကျင်သာ ကျန်ကြောင်း ပွဲစားများက ဆိုသည်။

မြန်မာနိုင်ငံတဝန်းလုံးရှိ စက်မှုဇုန်များသို့ အမှတ် (၁) စက်မှုဝန်ကြီးဌာနမှ ထုတ်လုပ်ခွင့်ပြုထားသော ကားအမျိုးအစားများမှာ လိုက်ထရပ်၊ ဂျစ်နှင့် ဘတ်စ်ကားပုံစံတို့သာဖြစ်ကြောင်း အောက်တိုဘာ (၁၆) ရက် ယနေ့ထုတ် မြန်မာတိုင်း(မ်)ဂျာနယ်တွင် ဖော်ပြထားသည်။

မြဝတီမြို့မှ အခြားဒေသသို့ ရောင်းဝယ်ရန် (သို့မဟုတ်) ကုန်ပစ္စည်း ပို့ဆောင်နေသည့် လိုင်စင်မဲ့ကားများကို လွန်ခဲ့သည့် စက်တင်ဘာလမှစ၍ ကရင်နှင့် မွန်ပြည်နယ်အစပ် ဂျိုင်းတံတား (ဇာသပြင်)အထိသာ သွားခွင့်ပြုပြီး မော်လမြိုင်ဘက်သို့ ဖြတ်ကူးခွင့် ပိတ်ပင်ထားသည်။

စစ်အစိုးရ အာဏာပိုင်တို့က မွန်ပြည်နယ်တွင် လိုင်စင်မဲ့ကားများကို ဖမ်းဆီးနေသော်လည်း ဖမ်းဆီးခံရသည့် ကားအများစုသည် အပစ်ရပ်အဖွဲ့အစည်းတရပ်ရပ်က တာဝန်ခံထားခြင်း (သို့မဟုတ်) ရောင်းဝယ်ထားခြင်း ဖြစ်သည့်အတွက် အများစုမှာ ပြန်လည်ထုတ်ယူ၍ရကြောင်း သိရသည်။

ပုသိမ်တက္ကသိုလ်တွင် အဝေးသင်စာမေးပွဲဖြေဆိုမည့် ကျောင်းသားကျောင်းသူများထံမှ ငွေကြေးကောက်ခံမှုများ အဆမတန် များပြားနေ

ဉာဏ်မောင်
.ပုသိမ်တက္ကသိုလ်တွင် အဝေးသင်စာမေးပွဲဖြေဆိုမည့် ကျောင်းသားကျောင်းသူများထံမှ ပညာရေးအာဏာပိုင်များက အကြောင်းအမျိုးမျိုးပြ ငွေကြေးကောက်ခံမှုများ ပြုလုပ်နေလျက်ရှိသည်။

အဝေးသင် ဒုတိယအသုတ် အနီးကပ်တက်ရောက်နေကြသည့် ကျောင်းသားကျောင်းသူများကို ကျောင်းသားကဒ်များ ထုတ်ပေးရာတွင် ငွေကြေးအဆမတန် တောင်းယူနေကြောင်း ကျောင်းသားတဦးက ပြောသည်။

“အခုက ကဒ်ထုတ်ဖို့ ဓါတ်ပုံနှစ်ခါရိုက်ခက ၂၀၀၀ ပေးရတယ်။ အာစရိယကြေးက ၂၅၀၀၊ နောက်ပြီးကျောင်းသားကဒ်အတွက်က ၅၀၀၀ ဆိုတော့ စုစုပေါင်း ၉၅၀၀ တောင်းတာ” ဟု ပြောသည်။

ထိုကဲ့သို့ အကြောင်းပြကာ ငွေးကြေးများ ကောက်ခံနေသော်လည်း ကျောင်းသားများအတွက် သောက်သုံးရေ လုံးဝမရှိကြောင်း ၎င်းက ဆက်ပြောသည်။

“အခုက ကျောင်းမှာ သောက်စရာ ရေက လုံးဝမရှိတဲ့ပြဿနာ ရင်ဆိုင်နေရတာ။ အဲဒါကို ကျောင်းသားတွေက တော်တော်ကို မကျေမနပ်ဖြစ်နေတယ်” ဟု ပြောသည်။

ထို့အပြင် ကျောင်းအဝင်ဝတွင် စစ်တပ်ရန်ပုံငွေအတွက် စက်ဘီး၊ ဆိုင်ကယ်အပ်ရန် ဂိတ်တခုဖွင့်လှစ်ထားပြီး ကျောင်းသားများမှာ ထိုဂိတ်မှတဆင့် ကျောင်းတွင်းသို့ လမ်းလျှောက်နေရကြောင်း ၎င်းက ဆက်ပြောသည်။

“ကျောင်းအပေါက်ဝမှာ စက်ဘီးတစီးကို ၅၀၊ ဆိုင်ကယ်ကို ၁၀၀ ပေးရတယ်။ အဲဒီမှာ အပ်ထားရတာ။ အဲဒါကို စစ်တပ်ရန်ပုံငွေအတွက် လုပ်ထားတာ။ အဲဒီကနေ ကျောင်းသားတွေက ၁၅ မိနစ်လောက် လမ်းလျှောက်ပြီး ကျောင်းထဲကို သွားနေရတာ” ဟု ပြောသည်။

အဝေးသင်တက်ရောက်နေသည့် ကျောင်းသားကျောင်းသူများအနေဖြင့် ကျူရှင်လခ တဘာသာလျှင် ကျပ်တသောင်း ပေးရပြီး အဆိုပါ ကျူရှင်တက်ရောက်သည့် ကျောင်းသားများကို စစ်ဆေးမေးမြန်းမှုများလည်း ပြုလုပ်နေကြောင်း ၎င်းက ဆက်ပြောသည်။

ယခုနှစ် အဝေးသင်တက်ရောက်ကြမည့် ကျောင်းသားများအနေဖြင့် အထွေထွေ လူမှုရေး၊ စီးပွားရေး အကြပ်တည်းများကြောင့် အခက်အခဲများနှင့် ရင်ဆိုင်နေရပြီး အထူးသဖြင့် နာဂစ်မုန်တိုင်းဒဏ်သင့် ဒေသများမှ ကျောင်းသားများအခြေအနေမှာ ပိုမိုဆိုးရွားနေလျက်ရှိသည်။

Friday, October 16, 2009

လျှပ်စစ်စွမ်းအားနှင့် အီလက်ထရောနစ် ကျောင်းသား/ကျောင်းသူဟောင်းများ၏ အာစရိယ ပူဇော်ပွဲဖိတ်စာ

ရုရှား လူ့အခွင့်အရေး ချိုးဖောက်မှု ဒီမိုကရေစီအတွက် အဟန့်အတားဖြစ်

ဗွီအိုအေ
ရုရှားနိုင်ငံမှာ ဒီမိုကရေစီရေးကို ရှေးရှုနေတဲ့ ဖြစ်ထွန်းတိုးတက်မှုတွေ ရှိနေပေမဲ့ သတင်းထောက်တွေနဲ့ လူ့အခွင့်အရေး ခုခံကာကွယ်သူတွေကို နှိပ်ကွပ် တိုက်ခိုက်နေတာတွေဟာ ဒီတိုးတက်မှုတွေကို အဟန့်အတား ဖြစ်စေတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) က ပြောဆိုလိုက်ပါတယ်။

ဝန်ကြီး ကလင်တန်က သူ့ရဲ့ ဥရောပခရီးစဉ် နောက်ဆုံးနေ့ မော်စကိုက တက္ကသိုလ် ကျောင်းသားတွေကို ပြောကြားတဲ့ မိန့်ခွန်းမှာ ထည့်သွင်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ရုရှားပြည်သူတွေ အနေနဲ့ အာဏာပိုင်တွေရဲ့ အာဏာအလွဲသုံးစား လုပ်မှုတွေကို လွတ်လွတ်လပ်လပ် စိန်ခေါ်ခွင့် ရှိသင့်တယ်လို့ ထည့်သွင်း ပြောကြားခဲ့ပါတယ်။

ရုရှားသမ္မတ ဒီမီထရီ မက်ဗီဒက်ဗ် (Dmitry Medvedev) နဲ့ အင်္ဂါနေ့ တွေ့ဆုံခဲ့တုန်းက သတင်းထောက်တွေ အသတ်ခံရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ပြောဆိုခဲ့တယ်လို့ မော်စကို ရေဒီယို သတင်းဌာန တွေ့ဆုံခန်းမှာ ပြောပါတယ်။

မနေ့က ၀ါရှင်တန်ကို မပြန်ခင် တာဂျစ်ကစ္စတန်နိုင်ငံမှာ ခရီးတထောက် နားခဲ့ပါတယ်။ ဒီနိုင်ငံမှာရှိတဲ့ ခရစ်ယာန် ဘုရားကျောင်းကိုရော၊ မွတ်စလင် ဗလီဝတ်ကျောင်းကိုပါ သွားရောက် လေ့လာခဲ့ပါတယ်။ ဒီနိုင်ငံဟာ မတူကွဲပြားတဲ့ ဘာသာတွေအကြား အပြန်အလှန် နားလည် သည်းခံမှုရှိတဲ့ စံပြ နမူနာနိုင်ငံ ဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက ပြောဆိုခဲ့ပါတယ်။

မြန်မာအဆိုတော်များ မဲဆောက်တွင် သီဆိုဖျော်ဖြေမည်


ရဲရင့်
မဲဆောက်မြို့တွင် ပြုလုပ်မည့် ထိုင်း-မြန်မာချစ်ကြည်ရေး တန်ဆောင်တိုင်နှင့် လွိုင်ကထုံမီးမျှောပွဲတွင် မြန်မာနိုင်ငံမှ နာမည်ရ ရုပ်ရှင်သရုပ်ဆောင်နှင့်အဆိုတော်များ လာရောက်သီဆို ဖျော်ဖြေမည်ဟု သိရသည်။

ပွဲစီစဉ်သူ ကိုထိုက်က “ဒီအဆိုတော်တွေဟာ ရန်ကုန်ကနေ တရားဝင် လာရောက်မှာဖြစ်တယ်။ ပွဲကျင်းပဖို့အတွက် ဒေသခံအာဏာပိုင်တွေနဲ့ ညှိနှိုင်းထားပြီးဖြစ်တယ်” ဟု ပြောသည်။

လာရောက်သီဆိုဖျော်ဖြေမည့်သူများမှာ ရုပ်ရှင်သရုပ်ဆောင် ချစ်သုဝေ၊ အဆိုတော်နောနော်နှင့် အယ်လ်ဆိုင်းဇီတို့ဖြစ်ပြီး နိုဝင်ဘာလ (၁) ရက် တန်ဆောင်မုန်းလပြည့်ညတွင် ဖျော်ဖြေတင်ဆက်မည်ဟု သိရသည်။

မယ်တော်ဆေးခန်းအနီးရှိ စင်မြင့်တွင် ည (၈) နာရီခွဲမှ (၁၁) နာရီခွဲအထိ သီဆိုဖျော်ဖြေမည်ဖြစ်ပြီး ၀င်ကြေးမှာ လက်မှတ်တစောင်လျှင် ဘတ် (၆၀)၊ ဘတ် (၈၀) နှင့် အထူးတန်းမှာ ဘတ် (၂၀၀) သတ်မှတ်ထားသည်။

အဆိုပါဂီတ ဖျော်ဖြေပွဲအပြင် ထိုင်း-မြန်မာချစ်ကြည်ရေးတံတားထိပ် ထိုင်းဘက်ခြမ်းတွင် ထိုင်း-မြန်မာချစ်ကြည်ရေး မယ်ရွေးပွဲ၊ လက်ဝှေ့ပွဲနှင့် အခြားပျော်ပွဲရွှင်ပွဲများလည်း ကျင်းပပြုလုပ်မည်ဟု သိရသည်။

တောင်းပန်ပါရစေ...

မန်းရေနံမြေ မှာအလုပ်လုပ်တုန်းကပေါ့....
ညနေခင်း အလုပ်မဝင်ခင် နောက်ပြောင်နေရင်း
ဆရာပုက ဟိုတယောက်ကို ..တောင်းပန်ရအုံးမယ်ကွ...
ကျွန်တော်က ဘယ်သူ ကိုလဲ...
အောင်သက်ကြောင်ကိုလေ....
ဟာမင်းကလဲ မလိုပါဘူးကွာ...
အောင်သက်ကြောင် က...ရပါတယ်..ဆရာပုရာ...
ထိုစဉ် ဦးပြောင်ကြီးက ...တောင်းပန်စရာရှိရင်..တောင်းပန်တာကောင်းတာပေါ့....
......သူတောင်းပန်မှာကအကောင်းမဟုတ်ဖူးဗျ.....
ဒါဆိုဘာလဲ...
ဆရာပုက.....ဂျိုကိုင်တောင်းပန်ချင်တာ......ဂျိုမရှိလို့ ခက်နေတာ....
..........
မန်းရေနံမြေ မှ သူငယ်ချင်းများနှင့် အတူတူအလုပ်လုပ် ခဲ့စဉ်ကို မှတ်မှတ်ရရ
ကေး(ရေနံ)

Thursday, October 15, 2009

အပြာရောင်မျက်ရည်

တသက်မှာတကြိမ်တည်းကျတဲ့မျက်ရည် ကို တေးရေး ဆရာ စိုင်းခမ်းလိတ် ရေးစပ်ပြီး တေးဆို ကွယ်လွန်သူ အဆိုတော် စိုင်းထီးဆိုင် သီဆိုထားသော အပြာရောင်မျက်ရည်

လာလည် သူများ အေးချမ်းကြပါစေ။

နားဆင်ရန်

Tuesday, October 13, 2009

တရုတ်နိုင်ငံ ရှင်ဂျန်း အဓိကရုဏ်း ပါဝင်သူ ၆ ဦးကို သေဒဏ်ချမှတ်


ဗွီအိုအေ

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှင်ဂျန်းပြည်နယ်မှာ ဖြစ်ခဲ့တဲ့ အဓိကရုဏ်းတွေမှာ ပါဝင်ပတ်သက်ခဲ့သူ ၆ ယောက်ကို တရုတ်တရားရုံးက သေဒဏ် ချမှတ်လိုက်ပါတယ်။ အဓိကရုဏ်းတွေကနေ တဆင့် အကြမ်းဖက်မှုတွေ ဖြစ်ခဲ့တာကြောင့် လူပေါင်း ၂၀၀ ကျော် သေဆုံးခဲ့ပြီး ၁,၆၀၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး ဘေဂျင်းမြို့ကနေ ဗွီအိုအေသတင်းထောက် စတက်ဖနီ ဟိုး (Stephanie Ho) သတင်းပေးပို့ထားတာကို ကိုရန်နိုင်က တင်ပြပေးထားပါတယ်။

တရုတ်နိုင်ငံ ရှင်ဂျန်းပြည်နယ်မှာ ပြီးခဲ့တဲ့ ဇူလိုင်လက လူတွေသေဆုံးတဲ့အထိ ဖြစ်ခဲ့တဲ့ အကြမ်းဖက် အဓိကရုဏ်းတွေနဲ့ တိုက်ရိုက်ပတ်သက်မှုတွေရှိတဲ့ ပထမဆုံး အမှုတွေမှာ လူသေစေမှုနဲ့ တခြားပြစ်မှုတွေကြောင့် လူ ၆ ယောက်ကို သေဒဏ် အပြစ်ပေးလိုက်တယ်လို့ တရုတ်အစိုးရ သတင်းဌာနတွေက ပြောပါတယ်။ ဒါ့အပြင် နောက်ထပ် တရားခံ တယောက်ကိုတော့ ထောင်ဒဏ် တသက်တကျွန်း ချမှတ်ခဲ့ပါတယ်။

အဲဒီ လူ ၇ ယောက်စလုံးဟာ ၀ီဂါလူမျိုးတွေ ဖြစ်တယ်လို့ ရှင်ဂျန်းပြည်နယ်အစိုးရ ပြောခွင့်ရပုဂ္ဂိုလ် လီဂျီး (Li Jie) က အတည်ပြု ပြောကြားလိုက်ပါတယ်။

ပြစ်ဒဏ်တွေဟာ တရားမျှတမှု မရှိတဲ့အပြင် အဲဒီလူတွေဟာ ဥပဒေအရ အပြည့်အ၀ ခုခံချေပခွင့်တွေ မရဘူးလို့ ကမ္ဘာလုံးဆိုင်ရာ ၀ီဂါကွန်ဂရက်က ဒီလက်စ် ရစ်ဇစ်တ် (Dilax Rixit) က အခုလို ပြောပါတယ်။

“တရားခံတွေအတွက် တရားရုံးကနေ ရွေးချယ်ခန့်အပ် ပေးခဲ့တဲ့ ရှေ့နေတွေဟာ တရုတ်အစိုးရ အကျိုးစီးပွားအတွက်ပဲ လုပ်ခဲ့တာဖြစ်တယ်” လို့ သူက ပြောပါတယ်။

လွန်ခဲ့တဲ့ ဇွန်လတုန်းက တရုတ်နိုင်ငံတောင်ပိုင်း ဂွမ်ဒေါင်းပြည်နယ်က အရုပ်စက်ရုံ ရုန်းရင်းဆန်ခတ်ဖြစ်မှု တခုမှာ ပါဝင်ပတ်သက်ခဲ့တာကြောင့် ပြီးခဲ့တဲ့ သီတင်းပတ်က အဲဒီထဲက တယောက်ကို သေဒဏ်ပေးခဲ့ပြီး နောက်တယောက်ကို ထောင်ဒဏ် တသက်တကျွန်း ပေးခဲ့ပါတယ်။ ရှင်ဂျန်းပြည်နယ်မှာ အဓိကရုဏ်း ဖြစ်စေခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်မှုမှာ ၀ီဂါလူမျိုး ၂ ယောက် သေဆုံးခဲ့ပါတယ်။

ရှင်ဂျန်းပြည်နယ်မှာ ဇူလိုင်လက ဖြစ်ခဲ့တဲ့ အဓိကရုဏ်းဟာ ဆယ်စုနှစ်ပေါင်း များစွာအတွင်း တရုတ်နိုင်ငံမှာ ဖြစ်ခဲ့တဲ့ အဆိုးဆုံး အကြမ်းဖက်မှုတွေထဲက တခုဖြစ်ပါတယ်။ ဂွမ်ဒေါင်းပြည်နယ်မှာ သေဆုံးခဲ့မှုကို ဒေါသထွက်နေတဲ့ ၀ီဂါလူမျိုးတွေက ကန့်ကွက်ဆန္ဒပြခဲ့ကြပြီး ရှင်ဂျန်းပြည်နယ်မြို့တော် အူရမ်ရှီးက ဟန်လူမျိုး တရုတ်တွေကို တိုက်ခိုက်တာတွေနဲ့ အဆုံးသတ်ခဲ့တယ်လို့ ရဲက ပြောပါတယ်။ ၂ ရက်အကြာမှာတော့ ဟန်လူမျိုး တရုတ်တွေက ၀ီဂါလူမျိုးတွေကို ပြန်ပြီး တိုက်ခိုက်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ တရုတ်စစ်တပ်တွေက အခြေအနေတွေကို ထိန်းသိမ်းခဲ့ပါတယ်။

တာကစ်အနွယ်ဝင် ၀ီဂါလူမျိုးတွေဟာ ဟန်လူမျိုးတွေက သူတို့ကို လူမျိုးရေး ခွဲခြားဆက်ဆံပြီး သူတို့ရဲ့ မွတ်စလင်ဘာသာ ကိုးကွယ်ပိုင်ခွင့်တွေကို အစိုးရက အပြင်းအထန် တားမြစ်ပိတ်ပင်တာတွေ လုပ်တယ်လို့ အချိန်အတော်ကြာ ကတည်းက ကန့်ကွက်ပြောဆိုခဲ့ပါတယ်။ တရုတ်အစိုးရကတော့ ခွဲခြားဆက်ဆံမှုတွေ မရှိကြောင်း၊ တခြား လူနည်းစုတွေလိုပဲ ၀ီဂါလူမျိုးတွေဟာလည်း ဟန်လူမျိုး တရုတ်တွေ မရရှိတဲ့ အကျိုးခံစားခွင့်တွေ ရနေတယ်လို့ ပြောပါတယ်။

Sunday, October 11, 2009

ဒေါ်စု ဒီမိုကရေစီရေး သန္နိဋ္ဌာန် ခိုင်မာမှု နိုဘယ်လ်ဆု လက်ခံမိန့်ခွန်းမှာ အိုဘားမား ပြော

ဗွီအိုအေ

၂၀၀၉ ခုနှစ်နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် အမေရိကန်သမ္မတ အိုဘားမား

အမေရိကန်သမ္မတ ဘရက်အိုဘားမားက သူ့ကို နိုဘယ်လ်ငြိမ်းချမ်းရေးဆု ချီးမြှင့်တဲ့အတွက် အံ့သြပြီး ဒီဆုကြီးနဲ့ သူ ထိုက်တန်ပါ့မလားလို့ ခံစားမိတဲ့အကြောင်း ၂၁ ရာစုမှာ နိုင်ငံအားလုံးရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုကြီးများအတွက် အလုပ်လုပ် ဖို့ တိုက်တွန်းလိုက်တာဖြစ်တယ်လို့ ယူဆတဲ့အကြောင်း ပြောဆိုပါတယ်။

အမေရိကန်သမ္မတဖြစ်တာ ၁ နှစ်တောင်မပြည့်သေးတဲ့ မစ္စတာ အိုဘားမားက ဒီဆုချီးမြှင့်တာဟာ သူ့ရဲ့ လုပ်ဆောင်ချက် တွေကို အသိအမှတ်ပြုခြင်းထက် ကမ္ဘာတ၀ှမ်းပြည်သူတွေရဲ့ စိတ်ကူးစိတ်သန်းကို အမေရိကန်က ဦးဆောင်မှုပေးတဲ့ အတွက် အသိအမှတ်ပြုတာလို့ ထင်မြင်ချက်ပေးပါတယ်။

နိုဘယ်လ်ငြိမ်းချမ်းရေးဆု ချီးမြှင့်ခံခဲ့ရတဲ့ တခြားပုဂ္ဂိုလ်ကျော်ကြီးများရဲ့ စာရင်းထဲမှာ မိမိ ပါဝင်ထိုက်ရဲ့လားလို့လည်း မ၀ံ့မရဲ ဖြစ်မိတယ်လို့ အမေရိကန်သမ္မတ က ပြောဆိုပါတယ်။ အော်စလိုမြို့မှာ နိုဘယ်လ်ငြိမ်းချမ်းရေးဆု ရွေးချယ်ရေး ကော်မတီ ဥက္ကဌ ယက်ဂ်လန်း (Jagland) က - မစ္စတာ အိုဘားမားက နိုင်ငံတကာ သံခင်းတမန်ခင်းနဲ့ ပြည်သူတွေကြား ပူးပေါင်း ဆောင်ရွက်ဖြစ်အောင် သူမတူ ထူးခြားစွာ ဆောင်ရွက်နိုင်ခဲ့သူ ဖြစ်ကြောင်း၊ နျူကလီးယားမဲ့ ကမ္ဘာကြီးဖြစ်ရေး ရှုမျှော်မှုကိုလည်း နိုဘယ်လ်ငြိမ်းချမ်းရေးဆု ရွေးချယ်ရေးကော်မတီက အလေးထားပါကြောင်း ကြေညာတဲ့အခါ အံ့အားသင့် ကုန်ကြတယ်လို့ ဆိုပါတယ်။

ဆုကြေးငွေ ဒေါ်လာ ၂ သန်း ၄ သိန်းနီးပါးကို သမ္မတ အိုဘားမားက လှူဒါန်းမယ်လို့ အိမ်ဖြူတော်က ဆိုပါတယ်။ ဒီဆုက မိမိအတွက်သာ မဟုတ်သေးဘဲ သတ္တိပြောင်မြောက်တဲ့ ကမ္ဘာတ၀ှမ်းက ပြည်သူတွေ၊ အထူးသဖြင့် ဒီမိုကရေစီရေးအတွက် တိုက်ပွဲဝင်တာ မစွန့်လွှတ်လို့ နေအိမ်အကျယ်ချုပ်ကျခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း မျှဝေဂုဏ်ယူရမှာလို့ အိမ်ဖြူတော်က ထုတ်ပြန်တဲ့ကြေညာချက်ထဲမှာ သမ္မတ အိုဘားမားက ဖော်ပြပြောဆိုထားပါတယ်။



ငြိမ်းချမ်းရေး နိုဘယ်လ် ဆုရှင်တွေထဲက တဦးတည်းသော ဖမ်းဆီး ထိန်းသိမ်း ခံနေ ရ သူ ဒေါ်အောင်ဆန်းစုကြည် ရဲ့ ဒီမိုကရေစီရေး စွမ်းဆောင်မှုတွေကို အခုနှစ်အတွက် ဆုရှင်ဖြစ်လာတဲ့ အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား က အလေးထား ပြောဆိုလိုက်တာပါ။ သမ္မတက ဆုချီးမြှင့်ခံရကြောင်း သိရပြီးတဲ့ နောက် ပြောဆိုလိုက်တဲ့ နေရာမှာ ဒီဆုဟာ သူ့အစိုးရကို ဂုဏ်ပြုတာထက် အဓိပ္ပာယ် ပိုတဲ့အကြောင်း ပြောဆိုခဲ့တာဖြစ်ပါတယ်။

"ဒီဆုဟာ ကျနော့်အစိုးရရဲ့ ကြိုးပမ်းချက် သက်သက်ကိုသာ ဆုချီးမြှင့်တာ မဟုတ်ပါဘူး။ ကမ္ဘာတလွှားက ရဲရဲရင့်ရင့် ကြိုးပမ်း ရုန်းကန်နေကြသူတွေ အတွက်လည်းဖြစ်ပါတယ်။"

သမ္မတ အိုဘားမား က သူ့အနေနဲ့ ဒီဆုလက်ခံရခဲ့ကြသူတွေနဲ့စာရင် ထိုက်ထိုက်တန်တန် ရခဲ့တာလို့တောင် မခံစားမိတဲ့ အကြောင်းလည်း ပြောခဲ့တာပါ။ တကယ်တော့ ဒီ နိုဘယ်လ် ငြိမ်းချမ်းရေးဆုဟာ ကမ္ဘာတ၀န်းက လူ့အခွင့်အရေး ဒီမိုကရေစီရေးတွေ အတွက် စွမ်းစွမ်းတမံ ဆောင်ရွက်မှုတွေကြောင့် ၁၉၉၁ ခုနှစ်က ဆုရရှိခဲ့သူ ဒေါ်အောင်ဆန်းစုကြည် လို ပုဂ္ဂိုလ်မျိုးတွေနဲ့လည်း သက်ဆိုင်ပါတယ်လို့ ပြောသွားခဲ့တာ ဖြစ်ပါတယ်။

"ဒါကြောင့်လည်း တရားမျှတမှုနဲ့ လူ့ဂုဏ်သိက္ခာအတွက် ကြိုးပမ်းနေသူတွေ အားလုံးဟာလည်း ဒီဆုနဲ့ သက်ဆိုင်ပါတယ်။ ရိုက်နှက်မှုတွေ ကျည်ဆံတွေကို ရင်ဆိုင်ပြီး လူ့အခွင့်အရေးအတွက် လမ်းပေါ်မှာ ချီတက်ခဲ့တဲ့ အမျိုးသမီးငယ်တဦးလို၊ ဒီမိုကရေစီရေး အတွက် သန္နိဌာန်တွေကို စွန့်လွှတ်ဖို့ ငြင်းဆန်ရင်း ကိုယ့်အိမ်မှာ အကျဉ်းကျခံနေရတဲ့ ခေါင်းဆောင် တယောက်၊ ကမ္ဘာကြီးရဲ့ တခြားတဖက်မှာ လှည့်လည် တာဝန်ထမ်းနေရတဲ့ စစ်သည်တွေ၊ ငြိမ်းချမ်းရေးအတွက် ကိုယ့်ရဲ့ လုံခြုံမှု၊ လွတ်မြောက်မှုနဲ့ အသက်ကိုပါ စွန့်လွှတ်ခဲ့ကြသူ ကမ္ဘာတ၀န်းက အမျိုးသား အမျိုးသမီးတွေ အားလုံး အတွက်လည်း ဖြစ်ပါတယ်။"

New video shows tsunami power

ElBaradei on Obama Peace Prize

NASA's plans to bomb the moon

နာဂစ်သင့် ဒေသတွင် ကြွက်ကြောင့် စပါး မထွက်နိုင်

မဇ္ဈိမ
ကြွက်များက စပါးခင်းများကို စားသောက်ဖျက်ဆီးပစ်သဖြင့် ဧရာဝတီတိုင်း ပြင်စလူမြို့နယ် ဓနိစိတ်အုပ် ကျေးရွာတွင် ယခုနှစ် စပါးထွက်နိုင်မည် မဟုတ်ကြောင်း ဒေသခံများက ပြောသည်။

လယ်ဧက ၁၀၀၀ ခန့်ရှိ ဓနိအုပ်တွင် လယ်စိုက်သည့် ဇွန်၊ ဇူလိုင်မှ စတင်၍ ကြွက်များသည် စပါးပျိုးခင်းများကို မချန်ဘဲ စားသောက်ခဲ့ရာမှ ယခုအခါ တရွာလုံးမှ ဧက ဆယ်ဂဏန်းမျှသာ စပါးထွက်နိုင်မည်ဟု ပြောဆိုကြခြင်း ဖြစ်သည်။

“ကျနော့်မှာ လယ် ၁၇၅ ဧက ရှိတာ စပါးဘယ်လောက် ထွက်နိုင်မယ်လို့တောင် မမှန်းရဲဘူး။ လက်ရှိလည်း ဆက်ကိုက် နေသေးတာကိုး။ အခု ၃ ဧက လောက်ပဲ စပါးကျန်တော့တယ်။ ကြွက်က စားပြီး ကုန်တာပေါ့နော်။ ပြန်စိုက်မယ် ဆိုတော့လည်း မမီတော့ဘူး”

“ကျနော်တို့လည်း မနိုင်တော့ဘူး။ ဒီတိုင်းပဲ ထားထားတယ်။ ကြွက်ထောင်ချောက် လုပ်တယ်၊ မနိုင်ဘူး။ ဆေးဖျန်းတော့ ပုပ်အဲ့ပြီး နံစော်နေတာ။ ဒါတောင်မှ မလျော့သွားဘူး။ ပိုတိုးလာတယ်”

ဟု ဓနိစိတ်အုပ်မှ လယ်ပိုင်ရှင် က ပြောသည်။

ကြွက်များသည် ၃ လက်မဝန်းကျင်ခန့်ရှိပြီး လယ်ကွက်များအပြင် နေအိမ်တွင် ထားရှိသော ဆန်များ၊ ထမင်းကျန် ဟင်းကျန်များကိုပါ ရံဖန်ရံခါ တက်ရောက်စားသောက်လေ့ ရှိသည်။ လူများကိုမူ အန္တရာယ်မပေးကြောင်း သိရသည်။

ကြွက်များ တိုးပွားနေသဖြင့် အိမ်ထောင်စုတစုလျှင် တပတ်လျှင် တခါ ကြွက်မြီးအချောင်း ၂၀ အပ်နှံရမည်၊ ဆယ်အိမ်မှူး၊ ရာအိမ်မှူးများထံ သွားရောက်အပ်နှံရမည်၊ မအပ်နှံနိုင်သည့် အိမ်ထောင်စုသည် ကြွက်မြီးတခုလျှင် ကျပ် ၅၀၀ နှုန်း ဒဏ်ဆောင်ရမည်ဟု ပြင်စလူ မြို့နယ်ကောင်စီ - မယက က ညွှန်ကြားထားသည်။

“ရပ်ကွက် (ကျေးရွာ) က ညွှန်ကြားပေးတာပဲ ရှိတယ်။ သူတို့ကိုယ်တိုင် လက်တွေ့ ကွင်းဆင်းတာတွေ မရှိဘူး။ ကျနော်တို့လည်း စပါးမဖြစ်တာနဲ့၊ စားစရာမရှိတာနဲ့၊ ကြွက်လိုက်သတ်နေရတာနဲ့ မနားရပါဘူးဗျာ။ မရရင်လည်း ဒဏ်ဆောင်ရသေးတယ်” ဟု အမည်မဖော်လိုသူ နောက်ထပ် ဒေသခံ လယ်သမားတဦးက ပြောသည်။

ကြွက်များသည် လယ်မြေအောက်တွင် တွင်းများတူး၍ နေ့ခင်းဘက်တွင် ခိုအောင်းနေကြပြီး၊ စပါးပင်များကို အောက်ခြေမှလှိုက်၍ တူးစားကာ ညဘက်တွင်မှ တွင်းအပြင် ထွက်လေ့ရှိကြသည်။

အလားတူ ဧရာဝတီတိုင်း ဘိုကလေးနှင့် လပွတ္တာမြို့နယ်တွင် စပါးခင်း အများအပြား ကြွက်သောင်းကျန်းခံရသဖြင့် ပျက်စီးကုန်ပြီး၊ ဖျာပုံမြို့နယ်တွင်းရှိ ကျေးရွာအများစုတွင် ဆိုးရွားစွာ မဖြစ်ပွားသော်လည်း ရေနက်ကွင်းရွာတွင် များလွန်းကြောင်း သိရသည်။

“ကျမတို့ဘက် ဘိုကလေးတို့၊ ဖျာပုံတို့ဆိုရင် အရင်က ဆန်တွေ မတရား ထွက်တာလေ။ ဆန်လည်း ကောင်းတယ်။ ဒီနှစ်တော့ ဆန်မထွက်နိုင်တော့ဘူး။ ကိုယ့်မိသားစု စားဖို့တောင် အနိုင်နိုင် စုရမှာ” ဟု ဘိုကလေးမြို့နယ် ထောပိုင်ရွာမှာ လယ်ရှင် အမျိုးသမီးတဦးက ပြောသည်။

ယခင်နှစ်များတွင် မဖြစ်ပွားခဲ့သော်လည်း ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်းသင့်ပြီးနောက် ယခုနှစ် စပါးစိုက်ရာသီကျမှ ယခုလို အဖြစ်မျိုး ကြုံတွေ့ရခြင်း ဖြစ်သည်။

Saturday, October 10, 2009

ဒေါ်အောင်ဆန်းစုကြည်နှင့် အနောက်တိုင်းသံတမန်များ ပိတ်ဆို့အရေးယူမှုကိစ္စ ဆွေးနွေး

ခေတ်ပြိုင်

နေအိမ်အကျယ်ချုပ်ကျခံနေရသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် အနောက်နိုင်ငံမှ သံတမန်များ တွေ့ဆုံဆွေးရန် နအဖစစ်အစိုးရက ယနေ့ခွင့်ပြုလိုက်ကြောင်း သိရသည်။

မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် အရေးယူပိတ်ဆို့တားမြစ်မှုကိစ္စနှင့်ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်နှင့် သြစတြေးလျသံရုံးတို့မှ သံတမန်အကြီးအကဲတို့နှင့် အစိုးရဧည့်ရိပ်သာတွင် တွေ့ဆုံဆွေးနွေးကြောင်း အစိုးရအရာရှိများကို ကိုးကား၍ နိုင်ငံခြားသတင်းဧဂျင်စီများက ဖော်ပြသည်။


ဧရာဝတီ
ကိုစိုး .မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အနောက်တိုင်း သံတမန် ၃ ဦးတို့ ယနေ့ နံနက် ပိုင်းတွင် မြန်မာနိုင်ငံအပေါ် အရေးယူ ပိတ်ဆို့မှုများနှင့် ပတ်သက်၍ အသေးစိတ် ဆွေးနွေးခဲ့ကြသည်။

ထိုသို့တွေ့ဆုံဆွေးနွေးချက်များကို ညနေပိုင်းတွင် သံတမန်များက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဗဟို အလုပ်အမှုဆောင်အဖွဲ့သို့ ပြန်လည်ရှင်းလင်းကြောင်း NLD ကပြောသည်။

“အမေရိကန် သံရုံးက ဒု သံမှူး၊ သြစတေးလျ ဒု သံအမတ်ကြီး၊ အင်္ဂလိပ် ဒုသံမှူးကြီး တို့ ၃ ဦး ဒီနေ့မနက် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံတဲ့အခြေအနေကို လာပြီးပြောပြပါတယ်”ဟု NLD ပြောခွင့်ရ ဦးဉာဏ်ဝင်း က ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်က ၎င်းတို့နှင့် တွေ့ဆုံရာတွင် မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုများနှင့် ပတ် သက်သည့် ရည်ရွယ်ချက်နှင့် အကျိုးဆက်များကို သိလိုကြောင်း၊ အချက်အလက် စာရင်းဇယာများကို လိုချင် သည်ဟု ပြောကြားကြောင်း၊ တတ်နိုင်သရွေ့အချက်အလက်များပေးမည်ဟု ပြောဆိုခဲ့ကြောင်း သံတမန်များ က NLD ဗဟို အလုပ်အမှုဆောင်အဖွဲ့(CEC)ကို လာရောက်ရှင်းပြခြင်း ဖြစ်သည်ဟုလည်း ဦးဉာဏ်ဝင်းက ရှင်းပြသည်။

ယင်း သံတမန်များသည် CEC အဖွဲ့ဝင်များဖြစ်သော ဦးလွန်းတင်၊ ဦးလှဖေ၊ ဦးစိုးမြင့်၊ ဦးသန်းထွန်း၊ ဦးခင်မောင်ဆွေ တို့ကို ရန်ကုန်မြို့ရှိ NLD ရုံးချုပ်တွင် ညနေ ၃ နာရီ မှ ၃ နာရီ ခွဲ ကျော်အထိ လာရောက် တွေ့ဆုံ ရှင်းပြခြင်းဖြစ်ကြောင်း သိရသည်။


ယင်းတွေ့ဆုံမှုနှင့် ပတ်သက်ပြီး သြစတေးလျ နိုင်ငံခြားရေးဌာနကလည်း အပြုသဘောဆောင်သည့် တွေ့ဆုံ မှုဖြစ်ကြောင်း၊ မြန်မာ စစ်အစိုးရနှင့် ဒေါ်အောင်ဆန်းစုကြည်တို့အကြား အကောင်းဘက်သို့ ဦးတည်သည့် ခြေလှမ်းဖြစ်ကြောင်း ယနေ့တွင်ကြေညာချက်တစောင် ထုတ်ပြန်သည်။

ကြေညာချက်တွင် ဒေါ်အောင်ဆန်းစုကြည်သည် ယခုတွေ့ဆုံဆွေးနွေးသည့်အကြောင်းအရာများနှင့် ပတ် သက်ပြီး များစွာအထောက်အကူပြုကြောင်း၊ ကျန်းမာရေး ကောင်းမွန်သည့်အသွင်ကိုလည်း တွေ့မြင်ရ ကြောင်း ပါရှိသည်။

ယနေ့ နံနက်ပိုင်းက ဒေါ်အောင်ဆန်းစုကြည်နှင့် အဆိုပါ သံတမန် ၃ ဦးတို့သည် အစိုးရ ဧည့်ဂေဟာတွင် အချိန် တနာရီခန့် တွေ့ဆုံဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

ယခုတွေ့ဆုံသည့် အစီအစဉ်သည် စစ်အစိုးရ၏ ခွင့်ပြုချက်အရဖြစ်ကြောင်း အနောက်တိုင်း သံတမန် တဦး က ပြောသည်။
ယင်းကဲ့သို့ အရေးယူပိတ်ဆို့မှုများနှင့် ပတ်သက်ပြီးဆွေးနွေးရန်ဖြစ်သော်လည်း ဒေါ်အောင်ဆန်းစုကြည် အပါ အဝင် နိုင်ငံရေး အကျဉ်းသားများ ပြန်လွှတ်ရန် တောင်းဆိုချက်ကိုမှု ပြောင်းလဲမည်မဟုတ်ဟု သံတမန် တဦး က ပြောဆိုကြောင်းသိရသည်။

ဒေါ်အောင်ဆန်းစုကြည်က အရေးယူပိတ်ဆို့မှု ရုပ်သိမ်းရေးနှင့်ပတ်သက်ပြီး ပူးပေါင်းဆောင်ရွက် လိုကြောင်း စက်တင်ဘာ ၂၅ ရက်နေ့တွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံသို့ စာတစောင် ပေးပို့ခဲ့ပြီး ယင်းစာထဲ၌ အနောက် တိုင်း သံတမန် ၃ ဦးနှင့် တွေ့ဆုံရန် တောင်းဆိုထားသည်။

ဒေါ်အောင်ဆန်းစုကြည်၏ စာနှင့်ပတ်သက်ပြီး စစ်အစိုးရ ဆက်ဆံရေး ဝန်ကြီး ဦးအောင်ကြည်နှင့်ဒေါ်အောင် ဆန်းစုကြည် တို့ ပြီးခဲ့သည့် တပတ်အတွင်း ၂ ကြိမ်တွေ့ဆုံခဲ့သည်။

ယင်း ဖြစ်ရပ်များသည် ပြီးခဲ့သည့် စက်တင်ဘာလအတွင်း အမေရိကန်အစိုးရ၏ မြန်မာပြည်ဆိုင်ရာ မူဝါဒ အပြောင်းအလဲပေါ်ထွက်လာပြီးနောက် ဆက်တိုက်ဖြစ်ပေါ်လာခြင်းလည်းဖြစ်သည်။

Friday, October 9, 2009

သံဃာတုနှင့် လူအချို့တို့ကို မဲဆောက်ရဲ ဖမ်းဆီး ။ မြ၀တီခရိုင်အတွင်းတွင်လဲ ရှာဖွေဖမ်းဆီးနေ


ရဲရင့်
ဗုဒ္ဓသာသနာတော်ကို ညှိုးနွမ်းသေးသိမ်စေသည့်အတွက် ဝိနည်းမလိုက်နာသည့် မြန်မာသံဃာတော်များအပါအဝင် ဘုန်းကြီးအတု၊ သီလရှင်အတုနှင့် သာသနာအရေခြုံလူအချို့တို့ကို မြဝတီခရိုင်အတွင်း လိုက်လံရှာဖွေဖမ်းဆီးနေကြောင်း ခရိုင် သံဃာ့နာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော်က မိန့်ကြားသည်။

မဲဆောက်မြို့၌ ယခုလ (၅) ရက်တွင် နှစ်စဉ်ကျင်းပသည့် မြို့လုံးကျွတ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲသို့ မြဝတီမှသံဃာများနှင့် သီလရှင်များ လာရောက်အလှူခံရာတွင် ၀ိနည်းနှင့်အညီ နေထိုင်ခြင်းမရှိဘဲ ကပ္ပိယများမှာလည်း ထိုင်းဘုန်းကြီး ကျောင်းဝင်းအတွင်း မူးယစ်သောက်စားမှုများ ပြုလုပ်ကြသဖြင့် လူ (၁ဝဝ) ခန့်ကို မဲဆောက်ရဲက ဖမ်းဆီးခဲ့ပြီးနောက် ယခုကဲ့သို့ မြ၀တီခရိုင်အတွင်း ရှာဖွေဖမ်းဆီးနေခြင်းဖြစ်သည်။

ယင်းကိစ္စနှင့်ပတ်သက်၍ မြဝတီခရိုင်သံဃာ့နာယက ဥက္ကဋ္ဌဆရာတော် ဦးဇောတိပါလက “မဲဆောက်ဆွမ်းလောင်းပွဲကို ဘုန်းကြီးတို့ ဘယ်သူ့ကိုမှ သွားခွင့်မပြုဘူး။ အခုသွားတဲ့ ဘုန်းကြီးနဲ့ သီလရှင်တွေ၊ လူပုဂ္ဂိုလ်တွေက အောက်ကလာကြတဲ့ လူတွေဖြစ်တယ်။ သူတို့ဒီလိုအပြုအမူတွေလုပ်တော့ သာသနာတော် ညှိုးနွမ်းတဲ့အပြင် နိုင်ငံနဲ့လူမျိုးလည်း သိက္ခာကျတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ထိုင်းရုပ်သံလှိုင်းတွေက သတင်းထုတ်ပြန်တယ်လို့ သိရတယ်။ ဒါကြောင့် အဲဒီဘုန်းကြီး၊ သီလရှင်အတုတွေနဲ့ လူတွေကို ဘုန်းကြီးတို့ လိုက်လံစစ်ဆေးပြီး အရေးယူမှုတွေ ပြုလုပ်နေပါတယ်” ဟု မိန့်ကြားသည်။

မြဝတီမှလာသည့် အလှူခံပုဂ္ဂိုလ်များသည် မိမိတို့ရရှိသည့် အလှူခံပစ္စည်းများကို ယူဆောင်သွားခြင်းမပြုဘဲ ရရာဈေးဖြင့် နီးစပ်သူများထံ လိုက်လံရောင်းချခဲ့ကြပြီး ဘုန်းကြီးကျောင်းဝင်းအတွင်း မူးယစ်သောက်စားကာ ခွန်းကြီးခွန်းငယ် အချင်းများခဲ့သည့်အတွက် မဲဆောက်ရဲကို ဖမ်းဆီးခိုင်းရခြင်းဖြစ်ကြောင်း အဆိုပါကျောင်းမှ မြန်မာဘုန်းတော်ကြီးတပါးက မိန့်ကြားသည်။

မြန်မာနိုင်ငံမှ ရဟန်းသံဃာတော်များ၊ သီလရှင်များကို မြဝတီခရိုင် သံဃာ့နာယကအဖွဲ့မှ လုံးဝအလှူခံခွင့်မပြုကြောင်း၊ ထိုင်းဘက်တွင် ဖြစ်ပျက်နေသည်ကို မိမိတို့ ကိုင်တွယ်၍မရကြောင်း၊ ထိုင်းဘက်မှ ဖမ်းဆီးလွှဲပြောင်းပေးပါက ထိရောက်သည့် အရေးယူမှု ပြုလုပ်ကြောင်း ဆရာတော် ဦးဇောတိပါလက မိန့်ကြားသည်။

အချို့လူပုဂ္ဂိုလ်များမှာ လူဝတ်များဖြင့်လာပြီး ဆွမ်းလောင်းပွဲမတိုင်မီညတွင် သင်္ကန်းဝတ်လဲလှယ်ခဲ့ကြောင်း၊ ဂျင်းဘောင်းဘီ ဝတ်လာသည့် အမျိုးသမီးအချို့လည်း သီလရှင်ဝတ်စုံများဝတ်ကာ အလှူခံကြွခဲ့သည်ကို ဝမ်းနည်းစွာတွေ့ရှိခဲ့ရပြီး ဆွမ်းလောင်းချင်စိတ်ပင်မရှိတော့ဘဲ အိမ်သို့ ပြန်လာခဲ့သည်ဟု မဲဆောက်မြို့တွင် လူမှုရေးလုပ်ငန်းလုပ်ကိုင်နေသူ ကိုနိုင်က ပြောသည်။

လာမည့်နှစ်တွင် နှစ်ဖက်သံဃာ့နာယကအဖွဲ့များ ညှိနှိုင်းတိုင်ပင်၍ ယခုကဲ့သို့ဖြစ်ရပ်များ ထပ်မံဖြစ်ပွားခြင်းမရှိရန် ဆောင်ရွက်သွားမည်ဟု မဲဆောက်တွင် သီတင်းသုံးသည့် တာ့ခ်ခရိုင် သံဃာ့နာယကအဖွဲ့ဝင် ထိုင်းဘုန်းတော်ကြီးတပါးက မိန့်ကြားသည်။

ထိုင်းရောက် မြန်မာကလေးငယ်တွေ မှတ်ပုံတင်ခွင့် ရတော့မည်

ဗွီအိုအေ
ထိုင်းအလုပ်သမားဝန်ကြီးဌာနဟာ ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ သားသမီးတွေကို လူသားချင်း စာနာထောက်ထားမှုအရ မှတ်ပုံတင်ခွင့် ပြုတော့မှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီလိုခွင့်ပြုတာဟာ ပထမဆုံးအကြိမ်ဖြစ်ပြီး ကလေးတွေအနေနဲ့ ပညာရေးနဲ့ ကျန်းမာရေးလို လူမှုဖူလုံရေး ခံစားခွင့်တွေ ရလာနိုင်မယ်လို့ သုံးသပ်ကြပါတယ်။ အကြောင်းစုံကို မေးမြန်းထားတဲ့ ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် ကိုကျော်ထင်က တင်ပြပေးထားပါတယ်။

ထိုင်းအလုပ်သမားဝန်ကြီးဌာနက တရားဝင် ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ သားသမီးတွေကို မှတ်ပုံတင်ခွင့် ပြုမှာဖြစ်ပြီး သူတို့ဟာ မိဘတွေအတိုင်း လူမှုဖူလုံရေး ခံစားခွင့်တွေ ရလာမှာဖြစ်တယ်လို့ ဆိုပါတယ်။ အသက် ၁၅ နှစ်အောက် ကလေးငယ်တွေဟာ ဒီအခွင့်အရေးတွေ ရမှာဖြစ်ပြီး သက်ဆိုင်ရာနယ်မြေ အုပ်ချုပ်ရေးရုံးတွေမှာ တပတ်အတွင်း မှတ်ပုံတင်ကြရမှာ ဖြစ်ပါတယ်။

အလုပ်သမားဝန်ကြီး နိုင်ဖိုင်ထုံ ကယောက်ထောင်က တပတ်ပဲ မှတ်ပုံတင်ခွင့်ကာလ သတ်မှတ်တာဟာ ရွှေ့ပြောင်းအလုပ်သမားတွေ သူတို့နိုင်ငံတွေမှာ ကျန်ခဲ့တဲ့ သားသမီးတွေကို ပြန်ခေါ်ကြမှာစိုးလို့ဆိုပြီး ထိုင်းဘာသာနဲ့ ထုတ်ဝေတဲ့ မာတီချွန် သတင်းစာကို ပြောပါတယ်။

ခုလို မှတ်ပုံတင်ခွင့် ပြုတာဟာ ပထမဆုံးအကြိမ်ဖြစ်ပြီး လူသားချင်း စာနာထောက်ထားမှုအရ ခုလို ဆုံးဖြတ်တာ ဖြစ်တယ်လို့လည်း အလုပ်သမားဝန်ကြီးက ဆိုပါတယ်။ ဒါပေမဲ့ ဒီဆုံးဖြတ်ချက်ကို အစိုးရအဖွဲ့ရဲ့ အတည်ပြုချက် ရယူပြီးမှ စတင် မှတ်ပုံတင်ရမယ့်ရက်ကို သတ်မှတ်နိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

အလုပ်သမားအရေး ကူညီနေတဲ့ MAP foundation ထိုင်းနိုင်ငံတောင်ပိုင်း တာဝန်ခံ ကိုနစ်က မှတ်ပုံတင်ရက် ကန့်သတ်ထားမှုအပေါ် ခုလိုပြောပါတယ်။

“တကယ့်တကယ် အကောင်အထည် ဖော်ပေးနိုင်မယ်ဆိုရင်တော့ ပြောင်းလဲမှုတခုပေါ့။ ဒါပေမဲ့ တခုရှိတာက သူတို့က ၇ ရက်ပဲ အချိန်ပေးမယ်ဆိုတော့ ဗမာကလေးတွေက ဒီ ထိုင်းနိုင်ငံမှာ မီလျံနဲ့ချီပြီး ရှိတာလေ။ ဆိုတော့ ကျနော့်အနေနဲ့ ၇ ရက်ဆိုတာ ပြီးပါ့မလားဆိုတဲ့အပေါ် စိုးရိမ်မှုရှိတာပေါ့။ ဘာကြောင့် ၇ ရက်ပဲပေးတာလဲ ဆိုတော့ သူတို့ပြောတာက တကယ်လို့များ အချိန်ကြာကြာ ပေးမယ်ဆိုရင် ဗမာပြည်ထဲကရှိတဲ့ ကလေးတွေ ပိုပြီး လာမှာစိုးလို့တဲ့။ အဲဒါကြောင့် ၇ ရက်ပဲ အချိန်ပေးမယ်တဲ့။”

ဒါပေမဲ့ မှတ်ပုံတင်ခွင့်သာ ရခဲ့ရင် ကလေးတွေ ကြုံနေရတဲ့ အခက်အခဲတချို့ ပြေလည်သွားမယ်လို့လည်း သူက ဆက်ပြောပါတယ်။

“သူတို့ အဲဒီလိုမျိုး မရှိခင်တုန်းက တွေ့ရသလောက်တော့ တချို့ ကလေးလေးတွေကို ကျန်းမာရေး ချို့တဲ့လာလို့ ဆေးရုံတွေ ဘာတွေ တင်တဲ့အခါမှာ တအား ကုန်ကျစရိတ် များတာပေါ့နော်။ တချို့ ကလေးတွေက ကျောင်းတွေဘာတွေ သွားတက်တဲ့အခါ အခက်အခဲတွေ ရှိတာပေါ့လေ။ ထိုင်းရဲ့ ဥပဒေကတော့ ကလေးတိုင်း ကျောင်းတက်နိုင်တယ် ဆိုပေမဲ့လည်း တချို့ကျောင်းတွေက လက်မခံဘူး။ သူတို့တောင်းတာ မွေးစာရင်းပေါ့နော်။ ဗမာကလေးတွေက မွေးစာရင်းမှ မရှိဘဲ။ အဲဒါကြောင့် အခက်အခဲတွေ ရှိတာပေါ့။ တချို့ကလေးတွေဆို ကျောင်းတွေ ဘာတွေ မတက်ရဘူး။ နောက်ပြီး တချို့အလုပ်သမားတွေက လုပ်ငန်းထဲမှာ ကလေးတွေ ဘာတွေ ပါလာတယ်။ အဲဒီအချိန်မှာ ပုလိပ်တွေဘာတွေ ဖမ်းတယ်ဆိုရင် ဒီကလေးတွေလည်း အတူတူ သူတို့မိဘနဲ့ အချုပ်ခန်းထဲမှာတို့၊ ထောင်ထဲမှာတို့ နေရတာ တွေ့ခဲ့ဖူးတယ်လေ။”

တရားမ၀င် နေထိုင်ရမှုနဲ့ တရားဝင် နေထိုင်ရသည့်တိုင် ကျန်းမာရေး၊ ပညာရေး အခက်အခဲတွေကြောင့် မြန်မာရွှေ့ပြောင်း အလုပ်သမားတွေဟာ များသောအားဖြင့် ထိုင်းနိုင်ငံမှာမွေးတဲ့ သားသမီးတွေကို ပြည်တွင်းကို ပြန်ပို့တတ်ကြပါတယ်။
ခုလို အခွင့်အရေးရပေမဲ့ ရတဲ့ဝင်ငွေနဲ့ ကလေးကျောင်းစရိတ် ကာမိမှာမဟုတ်ဘူးလို့ မုဒုံမြို့နယ်က အလုပ်သမတယောက်က ပြောပါတယ်။

“အဲဒီလိုမျိုး အခွင့်အရေး ပေးရင်တော့ ကောင်းသင့်သလောက် ကောင်းတာပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ တချို့မိသားစုတွေ အနေနဲ့ မပြန်နိုင်ဘူး။ သူတို့အနေနဲ့တော့ ကောင်းတယ်။ ဒါပေမဲ့ တခုရှိတာက ကျမတို့မှာ ၀င်ငွေက သူတို့တွေနဲ့ တန်းတူမရှိဘူး။ မရှိတဲ့အခါကြတော့ သူတို့က အခွင့်အရေး ပေးပေမယ့် အဲဒီအခွင့်အရေးကို လူတိုင်းယူလို့မရဘူး။ ဥပမာ ကျောင်းသွားထားမယ်ဆိုရင် ထားခွင့်ရှိတယ်၊ ဒါပေမဲ့ မိဘတွေက ထိုင်းလစာနဲ့ မတူတဲ့အခါကြတော့ ကိုယ့်ကလေးတွေက ဒီရှမ်းတွေကြားထဲ မျက်နှာငယ်နေမလား၊ အဲလိုမျိုးပေါ့နော်။”

လက်ရှိမှာတော့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေရဲ့ ကလေးတွေအတွက် ပညာရေး၊ ကျန်းမာရေး စောင့်ရှောက်မှုတွေကို အများစုနေထိုင်တဲ့ မဲဆောက်၊ ဘန်ကောက်၊ မဟာချိုင်၊ ဖူးခက်၊ ဖန်ငနဲ့ ရနောင်းခရိုင်တွေမှာ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေရဲ့ အကူအညီနဲ့ လုပ်ဆောင်နေပါတယ်။ ဒီနှစ် အလုပ်သမားမှတ်ပုံတင် ကာလထဲမှာ မြန်မာအလုပ်သမား ၇၀၀,၀၀၀ နီးပါး မှတ်ပုံတင်ခဲ့ကြတယ်လို့လည်း အလုပ်သမားဝန်ကြီးဌာနရဲ့ စာရင်းအရ သိရပါတယ်။

ရေပိုင်နက် အငြင်းပွားမှု ကုလ ကြားဝင်ဖြေရှင်းပေးဖို့ တောင်းဆို နှင့် အမေရိကန်မြန်မာအရေးစိတ်ဝင်စားရခြင်းအကြောင်း

ဗွီအိုအေ

ဘင်္ဂလားဒေ့ရှ်၊ မြန်မာနိုင်ငံနဲ့ အိန္ဒိယနိုင်ငံတို့အကြား မပြီးပြတ်နိုင်သေးတဲ့ ပင်လယ်နယ်နိမိတ်ဆိုင်ရာ အငြင်းပွားမှု ပြဿနာတွေနဲ့ ပတ်သက်ပြီး ကြားဝင်ဖျန်ဖြေ ဖြေရှင်းပေးဖို့ ဘင်္ဂလားဒေ့ရှ် အစိုးရက ကုလသမဂ္ဂကို တောင်းဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံရဲ့ ရေကြောင်းနယ်နိမတ် သတ်မှတ်ချက်တွေနဲ့ ပတ်သက်လို့ ဘင်္ဂလားဒေ့ရှ်ဘက်က ကုလသမဂ္ဂက တဆင့် သံတမန်ရေးအရ ကန့်ကွက်ထားသလို နှစ်နိုင်ငံ အရာရှိတွေလည်း မကြာခဏဆိုသလို တွေ့ဆုံဆွေးနွေးနေကြဆဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံဘက်ကလည်း သူတို့ရဲ့ ရပိုင်ခွင့် ရေပိုင်နက် အငြင်းပွားမှုကို ဥပဒေကြောင်းအရ ဆက်လက် ဖြေရှင်းသွားမယ်ဆိုပြီး ပြောဆိုထားပါတယ်။

ကုလားတန် သတင်းစာ အယ်ဒီတာ ကိုတင်ထွဋ်က အခုလို ပြောပါတယ်။

“ဗမာပြည်ထဲက ခြံစည်းရိုးကို သောကြာနေ့က သူတို့ ပြန်စနေတာပဲ။ သူတို့ ကြားထဲမှာ ၂ လတိတိ ရပ်ဆိုင်းသွားတယ်။ အဲလို ရပ်ဆိုင်းသွားပြီး သောကြာနေ့က ပြန်စတဲ့အချိန်မှာ အဲဒီခြံစည်းရိုးနဲ့အတူ စစ်တပ်လည်း နယ်စပ်တလျှောက်မှာ ချထားတယ်ဆိုတော့ ဘင်္ဂလားဒေ့ရှ်မှာရှိတဲ့ နယ်ခံတွေက ဒေသအာဏာပိုင်တွေကို စစ်တပ်တွေ တိုးလာတဲ့အကြောင်း ပြောပြတော့ အဲဒီမှာရှိတဲ့ နယ်စပ်တပ်တွေကို တိုးပြီး ပြန်ချထားတဲ့ပုံစံမျိုး ရှိတယ်။ ဘာမှ ပစ်တာခတ်တာတော့ မရှိသေးဘူး။ ဒါပေမဲ့ နှစ်ဘက်စလုံးကတော့ တင်းမာနေတဲ့ ပုံစံမျိုးတော့ ရှိတယ်။”

မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြားမှာ အရင်ကလည်း နယ်ခြားဒေသ အငြင်းပွားမှုတွေနဲ့ တင်းမာမှုတွေ ပေါ်ပေါက်ခဲ့ဘူးပါတယ်။ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ အတွင်းမှာ မြန်မာသင်္ဘောတွေ ဘင်္ဂလားဒေ့ရှ် ရေပိုင်နက်ထဲကို ၀င်ပြီး ရေနံနဲ့ သဘာဝဓာတ်ငွေ့ ရှာဖွေရေး လုပ်ကိုင်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ စိန့်မာတင်ကျွန်း အနောက်တောင်ဘက် ရေကြောင်းမိုင် ၅၀ အကွာကို ဘင်္ဂလားဒေ့ရှ် ရေတပ်က စစ်သင်္ဘောတွေ စေလွှတ်ခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ် အစိုးရအနေနဲ့ အခုလို ကုလသမဂ္ဂကို အကူအညီ တောင်းလိုက်ရတဲ့ အကြောင်းရင်းက ဒီပြဿနာကို ဘယ်သူကမှ မဖြေရှင်းနိုင်တာ နှစ်ပါင်း ၃၅ နှစ်ကျော် ကြာလာတာကြောင့် ဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး ဒီပူ မိုနီ (Dipu Moni) က မနေ့က သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

အမေရိကန်မြန်မာအရေးစိတ်ဝင်စားရခြင်းအကြောင်း

အငြင်းပွားနေတဲ့ ဘင်္ဂလားဒေ့ရှ်၊ မြန်မာ ရေပိုင်နက်ထဲမှာ ကမ်းလွန် သဘာဝဓာတ်ငွေ့ တူးဖော်ရေးလုပ်ငန်းတွေ လုပ်ကိုင်ဖို့ ပြင်ဆင်တဲ့ အမေရိကန် ConocoPhillips (COP) ကုမ္ပဏီကို မြန်မာနိုင်ငံဘက်က ဆက်မလုပ်ဖို့ သတိပေးခဲ့တယ်ဆိုပြီး ဒက်ကာမှာ ထုတ်ဝေတဲ့ The Age သတင်းစာက ရေးသားခဲ့ပါတယ်။ ဒီသတိပေးချက်နဲ့အတူ နယ်ခြားမှာ မြန်မာဘက်က စပြီး တပ်တွေဖြန့်ချရင်း သံဆူးကြိုးတွေနဲ့ ခြံစည်းရိုးကာတဲ့ လုပ်ငန်းတွေကို စလုပ်ခဲ့တာလို့ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ် အစိုးရက အမေရိကန်ပိုင် Conoco Phillips နဲ့ အိုင်ယာလန်ပိုင် Tallow Oil ရေနံကုမ္ပဏီတွေ အနေနဲ့ ဘင်္ဂလားပင်လယ်အော်က ရေနံနဲ့ သဘာဝဓာတ်ငွေ့တွေကို လာရောက်လုပ်ကိုင်စေလိုတာ ဖြစ်ပေမဲ့ မြန်မာနဲ့ အိန္ဒိယ အစိုးရတို့ကတော့ အဲဒီဒေသတွေဟာ သူတို့ပိုင်တယ်ဆိုပြီး စောဒကတက်နေကြတာ ဖြစ်ပါတယ်။

လှိုင်သာယာစက်မှုဇုန် ပဲသန့်စင်စက်ရုံများ လုပ်ငန်းရပ်ဆိုင်း

အောင်ထက်

ရန်ကုန်မြို့ လှိုင်သာယာစက်မှုဇုန်အတွင်းရှိ ပဲသန့်စင်စက်ရုံများအနက် အချို့စက်ရုံများသည် လုပ်ငန်းအင်အား လျှော့ချနေသကဲ့သို့ အချို့က ပဲဂိုဒေါင်များ ပိတ်သိမ်းနေကြသည်။

အထူးသဖြင့် ပြည်ပပို့ ပဲအမျိုးအစားများဖြစ်သည့် ပဲတီစိမ်း၊ မတ်ပဲ၊ မြေထောက်ပဲများ သန့်စင်သည့် စက်ရုံတို့ အများဆုံး ပါဝင်သည်။

ပဲသိုလှောင်ရုံကြီးများဖြစ်သည့် စက်မှုဇုန် (၄) ဂိုဒေါင်အမှတ် (၃၉) နှင့် အမှတ် (၄၄) တို့သည် ပြည်ပပို့ပဲများ သိုလှောင်ခြင်း၊ သန့်စင်ခြင်း လုပ်ငန်းများကို ရပ်ဆိုင်းလိုက်ကြပြီး ဇုန် (၂) ရှိ ဘောဂကြီး၊ Great Lucky နှင့် ဇုန် (၃) မှ မောင်ဝိတ် စသည့်ဂိုဒေါင်များတွင် မတ်ပဲအစား အခြားကုန်စည်များကိုသာ သိုလှောင်လာကြသည်။

ပဲစက်ရုံနှင့် ဂိုဒေါင်များ ပိတ်ကြရခြင်းမှာ ပြည်ပပို့ကုန် ပဲဈေးကွက် ကျဆင်းနေသောကြောင့်ဖြစ်ပြီး ထိုသို့ကျဆင်းရခြင်းမှာ တောင်သူတို့၏ ရောင်းလိုအားမရှိခြင်း၊ ပြည်ပ၀ယ်လိုအား သိသာစွာ ကျဆင်းခြင်းတို့ကြောင့်ဖြစ်ကြောင်း ပဲကုန်သည်များက ပြောသည်။

စီးပွားရေးပညာရှင်တဦးကမူ အထက်ပါအချက် နှစ်ချက်အပြင် အခြားအချက်များလည်း ပါဝင်ကြောင်း ပြောဆိုသည်။

၎င်းက “ပြည်ပကုန်သည်တွေရဲ့ အသာစီးယူအကျပ်ကိုင်မှုတွေ၊ ဈေးကစားမှုကို တားမြစ်နိုင်မှု အားနည်းတာတွေနဲ့ ပြည်တွင်းနိုင်ငံရေးမငြိမ်သက်မှု၊ နိုင်ငံတော်ရဲ့ကုန်သွယ်ရေး လျစ်လျူရှုမှုတွေအပြင် စွမ်းဆောင်ရည်မပြည့်ဝတဲ့ လုပ်ထုံးလုပ်နည်းတွေအပေါ်မှာလည်း အခြေခံတယ်” ဟု ထောက်ပြသည်။

ပဲလက်ကျန်နည်းနေပြီး အရောင်းအ၀ယ်ပါးနေသောကြောင့် ယခုရက်ပိုင်းတွင် မတ်ပဲ ဈေးမြင့်နေသည်ဟု မီးဖိုချောင်သီးနှံစိုက်ပျိုးရေး ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း တာဝန်ရှိသူတဦးက ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာ (၃၀) ရက်နေ့က မတ်ပဲတတန် အမြင့်ဆုံးဈေး (၇၇၀,၀၀၀) ကျပ်၊ အောက်တိုဘာ (၁) ၇က်နေ့တွင် (၈၀၀,၀၀၀) ကျပ်၊ အောက်တိုဘာ (၂) ရက်နေ့တွင် (၈၄၀,၀၀၀) ကျပ်နှင့် အောက်တိုဘာ (၇) ရက်နေ့တွင် တတန် (၈၃၅,၀၀၀) ကျပ်အထိ ဈေးမြင့်ခဲ့သည်။

“ရောင်းလိုအားနည်းနေတဲ့ လက်ရှိအခြေအနေမှာ မတ်ပဲ ဈေးမြင့်တာ မဆန်းပါဘူး။ မကြာခင်လပိုင်းမှာ မိုးစပါးပြီးလို့ မတ်ပဲရာသီရောက်ရင် ဈေးအဆမတန် ပြုတ်ကျသွားမှာပဲ။ ပြည်ပ Offer အားနည်းတာတော့ (၂) နှစ်လောက်ရှိနေပြီ” ဟု မတ်ပဲဈေးကွက် ကျွမ်းကျင်သူတဦးက ပြောသည်။

မတ်ပဲအများဆုံးမှာယူသော အိန္ဒိယနိုင်ငံသည် ရာသီဥတုဖောက်ပြန်မှုကြောင့် သီးနှံစိုက်ခင်းတို့ ပျက်စီးခဲ့ရသည့်အတွက် ပြည်ပပို့ကုန် မြန်မာမတ်ပဲ အလားအလာကောင်းနိုင်သည်ဟု ယူဆစရာရှိသော်လည်း အိန္ဒိယပြည်တွင်းရေးဂယက်ကြောင့် အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေးမှာ လတ်တလော အေးနေသည်။

လှိုင်သာယာစက်မှုဇုန်မှ ပဲသန့်စင်စက်ရုံများ ရပ်ဆိုင်းလိုက်သောကြောင့် ပဲပိုးပေါက်၊ အခြမ်းကွဲ၊ အဖျင်းအမှော်၊ မျိုးကွဲများကို ဦးစွာ စိစစ်ခွဲခြားရသည့် ထောင်နှင့်ချီသော နေ့စားအလုပ်သမားတို့သည် အလုပ်လက်မဲ့ဖြစ်နေကြပြီး New Way ဖိနပ်စက်ရုံ၊ အိုပယ်၊ ချားလ်မင်း အထည်ချုပ်စက်ရုံတို့၌ အလုပ်လျှောက်နေကြသည်။