ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Tuesday, November 30, 2010

အိုင်ဖုန်း နဲ့  အစမ်းရေးတင်ကြည့်တာပါ။မြန်မာဖောင့် စာလုံးတိုင်းတော့ မရသေးသော်လည်း တော်တော် ရေးလို့ ရတာတွေ့ ရပါတယ်။

အိုင်ဖုန်း နဲ့  အစမ်းရေးတင်ကြည့်တာပါ။မြန်မာဖောင့် စာလုံးတိုင်းတော့ မရသေးသော်လည်း တော်တော် ရေးလို့ ရတာတွေ့ ရပါတယ်။

Monday, November 29, 2010

၁၉၈၉ မှ ၂၀၁၀ အဟောင်း က အသစ်


ဒီ ဗီဒီယို ဖိုင် လေးအတိုင်း ညနက်မှာရောက် လာ ပြီး
၁၉၈၉ က ညလယ် ကို မမေ့သေးဘူး
၁ရ နှစ် ရွယ် လူငယ် တစ်ယောက် ရဲ့  သက်သေ မရှိ ပြစ်ချက် မဲ့သော် လည်း သုံး နှစ် တာ ဖြတ်ရတဲ့
အိပ်မက် ဆိုး အဟောင်း က အသစ် ဖြစ် နေတုန်း ပဲ...
လူငယ် ကို ဓားစာခံ ထား ခဲ့ နိုင်ငံ တကာ မှာ နေရာ ရ ယူ နေ ရ သူ ကို လည်းရင်ထဲ မှာ စွဲ နေ တုန်း ပဲ
ဘယ်ကို ပဲ ရောက် ရောက် အလှည့် ဆို တာ ရှိ စမြဲ မို့  နှစ် ၂၀ တိုင် လည်း ဝေဝါး မသွားဘူး။ ။

Tuesday, November 23, 2010

ကမ္ဘောဒီးယားပွဲတော် လူအုပ်ပိသေသူ ၃၀၀ ကျော်


ဗွီအိုအေ (မြန်မာဌာန)
ဓာတ်ပုံ AP
လူပြိုကျမှုအတွင်း ဒဏ်ရာရသွားသူတဦးအား ကယ်ထုတ်လာစဉ်။ နိုဝင်ဘာ ၂၂၊ ၂၀၁၀။
မနေ့က ကမ္ဘောဒီးယားနိုင်ငံရဲ့ အဓိက ပွဲတော်တခုဖြစ်တဲ့ မြို့တော် ဖနွမ်းပင် ဘုရင့်နန်းတော်အနီး ကျွန်းငယ်လေးတခုပေါ်က ရေကစားပွဲတော် အချိန်အတွင်းမှာ လူတွေ များလွန်းတဲ့အတွက် လူအုပ်ကြီး လဲပြိုပိကျပြီး သေဆုံးခဲ့ရသူပေါင်း ၃၃၉ ယောက် ရှိသွားခဲ့တယ်လို့ ကမ္ဘောဒီးယား ပြန်ကြားရေးဝန်ကြီး ခီယူ ခန်ဟာရစ်သ် (Khieu Kanharith) နဲ့ ကမ္ဘောဒီးယား ၀န်ကြီးချုပ် ဟွန်ဆန် (Hun Sen) တို့က ကြေညာ ပြောဆိုခဲ့ပါတယ်။

လူ ရာပေါင်းများစွာလည်း ဒဏ်ရာတွေ ရသွားခဲ့ကြပါတယ်။ ဒီလဲပြိုမှုဟာ ညပိုင်း ၁၀ နာရီလောက်က ကျွန်းပေါ်က တံတားတခုပေါ်မှာ ဖြစ်ခဲ့တာပါ။

လူပေါင်း ၄,၀၀၀,၀၀၀ လောက် လာကြတဲ့ ဒီပွဲတော်မှာ Tonale Sap ဆိုတဲ့ မြစ်ကူးတံတားပေါ်က လူအုပ်တွေကို ရဲတပ်ဖွဲ့က မီးသတ်ပိုက်နဲ့ ရေဖျန်းပြီး လူစုခွဲခဲ့တာမှာ ကြောက်လန့်တကြားနဲ့ လူတွေ ပြေးလွှားကြရာက လူအုပ်တွေ လဲပြိုပိကျကုန်တာလို့ ဖနွမ်းပင် ပို့စ် (Phnom Penh Post) သတင်းထောက်က ပြောပါတယ်။

တချို့လူတွေကလည်း လူလူချင်း အနင်းခံရမှာစိုးလို့ မြစ်ထဲကို ခုန်ချကြရာက ရေနစ်သေဆုံးကုန်ကြတယ်လို့ ဆိုပါတယ်။

တံတားမှာ အလှတပ်ဆင် ထွန်းညှိထားတဲ့ လျှပ်စစ်မီးလုံးပေါင်း များစွာကနေ ရေစိုနေတဲ့ လူအုပ်တွေ ဓာတ်လိုက်ကုန်ကြတာတွေလည်း ရှိခဲ့တယ်လို့ ပွဲတော်ထဲမှာ ရောက်ရှိနေတဲ့ ဖနွမ်းပင် ပို့စ် သတင်းထောက် စတီဖင် ဖင့်ခ်ျ (Steve Finch) က CNN သတင်းဌာနကို ပြောကြားခဲ့ပါတယ်။ ကမ္ဘောဒီးယား အစိုးရကတော့ လျှပ်စစ်ဓာတ်ကြောင့် သေဆုံး ဒဏ်ရာရမှုတွေ မရှိဘူးလို့ ငြင်းဆိုထားပါတယ်။

အခုဖြစ်ရပ်ဟာ ၁၉၇၀ ခုနှစ်တွေအတွင်း ခမာနီတွေရဲ့ ရက်စက်စွာ အုပ်ချုပ်မှုကာလက အဖြစ်အပျက်တွေပြီးရင် နောက်ထပ် ၀မ်းနည်းစရာ အကောင်းဆုံး မတော်တဆ ဖြစ်ပွားရမှုကြီး ဖြစ်တယ်လို့ ၀န်ကြီးချုပ် ဟွန်ဆန်က ပြောဆိုလိုက်ပြီးတော့ လာမယ့် ကြာသပတေးနေ့ကို ကွယ်လွန်သူတွေအတွက် အောက်မေ့ သတိရသောအားဖြင့် နိုင်ငံရဲ့ ၀မ်းနည်းခြင်း အထိမ်းအမှတ်နေ့အဖြစ် သတ်မှတ်မယ်လို့လည်း ကြေညာသွားခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် သားငယ်နဲ့ တွေ့ပြီ

ဒေါ်အောင်ဆန်းစုကြည်၏ သားငယ် ကိုထိန်လင်း (ခ)ကင်အဲရစ္စသည် ယနေ့ နံနက် ၉ နာရီခန့်က ရန်ကုန်သို့ ရောက်ရှိကာ မိခင် ဖြစ်သူနှင့်တွေ့ဆုံနေပြီဖြစ်သည်။

Sunday, November 21, 2010

NLD စောင့်ရှောက်ရေးဂေဟာရှိ HIV လူနာများ နေရာရွေ့ရန်ကျန်းမာရေး တာဝန် ရှိသူများနှင့် ဆွေးနွေး

သားညွှန့်ဦး

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင် မဖြူဖြူသင်း ဦးစီးဆောင်ရွက်နေတဲ့ တောင်ဒဂုံမြို့နယ် အတွင်းက HIV လူနာသည်များ စောင့်ရှောက်ရေး ဂေဟာမှာ လူနာတွေ ထားခွင့်မပေးတော့ဘူးလို့ အာဏာပိုင်တွေက ဖိအားပေး ပြောဆိုပြီးတဲ့နောက် ဒီကနေ့မှာတော့ အဲဒီ တည်းခိုဆောင်မှာ တာဝန်ခံဆောင်ရွက်နေသူ အချို့ကို အစိုးရကျန်းမာရေး ဦးစီးဌာနက ခေါ်ယူတွေ့ဆုံခဲ့ပါတယ်။ လူနာတွေကို အစိုးရက စီစဉ်ထားတဲ့ စောင့်ရှောက်ရေး ဌာနတခုကို လွှဲပြောင်းပေးဖို့ အာဏာပိုင်တွေဖက်က ပြောဆိုဆွေးနွေးတယ်လို့ သိရပါတယ်။ အကြောင်းစုံကိုတော့ ကိုသားညွန့်ဦးက ဆက်သွယ်မေးမြန်းထားပါတယ်။

“ကျနော်တို့ကို ဆေးရုံကိုလာဖို့ဆိုပြီးတော့ ကျနော်တို့ကို ကားနဲ့လာခေါ်သွားတယ်။”

ဘယ်ဆေးရုံလဲခင်ဗျ။ -

“တောင်ဒဂုံက ဆေးရုံ၊ ဆေးရုံကိုသွားပြီးတော့ ကျနော်က မယက ဥက္ကဌပဲလား၊ ကျန်းမာရေးဌာနကလူတွေနဲ့ ဥက္ကဌနဲ့က အရင် ၂ ခါလာဖူးတယ်ဗျ။ အဲဒီတော့ ကျနော်က တွဲတွေ့ရမယ်ထင်လို့ပေါ့ဗျာ။ သွားလိုက်တော့ အဲဒီမှာ မယက ဥက္ကဌမရှိဘဲနဲ့ ရန်ကုန်တိုင်း ကျန်းမာရေးဦးစီးဌာနကပေါ့ဗျာ။ အကြီးဆုံး တိုင်းကျန်းမာရေးမှူး ဆရာကြီး ဦးလှမြင့် တယောက် တွေ့တယ်ဗျာ။ နောက် NLD က ဒေါက်တာမျိုးသန့်၊ ဝေဘာဂီ ဆေးရုံအုပ် ဦးခင်အောင်စော၊ တိုင်းရင်းဒုဦးစီးမှူး ဒေါ်စန္ဒာဝင်း၊ နောက်ပြီးတော့ တီဘီ တိုက်ဖျက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာ မြမြ၀င်းနဲ့ ဒေါက်တာ ဒေါ်တင်မိမိခိုင် တို့ ၆ ယောက် တွေ့တယ်ဗျာ။ ကျနော်တို့ဘက်ကတော့ ကျနော်ရယ်။ မဖြူညီမ မမာလာထွန်းရယ်၊ မဥမ္မာရယ်၊ ကိုသိန်းမြင့်ထွန်းရယ် ၄ ယောက်ပေါ့။ သူတို့ကပြောတာကတော့ ယဉ်ယဉ်ကျေးကျေးပါပဲ။ ဒါပေမဲ့လို့ မယက ကပြောသလိုပါပဲ။ အရပ်ထဲမှာ complaint တွေရှိနေတယ်။ နောက်ပြီးတော့ ဒီလိုမျိုးကြီးနေတာ မကောင်းဘူး။ တီဘီတွေဘာတွေဆိုလည်း အပြန်အလှန် ကူးစက်တတ်တယ်ပေါ့။ သူတို့ဆီမှာလည်း ဒီလိုမျိုးလုပ်ထားတာ တခုရှိတယ်။ အဲဒီကို ပို့စေချင်တယ်ပေါ့။”

ဘယ်နေရာကို ပို့စေချင်တာလဲ သူတို့က။ -

“သာကေတ က (၇) ရပ်ကွက်ပေါ့နော်။ သာကေတ အ၀ိုင်းနားလေးမှာရှိတဲ့ ကျနော်တို့ထားတဲ့ဟာ တခု၊ ဒါပေမဲ့ သူတို့ဘက်ကသာတာက ဆရာဝန်တွေဘာတွေ ရှိတယ်ပေါ့ဗျာ။ ဆရာဝန်တွေဘာတွေ ရှိတယ်၊ လိုအပ်တဲ့ ဆေးဝါးကုသမှု ချက်ချင်း ပေးနိုင်တယ်၊ နောက်ပြီး အရေးပေါ်လိုအပ်တယ်ဆိုလဲ ဝေဘာဂီတို့ မင်္ဂလာဒုံတို့ကို တင်နိုင်တယ်ပေါ့ဗျာ။”

အဲဒီတော့ ကိုရာဇာတို့ ဘယ်လိုစဉ်းစားလဲ။ လူနာတွေကို သူတို့ဆီကိုပဲ လွှဲမလား။ ဘယ်လိုလုပ်မလဲ။ -

“ဒီနေ့ တပါတည်း ပြန်ပြောလိုက်တာရှိပါတယ်။ အဲဒါကဘာလဲဆိုတော့ ကျနော်တို့ သဘောဆန္ဒနဲ့ လူနာတွေကို အတင်းအကျပ် ပြောင်းရွှေ့လို့မရဘူး။ ကျနော်တို့ လူနာတွေရဲ့ သဘောဆန္ဒကိုလည်း မေးရဦးမယ်။ ကျနော်တို့လည်း နားလည်ပါတယ်လို့ ထိုက်သင့်သလောက်။ ကျနော်တို့လဲ လုပ်လာတာ ၈ နှစ်ကျော်နေပြီဆိုတော့။ ဒီလို ရောဂါကူးစက်မှုတွေ၊ အပြန်အလှန်ကူးစက်မှု ရောဂါကိစ္စတွေ ကျနော်တို့လည်း နားလည်ပါတယ်။ ကျနော်တို့လဲ အတတ်နိုင်ဆုံး အဆောက်အဦးတွေ တိုးချဲ့ဖို့လည်း ကြိုးစားနေတယ်။ အဲဒါတွေလုပ်ပြီးရင် ကျနော်တို့ သီးသီးခြားခြားလေး ဖြစ်အောင် လုပ်ပါ့မယ်။ အဲဒီတော့ ကျနော် လာကြည့်မယ်။ ကျနော် တရက်လာကြည့်ပြီးတော့ ဘယ်လိုလုပ်ရင်ကောင်းမလဲ စဉ်းစားဦးမယ်။ ကျနော်တို့ ဒီလိုပဲ ပြောထားတယ်။”

ဟုတ်ကဲ့။ လိုက်ကြည့်မယ်ဆိုတာက အဲဒီ တည်းခိုဆောင်ကို ကိုရာဇာတို့က သွားကြည့်မယ်ပေါ့။ -

“ဒီလိုဗျာ။ ဒါက တတိယအကြိမ်တွေ့တာ။ ဒီဆရာဝန်အုပ်စုနဲ့ ကျနော်နဲ့က။ တွေ့ပြီးတော့ အဲဒီလိုပဲ သူတို့ဆီကို ပို့လို့ရပါတယ်။ ကုလို့ရပါတယ်။ နှစ်တိုင်းပဲလာပြောတယ်။ ပြောတော့ ကျနော် သွားပို့တယ်။ တယောက် သွားပို့သေးတယ်။ သွားပို့တဲ့ဟာကို အဲဒီတုန်းက အစောင့်တယောက်က ကျနော်တို့ကို မောင်းထုတ်တယ်ဗျ ကျနော်တို့ကို။ အဲဒါ အဲဒီအခြေအနေကိုလည်း ကျနော်တို့ ပြောပြလိုက်တယ်လေ။ ပြောပြလိုက်တော့ သူတို့က မဟုတ်ပါဘူး၊ မပြုပါဘူး ဆိုပြီးတော့ ပြောတာပဲ။ ဒါပေမဲ့ တခါတရံကျတော့ သူတို့က အောက်မှာတကယ်ဖြစ်နေတာတွေကို သိချင်မှသိတာဗျ။ အဲဒီလိုမျိုးကလည်း ရှိတယ်။”

လူနာတွေရဲ့ သဘောထားကရော ဘယ်လိုရှိလဲခင်ဗျ။ -

“လူနာတွေ အကုန်လုံးကို ကျနော် မေးကြည့်တယ်။ သူတို့က ကျနော်တို့နဲ့ ကင်းလွတ်ပြီးတော့ မနေချင်ဘူးပေါ့ဗျာ။ အဲဒီတော့ ကျနော်တို့နဲ့ပဲ နေမယ်ပြောတယ်။ ဖမ်းချင်လည်း ဖမ်းပါစေတဲ့။ မတတ်နိုင်ဘူးတဲ့။ ဒီမှာနေရာတာ အဆင်ပြေတယ်ပေါ့လေ။”

ဟိုနေရာမှာကျတော့ ဆရာဝန်လည်း ရှိမယ်၊ ဆေးဝါးလည်း နိုင်တဲ့သဘော ပိုမရှိနိုင်ဘူးလားခင်ဗျ။ -

“အဲဒါက ပြောလို့ရှိရင် ဒီမှာဖြစ်နေတဲ့ကိစ္စက အခြား အခြားသော facilities ဆိုတာထက် မေတ္တာတရား ငတ်မွတ်မှုရဲ့ ပြဿနာပဲဗျ။ အဲဒါပဲ။ လူတွေကို တကယ်တမ်း မေတ္တာတရားပေးနိုင်တာက မဖြူလို့ပဲ သူတို့ယုံတယ်။ မဖြူဖြူသင်း လို့ပဲ သူတို့သိထားတယ်။ သူတို့နဲ့တွေ့တဲ့သူတွေက လူတွေ အများကြီး တွေ့ရတာကိုး။ မဖြူ တယောက်တည်းနဲ့ တွေ့ရတာမဟုတ်ဘူး။ ဆေးရုံသွားတွေ့ရတယ်။ ဆေးခန်းတွေ သွားရတယ်။ counseling တွေဝင်ရတယ်။ ဒါပေမဲ့ သူတို့ရင်ထဲမှာ မှတ်မှတ်သားသား ရှိနေတာက မဖြူဖြူသင်းပဲဗျ။ အဲဒါကြောင့်မို့ သူတို့က ဒီမှာနေရတာ ပိုအဆင်ပြေတယ်လို့ သတ်မှတ်တာပေါ့။”

ဒီကနေ့ ကိုရာဇာ ကျန်းမာရေး ဦးစီးဌာနကလူတွေနဲ့ တွေ့တဲ့အခါမှာရော တခြား အာဏာပိုင်တွေဘက်က ကမ်းလှမ်းတာကို မလုပ်ရင် တခုခုလုပ်မယ်ဆိုတဲ့ ခြိမ်းခြောက်တဲ့သဘောမျိုးရော ဆောင်လား။ -

“အဲဒီလိုတော့ မပြောဘူးပေါ့ဗျာ။ ဒါပေမဲ့ ကျန်းဦးစီးကလူ ပြောတဲ့အထဲမှာတော့ အရပ်က complaint ဆိုတဲ့ကိစ္စကဗျာ အရပ်ထဲနဲ့ ကျနော်တို့နဲ့ အဆင်မပြေအောင် သူတို့ လုပ်ချင်ရင် လုပ်လာနိုင်တာပေါ့။ ဒါပေမဲ့ ယဉ်ကျေးပါတယ်။ ဒီနေ ဆရာဝန်ကြီးတွေ၊ ဆရာမကြီးတွေက။ နောက်ပြီးတော့ ကျနော်တို့ ဒီလို ခေါ်ပြောတဲ့အတွက်လည်း ကျနော် ကျေနပ်ပါတယ်။”

တာဝန်ခံတဦးဖြစ်တဲ့ ကိုရာဇာကို ကိုသားညွှန့်ဦး ဆက်သွယ်မေးမြန်းခဲ့တာပါ။ NLD ကဖွင့်လှစ်ထားတဲ့ အဲဒီ စောင့်ရှောက်ရေးဂေဟာမှာ HIV လူနာသည် ၈၀ ကျော်ရှိနေတာပါ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်ဟာ နိုဝင်ဘာလ ၁၇ ရက်နေ့တုန်းက အဲဒီဂေဟာကို သွားရောက်ပြီး လူနာတွေကို တွေ့ဆုံအားပေးခဲ့ပါတယ်။ အဲဒီနောက်မှာပဲ ဒီလူနာတွေကို တခြားနေရာတွေကို ပြောင်းရွေ့ရမယ်ဆိုပြီး ဖိအားပေးမှုတွေ လုပ်လာတာ ဖြစ်ပါတယ်။

Saturday, November 20, 2010

ရန်သူ မှ မိတ်ဆွေ ...မိတ်ဆွေ မှ ပူးပေါင်း အေးချမ်းဖြေရှာ ငြိမ်းချမ်းသာယာ

ရန်သူ မှ မိတ်ဆွေ ...
ရန်သူ နှင့် စကားပြော ခြင်း ဖြစ် ဖို့  ဆိုတာ
နယ်လ်ဆင် မန်ဒဲလား တုန်းကတော့ သူ မှာ ပါတီ ရယ် ...လက်နက်ကိုင် အဖွဲ့  ပူးပေါင်း ပါ ဝင် မူရယ် နိုင်ငံတကာရောက် အဖွဲ့  တွေ ရဲ့ ဇွဲ မလျှော့ မှုရယ် အာဏာအုပ်ချုပ်သူ ရဲ့  ညှိုနိုင်း နိုင် မှုရယ်
အောင်မြင်မှု ကိုရခဲ့ တာ
လက်နက်ကိုင် အဖွဲ့  ပူးပေါင်းပါ ဝင် ချိန် မှာ ငြိမ်းချမ်းရေး ရှေးရှုချိန် အာဏာစွဲ ကိုင် သူလက်ချက် နဲ့  အသက်တွေ ရင်း ခဲ့ ရတာပါ...
ဆုံးရှုံးမှု မပါပဲ အဆင်ပြေခဲ့တာ မဟုတ်ပါဘူး

မိတ်ဆွေ နှင့် ပူးပေါင်း တော့ နစ်နာမှုတွေ တင်းမာ မှုတွေ ရှိ နေ တာပါ

မြန်ပြည် မှာရော ...

စနစ်ကျမှု
ခွဲဝေတာဝန်ပေးယူမှု
လူစုဝေးနိုင် မှ ထောက်ခံမူရှိတယ် ဆိုတဲ့ အတွေးမှား
ဆက်သွယ်ရေး စနစ်သစ် နည်းပညာ အသုံးချတတ်ရေး
အခက်အခဲ အရင်းအမြစ် ရှာ ဖြေရှင်း နိုင် တဲ့ နည်းလမ်း ကို အဆင့်ဆင့် ပေးဆပ်ကူညီရေး
လူတိုင်း ကျန်းမာရေး
ပညာရေး
တနေ့ တာတိုးတက် မှု
မှားယွင်း တဲ့ဆုတ်ယုတ်မှု ကို ပြုပြင်ရေး

ရရှိ အခွင့်အရေး အသုံးချတတ်မှု
ထိတိုက် ရင်ဆိုင် မှု အလျှော့ အတင်း လုပ်တတ်ရေး
၁၉၉၀ ကတည်းက ပြည်သူ က ပြည်သူ့ အလုပ် လုပ် ခဲ့ တာတွေရ
၂၀၁၀ ထိ လုပ်နေတုန်း
သူရွှေးခဲ့ တဲ့ သူ ဘာမှ မကူညီတော့....
(ဘာပဲဖြစ်ဖြစ် နာရေးကူညီ မှုအသင်း လူတိုင်း ကူညီနိုင်တာ လူတစ်ဦး ချမ်းသာလို့  လုပ်နိုင်တာမဟုတ်ပါဘူး)
ကိုယ်ကို ပြန်ရိုက် တဲ့ သူ အဆင့်ရောက်နေ ရတာ ကို ကြည့် တတ် ရင်
၂၀၁၀ ကို အောင်မြင်မှု နဲ့  တတ်လှမ်းမှာပါ

Friday, November 19, 2010

ဒေါ်စုနဲ့ မစ္စတာဘန်ကီမွန်း တယ်လီဖုန်း ပြောဆို

ဗွီအိုအေ
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း (Mr. Ban Ki-moon) တို့ဟာ ဒီနေ့ ညနေပိုင်းက တယ်လီဖုန်းကတဆင့် တိုက်ရိုက် စကားပြော ဆွေးနွေးခဲ့ပါတယ်။

“အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာပြီးနောက် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက နှုတ်ဆက်စကား ပြောဖို့ မနေ့ကတည်းက စတင်ပြီး သူ့ဘက်က စီစဉ်ပါတယ်။ အကြောင်းမညီညွတ်လို့ မနေ့ကတော့ မပြောဖြစ်ပါဘူး။

“ဒီနေ့တော့ ရန်ကုန်မှာရှိတဲ့ ကုလသမဂ္ဂ ကိုယ်စားလှယ်ရုံးက တာဝန်ခံ ကိုယ်တိုင်က ပူးပေါင်းစီစဉ် ကူညီပေးမှုကြောင့် မစ္စတာ ဘန်ကီမွန်းက ၅ နာရီ ၄၅ မိနစ်မှာ ကျနော်တို့ အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်ဆီကို ဖုန်းဆက်ပါတယ်။ ဖုန်းဆက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ၀မ်းမြောက်ကြောင်း စကားပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ၁၅ မိနစ်ကြာ ပြောပါတယ်။ အသေးစိတ် ပြောဆို ဆွေးနွေးတာတွေတော့ ကျနော်တို့ မသိပါဘူး။ ဒေါ်အောင်ဆန်းစုကြည်က အိမ်မှာရှိတဲ့ သူ့အခန်းထဲက ဆွေးနွေးပြောဆိုတာ ဖြစ်ပါတယ်။”

NLD ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တဦး ဖြစ်သူ ဦးအုန်းကြိုင် ပြောပြခဲ့တာ ဖြစ်ပါတယ်။

မကြာခင်ရက်ပိုင်း အတွင်းကလည်း ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ် ကမ်မရွန်း (David Cameron) နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တယ်လီဖုန်းနဲ့ ဆက်သွယ်ပြီး ပြောဆိုခဲ့ကြသေးတာ ဖြစ်ပါတယ်။

နေ့ တချို့  ရဲ့  အမှတ် တရ

ဒီနေ့  ကျောင်း တုန်း က သူငယ်ချင်း နဲ့  ပြန်တွေ့  တော့ သူ က ပြောတယ် တခြား အကြောင်း အရာ တွေ ပဲ တင် တော့ သူ မကြည့် ဖြစ် ဘူးတဲ့ ... ရေးချင် တာပေါ့ ဒါပေမဲ့ တချို့  တွေ ကို ပြန်ကြည့် ရသေးတယ် ...
ကို ကျော်မိုးရှိန် ဆို ကွယ် လွန်သွားပြီ ...
သူ အကြောင်းရေးဖို့  ဆို ....မနည်း အားယူ ရ မယ်
ရေနံ အင်ဂျင်နီယာ ဖြစ် ဖို့  ပုသိမ်သား ဖြစ် တဲ့ အချင်းချင်းပဲ သိပြီး
ရင်ဘတ်ထဲ မှာ ပြောမထွက်တာတွေ
ရေးနေ ရင်း နဂိုက ဖြတ်ခဲ့ တဲ့ အခက်အခဲ တွေ
ရေတွက်မရတာ တွေ
ပျော်မွေ့ ခဲ့ တာတွေ အမှတ်တမဲ့
မဟုတ်တဲ့ အမှတ်တရ နေ့  တွေ ရေး ဖြစ်ဖို့ 
ကြိုးစားရင်း
ဒီနေ့  ကျောင်း တုန်း က သူငယ်ချင်း ဆို အဆောင်မှာ နေဖို့  အဆင်မပြေချိန်မှာ အပြင်ဆောင် မနေနဲ့  ကွာ
ဆိုပြီး
အဆောင်ကြေး သူဟာသူသွင်း
အခန်းသော့ ပါ လာပေးသွားတာ
အဲ လို စေတနာတွေ နောက် ထပ် ...တခြား အကူအညီတွေ
သူ အပြင် တခြား သူငယ်ချင်းတွေ ....အဆောင်မှုး ရဲ့  နိုင်ငံခြား မသွားခင် ကူညီတာတွေ...တသီတတန်းကြီး...ရေးစရာတွေ များတော့
မရေးဖြစ်တာလဲ ပါတာပေါ့...
မေ့မရ နေ့တချို့ 

(သူငယ်ချင်းကျော်စွာလွင် နဲ့  ဂျပန်မှာ တွေ့ စဉ် ပြောဖြစ်တာ တချို့  စင်ကာပူမှာ တွေ ရသလို မဟုတ်သလို ဂျပန်ရောက်နေတဲ့ သူငယ်ချင်း သန့် ဇင်သန်း ကို တွေ့ ဖို့  စောင့်ရင်းမှတ်မှတ်ရရ)

Thursday, November 18, 2010

ရန်ကုန်မြို့တော်ခန်းမအနီး ဗုံးတွေ့

မသင်းသီရိ
ဗုဒ္ဓဟူး
, 17 နိုဝင်ဘာ 2010
ရန်ကုန်မြို့တော်ခန်းမ အနောက်နားက ဟိုတယ်တခု အနားမှာ ပေါက်ကွဲစေတတ်တဲ့ဗုံး တွေ့တဲ့အတွက် လုံခြုံရေး အခြေအနေအရ ဆိုပြီး အဲဒီနားဝန်းကျင် တ၀ိုက်ကို ညနေပိုင်းက ခေတ္တပိတ်ထားပါတယ်။ နောက်ဆုံးအခြေအနေ ဘယ်လိုရှိလဲဆိုတာ စုံစမ်းထားတဲ့ မသင်းသီရိက တင်ပြပေးထားပါတယ်။

ဒီကနေ့ ဗုဒ္ဓဟူး 17 နိုဝင်ဘာ 2010 ညနေပိုင်းက ရန်ကုန်မြို့တော်ခန်းမ အနောက်ဘက်မှာရှိတဲ့ စီးတီးစတားဟိုတယ် အောက်ထပ်မှာ ဖွင့်ထားတဲ့ အင်တာနက်ဆိုင် အနီးမှာ ဗုံးတွေ့ခဲ့တာပါ။ ပေါက်ကွဲတဲ့အဆင့်ထိ မဖြစ်ခဲ့ပေမဲ့ လုံခြုံရေးအရ ဆိုပြီး အဲဒီနားဝန်းကျင်ကို ရဲတွေက ခေတ္တပိတ်ထားခဲ့တယ်လို့ ရန်ကုန်မြို့ခံတဦးက ပြောပါတယ်။

“၅ နာရီ ၁၅ လောက်မှာ မြို့တော်ခန်းမနောက်က စီးတီးစတားဟိုတယ်ရဲ့ အောက်က အင်တာနက်ဆိုင် ဘေးနားမှာရှိတဲ့ တာယာပုံထဲက တွေ့တယ်ဆိုပြီး ပြောတယ်။ အဲဒီအချိန်တုန်းကတော့ အဲဒီနားမှာ လုံခြုံရေးတွေ ရှုပ်ရှုပ်ထွေးထွေး တွေ့နေရတယ်။ အဲဒီနား ပတ်လည်မှာ ရှိနေတဲ့ ရဲတွေရော၊ အရပ်ဝတ်တွေနဲ့ရော အလုပ် ရှုပ်ရှက်ခတ်နေတာပဲ။ အဲဒီနေရာမှာ သာမန်လူတွေလည်း တယောက်မှ မရှိကြတော့ဘူး၊ ၀င်လို့လည်း မရတော့ဘူး၊ အဲဒီလိုတွေ စတွေ့ရတယ်ခင်ဗျ။”

ဒီလိုအခြေအနေတွေကြောင့် ဘားလမ်း အနီးဝန်းကျင်မှာရှိတဲ့ ဈေးဆိုင်တချို့လည်း ခပ်စောစော ပိတ်သွားတာ ရှိသလို လူအသွားအလာလည်း ကျဲသွားတယ်လို့ ပြောပါတယ်။ နောက်တခါ မြို့တော်ခန်းမ ပတ်လည်မှာ ဆိုရင်လည်း လုံခြုံရေး ကင်မရာတွေ တပ်ထားတဲ့ကြားက အခုလို ဗုံးတွေ့တာလို့ ပြောပါတယ်။

“အဲဒီနေရာကတော့ လူစည်ကားရာ နေရာလို့ ပြောလို့ရတယ်။ များသောအားဖြင့်ကတော့ ၀န်ထမ်းအများစု ရှိနေတဲ့ နေရာပဲ။ မြို့တော်ခန်းမ အပေါ်မှာက အမြဲတမ်း CCTV ကင်မရာတွေ တပ်ထားတယ်လေ။ အမြဲတမ်း သူတို့လူတွေချည်းပဲ ရှိနေတဲ့၊ အာဏာပိုင် အဖွဲ့အစည်းက လူတွေချည်းပဲ ရှိနေတဲ့နေရာ ဖြစ်တယ်ဗျာ။ အဲဒီအတွက်တော့ စဉ်းစားစရာ ဖြစ်နေတာပေါ့။ လူတွေအားလုံးက အဲဒီအသံ ကြားတာနဲ့ အိမ်ကို စောစောစီးစီး ပြန်နေကြတယ်လို့ သိရတယ်။”

မြင်ကွင်းကို ကိုယ်တိုင်တွေ့ခဲ့တဲ့ ရန်ကုန်မြို့ခံတဦး ပြောပြခဲ့တာ ဖြစ်ပါတယ်။

တကယ်တော့ မြို့တော်ခန်းမနဲ့ ဘားလမ်းဆိုတာဟာ လူအင်မတန်ကို စည်ကားတဲ့ နေရာတွေ ဖြစ်ပါတယ်။ တခါ ရန်ကုန်တိုင်း တရားရုံးချုပ် အနားမှာလည်း ဖြစ်နေပြန်တော့ တရားရုံး လာကြသူတွေလည်း များသလို လိုင်းကားပေါင်းစုံဂိတ် ရှိတဲ့နေရာလည်း ဖြစ်နေပါတယ်။

ထိုင်း နာမည်ကျော် အနုပညာရှင် Carabao က မြန်မာပြည်သူလူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချူပ်ကနေ လွတ်မြောက်လာမှုအတွက် ၀မ်းသာအားရနဲ့  ကြိုဆို

အပေါ်ယံဟန်ဆောင်ပြောဆိုလုပ်ပြနေတာနဲ့  အမှန်တကယ်ရင်ထဲကနေ ဒေါ်အောင်ဆန်းစုကြည်ကို လေးစားတန်ဖိုးထား ဂုဏ်ပြုကြတာ အင်မတန်ကွာခြားလှပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို တကယ့်ကို လေးစားမြတ်နိုးကြတာ ကွာခြားမှုကို နှိုင်းယှဉ်ပြချင်လို့  နာမည်ကျော် ထိုင်းအနုပညာရှင်တွေက ဒေါ်အောင်ဆန်းစုကြည်ကို လေးလေးစားစား ဘယ်လို ဂုဏ်ပြုလည်းဆိုတာ ဖေါ်ပြလိုက်ရသလို အချို့ သော မြန်မာအနုပညာရှင်တွေလည်း သိမြင်စေဖို့ ပါ။

ထိုင်း နာမည်ကျော် အနုပညာရှင် Carabao က မြန်မာပြည်သူလူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချူပ်ကနေ လွတ်မြောက်လာမှုအတွက် ၀မ်းသာအားရနဲ့  ကြိုဆိုဂုဏ်ပြုတာ ဖြစ်ပါတယ်။

ဦးထွန်းလွင် Website အတွက် ကူညီနိုင်မည့် အိုင်တီ ပညာရှင်များ လိုအပ်

မြန်မာ နိုင်ငံ၏ ရာသီ ဥတု ပြောင်းလဲမှု ဆိုင်ရာ အကြောင်း အရာ လွှင့်တင် ထားသော မိုးလေ၀သ နှင့် ဇလဗေဒ ပညာရှင် ဦးထွန်းလွင် ၏ www.tunlwin.com အမည်ရှိ Website အတွက် ကူညီနိုင်မည့် အိုင်တီ ပညာရှင်များ လိုအပ် နေကြောင်း ဒေါက်တာ ထွန်းလွင် က ပြောကြား သည်။ အဆိုပါ Website ကို အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာဖြင့် ရေးသားပြီး စက်တင်ဘာလ မှ စတင် ထုတ်လွှင့် ခဲ့ကြောင်း၊ ယခုအခါ အဆိုပါ Website ကို ရေရှည် အသုံးပြုရန် အတွက် အိုင်တီပညာရှင်များ စက်ပစ္စည်းများလည်း လိုအပ်ကြောင်း၊ မိုးလေ၀သ နှင့် ပတ်သက်၍ ပညာ ဖြန့်ဝေ ပေးလိုကြောင်း၊ မိုးလေ၀သ နှင့် ဇလဗေဒ ပညာရပ်ကို စိတ်ဝင်စားသူ၊ ထက်မြက်မှု ရှိသူ၊ ကျောင်းစာ မှာလည်း ထူးချွန်၍ အဆိုပါ Web site ကို အကူအညီ ပေးနိုင်သူများ လိုအပ်ကြောင်း၊ နာဂစ်မုန်တိုင်းဖြစ် ပြီးနောက်ပိုင်းတွင် ပြည်သူများမှာ မိုးလေ၀သကို စိတ်ဝင်စား လာ ကြခြင်းကြောင့် အဆိုပါ Website ကို ကြိုးစား၍ ရေးသား ထုတ်လွှင့်ခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။

အဆိုပါ Website မှာ မိုးလေ၀သ နှင့် ဇလဗေဒ ကျွမ်းကျင်သူ ပညာရှင်၏ Website ဖြစ်ခြင်းကြောင့် ရာသီဥတု ပြောင်းလဲခြင်းကို ပြည်သူ လူထု ဆီသို့ သတင်း အချက် အလက်များ အမြန်ဆုံး ပို့ဆောင် နိုင်မည် ဖြစ်၍ လိုအပ်လျှင် အမြန်ဆုံး ကြိုတင် ကာကွယ်နိုင်မည် ဖြစ်ကြောင်း စာရေး ဆရာမဂျူးက ပြောကြား သည်။ “ အဲဒီ Websiteမှာ မုန်တိုင်း သတင်းကို အချိန်နဲ့ အမျှ ထုတ်ပြန်ပေးတဲ့ အတွက် ကိုယ့် ၀န်ထမ်းတွေကို စောပြီး ပြန်လွှတ်သင့်၊ မလွှတ် သင့် ဆုံးဖြတ် နိုင်တယ်” ဟု ရွှေအမြုတေ စာပေ အနုပညာ မဂ္ဂဇင်း အယ်ဒီတာချုပ် ဦးဝင်းငြိမ်းက ဆိုသည်။ အဆိုပါ Website ကို စက်တင် ဘာလတွင် စတင်လွှင့်တင်ခဲ့ပြီး စင်ကာပူ နှင့် အမေရိကန်ပြည်ထောင်စုရှိ လူများ လည်းဝင်ရောက် ကြည့်ရှုကြကြောင်း အောက်တိုဘာလ အတွင်း Website ကို ၀င်ရောက်ကြည့်ရှုသူ ၁၁ သိန်းကျော် ရှိခဲ့ကြောင်း ဒေါက်တာထွန်းလွင်က ပြောကြား သည်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ BBC အင်တာဗျူး

Wednesday, November 17, 2010

Prince William and Kate draw up wedding plans



Britain's Prince William and his fiancee Kate Middleton pose for photographers during a photocall to mark their engagement, in the State Rooms of St James's Palace, central London

LONDON : Prince William and his fiancee Kate Middleton on Wednesday began planning for their eagerly-anticipated wedding next year after news of their engagement sparked congratulations worldwide.

Britain is waiting excitedly for further details about the royal nuptials, due to be held in London next spring or summer, as well as who will pay for it as the nation struggles with deep spending cuts.

William popped the question last month during a holiday in Kenya, offering Middleton, the daughter of a businessman, his late mother Diana's engagement ring to seal an eight-year romance that began at university in Scotland.

The 28-year-old, whose father Prince Charles is heir to the throne, admitted he waited so long to pop the question because he wanted to make sure Middleton, also 28, knew what she was getting into.

"I wanted to give her a chance to see in and to back out if she needed to before it all got too much," William in a television interview to mark the engagement, which was formally announced on Tuesday.

Referring to the difficulty his mother had in adapting to palace life, he added: "I'm trying to learn from lessons done in the past and I wanted to give her the best chance to settle in and see what happens on the other side."

Earlier, Middleton told a press conference at St James's Palace that joining the royal family was "quite a daunting prospect, but hopefully I'll take it in my stride", adding that William was a "great teacher".

He was also a "true romantic", she said, proposing with the sapphire-and-diamond engagement ring that his father gave Diana in 1981 and which he had carried around in his rucksack for three weeks before making the proposal.

Giving Kate the ring "was my way of making sure that my mother didn't miss out on today and the excitement and the fact that we're going to spend the rest of our lives together" William said.

Asked if they planned to have children, he said: "We want a family so we'll have to start thinking about that."

After marrying, the couple will live in north Wales, one of the most remote areas of Britain, where William is a search and rescue helicopter pilot with the Royal Air Force.

William and his fiancee will sit down with royal advisors on Wednesday to start planning their wedding.

"It's very much their day like any other couple, and they will make the decisions all the way through - they want the day to be enjoyable for everybody," a spokesman for the royal family said.

Prince Charles said he was "thrilled" at the engagement while William's brother Prince Harry said he was delighted as "it means I get a sister".

Kate's parents Michael and Carole said the family thought William was "wonderful".

Prime Minister David Cameron said the wedding would be a "great moment for national celebration".

Messages also poured in from abroad - Canadian Prime Minister Stephen Harper was quick to invite the royal couple to his corner of the Commonwealth, while congratulations arrived from New Zealand, Australia and Japan.

Royal officials say the couple want to be very hands-on in planning their wedding, and the first question is where they will hold the ceremony.

Charles and Diana married at St Paul's Cathedral amid huge pomp and circumstance, but commentators said William was unlikely to follow in the footsteps of his parents, who divorced in acrimony in 1996.

The alternatives would be Westminster Abbey or the Guard's Chapel, a military chapel near St James' Park.

The royal family will be aware of Britain's financial circumstances - it is currently in the midst of a major austerity drive to pay off a huge deficit.

"It will be scaled down and a little more restrained" than the wedding of Charles and Diana, predicted Charles Kidd, editor of Debrett's Peerage, the authoritative directory on etiquette and the British aristocracy.

"It will reflect something of the different times financially and the sort of character that Prince William and Kate Middleton have --they would probably prefer a slightly more modest affair," he told AFP.

- AFP/ms

Tuesday, November 16, 2010

မုန်တိုင်းဖြစ်ပေါ်နိုင်ဟု ဦးထွန်းလွင် ခန့်မှန်း

မဇ္ဈိမ

“မုန်တိုင်းဖြစ်ဦးတော့မယ့် အခြေအနေတွေ ပြနေပြန်ပြီ" လို့ မိုးလေဝပညာရှင် ဒေါက်တာထွန်းလွင်ရဲ့ အင်တာနက် စာမျက်နှာမှာ ဒီကနေ့ ဖော်ပြထားပါတယ်။

မုန်တိုင်းဟာ ပင်လယ်အော်တောင်ပိုင်း လတ္တီကျု့ ၁ဝ၊ လောင်တ္တီကျု့ ၉ဝ လောက်မှာ ဖြစ်ပေါ်နေပြီး၊ လောလောဆယ် အနောက်ဘက်ကို ဦးတည်နေကြောင်းနဲ့ တကယ်လို့ ဒီမုန်တိုင်းဟာ ပြန်ကွေ့မယ်ဆိုရင် ရခိုင်ပြည်နယ်နဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွေကို ဦးတည်နိုင်ကြောင်း ဒေါက်တာထွန်းလွင်က ခန့်မှန်းထားပါတယ်။

သူက ဆက်ပြီး “ကွေ့၊ မကွေ့က အဖြေပဲ။ ကွေ့မယ်ဆိုရင်တော့ ကျနော်တို့က အကြီးအကျယ် သတိထားရတော့မှာပဲ။ အနည်းဆုံး ၃ ရက်က ၄ ရက်လောက် ကြာဦးမယ်။ သတိကတော့ ဒီအချိန်ဖြစ်ရင် သတိထားရမယ်ဗျ။ ဒီအချိန်က မုန်တိုင်း အလုံး ၁ဝဝ မှာ ၈ လုံးလောက် ဝင်နိုင်တယ်ဆိုတော့ ဒီနိုဝင်ဘာမှာ သတိတော့ထားရမယ်။ ရာခိုင်နှုန်းတော့ မမြင့်ဘူး။ ဒါပေမဲ့ သတိတော့ထားရမယ်။ ပြင်းအားကတော့ ဒီအချိန်မှာ ရောက်တဲ့ကောင်တွေက ဆိုက်ကလုန်း (တနာရီ ၇၅ မိုင် ၈ဝ နှုန်း) အထိတော့ ရောက်မှာပဲ။ ပြန်ကွေ့မယ်ဆိုရင်တော့ ၁ဝဝ ကျော်သွားမယ်ဗျ” လို့ ပြောပါတယ်။

တင်သွင်းလာသည့် ၂၀၁၀ မော်ဒယ်ကားသစ်များကို ပေါက်ဈေးထက် ထက်ဝက်မက နိမ့်သည့်ဈေးဖြင့် အသုံးပြုသူလက်ဝယ်သို့ ရောင်းချပေး မှုများရှိလာ


ဟိုတယ် ခရီးလုပ်ငန်း အတွက် အသုံးပြုရန် တင်သွင်းလာသည့် ၂၀၁၀ မော်ဒယ် ကားသစ်အစီး ၂၀၀ နှင့် ပြည်ပမှတင်သွင်းလာသည့် အစီးရေ ရာနှင့်ချီသော ၂၀၀၇ မော်ဒယ်နှင့်အထက် အခြား အိမ်စီးကားသစ်များကို ပေါက်ဈေးထက် ထက်ဝက်မကနိမ့်သည့်ဈေးဖြင့် အသုံးပြုသူများ လက်ဝယ်သို့ ရောင်းချပေးမှုများ ရှိလာကြောင်း သတင်းရရှိပါသည်။

ယခင်က ဟိုတယ်လုပ်ငန်း သုံးဖြစ်စေ၊ အခြားလုပ်ငန်းသုံးဖြစ်စေ တင်သွင်းလာပါက ယခုဈေးထက်မြင့်သည့် ဈေးနှုန်းများဖြင့်သာ အသုံးပြုမည့်သူများသို့ ရောင်းချပေးလေ့ ရှိသော်လည်း ယခုတစ်ကြိမ်တွင်မူ ပြင်ပပေါက်ဈေးထက် ထက်ဝက်မကနိမ့်သည့်ဈေးဖြင့် ရောင်းချပေးခြင်း ဖြစ်ကြောင်း၊ အသုံးပြုခွင့်ရ သူများအနေဖြင့် များစွာသက်သာ ခွင့်ရခဲ့ကြောင်း သိရသည်။

ဟိုတယ်နှင့် ခရီးသွား လုပ်ငန်းများအတွက် သုံးစွဲရန် တင်သွင်းလာသည့် ၂၀၁၀ မော်ဒယ်ကားသစ်များမှာ Previa နှင့် Hiace အမျိုးအစားများ ဖြစ်ကြောင်း သိရသည်။

"Previa က လက်ရှိပေါက်ဈေးဆို ၂၀၁၀ မော်ဒယ်ဖြစ်လို့ ကျပ်သိန်း ၂၀၀၀ နဲ့အထက်မှာရှိတယ်။ ဟိုတယ်ခရီးလုပ်ငန်းအတွက် သုံးဖို့ တင်သွင်းတုန်းက သုံးစွဲခွင့်ရထားတဲ့ သူတွေအနေနဲ့ အမြင့်ဈေးနဲ့ မဟုတ်တော့ဘဲ ကျပ်သိန်း ၈၀၀ ကျော်ပဲ ပေးသွင်းခွင့်ရတဲ့အတွက် အသုံးပြုသူတွေကတော့ ထက်ဝက်မကနိမ့်တဲ့ ဈေးနဲ့သုံးခွင့်ရတာပေါ့။ Hiace 2010 မော်ဒယ်ကလည်း အခုဆို အပြင်မှာ ပေါက်တဲ့ဈေးက ကျပ် သိန်း ၁၂၀၀၊ ၁၃၀၀ ၀န်းကျင်ရှိ တယ်လေ။ ဒါပေမယ့် သုံးစွဲခွင့်ရတဲ့ သူတွေကို ကျပ်သိန်း ၆၀၀ ၀န်းကျင်ပဲ ပေးသွင်းရတဲ့အတွက် ဈေးသက်သာ ခွင့်ရလာတာပေါ့" ဟု ဟိုတယ်လုပ်ငန်းနှင့် ဆက်နွှယ်သည့် ကုမ္ပဏီ တစ်ခုမှ တာဝန်ရှိသူတစ်ဦးက ရှင်းပြခဲ့သည်။

ပြီးခဲ့သည့် စက်တင်ဘာလ အတွင်းကလည်း အခြားအိမ်စီးကားသစ်များကို အစီးရေရာနှင့်ချီတင်သွင်းရန် စီစဉ်ထားမှုမှ အစီးရေအများစု ရန်ကုန်သို့ရောက်ရှိခဲ့ကြောင်း၊ ရောက်ရှိလာသည့် ၂၀၀၇ မော်ဒယ် အထက် ကားများကိုလည်း ပေါက်ဈေးထက် များစွာသက်သာသည့် ဈေးဖြင့် ၀ယ်ယူအသုံးပြု ခဲ့ရသူများရှိကြောင်း သိရသည်။


"ပြီးခဲ့တဲ့ စက်တင်ဘာ၊ အောက်တိုဘာလအတွင်းမှာ Toyota အမျိုးအစား အိမ်စီးကားသစ်တွေကို အစီးရေရာနဲ့ချီတင်သွင်းခွင့် ရထားတဲ့သူတွေရှိတယ်လေ။ အဲဒီအထဲက အမျိုးအစားတချို့ ရန်ကုန်ရောက်နေပြီ။ ၂၀၀၇ မော်ဒယ်အထက် အဲဒီကားတွေကိုတော့ တစ်စီးကို ကျပ်သိန်း ၂၀၀ ၀န်းကျင်နဲ့ပဲ အသုံးပြုမယ့်သူတချို့ကို ရောင်းပေးလိုက်တယ်လို့ ကြားရတယ်။ အဲဒီကားတွေ ရဲ့တင်သွင်းဈေးက အမေရိကန်ဒေါ်လာ ၁၃၀၀၀ ကနေ ၂၀၀၀၀ ကြားထဲမှာ ရှိတဲ့တွက် အရမ်းနိမ့်တဲ့ဈေးနဲ့ ရောင်းပေးတဲ့သဘောပေါ့။ ဒီတော့ ကားဝယ်ယူရရှိတဲ့ သူကကျပ်သိန်း ၂၀၀ အရင်းဆိုပါတော့၊ နောက်ထပ် အမြတ်တစ်ဆတင်ဦး၊ ကျပ်သိန်း ၄၀၀ လောက်ဆို ရောင်းပျော်ပြီ။ အဲဒီကား တွေရဲ့လက်ရှိ ပြင်ပပေါက်ဈေးက ကျပ်သိန်း ၄၀၀ ရဲ့အထက် အများကြီး မြင့်သေးတယ်လေ။ ဒီကားတွေ ကလည်း ဒီလိုပဲ အနိမ့်ဈေးနဲ့ ဈေးကွက်ထဲ အနှေးနဲ့အမြန် ရောက်လာမှာပဲ။ ဒါဆို ကားသစ်ဈေးက အနိမ့်ဘက်ကို ထပ်ဦးတည်မယ့် သဘောပေါ့"ဟု ကားဈေးကွက်အတွင်းမှ ၀ယ်ရောင်းတစ်ဦးကလည်း ရှင်းပြခဲ့ပါသည်။

ကားသစ်များ ပေါက်ဈေးထက် ထက်ဝက်မက နိမ့်သည့်ဈေးဖြင့် ၀ယ်ယူသုံးစွဲခွင့်ရလာမှုကြောင့် ကားဈေးနှုန်းများ၏ အလားအလာမှာလည်း အကျဘက်သို့ ဆက်လက်ဦးတည်ဖွယ်ရှိသည်ဟု ကားဈေးကွက် အတွင်းမှ ဈေးကွက်နှံ့စပ်သူများက သုံးသပ်လာကြသည်။

"Previa 2010 ရဲ့ ကျပ်သိန်း ၈၀၀ ၀န်းကျင်ဈေး၊ Hiace 2010 ရဲ့ ကျပ်သိန်း ၆၀၀ ၀န်းကျင်ဈေးနဲ့ အိမ်စီးကား ၂၀၀၇ မော်ဒယ်အထက် တိုယိုတာအုပ်စု အမျိုးအစားကားရဲ့ ကျပ်သိန်း ၂၀၀ ၀န်းကျင်ဈေးဆိုတဲ့ ကားဈေးတွေက သုံးစွဲသူလက်ထဲကို ရောက်တဲ့ဈေးတွေလေ။ ထပ်ပြီး ကားတင်သွင်းမယ့် အစီအစဉ်တွေကလည်း ကြားနေသေးတယ်။ ဒီတော့ ကားဈေးကတော့ အကျ ဘက်ကိုပဲ ဦးတည်မယ်ဆိုတာ ပြောစရာကိုမလိုဘူး။ လက်ရှိအနေ အထားအရလည်း ၀ယ်လက်ပျောက်နေတယ်။ ကားထက် ငွေကိုပဲကိုင်ထားတဲ့သူ များသွားပြီ" ဟု ကားဝယ်ရောင်းတစ်ဦးကလည်း ရှင်းပြခဲ့သည်။
လိုင်စင်မဲ့ကားများ လိုင်စင်ပြုလုပ်ပေးသည့် အချိန်မှစ၍ ၃ လအတွင်း ကားဈေး ၄၀ ရာခိုင်နှုန်းကျ ဆင်းခဲ့ပြီးနောက် ဆက်လက်၍လည်း ၀ယ်လိုအားကျဆင်းမှုကို လိုက်ကာ ကားဈေးများထပ်မံကျ ဆင်းခဲ့ကြောင်း၊ ယခုကဲ့သို့ ကား သစ်များ ပေါက်ဈေးထက်များစွာ သက်သာသည့်ဈေးဖြင့် အသုံးပြုခွင့် ရလာသည့်အချက်ပါ ထည့်ပေါင်းပါက ကားဈေးဆက်လက် ကျဆင်းနိုင်ကြောင်း သိရသည်။
"လိုင်စင်မဲ့တွေ လိုင်စင်လုပ်ပေးတဲ့ အချိန်ကစတွက်ရင် သုံးလအတွင်း ကားဈေးက ၄၀ ရာခိုင်နှုန်း လောက်ကျသွားတယ်။ အဲဒီနောက်ပိုင်းမှာလည်း ထပ်ပြီးကျတယ်။ ဥပမာ Mark II ရွှေငါးက လွန်ခဲ့တဲ့ လေးလက နံပါတ်မြင့်ဆိုရင် ကျပ်သိန်း ၁၂၀၀၊ ၁၃၀၀ အထိဈေးရခဲ့တယ်။ အောက်တိုဘာလထဲလည်း ရောက်ရော ကျပ်သိန်း ၈၅၀ ၀န်းကျင်ပဲ ရှိတော့တယ်။ အဲဒီကနေ အခုဆို ကျပ်သိန်း ၈၀၀ အောက်ထိဆင်းသွားတယ်။ ပြောချင်တာက ကားက အမြတ်ကြီးကျန်တဲ့ အလုပ်မဟုတ်ဘူးလို့ ၀ယ်တဲ့သူတွေသုံးသပ်ပြီး အ၀ယ်အေးသွားတာက အဓိကျတာ ပါပဲ။ ကားဈေးကွက်ကတော့ ဘယ်လိုပဲရောင်းရောင်း ၀ယ်သူဈေးကွက် ဘက်ကို ဦးတည်လာပြီလို့ပဲ ပြောရမယ်။ ၀ယ်သူက ဈေးကြိုက်လို့ ပေးဝယ်မှ အ၀ယ်ဖြစ်တော့မယ့် အနေအထားလေ"ဟု ကားပွဲစားတစ်ဦး ကလည်း ဆိုပါသည်။

နေပြည်တော် အခြေအနေ

သျှမ်းသံတော်ဆင့်

သျှမ်းပြည် အခြေပြု နအဖတပ်မ ၅၅ လက်အောက်ခံ နည်းဗျူဟာ ၂ ခုကို မြို့တော်သစ် နေပြည်တော်နှင့် ထိစပ်နေသော ကရင်နီပြည် လွိုင်ကော်ဒေသသို့ စေလွတ်လိုက်ပြီး တပ်တချို့မှာ နေပြည်တော်လုံခြုံရေးအတွက် ဖြန့်ကျက်လှုပ်ရှားနေ ကြောင်း စစ်ဘက်သတင်းရပ်ကွက်များမှ တဆင့် သိရသည်။
ကရင်နီပြည်အတွင်း ယခင်သျှမ်းပြည်လူမျိုးပေါင်းစုံ လွတ်မြောက်ရေးအဖွဲ့ (ယလလဖ /SNPLO ) မှ ခွဲထွက်၍ နအဖကို တိုက်ခိုက်နေသည့် ပအိုဝ်း တပ်နှင့်ကရင်နီတပ်များ ပူးပေါင်းလှုပ်ရှားနေရာ နေပြည်တော်လုံခြုံရေးမှာလည်း စစ်ရေးအရ ခြိမ်းခြောက်ခံ နေရသည်ဟု စစ်ဘက်နှင့်နီးစပ်သူတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“မြ၀တီနဲ့ဘုရားသုံးဆူမှာလည်း ပွဲနှစ်ပွဲတိုက်နေရတော့ လန့်နေတယ် နေပြည်တော်ကို ၀င်တိုက်မယ်ဆိုတဲ့ သတင်းလည်း ထွက်တယ် အဲဒါရှေ့ကာဖို့ ထုတ်သုံးတာ အောက်မှာလည်း ရွေးကောက်ပွဲကာလဆိုတော့ ကျန်တဲ့တပ်ထုတ်လို့မရဘူး ကရင်မှာလည်း ပြဿနာပေါ်တော့ ထုတ်လို့မရဘူး ” ဟု သူက ဆိုသည်။

ကရင်နီပြည် လွိုင်ကော်ဒေသသို့ စေလွတ်လိုက်သည့် တပ်မ ၅၅ လက်အောက်ခံ တပ်ရင်း ၆ ရင်း ကယန်း နှင့်ကရင်နီ စပ်ကြားနယ်မြေတွင် ၀င်ရောက်ရှင်းလင်းနေကြောင်း သိရသည်။

“တပ်မ ၅၅ က ၆ ရင်းစလုံး ထုတ်သုံးပြီ ဗျူဟာ ၂ခုပေါ့ လွိုင်ကော်မှာ ကယန်းဘက်နဲ့ ကယားစပ်ကြားကို ဆင်းတာပေါ့ သျှမ်းဂွင်ထဲက ဦးပန်ဖတို့နားမှာ ဗျူဟာ ၁ ခုပဲ ကျန်တော့တယ်” ဟု သူက ဆိုသည်။

အဆိုပါတပ်များအနက် ခမရ ၅၁၁ ၊ ၅၁၂ နှင့် ၅၁၇ တပ်ရင်းများ ကရင်နီပြည် ရှားတောမြို့နယ်အတွင်းရှိ ပွန်ချောင်း အနီးတစ်ဝိုက် လှုပ်ရှားနေကြောင်း ကရင်နီပြည်ထဲရေးဝန်ကြီး ခူးညေးရယ်က ကန္တာရ၀တီသတင်းဋ္ဌာနသို့ ပြောသည်။

ယခုအခါ မွန်ပြည်နယ် ဘုရားသုံးဆူမြို့တွင်လည်း နအဖနှင့် DKBA တိုက်ပွဲများ အဆုံးမသတ်သေးပဲ နယ်ခြားစောင့် တပ်လက်မခံသည့် သျှမ်းပြည်တပ်မတော်နှင့် နအဖတို့ မိုင်းရှူးမြို့နယ်အတွင်း ယမန်နေ့ညနေပိုင်းက တိုက်ပွဲများ ပြင်းပြင်း ထန်ထန် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ကချင် နှင့် ကေအန်ယူ သီးသန့် တစုံတရာ တိုက်ပွဲများ လှုပ်ရှားမှု မရှိ ဖြစ်ပွားမှု မရှိ ကြောင်း သိရသည်။

DKBAနှင့် ကေအန်ယူက ကူညီ ဖြန့်ကျက်လှုပ်ရှားနေ ကြောင်း သိရသည်။

MRTV သတင်း

Sunday, November 14, 2010

ဒေါ်အောင်ဆန်းစုကြည် ၁၂ နာရီမှာ လူထုဟောပြောပွဲ လုပ်မယ်

11 နာရီ 00 မိနစ် - မြန်မာစံတော်ချိန်
တားမြစ် ကန့်သတ်ချက်တွေ မပါဘဲ နေအိမ်အချုပ်ကနေ လွတ်မြောက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ယနေ့ မွန်းတည့် ၁၂ နာရီ မှာ လူထုမိန့်ခွန်း ဟောပြောမှုကို ရန်ကုန်မြို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရုံးချုပ်မှာ ပြုလုပ်မှာ ဖြစ်ပါတယ်။

ဟောပြောမှု ပြီးသွားတဲ့နောက် မွန်းလွဲ ၂ နာရီမှာ ပါတီ အတွင်းရေးမှူး ဦးလွင်၏ ဇနီး ဒေါ်တင်တင်မလေးရဲ့ ဈာပနကို လိုက်ပါ ပို့ဆောင်မှာလည်း ဖြစ်ပါတယ်။

တက္ကသိုလ်ရိပ်သာလမ်း နေအိမ်ကနေ မနက် ၁ဝ နာရီခွဲမှာ ထွက်မှာဖြစ်ပြီး ဟောပြောမှု မတိုင်ခင် ရွှေဂုံတိုင်လမ်း ရုံးချုပ်မှာ နိုင်ငံခြား သံတမန်များနဲ့ တွေ့ဆုံမှု လုပ်မှာဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၁၃-၁၁-၂၀၁၀ ပထမဆုံး ပြောစကားအသံဖိုင်

speek of DASSK by yeyintnge
Daw Aung San Suu Kyi ထွက်ထွက်ခြင်း ပြောသော စကားများ by thargyi74

မိုးကုတ်မြို့တမြို့လုံး ဒေါ်အောင်ဆန်းစုကြည် လွှတ်သည့်အထိမ်းအမှတ်

မိုးကုတ်မြို့တမြို့လုံး ဒေါ်အောင်ဆန်းစုကြည် လွှတ်သည့်အထိမ်းအမှတ်အဖြစ် မီးရှုးမီးပန်းဖောက်ကြောင်း သိရှိရသည်။ ၈ နာရီလောက်က စဖောက်တာ ယခုအချိန်အထိပဲဟု မိုးကုတ်မြို့ခံတဦးမှ ပြောဆိုသည်။

ဒေါ်အောင်ဆန်းစုကြည် နေအိမ်အထိန်းခံမှ ပြန်လွတ်လာ

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောစကားတချို့ကို မူရင်းအတိုင်း ကောက်နှုတ် တင်ပြလိုက်ပါတယ်။

“အဲဒီတော့ အခု ဒီအချိန်မှာ ပြောချင်တာက အသံဆိုတာ ထွက်ရမယ့် အချိန်ရှိတယ်၊ မထွက်ရမယ့် အချိန်ရှိတယ်။ အခုအချိန်မှာ နည်းနည်းလေး မထွက်ဘဲ နေရင် ပြောတာကို ကြားရတာပေါ့။ ထွက်ရမယ့် အချိန်ကျမှ တိတ်တိတ်လေး မနေကြနဲ့နော်။

အဲဒီတော့ အခု ဒီလို လာပြီးတော့ အားပေးတဲ့အတွက် အများကြီး ကျေးဇူးတင်တယ်။ အနောက်က လူတွေ မကြားရလို့ရှိရင်လည်း နောက်ကျရင် အရှေ့က လူတွေက ပြန်ပြောအုံးမှာပေါ့ နော်။ အဲဒီလို တယောက်နဲ့ တယောက် မျှတတဲ့စိတ် ထားကြမှပေါ့။ အဲဒီတော့ အရှေ့ကလူတွေကလည်း အနောက်ကလူတွေကို ငဲ့ပြီးတော့ တိတ်တိတ်နေမယ်။ အမယ်လေး၊ စစချင်း တခါတည်းကို နိုင်ငံရေး သင်ခန်းစာ ပေးနေရတာပဲ”

တောင်အာဖရိက သမ္မတဟောင်း နိုဘဲလ် ငြိမ်းချမ်းရေးဆုရှင် Frederik Willem de Klerk ကလည်း ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး နှစ်ပေါင်းများစွာ တောင်းဆိုလာခဲ့ရပြီးတဲ့နောက် အခုလို ဒေါ်အောင်ဆန်းစုကြည် ပြန်လည် လွတ်မြောက်လာတဲ့အပေါ်မှာ ၀မ်းမြောက် ကြိုဆိုကြောင်းနဲ့ အခုလွတ်မြောက်မှုဟာ ရေရှည် လွတ်မြောက်မှုဖြစ်ဖို့နဲ့ အရင်အကြိမ်တွေတုန်းကလို ပြန်မဖြစ်ဖို့ မျှော်လင့်တယ်လို့ ဆိုပါတယ်။


ဒေါ်အောင်ဆန်းစုကြည် မြန်မာစံတော်ချိန် ၅ နာရီ စွန်းစွန်းမှာ နေအိမ်အကျယ်ချုပ်ကနေ ပြန်လွတ်ပါတယ်။ မလွတ်ခင်မှာ ကားသုံးစင်းဟာ ဒေါ်အောင်ဆန်းစုကြည် ခြံဝင်းထဲ ၀င်သွားပါတယ်။ အဲဒီကားတွေ ပြန်ထွက်ပြီး သိပ်မကြာခင်မှာပဲ ဒေါ်အောင်ဆန်းစုကြည် ခြံရှေ့လမ်းမှာရှိတဲ့ အတားအဆီးတွေကို အာဏာပိုင်တွေက ဖယ်ရှားပေးလိုက်ပါတယ်။ ဖယ်ရှားပြီးပြီးချင်းမှာပဲ ဒေါ်အောင်ဆန်းစုကြည် ခြံလမ်းထိပ်မှာစောင့်နေကြတဲ့ ထောင်နဲ့ချီတဲ့ လူထုဟာ ဒေါ်အောင်ဆန်းစုကြည်အိမ်ရှေ့ကို အပြေးအလွှား သွားရောက်စုဝေးလိုက်ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း သိပ်မကြာခင်မှာ သူ့ခြံရှေ့ကိုထွက်ပြီး လူထုကို မိန့်ခွန်းတိုလေး ပြောပါတယ်။


မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် နိုဝင်ဘာလ ၁၃ ရက် ၂ဝ၁ဝ ပြည့်နှစ်၊ ဒီကနေ့ ညနေ ၅ နာရီ ၁၅ မိနစ်တွင် နေအိမ်အထိန်းခံမှ ပြန်လွတ်လာအပြီး

ပြည်သူများ လွတ်မြောက်မှု သင်္ကေတဟု ဒလိုင်းလားမား ပြော
ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်မှုဟာ မြန်မာပြည်သူတွေ လွတ်မြောက်မှုရဲ့ သင်္ကေတလို့ တိဘက်ခေါင်းဆောင် ဘုန်းတော်ကြီး ဒလိုင်းလားမားက ပြောကြားတယ်လို့ အိန္ဒိယ ITV သတင်းဌာနက ဒီကနေ့ ဖော်ပြပါတယ်။

နိုဗယ်ငြိမ်းချမ်းရေး ဆုရှင်တွေရဲ့ နှစ်ပတ်လည် တွေ့ဆုံပွဲ တက်ရင်း ဂျပန်နိုင်ငံ ဟီရိုရှီးမားမြို့မှာ မိန့်ကြားတာပါ။

ဘုန်းတော်ကြီးက “ဒါဟာ တဦးတယောက်ထဲ လွတ်မြောက်မှု မဟုတ်ပါဘူး။ ဒီမိုကရေစီရေးအတွက် ဘဝကို မြှုပ်နှံထားတဲ့ မြန်မာပြည်သူတွေ လွတ်မြောက်မှုလို့လည်း ထင်မြင်မိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးလိုက်ခြင်းဖြင့် မြန်မာအစိုးရရဲ့ ပုံရိပ်လည်း ကောင်းမွန်လာမှာ ဖြစ်လို့ အများကြီး အကျိုးရှိမှာပါ” လို့ ဆိုပါတယ်။

အမေရိကန် သမ္မတ ဘာရက် အိုဘားမားက မြန်မာ့ဒီမိုကရေစီ သူရဲကောင်း ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်လာတဲ့အတွက် ဝမ်းမြောက်မိကြောင်း အိမ်ဖြူတော်ကနေ ပြောဆိုလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က သားနဲ့ စကားပြော
ဒေါ်အောင်ဆန်းစုကြည်က ဆယ်စုနှစ်တခုကြာ မမြင်တွေ့ရသည့် သူမ၏ သားအငယ် ကင်မ် ခေါ် ကိုထိန်လင်းကို ဒီကနေ့ ဖုန်းနဲ့ စကားပြောခဲ့ပါတယ်။ ကိုထိန်လင်းဟာ မိခင်ဆီ အလည်အပတ် လာရောက်ဖို့အတွက် မြန်မာနိုင်ငံထဲ ပြည်ဝင်ခွင့်ဗီဇာရဖို့ ထိုင်းနိုင်ငံမှာ ကြိုးပမ်းနေပါတယ်။


Friday, November 12, 2010

ဗြိတိန် အာဏာရ ပါတီ ဌာနချုပ် အား ကျောင်းသားများ ၀င်စီး


အခွန်အတုပ် တိုးမြှင့် ကောက်ခံသော ကွန်ဆာဗေးတစ် အစိုးရ၏ ပါတီ ဌာနချုပ်မှ အလံ ကို ကျောင်းသား များ က ဖြုတ်ချပြီး မင်းမလို ၀ါဒ အလံ လွှင့်ထူနေစဉ်

ဗြိတိန် အာဏာရ ကွန်ဆာဗေးတစ် ပါတီ ဌာနချုပ် ကို ချိုးဖောက်ဝင်ရောက် ပြီး ဆန္ဒပြခဲ့သည့်
ကျောင်းသား ၃၂ ဦး ကို လန်ဒန် ရဲတပ် ဖွဲ့ ကဖမ်းဆီးထားသည် ဟု သတင်းရရှိသည်။
ကွန်ဆာဗေးတစ် ပါတီ အာဏာရပြီး နောက် တက္ကသိုလ် ကျောင်းသား များ ၏ ကျောင်းလ ခများ
ကို တိုးမြှင့် ကောက်ခံရာမှ လန်ဒန် နှင့် အခြား မြို့ များ မှ ကျောင်း သားများ စုရုံးပြီး လန်ဒန် မြို့ ရှိ
ကွန် ဆာဗေးတစ် ပါတီ ရုံးစိုက်ရာ မီလီဘန့် တာဝါ ရှေ့ တွင် ဆန္ဒပြကြ ခြင်းဖြစ်သည်။
ထိုဆန္ဒပြပွဲတွင် ကျောင်းသားများက ကွန်ဆာဗေးတစ် ပါတီ ဌာနချုပ် ကို ၀င်ရောက် စီးနင်းပြီး
ပါတီ အလံ ကို ဖြုတ်ချကာ မင်းမလိုဝါဒ( Anarchist) အလံ ကို လွှင့်တင် ခဲ့သည် ဟု သတင်း
ရရှိသည်။

ဗြိတိန် တွင် ကျောင်းသားများ ခြိမ့်ခြိမ့် သဲ ဆန္ဒပြနေစဉ် ပါတီ ခေါင်းဆောင် ဒေးဗစ် ကင်မရွန် သည် တရုတ် တွင်ရောက်ရှိ နေပြီး ပီကင်း တက္ကသိုလ်
တွင် ဒီမိုကရေစီ တရား ဟောကြားနေသည်။

ဂျပန်သတင်းထောက် နိုဝင်ဘာ(၉) ရက်နေ့ ညနေမှာပြန်လွတ်လာ

မြန်မာနိုင်ငံ ရွေးကောက်ပွဲကျင်းပခဲ့တဲ့ နိုဝင်ဘာ(၇)ရက်နေ့ က မြ၀တီမြို့ကို တရားမ၀င် ၀င်ရောက်မှုနဲ့ (၂) ညအိပ် (၃) ရက်ကြာ အဖမ်းခံရပြီး နိုဝင်ဘာ(၉) ရက်နေ့ ညနေမှာပြန်လွတ်လာသူ APF ဂျပန် ရုပ်သံသတင်းဌာန ပိုင်ရှင် Mr. Toru Yamaji က မြန်မာနိုင်ငံရဲ့ အချုပ်သားတွေဟာ အခြေခံရပိုင်ခွင့် တွေ ဆုံးရှုံးနေတယ်လို့ သူ့အတွေ့အကြုံကို RFA က သီးသန့်မေးမြန်းစဉ် ပြန်လည်ပြောဆိုပါတယ်။


(Photo: RFA)

၂၀၁၀ ခုနှစ် နိုဝင်ဘာလ ၇ ရက်နေ့က ထိုင်းမြန်မာနယ်စပ် မြဝတီမြို့တွင် ဖမ်းဆီးခံခဲ့ရသည့် ဂျပန် APF သတင်းဌာန ပိုင်ရှင် မစ္စတာ တိုးရု ယာမဂျိ (Toru Yamaji)။ (Photo: RFA)

မဲဆောက်မှာ သတင်းစာ ရှင်းလင်းပွဲလုပ်ဖို့ ပြင်ဆင်ထားပေမယ့် ထိုင်းဒေသခံ အာဏာပိုင်တွေက ခွင့်မပြုခဲ့ဘူးလို့ သိရပါတယ်။

ဖမ်းထားသည့် နအဖ ဗိုလ်ကြီးကို DKBA ပြန်လွှတ်

ဧရာဝတီ
ကရင်ပြည်နယ် မြ၀တီမြို့တွင် ရွေးကောက်ပွဲ ကျင်းပသည့် နိုဝင်ဘာ ၇ ရက်နေ့က စတင် ဖြစ်ပွားသည့် တိုက်ပွဲအတွင်း ဖမ်းဆီးခဲ့သော နအဖဘက်မှ ဗိုလ်ကြီးသက်နိုင်ကို တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) ဗိုလ်မှူးကြီး စောလားပွယ် တပ်ဖွဲ့မှ ယနေ့ မွန်းလွဲပိုင်းက ပြန်လွှတ်ပေးလိုက်ကြောင်း သတင်းရရှိသည်။

ဗိုလ်ကြီးသက်နိုင်
စစ်ဦးစီး တတိယတန်း ဗိုလ်ကြီးသက်နိုင်သည် မြ၀တီခရိုင် ဝေါ်လေ ဒေသ အခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် (စကခ) (၈) လက်အောက် ခံ နည်းဗျုဟာ(၃)မှ ဖြစ်ပြီး ဗိုလ်မှူးကြီး စောလားပွယ်(ဗိုလ်နှုတ်ခမ်းမွေး)၏ DKBA တပ်မဟာ (၅) တပ်ဖွဲ့က နိုဝင်ဘာ ၈ ရက်နေ့တွင် ဖမ်းဆီးလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

ဗိုလ်ကြီးသက်နိုင်ကို ပြန်လွှတ်ပေးလိုက်မှုနှင့်ပတ်သက်၍ DKBA တပ်မဟာ(၅)နှင့် နီးစပ်သူတဦးက"စစ် သုံ့ပန်း ဥပဒေ အရ မသတ်ဘဲ ပြန်ပို့လိုက်တာ ဖြစ်တယ်"ဟု ပြောပြသည်။

"ကျနော့်ကိုပြန်လွှတ်ပေးတဲ့အတွက် အားလုံးကိုကျေးဇူးတင်ပါတယ်၊ ကျနော့်မှာ အမေ ပေးတဲ့ အသက်မရှိတော့ပါဘူး၊ ဒီက ပေးတဲ့အသက်ပဲ ရှိပါတော့တယ်၊ ဟို ပြန်ရောက်ရင် ပေးတဲ့အပြစ်ကို ခံယူပြီး အပြင်မှာပဲ မိသားစုနဲ့အတူ စီးပွားရေး ပဲလုပ်တော့မယ်"ဟု ဗိုလ်ကြီးသက်နိုင်ကပြောကြောင်းလည်း ၎င်းက ဆိုသည်။

ဗိုလ်ကြီးသက်နိုင်ကို DKBA က မြ၀တီမြို့သို့ ပြန်လည် ပို့ဆောင်ပေးခြင်းဖြစ်ပြီး ၎င်းပြန်လည်ရောက်ရှိကြောင်း မြ၀တီ ရှိ နအဖ စစ်တပ် က အတည်ပြုပြောကြားသည်ဟုလည်း DKBA အသိုင်းအ၀ိုင်းက ပြောသည်။

ဗိုလ်ကြီးသက်နိုင်သည် မိတ္ထီလာမြို့ ရန်မျိုးအောင်ရပ်ကွက်တွင်နေထိုင်သည့် အဘ ဦးသိန်းအောင်၊ အမိ ဒေါ်အေးချို တို့၏သားဖြစ်ပြီး ရက်သားအ ရွယ်သမီးတဦးရှိကြောင်း သိရသည်။

ယင်း DKBA နှင့် စစ်အစိုးရ တိုက်ပွဲများကြောင့် ဒေသခံ သောင်းနှင့်ချီ၍ ထိုင်းနိုင်ငံ ဘက်သို့ ထွက်ပြေး တိမ်းရှောင်ခဲ့ရ သည်။

Calgary firm accused of illegal Burma exportsမြန်မာကို လေယာဉ်ရောင်းသူ ကနေဒါ တရားစွဲ

The Canadian Press


The Canada Border Services Agency has charged Kenn Borek Air Ltd. of Calgary, and former general manager, Stephen Penikett, with unlawfully exporting goods to Burma.

It's alleged the company and Penikett exported one de Havilland DHC-6 Twin Otter airplane as well as 149 aircraft parts to Burma, also known as Myanmar, without valid export permits in November 2007.

They are charged with two counts each under the Customs Act and the Export and Import Permits Act.

Goods may only be exported to Burma with an export permit issued by Foreign Affairs and International Trade Canada.

The maximum fine under the Customs Act is $500,000 or five years in prison or both, while the maximum under the other act is no fine and 10 years imprisonment.

The first court appearance is set for Dec. 14 in Calgary.

ဗွီအိုအေ (မြန်မာဌာန)
မြန်မာနိုင်ငံကို လေယာဉ်တစင်းနဲ့ ပစ္စည်းအစိတ်အပိုင်းတွေကို ဥပဒေမဲ့ တင်ပို့မှုတွေနဲ့ ကနေဒါနိုင်ငံက ပြည်တွင်း လေကြောင်းလိုင်းတခုနဲ့ အထွေထွေ မန်နေဂျာဟောင်း တဦးတို့ကို အာဏာပိုင်တွေက အရေးယူလိုက်ပါတယ်။

သတ်မှတ်ထားတဲ့ ခွင့်ပြုချက်တွေ မရှိဘဲ ၂၀၀၇ ခုနှစ် နိုဝင်ဘာလထဲမှာ Kenn Borek Air လေကြောင်းလိုင်းက DHC-6 တွင်အော်တာ လေယာဉ်တစင်းနဲ့ လေယာဉ် အစိတ်အပိုင်းပေါင်း ၁၄၉ ခုကို မြန်မာနိုင်ငံထဲ တင်ပို့ခဲ့ကြောင်း စုံစမ်းစစ်ဆေးသူတွေက တွေ့ရှိခဲ့တယ်လို့ ကနေဒါနိုင်ငံ နယ်ခြား ၀န်ဆောင်မှုလုပ်ငန်း အေဂျင်စီက ပြေဆိုလိုက်တာပါ။

ကနေဒါနိုင်ငံ ဥပဒေအရဆိုရင် အစိုးရရဲ့ ခွင့်ပြုချက် မရဘဲနဲ့ စစ်အစိုးရ အုပ်ချုပ်တဲ့ မြန်မာနိုင်ငံကို ကုမ္ပဏီတွေ အနေနဲ့ ကုန်ပစ္စည်းတွေ တင်ပို့ရောင်းချခွင့် မရှိပါဘူး။

ကယ်လ်ဂါရီ (Calgary) မြို့ အခြေစိုက် လေကြောင်းလိုင်းနဲ့ အထွေထွေ မန်နေဂျာဟောင်းဖြစ်သူ စတီဖင် ပန်နီကက်တ် (Stephen Penikett) တို့ကိုတော့ ကနေဒါ အကောက်ခွန် ဥပဒေနဲ့ သွင်းကုန်၊ ထုတ်ကုန် ခွင့်ပြုချက် ဥပဒေတွေကို ချိုးဖောက်မှုတွေနဲ့ အာဏာပိုင်တွေက ကြာသပတေးနေ့ကပဲ အရေးယူလိုက်ပါတယ်။

အကောက်ခွန် ဥပဒေအရ ပြစ်မှုထင်ရှားရင်တော့ အမြင့်ဆုံးဒဏ်ငွေ အမေရိကန် ဒေါ်လာ ၅၀၀,၀၀၀ အထိ ပေးဆောင်ရမှာ ဖြစ်သလို ပြည်ပပို့ကုန် ဥပဒေ ချိုးဖောက်မှုကတော့ အမြင့်ဆုံးထောင်ဒဏ် ၁၀ နှစ်အထိ ကျခံရနိုင်ပါတယ်။

ဒီအမှုကိုတော့ ကယ်လ်ဂါရီ တရားရုံးမှာ ဒီဇင်ဘာလ ၁၄ ရက်နေ့ စတင်ကြားနာဖို့လည်း စီစဉ်ထားတာ ဖြစ်ပါတယ်။

သြစတြေးလျ သတင်းထောက် စစ်အစိုးရ မောင်းထုတ်

ဗွီအိုအေ (မြန်မာဌာန)
သြစတြေးလျနိုင်ငံက ABC သတင်းဌာနရဲ့ မှတ်တမ်းတင် ရုပ်သံမှတ်တမ်း ရိုက်ကူးရေး အဖွဲ့တဖွဲ့ဟာ မြန်မာနိုင်ငံထဲမှာ ဖမ်းဆီးခံခဲ့ရပြီး နှင်ထုတ်ခံလိုက်ရတယ်လို့ သြစတြေးလျနိုင်ငံက လာတဲ့ သတင်းတွေက ဖော်ပြပါတယ်။

မှတ်တမ်းတင် ရုပ်သံ ရိုက်ကူးသူ ဟျုခ်ျ ပိုက်ပါနဲ့ နောက်တယောက်တို့ဟာ မြန်မာနိုင်ငံမှာ နေထိုင်ခွင့် ဗီဇာသက်တမ်း ရှိပေမဲ့ ဒီတပတ်ထဲမှာပဲ အာဏာပိုင်တွေရဲ့ ဖမ်းဆီးတာကို ခံခဲ့ရပြီး နေရပ်ပြန်ပို့တာ ခံခဲ့ရတဲ့အကြောင်း သူ့ရဲ့ ABC သတင်းဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။

အခုအခါ ဘန်ကောက်မြို့ကို ရောက်နေပြီဖြစ်တဲ့ သူနဲ့အဖွဲ့ဟာ အရှေ့တောင်အာရှက လွတ်လပ်တဲ့ သတင်းမီဒီယာတွေအတွက် မှတ်တမ်းရုပ်သံ ရိုက်ကူးနေတုန်း နိုင်ငံကနေ နှင်ထုတ်ခံခဲ့ရတာလို့လည်း သတင်းက ဆိုပါတယ်။

စစ်အစိုးရရဲ့ တနင်္ဂနွေနေ့က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ပြည်ပ သတင်းမီဒီယာတွေက သတင်းယူမှာကို အာဏာပိုင်တွေက စိုးရိမ်မကင်း ဖြစ်မှုတွေ ရှိနေချိန်မှာပဲ ဒီလို နှင်ထုတ်ခံခဲ့ရတာလို့ ပြောပါတယ်။

ရွေးကောက်ပွဲ မတိုင်မီ အစောပိုင်းမှာတုန်းကလည်း ဂျပန်သတင်းဌာန တခုဖြစ်တဲ့ APF က သတင်းထောက် တဦးဟာ မြန်မာနိုင်ငံထဲ ၀င်ရောက်ဖို့ ကြိုးစားခဲ့ရာက ဖမ်းဆီးပြီး ပြန်ပို့တာ ခံခဲ့ရပါတယ်။

နိုဝင်ဘာလ ၇ ရက် ရွေးကောက်ပွဲကို ပြည်ပက အကဲခတ် စောင့်ကြည့်သူတွေနဲ့ သတင်းမီဒီယာတွေ လွတ်လွတ်လပ်လပ် အကဲခတ်ခွင့်ကိုတော့ မြန်မာ အာဏာပိုင်တွေက ခွင့်မပေးခဲ့ပါဘူး။

မြန်ပြည် တွင်း ရှိ တိုက်ပွဲ သတင်းများ (၁၂ ရက် နိုဝင်ဘာလ ၂၀၁၀)

ဆုံဆည်းရာ

မြန်မာစံတော်ချိန်ညနေခင်း ၆း၃၀
ဒီကေဘီမှ ဗိုလ်ထူးမောင် နဲ့ ဗိုလ်အေဝမ်းတို့ ဦးစီးတဲ့ တပ်ဖွဲ့များဟာ နအဖ တပ်များနဲ့ ဘုရားသုံးဆူဒေသမှာ တိုက်ပွဲဖြစ်ပွားနေချိန်တွင် စစ်ကူလိုက်လာတဲ့ နအဖ တပ်များကို ဗိုလ်တင်နိုင် ဦးစီးတဲ့ ကေအန်ယူ တပ်ရင်း ၁၆ မှ ကြားဖြတ်တိုက်ခိုက်ရာ နအဖ တပ်သား ၆၀ ခန့် ကျဆုံးတယ်လို့ သိရှိရပါတယ်။

မနက်ဖြန်မှာ ဗိုလ်နှုတ်ခမ်းမွေးအဖွဲ့မှ စစ်ကူတပ်များ ဘုရားသုံးဆူဒေသသို့ ရောက်လာဖွယ်ရှိတယ်လို့ သိရပါတယ်။


နေ့လည်(၂ နာရီ ၃၀ မိနစ်)
ယမန်နေ့က နအဖ စစ်တပ် ခလ၇ ၃၆၁ မှ စစ်ကားတဦးကို ရှမ်းပြည်လွှတ်မြောက်ရေး တပ်မတော်က ချုံခိုက်တိုက်ခိုက်ရာ စစ်သားအားလုံး ကျဆုံးသွားကြောင်းသိရှိရသည်။ ခလ၇ ၃၆၁ မှ တပ်ရင်းမှူး ဗိုလ်မှူး အပါအ၀င် တပ်ကြပ်တဦးကိုလည်း အသေဖမ်းဆီးရမိပါသည်။ ဂျီသရီးရိုင်ဖယ်တလက်၊ ကာဘိုင်တလက်နဲ့ ၉ မမ ပစ္စတို တလက်အပြင် ကြေးနန်းဆက်သွယ်ရေးတခုကို သိမ်းပိုက် ရရှိခဲ့ကြောင်း သိရှိရသည်။ ရှမ်းပြည်တပ်မတော်က အကျအဆုံးမရှိကြောင်းလည်း သိရသည်။ (ကိုးကား - Tai Freedom)

နံနက်(၁၁ နာရီ ၂၅မိနစ်) ထိုင်းနိုင်ငံ ဖုတ်ဖရတ်မြို့နယ်တဖက်ခြမ်းတွင် တိုက်ပွဲများကြောင့် ထိခိုက်ဒါဏ်ရသော ရွာသူရွာသားများကို ဆေးရုံပို့ဆောင်ထားရကြောင်း ထိုင်းသတင်းဌာန ၉ လိုင်းမှ ထုတ်လွှင့်သွားခဲ့သည်။ လတ်တလော တိုက်ပွဲများလည်း ဆက်လက် ဖြစ်ပွားနေကြောင်းလည်း သိရှိရပါတယ်။ နအဖ စစ်တပ်မှ ဝေါလေဘက်ရှိ ထောင်ထားတဲ့ မိုင်းတွင်းကို ရှင်းပေးဖို့ ဒီကေဘီအေမှ ဗိုလ်စောလားဘွယ်ကို တောင်းဆိုထားကြောင်း သိရှိရသည်။

နံနက်(၉ နာရီ ၄၅မိနစ်) ယခုအချိန်အထိ ဘုရားသုံးဆူဒေသတွင် နအဖ စစ်တပ် စကခ ၈ တပ်မက တပ်ရင်း ခမရ ၄၅၀ စစ်ကူနဲ့ ဒီကေဘီအေတို့ ရွာသစ်ပတ်ဝန်းကျင်တွင် တိုက်ပွဲများ ကြို့ကြို့ကြားကြား ဆက်လက် ဖြစ်ပွားနေတယ်လို့ သိရှိရသည်။ လောလောဆယ် ဒီကေဘီအေက မယ်ကစ ဘက်မှာ အခြေချထားကြောင်း သိရှိရသည်။

နံနက်(၈ နာရီ ၂၅ မိနစ်) နအဖ စစ်တပ်များကို တိုက်စစ်ဆင်ဖို့ အင်းအားကြီး လက်နက်ကိုင် ၆ ဖွဲ့မှ တပ်ပေါင်းစု ဖွဲ့စည်းလိုက်ကြောင်း သိရှိရသည်။ ကရင်အမျိုးသား အစည်းအရုံး(KNU)၊ လွတ်လပ်တဲ့ ကချင်တပ်မတော်(KIA)၊ ကရင်နီတပ် (KNPP)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ရှမ်းတပ်မတော်-မြောက်ပိုင်း (SSA-N) တို့မှ နအဖ စစ်အစိုးရအား တိုက်စစ်ဆင်ဖို့ အင်သား သုံးသောင်းကျော်ဖြင့် ထိုးစစ်ဆင်တိုက်ပွဲဝင်မည်။ (ကိုးကား - AFP)

နံနက်(၇ နာရီ ၅၀ မိနစ်) ယမန်နေ့ညနေ ၅ နာရီလောက်က ရှမ်းပြည်မြောက်ပိုင်းတပ်မတော် တပ်မဟာ၁ အဖွဲ့နဲ့ နအဖ တပ်မ ၃၃ လက်အောက်ခံ တပ်ရင်း ၂၄ တို့ တဖက်နဲ့ တိုက်ပွဲများပွားခဲ့ပါတယ်။ တိုက်ပွဲက ကြို့ကြားကြို့ကြား ဖြစ်တာမဟုတ်ပဲ တဖက်နဲ့တဖက် အင်အား ၇၀၊ ၈၀ လောက်နဲ့ အပြင်းအထန်နေတုန်းလို့ ဆိုပါတယ်။ SSA မြောက်ပိုင်း ရှမ်းပြည်တပ်မတော် အင်အား ၃၀၀၀ ကျော်ခန့်ရှိတယ်လို့ သိရှိရသည်။(ကိုးကား - ဗွီအိုအေ)

နံနက်(၇ နာရီ ၄၀ မိနစ်) ဘုရားသုံးဆူဒေသတွင် တိုက်ပွဲဖြစ် ကြို့ကြားကြို့ကြား ဆက်လက် ဖြစ်ပွားနေကြောင်း သိရှိရသည်။

အမေရိကန် ရေတပ် အုပ်စု မြန်မာ့ ရေပိုင်နက် နားတွင် အသင့်ရှိနေတော့မည်

မြန်မာ နိုင်ငံ၏ ပကတိအခြေအနေသည် ဒေသတွင်း နိုင်ငံများ၏ လုံခြုံရေး အတွက်ပါ စိုးရိမ်ဖွယ်ရာ ဖြစ်နေ၍ အမေရိကန် ရေတပ် အုပ်စု မြန်မာ့ ရေပိုင်နက် နားတွင် အသင့်ရှိနေတော့မည်

မြန်မာ နိုင်ငံ ၏ ရွေးကောက်ပွဲလွန် ကာလ အခြေအနေများသည် ဒေသတွင်း နိုင်ငံများ ၏ လုံခြုံရေး အတွက် ပါ စိုးရိမ် ဖွယ်ရာ ဖြစ်နေ သဖြင့် ထိုင်း ရေပိုင် နက် အတွင်း နှင့်တောင်တရုတ် ပင်လယ်တွင် ရှိနေသော အမေရိကန် စစ်သင်္ဘော အချို့ သည် မြန်မာ ရေပိုင် နက် အနီးတွင် မကြာခဏကင်းလှည့်ပြီး အသင့်အနေအထား ရှိနေတော့ မည် ဖြစ်ကြောင်း ထိုင်းဘုရင့်တပ်မတော် မှအကြီး
တန်း အရာရှိ တစ်ဦးက ပြောသည်။မြန်မာ စစ်တပ် နှင့် တိုင်းရင်းသား လက်နက် ကိုင်များ အရေးသည် နိုင်ငံ၏ ပြည်တွင်းစစ်အသွင် ဆောင်သွား နိုင်ကာ ဆက်စပ်လျှက် ရှိသော နိုင်ငံများ ၏ လုံခြုံရေး ကိုပါ ထိပါးနိုင်သည့် အခြေအနေရှိ သောကြောင့် အမေရိကန် ရေတပ်က နိုင်ငံရေပိုင် နက်တွင် ပုံမှန်ကင်းလှည့်မှု ပြုပြီး အသင့် အနေအထား ဖြင့် အနီးကပ် စောင့်ကြည့် မည်ဟု သိရသည်။

မြန်မာ နိုင်ငံ အရှေ့ တောင်ဘက်ခြမ်း တွင် ဖြစ်ပွားလျှက် ရှိသည့် လူမျိုးစု ဒေသန္တရ စစ်ပွဲတွင် လက်နက် ကြီးများ ပစ်ခတ်မှု သည် အိမ်နီးချင်း ထိုင်းနိုင်ငံ ထဲ ထိပါကျရောက်လျှက်ရှိကာ ဒုက္ခသည် များ အစုလိုက် အပြုံလိုက် ထွက်ပြေး ရမှု သည် ဆယ်စုနှစ် နှစ်စု အတွင်း
အိန္ဒိယ အရှေ့ ဘက်ခြမ်း အာရှ တွင် ပထမ ဦးဆုံး အကြိမ် ဖြစ်သည် ဟု ဥတပေါ လေဆိပ်တွင် တာဝန် ထမ်းဆောင် သည့် အမေရိကန် စစ်ဘက်ဆိုင်ရာ ၀န်ထမ်း တစ်ဦးက ပြောသည်။

တာဝေးပစ် ဒုံးကျဉ်များ ဖြင့် ပါ စစ်ရေးလေ့ကျင့်မည့် ရွှေမြွေဟောက် အမည်ရှိပူးတွဲစစ်ရေး လေ့ကျင့် မှု တစ်ခုကို ထိုင်းနှင့် အမေရိကန် ပူးတွဲ၍ ထိုင်းပင်လယ်ပြင်တွင် စတင်တော့မည် ဟု သတင်းရရှိသည်။

ထိုင်း- ကန် ပူးတွဲစစ်ရေးလေ့ကျင့်မှုဥထိုင်းတော်ဝင်အမှတ် ၃ တပ်မတော်နဲ့ အမေရိကန်ကမ်းတက်တပ်ဖွဲ့၈၄ တို့ ပါဝင်မည် ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ သတင်း

မဇ္ဈိမ

နေ့လည်(၂ နာရီ ၄၀ မိနစ်) ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွှတ်မြောက်ပြီး သံတမန်များနဲ့ တွေ့ဆုံနေကြောင်း သိရှိရသည်။


ဒေါ်စု ခြံဝင်းထဲ သံတမန်တွေ အဝင်အထွက်ရှိ
တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ဝင်းထဲကို ရန်ကုန်အခြေစိုက် သံရုံးတချို့မှ သံတမန်တွေ ဝင်ထွက်သွားလာတာကို တွေ့ရတယ်လို့ အခြေအနေကို စောင့်ကြည့်နေတဲ့ သတင်းထောက်တွေက ပြောပါတယ်။

သား မောင်ထိန်လင်း ပြည်ဝင်ခွင့် ဗီဇာရဟု ဆို
“ဒေါ်အောင်ဆန်းစုကြည်ရဲ့ သား မောင်ထိန်လင်း ရန်ကုန် ရောက်နေတယ် ဆိုတာကို အတည်ပြုလို့ မရသေးပါဘူး။ မနေ့က ဦးဥာဏ်ဝင်း (ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေ) ရဲ့ နောက်ဆုံး စကားကတော့ ဗီဇာတော့ ပေးလိုက်ပြီလို့ ပြောတယ်” လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ဦးအုန်းကြိုင်က ပြောပါတယ်။

Tuesday, November 9, 2010

လွှတ်တော် ခေါ်ယူခြင်း နှင့် အစိုးရ ဖွဲ့ ခြင်း ကို အကန့် အသတ် မရှိ ရွှေ့ ဆိုင်းမည် ဟု နေပြည်တော် သတင်း ရပ်ကွက် က ပြော

လက်ရှိ နိုင်ငံတွင်း ပြည်တွင်းစစ် အခြေအနေကြောင့် ရွေးကောက်ပွဲ ရလာဒ် ပေါ်ထွက် လာသော် လည်းလွှတ်တော် ခေါ်ယူခြင်း နှင့် အစိုးရ ဖွဲ့ ခြင်း ကို အကန့် အသတ် မရှိ ရွှေ့ ဆိုင်းမည် ဟု နေပြည်တော် သတင်း ရပ်ကွက် ကပြောသည်။

ဗိုလ်မှူးကြီး စောလားပွယ် ခေါ် (နှုတ်ခမ်းမွေး) ကလည်း မြ၀တီမြို့ထဲတွင် ရှိသော ၎င်း၏ တပ်ဖွဲ့ကို ပြန်လည် ထွက်ခွာရန် ညွန် ကြား

မြန်မာ အာဏာပိုင်များက မြ၀တီမြို့ကို ထိန်းချုပ်ထားနိုင်ပြီဟု ပြောကြားခဲ့သော်လည်း ယနေ့ နံနက် အထိ သောင်ရင်းမြစ် (Moei River)ကို ဖြတ်၍ ထိုင်းနိုင်ငံဘက်ခြမ်းသို့ ထွက်ပြေးလာနေဆဲ ဖြစ်သည်။

ဗိုလ်မှူးကြီး စောလားပွယ် ခေါ် (နှုတ်ခမ်းမွေး) ကလည်း မြ၀တီမြို့ထဲတွင် ရှိသော ၎င်း၏ တပ်ဖွဲ့ကို ပြန်လည် ထွက်ခွာရန် ညွန် ကြားထားကြောင်း သိရှိရသည်။

ကရင်ပြည်နယ် မြ၀တီမြို့ကို တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) ဗိုလ်မှူးကြီး စောလားပွယ် တပ်ဖွဲ့ဝင်များ ထိန်းချုပ်ထားသည့် နေရာများကို စစ်အစိုးရ တပ်များက ယနေ့ ပြန်လည် ရယူထားပြီး ဖြစ်ကြောင်း သတင်း ရရှိသည်။

Monday, November 8, 2010

ရွှေးကောက်ပွဲ ပြီး မြဝတီ မြို့ 



မြဝတီ အစိုးရနေရာများ DKBA ထိန်းချုပ်

မြဝတီမြို့ရှိ အဓိကကျသော အစိုးရရုံးနေရာများကို ဗိုလ်မှူးကြီး စောလားပွယ် (ဗိုလ်နှုတ်ခမ်းမွေး) ဦးဆောင်သော DKBA က ထိန်းချုပ်ထားပြီဖြစ်ကြောင်း သိရသည်။ နအဖတပ်များကလည်း ပြန်လည်သိမ်းပိုက်ရန် တပ်များစုစည်းနေကြောင်း၊ တိုက်ပွဲများအတွင်း ၇ ယောက်သေဆုံးပြီး ၂၀ ခန့်ဒဏ်ရာရကြောင်းသိရသည်။ ကြံ့ဖွံ့ပါတီမှ ကိုယ်စားလှယ်တဦး၏ ဖခင်ဖြစ်သူလည်း အသတ်ခံရသည်ဟု ဆိုသည်။

ကရင်ပြည်နယ် မြ၀တီမြို့လယ်တွင် စစ်အစိုးရနှင့် DKBA တို့ တိုက်ပွဲများဖြစ်ပွားနေပြီး မီးလောင်မှုများလည်း ဖြစ်နေကြောင်း သတင်းရရှိသည်။ ဆက်လက်၍ ပစ်ခတ်မှုများရှိနေပြီး ညအချိန်တွင် ပိုဆိုးလာနိုင်ကြောင်း ထိုင်းနိုင်ငံဘက်သို့ တိမ်းရှောင်လာသူ တဦး က ပြောသည်။

မြဝတီမှာ ဒီကေဘီအေနဲ့ နအဖတပ် တိုက်ပွဲဖြစ်နေ

ကရင်ပြည်နယ် မြဝတီမြို့မှာ နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းဖို့ ငြင်းဆန်နေတဲ့ ဗုဒ္ဒဘာသာ ကရင်အမျိုးသား တပ်မတော် (ဒီကေဘီအေ) တပ်မဟာ ၅ ဗိုလ်မှူးကြီး နှုတ်ခမ်းမွှေးရဲ့ လက်အောက်ခံ ဗိုလ်ကျော်သက် ဦးစီးတဲ့ တပ်တွေနဲ့ စစ်အစိုးရ တပ်တွေအကြား ပစ်ခတ်မှုတွေ ဖြစ်ပွားနေခဲ့ပါတယ်။

မြို့ခံတယောက်က တယ်လီဖုန်းကတဆင့် အပြောအရ ဒီကေဘီအေ တပ်တွေက ထိုင်း-မြန်မာ ချစ်ကြည်ရေး တံတားဘက်ဆီ ပစ်ခတ်နေတာကို တွေ့မြင်ရတယ်လို့ ဆိုပါတယ်။

တဖက်ကမ်း ထိုင်းနိုင်ငံ မဲဆောက်မြို့ဘက်အထိ လက်နက်ကြီးကျည်ဆံ ထိမှန်မှုတွေ ရှိခဲ့ပါတယ်။

မြဝတီဘက်ကနေ ထိုင်းဘက်ကမ်းဆီ ထွက်ပြေးလာသူ ၅ဝဝ လောက်ရှိသွားပြီလို့ ထိုင်းလုံခြုံရေး အရာရှိတယောက်က ပြောပါတယ်။

နှစ်ဖက်ပစ်ခတ်မှုအတွင်း လူအသေအပျောက် ရှိနေတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။ အတည်မပြုနိုင်သေးတဲ့ စစ်ဘက်သတင်းတရပ်အရ ကော့ကရိတ်ဘက်မှာလည်း ဒီကေဘီအေ နဲ့ စစ်အစိုးရတပ်တွေ တိုက်ပွဲဖြစ်နေတယ်လို့ သိရပါတယ်။ စစ်ကူအတွက် ဘားအံဘက်ကနေ ဆင်းလာတဲ့ တပ်တွေကို ဒီကေဘီအေ ဘက်က ကော့ကရိတ်မှာ ဆီးကြိုတိုက်ခိုက်တယ်လို့ ဆိုပါတယ်။

ဘုရားသုံးဆူတွင်လည်း တိုက်ပွဲဖြစ်
ထိုင်း-မြန်မာ နယ်စပ် ဘုရားသုံးဆူတွင် DKBA တပ်မဟာ ၉၀၇ နှင့် နအဖဘက်မှ ခမရ ၂၈၃ တို့ ယနေ့ နံနက်ပိုင်းတွင်တိုက်ပွဲ စဖြစ်နေကြောင်း၊ ထိုင်းဘက်ခြမ်းသို့ လက်နက်ကြီးကျည်ကျသောကြောင့် ထိုင်းစစ်သား တဦးသေဆုံးကြောင်း၊ မျက်မြင်တချို့အဆိုအရ ဘုရားသုံးဆူ မြို့ပေါ်တွင် မီးခိုးလုံးများတက်နေပြီး လူသွားလူလာ ကျဲပါးနေကြောင်း သိရသည်။

မြဝတီတိုက်ပွဲ အဆက်

ခေတ္တငြိမ်နေတဲ့ မြဝတီတိုက်ပွဲမှာ ဒီကေဘီအေ ဘက်က အင်အား ၄ဝဝ ကျော်ရှိနေပြီး၊ ထိုင်း-မြန်မာနယ်စပ် ချစ်ကြည်ရေးတံတားနဲ့ ကိုက် ၁ဝဝ လောက်ဝေးတဲ့ ကြံခင်းကျောင်းတိုက်ရှေ့ အာရှလမ်းမကြီးပေါ်နဲ့ ကြံခင်းလမ်းပေါ်မှာ နေရာယူထားကြတာကို တွေ့ရတယ်လို့ မြို့ခံတယောက်က ပြောပါတယ်။

တိုက်ပွဲကြောင့် ကြံခင်းလမ်းထိပ် ဆိုင်ခန်းထဲမှာ ပိတ်မိနေသူ တယောက်က ဒီကေဘီအေဘက်က နအဖ စစ်တပ်တွေရှိရာ ချစ်ကြည်ရေးတံတားဘက်ကို အာပီဂျီ၊ စက်သေနတ်၊ လက်ပစ်ဗုံးတွေနဲ့ပါ ပစ်ခတ်တာကို တွေ့ရတယ်လို့ မဇ္ဈိမကို ပြောပါတယ်။

“ကျနော်တို့ အခုဝပ်နေရတယ်။ သူပုန်တပ်တွေက ကျနော်တို့ဆိုင်ရှေ့မှာ ရှိနေတယ်။ .. ဒီကနေ မြဝတီ တံတားဘက်ကို RPG တွေနဲ့ လှမ်းပစ်နေတာ ၁ဝ လုံးလောက် ရှိနေပြီး တံတားပြိုနေပြီလား မသိဘူး။ ကျနော်တို့လည်း ထွက်မကြည့်ရဲဘူး။ အပြင်မှာ သူပုန်တပ်တွေ အများကြီးပဲ” သူက ပြောပါတယ်။

တိုက်ပွဲကြောင့် လူနှစ်ယောက် သေဆုံးရာမှာ ဆိုက္ကားသမားနဲ့ ခရီးသည်လို့ ပြောပါတယ်။

ဒီကေဘီအေ တပ်ရင်းမှူးတယောက်ကတော့ နှစ်ဖက်အကျအဆုံး များတယ်လို့ မဇ္ဈိမကို ပြောပြီး၊ မြို့ခံတွေအဆိုအရ ဒီကေဘီအေဘက်က ပေါ်တာဆွဲတာတွေ ရှိနေတယ်လို့ သိရပါတယ်။

“လမ်းမတွေပေါ် မထွက်ရဲဘူး။ ဘယ်သူမှလည်း အသွားအလာ မလုပ်တော့ဘူး။ ပစ်ခတ်မှုတွေထဲမှာ ပါသွားမှာစိုးလို့။ အခု မီးတွေလည်း ဖြတ်ထားတယ်။ ဘာမှ လုပ်လို့မရဘူး။ ဘယ်မှလည်း သွားလို့မရဘူး။ ပစ်ခတ်သံတွေကတော့ တဒိန်းဒိန်း ကြားနေရတယ်” လို့ မြို့ခံတယောက်က ပြောပါတယ်။

မနက်ကစတဲ့ တိုက်ပွဲဟာ ယခု ခေတ္တငြိမ်သက်နေရာက ဒီနေ့မွန်းလွဲပိုင်းမှာ ပြန်ဖြစ်လာနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေကြောင့် ထိုင်းနိုင်ငံ မဲဆောက်ဘက်ကို ထွက်ပြေးလာသူ အရေအတွက်က တိုးလာနေပါတယ်။

စစ်ဘေးရှောင် ဒုက္ခသည် ၅ ထောင် ရှိပြီ

မြဝတီမြို့ ရပ်ကွက် ၄ နဲ့ ၅ ကနေ ထွက်ပြေးလာတဲ့ စစ်ဘေးရှောင် ဒုက္ခသည်တွေဟာ ထိုင်းနိုင်ငံ မဲဆောက်မြို့ထဲကို ရောက်လာရာ အခုဆိုရင် လူဦးရေ ၅ ထောင်လောက် ရှိသွားပြီလို့ ထိုင်းလုံခြုံရေး သတင်းရပ်ကွက်နဲ့ လေ့လာသူတွေက ပြောပါတယ်။

ဘုရားသုံးဆူ အစိုးရ ရုံးတချို့ မီးလောင်
ကရင်ပြည်နယ် ဘုရားသုံးဆူမြို့နယ်တွင် နောက်ဆုံး သတင်းအရ စစ်အစိုးရနှင့် DKBA တပ်ဖွဲ့ဝင်များ တိုက်ပွဲဖြစ်ပွားရာ နအဖဘက်မှ တပ်သား တချို့ ကျဆုံးခဲ့ပြီး သစ်တောရုံးနှင့် ရဲ အထူးတပ်ဖွဲ့ရုံးများ အပါအ၀င် အစိုးရရုံးများ ယခုအထိ မီး ဆက်လက် လောင်းကျွမ်း နေကြောင်း ဒေသခံတဦးက ပြော သည်။ ဒေသခံများကလည်း DKBA နှင့် စစ်အစိုးရတပ်များ ထပ်မံ တိုက်ပွဲဖြစ် မည်ကို စိုးရိမ်သဖြင့် ထိုင်းနိုင်ငံဘက်နှင့် နီးစပ်ရာ ဆွေမျိုး အသိုင်းအ၀ိုင်းများထံ ထွက်ပြေး တိမ်းရှောင်နေကြောင်း သိရသည်။

Sunday, November 7, 2010

ရွှေးကောက်ပွဲ အကြောင်း ဓာတ်ပုံသတင်း ကြည့်လိုလျှင်

www.niknayman-niknayman.co.cc သို့  သွားရောက် ကြည့်ရှုနိုင်ပါသည်။
အောက် တွင် ကလစ်နိပ် လိုက်ပါ...
ဓာတ်ပုံသတင်း ကြည့်လိုလျှင်

၂၀ နှစ် မှ တကြိမ် မြန်ပြည် ရွှေးကောက်ပွဲ

တချို့ က ဒါလားရွှေးကောက်ပွဲ
လုပ်ဖူးတာပေါ့

နားသည် မကြား
နူတ် သည် ဆွံအ
လေကို မှန်မှန် ရှု

ကိုယ့်အသက်ကိုမွေး
ကိုယ့်ဝမ်းရေးကိုရှင်း

သူ့ အကြောင်းကိုယ်မသိ
တစ်ခါက ကြုံဖူး
နှစ်ခါ ဆိုလည်း မယုံဘူး
ပြောမထွက်တာ အသိ

နားနားနေနေ
အားနေ လို့  က
အ အိပ်အစား အ ငှား
လိုက် ကာ

ကာရန် မရှိ တာလား
မလိုတာ လား
မသိတာ လား
ဗရမ်းဗတာ

ရေးချင် ရာရေး
လုပ်ချင် ရာလုပ်
မသိကျိုးကျွန်
နေတာက မှ

ဥပက္ခာ လိုလို
နေတတ်သလို
မြန်ပြည်သား တွေ နေတက် ပါစေ
ဆုမွန်ချွေ လိုက်မိပါဧ။် ။ ။

(၁၉၉၀ မှ ၂၀၁၀ အထိ မြန်ပြည်သားတွေ အဖြစ် အပျက် ဖြစ် သဖြင့် မြန်ပြည်သား စစ် စစ် မှသာ ဖတ်တတ်မည်)
(အရှေ့ အနောက် ကလည်း မညီ...ဘယ်ကဘယ်ကိုရောက် မှန်းမသိ ...ဒါ တကယ်ဗျ...တကယ်)
(သတ္တဝါများအားမေတ္တာ ပို့ သ နိုင် ပါသော် လည်း အလေးပြုရခြင်း ကင်းဝေး နိုင်ကြပါစေ)

Saturday, November 6, 2010

မြန်ပြည် တွင် ကိုယ်ပိုင် ငွေ ထုတ်နိုင် ပြီ

မြန်ပြည်တွင် ငွေ အကြွေ ရှားပါးလာသဖြင့် အကြွေ အမ်း အဆင်ပြေစေ ရန် မိမိ ဆိုင် အမှတ် တံဆိပ် သို့ မဟုတ် အမှတ်အသား တခုခုဖြင့် ငွေအကြွေ အစား ကိုယ်ပိုင် ငွေ ကြေးထုတ်လုပ် နိုင်လာသည်။
မည်သို့  ပင်ဖြစ်စေ နိုင်ငံတကာ ပွိုင့် ကဒ်အား ကျော် တက်အနိုင် ယူ မယူ ကို ရွှေးကောက် ပွဲ အပြီး ဆက်လက် ရှုစားနိုင်ပါသည်။

ရွှေးကောက်ပွဲ ပြီးလျှင် မြန်မာပြည် သူများ တိရိစ္ဆာန် များပိုင်ဆိုင် နိုင်ကြပါစေ။

ရွှေးကောက်ပွဲ မစရသေးသော်လည်း ကုန်ဈေး ဈေးတက်လာပြီး သို့ ဖြစ်ပါ၍ ခြင်္သေ့ များ ဆင် များ စသည့် တိရိစ္ဆာန်များ စုဆောင်း ပိုင်ဆိုင် ထားမှ ကောင်းပါမည်ရွှေးကောက်ပွဲ ပြီးလျှင် မြန်မာပြည် သူများ တိရိစ္ဆာန် များများပိုင် ဆိုင်လာ နိုင်ကြပါစေ။

အင်ဒိုနီးရှားမီးတောင်ပေါက်ကွဲမှု နှစ် ၁၄၀ အတွင်း အပြင်းထန်ဆုံး

အင်ဒိုနီးရှားနိုင်ငံမှာ ပေါက်ကွဲနေတဲ့ မီရာပီ မီးတောင်ကြောင့် လူပေါင်းအနည်းဆုံး ၇၀ ကျော် သေဆုံးခဲ့ရပါတယ်။ မီးတောင်တ၀ိုက်မှာ ရှိနေတဲ့ အိမ်တွေမှာလည်း မီးတောင်ပေါက်ကွဲမှုက ထွက်လာတဲ့ ပြာတွေနဲ့ ဖုံးအုပ်နေပါတယ်။

အခုပေါက်ကွဲမှုဟာ အင်ဒိုနီးရှားနိုင်ငံမှာ ရာစုနှစ်တခုအတွင်း အပြင်းထန်ဆုံး ဖြစ်ပါတယ်။ မနေ့ညပိုင်းကနေ ဒီကနေ့အထိ ပေါက်ကွဲမှုတွေ အကြီးအကျယ် ဖြစ်နေခဲ့တာပါ။ အဲဒီ မီရာပီမီးတောင်ဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၆ရက်နေ့က စတင်ပေါက်ကွဲခဲ့တာဖြစ်ပြီး ဒီပေါက်ကွဲမှုတွေကြောင့် အခုချိန်ထိ သေဆုံးသူ လူ ၁၀၀ ကျော် ရှိခဲ့ပါပြီ။

ဒီမီးတောင်ရှိတဲ့နေရာက မိုင်၂၀ ကျော်အကွာအဝေးကို အန္တရာယ်နယ်မြေအဖြစ် အင်ဒိုနီးရှား အာဏာပိုင်တွေက သတ်မှတ်ထားပြီး မီးတောင်တ၀ိုက်မှာ နေထိုင်ကြတဲ့သူတွေကိုလည်း ဘေးလွတ်ရာ ရွှေ့ ခိုင်းထားပါတယ်။ သူတို့အတွက် အရေးပေါ်နေစရာတွေကိုလည်း စီစဉ်ပေးထားပါတယ်။

ဒီမီးတောင်ပေါက်ကွဲမှုဟာ ဘယ်အချိန်ကျမှ ရပ်လိမ့်မလဲ ဆိုတာကိုလည်း ခန့်မှန်းဖို့ ခက်နေတာပါ။ အင်ဒိုနီးရှားနိုင်ငံမှာ ၁၈၇၀ ခုနှစ်တွေကစပြီး ဖြစ်ပွားခဲ့တဲ့ မီးတောင် ပေါက်ကွဲမှုတွေထဲမှာ အခုပေါက်ကွဲမှုကတော့ အကြီးမားဆုံးပဲလို့ မီးတောင် ကျွမ်းကျင်သူတွေက ပြောပါတယ်။

သြစတြေးလျ လေယာဉ်ကြီး နောက်တစင်း စင်္ကာပူမှာ အရေးပေါ်ထိုးဆင်း

Qantas လေကြောင်းလိုင်းက ခရီးသည်တင် ဂျမ်ဘိုဂျက်လေယာဉ် နောက်တစင်းဟာ အင်ဂျင်တလုံးမီးလောင်တဲ့အတွက် စင်္ကာပူနိုင်ငံမှာ အရေးပေါ် ဆင်းသက်ခဲ့ရပါတယ်။ ဒါဟာဖြင့် နှစ်ရက်အတွင်း သြစတြေးလျနိုင်ငံပိုင် လေကြောင်းလိုင်းရဲ့ လေယာဉ်တွေထဲက ဒုတိယမြောက်ဖြစ်ရပ်ဖြစ်ပါတယ။်

ဆစ်ဒနီမြို့ဆီပျံသန်းမယ့် ဘိုးအင်း ၇၄၇-၄၀၀ လေယာဉ်ကြီးဟာ ခရီးသည် ၄၃၁ ယောက်နဲ့ လေယာဉ်အမှုထမ်းတွေကို တင်ဆောင်ပြီး သောကြာနေ့က စင်္ကာပူနိုင်ငံ၊ ချန်ဂီးလေဆိပ်ကနေ ပျံတက်အပြီး သိပ်မကြာခင်မှာပဲ ချောချောမောမော ပြန်ဆင်း နိုင်ခဲ့ပါတယ်။ လေယာဉ်အင်ဂျင် ပြဿနာတက်ရတာနဲ့ပတ်သက်ပြီး ရှင်းလင်းချက်တွေကိုတော့ ချက်ခြင်း မသိရသေးပါဘူး။

အသံအကျယ်ကြီး ကြားရပြီး အင်ဂျင်ကနေ မီးလောင်တာ တွေ့ခဲ့ရတယ်လို့ ခရီးသည်တွေက ပြောပါတယ်။

ကြာသပတေးနေ့တုန်းကလည်း Qantas လေကြောင်းလိုင်းရဲ့ A-380 Airbus ခရီးသည်တင်လေယာဉ်တစင်းဟာ လေထဲမှာ အင်ဂျင်စက်ချို့ယွင်းတာကြောင့် စင်္ကာပူ၊ ချန်ဂီလေဆိပ်မှာ အရေးပေါ်ဆင်းသက်ခဲ့ရပါသေးတယ်။ အဲဒီလိုဖြစ်ရတာဟာ မကောင်းတဲ့ စက်ပစ္စည်းအစိတ်အပိုင်း ဒါမှမဟုတ် ဒီဇိုင်းပြဿနာကြောင့်ဖြစ်တယ်လို့ လေကြောင်းလိုင်းတာဝန်ရှိသူတွေက ပြောခဲ့ပါတယ်။

အရုဏ်ဦးမှာ ဖူးသည့်ကြာ ဒါရိုက်တာ တင်သန်းဦးကွယ်လွန်

မြင့်မောင် .

သမိုင်းရေးရာ အချက်အလက်များ အငြင်းပွားခဲ့သည့် “အရုဏ်ဦးမှာ ဖူးသည့်ကြာ” ဇာတ်ကား ရိုက်ကူးခဲ့သူ ၅၈ နှစ်အရွယ် ဒါရိုက်တာ တင်သန်းဦးသည် ရန်ကုန် မင်္ဂလာဒုံ စစ်ဆေးရုံ၌ ယနေ့ နံနက် ကွယ်လွန်သွားသည်။

“အသည်းခြောက် ရောဂါနဲ့ ဒီနေ့ မနက် ၂ နာရီ ၄၅ မိနစ်မှာ မင်္ဂလာဒုံစစ်ဆေးရုံမှာ ဆုံးတာပါ။ ရုပ်အလောင်းကို ၅ ရက်ထားပါမယ်။ ဘာဖြစ်လို့လဲဆိုတော့ တနင်္ဂနွေနေ့က မဲထည့်တာတွေ ရှိတယ်ဆိုတော့ လူကြီးတွေက လာချင်သေးတယ်လေ” ဟု ဦးတင်သန်းဦး၏ မရီးဖြစ်သူက ပြောသည်။

ဦးတင်သန်းဦး (ဒုဗိုလ်မှူးကြီးဟောင်း) သည် တပ်မတော် စိတ်ဓာတ် စစ်ဆင်ရေးရုံးတွင် နှစ် ၂ဝ ခန့် အမှုထမ်းခဲ့ပြီး ကျန်းမာရေးအရ ၂ဝဝ၇ ခုနှစ်ထဲတွင် တပ်မတော်မှ အငြိမ်းစားယူခဲ့သည်။

နာမည်ကြီး သရုပ်ဆောင် ၆၈ ဦး ပါဝင်ကာ ပြန်ကြားရေး ဝန်ကြီးဌာနက ထုတ်လုပ်သည့် “အရုဏ်ဦးမှာ ဖူးသည့်ကြာ” ရုပ်ရှင်ကို စစ်အစိုးရ ဝါဒဖြန့်ချိရေး ဇာတ်ကားအဖြစ် ဝေဖန်မှုများ ပေါ်ထွက်ခဲ့သည်။

ဖဆပလ အစိုးရ၊ ဗမာပြည် ကွန်မြူနစ်ပါတီ၊ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး ဦးသန့် ဈာပနအရေးအခင်း၊ ရှစ်လေးလုံး လူထုလှုပ်ရှားမှုနှင့် ကရင်အမျိုးသား အစည်းအရုံး KNU အပေါ် စစ်အစိုးရက အသရေဖျက်သည့် အပြောအဆိုများဖြင့် သမိုင်းကို လိမ်လည် တင်ပြခဲ့သည့် ဇာတ်ကားဖြစ်သည်။

ယခုနှစ် သြဂုတ်လ ၃ ရက်နေ့တွင် ဦးတင်သန်းဦးက “ဇာတ်လမ်း ဇာတ်ညွှန်းတွေက ကျနော့်စိတ်ကြိုက် မဟုတ်ဘူး။ သူတို့ ချပေးတဲ့အတိုင်း၊ သဘောတူတဲ့အတိုင်း ကျနော်က ရိုက်တာ’’ ဟု ပြောဆိုခဲ့သည်။

ဇနီးဖြစ်သူ ဒေါ်စန်းစန်းသူသည် လွန်ခဲ့သည့် ၆ လခန့်ကတည်းက ကွယ်လွန်ခဲ့ပြီး၊ သားသမီး ထွန်းကားမှု မရှိခဲ့ပါ။ ရုပ်အလောင်းကို မင်္ဂလာဒုံ စစ်ဆေးရုံမှ ရေဝေးသုဿန် ရေခဲတိုက်သို့ သယ်ဆောင်ခဲ့ပြီးဖြစ်ကာ၊ ယခုလ ၉ ရက်နေ့ နံနက် ၁၁ နာရီတွင် သင်္ဂြိုဟ်မည် ဖြစ်သည်။

Thursday, November 4, 2010

Chinese Nobel laureate wins another prize


Liu Xiaobo (L) and his wife Liu Xia (file picture)

NEW YORK: Jailed Chinese Nobel peace laureate Liu Xiaobo has won another prize, with Human Rights Watch honouring him for risking his life to "protect the dignity" of others.

The New York-based rights group named the 54-year-old writer as one of six recipients of its Alison Des Forges Award, named after a leading expert on Rwanda's genocide who died last year in a plane crash.

Renee Xia of Chinese Human Rights Defenders, a network of activists, accepted the award at a ceremony Wednesday evening in New York on behalf of the imprisoned Liu.

Liu, 54, was sentenced to 11 years in prison last December on subversion charges after co-authoring Charter 08, a petition calling for sweeping political reform that has been circulated online and signed by thousands.

Human Rights Watch said in a statement that the award "celebrates the valour of individuals who put their lives on the line to protect the dignity and rights of others."

"By honouring Liu Xiaobo, we also honour countless human rights defenders who have been unjustly imprisoned for their own courageous and dogged efforts to reform China from within. They, and Liu, should be released immediately," said Sophie Richardson, acting Asia director at Human Rights Watch.

China voiced outrage when Liu was awarded the Nobel Peace Prize last month, saying the move by the Norwegian committee was tantamount to "encouraging crime."

Human Rights Watch is also presenting its award in a series of ceremonies to Egyptian activist Hossam Bahgat, Russian investigative journalist Elena Milashina and Ethiopian rights advocate Yoseph Mulugeta.

The other recipients are Steave Nemande, a doctor in Cameroon fighting for gay rights across Africa, and Iranian women's rights activist Sussan Tahmasebi.

-AFP/ac

Qantas plane makes emergency landing in S'pore

British iPhone 4 alarm glitch 'makes scores late for work'

02 November

LONDON: Scores of British iPhone 4 users said they were late for work on Monday after a software bug meant the alarm on the Apple device failed to adjust when the country's clocks changed.

Hundreds of angry comments were posted on microblogging website Twitter about the apparent glitch, which happened even though the rest of the phone's features updated the time automatically.

"Well done Apple - you've made me decide I need to use a proper alarm clock rather than relying on my iPhone," one user tweeted.

"Stupid iPhone alarm clock went off an hour late. What a great start to the week," said another.

Britain put its clocks back by one hour on Sunday from British Summer Time to Greenwich Mean Time.

There was no immediate response from Apple.

But the tech giant said last month that a software patch was being developed when Australian iPhone users had similar problems - though their alarms went off an hour early as the country was switching to daylight saving time.

The latest fault can apparently be avoided by using one-off alarms instead of pre-set daily wake-up calls.

The iPhone 4 suffered a turbulent launch after problems with its antenna, while the launch of the white version was recently postponed again until next year.

But Apple has described the iPhone 4 as its most successful product launch ever, with more than three million sold in the first three weeks after its debut.

Apple said last week that it sold 14.1 million iPhones during the latest quarter, up 91 percent from a year ago.

- AFP/de

ရွှေးကောက်ပွဲ ကိုယ်စားလှယ်လောင်း များ အသွားအလာ သတိပြုသင့်

ဆက်လင်း
နေပြည်တော်ခရိုင် ဇမ္ဗူသီရိမြို့နယ်တွင် ဝင်ရောက် ယှဉ်ပြိုင်မည့် တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးပါတီ (တစည) ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးကျော်အေးသည် မင်္သကာဖွယ်ရာ ဆိုင်ကယ် အတိုက်ခံရမှုကြောင့် မဲဆွယ်မှုများ ဆက်မလုပ်နိုင်တော့ကြောင်း သတင်းရရှိသည်။

ပျဉ်းမနားမြို့နယ်တွင်နေထိုင်သူ အသက် ၇၀ ကျော်အရွယ်ရှိ ဦးကျော်အေးသည် အောက်တိုဘာလ ၂၉ ရက်နေ့ ညနေပိုင်း တွင် ပါတီရုံးမှ မိတ်ဆွေတဦးမောင်းနှင်သော ဆိုင်ကယ်နောက်တွင် ထိုင်ပြီးလိုက်လာစဉ် အမည်မသိ ဆိုင်ကယ်သမားတဦးက နောက်မှ ဆိုင်ကယ်ဖြင့်ဝင်တိုက်ပြီး မောင်းပြေးသွားခဲ့သည်ဟု သိရသည်။

ဦးကျော်အေးသည် ဇမ္ဗူသီရိမြို့နယ်တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) ဥက္ကဋ္ဌ ဝန်ကြီးချုပ် ဦးသိန်းစိန် နှင့် ပြည်သူ့လွှတ်တော်အတွက် ယှဉ်ပြိုင်မည့် တဦးတည်းသော ပြိုင်ဘက် ကိုယ်စားလှယ်ဖြစ်သည်။

ဆိုင်ကယ်အတိုက်ခံရမှုကြောင့် ဦးကျော်အေးမှာ လက်နှင့် ဦးခေါင်းတို့တွင် ထိခိုက်ဒဏ်ရာရရှိသွားခဲ့ပြီး မဲဆွယ်စည်းရုံးရေး လုပ်ငန်းများကို ဆက်လက်မလုပ်ကိုင်နိုင်တော့ကြောင်း တစညပါတီဝင်တဦးက ပြောသည်။

မီးရထား ဒု-၀န်ကြီး ဦးဖေသန်း ရွေးကောက်ပွဲဝင်ခွင့် အပယ်ခံရ

နိုင်ကွန်းအိန်

ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရဲ့ မွန်ပြည်နယ် ပေါင်မြို့နယ် လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ၀င်ရောက် ယှဉ်ပြိုင်မယ့် မီးရထား ဒု-ဝန်ကြီး ဦးဖေသန်းဟာ FRC ခေါ် ဧည့်နိုင်ငံသား ဖြစ်တယ်ဆိုတဲ့ ဥပဒေနဲ့ ငြိစွန်းခဲ့တာကြောင့် ရွေးကောက်ပွဲ ကော်မရှင်ကနေ ပယ်ချခဲ့တယ်လို့ ဆိုပါတယ်။

စစ်အစိုးရ လက်အောက်မှာ တိုင်းပြည်အတွက် အကြီးတန်းတာဝန် ထမ်းဆောင်နေပေမဲ့ လူမျိုးအရ ခွဲခြားမှု ရှိနေဆဲလို့လည်း ဆိုပါတယ်။

မွန်ပြည်နယ် ပေါင်မြို့နယ်မှာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ပါဝင် အရွေးခံမယ့် ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ရထားပို့ဆောင်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖေသန်းဟာ ဧည့်နိုင်ငံသား ဥပဒေနဲ့ ငြိစွန်းခဲ့တာကြောင့် အောက်တိုဘာလလောက်မှာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အဖြစ်ကနေ ပယ်ဖျက်ခံခဲ့ရတယ်လို့ ၎င်းနဲ့ နီးစပ်သူ မီးရထားရုံး အရာရှိတဦးက ပြောပါတယ်။ ဒီဖြစ်စဉ်ကို မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီရဲ့ ပေါင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ပါဝင် အရွေးခံမယ့် နိုင်ဝဏ္ဏကြီးကို ဆက်သွယ် မေးမြန်းခဲ့ရာမှာ အခုလို အတည်ပြု ပြောဆိုပါတယ်။

“ရထား ဒု-ဝန်ကြီး ရွေးကောက်ပွဲမှာ မပါတော့ဘူး။ သူဟာ ဟိန္ဒူ ကလယ် ဖြစ်လို့။ နိုင်ငံခြားသား ဖြစ်သွားတယ်။ သူက တော်တော်စိတ်ပျက်ပြီး ပြန်သွားတယ်။ သူ့ကိုစစ်တဲ့နေ့က ငါနဲ့ စစ်တဲ့နေ့ အတူတူပဲလေ။ ငါတို့က နိုင်ငံသားစစ်စစ် ဖြစ်နေတယ်။ သူက နိုင်ငံသားစစ်စစ် မဖြစ်ဘူး၊ မိဘတွေက။ မှတ်ပုံတင်ကတော့ သူတို့ကြိုက်သလို လုပ်လို့ရတယ်လေ။ သူ အယူခံဝင်လို့လည်း ရတယ်။ သူ အယူခံလည်း မဝင်ဘူး။ သူတို့ကတော့ အားလုံးနဲ့ပိုင်တယ်။ ဘာကြောင့် သူ့ကို လုပ်လိုက်သလဲဆိုတာ စဉ်းစားလို့ မရဘူး။”

အခုအခါမှာ မီးရထား ဒုတိယဝန်ကြီး ဦးဖေသန်းဟာ နေပြည်တော်မှာရှိတဲ့ ရထားပို့ဆောင်ရေး ဝန်ကြီးရုံးမှာ ရှိနေပြီး ကိုယ်စားလှယ်လောင်း အဖြစ်ကနေ အပယ်ခံရတဲ့အပေါ် စိတ်ပျက်မှု ရှိနေသလို နိုင်ငံရေးနဲ့ ပါဝင် ပတ်သက်ချင်တဲ့စိတ် မရှိတော့ဘူးလို့ ၎င်းနဲ့နီးစပ်သူ ရန်ကုန်မြို့ရှိ မီးရထား အရာရှိတဦးက ပြောပါတယ်။

လောလောဆယ် ပေါင်မြို့နယ်မှာဆိုရင် ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နေရာ လစ်လပ်သွားခဲ့တယ်လို့ ပေါင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း နိုင်ဝဏ္ဏကြီးက အခုလို ပြောပါတယ်။

“ကျနော်တို့ မွန်က ဦးကျော်ရွှေနဲ့ တစညက ဦးခင်မောင်မြင့်နဲ့ နှစ်ယောက်ပဲ ကျန်တော့တယ်။ သံလွင်မြစ်အလယ် လက်ပံကျွန်းရွာက၊ ပြည်သူ့လွှတ်တော်နော်။”

ဦးဖေသန်းဟာ ဆောက်လုပ်ရေး အရာရှိ ဘဝကနေ ရထားပို့ဆောင်ရေး ဒုတိယဝန်ကြီးအထိ တာဝန်ထမ်းဆောင်နေပြီး အသက် ၆၀ ကျော်ရှိပြီလို့လည်း မီးရထားရုံး အရာရှိတဦးက ပြောပါတယ်။

ဦးဖေသန်းဟာ ပေါင်မြို့နယ် ဇင်းကျိုက်ကျေးရွာ ဇာတိဖြစ်ပြီး အဖေက အိန္ဒိယနွယ်ဖွား ဟိန္ဒူဘာသာဝင် ဖြစ်ပြီး အမေကတော့ ဇင်းကျိုက်ရွာသူတဦး ဖြစ်တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

သူနဲ့ လက်တွဲဆောင်ရွက်ဖူးသူ မွန်ပြည်သစ် ပါတီဝင်ဟောင်း တဦးကတော့ ဦးဖေသန်းဟာ ကုလား၊ မွန် ကပြားဖြစ်ပေမဲ့ မွန်အမျိုးသားစိတ်ဓာတ် ရှိသူတဦး ဖြစ်တယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ဒုတိယအပတ်လောက်က ချင်းပြည်နယ်မှာရှိတဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက လွှတ်တော်ကိုယ်စားလှယ်လောင်း ၂ ဦးဖြစ်သူ ဟားခါးမြို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ပူးဟရမ်ကျဲအိုနှင့် ထန်တလန်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းဖြစ်သူ ပူးငွန်ဟရမ်းတို့ကိုလည်း ရွေးကောက်ပွဲ ကော်မရှင်ကနေ နိုင်ငံခြားမှာ အလုပ်လုပ်ကိုင် နေထိုင်မှုနဲ့ ကိုယ်စားလှယ်လောင်း အဖြစ်ကနေ ပယ်ဖျက်ခဲ့ဖူးပါတယ်။

ဒါပေမဲ့ အဲဒီ ချင်းပြည်နယ်က ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက လွှတ်တော် ကိုယ်စားလှယ်လောင်း ၂ ဦးကနေ အယူခံ ဝင်ခဲ့ရာမှာတော့ ရွေးကောက်ပွဲ ကော်မရှင်က ပြန်လည်စိစစ်ပြီး အရွေးခံခွင့် ပြုခဲ့ပါတယ်။

Tuesday, November 2, 2010

ကြိုးဖုန်း နယ်အဝေး ခေါ်ဆိုခဈေးတက်...၂၀ တန် ဖုန်းကတ်များ ဖျက်သိမ်းတော့မည်

ဧရာဝတီ
သတင်းတို .
အော်တိုတယ်လီဖုန်း (ကြိုးဖုန်း) ခေါ်ဆိုခကို ယခင်က ၁ မိနစ်လျှင် ၁၅ ကျပ်နှုန်းဖြင့် မြို့တွင်းနှင့် နယ်အဝေး ဈေးနှုန်းတမျိုးတည်း သတ်မှတ်ထားရာမှ ယမန်နေ့ကစတင်၍ ဂဏန်း ၆ လုံးကျော် ခေါ်ဆိုလျှင် ၁ မိနစ် ၂၅ ကျပ်နှုန်း တိုးမြှင့်လိုက်ပြီဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။

မြို့နယ်အလိုက် ဆက်သွယ်ရေး ဌာနများကို ညွှန်ကြားထားပြီး ဖြစ်သော်လည်း ပြည်သူလူထုကို တရားဝင် ထုတ်ပြန်ခြင်း မရှိသေးကြောင်း မြန်မာ့ ဆက်သွယ်ရေးမှ အရာရှိတဦးက ပြောသည်။

လုံခြုံရေးအတွက် စိတ်ချရသော တခါသုံး FEC ၂၀ တန် ဖုန်းကတ်များမှာ ဝယ်ယူသုံးစွဲမှု များပြားသော်လည်း လာမည့် ၁၅ ရက်နေ့မှ စ၍ ဖျက်သိမ်းတော့မည် ဖြစ်ကြောင်း မိုဘိုင်းဖုန်းကတ် အရောင်းဆိုင်များက ပြောသည်။