ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Friday, August 27, 2010

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ စစ်ရာထူးက နုတ်ထွက်


မြန်မာနိုင်ငံ စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးတို့ဟာ လက်ရှိ စစ်ရာထူးတွေကနေ နုတ်ထွက်လိုက်ပြီဆိုတဲ့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ပေါ်ထွက်နေပါတယ်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ ကာကွယ်ရေး ဦးစီးချုပ်ရာထူးကို စစ်ရေးချုပ် သူရမြင့်အောင်က ဆက်ခံမယ်ဆိုပြီးတော့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

ဗိုလ်ချုပ်ကြီး သူရရွှေမန်းနဲ့ ဗိုလ်ချုပ်ကြီး တင်အောင်မြင့်ဦးတို့ အပါအ၀င် တခြား စစ်ခေါင်းဆောင် အများအပြားလည်း စစ်ရာထူးတွေကနေ နုတ်ထွက်ကြပြီး နိုဝင်ဘာ ၇ ရက်နေ့မှာကျင်းပမယ့် ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်ဖို့ ပြင်ဆင်နေကြတယ်လို့ သတင်းတွေက ပြောပါတယ်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ ဒုတိယ ဗိုလ်ချုပ်ကြီး မောင်အေးတို့ကတော့ နိုင်ငံတော် အကြီးအကဲတွေအဖြစ် ဆက်လက် ရှိနေကြဦးမယ်လို့ ဧရာဝတီ သတင်းဌာနက ဖော်ပြပါတယ်။ ဒီအပြောင်းအလဲနဲ့ပတ်သက်ပြီး အစိုးရဘက်က အတည်ပြုပြောကြားဖို့ ငြင်းဆန်ပေမဲ့ ဒီသတင်းမျိုးဟာ မြန်မာနိုင်ငံမှာ ထုတ်ပြန်ကြေညာလေ့မရှိတဲ့ သတင်းမျိုးဖြစ်ပါတယ်။

ဗိုလ်ချုပ်မှူးကြီးနှင့် ဒု ဗိုလ်ချုပ်မှူးကြီး စစ်ရာထူးက အနားယူ

ဧရာဝတီ
ရန်ပိုင်
ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေး၊ ဗိုလ်ချုပ်ကြီး သူရရွှေမန်းတို့ တပ်မတော် ရာထူးများမှ အနားယူ လိုက်ပြီ ဖြစ်ကြောင်း သတင်းများ ထွက်ပေါ်သည်။

၎င်းတို့နေရာတွင် ကာကွယ်ရေး ဦးစီးချုပ်အဖြစ် ဒုတိယ ဗိုလ်ချုပ်ကြီး သူရမြင့်အောင်၊ ဒုတိယ ကာကွယ်ရေး ဦးစီးချုပ် အဖြစ် ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကို၊ ပူးတွဲ ညှိနှိုင်းရေးကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) အဖြစ် ဒုတိယ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်တို့ကို ခန့်အပ်လိုက်ကြောင်း နေပြည်တော်နှင့် နီးစပ်သူတဦးက ပြောသည်။

အဓိက ကျသည့် နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီကို ဖျက်သိမ်းခြင်း ရှိမရှိကိုမူ မသိရသေးပေ။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးမှာမူ ရွေးကောက်ပွဲ အပြီး တက်လာမည့် သမ္မတကို အာဏာလွှဲအပ်ပြီး ၂၀၁၁ ခုနှစ် မတ်လ ဘတ်ဂျက် အကုန်တွင် အနားယူမည် ဟုလည်း ၎င်းက ဆိုသည်။

ဗိုလ်ချုပ်ကြီး သူရရွှေမန်းလည်း စစ်တပ် ရာထူးမှ အနားယူကြောင်း သတင်း ထွက်ပေါ် နေသည်။ ၎င်းကို လာမည့် အနာဂတ် မြန်မာနိုင်ငံ၏ သမ္မတအဖြစ် ရာထားသည်ဟု စစ်တပ် အတွင်း ပြောဆိုနေ ကြသည်။

ထို့အတူ ဗိုလ်ချုပ်ကြီး သူရရွှေမန်း၊ ဗိုလ်ချုပ်ကြီး သီဟ သူရ တင်အောင်မြင့်ဦး နှင့် ၀န်ကြီးချုပ် ဦးသိန်းစိန်တို့ နေပြည်တော်ရှိ မဲဆန္ဒ နယ်များမှ ၀င်ရောက် အရွေးခံမည်ဟု နေပြည်တော်နှင့် နီးစပ်သူက ဆိုသည်။

“သူတို့သုံးယောက် နေပြည်တော်ကနေ ၀င်မယ်၊ အခုပုံစံ အတိုင်းဆို ဗိုလ်ချုပ်ကြီးရွှေမန်းက သမ္မတ ဖြစ်ဖို့ သေချာသလောက်ပဲ”ဟု ၎င်းက ပြောသည်။

နေပြည်တော်ခရိုင်တွင် ဇေယျာ သီရိ၊ ဇမ္မူ သီရိ၊ ဒက္ခိဏ သီရိ၊ ဥတ္တရ သီရိ၊ ပုဗ္ဖသီရိ၊ ပျဉ်းမနား၊ လယ်ဝေး၊ တပ်ကုန်း စသည့် မြို့နယ် များကို ပြည်ထောင်စု နယ်မြေဟု မကြာသေးမီက ရွေးကောက်ပွဲကော်မရှင်က သတ်မှတ်ခဲ့ခြင်းဖြစ်သည်။

ယနေ့တွင် စစ်တိုင်းမှူးများကိုလည်း စစ်ဆင်ရေးအထူးအဖွဲ့မှူး (ကစထ) များနှင့် တခြားသော စစ်ဘက်ရာထူးကြီးများကို ပြောင်းလဲ လိုက်ကြောင်း၊ ကစထ မှူး များမှာ နေရာအပြောင်းအလဲမရှိဘဲ မူလတာဝန်ယူခဲ့သည့် ဒေသများတွင်သာ တာဝန်ယူရမည် ဖြစ် သည်။

ထို့အတူ ဗိုလ်ချုပ်ဝေလွင်သည် စစ်ထောက်ချုပ်၊ စစ်ရေးချုပ် အဖြစ် ဗိုလ်ချုပ်သောင်းအေး၊ ဗိုလ်ချုပ်ဝင်းမြင့်မှာ စစ်ရာထူးခန့်ချုပ် စစ်ဥပဒေချုပ် အဖြစ် ဗိုလ်ချုပ်ရာပြည့် တို့ကို ခန့်အပ်လိုက်ကြောင်း သိရသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေး ပါတီ(ကြံ့ဖွံ့ပါတီ)၀င် ၀န်ကြီးများကို နေပြည်တော်ရှိ ၎င်းတို့၏ နေအိမ်များမှ ဖယ်ရှား ခိုင်းသည့် အတွက် ယခုအခါ ၀န်ကြီးများ ရန်ကုန်မြို့သို့ ရောက်ရှိနေကြောင်း သိရသည်။

ထို့အပြင် ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်ဆွေက ကြားဖြတ်အစိုးရကို ဦးဆောင်မည်ဖြစ်ကြောင်း အတည်မပြုနိုင်သည့် သတင်းများလည်း ထွက်ပေါ်နေသည်။

ပြီးခဲ့သည့် သြဂုတ်လ ၁၆ ရက်နေ့က စစ်အစိုးရ ခေါင်းဆောင်များဖြစ်သည့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင် အေး၊ ဗိုလ်ချုပ်ကြီး သီဟ သူရ တင်အောင်မြင့်ဦး နှင့် ဗိုလ်ချုပ်ကြီး သူရ ရွှေမန်း အပါအ၀င် ၀န်ကြီးချုပ် ဦးသိန်းစိန် တို့က ဦးဆောင်ပြီး နေပြည်တော်တွင် ရွေးကောက်ပွဲနှင့် ပတ်သက်၍ အရေးပေါ် အစည်းအဝေးတရပ် ခေါ်ယူခဲ့ရာ ထိုအစည်းအဝေးမှ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း စစ်တပ်နှင့် နီးစပ်သူများက ပြောသည်။

ထိုအစည်းအဝေးနှင့် ပတ်သက်၍ အစိုးရ သတင်းစာများတွင်မူ အထူးစီမံကိန်းများ အကောင်အထည်ဖော်ရေး အဖွဲ့၏ (၂/၂၀၁၀) ညှိနှိုင်း အစည်းအဝေးဟု ဖော်ပြထားသည်။

တပ်မမှူးနှင့်တိုင်းမှူးအချို့ ရာထူးအပြောင်းအလဲလုပ်၊ ဒု-ဗိုလ်ချုပ်ကြီးများ နုတ်ထွက်

ုံခေတ်ပြိုင်

ခိုင်လင်း


နအဖစစ်တပ်အတွင်း တပ်မမှူးနှင့် စစ်တိုင်းမှူးအချို့ ရာထူးတိုးမြှင့်ခဲ့ပြီး ကာကွယ်ရေးဝန်ကြီးဌာနရှိ ဒု-ဗိုလ်ချုပ်ကြီး အတော်များများ စစ်ဘက်ရာထူးမှ နုတ်ထွက်ကာ ရွေးကောက်ပွဲဝင်ရန် ရှိသည်။

ယနေ့မှစတင်၍ တပ်မမှူးများကို စစ်တိုင်းမှူးအဖြစ်လည်းကောင်း၊ စစ်တိုင်းမှူးများကို ကာကွယ်ရေးဝန်ကြီးဌာန၊ အထူးစစ်ဆင်ရေးအဖွဲ့ (ကစထ) မှူးအဖြစ်လည်းကောင်း ရွှေ့ပြောင်းမှု စတင်ခဲ့သည်ဟု အရှေ့မြောက်တိုင်း စစ်ဌာနချုပ် အသိုင်းအဝိုင်းနှင့် နီးစပ်သူတဦးက ပြောသည်။

တပ်မ (၃၃) တပ်မမှူး ဗိုလ်မှူးချုပ် အောင်ကျော်ဇောအား ယနေ့မှစ၍ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် (ရမခ) တိုင်းမှူးအဖြစ် ခန့်အပ်လိုက်ပြီး ရမခ တိုင်းမှူး ဗိုလ်ချုပ် အောင်သန်းထွဋ်အား ကစထမှူးအဖြစ် တာဝန် ပြောင်းရွှေ့ခဲ့ကြောင်း၊ တပ်မ (၂၂) တပ်မမှူးအား အနောက်တောင်တိုင်း (နတခ) တိုင်းမှူး ဗိုလ်ချုပ်ကျော်ဆွေ နေရာတွင်လည်းကောင်း၊ တပ်မ (၉၉) တပ်မမှူးအား ကမ်းရိုးတိုင်း တိုင်းမှူး ဗိုလ်ချုပ် ခင်ဇော်ဦး နေရာတွင်လည်းကောင်း၊ တပ်မ (၈၈) တပ်မမှူးအား တောင်ပိုင်းတိုင်း စစ်ဌာနချုပ် (တပခ) တိုင်းမှူး ဗိုလ်ချုပ် လှမင်းနေရာတွင် လည်းကောင်း ပြောင်းရွှေ့တာဝန်ချထားခဲ့သည်ဟု အရှေ့မြောက် တိုင်းစစ်ဌာနချုပ် အသိုင်းအဝိုင်းနှင့် နီးစပ်သူတဦးက ပြောသည်။

၎င်းက “တပ်မမှူးတွေက တိုင်းမှူးတွေ တက်ဖြစ်ခဲ့တယ်။ တပ်မ (၁ဝ၁) က ဗိုလ်မှူးချုပ် စိန်ဝင်းတယောက်ကတော့ နိုင်ငံခြားရေးဌာနကို ရောက်သွားတယ်။ လက်ရှိ ကစထမှူးတွေ (၆) ယောက် ရှိတယ်။ အားလုံး စစ်တပ်က အနားယူ၊ ရွေးကောက်ပွဲ ဝင်ရမယ်ဆိုပြီး သတင်းထွက်နေတာ (၃) ရက်လောက်ရှိပြီ” ဟု ပြောသည်။

စစ်တိုင်းများကို ထပ်ဆင့်ကွပ်ကဲနေရသည့် ကစထမှူး (၆) ဦး ရှိနေပြီး ၎င်းတို့မှာ ဒု-ဗိုလ်ချုပ်ကြီး ခင်ဇော်၊ ဒု-ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်၊ ဒု-ဗိုလ်ချုပ်ကြီး သာအေး၊ ဒု-ဗိုလ်ချုပ်ကြီး မြင့်ဆွေ၊ ဒု-ဗိုလ်ချုပ်ကြီး ကိုကိုနှင့် ဒု-ဗိုလ်ချုပ်ကြီး အုန်းမြင့်တို့ဖြစ်သည်။

နအဖ စစ်တပ်အတွင်း ယခုကဲ့သို့ ရာထူးအပြောင်းအလဲ လုပ်ကာ စစ်ယူနီဖောင်း ချွတ်စေပြီး ရွေးကောက်ပွဲတွင် အမတ်အဖြစ် ဝင်ရောက်အရွေးခံရန် ပြင်ဆင်နေသကဲ့သို့ ၂ဝဝ၈ ဖွဲ့စည်းပုံအရ ပြည်ထောင်စု လွတ်တော်နှင့် တိုင်းဒေသကြီးနှင့်ပြည်နယ်လွှတ်တော်များတွင် အမတ်နေရာ၏ (၂၅) ရာနှုန်းအတွက် တပ်မတော်သားများအား ကာကွယ်ရေးဦးစီးချုပ်က တိုက်ရိုက်ခန့်အပ်မည်ဖြစ်၍ အနာဂတ်လွှတ်တော်တွင် စစ်ယူနီဖောင်းချွတ်နှင့် စစ်ယူနီဖောင်းဝတ်များသာ ကြီးစိုးရန် အလားအလာ ရှိနေကြောင်း နိုင်ငံရေးအကဲခတ်များက ဝေဖန်နေကြသည်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ရာထူးမှ အနားယူပြီ ဗိုလ်ချုပ်ကြီးရွှေမန်း နုတ်ထွက်

မဇ္ဈိမ

ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဒုဗိုလ်ချုပ်ကြီး မောင်အေးတို့ ရာထူးမှ နားခြင်းအပါအဝင် တပ်မတော်ထိပ်တန်း စစ်ဘက်ရာထူးများတွင် အပြောင်းအရွေ့များ ယနေ့ ဖြစ်ပွားသည်။

ဗိုလ်ချုပ်ကြီးရွှေမန်း နုတ်ထွက်

ယခင် စစ်ရေးချူပ် ဒုဗိုလ်ချုပ်ကြီး သူရမြင့်အောင်က တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဖြစ်လာပြီး အခြားသော ကစထမှူးတဦးဖြစ်သော ဒုဗိုလ်ချုပ်ကြီးကိုကိုမှာ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဖြစ်လာသည်။

နံပါတ် ၃ အဆင့်ဖြစ်သော ကြည်းရေလေ ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး သူရရွှေမန်း၏နေရာတွင် ယခင် စစ်ဆင်ရေးအထူးအဖွဲ့မှူး ဒုဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် ဖြစ်လာသည်။

ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦး၏ ရာထူးဖြစ်သော စစ်ထောက်ချုပ်ရုံးသို့ ယခင် နေပြည်တော်တိုင်းမှူး ဗိုလ်ချုပ်ဝေလွင် ရာထူးတိုးမြှင့် ရောက်ရှိလာသည်။

ဒုဗိုလ်ချုပ်ကြီး အဆင့်ရှိသူအများစု ရာထူးမှ နှုတ်ထွက်သွားပြီး တိုင်းမှူးအများစု အပါအဝင် ဗိုလ်ချုပ်အဆင့် ရှိသူများ ရာထူးတက်သည်။

ရာထူးမှ နှုတ်ထွက်သွားသူများသည် ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်လိမ့်မည်ဟု မျှော်လင့်ရသည်။

အောက်တွင် ရာထူးဟောင်းနှင့် ရာထူးသစ်များကို ပြသထားသည်။


လက်ရှိရာထူး ........................................................ ယခင်ရာထူး
ကြည်းရေလေညှိနှိုင်းရေးမှူး ........................................... ကစထမှူး၂ ဒုဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်
စစ်ရေးချုပ် ................................................................. ကမ်းရိုးတန်းတိုင်းမှူး ဗိုလ်ချုပ် ခင်ဇော်ဦး
စစ်ထောက်ချုပ်ရုံး ........................................................ နေပြည်တော်တိုင်းမှူး ဗိုလ်ချုပ်ဝေလွင်
စစ်ရာထူးခန့်ချုပ် ......................................................... ရန်ကုန်တိုင်း တိုင်းမှူး ဗိုလ်ချုပ်ဝင်းမြင့်
ရန်ကုန်တိုင်း............................................................... တပ်မ ၇၇ တပ်မှူး ဗိုလ်မှူးကြီး ထွန်းသန်း
တပ်မတော် ထောက်လှမ်းရေး ဌာနချုပ်ရုံး........................... အနောက်တောင်တိုင်း တိုင်းမှူး ဗိုလ်ချုပ်ကျော်ဆွေ
ကာကွယ်ရေး ပစ္စည်းထုတ်လုပ်ရေး အရာရှိချုပ် ................... ကာကွယ်ရေး ဝန်ကြီးဌာန ဒုဝန်ကြီး ဗိုလ်ချုပ်သိန်းဌေး
ကာကွယ်ရေး ဝန်ကြီးဌာန စစ်ဆင်ရေး အထူးအဖွဲ့မှူး (၁)........ အနောက်မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မြင့်စိုး
ကာကွယ်ရေး ဝန်ကြီးဌာန စစ်ဆင်ရေး အထူးအဖွဲ့မှူး............. အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်အောင်သန်းထွဋ်
ကာကွယ်ရေး ဝန်ကြီးဌာန စစ်ဆင်ရေး အထူးအဖွဲ့မှူး (၃)........တောင်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် လှမင်း
ကာကွယ်ရေး ဝန်ကြီးဌာန စစ်ဆင်ရေး အထူးအဖွဲ့မှူး (၄)........အရှေ့တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် သက်နိုင်ဝင်း
ကာကွယ်ရေး ဝန်ကြီးဌာန စစ်ဆင်ရေး အထူးအဖွဲ့မှူး (၅)........အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်တင်ငွေ

Saturday, August 14, 2010

ဧရာဝတီဘဏ်သစ် နေပြည်တော်၌ စတင်ဖွင့်


ဖြိုးဝေကျော်နှင့် စုလှိုင်ထွန်း
နေပြည်တော်တွင် ဩဂုတ်လ ၁၁ ရက်နေ့က စတင်ဖွင့်လှစ် လိုက်သည့် ဧရာဝတီဘဏ်ကို တွေ့ရစဉ်။
ဓာတ်ပုံ - ဖြိုးဝေကျော်

မက်စ်မြန်မာကုမ္ပဏီများအုပ်စုက ဧရာဝတီဘဏ်ကို နေပြည်တော်ရှိ သီရိရတနာ အဆင့်မြင့်ဈေးအတွင်း ယခုလ ၁၁ ရက်နေ့က စတင်ဖွင့်လှစ် လိုက်ပြီး လုပ်ငန်းများ စတင်လည်ပတ်နေပြီ ဖြစ်သည်။

"ဒီနေ့ကစပြီး ငွေသွင်းငွေထုတ်၊ ငွေ စာရင်းဖွင့်လုပ်ငန်းတွေကို စတင် ဆောင်ရွက်ပေးနေပါပြီ။ ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာ ဆက်လက်ဖွင့် လှစ်ဖို့ လုပ်ဆောင်နေပါတယ်"ဟု မက်စ်မြန်မာ ကုမ္ပဏီများအုပ်စု ဥက္ကဋ္ဌ ဦးဇော်ဇော်က အဆိုပါဘဏ် ဖွင့်ပွဲတွင် ပြောကြားသည်။

ယခုဖွင့်လှစ်လိုက်သော ဧရာဝတီဘဏ်တွင်၊ ကွန်ပျူတာစနစ် သုံးပြီး၊ တိုကင်ကြိုယူ စနစ်ဖြင့် လာရောက်သူများကို အချိန်မကြာစေဘဲ၊ သက်သောင့်သက်သာရှိစေသော ၀န်ဆောင်မှုမျိုး အသုံးပြုနေသည်ကို တွေ့ရပြီး လက်ရှိတွင် ငွေသွင်းကောင်တာ လေးခု၊ ငွေထုတ်ကောင်တာ လေးခု၊ ငွေလွှဲကောင်တာ သုံးခုနှင့် ငွေစာရင်းဖွင့်ကောင်တာ နှစ်ခုဖြင့် စတင်ဆောင်ရွက်ပေးနေသည်။

"မက်စ်မြန်မာအနေနဲ့ တစ်နိုင်ငံလုံးမှာ ဘဏ်ခွဲ ၁၀ ခုကျော် ဖွင့်လှစ်သွားမယ်" ဟု မက်စ်မြန်မာ ကုမ္ပဏီအုပ်စုမှ တာဝန်ရှိသူ
တစ်ဦးက ဇူလိုင်လကုန်ပိုင်းက ပြောသည်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ လမ်းညွှန်ချက်များဖြင့် မက်စ်မြန်မာ ကုမ္ပဏီအုပ်စုက ဘဏ်များကို ရန်ကုန်၊ မန္တလေး၊ နေပြည်
တော်၊ မော်လမြိုင်၊ မြိတ်၊ တောင်ငူ၊ မုံရွာ၊ ပခုက္ကူ၊ ဟင်္သာတ၊ မြောင်းမြနဲ့ ပုသိမ်တို့တွင်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း၊ အကြွေးဝယ် ကတ်စနစ်ကိုလည်း အကောင်အထည်ဖော် နိုင်ရန် ကြိုးစားလျက်ရှိကြောင်း ၎င်းက ပြောသည်။

ယခုလ ပထမပတ်၌ အဆိုပါသီရိ ရတနာအဆင့်မြင့်ဈေးအတွင်း ၊ဧရာဝတီဘဏ်နှင့်လမ်းခြားလျက် မနီးမဝေးတွင် Asia Green Development Bank ကို စတင်ဖွင့်လှစ်ထားပြီး ဆက်လက် ဖွင့်လှစ်ရန်ရှိသည့် ယူနိုက်တက်အမရာဘဏ်နှင့် မြန်မာ့ ရှေ့ဆောင်ဘဏ်တို့မှာ ဥတ္တရသီရိမြို့နယ် အင်ကြင်းပန်းအ၀ိုင်းအနီးတွင် တည်ရှိသည်။

ပြီးခဲ့သော မေလဆန်းပိုင်းတွင် ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းများက ပုဂ္ဂလိက ဘဏ်လုပ်ငန်းလုပ်ကိုင်ခွင့်များကို မြန်မာနိုင်ငံတော် ဗဟို
ဘဏ်သို့ လျှောက်ထားခဲ့ကြသည်။

ဘဏ်များဖွင့်ခွင့်ကို မေလကုန်တွင်၊မက်စ် ကုမ္ပဏီများအုပ်စု၊ ထူးကုမ္ပဏီများအုပ်စု၊ ဧဒင်ကုမ္ပဏီများအုပ်စုနှင့် အိုင်ဂျီအီးတို့မှ ဖွင့်လှစ်ခွင့် ရရှိခဲ့ကြသည်။

CDMA 800 MHz ကျပ် ငါးသိန်းတန် ဖုန်းများကို နယ်ဒေသ အချို့တွင် ချပေးမည်

CDMA 800 MHz ကျပ် ငါးသိန်းတန် ဖုန်းများကို ရန်ကုန် ၊ မန္တလေး တွင်သာ မကဘဲ နယ်ဒေသများ ဖြစ်သော နေပြည်တော် ၊ ပုဂံ ၊ ပြင်ဦးလွင် ၊ လားရှိုး ၊ မူဆယ် ၊ တောင်ကြီး ၊ ကျိုင်းတုံ ၊ မြစ်ကြီးနား ၊ မိုးကုတ် ၊ မိုးမိတ် နှင့် ပုသိမ် စသော နယ်မြို့များတွင် ဆက်လက် ချထားပေးမည် ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေး နှင့် ကြေးနန်း ဝန်ကြီး ဌာနမှ စုံစမ်း သိရှိရ ပါသည်။

အခု လကုန်ပိုင်းမှာ စတင်ပြီး နယ်မြို့တွေ မှာပါ CDMA 800 MHz ဖုန်း တွေ ချထားပေးဖို့ ဆိုတာ ကတော့ ၈၅ ရာခိုင် နှုန်းလောက် သေချာပါတယ်။ ၀န်ကြီး ဦးသိန်းဇော် ဆီကနေလဲ ခွင့်ပြုမိန့် ရပြီးလို့ တိုင်းစခန်း တာဝန်ခံ တွေက နယ်မြို့တွေမှာ လုပ်ငန်း စတင် နေပါပြီဟု ၄င်းက ပြောသည်။

အဆိုပါ ငါးသိန်းတန် ဖုန်းကို ယခုအခါ လျှောက်ထားပါက ၂၄ နာရီ အတွင်း ရရှိနိုင်ရန် စီစဉ် နေပြီး CDMA 800 MHz ဖုန်း အသုံးပြု နိုင်ရန် အတွက် မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ ဆက်သွယ်ရေး တာဝါတိုင်များ ထပ်မံ တိုးချဲ့ထားကြောင်း အဆိုပါ လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အဆိုပါ CDMA 800 MHz ငါးသိန်းတန် တယ်လီဖုန်း များအား နယ်ဒေသ များတွင်ပါ ချပေးနိုင်ခဲ့ CDMA 800 MHz ဖုန်းမှာ ဖုန်း ဈေးကွက်ကို ဦးဆောင်မည့် အနေ အထားမျိုး ဖြစ်လာလိမ့် မည်ဟု ပြည်တွင်းထုတ် ဂျာနယ်များ တွင်လည်း ဖော်ပြ ထားသည်။ ယနေ့ အထိ မြန်မာ့ ဆက်သွယ်ရေး နှင့် ကြေးနန်း ဝန်ကြီး ဌာနမှ ရန်ကုန် နှင့် မန္တလေးမြို့များတွင် ချထားပေးသော CDMA 800 MHz ငါးသိန်းတန် တယ်လီဖုန်း အရေ အတွက်မှာ လိုင်းပေါင်း ၁၅၀၀၀၀ ဖြစ်ပြီး CDMA 800 MHz မိုဘိုင်းလ် တယ်လီဖုန်းစခန်း (၄၂) ခု ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေး မှတ်တမ်း စားရင်းများ အရ သိရှိရ ပါသည်။

လာမည့် နိုဝင်ဘာတွင် ရွေးကောက်ပွဲ ကျင်းပမည်


ဧရာဝတီ
. ၂၀၁၀ ရွေးကောက်ပွဲကို လာမည့် နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပမည်ဖြစ်ကြောင်း စစ်အစိုးရ က နိုင်ငံပိုင် ရုပ်မြင်သံကြားမှ တဆင့် ယနေ့နံနက် ၁၀ နာရီခွဲခန့်တွင် ကြေညာလိုက်သည်။
ရန်ကုန်ရှိ စာနယ်ဇင်း အရောင်းဆိုင် တခုတွင် ရွေးကောက်ပွဲ သတင်းကို ဖတ်ရှု နေကြသူများ(ဓာတ်ပုံ - AP)
သြဂုတ်လ ၁၆ ရက်နေ့မှ ၃၀ ရက်နေ့အထိ မဲဆန္ဒနယ်အသီးသီးတွင် ပါဝင်ယှဉ်ပြိုင်မည့် လွှတ်တော် ကိုယ်စားလှယ် အမည်စာရင်း တင်သွင်း ရမည်ဖြစ်ပြီး စက်တင်ဘာလ ၆ ရက်နေ့မှ ၁၀ ရက်နေ့အထိ လွှတ် တော်ကိုယ်စားလှယ် အမည်စာရင်းများကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က စိစစ်မည်ဖြစ် ကြောင်း၊ ကိုယ်စားလှယ်လောင်း အမည်စာရင်းရုပ်သိမ်းလိုလျှင် စက်တင်ဘာလ ၃ ရက်နေ့တွင်
ရုပ်သိမ်းရမည် ဖြစ်ကြောင်းလည်း ထုတ်ပြန်ကြေညာထားသည်။

ယနေ့အထိ ရွေးကောက်ပွဲယှဉ်ပြိုင်ရန် မှတ်ပုံတင်ထားသည့် နိုင်ငံရေးပါတီ ၄၆ ခု ရှိပြီး ပါတီ ၅ ခုမှာ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သော နိုင်ငံရေးပါတီများဖြစ်သည်။

မှတ်ပုံတင်ခွင့်ရရှိထားသော နိုင်ငံရေးပါတီသည် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သို့ ရက်ပေါင်း ၉၀ အတွင်း ပါတီဝင်အင်အား တင်ပြကြရမည်ဖြစ်ရာ သြဂုတ်လ ၉ ရက်နေ့အထိ မှတ်ပုံတင်ခွင့်ရ ပါတီသစ် ၄၁ ခု အနက် ပါတီ ၁၃ ခု ပါတီဝင်အင်အား တင်ပြထားကြောင်း ထုတ်ပြန်ထားသည်။

Wednesday, August 11, 2010

အိုင် ဖုန်း ၄ ကတော့ ကောင်းသလားတော့ မမေးနဲ့  တစ်လမပြည့်သေး....ဘက်ထရီ ပြဿနာ

အိုင် ဖုန်း ၄ ကို ၂၄ ရက် ရ လ ပိုင်းကဝယ်တာ ၁၀ ရက် ၈ လပိုင်းမှာ ဖွင့်မရတော့ ....
ငွေ လွဲ လို့ ရလို့  ကောင်းတယ်ပေါ့ ...ထင်နေတာ ပေးလိုက်ရတာ ၅၆၅၅၀ ယမ်း ပေးရပြီးတော့ ဘယ်လိုဖြစ် မလဲ မသိ..သွားတော့ ပြကြည့် ရတော့မယ်..
အက်စ်ပယ် စင်တာသွားတော့ ဘက် ထရီ ကြောင့် ဖြစ်တာဖြစ်ပြီး
အိုင်ဖုန်း သရီး ဂျီ အက်စ် တုန်းက ကွန်ပျူတာနဲ့ ဆို အဆင်ပြေ သွားတာ..

Tuesday, August 10, 2010

iphone ipad တွင် မသုံးသင့် သေးသော အင်္ဂလိပ် မြန်မာ အဘိဓာန် ONAGAI

မြန်မာတွေ သုံးရန် မသင့်သေးသည် မှာ စာကြည့် လိုသည် ကို တစ် ခါ သာရပြီး နောက် တစ်ခါအတွက် ပါဝါ ပိတ်ပြီးမှ ကြည့် ရ ပါမည်။
iphone ipad တွင် မသုံးသင့် သေးသော အင်္ဂလိပ် မြန်မာ အဘိဓာန် ONAGAI

update လုပ်တာရှိမလား ဆိုပြီး စောင့်တာ မရှိမှ ထပ်ရေးရတာပါ
သုံးရင်းနဲ့  ရှာတာ အကွက် ပျောက် သွားတာ ဘယ်လို လုပ်လုပ် ရှာတဲ့ အကွက် ပျောက် တာ စက် ပိတ်ပြီး မှ ပြန်ဖွင့် မှ ရတော့ တယ်။
အိုင်ဖုန်း သရီးဂျီအက်စ် နဲ့  ရှာရင်းဖြစ်တာကို ဝေမျှယုံမျှသာ။
ဗီဒီယို ရိုက်ထားတာ အိုင်ဖုန်း ၄ ထဲ ပါသွားလို့ 