ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Thursday, September 30, 2010

ဧရာဝတီတိုင်း မြောင်းမြခရိုင် အိမ်မဲမြို့ ခလရ ၆၃ ကလေးစစ်သား ပြန်လွှတ်ရေး ခမရ ၅၃၈ တပ်ရင်းမှူးငွေလေးသောင်းတောင်း

ကလေးစစ်သားအဖြစ် စုဆောင်းခံခဲ့ရပြီးနောက် စစ်တပ်ကနေ ထွက်ပြေးလာတဲ့ကလေးတဦးကို တပ်ပြေးအဖြစ်နဲ့ ပြန်ဖမ်းထား ပြီး ငွေလေးသောင်း ပေးမှ လွှတ်မယ်လို့ စစ်တပ် က ပြောဆိုနေကြောင်း သိရပါတယ်။

တပ်ပြေးအဖြစ်နဲ့ ဇူလိုင်လအတွင်းက ဖမ်းဆီးထားတဲ့ ဧရာဝတီတိုင်း မြောင်းမြခရိုင် အိမ်မဲမြို့ လယ်ဘော်ရပ်ကွက်နေ ဦးသန်းမြင့် ဒေါ်ထွန်းမေတို့ရဲ့သား မောင်အောင်ဇော်မိုးကို အိမ်မဲမြို့က ခလရ ၆၃ က စစ်တပ်ထဲမှာ ချုပ်နှောင်ထားပြီး စက်တင်ဘာလ ၂၇ ရက်နေ့ က မိခင်ဖြစ်သူ သွားရောက် တွေ့ဆုံခဲ့ရာမှာ ငွေလေးသောင်းပေးမှ ပြန်လွှတ်ပေးမယ်ဆိုပြီး တပ်ကြပ်ကြီး တဦးက ပြောဆိုလိုက်တယ်လို့ အောင်ဇော်မိုးရဲ့ ဦးလေး ဖြစ်သူက ပြောပါတယ်။

“တနင်္လာနေ့ကပေါ့နော် အမေနဲ့ အစ်မနဲ့ သွားပြီးတော့ တွေ့ကြတာဗျ၊ တွေ့ကြတဲ့အခါကျတော့ ကျနော်တို့

ခမရ ၅၃၈ တပ်ရင်းမှူးကို လေးသောင်းပေးမှ လွှတ်ပေးမယ်ဆိုပြီးတော့

့ ခလရ ၆၃ တပ်ကြပ်ကြီး အောင်သူကနေ ပြောလိုက်တာဗျ၊

ပြောလိုက်တော့ မိဘတွေက ဖအေလုပ်တဲ့လူက ဆိုက်ကားနင်းရတယ်ဗျား၊ မအေ လုပ်တဲ့သူက နို့အေးချောင်း ရောင်းတယ်ဗျား၊ အခု နို့အေးချောင်းလည်း ရောင်းလို့မကောင်းဘူး၊ ဆိုက်ကားတွေကျတော့လည်း ဆွဲရတာ သူတို့ အုံနာကြေးတောင်မှ မှန်အောင် မပေးနိုင်ကြဘူး၊ အဲလိုအခြေအနေမျိုးနဲ့ ဆင်းရဲနေတဲ့ မိဘ နှစ်ပါးက ကိုယ့်သားသမီး လွတ်ဖို့အတွက်ကို သူတို့ ငွေပေးမှ လွှတ်မယ်ဆိုတော့ အဲဒီ လေးသောင်းကို ဘယ်လိုမှ မပေးနိုင်ဘူးလေ။”

မောင်အောင်ဇော်မိုးဟာ ၂၀ဝ၈ ခုနှစ် ဧပြီလ နွေရာသီ ကျောင်းပိတ်ရက်အတွင်းမှာ

ခလရ ၆၃ က တပ်ကြပ်တဦးကနေ စည်းရုံးခေါ်ဆောင်သွားပြီး

ပုသိမ်မြို့မှာရှိတဲ့ စစ်လေ့ကျင့်ရေးကျောင်းကို ပို့လိုက်ပါတယ်။

အဲဒီတုန်းက သူ့အသက်ဟာ ၁၄ နှစ်ကျော်အရွယ် ဖြစ်ပါတယ်။

စစ်သင်တန်းတက်ပြီးနောက် မောင်အောင်ဇော်မိုးကို ရခိုင်ပြည်နယ် ရသေ့တောင်မှာ အခြေစိုက်တဲ့ ခမရ ၅၃၈ တပ်ရင်းမှာ တာဝန်ပေးပါတယ်။

၂၀ဝ၉ ခုနှစ် ဒီဇင်ဘာလ ကရင်ပြည်နယ်စစ်ဆင်ရေးကအပြန် သူရဲ့ တပ်ရင်းကို မပြန်တော့ပဲ မိဘတွေ အိမ်ကို ပြန်လာရာမှာ အိမ်မဲမြို့နယ် ရဲစခန်းကနေ တပ်ပြေးမှုနဲ့ လာဖမ်းသွားတာ ဖြစ်ပါတယ်။

မောင်အောင်ဇော်မိုး ပြန်လည် လွတ်မြောက်ရေးအတွက် ရန်ကုန်မြို့ရှိ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် အိုင်အယ်လ်အို ရုံးကို ပြီးခဲ့တဲ့ ဩဂုတ်လက တိုင်ကြားထားပါတယ်။

၂၀၀၉-၂၀၁၀ မြန်ပြည်ဘိန်း

၂၀၀၉-၂၀၁၀ ဘိန်းစိုက်ရာသီထဲ ရှမ်းပြည်နယ်မှာရှိတဲ့ ၅၅ မြို့နယ်အနက် ၄၆ မြို့နယ်မှာ ဘိန်းစိုက်ဆဲဖြစ်ပြီး စိုက်ပျိုးဧက တိုးလာပေမဲ့ ရာသီဥတုကြောင့် ဘိန်းအထွက် နည်းတယ်လို့ ဆိုပါတယ်။

ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇ၀တ်မှုဆိုင်ရာရုံးရဲ့ စာရင်းအရ ပြီးခဲ့တဲ့နှစ်က မြန်မာပြည်မှာ ဘိန်းစိုက်ဧက ၇၈,၀၀၀ ကျော်ရှိပြီး ဘိန်းဖြူထုတ်လုပ်မှု ကျဆင်းလာပေမဲ့ စိတ်ကြွဆေး ထုတ်လုပ်မှု တိုးလာတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့နှစ်က ရှမ်းပြည်နယ်မှာ ဘိန်းဖြူကီလို ၁,၅၀၀ ကျော်နဲ့ စိတ်ကြွဆေးပြား ၂၃ သန်းကျော် ဖမ်းဆီးရမိတယ်လို့လည်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါး နှိမ်နင်းရေးအဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။

သီရိလင်္ကာရောက် ကလေးများကို ပြန်ခေါ်ရန် သီတဂူဆရာတော် အကူအညီလို

သီရိလင်္ကာရောက် မြန်မာ သီလရှင်ကလေးများ။ (ဓာတ်ပုံ - wanna23.com)
ဧရာဝတီ
ရန်ပိုင်
သီရိလင်္ကာ နိုင်ငံတွင် ရောက်ရှိနေသည့် မြန်မာ ကလေး ၁၀၀ ကျော်ကို မြန်မာနိုင်ငံသို့ ပြန်လည် ခေါ်ယူနိုင်ရန် သီတဂူ ဆရာတော်ကြီးက ကြိုးစားလျက်ရှိရာ အလှူငွေ လိုအပ်နေကြောင်း သတင်းရရှိသည်။

ယင်းကလေးများသည် နာဂစ်မုန်တိုင်းဒဏ်ခံ ဒေသများမှ ဖြစ်ကြောင်း၊ ကယ်ဆယ်ရေးလုပ်ငန်းများ လာရောက် လုပ်နေသည့် သီရိလင်္ကာနိုင်ငံသား ရဟန်းတော် ဒေါက်တာ စန္ဒိမာထေရ်က ပညာသင်ကြား ပေးမည်ဟုဆိုကာ ပြီးခဲ့သည့် နှစ် အတွင်း က ခေါ်ယူသွားခြင်း ဖြစ်ကြောင်း သီတဂူ ကမ္ဘာ့သာသနာပြုအဖွဲ့မှ ဆရာတော် ဦးပညာသီဟက ပြောသည်။

“ကလေးတွေက မိဘမဲ့တွေရော ပါတယ်။ ဟိုရောက်တော့ ညီအစ်ကိုတွေဆိုလည်း တနေရာစီခွဲထားတာ၊ အခုအထိမတွေ့ရ ဘူး။ ကွန်ပျူတာနဲ့ အင်္ဂလိပ်စာ သင်ပေးမယ်ဆိုပြီး ခေါ်တာ”ဟု ဆရာတော်က ဆိုသည်။

ကလေးများကို ပညာသင်ကြားပေးခြင်း မရှိဘဲ လူခွဲပြီး ထားကြောင်း၊ သီရိလင်္ကာနိုင်ငံတွင် စာသင်ကြားနေသည့် မြန်မာ သံဃာတော်များကို ကလေးငယ်များက ဆက်သွယ်၍ အိမ်ပြန်ပို့ပေးရန် အကူအညီတောင်းကြောင်း၊ စာသင်သားများမှာလည်း ငွေကြေး မတတ်နိုင်သည့်အတွက် သီတဂူဆရာတော်ကြီးက ဦးစီး ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း ဆရာတော် ဦးပညာသီဟက ဆက်လက် ရှင်းပြသည်။

ကလေးများ၏ မိဘများကလည်း ပြန်လည် ခေါ်ယူရန် ဆန္ဒရှိကြောင်း၊ သို့သော်လည်း လေယာဉ်စရိတ်မှာ တဦးလျှင် အမေရိ ကန် ဒေါ်လာ ၃၅၀ နှုန်းရှိသည့်အတွက် ပြန်လည်ခေါ်ယူရန် ငွေကြေးမတတ်နိုင်ကြောင်း သိရသည်။

ကလေးများသည် ရန်ကုန်တိုင်းမှ ရွှေပြည်သာမြို့နယ်နှင့် ကွမ်းခြံကုန်းမြို့နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်များမှလည်း ပါဝင် ပြီး ဟိန္ဒူလူမျိုး ကလေးများလည်း ပါဝင်ကြောင်း၊ အသက်၁၀ နှစ်မှ ၁၄ နှစ်သားအရွယ်အထိ ပါဝင်သည်ဟု ဆရာတော် ဦးပညာသီဟ က ဆိုသည်။

ကလေးငယ်များကို စောင့်ရှောက်ရန် သီရိလင်္ကာ ဆရာတော်က ထိုင်ဝမ်နိုင်ငံရှိ တရုတ်လူမျိုးများကို ကလေးတဦးလျှင် အမေရိကန် ဒေါ်လာ ၃၅ ဒေါ်လာနှုန်းဖြင့် အလှူငွေ ကောက်ခံခဲ့ကြောင်း၊ ၎င်း၏ အင်တာနက် ၀က်ဘ်ဆိုက်တွင်လည်း ကလေး ငယ်များ၏ ဓာတ်ပုံများဖြင့် အလှူခံနေကြောင်း သိရသည်။

သီတဂူ ဆရာတော်မှ ဆရာတော် ဒေါက်တာ စန္ဒိမာကို အကြိမ်ကြိမ်ဆက်သွယ်သော်လည်း လာရောက်တွေ့ဆုံခြင်း မရှိဟု သိရသည်။

ဒေါက်တာ စန္ဒိမာကမူ “တချို့ကလေးတွေက စာမသင်ချင်ဘူး။ မြန်မာပြည်ပြန်ချင်တယ်။ ပြန်ပို့ဖို့လည်း သံရုံးနဲ့ စီစဉ်နေတယ်။ မြန်မာ သံအမတ်ကြီးလည်း ကလေးတွေကို လာတွေ့တယ်”ဟု ပြောသည်။

ဒေါက်တာ စန္ဒိမာသည့် နာဂစ်မုန်တိုင်း တိုက်ခတ်ပြီးနောက် မြန်မာနိုင်ငံသို့ ရောက်ရှိလာပြီး ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်ခဲ့ကြောင်း၊ ကွမ်းခြံကုန်းမြို့နယ်တွင် မေတ္တာကျေးရွာကို တည်ထောင်ခဲ့ကြောင်း သိရသည်။

ယင်းကျေးရွာဖွင့်ပွဲကို သီရိလင်္ကာ သမ္မတ မဟိန္ဒရာ ကိုယ်တိုင် လာရောက် ဖွင့်လှစ်ပေးခဲ့သည်ဟု ၂၀၀၉ ခုနှစ် ဇွန်လ ၁၅ ရက်နေ့ထုတ် စစ်အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။
ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ၂၀၀၉ ခုနှစ် နိုဝင်ဘာလက သွားရောက်ခဲ့သည့် သီရိလင်္ကာ ခရီးစဉ်တွင် ဒေါက်တာ စန္ဒိမာနှင့် တွေ့ဆုံခဲ့သေးသည်။

သီရိလင်္ကာတွင် ပညာသင်ကြားနေသည့် စာသင်သား ရဟန်းတပါးက “ကလေးတွေ သူတို့ ခံစားချက်လေးတွေကို စာရေးပြီး ဆက်သွယ်ကြတယ်။ သီလရှင်လေးတွေ အပါး ၂၀ ပါတယ်”ဟု ပြောသည်။

သီတဂူ ဆရာတော်ကြီးအနေဖြင့် သီရိလင်္ကာသို့ လာရောက်စဉ် စာသင်သား ရဟန်းတော်များနှင့် သီရိလင်္ကာရှိ မြန်မာသံရုံးမှ ၀န်ထမ်းများက လျှောက်ထားသည့်အတွက် ယခုကိစ္စကို ဖြေရှင်းပေးခြင်းဖြစ်သည်ဟု သိရသည်။

ယင်းကလေးများကိစ္စနှင့် ပတ်သက်၍ နေပြည်တော်ရှိ ကာကွယ်ရေး ၀န်ကြီးဌာန၊ ပြည်ထဲရေး ၀န်ကြီးဌာန၊ သာသနာရေး ၀န်ကြီးဌာနတို့ကို သီရိလင်္ကာနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးက စာရေး အကြောင်းကြားခဲ့သော်လည်း အကြောင်းတစုံတရာ ပြန်ကြားခြင်းမရှိဟု သီရိလင်္ကာရှိ မြန်မာသံရုံးနှင့် နီးစပ်သူတဦးက ဧရာဝတီသို့ ပြောသည်။

ယင်းကလေးများကို ဒေါက်တာ စန္ဒိမာက ပြည်ထဲရေး ၀န်ကြီးဌာနနှင့် သာသနာရေး ၀န်ကြီးဌာနတို့၏ ခွင့်ပြုချက်ဖြင့် ခေါ်ယူ သွားခြင်းဖြစ်သည်ဟု သိရသည်။

Tuesday, September 28, 2010

ဦးနေမျိုးဝေသို့ပေးစာတစောင်...ဦးနေမျိုးဝေဒီလို ဖြစ် နေပြီလား၊...

ဦးနေမျိုးဝေ၊

သံအမတ်ကြီးတစ်ဦးကို ပြည်တွင်းကသတင်းထောက်၂ဦးနဲ့ တစ်စားပွဲထဲမှာ နေရာချပေးတယ်ဆိုကတည်းက ဦးနေမျိုးဝေတို့ က အဲဒီ သံတမာန်ကို စော်ကားလိုက်တာဘဲ၊

သတင်းလွတ်လပ်ခွင့်ဆိုတာကို ဦးနေမျိုးဝေတို့ ဘယ်လိုနားလည်နေလည်းတော့ကျွှန်တော်မသိပါ ပြန်လည်လေ့လာကြည့်ပါ၊

သံအမတ်ကြီး ဦးနေမျိုးဝေတို့ ဆီ ခိုးကြောင်ခိုးဝှက်လာတာမဟုတ်ပါ။ အိမ်ရှေ့ပေါက်က၀င်လာတာဖြစ်တယ်၊သူနဲ့ ဦးနေမျိုးဝေတို့ ရဲ့ ဆွေးနွေးချက် မေးမြန်းချက်တွေကို အသေးစိတ်အားလုံး ကမ္ဘာကို ထုတ်ပြန်၇န်မလိုပါ၊

နှစ်ဖက်အဖွဲ့ မှာ confidential တွေရှိရင် တဖက်နဲ့ တဖက်ကို လေးစားတဲ့အနေနဲ့ အသိအမှတ်ပြုရမှာဖြစ်တယ်။ နှစ်ဖက်လုံး သဘောတူ တဲ့အချက်တွေကို အပြန်အလှန်တိုင်ပင် ညှိနိုင်းပြီးမှ သတင်းထုတ်ပြန်ကြတာဖြစ်တယ်။ အဲဒီအချက်တွေကို မတွေ့ ဆုံခင်ကတည်းက လုပ်ချင်တာတွေကို ညှိနိုင်းပြီး မှ တွေ့ဆုံတာဖြစ်တယ်

ဘုမသိဘမသိ ပါတီတခုကနေ သံအမတ်ကြီးတဦးကို ချာလီချက်ပလင် နဲ့ ခိုင်းနိုင်း တာကတော့ ဦးနေမျိုးဝေတို့  ကလေးဆန်လွန်းပါတယ်။ ဘယ်လို လုပ်ပြီး ဦးနေမျိုးဝေတို့ ကိုယ်စားပြုတဲ့ ပြည်သူလက်တဆုပ်စာ ကို အကျိုးပြုနိုင်မှာလဲ။

လက်ရှိ မြန်မာပြည်စစ်အစိုးရတောင်မှ သံအမတ်ကြီးတွေကို ဒီလို မစော်ကားပါဘူး ဦးနေမျိုးဝေတို့ ဘာမဟုတ်တဲ့ ပါတီ က စော်ကားဝံ့တာတော့ တော်တော်အံ့သြမိပါတယ်

အဆုံးသတ်ပြောရရင် သံအမတ်ကြီး ဦးနေမျိုးဝေတို့ ပါတီ ဆီက ဘာအတွေးအခေါ်အယူအဆ အသစ်အဆန်း သိမသွားပါဘူး သိဖို့ လည်း ဦးနေမျိုးဝေတို့ မပြနိုင်ခဲ့ပါဘူး ဦးနေမျိုးဝေတို့ ရဲ့လုပ်ရပ်ကြောင့် မြန်မာပြည်က တခြားပါတီတွေကို ပါ သူ အထင်သေးသွားခဲ့ပါပြီ။


လေးစားစွာဖြင့်ဦးသန်းဝင်းဦး

ကျောင်းမှာထဲက နူတ်မထိန်းတဲ့ သူ ဆို တာ သိသင့် တယ် ...

Cyber Attack တရုတ် လက်ချက်လား

ဧရာဝတီ
ပြည်ပအခြေစိုက် မြန်မာ သတင်းဌာနများ၏ ဝက်ဘ်ဆိုက်များ တိုက်ခိုက်ခံရမှုသည် တရုတ်နိုင်ငံမှ IP (ကွန်ပျူတာ ကိုယ်ပိုင် နံပါတ်) လိပ်စာများဖြင့် အများဆုံး တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

ဧရာဝတီ သတင်းဌာန၏ ဝက်ဘ်ဆိုက်များကို တရုတ်နိုင်ငံမှ တဆင့် အများဆုံး တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး အမေရိကန်နှင့် သြစတြေးလျ နိုင်ငံ တို့မှ IP လိပ်စာများလည်း ပါဝင်သည်ဟု မန်နေဂျာဖြစ်သူ ကိုဝင်းသူက ပြောသည်။

“၂၀၀၈ ခုနှစ် စက်တင်ဘာ လထဲမှာတုန်းက ပမာဏ 1 Gb နဲ့ အတိုက်ခံရတယ်၊ အခုတကြိမ်က 4 Gb ဆိုတော့ အရင်ထက် ၄ ဆ ပိုပြင်းတယ်”ဟု ဧရာဝတီ သတင်းဌာန၏ မန်နေဂျာက ပြောဆိုသည်။

မြန်မာသတင်းဌာနများဖြစ်သော ဧရာဝတီ၊ ဒီမိုကရက်တစ် မြန်မာ့အသံ (DVB) နှင့် မဇ္ဈိမ သတင်းဌာန များ၏ ဝက်ဘ်ဆိုက် များကို တနင်္လာနေ့ နံနက်ပိုင်း ၁၂ နာရီခွဲခန့်ကတည်းက DDoS (Distributed Denial of Service) နည်းစနစ်ဖြင့် တိုက် ခိုက်ခဲ့ခြင်းဖြစ်ကာ ၂၀၀၈ ခုနှစ်အတွင်း ပထမအကြိမ် တိုက်ခိုက်ခြင်းထက် ပိုမိုပြင်းထန်ကြောင်း သတင်းဌာနများက ပြော ဆိုသည်။

DDoS တိုက်ခိုက်ခြင်းသည် ပစ်မှတ်တခုတည်းကို မြောက်မြားစွာသော ကြားခံစနစ်များ အသုံးပြုကာ တိုက်ခိုက်ခြင်းဟု လည်းကောင်း၊ ဝက်ဘ်ဆိုက်၏ ခံနိုင်စွမ်းရည်ထက် ကျော်လွန်သော ဝင်ရောက်သူများ ဖန်တီးလိုက်သောကြောင့် တခါး ကျဉ်းကျဉ်းတွင် လူများ စုပြုံတိုးသကဲ့သို့ ဖြစ်သွားကာ မည်သူမှ ဝင်ရောက်၍ မရတော့ခြင်းဖြစ်ကြောင်း သတင်းဌာန များက ဥပမာပေး ပြောဆိုသည်။

ဧရာဝတီ သတင်းဌာန၏ အယ်ဒီတာဖြစ်သူ ကိုအောင်ဇော်က ယခုတိုက်ခိုက်မှုသည် နိုင်ငံရေးအရတွန်းအားပေးခြင်း ဖြစ်နိုင်ကြောင်း၊ ၎င်းတို့အနေဖြင့် သေချာစွာ ပြင်ဆင်ထားရန်လိုကြောင်း၊ ထို့အတွက် စွမ်းအားများ၊ အရင်းအမြစ်များလည်း ထပ်မံ လိုအပ်ဦးမည် ဖြစ်ကြောင်း ပြောဆိုသည်။

“အစိုးရရဲ့ နည်းပညာတွေက ပိုပြီးတော့မှ အဆင့်မြင့်လာတယ်၊ အဲဒါကြောင့် ကျနော်တို့ရဲ့ လုံခြုံရေး အစီအစဉ်တွေကို အသေအချာ စီစဉ်ထားရပါလိမ့်မယ်”ဟု ကိုအောင်ဇော်ကပြောသည်။

မဇ္ဈိမ သတင်းဌာနကိုလည်း ပမာဏ 6 Gb ဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တရုတ်၊ ရုရှား၊ အမေရိကန် နှင့် တူရကီ နိုင်ငံတို့၏ IP လိပ်စာများဖြင့် တိုက်ခိုက်ခဲ့သည်ဟု အယ်ဒီတာဖြစ်သူ ကိုစိန်ဝင်းက ပြောသည်။

“တိုက်ခိုက်တဲ့သူတွေက ဝက်ဘ်ဆိုက်ကို အကြိမ်ပေါင်း သန်းနဲ့ချီတဲ့ ဝင်ရောက်မှုတွေ လုပ်လိုက်တယ်၊ အဲဒီအချိန်မှာ ကျနော်တို့ ဝက်ဘ်ဆိုက်ကြီး လေးပြီး ကျသွားတော့တာပဲ”ဟု ကိုစိန်ဝင်းက ဆိုသည်။

အလားတူ တိုက်ခိုက်မှုမျိုး ခံခဲ့ရသည့် DVB သတင်းဌာနကိုမူ ရုရှား၊ ဂျော်ဂျီယာ၊ အစ္စရေး၊ ကာဇက်စတန်၊ ယူကရိန်း နှင့် ဗီယက်နမ်နိုင်ငံတို့၏ IP လိပ်စာများဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ထိုင်းဌာနခွဲ တာဝန်ခံ ကိုတိုးဇော်လတ်က ပြောသည်။

“အခုတကြိမ် တိုက်တာက လာမယ့်ရွေးကောက်ပွဲမှာ တိုက်ဖို့အတွက် စမ်းသပ်နေတဲ့သဘောပဲဗျ၊ ဘယ်လောက် အထိ သူတို့ဘက်က တိုက်နိုင်လဲ၊ ကျနော်တို့ဘက်က ဘယ်လောက် တောင့်ခံနိုင်လဲဆိုတာ စမ်းတဲ့သဘောပဲ”ဟု ကိုတိုးဇော်လတ် က ဆိုသည်။

ရွေးကောက်ပွဲကို နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပမည်ဟု စစ်အစိုးရက ကြေညာထားပြီး နိုင်ငံတကာ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများကို နိုင်ငံအတွင်း ဝင်ခွင့်ပိတ်ပင်ထားသည်။

၂၀၀၈ ခုနှစ် ရွှေဝါရောင်တော်လှန်ရေး၏ ပထမ နှစ်ပတ်လည်ကာလတွင်လည်း မြန်မာသတင်းဌာနများကို ယခုကဲ့သို့ တိုက်ခိုက်ခြင်းမျိုးများ ရှိခဲ့ကြောင်း ယခုအကြိမ်တိုက်ခိုက်မှုသည်လည်း ရွှေဝါရောင်တော်လှန်ရေး သုံးနှစ်မြောက် ကာလ အဖြစ် တိုက်ခိုက်ခြင်းလည်း ဖြစ်နိုင်သည်ဟု လေ့လာသူများက ပြောဆိုကြသည်။

တရုတ်နိုင်ငံ လုပ် လေယာဉ် သုံးစင်း မြန်မာ့ လေကြောင်း ၀ယ်ယူ


ပြည်တွင်း လေကြောင်း ပို့ဆောင်းရေး ဦးစီးဌာန မြန်မာ့ လေကြောင်း အနေဖြင့် လက်ရှိ အသုံး ပြုလျက်ရှိ သော F-32 အမျိုး အစား လေယာဉ် နှင့် အစား ထိုးရန် တရုတ် နိုင်ငံ မှ လေယာဉ် သုံးစင်း ထပ်မံ ၀ယ်ယူလိုက်ပြီ ဖြစ်ကြောင်း သတင်း ရရှိ ပါသည်။ တရုတ် နိုင်ငံမှ အသစ် ၀ယ်ယူ လေယာဉ် (၃) စီးမှာ MA-60 အမျိုး အစား ခရီးသည် ၄၅ ဦး လိုက်ပါ နိုင်သည့် လေယာဉ် များ ဖြစ်သည်။ ထိုလေယာဉ် (၃) စီးသည် စက်တင်ဘာ တွင် မြန်မာနိုင်ငံ ၊ ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိ မည် ဖြစ်သည်။

မြန်မာ့ လေကြောင်း သည် မြန် မာနိုင်ငံ အတွင်းရှိ မြို့ကြီး ၂၅ မြို့သို့ ဂျက်လေယာဉ် သုံးစင်း၊ ATR – 72 လေယာဉ် နှစ်စင်း၊ ATR-42 လေယာဉ် တစ်စင်း နှင့် လေယာဉ်နှစ် စင်းအသုံးပြုကာ မြန်မာနိုင်ငံအနှံ့ အပြား ပြည်တွင်း ခရီးစဉ် များကို ပုံမှန် ပြေးဆွဲ လျက်ရှိကြောင်း သိရှိရသည်။

မန္တလေး နှင့် ပြင်ဦးလွင် တွင် လိုင်းဖုန်းများ ၂၄ နာရီ အတွင်း အပြီး တပ်ဆင် ပေးလျက်ရှိ

မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းက မန္တလေးတိုင်း ဒေသကြီး အတွင်းရှိ မန္တလေးမြို့ နှင့် ပြင်ဦးလွင်မြို့ တို့တွင် အော်တို တယ်လီဖုန်း လိုင်းများကို စက်တင်ဘာလဆန်းမှ စတင်၍ ၂၄ နာရီ အတွင်း အပြီးသတ် တပ်ဆင် ပေးလျက် ရှိကြောင်း သိရသည်။ မန္တလေးမြို့တွင် စက်တင်ဘာလ ၆ ရက်မှ စတင်၍ ပြည်ကြီး ရန်လုံ ၊ ပြည်ကြီး ချမ်းသာ ၊ အမရဌာနီ (အရှေ့) ၊ အမရဌာနီ (အနောက်) ၊ ဒေါနဘွား ၊ ဥပုသ်တော် ၊ ရွှေဘုန်းရှိန် ၊ ကျွန်းလုံး ဥသျှောင် ၊ သံလျက်မော် (အရှေ့) ၊ ချမ်းမြသာစည် (တောင်) ၊ ချမ်းမြသာစည် (မြောက်) နှင့် မဟာအောင်မြေ (အနောက်) ရပ်ကွက် များတွင် တပ်ဆင် ပေးလျက် ရှိသည်။

ထို့အတူ ပြင်ဦးလွင်မြို့တွင် လည်း ၀၈၅-၂၈ ဖြင့် အစ ပြုသော အော်တို တယ်လီဖုန်းလိုင်း များကို နေ့ချင်းပြီး တပ်ဆင် ပေးလျက် ရှိကြောင်း သိရသည်။ ပြင်ဦးလွင် မြို့နယ် အော်တို အိတ်ချိန်းရုံး မှ တာဝန်ရှိသူ တစ်ဦးက “စက်တင်ဘာလ တစ်လ တည်းပဲ ဆောင်ရွက်သွား မှာပါ။ ရက်ထပ်တိုးဖို့ ဆိုတာ ကတော့ မန္တလေးတိုင်းရဲ့ ညွှန်ကြားချက်နဲ့ ဆိုင်ပါတယ်။ ဒီတစ်ပတ် အတော အတွင်းမှာတော့ အလုံးရေ မကန့်သတ်ဘဲ လျှောက်ထား သမျှ ချထားပေး ပါမယ်။

ဒီနေ့ ငွေသွင်း ပြီးရင် ဒီနေ့ အပြီး တပ်ဆင်ပေး ပါတယ်” ဟု ပြောသည်။ အော်တိုတယ်လီဖုန်း များ၏ ကနဦး တပ်ဆင်ခမှာ ကျပ် ၁၀ သိန်းဖြစ်ပြီး လျှောက်ထားပြီး ၂၄ နာရီ အတွင်း တပ်ဆင် ပေးမည် ဖြစ်ကာ ဖုန်း တပ်ဆင် လိုသူများ အနေဖြင့် လျှောက်လွှာ၊ နိုင်ငံသား မှတ်ပုံတင် မိတ္တူ၊ အိမ်ထောင်စု ဇယား မိတ္တူ တို့ကို တင်ပြ လျှောက်ထား ရမည် ဖြစ်သည်။

မန္တလေးမြို့မှ လျှောက်ထားသူများ အနေဖြင့် မန္တလေးတိုင်း ဒေသကြီး မန်နေဂျာ၊ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း၊ မန္တလေးမြို့သို့ လိပ်မူပြီး ၂၅ လမ်း ၊ လမ်း ၈၀ နှင့် ၈၁ လမ်းကြား၊ အများပြည်သူသုံး ဆက်သွယ်ရေး စခန်းသို့ တိုက်ရိုက် ဆက်သွယ် လျှောက်ထား ရမည် ဖြစ်ပြီး ပြင်ဦးလွင်မြို့မှ လျှောက်ထားသူများ အနေဖြင့် အော်တို အိတ်စ်ချိန်းရုံး (ပြင်ဦးလွင်) တွင် လျှောက်ထား ရမည် ဖြစ်သည်။ အဆိုပါ အော်တို တယ်လီဖုန်း အတွက် ဖုန်းခေါ်ဆိုခ များမှာ မြို့တွင်းသို့ တစ်မိနစ်လျှင် ၁၅ ကျပ် နှင့် နယ်ဝေးသို့ တစ်မိနစ်လျှင် ၂၅ ကျပ်တို့ ဖြစ်ကြောင်း အင်တာနက်ဂျာနယ်တွင် ဖော်ပြထားသည်။

ခဝဲခြံ က မျက်မမြင်တွေ အတွက် သင့်မျက်လုံး ကို ခေတ္တ ငှားပေးလိုက် ပါလား

မြန်မာပြည်သား များဟာ အလှူ အတန်း ရက်ရော တာကတော့ ထင်ရှား ပါတယ်။ ဒါကြောင့် ထူးဆန်းတဲ့ အလှူ ဒါန တစ်ခု အကြောင်း ပြောပြပါ ရစေ။ အဲဒီ အလှူက ငွေကုန်ကြေး ကျလည်း မရှိဘူး။ ကိုယ့်ရဲ့ အားလပ် ချိန်မှာ တတ်နိုင် သမျှလေး လုပ်သွား ပေးရုံပဲ ဖြစ်ပါတယ်။ အချိန် ကလေး နည်းနည်းလေး ပေးဖို့ပဲ လိုအပ် တာပါ။ အဲဒီ အလှူ ကတော့ ရန်ကုန်၊ မျက်မမြင်ကျောင်း (ခဝဲခြံ) က မျက်မမြင်တွေ အတွက် အသံ အလှူဒါနပဲ ဖြစ်ပါတယ်။ ရန်ကုန်၊ မျက်မမြင်ကျောင်း (ခဝဲခြံ) မှာ ဒီနှစ် မူလတန်း ကနေ အထက်တန်း အဆင့် အထိ ကျောင်းသားပေါင်း (၇၉) ဦး၊ အသက်မွေး ဝမ်းကျောင်း လက်မှု ပညာ သင်ကြား နေတဲ့ ကျောင်းသား (၇၉) ဦး ရှိပါတယ်။ အဲဒီ မျက်မမြင် ကျောင်းသား တွေကို စာဖတ် နိုင်အောင်လို့ စီမံထားတဲ့ မျက်မမြင် စာအုပ် ဆိုတာတွေက ရှိပေမဲ့ စာအုပ်တွေက အထူကြီး တွေပါ။ လုံးချင်း ဝတ္ထုတွေလို စာအုပ် မျိုးတွေ ဆိုတော့ မျက်မမြင် စာအုပ် ထုထ်ဖို့ အခက် အခဲတွေ ရှိနေပါတယ်။ အဲဒီအတွက် စကားပြော စာအုပ် (Talking Book) အဖြစ်နဲ့ ထုတ်ဝေဖို့ စီစဉ်ထား ပါတယ်။

လစဉ်ထုတ် မဂ္ဂဇင်းတွေ၊ စာစောင်တွေ၊ သုတရသ စာအုပ်တွေ မျက်မမြင် ကျောင်းသားတွေ အတွက် Talking Book အဖြစ် ပြောင်းလဲ ထုတ်ပေးနေပြီ ဖြစ်ပါတယ်။ အဲဒီလို Talking Book တွေ ထုတ်ပေး နေတဲ့ နေရာမှာ ကျောင်းရှိ ဝန်ထမ်း အင်အားနဲ့ မလုံလောက်တဲ့ အတွက် အသံ အလှူရှင်တွေ ဖိတ်ခေါ်နေ ပါတယ်။ အသံ လှူချင်သူများ အနေနဲ့ ကိုယ်ပေး နိုင်တဲ့ အချိန်ပေါ်မှာ မူတည်ပြီး မျက်မမြင် ကျောင်းမှာ ရှိတဲ့ အသံသွင်း ခန်းမမှာ သွားရောက်ပြီး အသံဒါန ပြုနိုင်ကြပါတယ်။

Talking Book ပြောင်းလဲပေး ရမယ့် စာအုပ် တွေလည်း မျက်မမြင် ကျောင်းမှာ အဆင်သင့် ရှိနေပြီး သားပါ။ အသံ အလှူရှင်က ကိုယ်တတ်နိုင်တဲ့ အချိန်ပေါ် မူတည်ပြီး ဆောင်းပါး တစ်ပုဒ်ချင်း၊ ဝတ္ထု တစ်ပုဒ်ချင်းက စပြီး လုံးချင်း စာအုပ်တွေ အထိ ဖတ်ပေးနိုင် ကြပါတယ်။ မျက်မမြင်ကျောင်းကို မသွားရောက်နိုင်တဲ့ အလှူရှင်တွေ အနေနဲ့ မိမိ အစီအစဉ်ဖြင့် သွင်းပြီး အသံဖိုင် ကိုလည်း လှူဒါန်းနိုင် ကြပါတယ်။

အဲဒီလို အသံသွင်းပြီး လှူမယ် ဆိုရင်တော့ အသံ အရည် အသွေး ကောင်းမွန်ဖို့ကို ဂရုစိုက် ကြရမှာ ဖြစ်ပါတယ်။ ဒီလိုမျိုး ကိုယ့် မျက်လုံးနဲ့ ဖတ်ပြီး မမြင်ရတဲ့ သူတွေ အတွက် အသံ ဒါနကို ပြုချင်တယ်။ အသေးစိတ် အကြောင်းအရာကို သိချင်တယ် ဆိုရင် ရန်ကုန် မျက်မမြင်ကျောင်း (ခဝဲခြံ) ၊ အမှတ် (၁၆၅) ဗဟိုလမ်း၊ (၂) ရပ်ကွက် ၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့၊ ဖုန်း (ဝ၁-၆၆၁၆၈၉ ၊ ၆၆၂ဝ၃၄)၊ Email: mcfb@mptmail.net.mm သို့ ဆက်သွယ် စုံစမ်းနိုင် ပြီး ခဝဲခြံ မျက်မမြင်ကျောင်း၏ ဝက်ဘ်ဆိုက် www.mcfblind.com တွင်လည်း ကြည့်ရှု နိုင်ကြောင်း သိရှိရ ပါသည်။

ဘန်ကောက်တွင် မြန်မာ စာသင်သား သံဃာများအတွက် ကျောင်းဆောင် ဖွင့်


ဘစောတင်
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဘန်းခေးအရပ်ရှိ ဝပ်တလုံး ဘုန်းကြီးကျောင်း၌ မြန်မာ စာသင်သား ရဟန်းသံဃာများ သီတင်းသုံးရန် ပထမဆုံး ဆောက်လုပ်သည့် ကျောင်းဆောင်ကို ဖွင့်လှစ်လိုက်ပြီ ဖြစ်သည်။


ဘန်ကောက်မြို့ ဝပ်တလုံး ဘုန်းကြီးကျောင်းအတွင်းမှ “ဝိဇ္ဇာလယ မြန်မာကျောင်းဆောင်”။ (ဓာတ်ပုံ - ဧရာဝတီ)
ဘန်ကောက်မြို့ရှိ တက္ကသိုလ် အသီးသီးတွင် ပညာသင်ကြားနေကြသော စာသင်သား သံဃာများ သီတင်းသုံးမည့် အဆိုပါ ကျောင်းဆောင် ရေစက်ချပွဲကို ယမန်နေ့က ပြုလုပ်ကြောင်း သတင်းရရှိသည်။

မြန်မာစာသား ရဟန်းတော်များ အဖွဲ့ (ထိုင်း) မှ ပြန်ကြားရေး အဖွဲ့ဝင် ဦးကုဏ္ဍလက “ဦးပဉ္စင်း တို့ ဒီမှာ ကျောင်းတက်ရတာ အဆင်ပြေပေမယ့် နေရေးထိုင်ရေး အရမ်းခက်ခဲတယ်။ အခု ဦးပဉ္စင်း နေရတဲ့အခန်းက ၁ ပါးစာပဲရှိတယ်။ ဒီနေရာလေးကို ၃ ပါး နေရတယ်။ ဒါကြောင့် ဦးပဉ္စင်းတို့ကို လက်ခံထားတဲ့ ၀ပ်တလုံးကျောင်း ဆရာတော်က မင်းတို့ကို ငါ မြေနေရာပေးမယ်၊ တတ်နိုင်ရင် ဆောက်ကြဆိုလို့ ဒီမှာရှိနေတဲ့ မြန်မာ သံဃာ ၁၀၀ ကျော်က ၁ ပါးစီကို ဘတ် ၅၀၀ စီ စုပြီး စလုပ်ကြတာ” ဟု မိန့်ကြားသည်။

ထို့အပြင် ယခုနှစ်တွင် ပထမအကြိမ် ပြုလုပ်သော ၀ါဆိုသင်္ကန်းကပ်ပွဲမှ ရရှိသည့် အလှူငွေများနှင့် စက်ရုံအလုပ်ရုံများမှ ရွှေ့ပြောင်းအလုပ်သမားများ၏ စုပေါင်းလှူဒါန်းငွေများဖြင့် ယခု ကျောင်းဆောင်သစ် ပေါ်ထွန်းလာခြင်းဖြစ်သည်ဟု သိရသည်။

ဝပ်တလုံးကျောင်းတွင် မြန်မာရဟန်းတော် ၁၀၀ ကျော် အပါအဝင် သီရိလင်္ကာ၊ ဘင်္ဂလားဒေ့ရှ်၊ နီပေါ၊ အိန္ဒိယ၊ လာအိုနှင့် ကမ္ဘောဒီးယားတို့မှ နိုင်ငံခြားသား သံဃာ ၃၀၀ ခန့် သီတင်းသုံးလျက်ရှိသည်။

ဝပ်တလုံး ကျောင်းတိုက် ဆရာတော်သည် ငယ်စဉ်က အိန္ဒိယသို့ သွားရောက်ကာ မဟာဝိဇ္ဇာဘွဲ့ကို ရယူခဲ့ကြောင်း၊ ထို့ကြောင့် နိုင်ငံခြားရောက် စာသင်သားများ၏ အခက်အခဲကို ကိုယ်တိုင်တွေ့ကြုံ ခံစားဖူးသဖြင့် နိုင်ငံခြားသား စာသင်သားများကို လက်ခံထားခြင်းဖြစ်ကြောင်း သိရသည်။

“လွန်ခဲ့တဲ့ ၂ နှစ် ဒီဆရာတော် လက်မခံခင်ကဆိုရင် ဒီကျောင်းကို မသိသေးတဲ့ ကိုယ်တော်တွေလာရင် ဝပ်မဟာထကိုပဲ ရောက်ကြတာလေ။ အဲဒီမှာ နေစရာမရှိ ဘာမရှိနဲ့၊ သစ်ပင်အောက်မှာ နေဝင်သွားကြတယ်။ နောက်မှ အနီးအနားက ထိုင်းဒကာတွေက ဟိုတယ်လိုက်ပို့မှ ဟိုတယ်မှာ အိပ်ခဲ့ရတဲ့ ကိုယ်တော်တွေလည်း တော်တော်များကြတယ်လို့ သိရတယ်” ဟု ဦးကုဏ္ဍလက မိန့်သည်။

Mahachulalongkorn Rajavidyalaya တက္ကသိုလ် တွင် မဟာဝိဇ္ဇာဘွဲ့အတွက် တက်ရောက်သင်ကြားနေသူ အရှင်ပညာစာရ ဗောဓိက “ဦးပဉ္စင်း ရောက်စတုန်းကတော့ သိပ်အဆင်မပြေဘူး။ အိပ်စရာ နေရာမရှိဆိုတော့ ကျောင်းအောက်ထပ် အင်္ဂတေခင်းပေါ်မှာပဲ အိပ်ခဲ့ရတယ်။ ကြောင်တို့ ခွေးတို့နဲ့ အတူတူလေ။ ကိုယ်အိပ်နေတုန်း ခွေးတွေက ကျော်သွားတာမျိုးလည်း ရှိခဲ့ပါတယ်။ အခုလို ကျောင်းဖွင့်လိုက်တော့ သံဃာအားလုံး အဆင်ပြေတာပေါ့” ဟု မိန့်သည်။

ဘန်ကောက်မြို့ Mahidol တက္ကသိုလ်တွင် ပါရဂူတန်း တက်ခွင့်ရရန် ကြိုးစားနေသော အရှင်ခေမာဝံသကလည်း “အခက်အခဲရှိတဲ့ ဦးပဉ္စင်းတွေကို ဝပ်တလုံး ဆရာတော်က လက်ခံတယ်။ ဒါပေမယ့် ဆရာတော်ကျောင်းမှာလည်း နေစရာက ကျယ်ကျယ်ဝန်းဝန်း မရှိတော့ ဖြစ်သလိုနေခဲ့ကြရတယ်။ တချို့ဆို ရပ်ကွက်ထဲမှာ တိုက်ခန်းငှားနေကြတဲ့ သူတွေလည်း ရှိခဲ့တယ်” ဟု မိန့်ကြားသည်။

ယခု ဆောက်လုပ်ထားသော တထပ်ကျောင်းဆောင်ကို “ဝိဇ္ဇာလယ မြန်မာကျောင်းဆောင်” ဟု အမည်ပေးထားကြောင်း၊ သံဃာ ၁၂ ပါးခန့်သာ သီတင်းသုံးနိုင်သော်လည်း နေစရာနေရာ အတိအကျ မရသေးသော သံဃာ ၄၀ ကို မဲနှိုက်ကာ နေရာချထားပေးမည် ဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံ တဝန်းရှိ ဘန်ကောက်၊ ချင်းမိုင်၊ ဟတ်ယိုင်၊ အယုဒ္ဓယ စသောမြို့အသီးသီးရှိ တက္ကသိုလ်များတွင် ပညာသင်ကြားနေကြသော မြန်မာ စာသင်သား ရဟန်းသံဃာ ၁၄၀ ခန့်ရှိသည်ဟု သိရသည်။

ဝပ်တလုံးကျောင်း တကျောင်းတည်းတွင်ပင် မြန်မာနိုင်ငံမှ ဗမာ၊ ရခိုင်၊ ရှမ်း၊ မွန်၊ ကရင်၊ ကချင်၊ ပအို့ဝ်၊ ပလောင်၊ ဓနု၊ ထားဝယ် စသည် တိုင်းရင်းသား ရဟန်းတော်များ သီတင်းသုံးလျက်ရှိကြောင်း သိရသည်။

ဆည်တော်လေးဆည် ရေလျှံ၊ အနီးတ၀ိုက် ရွာများ ရေလွှမ်း

ရန်ပိုင်
မန္တလေးတိုင်း ပုသိမ်ကြီး မြို့နယ်ရှိ ဆည်တော်လေးဆည် ရေလျှံမှုကြောင့် အနီးတ၀ိုက် ရွာများတွင် ရေလွှမ်းမှု ယမန်နေ့က ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

ယမန်နေ့ နံနက် ၅ နာရီခန့်တွင် ယင်းဆည်မှ ရေများ ရုတ်တရက်ကျဆင်းလာကြောင်း၊ နားတောင်းကျ ချောင်း ဘေးရှိ ရွာများ နှင့် ရေမြုပ်သွားပြီး မန္တလေး- မေမြို့ ကားလမ်းလည်း ရေကျော်သွားကြောင်း မန္တလေးအခြေစိုက် သတင်းသမားတဦးက ပြောသည်။

“တောင်ပေါ်မှာ မိုးကတော်တော်ကြီးတော့ ရုတ်တရက် ဆည်ရေလည်း မနိုင်တော့ဘူး၊ ရေက ဒလဟော ဆင်းလာတာ”ဟု ၎င်းက ဆိုသည်။

ဆည်၏ အထက်ပိုင်း ဒေသများတွင် မိုးများပြီး ရုတ်တရက် ရေများကျဆင်းလာသည့် အတွက် ဆည်မြောင်းဦးစီးဌာနနှင့် သက်ဆိုင် ရာ အာဏာပိုင်များကလည်း သတိပေးနိုင်ခြင်း မရှိကြောင်း၊ ဆည်တော်လေးရွာ၊ ကျောက်မီးရွာ စသည့် ကျေးရွာအတော်များများ ရေမြုပ်သွားကြောင်း အဆိုပါ သတင်းသမားက ပြောသည်။

ထိုသို့ ရေကြီးမှုတွင် လူနှစ်ဦး သေဆုံးသွားပြီး လယ်မြေဧက အတော်များများလည်း ပျက်စီးသွားကြောင်း သိရသည်။

ညနေ ၃ နာရီခန့်တွင် ရေပြန်ကျသွားပြီး နာမှုကူညီရေး အသင်းသားများ၊ မီးသတ်များ၊ လုံထိန်းများက ကူညီမှုများပေးကြောင်း မန္တလေးမှ စာရေး ဆရာညီပုလေး ကလည်း ပြောသည်။

ယခုရက်ပိုင်း တောင်ပေါ်ဒေသများတွင် မိုးသည်းထန်စွာ ရွာသွန်းနေသည့် အတွက် ဒုဋ္ဌ၀တီမြစ်ကို ပိတ်၍ ဆောက်ထားသည့် ရဲရွာ ရေအားလျှပ်စစ် စီမံကိန်း ရေလှောင်တမံတွင်လည်း ရေများပြားလာနေကြောင်း၊ ယင်းပိုလျှံနေသည့် ရေများကို ဖွင့်ထုတ်တော့ မည်ဖြစ်ကြောင်း အတည်မပြုနိုင်သည့် သတင်းများလည်း ထွက်ပေါ်နေသည်။

ဆည်တော်လေး ဆည်မှာ အနီးတ၀ိုက်ရှိ လယ်ဧက သုံးထောင်ကျော်ကို ရေးပေးဝေရန်အတွက် အင်္ဂလိပ် အစိုးရ လက်ထက် ကတည်းက တည်ဆောက်ထားခြင်း ဖြစ်ကြောင်း သိရသည်။

Sunday, September 26, 2010

တရုတ်ကပ္ပတိန် ဖမ်းဆီးမှုကိစ္စ ဂျပန်ကို လျော်ကြေးတောင်းဂျပန်နိုင်ငံက လက်မခံ ပယ်ချ

တရုတ်ငါးဖမ်းသင်္ဘော ကပ္ပတိန်ကို ဂျပန်နိုင်ငံက သီတင်း နှစ်ပတ်ကျော် ဖမ်းဆီးထားတာနဲ့ ပတ်သက်ပြီး တောင်းပန်မှုတွေနဲ့အတူ နစ်နာကြေးတွေ ပေးဖို့ တရုတ်အစိုးရရဲ့ တောင်းဆိုမှုကို ဂျပန်နိုင်ငံက လက်မခံ ပယ်ချလိုက်ပါတယ်။

စနေနေ့က တရုတ်သင်္ဘော ကပ္ပတိန်ကို ဂျပန်နိုင်ငံက ပြန်လွှတ် ပေးခဲ့ပြီးတဲ့နောက်မှာ ဒီဖမ်းဆီးမှုဟာ ဥပဒေနဲ့ ညီညွတ်မှုမရှိတဲ့အတွက် ဂျပန်နိုင်ငံက ပြန်လည် တောင်းပန်ဖို့ တောင်းဆိုတဲ့ ကြေညာချက်တစ်စောင်ကို တရုတ်နိုင်ငံခြားရေး ၀န်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။

တရုတ်အစိုးရရဲ့ ဒီတောင်းဆိုချက်ဟာ အခြေအမြစ်မရှိဘဲ လက်ခံနိုင်လောက်စရာ မရှိဘူးလို့ ဂျပန်နိုင်ငံခြားရေး ၀န်ကြီးဌာနက ဆိုပါတယ်။

ပိုင်နက်အငြင်းပွားမှု ဖြစ်နေတဲ့ ကျွန်းစုနားမှာ တရုတ်ငါးဖမ်းသင်္ဘောနဲ့ ဂျပန်ကင်းလှည့် ရေယာဉ်နှစ်စီးတို့ ၀င်တိုက်မိခဲ့ချိန်ကစပြီး တရုတ်သင်္ဘော ကပ္ပတိန်ကို ဂျပန်က ဖမ်းဆီးထားခဲ့တာ ဖြစ်ပါတယ်။

ဒီ တရုတ်သင်္ဘော ကပ္ပတိန် Zhan Qiziong ကို ပြန်ပြီးလွှတ်တာနဲပတ်သက်ပြီး နှစ်နိုင်ငံကြား သဘောထား ကွဲလွဲနေမှုတွေကို ပိုမို ဆိုးရွားစေတယ်လို့ ဂျပန်အစိုးရ ရှေ့နေတွေကပြောပါတယ်။

စနေနေ့မှာ တရုတ် သီးသန့်လေယာဉ်နဲ့ တရုတ်နိုင်ငံကို ပြန်လည်ရောက်ရှိလာတဲ့ Zhan ကတော့ သူဟာ တရားမ၀င်ဘာမှ လုပ်ဆောင်တာမျိုးမရှိဘဲ တရုတ်အစိုးရရဲ့ ပြောကြားချက်တွေကို သူ ခိုင်ခိုင်မာမာ ထောက်ခံကြောင်း ပြောဆိုခဲ့ပါတယ်။

ကွန်ပြူတာစနစ် တိုက်ခိုက်ခံရမှု ကာကွယ်ဖို့ အီရန်ကျိုးပမ်း

အီရန်နိုင်ငံ တခုလုံးက စက်မှုလက်မှု နယ်မြေတခုလုံးနဲ့ လျှပ်စစ်ဓါတ်အားပေး စက်ရုံတွေကို ထိန်းချုပ်နိုင်စွမ်းရှိတဲ့ နှိမ်နှင်းနိုင်ဖို့ အီရန် နျူကလီးယား အေဂျင်စီက ကြိုးစားနေရတယ်လို့ အီရန်သတင်း မီဒီယာတွေက ပြောပါတယ်။

Stuxnet လို့ နာမည်ရတဲ့ ကွန်ပျူတာ ဗိုင်းရပ်စ်ကို ဘယ်လိုဖယ်ရှားကြမလဲ ဆိုတာကို အီရန် အနုမြူစွမ်းအင်အဖွဲ့က ကျွမ်းကျင်သူတွေ ဒီတပတ်ထဲမှာ ဆွေးနွေးခဲ့ကြတယ်လို့ အစိုးရ အာဘော်မကင်းတဲ့ ISNA သတင်းဌာနက သတင်းထုတ်ပြန်ပါတယ်။ ဒီဗိုင်းရပ်စ်ဟာ အီရန်နိုင်ငံတခုလုံးက ကွန်ပျူတာတွေမှာ ပျံ့နှံ့နေပြီလို့ သတင်းစာတွေမှာလည်း ရေးသားကြပါတယ်။

ကမ္ဘာတဝန်းက စက်မှုလုပ်ငန်းဆိုင်ရာ ကွန်ပျူတာတွေကို တိုက်ခိုက်ခံရတဲ့ Stuxnet ဗိုင်းရပ်စ်ဟာ အီရန်ရဲ့  နျူကလီးယားစက်ရုံတွေ၊ အထူးသဖြင့် လည်ပတ်တာ မကြာသေးတဲ့ Bushehr စက်ရုံကို အဓိက ပစ်မှတ်ထား တိုက်ခိုက်ပုံရတယ်လို့ အင်တာနက်ကွန်ယက် လုံခြုံရေးဆိုင်ရာ ကျွမ်းကျင်သူတွေရဲ့ အပြောကို ကိုးကားပြီး နိုင်ငံခြား သတင်းမီဒီယာတွေမှာလည်း ဖေါ်ပြကြပါတယ်။

ဒီ ကွန်ပျူတာ ဗိုင်းရပ်စ် ဝင်နေတဲ့ထဲက ၆၀% နီးပါးဟာ အီရန်က ကွန်ပျူတာတွေမှာ ဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက ပြောကြပါတယ်။ သူတို့က Stuxnet ကွန်ပျူတာ ဗိုင်းရပ်စ်ဟာ ဓါတ်အားပေး စက်ရုံတွေလိုမျိုးကို အဓိက ပစ်မှတ်ထား တိုက်ခိုက်ဖို့ လုပ်ထားတဲ့ စူပါ လက်နက်တွေ ဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။

ဟင်္သာတမြို့တွင် တက္ကသိုလ် တွင် ကျောင်းသားချင်း ခိုက်ရန်ဖြစ်၊ တဦးသေဆုံး

ဇာနည်မာန်
. ဧရာဝတီတိုင်း ဟင်္သာတမြို့တွင် တက္ကသိုလ် ကျောင်းသားချင်း ခိုက်ရန်ဖြစ်ပွား မှုကြောင့် ယမန်နေ့ညက သေဆုံးသူကို အာဏာပိုင်များက ယနေ့သဂြုင်္ိဟ် စေခဲ့ပြီး ဆူပူမှုဖြစ်မည်စိုး၍ လုံခြုံရေးများလည်း ထူထပ်စွာ ချထားကြောင်း သတင်းရရှိ သည်။

ဟင်္သာတ တက္ကသိုလ် ဘူမိဗေဒ ဘာသာရပ် စာမေးပွဲ နောက်ဆုံးနေ့ ညက တက္ကသိုလ် ကျောင်းသူ အဆောင်ရှေ့တွင် သီချင်းဆိုရာမှ ခိုက်ရန်ဖြစ်ပွားခဲ့ပြီး ဓားဒဏ်ရာဖြင့် သေဆုံးသူ ဘူမိဗေဒ ပထမနှစ် ကျောင်းသား မောင်အောင်သူ (၂၂နှစ်) ညောင်ကျိုးရွာ၊ အင်္ဂပူမြို့နယ် ကို ယနေ့နေ့လယ် ၂နာရီတွင် သဂြုင်္ိဟ် ရန် အာဏာပိုင်များက စီစဉ်ခဲ့ခြင်းဖြစ်သည်။

“ကျူးလွန်တဲ့ဘက်က လူကြီးနဲ့ မျက်နှာကြီး အသိုင်းအ၀ိုင်းကဆိုတော့ ပြဿနာ ဖြစ်မှာစိုးလို့ ရဲမင်းကြီးကိုယ်တိုင် ကြီးကြပ်၊ မိသားစုကိုခေါ်ပြီး ဒီနေ့ကို ချက်ချင်း ချလိုက်တာ။ ဓားနဲ့ထိုး၊ ရိုက်တဲ့ ၇ ယောက်ကိုတော့ ဖမ်းထားတယ်။ ဖမ်းထားတဲ့ အထဲ မှာ ဒီမြို့က အထက်တန်းရှေ့နေ တယောက်ရဲ့တူရယ်၊ မြို့မိမြို့ဘ တယောက်ရဲ့မြေးလေးရယ် ပါနေတယ်”ဟု မိသားစုနှင့် နီးစပ်သူတဦးက ဆိုသည်။

မိန်းကလေးဆောင်ရှေ့တွင် ဂစ်တာတီးနေသူများရှေ့မှ သေဆုံးသူ မောင်အောင်သူနှင့် သူငယ်ချင်းများ ဆိုင်ကယ်နှင့် ဖြတ်သွားသည်ကို ဂစ်တာတီးနေသူများက ဆဲဆိုရာမှ ရန်ပွဲ အစပြုခဲ့ပြီး ရိုက်နှက်၍ ဓားများဖြင့် ထိုးခဲ့သောကြောင့် မောင်အောင်သူမှာ နေရာတွင်ပင် သေဆုံးခဲ့ပြီး ၀မ်းဗိုက်တွင် ဒဏ်ရာရရှိသူနှင့် ခါးတွင် ဓားဒဏ်ရာရရှိသူ နှစ်ဦးတို့မှာ ဟင်္သာတ ဆေးရုံ အရေးပေါ်ဌာနတွင် ကုသနေရသည်ဟု သိရသည်။

“ဖြစ်ဖြစ်ချင်းက အောင်သူကို ဒီအတိုင်းခြုံထဲမှာထိုးထားတာ။ ပြီးတော့ ရဲတွေရောက်လာပြီး အဲ့ဒီနေရာတ၀ိုက်ကို ပိတ်ထား လိုက်တော့တာ။ သေချာစစ်ဆေးလား မဆေးလားလည်း ဘာမှ မသိရဘူး၊ ညောင်ကျိုးက သူ့မိသားစုကို ချက်ချင်း အကြောင်း ကြားပြီး ဒီနေ့ သဂြုင်္ိဟ် တာပဲ။ မိဘတွေက ရွာပြန်သယ်ချင်တာလည်း ခွင့်မပေးဘူး”ဟု မိသားစုနှင့် နီးစပ်သူ က ပြောသည်။

သေဆုံးသူကို ဂူသွင်း သဂြုင်္ိဟ်ရန် ဟင်္သာတ ပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံမှ တင်းတိုးသုသာန်သို့ သွားရာ လမ်းတလျှောက် တွင်၊ ယာဉ်ထိန်းရဲများ၊ အရပ်ဝတ် ထောက်လှမ်းရေးများ၊ အထူး ရဲတပ်ဖွဲ့ဝင်များ ချထားပြီး တက္ကသိုလ်မှ ဆရာ ဆရာမ များကလည်း လုံခြုံရေး တာဝန်ယူကြရသည်ဟု ၎င်းကပြောဆိုသည်။

ယင်း အမှုကိစ္စနှင့် ပတ်သက်၍ ဟင်္သာတ ရဲစခန်းသို့ ဆက်သွယ်မေးမြန်းခဲ့ရာ တာဝန်ကျ ရဲအရာရှိတဦးက ကျောင်းသား ၇ ဦး ကို ထိန်းသိမ်းထားသည်မှာ ဟုတ်မှန်ကြောင်းနှင့် တရားဥပဒေအတိုင်း ဆောင်ရွက်သွားမည်ဟု ဖြေကြားခဲ့သည်။

“မောင်အောင်သူရဲ့ သူငယ်ချင်းလေးတွေကလည်း မကျေနပ်ကြတာ ဖြစ်နေတော့ ဆူပူမှုတွေ ဖြစ်မှာစိုးလို့ ကျနော်တို့ ရဲတွေရော၊ မယက၊ ရယက အားလုံးက လုံခြုံရေး ယူပေးတဲ့ သဘောပါပဲ။ အခုအခြေအနေကတော့ အေးအေးဆေးဆေး ပါပဲ။ တရားဥပဒေအတိုင်း လုပ်သွားမှာပါ”ဟု အဆိုပါ ရဲ အရာရှိက ပြောသည်။

ဟင်္သာတ မြို့ခံတဦးက“ခရိုင်ရဲမင်းကြီးရော လာတော့ လုံခြုံရေးတွေက အများကြီး၊ ကျောင်းသားချင်းဖြစ်တဲ့ ပြဿနာကို အခုလို ချက်ချင်းကြီး ချ၊ ရဲတွေရော ဘာတွေရော ရှုပ်နေတော့ ကျနော်တို့က ဘာများဖြစ်လဲပေါ့။ ပဲခူးက ကိစ္စလို ဖြစ်တာ မဟုတ်ပေမယ့် လူကြီးအသိုင်းအ၀ိုင်းနဲ့ နီးစပ်သူတွေပါနေတော့ ကျောင်းသားတွေ ဆူမှာ စိုးရိမ်နေပုံရတယ်။ မျှမျှတတ လုပ် မလုပ်ကတော့ စောင့်ကြည့်ရမှာပဲ”ဟု ဆိုသည်။

လက်နက် ခိုးရောင်းတဲ့ ထိုင်းလေးဦး ရဲဖမ်း


မဇ္ဈိမ
ထိုင်းတပ်ကြပ်ကြီး တဦး၊ စစ်ကန်ထရိုက် အရပ်သား နှစ်ဦးနှင့် အခြား အရပ်သား နှစ်ဦးကို Lopburi နယ် လက်နက် တပ်ဆင်သည့် ဌာနက လက်နက်ခိုးပြီး ရောင်းမှုနှင့် ထိုင်းရဲက ဖမ်းလိုက်ကြောင်း ဘန်ကောက် နေးရှင်း သတင်းစာတွင် သောကြာနေ့က ရေးသည်။

တပ်ကြပ်ကြီး Sema Khotchaphate က လောင်ချာတွင် ထည့်ပစ်နိုင်သော ဗုံးတလုံးကို ဘတ် ၁၅ဝဝ ( ကျပ် ၄၅,ဝဝဝ ခန့်)၊ M16 ကျည်ဆံ တတောင့်လျှင် ၅ ဘတ် (ကျပ် ၁၅ဝ ခန့်) ဖြင့် ရောင်းခဲ့ကြောင်း ထွက်ဆိုသည်ဟု ထိုင်းရဲအဖွဲ့က နေးရှင်း သတင်းစာသို့ ပြောသည်။ ဖမ်းထားသည့် လေးဦးလုံးက လက်နက်ခိုးကြောင်း ဝန်ခံသည်ဟုလည်း ဆိုသည်။

အဖမ်းခံရသူများသည် စက်တင်ဘာ ၂ရက်က M60 စက်သေနတ် ကျည်ဆံ အတောင့် ၉,ဝဝဝ နှင့် ဗုံး ၁ဝ လုံးကို စစ်လက်နက် ဂိုဒေါင်တခုမှ ခိုးခဲ့ပြီး သုံးရက်အကြာတွင် လောင်ချာတွင် ထည့်ပစ်နိုင်သည့် ဗုံးအလုံး ၆ဝ နှင့် အခြားဒုံးကျည် ၃၁ ခုကို ခိုးရန် ကြိုးစားခဲ့သည်ဟု ရဲက ဆိုသည်။

ဒုတိယအကြိမ် ကြိုးစားစဉ် မအောင်မမြင် ဖြစ်ပြီး ဂိုဒေါင်ထဲ၌ ခဲယမ်းမီးကျောက်များ အလွယ်တကူ ခိုးထုတ်သွားရန် အဝတ်အိတ်များထဲ၌ အသင့် ထုပ်ပိုးထားသည်ကို စစ်အာဏာပိုင်များက တွေ့ခဲ့ရသည် ဟု ပြောသည်။

Saturday, September 25, 2010

နေပြည်တော်-ရန်ကုန် လျှပ်စစ်ရထားလမ်း ဖောက်လုပ်ရန် ပြင်ဆင်


အောင်ထက်
တရုတ်၏နည်းပညာအကူအညီဖြင့် နေပြည်တော်-ရန်ကုန် မြန်နှုန်းမြင့် လျှပ်စစ်ရထားလမ်း ဖောက်လုပ်မည်ဖြစ်ပြီး လမ်းပိုင်းမြေသား စတင်ပြုပြင်နေပြီဖြစ်ကြောင်း နေပြည်တော် မီးရထားဝန်ကြီးဌာနမှ အရာထမ်းတဦးက ပြောကြားသည်။

အဆိုပါ မြန်နှုန်းမြင့် ရထားလမ်းသည် နေပြည်တော်-ရန်ကုန်ခရီးအား ကြာမြင့်ချိန် (၃) နာရီဖြင့် မောင်းနှင်မည်ဖြစ်ပြီး ရထားတွဲဆိုင်းများကိုလည်း တရုတ်နိုင်ငံမှ ကျွမ်းကျင်ပညာရှင်များ ကိုယ်တိုင် လာရောက်တပ်ဆင်ပေးမည်ဟု သိရသည်။

၂၀၁၃ ခုနှစ်တွင် အိမ်ရှင်နိုင်ငံအဖြစ် နေပြည်တော်၌ လက်ခံကျင်းပမည့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ (ဆီးဂိမ်း) အမီ ဖောက်လုပ်ဖွင့်လှစ်မည်ဟု မီးရထားဝန်ကြီးဌာနမှ မီးရထား အင်ဂျင်နီယာတဦးက ပြောသည်။

၎င်းက “မြန်မာ့မီးရထားဆိုက်က အင်ဂျင်နီယာတွေ ရောက်နေတယ်။ တရုတ်နည်းပညာရှင်တွေနဲ့ စက်တင်ဘာ (၂၂) ရက်နေ့က မီးရထားဝန်ကြီးဌာနမှာ တွေ့ဆုံညှိနှိုင်းမှုတွေ လုပ်ခဲ့တယ်” ဟု ပြောသည်။

လျှပ်စစ်ရထားလမ်း အစီအစဉ်ကို ၂၀၁၅ တွင် အပြီးတည်ဆောက်မည်ဟုလည်းကောင်း၊ ဂျပန်နည်းပညာ၊ တရုတ်နည်းပညာ၊ ကိုယ်ပိုင်နည်းပညာတခုခုဖြင့် ဖောက်လုပ်မည်ဟုလည်းကောင်း သတင်းများ ထွက်ပေါ်ခဲ့သည်။

ယခုဖောက်လုပ်မည့် နေပြည်တော်-ရန်ကုန် မြန်နှုန်းမြင့် ရထားလမ်းအရှည်မှာ (၂၂၆) မိုင်ဖြစ်ပြီး လက်ရှိပြေးဆွဲနေသည့် ရန်ကုန်-မန္တလေး မီးရထားလမ်းနှင့် နေရာအတော်များများ၌ ယှဉ်လျက် ဖောက်လုပ်မည်ဖြစ်ကာ နေပြည်တော်-ရန်ကုန် ခြောက်လမ်းသွား ယာဉ်ကြောနှင့်မူ ဝေးကွာပြီး သီးသန့်လမ်းကြောင်းအဖြစ် ဖောက်လုပ်မည်ဖြစ်သည်ဟု မီးရထားအင်ဂျင်နီယာဌာနမှ အင်ဂျင်နီယာဌာန တာဝန်ရှိသူတဦးက ပြောကြားသည်။

၎င်းက “ရထားလမ်းတလျှောက် လျှပ်စစ်ဓာတ်အား အပြည့်အ၀ ပေးရမယ်။ သံလမ်းတွေကို standard အဆင့် သုံးရမယ်။ ဆီးဂိမ်းအမီ ၂၀၁၃ မှာ အပြီးတည်ဆောက်ရမှာ ဖြစ်လို့ အခက်အခဲတွေ အများကြီးရှိနိုင်တယ်” ဟု ဆိုသည်။

ရန်ကုန်မြို့လမ်းပိုင်း မြေသားပြုပြင်မှုကို မည်သည့်နေရာမှ စတင်လုပ်ဆောင်နေသည်ကို အတိအကျမသိရသော်လည်း ရွာသာကြီးဘူတာ ၀န်းကျင်အပိုင်းမှ စတင်ဆောင်ရွက်နိုင်သည်ဟု မီးရထားဝန်ထမ်းတို့က ပြောဆိုသည်။

နေပြည်တော်ဗဟိုပြု အမျိုးသားမီးရထား ကွန်ရက်စီမံကိန်းတွင် ရထားလမ်းစီမံကိန်း (၁၃) ခုရှိပြီး စုစုပေါင်းခရီး (၂၂၆၅) မိုင်အကွာအဝေးအတွက် ဖောက်လုပ်ပြီး ရထားလမ်းပိုင်းမှာ (၃၂၁) မိုင်သာရှိသေးကြောင်း၊ ယခု မြန်နှုန်းမြင့် လျှပ်စစ်ရထားစီမံကိန်းသည် (၁၄) ခုမြောက် ဖြစ်ကြောင်း ဌာနဆိုင်ရာသတင်းများအရ သိရသည်။

အဆိုပါ စီမံကိန်းအတွက် တရုတ်-မြန်မာ ပူးပေါင်းချစ်ကြည်ရေး နားလည်မှုစာချွန်လွှာ (MOU) ကိုမူ လက်မှတ်ရေးထိုးခြင်း မပြုရသေးပေ။

လတ်တလော ပြေးဆွဲလျက်ရှိသည် ရန်ကုန်-နေပြည်တော် ရထားလမ်းပိုင်းသည် (၂၃၄) မိုင် ရှည်လျားပြီး တနာရီ ပျမ်းမျှ (၄၀) မိုင်နှုန်းဖြင့် ပုံမှန်မောင်းနှင်ချိန် (၈) နာရီ မိနစ် (၄၀) ကြာမြင့်သည်။

Monday, September 20, 2010

ရန်ကုန်တိုင်းထောက်ကြန့် ၌ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီက နိုင်ငံရေး အသိအမြင် ဖလှယ်ပွဲ ခေါင်းစဉ်ဖြင့် ဟောပြောပွဲ


မဇ္ဈိမ

ရန်ကုန်တိုင်း ထောက်ကြန့်တိုးချဲ့ရပ်ကွက် စစ်သင်္ချိုင်းနောက် ဘောလီဘောကွင်း၌ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီက နိုင်ငံရေး အသိအမြင် ဖလှယ်ပွဲ ခေါင်းစဉ်ဖြင့် ဟောပြောစည်းရုံးမှုကို တနင်္ဂနွေနေ့ နေ့လယ် ၁ နာရီက ပြုလုပ်ခဲ့သည်။

သက်ဆိုင်ရာ ရွေးကောက်ပွဲ ကော်မရှင်သို့ တပတ်ကြိုတင်
စစ်သင်္ချိုင်းနောက်မှာ နိုင်ငံရေး ဟောပြောစည်းရုံးသည့် မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ
အကြောင်းကြားကာ ခွင့်ပြုချက်ရသည့်အတွက် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး၊ လူ ၅ဝ ခန့် တက်ရောက်သည်ကို တွေ့ရသည်။ လာရောက်နားထောင်သူ အများစုက နိုင်ငံရေး ဟောပြောပွဲ လေ့လာရန် လာကြခြင်း ဖြစ်သည်ဟု ပြောသည်။

ယခုဟောပြောပွဲမှာ နိုဝင်ဘာ ၇ ရက်တွင် ပြုလုပ်မည့် ရွေးကောက်ပွဲအတွက် ရန်ကုန်တွင် ပထမဆုံး လူစုလူဝေးဖြင့် မဲဆွယ် စည်းရုံးခွင့်ရခြင်းလည်း ဖြစ်သည်။


ယင်းပါတီက လွှတ်တော်တွင် တင်ပြမည့် အကြောင်းရပ်များအနက် မီဒီယာကဏ္ဍ ပါဝင်သည်ကို တက်ရောက်သည့် ပရိသတ်က စိတ်ဝင်စားကြောင်း သိရသည်။

“မီဒီယာ၊ သတင်းလွတ်လပ်ခွင့် ရှိကိုရှိမှ ဖြစ်မယ်။ ဘယ်ပါတီမဆို မီဒီယာလွတ်လပ်မှုကို ဆောင်ရွက်သင့်တယ်။ ကျနော်က ဂျာနယ်ရောင်းတဲ့ သူတယောက်ပါ။ သူတို့ပြောတဲ့အထဲမှာ ကျနော်ကြိုက်တာ တခုက သတင်းလွတ်လပ်ခွင့်ဆိုတဲ့ ကိစ္စပါ” ဟု သူက ပြောသည်။

(နေမျိုးဝေ အင်ဂျင်နီယာ အလုပ် စွန့် ရင်း မှန်တာထင်တာလုပ်လျှက် အစစအရာရာ အဆင်ပြေနိုင်ပါစေ...
တရားမျှတတဲ့ အမှန်တရား ကို အမိအရ စွဲကိုင် ရင်း လွတ်လပ်စွာ ဖြင့် လိုအင် ဆန္ဒ များ ပြည့်ဝနိုင်ပါစေ ။ ။)

ထိုင်းတွင် ရှပ်နီ ဆန္ဒပြပွဲများ ပြန်စ

စိုင်းဇွမ်ဆိုင်း
ထိုင်းနိုင်ငံတွင် ဝန်ကြီးချုပ် အဖိဆစ် ဝေ့ချာချီဝ အစိုးရကို ဆန့်ကျင်သော ရှပ်နီတို့၏ လှုပ်ရှားမှု ပြန်လည် စတင်ပြီဖြစ်ကြောင်း ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်မြို့ရှိ ရှပ်နီအဖွဲ့မှ ခေါင်းဆောင်တဦးက ပြောသည်။

၂၀၀၆ ခုနှစ် စက်တင်ဘာ ၁၉ ရက်နေ့တွင် ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ် အစိုးရကို ဖြုတ်ချပြီး စစ်တပ်မှ အာဏာသိမ်းခဲ့သည့် ၄ နှစ်မြောက် အခမ်းအနားကို ဦးဆောင်ဦးရွက်ပြုရန် ဘန်ကောက်မြို့မှ ချင်းမိုင်မြို့သို့ ရောက်လာရခြင်း ဖြစ်ကြောင်း ရှပ်နီခေါင်းဆောင် တဦးဖြစ်သူ မစ္စတာ ဆောက ပြောသည်။

ချင်းမိုင်မြို့နှင့် အနီးတဝိုက်မြို့နယ်များမှ သက်ဆင်ကို ထောက်ခံသော ထောင်နှင့်ချီသည့် ရှပ်နီများသည် ယမန်နေ့ နံနက်ပိုင်းကတည်းက ချင်းမိုင်မြို့ စည်ပင်သာယာဌာန၏ အားကစားကွင်းတွင် စုရုံးကြပြီး အခမ်းအနား၏ ရည်ရွယ်ချက်များ၊ ချီတက်မည့် အစီအစဉ်များကို ဆွေးနွေးကြသည်။

ထို့နောက် နေ့လယ် တနာရီခန့်တွင် မော်တော်ကားများ၊ ဆိုင်ကယ်များနှင့် လမ်းလျှောက်ချီတက်သူများပါ အဆိုပါ အားကစားကွင်းမှ ချင်းမိုင်မြို့၏ အထင်ကရ နေရာတခု ဖြစ်သော Three Kings Monument (ထိုင်းဘုရင် သုံးပါး ရုပ်တု ရင်ပြင်) သို့ ချီတက်ရန် ထွက်ခွာခဲ့ကြကြောင်း၊ ဗုံ၊ မောင်းများတီး၍ ရှပ်နီ သီချင်းများဆိုကာ ချီတက်ခဲ့ကြ ကြောင်း တွေ့ရသည်။

ပြီးခဲ့သည့် မတ်လမှ မေလအတွင်း ဘန်ကောက်မှ ရှပ်နီတို့၏ ဆန္ဒပြပွဲကဲ့သို့ အကြမ်းဖက် ဆန္ဒပြခြင်း မပြုကြတော့ဘဲ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြသည်။

ထိုင်း အာဏာပိုင်များဘက်မှလည်း လမ်းပြရဲများသာ တာဝန်ချထားပြီး ရှပ်နီတို့၏ ဆန္ဒပြခြင်းကို တစုံတရာ တားဆီးခဲ့ခြင်း မရှိကြောင်း တွေ့ရသည်။


မစ္စတာ ဆောက “ဒီနေ့လိုမျိုး ချီတက်မှုတွေကို အပတ်တိုင်း ပြုလုပ်နိုင်အောင် ကျနော်တို့ဘက်က ကြိုးစားသွားမယ်။ ၂၀၀၆ ခုနှစ် စစ်တပ် အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ပျက်စီးခဲ့တဲ့ ထိုင်းနိုင်ငံရဲ့ ဒီမိုကရေစီစနစ်ကို ကျနော်တို့ပြန်ပြီး ဖော်ဆောင်သွားကြမှာပါ” ဟု ပြောသည်။

ပြီးခဲ့သည့် ရှပ်နီတို့၏ ဘန်ကောက် ဆန္ဒပြမှုနှင့် ပတ်သက်၍ ၎င်းတို့အား အကြမ်းဖက်သမားများဟု ထင်မြင်ခြင်း အပေါ်တွင် မစ္စတာ ဆောက “ကျနော်တို့တွေက လက်နက်မဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြတာပါ။ တဘက်သားအပေါ်ကို နာကျင်စေလိုတဲ့ ရည်ရွယ်ချက်မျိုး ကျနော်တို့မှာ မရှိပါဘူး။ ပြီးခဲ့တဲ့ မတ်လကနေ မေလအတွင်း အကြမ်းဖက်မှုတွေရဲ့ နောက်ကွယ်က ကြိုးကိုင်သူတွေက ကျနော်တို့ ရှပ်နီတွေမှ မဟုတ်ဘူး၊ ဘယ်သူမဆို ဖြစ်နိုင်တာပဲ” ဟု ဆိုသည်။

ယမန်နေ့ ချီတက်ဆန္ဒပြပွဲတွင် ထိုင်း စစ်တပ် ယူနီဖောင်း ဝတ်ဆင်၍ ချီတက်ဆန္ဒပြခဲ့သူ နာတီပေါင်က ဆန္ဒပြပွဲ အတွက်သာ ယခုကဲ့သို့ ဝတ်ဆင်ရခြင်းဖြစ်ကြောင်း၊ လက်တွေ့တွင် သူသည် စစ်တပ်ကို အလွန် ငြီးငွေ့နေပြီ ဖြစ်ကြောင်း ပြောကြားသည်။

ချီတက်ဆန္ဒပြပွဲတွင်

“အဖိဆစ် အလိုမရှိ”၊
“welcome to Myanmar”၊
“အရပ်သားတွေကို သတ်ဖြတ်ဖို့ အမိန့်ပေးတာ ဘယ်သူလဲ”

စသည့် ဆိုင်းဘုတ်များ၊ ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်နှင့် လုပ်ကြံခံခဲ့ရသည့် ဗိုလ်ချုပ် စေဒန် တို့၏ ဓာတ်ပုံများ ကိုင်ဆောင် ချီတက်ကြသည်။

ဆန္ဒပြပွဲကို ကြည့်ရှုနေသည့် ကမ္ဘာလှည့်ခရီးသည် အသက် ၂၄ နှစ်အရွယ် အမေရိကန် နိုင်ငံသူ ဆယ်လီက “ဘယ်အစိုးရက ကောင်းတယ်၊ ဘယ်သူက မကောင်းဘူး ဆိုတာကိုတော့ ကျမအနေနဲ့ ပြောလို့မရပါဘူး။ ဒါပေမယ့် သူတို့ (ရှပ်နီ) တွေ လိုချင်တဲ့ အပြောင်းအလဲအတွက် ဒီလို လူထု လှုပ်ရှားမှုကြီး ရှိဖို့လိုအပ်ပါတယ်” ဟု ပြောသည်။

ဘန်ကောက်မြို့တော်တွင်လည်း လူဦးရေ ၇ ထောင်ခန့် ရှိသော ရှပ်နီတို့သည် မိုးပျံပူဖောင်းများလွှတ်ခြင်း၊ ချီတက် ဆန္ဒပြခြင်းများ ပြုလုပ်ကြသည်ဟု ဘန်ကောက်အခြေစိုက် ဧရာဝတီ သတင်းထောက် ဆိုင်မွန် ရောက်ဂ်နင်း က သတင်းပေးပို့သည်။

ယခုနှစ် မတ်လမှ မေလအထိ ကြာမြင့်ခဲ့သည့် ရှပ်နီတို့၏ ဆန္ဒပြမှု အပြီးတွင် လူပေါင်း ၉၀ ကျော်သေဆုံးခဲ့ပြီး ၂၀၀၀ ခန့် ဒဏ်ရာရခဲ့သည်ဟု ထိုင်းသတင်းများအရ သိရသည်။

Sunday, September 19, 2010

သီရိလင်္ကာ စစ်ဦးစီးချုပ်ဟောင်း တရားစွဲခံရ

သီရိလင်္ကာ ကာကွယ်ရေးဦးစီးချုပ်ဟောင်း ဆာရတ်သ် ဖုန်ဆီကာကို လိမ်လည်မှုနဲ့ စစ်ခုံရုံးတခုမှာ တရားစွဲတင်လိုက်ပါတယ်။ စစ်လက်နက် ပစ္စည်းတွေ ၀ယ်ယူတာမှာ လိုက်နာ လုပ်ဆောင်ရမယ့် စစ်ဘက်ဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေကို ကျော်လွန် လုပ်ဆောင်ခဲ့တဲ့အတွက် ဖုန်ဆီကာဟာ ထောင်ဒဏ် ၃ နှစ်ထိ ကျခံရဖွယ်ရှိတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

တရားရုံးရဲ့ဆုံးဖြတ်ချက်ကို သီရိလင်္ကာသမ္မတ မဟိန္ဒာ ရာဂျာပက်က်ဆာက အတည်ပြုပေးရပါလိမ့်မယ်။

စစ်ဝတ်စုံ ၀တ်ဆင်ထားဆဲအချိန်မှာ နိုင်ငံရေးလုပ်တဲ့အတွက် ဖုန်ဆီကာမှာ အပြစ်ရှိတယ်လို့ စစ်ဘက်တရားရုံးတခုက ပြီးခဲ့တဲ့လမှာ ဆုံးဖြတ်ပြီး တပ်ထဲကနေ ထုတ်ပစ်ခဲ့ပါတယ်။

ကာကွယ်ရေးဦးစီးချုပ်ဟောင်း ဖုန်ဆီကာဟာ တမီလ်ကျားသူပုန်တွေကို ပြီးခဲ့တဲ့နှစ်က အောင်အောင်မြင်မြင် နှိမ်နင်းခဲ့တဲ့ စစ်ဆင်ရေးကို ဦးဆောင်ခဲ့သူဖြစ်ပါတယ်။

ဇန်န၀ါရီလကလုပ်တဲ့ သမ္မတရွေးကောက်ပွဲမှာ သမ္မတ ရာဂျာပက်က်ဆာနဲ့ ယှဉ်ပြိုင် အရွေးခံပြီး ရှုံးနိမ့်ခဲ့ပြီးတဲ့နောက် သိပ်မကြာ ခင်မှာပဲ သူ့ကို ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

Friday, September 17, 2010

အင်းလေးကန် ပြုပြင်မှုအတွက် လှူဒါန်းသူ ပေါ်ပေါက်


တက်လူ


ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ်ရှိ အင်းလေးကန် တိမ်ကောလာသည်ကို ပြုပြင်ထိန်းသိမ်းရန် လိုအပ်သော ငွေကြေးများအနက်မှ ဒေါ်လာ (၅) သန်းကို ဂျပန်နိုင်ငံမှ ပုဂ္ဂလိက အလှူရှင်အမျိုးသမီးတဦးက တနှစ်လျှင် (၁) သန်းစီ လှူသွားမည်ဖြစ်ကြောင်း သစ်တောသယံဇာတ ပတ်ဝန်းကျင် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ထိန်းသိမ်းရေးအသင်း (ဖရီဒါ) မှ ဒုတိယ ဥက္ကဋ္ဌ ဦးအုန်းက ပြောကြားသည်။

“(၅) နှစ်စီမံကိန်းအတွက် ငွေတကယ်လိုတာက ဒေါ်လာ (၁၀) သန်းလောက်ဖြစ်ပေမယ့် အခု တနှစ်ကို ဒေါ်လာ (၁) သန်းနဲ့ အရင်စရမှာပဲလေ၊ ရတဲ့ငွေနဲ့ပေါ့။ လှူတဲ့သူကိုတောင် ကျေးဇူးတင်ရဦးမှာပါ” ဟု ၎င်းက ပြောသည်။

အင်းလေးကန် တိမ်ကောလာသည်ကို ပြုပြင်ထိန်းသိမ်းရန် (၅) နှစ်ခန့် အချိန်ကြာမြင့်မည်ဖြစ်ပြီး အမေရိကန်ဒေါ်လာ (၁၀) သန်း လတ်တလော လိုအပ်နေကြောင်း ဖရီဒါအဖွဲ့မှ ဦးအုန်းက ပြီးခဲ့သည့် ဇွန်လအတွင်းကပင် ပြောဆိုခဲ့ပြီးဖြစ်သည်။

အင်းလေးကန် ပြုပြင်မှုအစီအစဉ်ကို လာမည့်အောက်တိုဘာလတွင် စတင်မည်ဖြစ်ပြီး ကွင်းဆင်းဆောင်ရွက်မှုကို အစီအစဉ် (၄) ခုဖြင့် စတင်လုပ်ဆောင်မည်ဟု ဦးအုန်းက ပြောကြားသည်။

ယင်းအစီအစဉ် (၄) ခုမှာ လူမှုစီးပွားရေးစစ်တမ်း ကောက်ယူခြင်း၊ သီးနှံနှင့်သစ်တော ရောနှောစိုက်ပျိုးရန်အတွက် နေရာလေ့လာစစ်ဆေးမှုများ ပြုလုပ်ပညာပေးခြင်း၊ ဆည်မြောင်းဌာနနှင့်ပူးပေါင်းကာ ဆည်ပြုလုပ်မည့်နေရာ ရွေးချယ်ခြင်း၊ ရေညစ်ညမ်းမှုအခြေအနေကို လေ့လာဆန်းစစ်မှုများ ပြုလုပ်ခြင်းတို့ ပါဝင်မည်ဟု သိရသည်။

ထို့အပြင် အင်းလေးဒေသရွာများတွင် ဇီဝမြေသြဇာလုပ်နည်းများကိုလည်း ပညာပေးသွားမည်ဖြစ်ပြီး သင်တန်းများ ဖွင့်လှစ်ပို့ချသွားရန်ရှိကြောင်း သိရသည်။

အဆိုပါလုပ်ငန်းစဉ်များအတွက် ယခုလောလောဆယ်တွင် အင်းလေးဒေသရှိ ဟိုတယ်များက ငွေကျပ် သိန်း (၁၈၀) လှူဒါန်းကြကြောင်း ဦးအုန်းက ပြောကြားသည်။

အင်းလေးကန် ရေရှည်တည်တံ့ရေးအတွက် အစိုးရမဟုတ်သောအဖွဲ့အစည်းများက ဆောင်ရွက်နေကြသော်လည်း နအဖစစ်အစိုးရဘက်မှ မည်သို့ဆောင်ရွက်မည်ဆိုသည်ကို ကျယ်ကျယ်ပြန့်ပြန့် ရေးသားဖော်ပြခြင်း၊ အကောင်အထည်ဖော် ဆောင်ရွက်ခြင်းများ မတွေ့ရပေ။

ပြီးခဲ့သည့်ဇူလိုင် (၁) ရက်၌ နေပြည်တော်တွင် အင်းလေးကန်နှင့်ပတ်သက်သည့် အလုပ်ရုံဆွေးနွေးပွဲတခု ပြုလုပ်ခဲ့ရာ၌ ဖရီဒါ (FREDA) နှင့်အတူ ဟိုတယ်နှင့်ခရီးသွားလာရေး ၀န်ကြီးဌာန၊ လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်း ၀န်ကြီးဌာန၊ မွေးမြူရေးနှင့်ရေလုပ်ငန်း ၀န်ကြီးဌာန၊ သစ်တောရေးရာ ၀န်ကြီးဌာနတို့နှင့် UNDP မှ တာဝန်ရှိသူတို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ယခုနှစ် နွေရာသီတွင် ရာသီဥတု (၃၀) ရာခိုင်နှုန်း ပိုမိုပူပြင်းခြင်း၊ မိုးနောက်ကျခြင်း၊ နုန်းမြေကျမှုများကာ အနည်ထိုင်မှုများလာပြီး မြေသားမြင့်တက်မှု ပိုလာခြင်းတို့ကြောင့် ထူးထူးခြားခြား အင်းလေးကန် ရေတိမ်ကော ခန်းခြောက်မှု ဖြစ်ခဲ့ရသည်။

လာမည့်အောက်တိုဘာလတွင် အင်းလေးကန်အတွင်းရှိ နာမည်ကြီးဖောင်တော်ဦးဘုးရားပွဲ ကျင်းပမည်ဖြစ်ရာ ရေနည်းနေသဖြင့် အခက်အခဲရှိနေကြောင်း ဘုရားပွဲကျင်းပရေး တာဝန်ရှိသူက ပြောကြားသည်။

“ရေကတော့ (၄) ပေလောက် လိုနေသေးတယ်။ ဒါပေမယ့် ကျနော်တို့မှာ ယုံကြည်မှုရှိတယ်။ ပွဲတော်ရက်နီးလာရင် အလိုလို ရေကတော့ အဆင်ပြေမှာပါ” ဟု အဆိုပါတာဝန်ရှိသူက ၎င်း၏ယုံကြည်ချက်ကို ပြောသည်။

အင်းလေးဒေသခံများသည် ဖောင်တော်ဦးဘုရားပွဲနှင့်ပတ်သက်၍ ယုံကြည်မှုအစွဲများရှိကြကြောင်း၊ အဆိုပါပွဲတော်မတိုင်မီ သူ့အလိုလို ရေပြည့်သည်ဟူသည့် ယုံကြည်ချက် ရှိကြကြောင်း ဖရီဒါ ဒု-ဥက္ကဋ္ဌ ဖြစ်သူ ဦးအုန်းကလည်း ပြောဆိုသည်။

အင်းလေးကန် အကျယ်အ၀န်းသည် ယခုအခါ မိုးရာသီတွင် အလျား (၅၇.၆) ကီလိုမီတာ၊ အနံ (၁၇.၆) ကီလိုမီတာရှိပြီး နွေရာသီတွင် အလျား (၂၀.၉၃) ကီလိုမီတာ၊ အနံ (၄.၄) ကီလိုမီတာသာ ကျန်လေ့ရှိသည်ဟု သိရသည်။

သို့သော် ယခု မိုးရာသီတွင် မိုးနည်းသည့်အတွက် အင်းလေးကန် ရေပြန်လည်ပြည့်မှု အပြည့်အ၀ မရရှိနိုင်ဘဲ ဖြစ်နေသဖြင့် ယခုကဲ့သို့ မိုးနည်းနေပါက လာမည့်နွေရာသီတွင် အင်းလေးကန် ပိုမိုဆိုးဝါးစွာ ပျက်စီးလာနိုင်ကြောင်း ဦးအုန်းက သုံးသပ်သည်။

အင်းလေးကန်သည် မြစ်ကြီးနားခရိုင်ရှိ အင်းတော်ကြီးမှလွဲလျှင် မြန်မာနိုင်ငံ၏ ဒုတိယမြောက်အကြီးဆုံး တောင်ပေါ် အင်းအိုင်ကြီးတခုဖြစ်သည်။ တောင်နှင့်မြောက် တန်းလျက်ရှိသော တောင်တန်းကြီး (၂) ခုကြားတွင် ခွက်ဝင်နေသော ညောင်ရွှေချိုင့်ဝှမ်းကြီး၏ အလယ် အနက်ရှိုင်းဆုံးအပိုင်း၌ တည်ရှိကာ အကျယ်အဝန်းအားဖြင့် ခန့်မှန်းခြေ (၄၄.၉) စတုရန်းမိုင်ခန့်ရှိပြီး ပင်လယ်ရေမျက်နှာပြင်အထက် ပေ (၂,၉၀၀) တွင် တည်ရှိသည်။

အင်းလေးကန်သည် ဟိုတယ်နှင့်ခရီးသွားလာရေး လုပ်ငန်းအတွက် နိုင်ငံခြားငွေရရှိစေသည့် မြန်မာနိုင်ငံ၏ အဓိကထင်ရှားသည့် နေရာတခုအဖြစ် ပါဝင်ကာ အင်းသားတို့ရိုးရာ ခြေဖြင့်လှေလှော်သော ယဉ်ကျေးမှုကို ကမ္ဘာလှည့်ခရီးသွားတို့က နှစ်သက်ကြသည်။

ရွေးကောက်ပွဲ မလုပ်နိုင်သော ဒေသများ ထွက်လာ

မဇ္ဈိမ
မြို့နယ်ပေါင်း ၃၂ ခုအောက်တွင် ရွေးကောက်ပွဲ မကျင်းပနိုင်ကြောင်း ကော်မရှင်က နိုင်ငံပိုင် ရုပ်မြင်သံကြားမှတဆင့် ယနေ့ ထုတ်ပြန်လိုက်သည်။

ရွေးကောက်ပွဲ ကျင်းပနိုင်သော အခြေအနေ မရှိဟု ဆိုကာ ကချင်၊ ကယား၊ ကရင်၊ မွန် နှင့် ရှမ်းပြည်နယ်တွင်းရှိ မြို့နယ် ၃၂ မြို့နယ်အောက်မှ ဒေသအချို့တွင် ရွေးကောက်ပွဲ မလုပ်ကြောင်း မြန်မာ့ ရုပ်မြင်သံကြားက ကြေညာသွားသည်

ကချင်တွင် ၉ မြို့နယ်၊ ကယားတွင် ၂ မြို့နယ်၊ ကရင်တွင် ၇ မြို့နယ်၊ မွန်တွင် ၂ မြို့နယ်နှင့် ရှမ်းပြည်နယ်တွင် ၁၂ မြို့နယ်တို့ ဖြစ်ပြီး အချို့ မြို့နယ်များတွင် မြို့နယ် တခုလုံးတွင် ရွေးကောက်ပွဲ မလုပ်နိုင်ခြင်း ဖြစ်သည်။


ဧရာဝတီ
ခင်ဦးသာ

မြို့နယ် ၄ ခုနှင့် ကျေးရွာအုပ်စု ၃၀၀ ခန့်တွင် ရွေးကောက်ပွဲ မကျင်းပ


တိုင်းရင်းသား ပြည်နယ် ၅ ခုရှိ မြို့နယ် ၄ ခုနှင့် ကျေးရွာ အုပ်စု ၃၀၀ နီးပါး၌ ရွေးကောက်ပွဲ ကျင်းပပေးခြင်း မပြုလုပ် တော့ကြောင်း ရွေးကောက်ပွဲ ကော်မရှင်က ကြေညာ လိုက်သည်။

ကချင်၊ ကယား၊ ကရင်၊ ရှမ်း၊ မွန် ပြည်နယ်တို့အတွင်းမှ ကျေးရွာအုပ်စုများနှင့် ရှမ်းပြည်နယ်အတွင်းရှိ ပန်ဆန်း၊ နားဖန်း၊ ပန်ဝိုင်၊ မိုင်းမော ၄ မြို့နယ်၌ လုံးဝ ကျင်းပမည်မဟုတ်ဟု ယနေ့ထုတ် အစိုးရသတင်းစာများတွင် ဖော်ပြထားသည်။

အဆိုပါ ၄ မြို့နယ်သည် “၀” ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်းတွင် ပါဝင်သည်။ “၀” ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်းတွင် မြို့နယ် ၆ မြို့နယ် ပါဝင်သည်။

ထိုနယ်မြေများ၌ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ ကျင်းပရန် အခြေအနေ မရှိသဖြင့် ရွေးကောက်ပွဲ ကော်မရှင် ဥပဒေ ပုဒ်မ ၈ (စ) အရ ရွေးကောက်ပွဲ ပြုလုပ်တော့မည် မဟုတ်ကြောင်း ထုတ်ပြန်ကြေညာထားသည်။

ရွေးကောက်ပွဲ ကျင်းပခြင်း မပြုမည့် နယ်မြေအများစုသည် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး ယူထားသော တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ အခြေစိုက်ရာ ဒေသများ ဖြစ်သည်။

ပြည်နယ် ၅ ခုအနက် ရှမ်းပြည်နယ်တွင် အထက်ပါ ၄ မြို့နယ်အပြင် စုစုပေါင်း ၁၂ မြို့နယ်၊ ကချင်ပြည်နယ်တွင် ၉ မြို့နယ်၊
ကရင်ပြည်နယ်တွင် ၇ မြို့နယ်၊ ကယားပြည်နယ်တွင် ၂ မြို့နယ်နှင့် မွန်ပြည်နယ်ရှိ ဘီလင်း၊ ကျိုက်ထို ၂ မြို့နယ်တို့မှ ကျေးရွာ အုပ်စု ၂၈၆ အုပ်စုတို့တွင် ရွေးကောက်ပွဲ ကျင်းပမည် မဟုတ်ဟု ရွေးကောက်ပွဲ ကော်မရှင်က ကြေညာထားသည်။

မွန်ပြည်နယ်မှ ရွေးကောက်ပွဲမပြုလုပ်တော့သည့် မြို့နယ် ၂ ခုသည် မွန်နိုင်ငံရေး အင်အားစုများ နေထိုင်ရာဒေသ ဖြစ်သည့် အပြင် ၁၉၉၀ ရွေးကောက်ပွဲ၌ မွန်ဒီမိုကရေစီ ခေါင်းဆောင်များ အနိုင်ရခဲ့သည့်နေရာ ဖြစ်သည်။

ကရင်ပြည်နယ်မှ ရွေးကောက်ပွဲ မကျင်းပမည့် ကျေးရွာအုပ်စုများ ပါဝင်သော မြို့နယ် ၇ ခုမှာ မြ၀တီ၊ ကော့ကရိတ်၊
ကြာအင်းဆိပ်ကြီး၊ ဘားအံ၊ လှိုင်းဘွဲ့၊ ဖာပွန်နှင့် သံတောင်မြို့နယ်တို့ ဖြစ်သည်။

ကရင်ပြည်နယ်မှ ရွေးကောက်ပွဲ မကျင်းပတော့သည့်နေရာတွင် မြ၀တီမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု ၄ ခုပါဝင်ပြီး မြ၀တီ ဒေသ၌ စစ်အစိုးရနှင့် ငြိမ်းချမ်းရေး ယူထားသည့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော်(DKBA) အဖွဲ့ဝင် များ အခြေစိုက်လျက်ရှိသည်။

ရွေးကောက်ပွဲ ကျင်းပခြင်း မပြုဟု ကြေညာထားသော ပြည်နယ် ၅ ခုမှ မြို့နယ်ပေါင်း ၃၂ မြို့နယ်၏ ကျေးရွာအုပ်စု အများစု သည် လုံခြုံရေး စိတ်မချရဟု ယူဆရသော်လည်း တချို့သောနေရာ ဒေသများတွင် တည်ငြိမ်အေးချမ်းမှု အပြည့်အ၀ရှိသည်။

၁၉၉၀ ခုနှစ် ရွေးကောက်ပွဲ၌လည်း ငြိမ်းချမ်းမှု မရှိဟု ယူဆသော မဲဆန္ဒနယ် ၇ ခုတွင် ရွေးကောက်ပွဲ မပြုလုပ်ခဲ့ကြောင်း သိရသည်။

Thursday, September 16, 2010

နေပြည်တော် ပထမဆုံးအကြိမ်အဖြစ် ကျောက်မျက်ပြပွဲ ရွေးကောက် ပွဲကြောင့် ဖျက်သိမ်း



စည်သူ
နေပြည်တော်တွင် ပထမဆုံးအကြိမ်အဖြစ် အောက်တိုဘာလတွင် ကျင်းပမည့် မြန်မာ့ ကျောက်မျက်ရတနာ ပြပွဲကို နိုဝင်ဘာလ ၇ ရက်တွင် ကျင်းပမည့် ရွေးကောက်ပွဲကြောင့် ဖျက်သိမ်းလိုက်ကြောင်း ပြပွဲကျင်းပရေးကော်မတီနှင့် နီးစပ်သည့်အသိုင်းအဝန်းမှ သိရသည်။


နေပြည်တော်ရှိ မြန်မာ့ ကျောက်မျက် ရတနာ ပြတိုက်။ (ဓာတ်ပုံ - Great Myanmar)
“ကျောက်မျက်ပြပွဲ ကျင်းပမယ့် ရက်က ရွေးကောက်ပွဲ ကျင်းပမယ့်ရက်နဲ့ အရမ်းနီးကပ်နေလို့ ဒီလို ဖျက်လိုက်တာပါ” ဟု ပြပွဲတွင် ၀င်ရောက်ပြသမည့် ကုမ္ပဏီိတခုမှ တာဝန်ရှိသူက ပြောသည်။

ကျောက်မျက်ပြပွဲကို မူလက အောက်တိုဘာလ ၁ ရက်နေ့တွင် ကျင်းပရန် စီစဉ်ထားရာမှ နေပြည်တော် ဟိုတယ်ဇုန်ရှိ ဟိုတယ်များ အခန်းတိုးချဲ့နေခြင်း၊ ကျောက်မျက်ရတနာပြတိုက် တည်ဆောက်မှု ကြန့်ကြာနေခြင်းတို့ကြောင့် ရက်ရွှေ့ရာမှ ရွေးကောက်ပွဲနှင့် နီးကပ်လာသဖြင့် ဖျက်သိမ်းလိုက်ခြင်း ဖြစ်နိုင်ကြောင်း ဟိုတယ်ဇုန် အသိုင်းအဝန်းက ဆိုသည်။

“ဟိုတယ်တွေ တိုးချဲ့တာကလည်း မပြီးကြသေးဘူး။ လာမယ့် ဧည့်သည်က ၇၀၀၀ လောက်မှန်းထားတာ။အခန်းတွေ မပြီးသေးတာရယ်၊ ပြတိုက်မပြီးသေးတာရယ်နဲ့ ရက်ရွှေ့လာတာပဲ။ အခုတော့ ရွေးကောက်ပွဲနဲ့က ကပ်သွားတော့ ဖျက်လိုက်တာဖြစ်မယ်” ဟု ဟိုတယ်တခုမှ တာဝန်ရှိသူက ပြောသည်။

ကျောက်မျက်ပြတိုက်သည် နေပြည်တော်၊ ဇမ္ဗူသီရိမြို့ရှိ သပြေကုန်းရပ်အနီးတွင် တည်ရှိပြီး ၂၀၀၉ ခုနှစ် ဖေဖော်ဝါရီလတွင် စတင် ဖွင့်လှစ်သည်။ ကျောက်မျက်ပြတိုက်နှင့် ကျောက်မျက်ပြပွဲကြောင့် သပြေကုန်းရပ်ကွက်တွင် အိမ် ခြံ မြေဈေးသည် သိန်းရာဂဏန်းရှိနေရာမှ ရန်ကုန်နှင့် မန္တလေးမှ ကျောက်သမားများ မျက်စိကျသောကြောင့် သိန်းထောင်ဂဏန်းအထိ ထိုးတက်သွားခဲ့ကြောင်း ပြည်တွင်းသတင်းဂျာနယ်တစောင်တွင် ဖော်ပြထားသည်။

ထို့အပြင် နအဖအစိုးရအနေဖြင့် ရွေးကောက်ပွဲ နီးလာသည့်ကာလတွင် နိုင်ငံခြားသားများ အလုံးအရင်းနှင့် ၀င်ရောက်လာကာ ရွေးကောက်ပွဲ မသမာမှုများ ဖော်ထုတ်မည်ကိုလည်း စိုးရိမ်နေဟန်ရှိကြောင်း ပြည်တွင်းမှ မြန်မာ့နိုင်ငံရေး လေ့လာသူတဦးက ဆိုသည်။

ရွေးကောက်ပွဲ ကျင်းပရန် ၅၃ ရက်သာ လိုတော့သည်။

ထွင်းဖေါက် မြင်နိုင်သောသော့မခတ် နိုင်သည့် အလွယ်တကူပြောင်းရသည့် မဲပုံးအကြည် များကို ရွေးကောက် ပွဲတွင် အသုံး ပြုမည်




၂၀၁၀ ပြည့်နှစ် နိုဝင်ဘာ ၇ ရက်တွင် ကျင်းပ မည့် ရွေးကောက်ပွဲ အတွက် ဆန္ဒမဲ ပေးရမည့် မဲပုံး အားလုံးမှာ ထွင်းဖောက် မြင်နိုင်သည့် အဖြူ (အကြည်) ရောင် ပလတ်စတစ် ပုံးများ အသုံး ပြုရမည် ဖြစ်သည်ကို တွေ့ရသည်။ မဲပုံးမှာ အကြည်ရောင် ဖြစ်ပြီး လွှတ်တော် အသီးသီး အတွက် စာတန်း အရောင် များဖြင့် ခွဲခြား သတ်မှတ် ထားကြောင်း တွေ့ရှိရသည်။

မဲပုံးဘေး ဘက်၏ စာတန်းတွင် တိုင်း ဒေသကြီး လွှတ်တော် (သို့မဟုတ်) ပြည်နယ် လွှတ်တော် တိုင်းရင်းသား လူမျိုး ကိုယ်စားလှယ် ဆန္ဒ မဲပုံး အတွက် စာတန်း ခရမ်းရောင်၊ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဆန္ဒ မဲပုံး အတွက် စာတမ်း အပြာရောင်၊ ပြည် သူ့ လွှတ်တော် ကိုယ်စားလှယ် ဆန္ဒမဲပုံး အတွက် စာတန်း အစိမ်းရောင်ဖြင့် အရောင်များ ခွဲခြား သတ်မှတ် ထားသည်ကို တွေ့ရှိ ရသည်။ မဲပုံး အားလုံးရဲ့ အရောင်တွေက အဖြူ (အကြည်) ရောင် တွေပါပဲ။ တခြား အရောင်တွေ သုံးလို့ မရဘူး။

အဲ့ဒီမှာမှ စာတန်း အရောင် တွေကပဲ လွှတ်တော် တွေကို ကိုယ်စားပြု သွားတာပါဟု ရွေးကောက်ပွဲ ကော်မရှင် (ရန်ကုန်တိုင်း) ရုံး၏ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ မဲပုံး၏ မျက်နှာပြင် အပေါ် ဘက်တွင် မဲထည့် ရန်အတွက် အပေါက် တစ်ပေါက် ဖောက် ထားသည်။ ဘေးနှစ်ဖက်တွင် ပလတ်စတစ် ကလစ် ပုံသဏ္ဍန် ပါရှိပြီး သော့ခတ် နိုင်သည့် ပတ်တာ မပါရှိကြောင်း တွေ့ရှိရသည်။

နာရေးကူညီမှုအသင်း (မဲဆောက်)

သီဟဟိန်း

မြန်မာနိုင်ငံ မြ၀တီမြို့ရဲ့တဘက်ကမ်း ထိုင်းနိုင်ငံ မဲဆောက်မြို့လေးဟာ ကျနော်တို့ မြန်မာပြည်သားတွေနဲ့ အထူးပင် စည်ကားလျက်ရှိပါတယ်။ စက်ရုံအလုပ်ရုံတွေ၊ ဆောက်လုပ်ရေးလုပ်ငန်းတွေ၊ စိုက်ပျိုးရေးလုပ်ငန်းတွေ … စတဲ့နေရာတွေအပြင် ဈေးရောင်းဈေးဝယ်တွေကအ စမြန်မာပြည်သားအများစုပါ။ အမေရိက၊ ဥရောပ၊ ဂျပန်၊ ကိုရီးယား၊ စင်ကာပူ၊ မလေးရှား … စတဲ့နိုင်ငံတွေကို မြန်မာပြည်သားတယောက်အနေနဲ့ အလုပ်သွားလုပ်မယ်ဆိုရင် ငွေကြေးအများကြီး ကုန်ကျမှာပါ။ တော်ရုံလူတွေလည်း မသွားနိုင်ပါဘူး။ အဲဒီတော့ ငွေကြေးလည်း အသက်သာဆုံးဖြစ်ပြီး နိုင်ငံခြားလည်းရောက်ဆိုတော့ မဲဆောက်ဟာ မြန်မာနိုင်ငံသားတွေအများစု လာရောက်အလုပ်လုပ်ကိုင်တဲ့နေရာ ဖြစ်လာပါတယ်။ ဘယ်လောက်တောင်များလဲဆိုရင် မဲဆောက်မှာ မြန်မာပြည်သား နှစ်သိန်းလောက်ရှိတယ်လို့ သိရပါတယ်။

အဲဒီလို ကိုယ့်နိုင်ငံ၊ ကိုယ့်ဌာနေကို ခွဲခွာပြီး ပြောင်းရွှေ့နေထိုင် အလုပ်လုပ်ကိုင်နေရတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ လူမှုဒုက္ခတွေကလည်း အမျိုးမျိုးပါပဲ။ လုပ်ခလစာတွေ အပြည့်အ၀ မရတာတွေ၊ ပုလိပ်တို့ တောမောတို့ ဖမ်းလို့ ထောင်တွေကျပြီး ပြည်တော်ပြန်ရတာတွေ၊ နှိပ်စက်ညှဉ်းပန်းခံရတာတွေ … စသည်ဖြင့် အများကြီးပါပဲ။ ပြောရရင် ကုန်နိုင်မှာမဟုတ်သလို တချို့ကိစ္စတွေဆို ယုံတောင်ယုံနိုင်မှာမဟုတ်ပါဘူး။ အဲဒီလိုများပြားလှတဲ့ ဒုက္ခတွေထဲက လူတိုင်း တနေ့နေ့ တချိန်ချိန်မှာ မဖြစ်မနေ ရင်ဆိုင်ရမယ့် နာရေးကိစ္စအကြောင်းတွေကို ပြောပြချင်ပါတယ်။

မဲဆောက်မှာ မြန်မာပြည်သားတယောက် သေပြီဆိုရင် အဲဒီအိမ်ပိုင်ရှင်တွေ၊ စက်ရုံပိုင်ရှင်တွေက သူတို့နေရာမှာ ပေးမထားပါဘူး။ အသုဘအခမ်းအနားလည်း မလုပ်ရပါဘူး။ ဆေးရုံဆေးခန်းမှာ သေတယ်ဆိုရင်လည်း အဲဒီကတဆင့် သင်္ချိုင်းကိုပို့ပြီး သင်္ဂြိုဟ်ရပါတယ်။ အိမ်ပြန်သယ်လို့မရပါဘူး။ မဲဆောက်ဆေးရုံကြီးမှာ တက်ရောက်ဆေးကုသရင်း သေဆုံးသွားတဲ့သူတွေထဲက တချို့ဆိုရင် ဆေးကုသစရိတ်လည်း မပေးနိုင်၊ သင်္ဂြိုဟ်စရိတ်လည်း မတတ်နိုင်တော့တဲ့အတွက် အလောင်းကို ပိုင်ရှင်မဲ့အဖြစ် ထားခဲ့ရပါတယ်။ ပိုက်ဆံနည်းနည်း တတ်နိုင်တဲ့သူတွေကတော့ ဆေးရုံက သင်္ဂြိုဟ်ပေးဖို့ ဘတ် (၅၀၀) ပေးပြီး ရေခဲတိုက်မှာ အပ်ခဲ့ရပါတယ်။ မြ၀တီဘက်ကလာပြီး ဆေးကုတဲ့သူတွေ အဲလိုအဖြစ်မျိုး အများဆုံးကြုံရပါတယ်။ ပြန်သယ်ဖို့ အခက်အခဲရှိတာလည်း ပါပါတယ်။

ဘယ်လိုလူမျိုးမဆို သေဆုံးသွားရင် သေတဲ့သူအတွက် နောက်ဆုံးအနေနဲ့ ဓလေ့ထုံးတမ်း အစဉ်အလာအရ ကောင်းကောင်းမွန်မွန်လေး မြေကျသွားတာကို လိုချင်ကြပါတယ်။ ဗုဒ္ဓဘာသာထုံးတမ်းစဉ်လာအရ သရဏဂုံလေးတော့ တင်ပေးလိုက်ချင်ကြပါတယ်။

မြန်မာပြည်သားတွေများသလို မြန်မာပြည်သားတွေ အချင်းချင်းကို ကိုယ်တတ်နိုင်တဲ့ဘက်က သာရေးနာရေး အကူအညီပေးနေတဲ့ အဖွဲ့တွေလည်း မဲဆောက်မှာရှိပါတယ်။ တချို့နာရေးတွေဖြစ်လာရင် အဲဒီအဖွဲ့တွေကို အကြောင်းကြားကြပါတယ်။ ဒီလိုအကြောင်းကြားလာတဲ့ နာရေးတွေကိုတော့ တတ်နိုင်သလောက်လုပ်နေတဲ့ အဖွဲ့တွေက စီစဉ်ပေးကြပါတယ်။ အလောင်းတွေကို ဘုန်းကြီးကျောင်းမှာ ထားရပါတယ်။ အဲဒီကမှတဆင့် သင်္ချိုင်းမှာမီးသင်္ဂြိုဟ်ရပါတယ်။ နာရေးတခုဖြစ်လာပြီဆိုရင် ကောင်းကောင်းမွန်မွန် သင်္ဂြိုဟ်နိုင်ဖို့ မဖြစ်မနေ ကုန်ကျရမယ့် အသုံးစရိတ်တွေကို ဗဟုသုတအဖြစ် ဖော်ပြပေးပါမယ်။

၁။ ဆေးရုံကြီးမှာ သေတယ်ဆိုရင် ဆေးရုံကြီးကနေ အသုဘထားမယ့် ဘုန်းကြီးကျောင်းဇရပ်ကို အသုဘသယ်တဲ့ ကားခ ဘတ် (၂၀၀)။

၂။ မပုပ်အောင် ဆေးထိုးမယ်ဆို ရေချိုးတာ၊ ဆေးထိုးတာ ဘတ် (၁,၅၀၀)။

၃။ ဘုန်းကြီးကျောင်းမှာ ထားတဲ့အတွက် ရေတို့ မီးတို့အပြင် လိုအပ်တဲ့ အိုးခွက် ပန်းကန် ငှားရမ်းခက ဘတ် (၅၀၀) အလှူငွေ ထည့်ဝင်ရပါတယ်။

၎။ ဆေးမထိုးချင်ဘူး၊ ရေခဲသေတ္တာနဲ့ ထားမယ်ဆိုရင် တညကို ဘတ် (၅၀၀) ဘုန်းကြီးကျောင်းအလှူငွေ ထည့်ဝင်ရပါတယ်။

၅။ သင်္ချိုင်းမှာ သင်္ဂြိုဟ်ဖို့အတွက် သင်္ချိုင်းခက ဘတ် (၂,၀၀၀)။

၆။ ဇရပ်ကနေ သင်္ချိုင်းကို ကားခက ဘတ် (၁,၅၀၀)။

သရဏဂုံတင်တာ၊ ဘုန်းကြီးတရားဟောတာကတော့ ကိုယ်စေတနာရှိသလောက် ဘုန်းကြီးကို လှူလို့ရပါတယ်။

ဝမ်းသာစရာ၊ သာဓုခေါ်စရာတခုကတော့ လိုသမျှ အခေါင်းတွေကို မဲဆောက်တရုတ်ဘုံကျောင်းက လှူပါတယ်။ ဘုံကျောင်းရှေ့က ဂိုဒေါင်ထဲမှာ အခေါင်းတွေရိုက်ပြီး ထပ်ထားတာ အများကြီးပါပဲ။ အခေါင်းသွားတောင်းမယ်ဆိုရင် သေစာရင်းစာရွက် ယူသွားရပါတယ်။ လက်မှတ်ထိုးရပါတယ်။

အဲဒီတော့ နာရေးတခုဖြစ်လာပြီဆိုရင် ကောင်းကောင်းမွန်မွန်မြေကျဖို့အတွက် ဟိုဟာချွေတာ၊ ဒီဟာချွေတာ လုပ်တာတောင်မှ အနည်းဆုံး ဘတ် (၃,၀၀၀) နဲ့ (၄,၀၀၀) လောက်ကုန်ပါတယ်။ ချွေတာတယ်ဆိုတာကတော့ ဥပမာ မသာကို ကိုယ်တိုင်ရေချိုးပေးမယ်။ ကားသမားတွေကို ဈေးအတင်းလျှော့ခိုင်း၊ ဘုန်းကြီးတွေကို ပိုက်ဆံမရှိတဲ့အကြောင်း အတင်းအပူကပ်မယ်ဆိုတာမျိုးပါ။ လုံးဝ တပြားမှ မတတ်နိုင်တဲ့သူတွေ ကောင်းကောင်းမွန်မွန်လည်း မြေကျချင်တယ်ဆိုရင်တော့ အကူအညီပေးနေတဲ့အဖွဲ့က ဟိုလူ့ဆီအလှူခံ၊ ဒီလူ့ဆီ အလှူခံပေါ့။ စက်ရုံတွေဘာတွေက သေရင်တော့ စက်ရုံအလုပ်သမားတွေစုပြီး ကူငွေထည့်ကြလို့ တော်သေးတယ်။

အဲလိုမျိုးတွေ ခဏခဏဖြစ်လာတော့ ကူညီပေးနေရတဲ့ အဖွဲ့တွေ လူတွေလည်း ရေရှည်မှာ မတတ်နိုင်ကြတော့ဘူးလေ။ အထက်မှာ ပြောခဲ့သလို ဆေးရုံမှာ ပိုင်ရှင်မဲ့အလောင်းဆိုပြီး ထားခဲ့ရတဲ့ အဖြစ်အပျက်တွေကို ဘယ်လို ဖြေရှင်းနိုင်မလဲဆိုတာ စုပေါင်းစဉ်းစားကြရင်း နာရေးကူညီမှုအသင်း (မဲဆောက်) ကို ၂၆၊ ၄၊ ၂၀၁၀ နေ့မှာ စတင်ဖွဲ့စည်းလိုက်နိုင်ခဲ့တာပါ။ အဲဒီအသင်းမှာ နာရေးလုပ်နေတဲ့ အဖွဲ့တွေ၊ လူပုဂ္ဂိုလ်တွေ ပါပါတယ်။ တယောက်ကို လစဉ် ဘယ်လောက်စုထည့်ကြမယ်ဆိုပြီး ဖွဲ့ခဲ့ကြတာပါ။ ဘာအလှူရှင်မှ မရှိပါဘူး။ မဲဆောက်မှာရှိတဲ့ အဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေဆီက အလှူခံပါတယ်။

မဲဆောက်မှာ မြန်မာပြည်သားတွေရဲ့ နာရေးကိစ္စတွေကို အကူအညီပေးနေတဲ့ အဝေးရောက် ဧရာဝတီအသင်း၊ မြန်မာအလုပ်သမားများကွန်ရက်၊ ဦးဥတ္တမနာရေးကူညီမှုအသင်း၊ ပြည်သူ့စေတနာ့ဝန်ထမ်းအဖွဲ့၊ ခွန်အားသစ်အဖွဲ့၊ ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့ … စတဲ့ အဖွဲ့တွေအပြင် အဖွဲ့အစည်းကမဟုတ်ဘဲ မိမိတို့စိတ်ရင်း စေတနာနဲ့ နာရေးကိစ္စတွေ ကူညီဆောင်ရွက်ပေးနေတဲ့ လူပုဂ္ဂိုလ်တွေကိုလည်း တွေ့ရပါတယ်။

အခုစုဖွဲ့လိုက်တဲ့ နာရေးကူညီမှုအသင်း (မဲဆောက်) မှာတော့ အဝေးရောက် ဧရာဝတီအသင်း၊ မြန်မာအလုပ်သမားများကွန်ရက်၊ ပြည်သူ့စေတနာ့ဝန်ထမ်းအဖွဲ့နဲ့ ဦးဥတ္တမနာရေးကူညီမှုအသင်းတို့အပြင် စိတ်ပါဝင်စားပြီး အရင်ကလည်း နာရေးကိစ္စတွေကို ကူညီဆောင်ရွက်နေတဲ့ အတွေ့အကြုံရှိတဲ့ပုဂ္ဂိုလ်တွေ ပါဝင်ကြပါတယ်။

နာရေးကူညီမှုအသင်း (မဲဆောက်) မှာ ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ပြီး နာရေး (၁၀၀) လောက်ကို ကူညီလုပ်ကိုင်ပေးခဲ့တဲ့ ဆရာပု ခေါ် ဦးသောင်းလှိုင်ကတော့ “ကျနော်တို့အနေနဲ့ နာရေးကိစ္စတွေမှာ တဖွဲ့တည်း၊ တဦးတည်း လုပ်ဆောင်ခဲ့ကြတာ အားနည်းချက်တွေရှိလာတယ်။ ထိထိရောက်ရောက် မကူညီနိုင်ဘူး။ ကျနော်တို့ဆီကို အကြောင်းကြားတဲ့ နာရေးကို တခြားလူတွေ သိချင်မှသိတယ်။ မသိတော့ မကူညီနိုင်ဘူးလေ။ တဦးတဖွဲ့ထဲလုပ်တာနဲ့ စာရင် အများစုပေါင်းပြီးလုပ်တာ ပိုကောင်းမယ်၊ ပိုညီညွတ်မယ်၊ ပိုပြီးထိရောက်မယ်ဆိုပြီး ဒီအဖွဲ့ကို ဖွဲ့ဖြစ်ခဲ့တာပါ’’ လို့ ပြောပါတယ်။ အသင်းဖွဲ့ပြီးနောက်ပိုင်း ယနေ့အချိန်ထိ နာရေးကိစ္စ (၂၀) လောက် လိုအပ်တဲ့ အကူအညီ လူအင်အား၊ ငွေအင်အား ကူညီနိုင်ခဲ့ပြီးဖြစ်ကြောင်းလည်း ဆရာပုက ဆက်ပြောပြပါတယ်။

မဲဆောက်ကျောင်းသစ်ကျောင်းနောက်က ကုန်တင်ကုန်ချ အလုပ်သမားတန်းလျားက နာရေးတခုကို ကျနော် ရောက်သွားတော့ သေဆုံးသူက အသက် (၄၈) နှစ် အမျိုးသမီး။ သူ့သားက အသက် (၂၀) ၀န်းကျင် အလုပ်သမားတယောက်ပေါ့။ သူပြောပြတာက “ကျနော့်အမေဆုံးတာ ညဘက်ကြီးဗျ။ ကျနော်တို့လည်း ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိဘူးလေ။ အဲဒါနဲ့ ထမင်းဆိုင်တဆိုင်မှာ တွေ့ခဲ့တဲ့ နာရေးကူညီမှုအသင်းကြော်ငြာထဲက ဖုန်းကိုဆက်ပြီး အကြောင်းကြားလိုက်တော့ မိုးရွာကြီးထဲမှာ ချက်ချင်းပဲရောက်လာကြတယ်ဗျာ။ ကျနော် ၀မ်းသာလိုက်တာ။ သင်္ဂြိုဟ်ဖို့ကိစ္စတွေကော အကုန်လုပ်ပေးသွားတယ်ဗျ။ ကျနော်တို့ကလည်း အမေ့ရဲ့နောက်ဆုံးခရီးမှာ ကောင်းကောင်းမွန်မွန်လေး ဖြစ်သွားတော့ ၀မ်းသာလို့မဆုံးပါဘူး။ အဲဒီအသင်းကိုလည်း အရမ်းကို ကျေးဇူးတင်ပါတယ်” လို့ ကိုယ့်အမေရဲ့ နာရေးမှာတောင် ၀မ်းနည်းဝမ်းသာ ပြောပြနေတာကို တွေ့လိုက်ရတော့ စိတ်ထဲမှာ ဘယ်လိုခံစားရမှန်း မသိလိုက်ပါဘူး။

အခုဆိုရင် မဲဆောက်ရောက် မြန်မာပြည်သားများ နာရေးကိစ္စဖြစ်ပေါ်လာပါက အချိန်မရွေး အကူအညီ တောင်းနိုင်ပါတယ်။ နာရေးကူညီမှုအသင်း (မဲဆောက်) ဆိုပြီး ဖုန်းနံပါတ်တွေ၊ နာမည်တွေနဲ့ ကြော်ငြာတွေ အနှံ့ကပ်ထားတာ မဲဆောက်မှာ တွေ့နေရပါပြီ။ ဝေဒနာတွေကို မကြေညာစတမ်းဆိုပေမယ့် မဲဆောက်နာရေးဝေဒနာတွေကို ဖော်ပြထားတဲ့ ဘလော့တွေလည်း ခေတ်နဲ့အညီ ဖွင့်ထားတာကို တွေ့မြင်လေ့လာရပါတယ်။

မြတ်စွာဘုရား ဟောကြားထားတဲ့အတိုင်း လူတယောက် ခန္ဓာရပြီဆိုရင် သေချာတာကတော့ တနေ့သေရမှာပါပဲ။ ဇာတိ၊ ဇရာ၊ ဗျာဓိ၊ မရဏာ ဆိုတဲ့အတိုင်း ခန္ဓာရှိရင် အိုရမယ်၊ နာရမယ်၊ သေရမယ်ဆိုတာ လူတိုင်းကြုံတွေ့ရမှာပါ။ လူတယောက်ရဲ့ ဒီဘ၀ နောက်ဆုံးခရီးဖြစ်တဲ့ နာရေးကိစ္စတွေကို တတ်နိုင်တဲ့ဘက်က အကူအညီပေးနေတဲ့ နာရေးကူညီမှုအသင်း (မဲဆောက်) ကို သာဓုခေါ်ရင်း ဤဆောင်းပါးလေးနဲ့ ဂုဏ်ပြုလိုက်ပါတယ်။ ။

Tuesday, September 14, 2010

နအဖ မြန်မာအသံကနေ ၁၉၉၀ ခုနှစ်ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်အပါအ၀င် နိုင်ငံရေးပါတီများအား ဖျက်သိမ်းကြောင်း ကြေညာပါတယ်။

နအဖ မြန်မာအသံကနေ ၁၉၉၀ ခုနှစ်ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် အပါအ၀င် နိုင်ငံရေးပါတီများအား ဖျက်သိမ်းကြောင်း ကြေညာပါတယ်။

နှစ် ၂၀ ကြာ မြန်မာ ရွေးကောက် ပွဲ အာဏာမပေး ပဲ ဖျက်သိမ်း

နေပြည်တော်ရှိ ကျပ်ငါးသိန်းတန် ဖုန်းများကို တစ်နိုင်ငံလုံး အနှံ့ သယ်ဆောင် အသုံးပြုနိုင် တော့မည်

နေပြည်တော်တွင် ချထား ပေးလျက် ရှိသော ကျပ်ငါးသိန်းတန် ကမ်းရိုးတန်း ဖုန်းဟု လူသိ များသည့် စီဒီအမ်အေ ၄၅၀ မဂ္ဂါဟတ်ဇ် မိုဘိုင်းဖုန်းများကို လာမည့် တစ်လ အတွင်း တစ်နိုင်ငံလုံးသို့ သယ်ဆောင် သုံးစွဲ နိုင်မည် ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။ ထို ဖုန်းများကို မူလက နေပြည်တော် ဒေသ အတွင်းသာ သုံးစွဲနိုင်မည့် Local Mobile အဖြစ် ချထားပေးခဲ့ခြင်း ဖြစ်ပြီး ၀၉-၄၉ နံပါတ်ဖြင့် စတင်သော ဂဏန်း ၁၀ လုံးပါ ဖုန်းများ ဖြစ်သည်။

“ဒီဖုန်းတွေကို Roaming Charges တစ်ခု အနေနဲ့ ကောက်ခံပြီး တနိုင်ငံလုံး သုံးနိုင်အောင် ဖွင့်ပေးသွား မှာပါ။ ဒါပေမယ့် သုံးစွဲခကို လစဉ်ကြေး အနေနဲ့ ကောက်ခံသွား မှာလား၊ ပြောဆိုခ အနေနဲ့ ကောက်ခံ မှာလား ဆိုတာ အတိအကျ မဆုံးဖြတ်ရ သေးပါဘူး” ဟု ၎င်းက ပြောသည်။ အဆိုပါ ဖုန်းများ အတွက် လက်ရှိ ကောက်ခံသည့် ဖုန်းခေါ်ဆိုခမှာ တစ်မိနစ်လျှင် ကျပ်ငါးဆယ် ဖြစ်ပြီး စက်တင်ဘာ ၁ ရက်မှ စတင်ကာ ဖုန်းခေါ်ဆိုခများ အတွက် ကြိုတင် ငွေပေးကတ် စနစ်ကို ပြောင်းလဲ အသုံးပြု ခဲ့သည်။

ထို ဖုန်းများကို တစ်နိုင်ငံလုံး အနှံ့ သယ်ဆောင် အသုံးပြုခွင့် ပေးမည် ဖြစ်သော်လည်း ဖုန်း ကနဦး တပ်ဆင်ခ ကျပ်ငါးသိန်းကို ပြောင်းလဲ သတ်မှတ်မည် မဟုတ်ကြောင်း ၎င်းက ဆိုသည်။ ထို ကျပ်ငါးသိန်းတန် ကမ်းရိုးတန်းဖုန်း များကို ပြီးခဲ့သည့်နှစ် အတွင်း စတင် ချထားပေးခဲ့ပြီး သြဂုတ် ၁၀ ရက်နေ့ အထိစာရင်းအရ လိုင်းပေါင်း ၁၀,၀၀၀ ကျော် တပ်ဆင်ပြီး ဖြစ်ကြောင်း သိရှိရသည်။

ဗီယက်နမ် လူ့အခွင့်အရေး ရှင်းလင်းပွဲ ထိုင်းပိတ်ပင်


ထိုင်းအစိုးရက ဗီဇာပိတ်ပင်ခြင်း ခံရသူ ဗီယက်နမ် လူ့အခွင့်အရေး လှုပ်ရှားသူ Vo Van Ai
ဓာတ်ပုံ AFP
ဗွီအိုအေ
ဗီယက်နမ်နိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်မှုတွေအကြောင်း ပြောမယ့် သတင်းစာ ရှင်းလင်းပွဲမှာ လှုပ်ရှားသူတွေက အိမ်နီးချင်း ဗီယက်နမ်နိုင်ငံကို စော်ကားပြောဆိုမှာကို စိုးရိမ်တဲ့အတွက် ဆိုပြီး သတင်းစာ ရှင်းလင်းပွဲ မလုပ်နိုင်အောင် ထိုင်းအစိုးရက ပိတ်ပင်ခဲ့ပါတယ်။

ကွန်မြူနစ် ဗီယက်နမ်နိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အကြောင်းကို ပြောပြချင်တယ်လို့ ဆိုသူ လူ့အခွင့်အရေး လှုပ်ရှားသူ ၂ ယောက်ကို ထိုင်းအစိုးရက ပြည်ဝင်ခွင့် မပေးခဲ့ပါဘူး။

လွတ်လပ်စွာ ထုတ်ဖော်ပြောဆို ရေးသားခွင့်ဟာ အရေးကြီးပေမဲ့ တခြားနိုင်ငံတခုကို ထိခိုက်စေမယ့် အလုပ်မျိုးကို တဦးတယောက်တည်းကပဲ ဖြစ်ဖြစ်၊ အဖွဲ့အစည်းကပဲ ဖြစ်ဖြစ် ထိုင်းမြေပေါ်မှာ လုပ်တာကို ခွင့်မပြုနိုင်ဘူးလို့ ထိုင်းနိုင်ငံခြားရေးဌာနက ပြောပါတယ်။

ဘန်ကောက်မြို့မှာရှိတဲ့ နိုင်ငံခြား သတင်းထောက်များ ကလပ်မှာ ဗီယက်နမ် လူ့အခွင့်အရေးဆိုင်ရာ ကော်မတီက လုပ်မယ့် သတင်းစာ ရှင်းလင်းပွဲကို ထိုင်းအာဏာပိုင်တွေက ပြီးခဲ့တဲ့ သီတင်းပတ်က ဖျက်ခိုင်းခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ဘန်ကောက်ကနေ ပြင်သစ်ကိုသွားမယ့် လူ့အခွင့်အရေး လှုပ်ရှားသူ ၂ ယောက်ကို ပြည်ဝင်ခွင့် ပိတ်ပင်ခဲ့တာ ဖြစ်ပါတယ်။

ဗင်နီဇွဲလား လေယာဉ်ပျက်၊ ၁၄ ဦးသေ

ဗွီအိုအေ

ဗင်နီဇွဲလားနိုင်ငံ အရှေ့ပိုင်းမှာ လေယာဉ်ပျံတစင်း ပျက်ကျလို့ ၁၄ ယောက်ထက်မနည်း သေဆုံးသွားတယ်လို့ သက်ဆိုင်ရာက ပြောပါတယ်။

လေယာဉ်ပျက်ကျမှုမှာ အနည်းဆုံး ၃၃ ယောက် အသက်ရှင် ကျန်ရစ်ပြီး ဆေးကုသမှု ခံယူနေကြတယ်လို့ ပြည်တွင်း သတင်းတွေက ပြောပါတယ်။ လူ ၄ ယောက်ကတော့ သေသလား၊ ရှင်သလား မသိရသေးပါဘူး။

အစိုးရပိုင် ကွန်ဗီယာဆာ (Conviasa) လေကြောင်းက ခရီးသည် ၅၀ လောက် တင်ဆောင်လာတဲ့ လေယာဉ် တနင်္လာနေ့က ပျက်ကျခဲ့တာ ဖြစ်ပါတယ်။

မာဂရီတာ (Margarita) ကျွန်းပေါ်ကနေ ပွာတို အော်ဒက်ဇ် (Puerto Ordaz) မြို့ဆီ ပျံသန်းသွားတဲ့ လေယာဉ်ဟာ ဆီယူဒက်ဝှေညာနာ မြို့နားက သံမဏိစက်ရုံပေါ် ပျက်ကျခဲ့တာ ဖြစ်ပါတယ်။

လေယာဉ် ဘာကြောင့် ပျက်ကျတယ်ဆိုတဲ့ အသေးစိတ်ကို အခုချိန်ထိ မသိရသေးပါဘူး။

Monday, September 13, 2010

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်တောင်ပိုင်း မြို့နယ်စက်မှုဇုန် (၂) တွင် စက်ရုံမီးလောင်သဖြင့် သိန်း (၁,၀၀၀) နီးပါး ဆုံးရှုံး



ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်တောင်ပိုင်း မြို့နယ်စက်မှုဇုန်တွင် ယမန်နေ့ နံနက် (၃) နာရီခွဲကျော်၌ စက်ရုံ မီးလောင်မှုဖြစ်ပွားခဲ့ရာ သိန်း (၁,၀၀၀) နီးပါးခန့် ဆုံးရှုံးခဲ့ရကြောင်း စက်ရုံမှ တာဝန်ရှိသူတဦးက ပြောကြားသည်။

၎င်းက “ကာလပေါက်ဈေးကတော့ စက်ရုံတရုံတန်ဖိုးက သိန်း (၁,၀၀၀) နီးပါးပဲလေ။ အဲဒီမှာရှိတဲ့ စက်ပစ္စည်းတွေ၊ ကုန်တွေ အားလုံး လောင်သွားတာကိုး” ဟု ပြောသည်။

အဆိုပါစက်ရုံမှာ ဒဂုံမြို့သစ်တောင်ပိုင်း စက်မှုဇုန် (၂) အတွင်း မေခလမ်းနှင့် လသာ (၂) လမ်းထောင့်ရှိ (ပေ ၄၀ x ပေ ၆၀) အရွယ်အစား ငါးစာအမှုန့်ကြိတ်စက်ရုံဖြစ်ပြီး မီးလောင်ကျွမ်းမှုကြောင့် ယင်းစက်ရုံတခုလုံး ပြာကျခဲ့ရကြောင်း ရန်ကုန်တိုင်း မီးသတ်ဦးစီးဌာနမှ မီးသတ်ရဲဘော်တဦးက ပြောသည်။

မီးလောင်မှုအချိန် (၃) နာရီခန့် ကြာမြင့်ခဲ့ကြောင်း၊ ယင်းစက်ရုံတွင် အသုံးပြုသော မီးသွေးမီးဖိုမှ မီးကြွင်းမီးကျန်က စတင် မီးလောင်ခဲ့ခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်း မီးသတ်ဦးစီးဌာနက ပြောကြားသည်။

မီးလောင်စဉ် မီးသတ်ကားအစီး (၂၀) ခန့် လာရောက်ငြိမ်းသတ်ခဲ့ရကြောင်း အဆိုပါစက်မှုဇုန်မှ မျက်မြင်တဦးက ပြောသည်။

Saturday, September 11, 2010

ရန်ကုန် ကြည့်မြင်တိုင် ဘူတာတွင် ၁၆ နှစ် လူငယ်အား စစ် သား စုဆောင်း

စုဆောင်းခံရသူလူငယ် ပဲခူးတိုင်း မင်းလှမြို့ နယ် လှည်းကူးအုပ်စု အောလချောင်း ကျေးရွာမှ မောင် နိုင်မင်းထွန်း
ခေါ်ဆောင် သော ရက် စက်တင်ဘာလ ၆ ရက် နံနက် ပိုင်း
စစ်သား စုဆောင်းသူများ ချွေတာ ခလရ ၆ ကို စိုးမြင့်သိန်း။ ကိုကျော်လင်းဦး ။ ကိုလှမြင့် ။

ရန်ကုန်တိုင်း ရန်ကုန် မြို့  တွင် စစ် သား စုဆောင်း ခြင်းများရှိ သည် ကို ဆယ်ကျော်သက် လူငယ်များ သတိထား သွားလာ နိုင် ကြပါစေ။

အိုင် ဖုန်း အိုင်တော့စ် တို့ နဲ့  မြန်မာစာ လို ဖတ်ပြီး မြန်မာ ဗွီဒီယို ကြည့်လို့  ရပြီ

imyanmar ထဲကနေသွားပြီး ဂူဂယ်လ် မှာ www.shwedream.com ကို ရှာပြီး ကြည့် ရွှေဒရင်း မှာ အိုင်ဖုန်း ဗားရှင်း မြန်မာ ဗွီဒီယို တွေ ကြည့် လို့ ရပြီ

ထိုင်းဘက်မှ နှစ်နိုင်ငံနယ်စပ်မျဉ်း သောင်းရင်းမြစ်တွင် ကမ်းထိန်းနံရံတည်ဆောက်ခဲ့သည်ကို မဲဆောက်-မြ၀တီတံတားပိတ်


ခေတ်ပြိုင်
ရဲရင့်

သောင်းရင်းမြစ်အတွင်း ကမ်းထိန်းနံရံများ တည်ဆောက်မှုအပြီးတွင် မဲဆောက်-မြ၀တီ ကုန်သွယ်ရေးလမ်းကြောကို မြန်မာဘက်မှ ပြန်ဖွင့်မည့်ကိစ္စသည် ထိုင်းဘက်မှ မျှော်လင့်ထားသကဲ့သို့ ယခုနှစ်အတွင်း လုံးဝဖြစ်နိုင်ချေမရှိဟု ရန်ကုန်အခြေစိုက် ဆောက်လုပ်ရေးကုမ္ပဏီတခု၏ တာဝန်ရှိသူတဦးက ပြောသည်။

“မြန်မာဆောက်လုပ်ရေး ကုမ္ပဏီကြီး (၄) ခု မြ၀တီမှာ ကမ်းထိန်းနံရံတွေ ဆောက်နေပါတယ်။ တကယ်တမ်း စက်ယန္တရားအား လူအားနဲ့ လုပ်လိုက်ရင် တလ နှစ်လ ဆိုရင် ပြီးပြတ်ရမယ့်ကိစ္စပါ။ ကျနော်တို့မှာ ပြဿနာက လိုအပ်တဲ့ပစ္စည်းတွေကို အလုံအလောက်မရဘူး။ ထိုင်းဘက်ကပစ္စည်းတွေနဲ့လုပ်ရင် ပြီးတာကြာပြီ။ ကျနော် ထင်တာကတော့ နိုင်ငံရေးပြဿနာတွေ တခုခုရှိမယ် ထင်တယ်” ဟု ပြောသည်။

မြန်မာဘက်မှ မဲဆောက်-မြ၀တီ နယ်စပ်ကုန်သွယ်ရေးလမ်းကြောကို သောင်ရင်းမြစ်အတွင်း ကမ်းထိန်းနံရံများ တည်ဆောက်မှုအပြီးတွင် ပြန်ဖွင့်မည်ဟု နယ်စပ်ကုန်သွယ်ရေးဌာနမှ တာဝန်ရှိသူတဦးက ပြည်တွင်းအပတ်စဉ်ထုတ် ရန်ကုန်တိုင်းမ် ဂျာနယ်သို့ပြောကြားခြင်းနှင့် ပတ်သက်၍ ၎င်းက ဆက်စပ်ပြောကြားခြင်းဖြစ်သည်။

လက်ရှိ မြန်မာဘက်မှ ကမ်းထိန်းနံရံတည်ဆောက်မှုသည် စက်ယန္တရားအင်အားမပါဘဲ လူအားဖြင့်သာ ဆောင်ရွက်နေသည့်အတွက် နေပြည်တော်မှသတ်မှတ်ချက်၏ (၅၀) ရာခိုင်နှုန်းခန့်သာ ပြီးစီးပြီး ကျန်တ၀က်ကို လက်ရှိနှုန်းထားဖြင့် သွားပါက သေချာပေါက် ယခုနှစ်ကျော်မှ ပြီးနိုင်မည်ဟု သိရသည်။

မြ၀တီမြို့နှင့်ထိစပ်နေသည့် သောင်းရင်းမြစ်ကမ်းနဖူး ရေတိုက်စားခြင်းမှကာကွယ်ရန် ကမ်းထိန်းကျောက်စီနံရံများကို ပေ (၁၀၀) နှုန်းဖြင့် ဆောင်ရွက်လျက်ရှိပြီး လက်ရှိတွင် (၇,၇၆၅) ပေ ဆောင်ရွက်ပြီးသွားပြီးဖြစ်ကြောင်း သိရသည်။

ကမ်းထိန်းနံရံတည် ဆက်လက်တည်ဆောက်ရန် (၇,၅၃၅) ပေ ကျန်ရှိနေပြီး ဦးစားပေးဆောင်ရွက်ရမည့်နေရာမှာ ပေ (၂,၅၀၀) ခန့်ရှိသည်ဟု မြ၀တီမြို့ဆောက်လုပ်ရေးဌာန၏ ၀န်ထမ်းတဦးက ပြောသည်။

မြ၀တီမြို့ခံ ကုန်သည်ကြီးတဦးက “ကမ်းထိန်းနံရံပြီးရင် နယ်စပ်ဂိတ်တွေ ပြန်ဖွင့်မယ်ဆိုတာကဟုတ်ပါပြီ။ ပေ (၇,၅၀၀) ကျော် ကျန်သေးတယ်ဆိုတော့ တွက်သာကြည့်တော့။ မြန်မာဘက်က လုပ်တာကိုင်တာတွေက အတော့်ကို ကလေးကလားဆန်တယ်။ သိတဲ့အတိုင်းပဲ။ ထိုင်းနဲ့ပတ်သက်လို့ တစုံတရာပြဿနာဖြစ်တိုင်း မြန်မာဘက်က တံတားကိုပဲ ရမယ်ရှာနေတယ်” ဟု ပြောသည်။

မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံး နယ်စပ်ကုန်သွယ်ရေးလမ်းကြောဖြစ်သည့် မြ၀တီနယ်စပ်ဂိတ်(မြ၀တီနဲ့ရန်ကုန် (၂၆၅) မိုင်)ကို မြန်မာဘက်မှ ပိတ်ထားပြီးနောက်ပိုင်း ထိုင်းကုန်ပစ္စည်းများကို တာချီလိတ်နယ်စပ်နှင့် ကော့သောင်းနယ်စပ်တို့မှတဆင့် တင်သွင်းရန် မြန်မာနယ်စပ်ကုန်သွယ်ရေးဌာနက ခွင့်ပြုထားသည်။

မြန်မာဘက်က ထိုင်းကုန်ပစ္စည်း တင်သွင်းမှုကို ပြီးခဲ့သည့်ဇူလိုင် (၁၁) ရက်မှ စတင်ကာ ပိတ်ပင်ခဲ့ပြီး ဇူလိုင် (၁၈) ရက်မှ စတင်ကာ လုံခြုံရေးအကြောင်းပြချက်ဖြင့် ထိုင်း-မြန်မာနယ်စပ် မဲဆောက်-မြ၀တီ ကုန်သွယ်ရေးလမ်းကြောရှိ ချစ်ကြည်ရေး တံတားအပါအ၀င် ဆက်စပ်ဂိတ် (၂၀) ခန့်ကို မြန်မာဘက်က ပိတ်ထားခဲ့သည်မှာ ယနေ့တိုင်ဖြစ်သည်။

ထိုင်းနိုင်ငံသည် မြ၀တီလမ်းကြောမှတဆင့် လစဉ် လူသုံးကုန်၊ စားသုံးကုန်နှင့် ဆောက်လုပ်ရေးပစ္စည်းများ၊ လယ်ယာသုံး ပစ္စည်းများနှင့် အခြားဆက်စပ်ပစ္စည်းများကို ဘတ်ငွေသန်း (၁,၀၀၀) ဖိုးခန့် မြန်မာဘက်သို့ တင်ပို့လျက်ရှိရာမှ ရပ်တန့်သွားခြင်းဖြစ်သည်။

Friday, September 10, 2010

PR များကို နိုင်ငံသား ခံယူခိုင်း၍ စင်ကာပူရောက် မြန်မာများ အခက်တွေ့

ဧရာဝတီ
စိုင်းဇွမ်ဆိုင်း

စင်ကာပူနိုင်ငံတွင် အမြဲတမ်း နေထိုင်ခွင့် (Permanent Residents-PR) လက်မှတ် ကိုင်ဆောင်ထား သူများကို နိုင်ငံသားအဖြစ် ပြောင်းလဲခံယူရန် ညွှန်ကြား လိုက်သဖြင့် စင်ကာပူရောက် မြန်မာနိုင်ငံသားများ အခက်တွေ့နေကြောင်း သိရသည်။

စင်ကာပူ လူဝင်မှု ကြီးကြပ်ရေး ဌာနက PR လက်မှတ် ကိုင်ဆောင်ထား သူများကို နိုင်ငံသား အဖြစ်ပြောင်းလဲ ခံယူရန် တိုက်ရိုက် ညွှန်ကြား ထားခြင်း ဖြစ်ပြီး မလုပ်ဆောင် သူများကို သက်တမ်း ထပ်မံ တိုးပေးတော့မည် မဟုတ်ကြောင်း သတင်းရရှိသည်။

စက်တင်ဘာလ ၆ ရက်နေ့ တွင်လည်း စင်ကာပူ ဝါရင့်ဝန်ကြီး ဂိုချုပ်တောင်က PR များကို နိုင်ငံသား အဖြစ် ခံယူကြရန် တိုက်တွန်း ထားသည်။

“စင်ကာပူနိုင်ငံမှာ PR ဦးရေ ၅ သိန်း လောက်ရှိပါတယ်။ အဲဒီထဲကမှ ၅ သောင်းလောက်က စင်ကာပူ နိုင်ငံသား အဖြစ် ခံယူမယ်ဆိုရင် ဒါဟာ စင်ကာပူနိုင်ငံရဲ့ စီးပွားရေးကို အထောက်အကူ ပြုလိုက်တာနဲ့ အတူတူပါပဲ” ဟု ဂိုချုပ်တောင်က ပြောကြောင်း သတင်းများတွင် ဖော်ပြထားသည်။

သို့သော် စင်ကာပူနိုင်ငံမှ PR လက်မှတ်ရ မြန်မာနိုင်ငံသား အများစုသည် နိုင်ငံသားခံယူရန် ဆန္ဒမရှိကြကြောင်း၊ နိုင်ငံသားအဖြစ် ခံယူရန် ငြင်းဆန်လျှင်လည်း ၎င်းတို့၏ လက်ရှိအနေအထားမှာ ပို၍ ကျပ်တည်းသွားနိုင်ကြောင်း၊ မြန်မာနိုင်ငံသားများအတွက် ဘေးကျပ်နံကျပ် အခြေအနေဖြစ်ကြောင်း မြန်မာနိုင်ငံသားတဦးက ပြောသည်။

၎င်းက ဆက်လက်၍ “ကျနော်သိရသလောက်က PRကိုင်ထားတဲ့သူ အများစုက မိသားစုတွေနဲ့လေ။ တကယ်လို့ သူတို့က နိုင်ငံသား ခံယူဖို့ ငြင်းမယ်ဆိုရင် PRကို သက်တမ်းတိုးပေးတော့မှာ မဟုတ်ဘူး။ EP (Employment Pass) နဲ့ပဲ နေရမယ်။ အဲဒါဆိုရင် သူတို့အတွက် အခွန်တွေ၊ ကလေး ကျောင်းစရိတ်တွေကအစ ဈေးပိုကြီးလာတော့မယ်” ဟု ရှင်းပြသည်။

စင်ကာပူနိုင်ငံတွင် PR လက်မှတ် ကိုင်ဆောင်သူများတွင် မြန်မာနိုင်ငံသားများအပြင်၊ တရုတ်၊ အိန္ဒိယ၊ သီရိလင်္ကာ၊ မလေးရှားနှင့် အင်ဒိုနီးရှားနိုင်ငံသားများ ဖြစ်ကြပြီး ၎င်းတို့အနက် တရုတ်နိုင်ငံသားဦးရေ အများဆုံးဖြစ်သည်ဟု သိရသည်။

PR လက်မှတ်ကို ဆယ်နှစ်ကျော် ကိုင်ဆောင်ထားပြီး စင်ကာပူနိုင်ငံသားအဖြစ် ခံယူခြင်း မရှိသေးသူ မြန်မာတဦးက “ဒီကို ရောက်ခါစ ကျောင်းတက်တုန်းက အရမ်း အနှိမ်ခံရတယ်။ ဆရာ၊ ဆရာမတွေကအစ နှိမ်တယ်။ အဲဒါက ကလေးဘဝတုန်းက ဖြစ်ခဲ့တယ်ဆိုပေမယ့်လည်း အခုထက်ထိ စွဲနေတယ်။ နောက်တခုက တနေ့တနေ့ကို လူတွေ အကုန်လုံးက ပိုက်ဆံနောက် လိုက်မယ်ဆိုတာပဲ တွေ့နေရတယ်။ အဲဒီလိုနေရာမျိုးက ကိုယ်အသက်ကြီးသွားရင် ဘယ်လိုမှ နေနိုင်မှာ မဟုတ်ဘူး။ အဲဒါကြောင့် နိုင်ငံသား မခံချင်တာလည်းပါတယ်” ဟု သူ၏ သဘောထားကို ပြောပြသည်။

မြန်မာနိုင်ငံသားအဖြစ်မှ စင်ကာပူနိုင်ငံသားအဖြစ် ပြောင်းလဲခံယူမှုသည် တဦးချင်းစီ၏ ဆုံးဖြတ်ချက်အပေါ်၌သာ မူတည်ကြောင်း၊ စင်ကာပူနိုင်ငံသားအဖြစ် ခံယူသူ မြန်မာပြည်မှ လူအများစုမှာ မြန်မာနိုင်ငံတွင် ဧည့်နိုင်ငံသားကတ် (FRC) ကိုင်ဆောင်ကြသည့် တရုတ်လူမျိုးများနှင့် နိုင်ငံခြားတွင် အမြဲ အခြေချ နေထိုင်ရန် ဆုံးဖြတ်ထားသူ လူငယ်အများစုဖြစ်ကြောင်း စင်ကာပူနိုင်ငံတွင် ဆရာမအဖြစ် အလုပ်လုပ်ကိုင်နေသူတဦးက ပြောသည်။

၎င်းက “Passport လေး ပြောင်းလိုက်တာနဲ့ ကိုယ်က မြန်မာ မဟုတ်တော့ဘူး ဆိုတာမျိုး မဟုတ်ဘူးလေ။ ကိုယ်က မြန်မာပြည်ကို ချစ်နေတုန်းပဲ” ဟု ဆိုသည်။

စင်ကာပူနိုင်ငံတွင် ဆယ်နှစ်ကျော် နေထိုင်လာသူ မြန်မာတဦးက “စင်ကာပူမှာ ရှိနေတဲ့ PR တော်တော်များများက ပညာတတ်တွေ၊ အလုပ်အကိုင် အတွေ့အကြုံရှိတဲ့သူတွေ၊ အရည်အချင်း ရှိတဲ့သူတွေများတယ်။ အဲဒီလိုလူတွေကို နိုင်ငံသားပေးလိုက်တာက စင်ကာပူနိုင်ငံအတွက် အကျိုးယုတ်စရာ လုံးဝမရှိဘူးလေ” ဟု ပြောသည်။

PR လက်မှတ် ကိုင်ဆောင်သူများကို နိုင်ငံသားခံယူခွင့် ပေးခြင်းသည် တိုးပွားမှုနှေးနေသော စင်ကာပူလူဦးရေ အတွက် အထောက်အကူဖြစ်နိုင်ရန်နှင့် ပြည်ပ ရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာစေရန် စင်ကာပူအစိုးရက ရည်ရွယ်ထားခြင်းဖြစ်ကြောင်း စင်ကာပူရောက် မြန်မာများက ဆိုသည်။

စင်ကာပူနိုင်ငံသားအဖြစ် ပြောင်းလဲခံယူလိုက်ခြင်းအားဖြင့် ကောင်းကျိုးများ ရရှိနိုင်သကဲ့သို့ ဆိုးကျိုးများလည်း ရှိနိုင်သည်ဟု စင်ကာပူနိုင်ငံသားအဖြစ် ခံယူထားသူ မြန်မာတဦးက ပြောသည်။

စင်ကာပူနိုင်ငံသား ဖြစ်လာလျှင် အခွန်မြင့်မားစွာ ပေးဆောင်ရန် မလိုတော့ခြင်း၊ စင်ကာပူ နိုင်ငံကူးလက်မှတ်သည် တခြားနိုင်ငံကြီးများသို့ သွားလာရန် လွယ်ကူခြင်း၊ စင်ကာပူနိုင်ငံတွင် အိမ်၊ ခြံ၊ မြေ ဝယ်ယူရာတွင် ဈေးနှုန်း ချိုသာခြင်း စသည်တို့ ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

စင်ကာပူ နိုင်ငံသားအဖြစ် ခံယူခြင်းမရှိသေးပါက မြန်မာနိုင်ငံသားတဦး အနေဖြင့် တလလျှင် ဝင်ငွေ၏ ၂၀ ရာခိုင်နှုန်းကို မြန်မာသံရုံးသို့ ပေးဆောင်ရပြီး စင်ကာပူနိုင်ငံသား ဖြစ်သွားပါက တနှစ်ဝင်ငွေ၏ ၁၀ ရာခိုင်နှုန်းကိုသာ စင်ကာပူအစိုးရထံ ပေးဆောင်ရကြောင်း သိရသည်။

စင်ကာပူနိုင်ငံရောက် မြန်မာတဦးက “တချို့ Citizen ခံလိုက်တဲ့သူတွေ ပြောတာကတော့ မြန်မာ သံရုံးမှာ အခွန်မဆောင်ချင်ဘူး။ အဲဒီဆောင်ရမယ့် ငွေတွေကို မြန်မာပြည်သူတွေဆီ တိုက်ရိုက် ကူညီလိုက်တာ ပိုကောင်းတယ်လို့ ပြောကြတယ်”ဟု ပြောသည်။

စင်ကာပူနိုင်ငံသားအဖြစ် ခံယူပြီးပါက မြန်မာနိုင်ငံသည် နိုင်ငံသား ၂ မျိုး (Dual Citizenship) ခံယူမှုကို ခွင့်မပြုသဖြင့် မြန်မာနိုင်ငံသားအဖြစ်မှ စွန့်လွှတ်ရခြင်း၊ မြန်မာနိုင်ငံမှ ပိုင်ဆိုင်မှုများကို စွန့်လွှတ်ရခြင်း၊ မြန်မာနိုင်ငံသို့ အလည်အပတ် ပြန်မည်ဆိုပါက ဗီဇာကြေး နှစ်ဆ ပိုပေးရခြင်း၊ မြန်မာနိုင်ငံတွင်းမှ ဟိုတယ်များ၊ စားသောက်ဆိုင်များ၊ ခရီးသွားစရိတ်များကိုလည်း နိုင်ငံခြားသားတဦးအနေဖြင့် ပေးဆောင်ရခြင်း၊ အသက်အရွယ် ကြီးရင့်သူများအနေဖြင့် မြန်မာပြည်သို့ ပြန်လည်နေထိုင်လိုပါက ခက်ခဲခြင်းများသည် ဆိုးကျိုးများဟု ဆိုနိုင်ကြောင်း စင်ကာပူနိုင်ငံသား ခံယူထားသူ မြန်မာက ရှင်းပြသည်။

၂၀၀၉ ခုနှစ်အထိ စင်ကာပူနိုင်ငံတွင် လူဦးရေ ၄.၉၈ သန်းရှိပြီး ကုန်ပစ္စည်း တင်ပို့ခြင်းလုပ်ငန်း၊ ဘဏ်လုပ်ငန်း၊ ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း၊ လျှပ်စစ်ပစ္စည်းလုပ်ငန်း၊ ဓာတုဗေဒလုပ်ငန်း နှင့် ရေနံဓာတုလုပ်ငန်းတို့ကို အဓိကထား လုပ်ကိုင်သည်။

Thursday, September 9, 2010

ရန်ကုန်မြစ်ရေတိုးကာ ရေလျှံ

ရန်ကုန်မြစ်ရေတိုးကာ ရေလျှံတက်သဖြင့် ဆိပ်ကမ်းမြို့နယ် ကမ်းနားလမ်း

ငွေဈေး ရွှေဈေး ထိုးကျ၊ ရွှေအရောင်းအဝယ်ဆိုင်း

မျိုးသိဏ်း
မဇ္ဈိမ
ငွေလဲနှုန်းနှင့်အတူ ရက်ပိုင်းအတွင်း ထိုးကျလာသည့် ရွှေဈေးနှုန်းကြောင့် မြန်မာရွှေဈေးကွက် အရောင်းအဝယ်အားလုံး ရပ်ဆိုင်းသွားသည်။

စက်တင်ဘာလဆန်းမှစ၍ မြန်မာငွေ မာလာပြီး အမေရိကန်ဒေါ်လာနှင့် အက်ဖ်အီးစီ လဲနှုန်းများ ကျဆင်းခဲ့သဖြင့် ဒေါ်လာနှင့်ချိတ်ထားသည့် ရွှေဈေးနှုန်း ထိုးကျခဲ့သည်ဟု ကုန်သည်များက ပြောသည်။

"မနေ့ (စက်တင်ဘာ ၈) ညနေဈေးပိတ်တော့ ၆၃၂,ဝဝဝ ။ အခုမနက် ဈေးဖွင့်တော့ ၆၂၉,ဝဝဝ။ ဈေးဖွင့်ပြီး တနာရီလောက်ပဲ ရှိသေးတယ် ၆၂၆,ဝဝဝ ဖြစ်သွားပြီ။ ခုလိုဈေးနဲ့ အရောင်းအဝယ်လုပ်လို့မရဘူး။ အသုံးသမားတွေ (လက်ဝတ်တန်ဆာဆင်သူများ) လောက်ပဲ အလုပ်ဖြစ်တယ် " ဟု ရန်ကုန် ရွှေဘုံသာလမ်းမှ ရွှေလုပ်ငန်းရှင်တဦးက ဆိုသည်။

သြဂုတ်လလယ်က စံချိန်တင် အမြင့်ဆုံးဈေးအဖြစ် ကျပ်
ငွေလဲနှုန်း ကျ၍ ကမ္ဘာ့ရွှေဈေး တက်နေသော်လည်း အမေရိကန်ဒေါ်လာ လဲနှုန်းနှင့် ချိတ်ထားသည့် ပြည်တွင်းရွှေဈေး သုံးရက်အတွင်း ကျပ်နှစ်သောင်းကျော်ကျ
၆၆၇,ဝဝဝ အထိ တက်ခဲ့ပြီးနောက် ပြည်တွင်းရွှေဈေး တကျပ်သားကို ၆ သိန်း ၄ သောင်းအောက် ပြန်ဆင်းမည်မဟုတ်ဟု ရွှေလောကသားတို့ ခန့်မှန်းခဲ့ကြသည်။

"ကမ္ဘာ့ရွှေဈေးက ဒီလဆန်းပိုင်းတက်နေတာ။ ဒီမှာက ဒေါ်လာဈေးကျလို့ လိုက်ကျတာ။ ဒီနေ့ ကမ္ဘာ့ရွှေဈေး ၁,၂၅ဝ ကျော်တယ်။ ဒီဈေးနဲ့ အခုမနက် ဒေါ်လာဈေး ၉၁ဝ တွက်ရင် ခြောက်သိန်းစွန်းစွန်းပဲ ရှိတယ်။ ဒီကဈေးက တသောင်းခွဲ၊ နှစ်သောင်းလောက် မြင့်နေသေးတယ် " ဟု ရွှေဆိုင်ပိုင်ရှင်တဦးက ပြောသည်။

ပုံမှန်ရွှေဈေးတွက်နှုန်း { (ကမ္ဘာ့ရွှေတစ်အောင်စဈေး x ဒေါ်လာငွေလဲနှုန်း) / ၁.၈၇၅= မြန်မာ့ရွှေ တစ်ကျပ်သား ပေါက်ဈေး) } တွင် ကမ္ဘာ့ရွှေဈေးနှင့် မြန်မာ့ရွှေဈေးအကြား တသောင်းဝန်းကျင်သာ အထက်အောက်ကွာခြားမှုရှိပြီး ထို့ထက်များပါက နယ်စပ်မှတဆင့် ရွှေအဝင်အထွက်ရှိကြောင်း၊ သို့သော် လက်ရှိအချိန်တွင် မြန်မာငွေတန်ဖိုး အပြောင်းအလဲ များနေခြင်းကြောင့် နယ်စပ်ကုန်သည်များလည်း အရောင်းအဝယ် မလုပ်ကြောင်း တာချီလိတ်မှ ရွှေကုန်သည်တဦးက ပြောသည်။

" အခုက မြန်မာငွေဈေး မခိုင်တော့ အားလုံးထိုင်ကြည့်နေကြတယ်။ ငွေဈေးကျတာနဲ့ ဒီနှစ်ရက်သုံးရက် ဘာမှလုပ်မရပဲ တနေ့ ဆယ်သိန်းလောက် ရှုံးနေတယ်" ဟု သူက ဆိုသည်။

ယနေ့ ဒေါ်လာလဲနှုန်း တဒေါ်လာလျှင် ကျပ် ၉၁ဝ ဖြစ်ပြီး အက်ဖ်အီးစီ ရောင်းဈေး ၇၆ဝ ၊ ဝယ်ဈေး ၇၃ဝ ပေါက်သည်။

စက်တင်ဘာလ (၂) ရက်နေ့ကစပြီး ဤနှစ်အတွင်း ပထမဆုံးအကြိမ် အက်ဖ်အီးစီလဲနှုန်း တဒေါ်လာ ကျပ် ၉ဝဝ အောက် စကျခဲ့သကဲ့သို့ လပေါင်းများစွာ ၉၉ဝ ဝန်းကျင်တွင် အတိုးအလျော့ အနည်းငယ်ဖြင့် တည်ငြိမ်နေခဲ့သည့် အမေရိကန် ဒေါ်လာလဲနှုန်းမှာ စက်တင်ဘာ (၆) ရက်နေ့ နောက်ပိုင်း တောက်လျောက် ထိုးဆင်းလာခဲ့သည်။

" ဘာဆက်ဖြစ်ဦးမယ် မှန်းလို့မရတာ။ ကောလာဟလတွေကတော့ စုံနေတာပဲ၊ ၅ဝဝ အထိ ကျမယ်လို့လည်း ပြောနေကြတယ်" ဟု မှောင်ခို ငွေလဲဈေးကွက်တွင်းမှ ကုန်သည်တဦးက ပြောသည်။

ငွေလဲနှုန်း ကျ၍ ကမ္ဘာ့ရွှေဈေး တက်နေသော်လည်း အမေရိကန်ဒေါ်လာ လဲနှုန်းနှင့် ချိတ်ထားသည့် ပြည်တွင်းရွှေဈေး သုံးရက်အတွင်း ကျပ်နှစ်သောင်းကျော် ကျခဲ့သဖြင့် ယနေ့ အရောင်းအဝယ် ရပ်လုနီးပါး ဖြစ်နေသည်ဟု ရွှေဈေးကွက်က ဆိုသည်။

သွင်းကုန်လိုင်စင် ခွင့်ပြုမိန့် ကြန့်ကြာခြင်းနှင့် သွင်းကုန်ပစ္စည်း ကန့်သတ်မှုများခြင်းက နိုင်ငံခြား တင်ပို့မှုရငွေ တန်ဖိုး (Earning) ကျစေပြီး အကျိုးဆက်အနေနှင့် ဒေါ်လာနှင့် အက်ဖ်အီးစီဈေးနှုန်း ထိုးကျကုန်သည်ဟု ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်အချို့က ဝေဖန်နေကြသည်။

အခွန်လက်ကျန် ရှိတာမို့ ရွေးကောက်ပွဲ ဥပဒေနဲ့ ငြိစွန်းပြီး ဒီမိုကရက်တစ်ပါတီ (မြန်မာ) အမတ်လောင်းတဦး အပယ်ခံရ


မျိုးဝင်းဇော်
ရွေးကောက်ပွဲဥပဒေနှင့် ငြိစွန်းသည်ဆိုသည့် အကြောင်းပြချက်ဖြင့် ဦးသုဝေဦးဆောင်သည့် ဒီမိုကရက်တစ်ပါတီ (မြန်မာ) မှ ဗဟိုပြန်ကြားရေးမှူး ဦးလှမြင့်သည် ကိုယ်စားလှယ်လောင်းအဖြစ်မှ အပယ်ခံရကြောင်း ခရိုင်ရွေးကောက်ပွဲကော်မရှင်ရုံးမှ တာဝန်ရှိသူတဦးက ပြောသည်။

၎င်းက “ရွေးကောက်ပွဲဥပဒေမှာ အရွေးချယ်ခံမယ့် ကိုယ်စားလှယ်လောင်းဟာ မြန်မာနိုင်ငံအတွင်း (၁ဝ) နှစ် တဆက်တစပ်တည်းနေသူ ဖြစ်ရမယ်လို့ ပါထားတယ်။ အကယ်၍ နိုင်ငံခြားမှာ အလုပ်သွားလုပ်ခဲ့တယ်ဆိုရင် သက်ဆိုင်ရာ မြန်မာသံရုံးမှာ ပုံမှန် အခွန်ပေးဆောင်နေသူ ဖြစ်ခဲ့ရင် ရတယ်။ ဦးလှမြင့်က ဂျပန်မှာ (၅) နှစ် အလုပ်လုပ်ခဲ့ပြီး ၂ဝဝ၅ ခုနှစ်က ပြန်လာတယ်။ ပြန်လာတဲ့အခါ အခွန်လက်ကျန် ရှိတာမို့ ရွေးကောက်ပွဲ ဥပဒေနဲ့ ငြိစွန်းပြီး သူ အပယ်ခံရတာပါ” ဟု ပြောသည်။

အဆိုပါကိစ္စ ဒီမိုကရက်တစ်ပါတီ (မြန်မာ) ရုံးကို မေးမြန်းကြည့်ရာ မှန်ကန်ကြောင်း အတည်ပြု ပြောကြားသည်။

ဦးလှမြင့်သည် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်အဖြစ် မင်္ဂလာတောင်ညွန့်မြို့နယ် မဲဆန္ဒနယ် အမှတ် (၂) ကနေ ဝင်ရောက်ယှဉ်ပြိုင်ရန် ခရိုင်ကော်မရှင်တွင် အမည်စာရင်းတင်သွင်းထားခြင်းဖြစ်သည်။

ဦးလှမြင့်သည် ၁၉၆၁ ခုနှစ်၌ ရန်ကုန်တွင် မွေးဖွားခဲ့သူဖြစ်ပြီး ၁၉၈၇ ခုနှစ် သမိုင်းဘာသာ အဓိကဖြင့် ဘွဲ့ရရှိခဲ့သူဖြစ်ကာ ၁၉၈၉ ခုနှစ်မှ ၉ဝ ပြည့်နှစ်အထိ အကောက်ခွန် ရှင်းလင်းရေးကိုယ်စားလှယ်အဖြစ် လုပ်ကိုင်ခဲ့သည်။ ၁၉၉ဝ ပြည့်နှစ်မှ ၂ဝဝဝ ပြည့်နှစ်အထိ သင်္ဘောလိုက်ခဲ့ပြီး ၂ဝဝ၁ ခုနှစ်ကနေ ၂ဝဝ၅ ခုနှစ်အထိ ဂျပန်နိုင်ငံတွင် အလုပ်လုပ်ကိုင်ခဲ့သူဖြစ်သည်။

၁၉၉ဝ ရွေးကောက်ပွဲကာလက ပါတီဥက္ကဋ္ဌ ဦးသုဝေနှင့် ရင်းနှီးခဲ့ပြီး ယခု ဦးသုဝေ ပါတီထောင်ရာတွင် ပါဝင်ပူးပေါင်းကာ ဗဟိုပြန်ကြားရေးမှူး တာဝန်ယူထားသူဖြစ်သည်။

ဦးသုဝေဦးဆောင်သည့် ဒီမိုကရက်တစ်ပါတီ (မြန်မာ) တွင် နိုင်ငံခြားမှ ပြန်ရောက်လာသည့် ဝန်ကြီးချုပ်ဟောင်း ဦးနု၏သမီး ဒေါ်သန်းသန်းနုနှင့် ၎င်း၏ခင်ပွန်း ဦးအောင်ငြိမ်းတို့လည်း လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းထားကြသည်။

ဒေါ်သန်းသန်းနုတို့ နှစ်ဦးမှာမူ နိုင်ငံခြား ရောက်ရှိစဉ်မှစ ပြန်လာချိန်အထိ သက်ဆိုင်ရာ သံရုံးတွင် အခွန်မှန်မှန် ပေးဆောင်ခဲ့ခြင်းကြောင့် ရွေးကောက်ပွဲဥပဒေအရ ပြဿနာမရှိသေးကြောင်း သိရသည်။

ပြီးခဲ့သည့် သြဂုတ်လ (၃ဝ) ရက်နေ့တွင် လွှတ်တော်အသီးသီးအတွက် ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းခြင်း လုပ်ငန်း ပြီးဆုံးခဲ့ပြီး ယခုအပတ် စက်တင်ဘာ (၆) ရက်မှ (၁ဝ) ရက်နေ့အထိကိုမူ ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းတင်သွင်းလွှာများ စိစစ်သည့်အချိန်အဖြစ် သတ်မှတ်ထားသည်။

နိုင်ငံတဝန်း မဲဆန္ဒနယ် စုစုပေါင်း (၁,၁၆၃) နယ် ရှိသည့်အနက် ဦးသုဝေ ဦးဆောင်သည့် ဒီမိုကရက်တစ်ပါတီ (မြန်မာ) သည် မူလက ကိုယ်စားလှယ် (၅၁) ဦး အမည်စာရင်း တင်သွင်းပြီး (၃) ဦးသည် အဘက်ဘက်မှ ခြိမ်းခြောက်မှုဒဏ် ခံရခြင်းကြောင့် နုတ်ထွက်သွားခဲ့ပြီး ကိုယ်စားလှယ်လောင်း (၄၈) ဦးသာ ကျန်ရှိသည်။ ယခု ဦးလှမြင့် အပယ်ခံရသောကြောင့် ကိုယ်စားလှယ်လောင်း စုစုပေါင်း (၄၇) ဦးသာကျန်ပြီး မကြာမီ ယခုထက် လျော့နည်းဖွယ်ရှိကြောင်း ပါတီဥက္ကဋ္ဌ ဦးသုဝေက ပြောကြားသည်။

လာမည့် သီတင်းပတ်တွင် ပါတီအသီးသီးက လွှတ်တော်ကိုယ်စားလှယ်လောင်းများအနက် ရွေးကောက်ပွဲဥပဒေနှင့် မကိုက်ညီ၍ အပယ်ခံရသည့် ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်း ထွက်ပေါ်လာတော့မည်ဖြစ်သည်။

ပြည်သူ့လွှတ်တော်





ပြည်သူ့ လွှတ်တော်ဟာ တစ်နိုင်ငံလုံးမှာ ရှိတဲ့ မဲဆန္ဒ နယ်ပေါင်း ၃၃၀ ကနေ မဲဆန္ဒနယ် တစ်ခုကို တစ်ဦး နှုန်းနဲ့ ရွေးကောက် တင်မြှောက်ခံ ကိုယ်စားလှယ်ပေါင်း ၃၃၀ ရယ်၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က တင်သွင်းတဲ့ တပ်မတော်သား ကိုယ်စားလှယ်ပေါင်း ၁၁၀ ရယ် ပါဝင် ဖွဲ့စည်းမယ့် လွှတ်တော် ဖြစ်ပါတယ်။

ပြည်သူ့ လွှတ်တော်နဲ့ အမျိုးသား လွှတ်တော် တို့ကို ပေါင်းစည်းပြီး ပြည်ထောင်စု လွှတ်တော်ကို ဖွဲ့စည်းမှာ ဖြစ်ပါတယ်။
သတိ ... အမျိုးသား လွှတ်တော် ဆိုတာ၊........

တစ်ကြိမ်ကို သက်တမ်း ငါးနှစ် ရှိတဲ့ ပြည်သူ့ လွှတ်တော်ရဲ့ ပထမ အကြိမ် အစည်း အဝေးကို ရွေးကောက်ပွဲ ကျင်းပတဲ့ရက် ကနေ ရက်ပေါင်း ၉၀ အတွင်းမှာ ကျင်းပရမှာ ဖြစ်ပါတယ်။

အခု ဖွဲ့စည်းပုံ အခြေခံ ဥပဒေသစ် အာဏာ တည်ပြီးတဲ့နောက် ပထမဆုံး လွှတ်တော် ပုံမှန် အစည်း အဝေးကို နိုင်ငံတော် အေးချမ်း သာယာရေး နှင့် ဖွံ့ဖြိုးရေး ကောင်စီက ခေါ်ယူ ကျင်းပရမှာ ဖြစ်ပြီး နောက် သက်တမ်း တွေမှာတော့ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ က ခေါ်ယူ ကျင်းပရမှာ ဖြစ်ပါတယ်။

၂၀၁၀ ပြည့်နှစ် အထွေထွေရွေး ကောက်ပွဲကို နိုဝင်ဘာလ ၇ ရက်နေ့မှာ ကျင်းပမှာ ဖြစ်တဲ့ အတွက် ပြည်သူ့ လွှတ်တော်ရဲ့ ပထမဆုံး အကြိမ် အစည်း အဝေးကို ၂၀၁၁ ခုနှစ်၊ ဖေဖော်ဝါရီလ နောက်ဆုံး ထားပြီး ကျင်းပရမှာ ဖြစ်ပါတယ်။

အဲဒီ အစည်း အဝေးမှာ လွှတ်တော် ကိုယ်စားလှယ် စုစုပေါင်းရဲ့ ထက်ဝက်ကျော် တက်ရောက်တယ် ဆိုရင် အဲဒီ အစည်းအဝေး အထမြောက် ပါတယ်။

ပြည်သူ့ လွှတ်တော်ရဲ့ ပုံမှန် အစည်း အဝေးကို တစ်နှစ်ကို အနည်းဆုံး တစ်ကြိမ် ကျင်းပရမှာ ဖြစ်ပြီး တစ်ကြိမ်နဲ့ တစ်ကြိမ် ကြားမှာ ၁၂ လ ထက် မပိုစေရလို့ သတ်မှတ်ထား ပါတယ်။

MRTV 4 ရုပ်သံလိုင်း ၂၄ နာရီ ထုတ်လွှင့်

နရီလင်းလက်
. စစ်အစိုးရနှင့် ပုဂ္ဂလိက ပူးတွဲထုတ်လွှင့် နေသော MRTV 4 ရုပ်သံလိုင်းကို ၂၄ နာရီ ကြည့်ရှုနိုင်ရန် အချိန် တိုးမြှင့်လိုက်ရာ လက်ရှိ ရုပ်သံ လိုင်းများအနက် ထုတ်လွှင့်ချိန် အများဆုံး ရုပ်သံလိုင်းတခု ဖြစ်လာကြောင်း သိရသည်။

ပြန်ကြားရေးဝန်ကြီးဌာန လက်အောက်ရှိ မြန်မာ့အသံနှင့် Forever Group တို့ ပူးပေါင်းထုတ်လွှင့်နေသည့် MRTV 4 ရုပ်သံ လိုင်းသည် အစီအစဉ်သစ်များတိုးချဲ့ ပြသနိုင်ရန် ရည်ရွယ်ချက်ဖြင့် စက်တင်ဘာ ၁ ရက်နေ့မှ စတင်ကာ တိုးမြှင့်လိုက်ခြင်းဖြစ် သည်ဟု ပြန်ကြားရေး ၀န်ကြီးဌာနမှ အရာရှိတဦးက ပြောသည်။

စစ်အစိုးရပိုင် ရုပ်သံလိုင်းများဖြစ်သည် မြန်မာ့အသံ၊ မြ၀တီ ရုပ်မြင်သံကြား တို့တွင်ထုတ်လွှင့်ပြသနေသည့် အစီအစဉ်များ ဖြစ် သော ပြည်တွင်းသတင်း၊ နိုင်ငံအကျိုးပြု ပေါ်လစီ ကားကိုလည်း ထည့်သွင်းထုတ်လွှင့်မည်ဟု ပြန်ကြားရေးဝန်ကြီးဌာန အရာရှိ က ဆိုသည်။

ရွေးကောက်ပွဲ ကျင်းပမည့် ရက်ကို တရားဝင် ကြေညာသည့် သြဂုတ်လ ၁၃ ရက်နေ့ ညနေပိုင်းမှ စ၍ စစ်အစိုးရပိုင် ရုပ်မြင် သံကြားလိုင်းများနှင့် ရေဒီယိုလိုင်းများ၌ ရွေးကောက်ပွဲ ဆန္ဒမဲပေးရေး စည်းရုံးလှုံ့ဆော်သည့် သီချင်းနှင့် ဇာတ်လမ်းများ ထုတ် လွှင့် ပြသခဲ့သည်။

“သတင်း အစီအစဉ်ကို တနေ့ ၄ ကြိမ် ထုတ်လွှင့်နေတယ်။ ဖျော်ဖြေရေး အစီအစဉ်တွေ ပြနေသလို ပြီးခဲ့တဲ့လကဆို ၀ါဒဖြန့် မဲပေးဖို့ သီချင်းတွေ စလွှင့်ခဲ့တယ်။ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး အာဏာပိုင်တွေဘက်က ထပ်လွှင့်မယ့် အစီအစဉ်တွေ ပြင် ဆင်နေတယ်”ဟု Forever Group မှ တာဝန်ရှိသူ တဦးက ပြောဆိုသည်။

ပြည်တွင်း ရုပ်သံ လိုင်းများအနက် ရုပ်သံလိုင်းကြည့် ပရိသတ်များ အထူးစိတ်ဝင်စားသည့် ရုပ်သံလိုင်း တခုဖြစ်ပြီး လူငယ်နှင့် လူလတ်ပိုင်း ပရိသတ်များ စိတ်ဝင်စားသည့် Fashion Music Festival ကဲ့သို့ အစီအစဉ်များ ထုတ်လွှင့်၍ ပြသခဲ့သည်။

ရွေးကောက်ပွဲ ဆန္ဒမဲ ပေးနည်းကို ပညာရေးဇာတ်လမ်းအနေနှင့် နိုင်ငံပိုင် ရုပ်မြင်သံကြား လိုင်းများတွင် ထုတ်လွှင့်သွားမည် ဟု ပြည်တွင်း အခြေစိုက် Weekly Eleven ဂျာနယ်တွင် ဖော်ပြထားသည်။

“မြန်မာပြည် မီဒီယာ အနေနဲ့ ဂျာနယ်တွေ၊ အသံလွှင့် လိုင်းတွေ၊ ရုပ်သံလိုင်းတွေ အများကြီး တိုးလာတာက ပြည်သူလူထုရဲ့ အသိဉာဏ်ကို တစိတ်တပိုင်းအနေနဲ့ တိုးတက်စေတယ်လို့ မြင်တယ်။ အာဏာပိုင်တွေက ဘယ်လိုပဲ စည်းရုံးလှုံ့ဆော် ၀ါဒ ဖြန့်ဖြန့် ဒါကို ကြည့်ရမြင်ရ လေ့လာခွင့်ရတာကလည်း ပြည်သူလူထုအနေနဲ့ အာဏာပိုင်တွေရဲ့လုပ်ရပ်ကို ပိုသုံးသပ် လာနိုင် သလို နိုင်ငံရေးအနေနဲ့ ပိုအမြင်ကျယ်လာစေမယ်၊ ပိုစဉ်းစားစရာတွေဖြစ်လာစေမယ်ဆိုရင် ဒါ အမြတ်ပဲလေ”ဟု MRTV 4 အစီအစဉ်တွင် ပါဝင် ထုတ်လွှင့်နေသည့် မီဒီယာ လုပ်ငန်းရှင်တဦး က ပြောသည်။

၂၀၀၄ ခုနှစ်တွင် စတင်ထုတ်လွှင့်ခဲ့သည့် MRTV 4 ရုပ်သံလိုင်းသည် တရက်လျှင် ၂ နာရီ စတင်စမ်းသပ် ထုတ်လွှင့်ခဲ့ရာမှ ၂၀၀၅ ခုနှစ်တွင် ၄ နာရီ တိုး ထုတ်လွှင့်ခဲ့ပြီးနောက် တရက်လျှင် ၆ နာရီ ပတ်လည်ဖြင့် ၄ ကြိမ်၊ ၂၀၀၉ ခုနှစ် မေလ ၁၂ ရက် နေ့မှ စတင်ကာ နေ့စဉ် နံနက် ၅ နာရီမှ ည ၁ နာရီ အထိ နာရီ ၂၀ ထုတ်လွှင့်ခဲ့သည်။

ပုဂ္ဂလိက ကုမ္ပဏီတခုဖြစ်သော Forever Group နှင့် ပြန်ကြားရေး ၀န်ကြီးဌာနတို့ ပူးပေါင်းကာ MRTV 4 အစီအစဉ်ကို ထုတ် လွှင့်ပေးနေသကဲ့သို့ Myanmar International (MRTV-3) ရုပ်သံ အစီအစဉ်ကိုလည်း ရွှေသံလွင် ကုမ္ပဏီနှင့် ပူးပေါင်းဆောင် ရွက်နေခြင်း ဖြစ်သည်။

စစ်အစိုးရပိုင် ရုပ်သံလိုင်းများဖြစ်သော မြန်မာ့ ရုပ်မြင်သံကြား(MRTV)ကို ၁၉၈၀ ပြည့်နှစ် ဒီဇင်ဘာ ၊ ၁၉၉၅ ခုနှစ် တပ်မတော် နှစ်(၅၀) ပြည့် ရွှေရတုတွင် မြ၀တီရုပ်မြင်သံကြား ၊ ၂၀၀၁ ခုနှစ် သြဂုတ်လ တွင် MRTV 3 ၊ ၂၀၀၄ ခုနှစ်တွင် MRTV 4 တို့ကို စတင် ထုတ်လွှင့် ပြသခဲ့သည်။

ရှရှားလုပ် စစ်သုံးရဟတ်ယာဉ် အစီး ၅၀ မြန်မာ့ လေတပ်ဝယ်ယူ



ဧရာဝတီ
မြန်မာ့ လေတပ် အတွက် ရှရှား မှ Mi-24 စစ်သုံး ရဟတ်ယာဉ် အစီး ၅၀ နှင့် Mi-2 သယ်ပို့ ရဟတ်ယာဉ် ၁၂ စီး ဝယ်ယူ လိုက်ကြောင်း လေတပ် အသိုင်းအဝန်းမှ သိရသည်။

စစ်အစိုးရအနေဖြင့် တပ်မတော် (လေ) အတွက် Mi-24 အမျိုးအစား စစ်သုံး ရဟတ်ယာဉ်များ ဝယ်ယူခြင်းမှာ ယခုအကြိမ် သည် ပထမဆုံး ဖြစ်သည်။


Mi-24 အမျိုးအစား စစ်သုံး ရဟတ်ယာဉ်
“Mi-24 တိုက်ခိုက်ရေး ရဟတ်ယာဉ် အစီး ၅၀ နဲ့ Mi-2 ရဟတ်ယာဉ် တဒါဇင် ရှရှားကနေ ဝယ်လိုက်ပါတယ်။ မိတ္ထီလာ ပျံသန်း လေ့ကျင့်ရေး အခြေစိုက်စခန်းမှာ အခု အစိတ်အပိုင်းတွေ တပ်ဆင်နေပါပြီ”ဟု လေတပ်နှင့် နီးစပ်သူတဦးက ပြော သည်။

“ရဟတ်ယာဉ်တွေ တပ်ဆင်မှု အပြီးသတ်ရင် တပ်ဖွဲ့ လေးဖွဲ့ကို ခွဲပြီး ချပေးမှာပါ။ အဲဒီ ရဟတ်ယာဉ်တွေကိုရမယ့် တပ်ဖွဲ့ လေးဖွဲ့ ထဲက နှစ်ဖွဲ့ကတော့ မကွေး လေတပ် အခြေစိုက်စခန်းနဲ့ အေလာ လေတပ် အခြေစိုက် စခန်းတွေပါ”ဟု ၎င်းက ဆက်လက် ပြောသည်။

လက်ရှိ မြန်မာ့ လေတပ် အခြေစိုက်စခန်း ၁၅ ခုရှိသည်။ နေပြည်တော်ခရိုင်၊ လယ်ဝေးမြို့နယ်ရှိ အေလာ လေတပ် စခန်းသည် နောက်အကျဆုံး ဖွင့်လှစ်သည့် စခန်းသစ်ဖြစ်ပြီး ထိပ်တန်း ဗိုလ်ချုပ်ကြီးများနှင့် ပြည်တွင်းနှင့် နိုင်ငံတကာမှ အစိုးရ အရာရှိများ လိုက်ပါလာသည့် လေယာဉ်များ ဆင်းသက်လေ့ရှိကြောင်း သိရသည်။

မြန်မာ့လေတပ်ကို ခေတ်မီသည့် လေတပ်အဖြစ် အဆင့်မြှင့်တင်ရန် လေတပ် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး မြတ်ဟိန်းက ရှရှားနိုင်ငံနှင့် ညှိနှိုင်းပြီး တနှစ်အကြာတွင် ဤ စစ်သုံး ရဟတ်ယာဉ်များ ဝယ်ယူခဲ့ခြင်းဖြစ်သည်။

မြန်မာ့လေတပ်သည် ၁၉၅၆ ခုနှစ်တွင် ကာဝါစကီ ဘဲလ် 47G ရဟတ်ယာဉ် ၆ စီးကို ဂျပန်မှ ဝယ်ယူခဲ့သည်။ ၁၉၇၅ ခုနှစ်တွင် မူးယစ်ဆေးဝါး တိုက်ဖျက်နှိမ်နင်းရေး အစီအစဉ်အတွက် အမေရိကန်မှ ဘဲလ် 205A-1 ရဟတ်ယာဉ် ၁၈ စီး ထောက်ပံ့ ပေး အပ် ခဲ့သည်။ ထို့နောက်ပိုင်း အဆင့်ထပ်မံ မြှင့်တင်နိုင်ခြင်း မရှိခဲ့ပေ။

ထို့နောက် စစ်အစိုးရသည် ရဟတ်ယာဉ် အစီး ၇၀ ခန့် ထပ်မံ ဝယ်ယူခဲ့ပြီး ယင်းတို့အနက် တချို့ကို အသုံးပြုနေဆဲဖြစ်သည်။ အများအားဖြင့် ယင်းရဟတ်ယာဉ်များကို ရန်ကုန်တိုင်းရှိ မှော်ဘီ၊ ရှမ်းပြည်နယ်ရှိ နမ့်ဆမ်၊ ပဲခူးတိုင်းရှိ တောင်ငူ လေတပ် အခြေစိုက် စခန်းများနှင့် မန္တလေးတိုင်းရှိ မိတ္ထီလာ မြေပြင် လေ့ကျင့်ရေး လေတပ် အခြေစိုက် စခန်းများတွင် ဖြန့်ကျက် ထားရှိသည်။

၂၀၀၁ ခုနှစ်တွင် Mi-17 ရဟတ်ယာဉ်တစီး ပျက်ကျခဲ့ရာ ဒုတိယ ဗိုလ်ချုပ်ကြီး တင်ဦး အပါအဝင် အဆင့်မြင့် အရာရှိများ သေဆုံးခဲ့သည်။

ယခုနှစ် ဇွန်လအတွင်းကလည်း ပင်းဒယမြို့နယ်အနီးတွင် တောင်ငူ လေတပ်စခန်းမှ Mi-2 ရဟတ်ယာဉ်တစီး ပျက်ကြခဲ့ရာ လေးဦး သေဆုံးခဲ့သေးသည်။

လေတပ်ကို မြန်မာနိုင်ငံ လွတ်လပ်ရေးမရမီ ၁၉၄၇ ခုနှစ်ကတည်းက စတင် တည်ထောင်ခဲ့သည်။

FEC ဈေးကွက်



ဧရာဝတီ
စစ်အစိုးရ ထုတ်ဝေထားသော FEC (Foreign Exchange Certificate) ဈေးနှုန်း အလွန်အမင်း ကျဆင်းသွား သောကြောင့် အရောင်း အ၀ယ် ရပ်ဆိုင်းပြီး ဈေးကွက် မတည်မငြိမ် ဖြစ်နေကြောင်း သတင်းရရှိသည်။

စက်တင်ဘာလ ၆ ရက်နေ့က FEC တယူနစ်လျှင် ၈၈၀ ကျပ် ရှိနေရာမှ သုံးရက် အတွင်း FEC တယူနစ် ၇၃၀ ကျပ်အထိ ကျသွားပြီး အရောင်း အ၀ယ်ရပ်ကာ ဈေးကွက် ပျက်သွားခြင်း ဖြစ်သည်။

“FEC တဒေါ်လာကို ၇၃၀။ အရောင်း အ၀ယ်လုံးဝ မရှိတော့ဘူး။ ကြိုက်ရောင်း ကြိုက်ဝယ် ပုံစံဖြစ်နေတယ်။ အကျ မြန်လွန်းလို့ အခု FEC အရောင်း အ၀ယ် မလုပ်တော့ဘူး” ဟု ရန်ကုန်မြို့ မဟာဗန္ဓုလ ပန်းခြံလမ်းအနီး ပြည်ပ ငွေကြေး ရောင်းဝယ်သည့် စီးပွားရေး သမားကြီး တဦးက ပြောသည်။

အမေရိကန် ဒေါ်လာဈေးမှာလည်း ကျဆင်းလျက်ရှိပြီး တဒေါ်လာလျှင် ၉၂၅ ကျပ်ရှိသော ကြောင့် FEC နှင့် အမေရိကန်ဒေါ်လာ ဈေးကွာဟမှုမှာ တဒေါ်လာလျင် ၁၉၅ ကျပ် ခြားနားနေသည်။

“အမေရိကန်ဒေါ်လာက တဒေါ်လာ ၉၇၀ ကနေ ၉၂၅ အထိ ကျတယ်” ဟု နိုင်ငံခြားငွေ ရောင်းဝယ်သူ ကုန်သည်တဦးက ပြောသည်။

FEC အရောင်းအဝယ် လုံးဝမရှိသော်လည်း အမေရိကန်ဒေါ်လာ အရောင်းအဝယ်မှာမူ အနည်းငယ်ရှိနေကြောင်း သိရသည်။

၂၀၁၀ ရွေးကောက်ပွဲအပြီး နိုင်ငံခြားငွေကြေးဆိုင်ရာ ပေါ်လစီများနှင့် ဘဏ္ဍာရေး မူဝါဒဆိုင်ရာ ပေါ်လစီအသစ်များ ထွက်ပေါ်လာကာ FEC သုံးစွဲခြင်း ရပ်ဆိုင်းနိုင်သည်ဆိုသော ကောလာဟလသတင်းများ ကျယ်ကျယ် ပြန့်ပြန့်ထွက် ပေါ်လာခြင်း အပါအ၀င် စီးပွားရေးအရ အသုံးဝင်မှုနည်းလာသည်ဆိုသော အချက်များကြောင့် FEC တန်ဖိုး ရုတ်တရက် ကျဆင်း သွားရခြင်းဖြစ်ကြောင်း မြန်မာ့စီးပွားရေးဘဏ်မန်နေဂျာ တဦးက သုံးသပ်သည်။

“ရွေးကောက်ပွဲပြီးတဲ့နောက် ဖြစ်ပေါ်လာတဲ့ အစိုးရသစ်အနေနဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ လိုချင်ရင် ပြည်တွင်းမှာ
တင်းကျပ်ထားတဲ့ နိုင်ငံခြားငွေသုံးစွဲခွင့် ပေါ်လစီတွေကို ဖြေလျှော့ပေးရမယ်။ နိုင်ငံခြားငွေ တရားဝင် ကိုင်ဆောင် သုံးစွဲခွင့်ရှိလာရင် FEC က တန်ဖိုးမရှိတဲ့ စက္ကူဖြစ် သွားနိုင်တယ်” ဟု ၎င်းက ပြောသည်။

ထို့အပြင် FEC သုံးစွဲနိုင်မှု အခွင့်အလမ်း နည်းပါးလာခြင်းကလည်း တန်ဖိုး အလွန်ကျဆင်းစေသော အကြောင်းရင်း တရပ်ဖြစ်သည်ဟု သူက ဆိုသည်။

“အရင်တုန်းက ဖုန်းဘီလ်ဆောင်တာ၊ စက်သုံးဆီဝယ်တာ၊ ကုမ္ပဏီအခွန်ဆောင်တာတွေလို နေရာ မျိုးတွေမှာ FEC ဒေါ်လာကို တွင်တွင်ကျယ်ကျယ် သုံးခဲ့ကြတယ်။ ပုဂ္ဂလိကဆီဆိုင်တွေ၊ တခါသုံးဖုန်းကတ်တွေ ပေါ်လာပြီးတဲ့နောက်မှာ FEC
အသုံးဝင်မှု အရမ်းနည်းလာတယ်” ဟု ခရီးသွား အေဂျင်စီပိုင်ရှင်တဦးက ပြောသည်။

၂၀၁၀ ရွေးကောက်ပွဲ နီးကပ်လာသည်နှင့်အမျှ စီးပွားရေးသမားများသည် လုပ်ငန်းသစ်များကို ရင်းနှီးမြှုပ်နှံခြင်းမပြုဘဲ နိုင်ငံရေး အခြေအနေကို စောင့်ကြည့်ကာ လုပ်ငန်းဟောင်းများကိုသာ မှေးလုပ်နေကြခြင်းကြောင့် စီးပွားရေး ရပ်တန့်သည့် အနေအထား ဖြစ်ပေါ်နေပြီး အမေရိကန် ဒေါ်လာ နှင့် FEC ဈေးများ ထိုးကျခြင်းဖြစ်သည်ဟု စီးပွားရေး ပညာရှင် တချို့က သုံးသပ်သည်။

ထိုင်း - မြန်မာ နယ်စပ် မြဝတီ ကုန်သွယ်ရေး ရပ်တန့်နေခြင်းကလည်း ကုန်သွယ်ရေး လုပ်ငန်းများကို များစွာ ထိခိုက်စေပြီး ငွေကြေးဈေးနှုန်းများ ကျဆင်းစေကြောင်း ကုန်သည်များက ဆိုကြသည်။

ပို့ကုန်သွင်းကုန် လုပ်ငန်းများ အလွန် နှေးကွေးနေခြင်းကြောင့် ပို့ကုန်ဝင်ငွေ (Export Earning) ဈေးများ ဆက်တိုက် ကျဆင်းလျက်ရှိသည်။

“ပို့ကုန်ဝင်ငွေ အမေရိကန် တဒေါ်လာ ၈၈၅ ကျပ် ဝန်းကျင်ပါ။ ပို့ကုန်ဝင်ငွေ ဈေးကွက်လည်း ရပ်နေတယ်” ဟု မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်မှ ဂဏန်းလုပ်ငန်းရှင်တဦးက ပြောသည်။

မြန်မာ့ရွှေဈေးကွက် တွင်လည်း အကယ်ဒမီအခေါက်ရွှေ ၁ ကျပ်သားလျှင် ၆၅၀၀၀၀ ၀န်းကျင်မှ ၆၃၅၀၀၀ အထိ ဈေးကျသွားသည်။

စီးပွားရေး နှေးကွေးခြင်းအပြင် ပြည်တွင်း၌ မြန်မာကျပ်ငွေ ရှားပါး လာခြင်းကလည်း FEC ၊ အမေရိကန်ဒေါ်လာ၊ ပို့ကုန်ဝင်ငွေ နှင့် ရွှေဈေးများ နိမ့်ကျစေသော အကြောင်းရင်း ဖြစ်သည်ဟု ပြည်တွင်း စီးပွားရေးပညာရှင်တဦးက ပြောသည်။

“အစိုးရက အခွန်အခတွေတိုးကောက်တယ်၊ လိုင်စင်မဲ့ကားတွေ ဒဏ်ရိုက်ပြီး လိုင်စင်တွေ ထုတ်ပေးတယ်။ ကားတွေ လေလံပစ်တယ်။ ပြည်သူပိုင်လုပ်ငန်းတွေ လေလံပစ်တယ်။ မြေကွက်တွေရောင်းတယ်။ ဆီဆိုင်တွေရောင်းတယ်။ အဲဒီတော့ ကျပ်ငွေက အစိုးရဆီကို အလုံးအရင်းနဲ့ ပြန်ဝင်သွားတယ်။ လူတွေလက်ထဲမှာ လုပ်ငန်းတွေ၊ ကားတွေ၊ မြေကွက်တွေနဲ့ စက်ရုံ၊ အလုပ်ရုံတွေ ရောက်လာပြီး ပိုက်ဆံ ရှားသွားတယ်။ အဲဒီတော့ ငွေလိုချင်တဲ့အခါ ရွှေတို့၊ ဒေါ်လာတို့ ထုတ်ရောင်းရလို့ ဈေးကျတာ” ဟု ၎င်းက ပြောဆိုသည်။

FEC၊ အမေရိကန်ဒေါ်လာ၊ ပို့ကုန်ဝင်ငွေ နှင့် ရွှေဈေး ကျသော်လည်း ဆန်၊ ဆီ၊ ဆား စသည့် အခြေခံ စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းဈေးနှုန်းများမှာ လိုက်ပါကျဆင်းခြင်း မရှိကြောင်း ဘုရင့်နောင်ပွဲရုံပိုင်ရှင်များက ပြောသည်။

Tuesday, September 7, 2010

ဆက်သွယ်ရေးလုပ်ငန်း ဦးတေဇထံ လွှဲပြောင်း

နရီလင်းလက်
မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း လက်အောက်ရှိ တယ်လီဖုန်းလိုင်း ဝန်ဆောင်မှု လုပ်ငန်းအားလုံးကို စီးပွားရေး လုပ်ငန်းရှင် ဦးတေဇအား လွှဲပြောင်း ပေးမည်ဟု မြန်မာ့ ဆက်သွယ်ရေး အသိုင်းအ၀န်းမှ သိရသည်။

“မြန်မာ့ ဆက်သွယ်ရေးက ကြီးကြပ်ညွှန်ကြားမှု လောက်ပဲ လုပ်တော့မယ်။ တယ်လီဖုန်းလိုင်း လျှောက်တာ၊ ဖုန်း ကွန်ပလိန်း တင်တာက အစ နောင်ကို ဦးတေဇရဲ့ E -Lite ကုမ္ပဏီ နဲ့ Central Marketing ကုမ္ပဏီ တွေကပဲ လုပ်သွားမှာ” ဟု မြန်မာ့ ဆက်သွယ်ရေးမှ အရာရှိတဦးက ပြောသည်။

၂၀၀၉ ခုနှစ် ကုန်ပိုင်းမှ စတင်ကာ အစိုးရပိုင် အဆောက် အအုံများကို ပုဂ္ဂလိကသို့ လွှဲပြောင်း ရောင်းချခဲ့ သကဲ့သို့ အစိုးရ ၀န်ဆောင်မှု တချို့ကိုလည်း လုပ်ပိုင်ခွင့် လွှဲပြောင်းပေး ခြင်းများ ရှိခဲ့ရာ ဦးတေဇပိုင် ကုမ္ပဏီ ၂ ခုက ဆက်သွယ်ရေး ဝန်ဆောင်မှုများ လုပ်ကိုင်ခွင့် ရခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထူး ကုမ္ပဏီ၏ လက်အောက်ခံ ကုမ္ပဏီတစ်ခုဖြစ်သော Central Marketing ကုမ္ပဏီသည် CDMA 800 MHZ မိုဘိုင်းဖုန်းများ ထုတ်လုပ်ရောင်းချနေပြီး E – Lite ကုမ္ပဏီသည်လည်းဖိုက်ဘာ ဆက်ကြောင်းဖြင့် အင်တာနက်၊ ရုပ်မြင်သံကြားလိုင်း၊ တယ်လီဖုန်းလိုင်း ၃ မျိုး အသုံးပြုနိုင်သော Fiber to the Curb၊ Fiber to the Home၊ Fiber to the Building (FTTx) ကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်ခွင့်ရရှိခဲ့သည်။

“ဦးတေဇရဲ့ ကုမ္ပဏီက တာဝန်ယူပြီး ၇၁ - ၇၂ နဲ့ စတဲ့ ခြင်းဖုန်းတွေ အပါအ၀င် နံပါတ် ၉၉၊ ၈၀ နဲ့စတဲ့ ဖုန်းတွေအကုန်လုံးကို တဖြည်းဖြည်းချင်းစီ CDMA 450 ကမ်းရိုးတန်း ဖုန်းတွေနဲ့ လဲပေးသွားဖို့စီစဉ်နေပြီ” ဟု မြန်မာ့ဆက်သွယ်ရေးမှ အရာရှိက ဆိုသည်။

မိုဘိုင်းဖုန်းအနေနှင့် CDMA နှင့် GSM အမျိုးအစားများသာ ထားရှိ သွားရန် စီစဉ်မည် ဖြစ်ပြီး မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ ၀န်ဆောင်မှု လုပ်ပိုင်ခွင့်ကို လွှဲပြောင်း ပေးလိုက်ခြင်းဖြစ်ကြောင်း သူက ပြောသည်။

“အခုလို လုပ်ပိုင်ခွင့် မပေးခင်ကတည်းက CDMA လိုင်းတွေ အများကြီး တိုးပြီးချပေးနေတာ။ အစိုးရက သူ့လူတွေ စီးပွားရေး လုပ်လို့ရအောင် လမ်းဖွင့်ပေးတဲ့ သဘောပဲ။ အဲဒီအချိန်ကတည်းကလည်း လုပ်ပိုင်ခွင့်တွေ နည်းနည်းချင်းစီ ပေးနေပြီ” ဟု ဆက်သွယ်ရေး အင်ဂျင်နီယာတဦးက ပြောသည်။

၎င်းက ဆက်လက်၍ “ကမ်းရိုးတန်းဖုန်းဆိုပြီး အရင် ZTE ဆိုတဲ့ တရုတ်ကုမ္ပဏီတခုနဲ့ လုပ်လိုက်သေးတယ်။ အာဏာပိုင် တွေက သူတို့ နဲ့ နီးစပ်တဲ့သူတွေကိုပဲ ပေးမယ်ဆိုတော့ ဒီကုမ္ပဏီတွေလည်း အလုပ်မဖြစ်တော့ဘူး။ ထိန်းချုပ်ရေး စခန်းတွေကို စီးပွားရေး လုပ်ငန်းရှင်တွေက ငွေကြေးအကုန်ခံ ဆောက်ပေးနေတယ်” ဟု သူက ပြောသည်။

၂၀၁၀ ပြည့်နှစ်အတွင်း CDMA 800 MHZ ဖုန်းလိုင်း ၁ သိန်းအတွက် ဆက်သွယ်ရေးစခန်း ၄၂ ခု ထပ်မံတိုးချဲ့ တည်ဆောက် မည်ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ထုတ်ပြန်ထားသည်။

“ပြီးခဲ့တဲ့လ နေပြည်တော်မှာ လုပ်တဲ့ အစည်းအဝေးမှာ အာဏာပိုင်တွေ ပြောသွားတာ တခုက ပြည်တွင်းကရော ပြည်ပကပါ ပုဂ္ဂလိကပိုင် လွှဲပေးတာနဲ့ ပတ်သက်ပြီး ဝေဖန်ပြောဆိုမှုတွေ ရှိနေတဲ့အတွက် သူတို့အနေနဲ့ ပြည်ပရင်းနှီးမြှုပ်နှံမှုတွေကို ဖိတ် ခေါ်မယ်၊ ဒီလိုပဲ ပြည်တွင်း စီးပွားရေးလုပ်ငန်းရှင်တွေ အနေနဲ့ သူတို့တွေနဲ့ ယှဉ်ပြိုင်နိုင်အောင် စီစဉ်ထား ဆိုပြီး ပြောခဲ့တယ်” ဟု စီးပွားရေးလုပ်ငန်းရှင်တဦးက ဆိုသည်။

တယ်လီဖုန်း ၀န်ဆောင်မှုလုပ်ငန်းအား ပုဂ္ဂလိကပိုင်သို့ လွှဲပြောင်းပြီးနောက်တွင် ပိုမိုမြန်ဆန်ကောင်းမွန်လာမည်ဟု မျှော်လင့် ကြောင်းလည်း သူက ဆိုသည်။

လက်ရှိ မြန်မာနိုင်ငံတွင် အော်တိုတယ်လီဖုန်း (ကြိုးဖုန်း) အလုံးရေ ၈၆၆ ၀၈၄၊ ARTS ရေဒီယို တယ်လီဖုန်း အလုံးရေ ၃၈၅၆၊ DECT ရေဒီယို တယ်လီဖုန်းအလုံးရေ ၁၉၄၉၊ CDMA (Fixed) တယ်လီဖုန်း အလုံးရေ ၂၀၀၃၈၊ CDMA (Mobile) တယ်လီဖုန်း အလုံးရေ ၅၄၅၆၅၀၊ CDMA 800 တယ်လီဖုန်း အလုံးရေ ၁၅၀၀၀၀၊ D-AMPS တယ်လီဖုန်း အလုံးရေ ၃၈၄၀၀၊ GSM တယ်လီဖုန်း အလုံးရေ ၄၉၄၃၀၀၊ WCDMA တယ်လီဖုန်းအလုံးရေ ၂၈၀၀၀ နှင့် McWLL တယ်လီဖုန်းအလုံးရေ ၅၀၀၀၀ တို့ အသုံးပြုလျက်ရှိကြောင်း သိရသည်။

အစိုးရပိုင် စီးပွားရေး ၀န်ဆောင်မှုလုပ်ငန်းများထဲမှ ပုဂ္ဂလိကပိုင်အဖြစ်သို့ မြန်မာ့ ကြယ်ငါးပွင့်လုပ်ငန်း၊ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်၊ အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်းနှင့် မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း စုစုပေါင်း ၄ ခုတို့ကို လွှဲပြောင်း ပေးခဲ့ပြီး ဖြစ်သည်။

ဦးတေဇကို စစ်အစိုးရနှင့် နီးစပ်သည့် စီးပွားရေးလုပ်ငန်းရှင်ကြီးတဦးဟု အများက သတ်မှတ်ထားပြီး နိုင်ငံ၏အဓိက စီးပွားရေး လုပ်ငန်းကြီးများဖြစ်သော ဘဏ်လုပ်ငန်း၊ လေကြောင်းလိုင်း လုပ်ငန်း စသည်တို့ကို လုပ်ကိုင်ခွင့် ရရှိထားသူလည်း ဖြစ်သည်။
၎င်းသည် အနောက်နိုင်ငံများ၏ စီးပွားရေးဒဏ်ခတ် ပိတ်ဆို့ခံရသူများစာရင်းတွင် ထိပ်ဆုံးမှ ပါဝင်သူဖြစ်သည်။

ငမိုးရိပ်တံတား အဆက်များ ပျက်စီးမှု စိုးရိမ်ရ



အောင်ထက်
တောင်ဥက္ကလာပမြို့နယ်နှင့် မြောက်ဒဂုံမြို့နယ်တို့ကို ဆက်သွယ်ထားသော ငမိုးရိပ်ချောင်းကူး ငမိုးရိပ်တံတားဧ။် ကြမ်းခင်း အဆက်အဟ နှစ်နေရာသည် အန္တရာယ်ရှိနိုင်လောက်အောင် ဆိုးရွားစွာ ပျက်စီးနေ၍ အရေးပေါ် ပြင်ဆင်လျက်ရှိသည်။

ဘေလီတံတားဟု ဒေသခံတို့ ခေါ်ဝေါ်လေ့ရှိသော အဆိုပါတံတားသည် တည်ဆောက်ပြီးကတည်းက ကြံ့ခိုင်မှု အားနည်းပြီး ယခုအခါ ကြမ်းခင်းအဆက်အဟ (၈) နေရာလုံး အနည်းနှင့်အများ ပျက်စီးလျက်ရှိသည်ဟု သိရသည်။

“တောင်ဥက္ကလာအတက် တံတားအဟအဆက် နံပါတ် (၁) နဲ့ (၂) ကို အရေးပေါ် ပြင်ဆင်နေပါတယ်။ ကျန်အဆက်အဟ နေရာတွေကိုလည်း ဆက်လက် ပြင်ဆင်သွားမှာပါ။ ယာဉ်ကြောပိတ်ဆို့မှု နည်းအောင် ညပိုင်းမှာ ပြင်ဆင်ရတော့ ပြင်ဆင်ကာလ ဘယ်လောက်ဆိုတာ မှန်းမရဘူး” ဟု ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း တာဝန်ကျ အင်ဂျင်နီယာတဦးက ပြောသည်။

စက်တင်ဘာ (၃) ရက် နံနက် (၆) နာရီခန့်က ခရီးသည်တင် ပါရမီ ဒေ၀ူးယာဉ် (၄) စီး တံတားပေါ်တွင် ရှေ့ဆင့်နောက်ဆင့် အရှိန်ပြင်းပြင်း မောင်းတက်ခဲ့သည့်အတွက် တံတားမှာ လိုအပ်သည်ထက် ယမ်းခါခဲ့ကြောင်း၊ အဆက်အဟနေရာများ ပို၍ ပျက်စီးသွားရကြောင်း ထိုနေ့နံနက် တာဝန်ကျ ယာဉ်ထိန်းရဲတဦးက ပြောသည်။

ယင်းနေ့ နံနက် (၉) နာရီခန့်တွင်ပင် ကိုယ်ပိုင် ယာဉ်ငယ်တစီး တံတားကြမ်းခင်းအဆက် နံပါတ် (၂) နေရာ၌ ကျွံကျသွား၍ ရှေ့ကားတစီးဖြင့် ချိတ်ဆက် ဆွဲတင်ခဲ့ရသည်ဟု မျက်မြင်တို့က ပြောသည်။

“အဲဒီယာဉ်ငယ် တံတားအဆက် ကြမ်းခင်းကျွံကျပြီးကတည်းက တောင်ဥက္ကလာအတက် ယာဉ်ကြောကို ပိတ်လိုက်ရတယ်။ ယာဉ်ကြောတခုတည်းကို ယာဉ် နှစ်လိုင်း မျှသုံးရတယ်။ တောင်ဥက္ကလာနဲ့ မြောက်ဒဂုံ တံတားအတက်တွေမှာ ယာဉ်ထိန်း (၁၀) ဦးခန့် လမ်းကြောရှင်းနေရတယ်” ဟု တံတားလုံခြုံရေး တာဝန်ကျ ရဲတဦးက ပြောသည်။

ငမိုးရိပ်တံတားသည် ကုန်တင်ယာဉ် အသွားအလာ နည်းသော်လည်း ခရီးသည်တင်ယာဉ် အများဆုံးဖြတ်သန်းရာ မြောက်ဒဂုံ ၀င်ပေါက်တခု ဖြစ်သည်။

အဆိုပါ ငမိုးရိပ်တံတားသည် သံလျင်မြို့အ၀င် သံလျင်တံတားကဲ့သို့ ဂျွိုင်းဆက် အံထိုး ခင်းထားခြင်းမဟုတ်ဘဲ တေ့ဆက် ဆက်ထားကြောင်း၊ တေ့ဆက်သည် ဂျွိုင်းဆက်လောက် ယာဉ်သွားလာမှုကို ခံနိုင်ရည် မရှိသည့်အပြင် အောက်ခြေ ရေစီးအားကြောင့် တံတားတိုင် တုန်ခါခြင်းကိုလည်း ခံနိုင်ရည်နည်းကြောင်း၊ ထို့ကြောင့် ယာဉ်အသွားအလာများခြင်းနှင့် အောက်ရေ ရေစီးအားတို့ကြောင့် ငမိုးရိပ်တံတား အဟအဆက်များ ပိုမိုကျယ်လာကာ အသုံးပြုပြီး (၁၀) နှစ်ကျော်အကြာတွင် ယခုကဲ့သို့ သိသာစွာ ပျက်စီးလာခြင်းဖြစ်ကြောင်း အငြိမ်းစားဆောက်လုပ်ရေး အင်ဂျင်နီယာတဦးက ပြောသည်။

၎င်းက “တံတားကြမ်းခင်း အဆက်အဟနေရာတွေကို ကားတာယာတွေ၊ သစ်သားချောင်းတွေနဲ့ အလွယ် ဖာထေးထားတယ်။ တနေ့ ကားနင်းတာနဲ့ ဒါတွေက ကျိုးကျေကုန်တယ်။ ဒီတံတားက နဂိုကတည်းက ကြံ့ခိုင်မှု အားနည်းနေတယ်။ ယာဉ်တွေဖြတ်ရင် လိုအပ်သည်ထက် ပိုပြီး ယမ်းခါတယ်။ အဓိက တည်ဆောက်ထားတာ စနစ်မကျဘူး။ တည်ဆောက်ရေး ပစ္စည်းတွေ လျှော့သုံးထားတယ်။ ကြာရင် ဘေလီတံတား ကျိုးကြနိုင်တယ်” ဟု သုံးသပ်သည်။

အဆိုပါတံတားသည် လမ်းအဆင့် နိမ့်ကျစွာ တည်ဆောက်ထားပြီး တံတား၏ သတ်မှတ်ခံနိုင်ဝန်နှင့် ဖြတ်သန်းယာဉ် အရေအတွက် မမျှတခြင်းကြောင့် ယခုကဲ့သို့ ဆောလျင်စွာ ပျက်စီးခြင်း ဖြစ်နိုင်သည်ဟု ခရီးသွားပြည်သူတို့က ခန့်မှန်းကြသည်။

ရုံးဝန်ထမ်းတဦးကလည်း “တံတားကြမ်းခင်း အဆက်အဟ နေရာအားလုံး ပျက်စီးနေတယ်။ လူသွားလမ်းဘေး နှစ်ဖက်မှာလည်း အပေါက်အပြဲတွေချည်းပဲ။ မြောက်ဒဂုံဘက်အဆင်း လူသွားလမ်းဆို ပေ (၂၀) လောက်အရှည် ကျွံကျနိမ့်ဝင်နေတယ်” ဟု ပြောကြားသည်။

ငမိုးရိပ်တံတားသည် ပေ (၁၈၀) အထက် သံမဏိသံဘောင် အသုံးပြု သံကူကွန်ကရစ် တံတားတစင်းဖြစ်ပြီး ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း၊ တံတားဆောက်လုပ်ရေးအဖွဲ့မှ တည်ဆောက်ကာ ၁၉၉၇ စက်တင်ဘာ (၉) ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့သည်။

Sunday, September 5, 2010

၁၉၉၀ နဲ့  ၂၀၁၀ ဘာကွာလဲ

၁၉၉၀ မှာ နေရာတိုင်း မဲ ပေးလို့ ရတယ်
၂၀၁၀ မှာ မြန်ပြည် နေရာတိုင်း သွားမရ သလို နေရာ တိုင်း မဲ ဆန္ဒ နယ် မပြုလုပ် နိုင် ဘူးဆိုရင် နအဖ လက်ထက် ဆုံးရှုံးသွားသော နယ်မြေ များ ရှိလာပြီး
၂၀၁၀ ရွေးကောက် ပွဲ က ပြည်ထောင်စု မြန်ပြည် ရဲ့  ကောင်းခြင်း ဆိုးခြင်း တွေ့  ရ မှာ မလွဲ စောင့် မျှော် ရင်း

Friday, September 3, 2010

မိုင်းလားနှင့် ပန်ဆန်းမြို့များရှိ အစိုးရဝန်ထမ်းများကို ပြန်ခေါ်

သန်းထိုက်ဦး
“၀” ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) ဌာနချုပ်ရှိရာ ပန်ဆန်းမြို့နှင့် ရှမ်းပြည် အရှေ့ပိုင်း အထူးဒေသ (၄) အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (NDAA) အခြေစိုက်ရာ မိုင်းလားမြို့များသို့ ပို့ထားသည့် အစိုးရ၀န်ထမ်း များကို နအဖ စစ်အာဏာပိုင်များက နေရပ်သို့ ပြန်ခိုင်းနေပြီ ဖြစ်ကြောင်း သိရသည်။

မိုင်းလားဒေသတွင် အစိုးရ ကျန်းမာရေး ၀န်ထမ်းများနှင့် ကုန်သွယ်ရေး ၀န်ထမ်းများ အပါအ၀င် ဝန်ထမ်းအင်အား ၂၀၀ ခန့် ရှိကြောင်း တရုတ်-မြန်မာနယ်စပ် သတင်းရပ်ကွက်များက ပြောသည်။

မြန်မာစစ်ခေါင်းဆောင် ဟောင်း ဦးသန်းရွှေ တရုတ်ပြည်သွားမည်

ဗွီအိုအေ
မြန်မာစစ်ခေါင်းဆောင် ဟောင်း ဦးသန်းရွှေဟာ လာမယ့်သီတင်းပတ် အင်္ဂါနေ့ကနေ ၄ ရက်ကြာ ခရီးစဉ်နဲ့ တရုတ်နိုင်ငံကို သွားမှာဖြစ်ပါတယ်။ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရသူ ကျန်းယုက ဒီကနေ့ ဘေဂျင်းမြို့တော်မှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ သတင်းထောက်တွေကို ပြောခဲ့တာပါ။

၂ နိုင်ငံ အပြန်အလှန် ဆက်ဆံရေး တိုးတက်ဖို့၊ တခါ ဒေသတွင်းနဲ့ နိုင်ငံတကာက ၂ နိုင်ငံ ဘုံအကျိုးစီးပွားတွေကို သမ္မတ ဟူဂျင်တောင် (Hu Jintao)၊ ဝန်ကြီးချုပ် ဝမ်ဂျားဘောင် (Wen Jiabao) တို့နဲ့ ဦး သန်းရွှေ တွေ့ဆုံပြီး ဆွေးနွေးကြဖို့ ရှိတယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံက ရွေးကောက်ပွဲနဲ့ ပတ်သက်လို့လည်း မြန်မာပြည်သူတွေရဲ့ အကျိုးအတွက်တင် မဟုတ်ဘဲ ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ သာယာဝပြောဖို့ အတွက်လည်း မြန်မာနိုင်ငံမှာ ငြိမ်းချမ်း တည်ငြိမ် တိုးတက်ဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။

ရွေးကောက်ပွဲတွေ ချောချောမွေ့မွေ့ဖြစ်ပြီး ဒီမိုကရေစီစနစ်ကို ဖော်ဆောင်နိုင်မယ်လို့ တရုတ်အစိုးရက မျှော်လင့်ကြောင်းကို တရုတ် နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ ကျန်းယုက ဒီကနေ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားခဲ့တာပါ။

ဦး သန်းရွှေဟာ ဘေဂျင်းမြို့တော်အပြင် ရှန်ဇန်းမြို့ကို သွားရောက်မှာ ဖြစ်သလို ရှန်ဟိုင်းမြို့မှာ ပြုလုပ်နေတဲ့ ရှန်ဟိုင်း Expo ကုန်စည်ပြပွဲကိုလည်း သွားရောက်ကြည့်ရှုမှာ ဖြစ်ပါတယ်။ ရှန်ဟိုင်း ကုန်စည်ပြပွဲမှာ မြန်မာနိုင်ငံကလည်း နန်းမြို့ရိုးနဲ့ မုခ်ဦးပုံစံ ပြခန်းတခု ဖွင့်လှစ် ပြသထားပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ် ထိပ်ပိုင်းတာဝန် နေရာတွေ အပြောင်းအလဲ ရှိခဲ့ပြီးနောက်မှာ အခုလို ဦး သန်းရွှေ တရုတ်နိုင်ငံကို သွားရောက်မယ်ဆိုတဲ့ သတင်း ပေါ်ထွက်လာခဲ့တာပါ။

မြန်မာနိုင်ငံအပေါ် နိုင်ငံတကာ အလယ်မှာ တရုတ်နိုင်ငံက အကာအကွယ် ပေးနေတဲ့ နိုင်ငံတခု ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ အပြောင်းအလဲဖြစ်ဖို့ တရုတ်အစိုးရက နောက်ကွယ်ကနေ တိုးတိုးတိတ်တိတ် နားချနေတယ်ဆိုတဲ့ ပြောဆိုမှုတွေလည်း ရှိနေတဲ့အတွက် ရွေးကောက်ပွဲ မတိုင်ခင် မြန်မာစစ်ခေါင်းဆောင် ဟောင်းတရုတ်နိုင်ငံ သွားရောက်မယ့်အပေါ် မြန်မာ့အရေး လေ့လာသူတွေက စိတ်ဝင်စားနေကြပါတယ်။

ဦး သန်းရွှေဟာ တရုတ်နိုင်ငံကို အရင်က အနည်းဆုံး ၂ ကြိမ် သွားခဲ့ဖူးပါတယ်။

ရန်ကုန်တွင် နှစ်ထပ်လမ်း နှင့် အိမ်ရာ စီမံကိန်းသစ် ရင်းနှီး မြှုပ်နှံရန် မလေးရှား ကုမ္ပဏီ လာရောက် ဆွေးနွေးမည်

ရန်ကုန်မြို့တွင် နိုင်ငံတကာ အဆင့်မီ နှစ်ထပ် လမ်းများ လုပ်ဆောင်ရန်နှင့် အိမ်ရာ စီမံကိန်း သစ်များတွင် ရင်းနှီး မြှုပ်နှံရန် အတွက် မလေးရှား နိုင်ငံ ကွာလာလမ်ပူ အခြေစိုက် Renexus - group ကုမ္ပဏီမှ နိုဝင်ဘာတွင် လာရောက် ဆွေးနွေးမည် ဖြစ်ကြောင်း ယင်း ကုမ္ပဏီ၏ မြန်မာ နိုင်ငံ ကိုယ်စားလှယ် ဦးကျော်နိုင်က သတင်း ထောက်များ နှင့် တွေ့ဆုံစဉ် ပြောကြားခဲ့ပါသည်။ ကျွန်တော်တို့ Renexus group က မြန်မာနိုင်ငံ မှာ အဆင့်မြင့် နှစ်ထပ် လမ်းနဲ့ အိမ်ရာ စီမံကိန်းကို စိတ်ဝင်စားတဲ့ အကြောင်း ကမ်းလှမ်းခဲ့ ပါတယ်။

လက်ရှိ ရန်ကုန်မြို့၏ ကား အစီးရေမှာ နိုင်ငံတကာရှိ မြို့များနှင့် နှိုင်းယှဉ် ပါက နည်းပါးသော် လည်း ယာဉ်ကြော ရှုပ်ထွေး မှုများ ဖြစ်နေ ခြင်းကြောင့် အဆင့်မြင့် နှစ်ထပ်လမ်းကို လာရောက် လုပ်ဆောင်ရန် စိတ်ဝင်စားခြင်း ဖြစ်ကြောင်း သိရသည်။ Renexusgroup သည် ရုရှား၊ ဗီယက် နမ်၊ နယူးဇီလန်၊ တရုတ် စသော နိုင်ငံများတွင် World Class Master Plan အစီအစဉ်ဖြင့် အဆင့်မြင့် စီမံကိန်း များကို လုပ်ဆောင် ခဲ့ကြောင်း သိရသည်။

ရန်ကုန်မြို့တွင် ကေဘယ်လ်ကြိုး တစ်ချောင်း တည်းဖြင့် ရုပ်သံ၊ ဖုန်း နှင့် အင်တာနက် အသုံးပြု နိုင်ရန် လျှောက်လွှာ စတင်ရောင်း

Elite Tech IT Service Company မှ ရန်ကုန်မြို့ အတွင်း ကေဘယ်လ် (ဝိုင်ယာ) ကြိုးတစ် ချောင်း တည်းဖြင့် ရုပ်သံလိုင်း (IPTV) ၊ ကြိုးဖုန်း (VOIP Phone) နှင့် မြန်နှုန်းမြင့် အင်တာနက် လိုင်းများကို အသုံး ပြုနိုင်ရန် အတွက် လျှောက်လွှာများ စတင် ရောင်းချ နေပြီ ဖြစ်ကြောင်း ယင်း ကုမ္ပဏီ တာဝန် ရှိသူက ပြောသည်။ ရုပ်သံ လိုင်းတွေက ဇာတ်လမ်း ရုပ်ရှင်တွေ နိုင်ငံ တကာ အားကစား လိုင်းများ နာမည်ကြီး သီချင်း၊ မိုးလေဝသ ဆိုင်ရာ သတင်း၊ ဗဟုသုတ ဆိုင်ရာ သတင်း အချက်အလက် တွေကို ကြည့်နိုင်မည့် (IPTV) လိုင်း ၊ Fax Service အသုံးပြု နိုင်မည့် ဂဏန်း ၆ လုံးပါတဲ့ (01.90) နှင့်စတဲ့ VOIP ( ကြိုးဖုန်း) နှင့် မြန်နှုန်းမြင့် အသုံးပြု နိုင်မည့် အင်တာနက်လိုင်းေ တွကို ကေဘယ်လ်ကြိုး တစ်မျိုး တည်းနှင့် အသုံးပြုနိုင်မည့် FTTX (Multi Mode Coexistence) လိုင်းကို ရတနာပုံ တယ်လီပို့နှင့် Elite Tech တို့ ပူးပေါင်းပြီး လုပ်ဆောင် တာပါဟု ၄င်းက ဆက်ပြောသည်။

Elite Tech မှ ယင်းလိုင်းကို တပ်ဆင် လိုသူများ အနေနှင့် ပထမဆုံး စာရင်း ပေးသွင်း ထားရမည် ဖြစ်သည်။ စာရင်း ပေးသွင်းပြီး စတင် အသုံးပြုနိုင်တော့ မည့် အချိန်တွင် Elite Tech Service Company က စာရင်း ပေးသွင်း ထားသည့် သူများကို ဆက်သွယ်၍ အိမ်တိုင် ရာရောက် တပ်ဆင် ပေးမည် ဖြစ်သည်။ စပြီး တပ်ဆင်လို့ ရပြီ ဆိုရင် ကနဦး အစမှာ ကျပ် ၁၀ သိန်း (ယာယီ ဈေးနှုန်း) ပေးရမယ်။ ရုပ်သံ လိုင်းတွေ အတွက်က အခမဲ့ ပေးတဲ့ လိုင်းတွေ ရှိသလို တစ်လချင်း ဝယ်လို့ ရတဲ့ အခပေး လိုင်းတွေလည်း ရှိတယ်။ အဲဒီ လိုင်းတွေ အတွက် လစဉ် ကျသင့်ငွေကို သပ်သပ် ပေးရတယ်။ ဖုန်း အတွက်လည်း ဖုန်း ဘေလ် ကတော့ အထွက်တစ်မိနစ် ၂၅ ကျပ် နှင့် အဝင်က အခမဲ့ပါ။ Internet လိုင်း အတွက် သုံးစွဲခကို နိုင်ငံခြားငွေနဲ့ ပေးရမှာ မဟုတ်ဘဲ မြန်မာ ကျပ်ငွေပဲ သွင်းရ မှာပါဟု အဆိုပါ တာဝန် ရှိသူက ဆိုသည်။

FTTH အဆိုပါ FTTH တွင် FTTH (Fiber to Home, FTTC Fiber to Curb နဲ့ FTTB Fiber to the building ဆိုတဲ့ သုံးမျိုးကို Elite မှ ဝန်ဆောင်မှု ပေးမည် ဖြစ်သည်။ Fiber to the Home ဆိုတာ ဖိုင်ဘာကြိုး တစ်ချောင်း တည်းနဲ့ အင်တာနက်ရော TV လိုင်း တွေရော ဖုန်းလိုင်း တွေရော သုံးလို့ ရတာပေါ့။ သူ့က ADSL လိုင်းလိုမျိုး ကြိုးဖုန်းရှိ မှ အင်တာ နက် သုံးလို့ ရတာ မဟုတ်ဘူး။ ဖိုင်ဘာကြိုး တစ်ချောင်းတည်း နည်း အကုန် သုံးလို့ ရတာပေါ့။ ADSL လိုင်းက မြန်နှုန်းမြင့် တယ်ဆိုတာ ဖိုင်ဘာကို မမီဘူး။ ADSL က Upload/ download လုပ်ရင် 1G လောက်ပဲ ရရင် ဖိုင်ဘာက 10G တွေ အထိရတယ်။ သူက Link တစ်ခု လိုတယ်။ လာတဲ့ ဖိုင်ဘာကို ကြားခံ box တစ်ခု မှာ ထိုးပြီး ကိုယ်လို ချင်တဲ့ လိုင်းတွေ ကို ပြန်ခွဲတာ ဒီမှာ တော့ ဖုန်း၊ အင်တာနက်နဲ့ TV လိုင်း သုံးခု ပြန်ခွဲတာပေါ့။ နိုင်ငံတကာမှာ တော့ အများကြီး ပြန် ခွဲ ကြတယ် Fiber to the building ကတော့ အဆောက် အအုံတို့၊ ကွန်ဒို အကြီးကြီးတွေ အတွက် သုံးတာပါဟု အိုင်တီပညာကျွမ်းကျင် သူ တစ်ဦးက FTTH အကြောင်းကို ရှင်းပြ သည်။

Fiber to the Curb ကတော့ Coporation ကြီးတွေ ဆိပ်ကမ်း ကြီးတွေလိုမျိုးမှာ သုံးတယ်။ သူကတော့ ဝင်လာတဲ့ Fiber ကြိုးကတော့ တစ်ချောင်းတည်း။ အဲဒီကနေ ယူတဲ့ ပမာဏပေါ်မှာ မူတည်ပြီး TV လိုင်း တွေ ဖုန်းလိုင်းတွေ ပြန်ခွဲ ပေးတယ်။ ဝယ်တဲ့လူက လိုင်းတွေခွဲပြီး ပြန်ရောင်း စား တာပေါ့။ FTTH မှာလည်း ဒီလို ပြန်ရောင်းလို့ ရတယ်။ ကိုယ့်အနီး အနားမှာ ရှိတဲ့ လူတွေပေါ့။ ဒါပေမယ့် ဒီ စနစ် က ကုန်ကျ စရိတ်များတယ်။ အိမ် ကို ကြိုးရောက် ဖို့ဘဲ ကုန်ကျစရိတ်က တော်တော်များ နေပြီ။ ကြိုးကို မြေ အောက် မြှုပ်ရတော့ နံရံဖောက်နဲ့ အလုပ်တွေရှုပ်တယ်။ နောက် TV လိုင်း အတွက် လည်း Digital TV အမျိုး အစားမှ ရမယ်။ ကြားခံ ပစ္စည်း တန်ဖိုး အတွက်လည်း ရှိတယ်။ ဆယ်သိန်း ကုန်မယ် ဆိုပေမယ့် တကယ် ကုန်တာ ဒီ့ထက် များတယ်။

နောက်လစဉ်ဖုန်း TV လိုင်း အင်တာနက် ကြေးတွေ ရှိ သေးတယ။် ADSL လိုင်း ယူထားတဲ့ သူတွေက ဒီလိုင်းထပ်ယူရင် အပိုသပ်သပ် ထပ်ကုန်နေရ ဦးမယ်။ ADSL ကနေ ဒီ Fiber စနစ်ကို ကုန်ကျစရိတ် တစ်ခု အနေနဲ့ ပြောင်းပေးရင် ကောင်းမယ်ဟု ၄င်း က ဆက်ပြော သည်။ နိုင်ငံတကာတွင် အဆိုပါ ဖိုင်ဘာ ကြိုးစနစ်ထက် 3G စနစ်နှင့် Wimax ကို တာဝါတိုင် နှင့် မဟုတ်ဘဲ ကတ်ပုံစံဖြင့် အသုံးပြုမှုမှာ ခေတ်စားလာ ပြီး ဖိုင်ဘာကြိုးစနစ်ဖြင့် အင်တာနက် ၊ ဖုန်းနှင့် TV လိုင်းများ ချိတ်ဆက် မှုမှာ နည်းသွားပြီ ဖြစ်ကြောင်း ၄င်း က ဆိုသည်။ 3G လိုင်းစနစ်ပေးလိုက်ရင် ဒီဖိုင်ဘာ စနစ်က အောက်သွားပြီ၊ ဂျပန်မှာ ဒီဖိုင်ဘာ စနစ်နဲ့လုပ်တုန်း 3G စနစ် ပေါ်လာတော့ ဖိုင်ဘာစနစ်ကို ဈေးလျှော့ ပေး တာတောင် ယူတဲ့သူမရှိဘူး။ ဒီမှာ သာ 3G စနစ် ဖွင့်ပေးလိုက်ရင် အင်တာနက် TV ဖုန်းလိုင်းတွေ အတွက် အားလုံး ကောင်းသွားမှာပဲ။ ဖိုင်ဘာစနစ် ကတော့ အိပ်ချိန်းနဲ့ ၂ မိုင် အတွင်း မှာပဲ တပ်ဆင်လို့ ရတယ်ဟု ၄င်းက ဆက်ပြောကြောင်း True News ဂျာနယ်တွင် ဖော်ပြထားသည်။