ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Sunday, January 30, 2011

Egyptians Defy Curfew Again

Protesters in Egypt have defied a curfew for a second night, with reports of some looting, as they continue their demonstrations against President Mubarak.

ဘဝ ၏ ပြည့်စုံ ခြင်း၊ပြည့်ဝခြင်း၊ လူ့ ဘဝကို ကျေနပ်စွာ ခံယူခြင်း

လူတစ်ယောက် မွေးဖွားပြီးနောက် သူ့ ရဲ့ ဘဝတစ်ခု ပိုင်ဆိုင်လာရတယ်။
မလိုချင်လဲ မရ ကိုယ်တိုင် ထုဆစ်ခွင့် က တော့ငယ်ငယ်က မရပေ မဲ့ ကြီးပျင်းလာတာနဲ့ အမျှ ကိုယ်တိုင်ပါဝင်လာရပါတယ်။

လူကြီးမိဘအဖိုးအဖွား အသွန်အသင် နေရာချထားမှု အကြင်နာတရား ရရှိမှု ဘဝကို စတင်လျှောက်လှမ်း ကြရပါတယ်။

ငယ်စဉ်ကပတ်ဝန်းကျင်ရဲ့  အရိပ်ကောင်း ရရင် အကောင်းဆုံးပါ။ မရရင်ရော ဘဝဆိုတာ တလမ်းသွားပါ မိမိကောင်းရင် အကောင်း တဖြည်းဖြည်း လိုက်လာပါတယ်။

ကောင်းရဲ့ သားနဲ့ အဆင်မပြေသူတွေ ရှိလားဆို တော့ အသေအချာ ဆန်းစစ်ကြည့် ရင်သူတို့  အတ္တ နည်းနည်း ပိုနေတာ တို့  စေတနာ ဖြူစင်မှု တစ်ခုခု လိုနေလို့ ပါ။

ငယ်စဉ်မှာ သင်ကြားစရာတွေက
တဖြည်းဖြည်း ပတ်ဝန်းကျင် သင်ခန်းစာတွေ ကျောင်းသင်ခန်းစာတွေ ပြီးတာနဲ့ 
လက်တွေ့ ဖြတ်သန်း လာတော့ လူသဘာဝကို ဆက်စပ်ရတော့ မာနတွေ လောဘတွေ အတ္တတွေ ကြားမှာ ငွေရှာရင်း မျိုးဆက်သစ် အတွက် ကြိုးစားရင်း

ပြည့်စုံခြင်းပြည့်ဝခြင်းကို မခွဲခြားတတ်ပဲ ရှာရင်းရှာရင်းနစ်မျှော်ရင်း မကျေနပ်မှုတွေ နဲ့ ပေးအပ် နေ သူတွေ အများကြီးပါ။

ပြည့်စုံခြင်းအတွက်..
၁။ .ရှိသင့်သော အသိပညာ ရှိရမည်။အတန်းပညာထက် ဘဝ၏ အသိပညာသာ အတန်းပညာတတ်ပြီး ဘဝအတွက် လူသတ်နေရသူတွေ အများကြီးပါ။

၂။ ငွေကြေး ပြည်စုံ လုံလောက်မှု။ တစ်နေ့ စာတစ်နေ့ စားသုံးရန် ဝတ်ဆင်ရန် နေထိုင်ရန် ပူပင်ကြောင့်ကျမှု မရှိပဲ တစ်လစာ တစ်နှစ် အတွက် တွက်ချက် လုံလောက်သော ဝင်ငွေရှိသော အလုပ်အကိုင် ရှိမှု ရှိရပေမည်။

၃။ နေထိုင်မှု အတွက်လိုအပ် သော အခြေခံ ပစ္စည်း ရှိမှု။ နေရာဒေသပေါ် မူတည် ၍ လိုအပ်မှု မတူပေ။ ချက်ပြုတ်စားသောက်ရန် အိုး ခွက်ယောက်ရှိရမည်။အပူအအေးအတွက် လိုအပ်သော ယပ်တောင်သော်လည်းကောင်း ပန်ကာသော်လည်းကောင်း အဲလ်ကွန်း သော်လည်းကောင်း အပူပေးကိရိယာ သော်လည်းကောင်း ထင်းမီးသွေးသော်လည်းကောင်း ရှိနေ ရပေမည်။

၎။ လိုအပ်သော် ဝင်ငွေ ရှိ ပြီး အရံ ငွေကြေးပါစုဆောင်း နိုင်သော အလုပ်အကိုင် ရှိမှု။အလုပ်အကိုင်ကောင်းပြီး လိုအပ်သော် အိပ်ချိန် ပြည့်အောင် မအိပ်ရသော်သူသည် ပြည့်စုံသော်အလုပ်အကိုင် မဟုတ်ပေ။ တချိန်ချိန်မိမိ စိတ် နှင့် ကျန်းမာရေးကို ထိခိုက်လျှင်မကောင်းသောကြောင့်ဖြစ်သည်။

၅။ မိမိ ၏လူကြီးမိဘ အုပ်ထိန်းသူတို့ နှင့် အနာဂတ် ၊မျိုးဆက်သစ်အတွက် စိတ်ချလုံလောက်စွာ ကြည့်ရှု နိုင်သူ ဖြစ်မှု။
အထက်ပါတို့ ပြည့်စုံမှု ကို လူတိုင်း တနိုင်တပိုင် ထမ်းဆောင် နိုင်သူသည် ဘဝ၏ ပြည့်စုံ မှုရှိသူ ဖြစ်သည်။

ငွေကြေးချမ်းသာမှ ဆိုသူ သည် ဘဝအသိပညာ လိုအပ်နေသူသာ ဖြစ်သည်။ငွေ ကြေးခိုင်းစေ ခံရမှု ကို တသက်လုံး အချိန် ကုန်ဆုံး မည့် လူသာဖြစ်သည်။ပညာတတ်ခြင်းနှင့် မဆိုင်ပေ။

ပြည့်စုံမှု၏ အခြေခံ ကို လူတိုင်း လွယ်ကူစွာပိုင်ဆိုင်နိုင်ကြပါစေ။

ပြည့် ဝ ခြင်း

၁။ ပြည့်စုံခြင်း ကို မပိုင်ဆိုင်သောသူသည် ပြည့်ဝသော် အဆင့်သို့ မည်သည့်နည်းနှင်မျှ မရောက် နိုင်ပေ။ပြည်စုံသော် အခြေခံ ပြည့်စုံမှုရှိခြင်း။

၂။ လိုအပ်သော် ဆိုသည်ထက် ပို၍လိုချင်ပြီး ဝယ်ယူသင့်သော် အရာတို့ ကို လုပ်ချင်သော်အရာတို့ ကို လုပ်နိုင်ခြင်း။တချို့ သော် အရာတို့ သည် ဝယ်ယူမရနိုင်သော်ကြောင့် ဥပမာ မီးရထား၊

၃။သူတစ်ပါးအား ထောက်ပံပေးကမ်း နိုင်သော် စိတ် နှင့် ငွေကြေးရှိမူ ရှိခြင်း။ငွေကြေး ချမ်းသာမှ လုပ်နိုင်သည်မဟုတ်ပါ။

အထက်ပါတို့  သိရှိ နားလည် ပြည့်စုံ အောင် လုပ်ဆောင် နိုင်သူသည် ဘဝ၏ ပြည့်ဝ မှု ရှိသူ ဖြစ်ပြီး ။
လူ့ ဘဝ အတွက် လူဖြစ်ရကျိုးနပ်ပြီး ဘဝကို အေးချမ်းစွာ ဖြတ်သန်းနိုင်သူ ဖြစ်ပေမည်။

(အထက်ပါ အကြောင်းအရာသည် ကျွန်တော် ၏ ဖြတ်သန်းမှု အတွေ့ အကြုံ နှင့် ဆက်စပ်ရေးသားထားခြင်းဖြစ်ပါသည်။အယူ အဆမတူသူများ နားလည် ကျော်လွှား နိုင်ကြပါစေ)
ငဝန်နဒီ

ဥပဒေ အထက်က အီဂျစ် နိုင်ငံသား များ

မိမိ အသက် ကို ပင် ပဓာန မထားပဲ ထုတ်ပြန်ထားသော ဥပဒေ ကို အံတုတာပဲ ဆိုဆို ဥပဒေ အထက် ရောက် ပြီး လို ရာ ခရီးရောက် နိုင်ကြပါစေ။

ကမ္ဘာ့ စီးပွားရေး ညီလာခံကို ဒေါ်အောင်ဆန်းစုကြည် သ၀ဏ်လွှာပေးပို့

၂ဝ၁၁ ခုနှစ် ဇန်နဝါရီလ ၂၈ ရက်နေ့က ဆွစ်ဇာလန်နိုင်ငံ ဒါဗို့စ်မြို့၌ ပြုလုပ်သည့် ကမ္ဘာ့စီးပွားရေး ညီလာခံတွင် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပေးပို့သည့် သဝဏ်လွှာမိန့်ခွန်း အသံသွင်းတိတ်ခွေကို ဖွင့်ပြခဲ့ပါသည်။ (Photo: AFP)

ကမ္ဘာ့အသိုင်းအ၀ိုင်းမှာ တက်တက်ကြွကြွ ပါဝင် နိုင်ဖို့အတွက် မြန်မာနိုင်ငံမှာ အမျိုးသား ရင်ကြားစေ့ရေး၊ နိုင်ငံရေး တည်ငြိမ်မှုနဲ့ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုတွေ ရရှိဖို့ လိုအပ်ကြောင်း ဆွစ်ဇာလန်နိုင်ငံ Davos မြို့မှာ ကျင်းပနေတဲ့ ကမ္ဘာ့ စီးပွားရေးညီလာခံကို ပေးပို့တဲ့ သဝဏ်လွှာမှာ ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်းပြောကြားလိုက်ပါတယ်၊

ပွင့်လင်းမြင်သာမှု၊ တာဝန်ခံမှု၊ ယုံကြည် ကိုးစားထိုက်မှု ဆိုတဲ့ အစိုးရကောင်းတရပ်ရဲ့ ဂုဏ်အင်္ဂါတွေ ပြည့်စုံနိုင်ရေးအတွက် အမျိုးသားရင်ကြားစေ့ရေးနဲ့ နိုင်ငံရေး တည်ငြိမ်မှုရှိဖို့ အရေးကြီးကြောင်းနဲ့ ဒီအချက်နှစ်ချက် မရှိဘူးဆိုရင် လူမှုရေးနဲ့ စီးပွားရေး ဖွံ့ဖြိုး တိုးတက်ဖို့ ဆိုတာဟာ စိတ်ကူးယဉ် သက်သက်သာ ဖြစ်ပါလိမ့်မယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားပါတယ်။

မြန်မာပြည်သူ ၅၅ သန်း ကိုယ်စား ညီလာခံကို မိမိ ပြောကြားလိုတာကတော့ မိမိတို့အနေနဲ့ စီးပွားရေး၊ လူမှုရေးရာ ကိစ္စတွေမှာ ကမ္ဘာ့အသိုင်းအဝိုင်းနဲ့ တဆက်တစပ်တည်း ရှိနေရုံသာမက မြန်မာပြည်သူတွေရဲ့ လိုလားချက်တွေကို စွမ်းဆောင်ဖြည့်ဆည်းပေးနိုင်မယ့် ပြည်တွင်းနိုင်ငံရေး တည်ငြိမ်မှုနဲ့ အမျိုးသား ရင်ကြားစေ့ရေး အင်မတန် ရရှိလိုပါကြောင်း၊ လွန်ခဲ့တဲ့ နှစ် ၅ဝ ကျော် ကာလအတွင်း မိမိတို့နိုင်ငံမှာ နိုင်ငံရေး ပဋိပက္ခတွေကြောင့် အခွင့်အရေးတွေ အများအပြား လက်လွှတ် ဆုံးရှူံးခဲ့ရကြောင်း ဒေါ်အောင်ဆန်းစုကြည်က သ၀ဏ်လွှာမှာ ထည့်သွင်း ပြောဆိုထားပါတယ်။

ဒ့ါပြင်လည်း မြန်မာနိုင်ငံဟာ သဘာဝ သယံဇာတ ပေါကြွယ်ဝပေမယ့် အိမ်နီးချင်းနိုင်ငံတွေနဲ့ ယှဉ်လိုက်တဲ့အခါ နောက်ကျ ကျန်ရစ်ခဲ့ကြောင်း၊ နှစ်စဉ် ပြည်တွင်းထုတ်ကုန် စုစုပေါင်းတန်ဖိုးရဲ့ ၄ဝ ရာခိုင်နှုန်းကို အစိုးရက စစ်စရိတ်အဖြစ် သုံးစွဲနေပြီး ကျန်းမာရေးနဲ့ ပညာရေးအတွက်ကိုတော့ ၂ ရာခိုင်နှုန်းလောက်သာ အသုံးပြုတဲ့ အကြောင်း၊ မြန်မာလူငယ်တွေဟာ အခုအစည်းအဝေးကို တက်ရောက်လာကြတဲ့ တချို့သော ခေါင်းဆောင်တွေလိုပဲ ကမ္ဘာ့ လူငယ်ခေါင်းဆောင် ဖြစ်လာနိုင်မယ့် ပညာတွေ လိုအပ်နေကြောင်း စသဖြင့် ဒေါ်အောင်ဆန်းစုကြည်က သဝဏ်လွှာမှာ ထည်သွင်း ပြောဆိုထားပါတယ်။

အပြင်မထွက်ရအမိန့်ကို အံတုပြီး အီဂျစ်ဆန္ဒပြမှုတွေ ဆက်ဖြစ်ပွား


အီဂျစ်နိုင်ငံမှာ ညမထွက်ရနဲ့ လူစုလူဝေးမလုပ်ရ ကာဖျူးအမိန့်ကို ဖီဆန်ပြီး ထောင်သောင်းချီတဲ့ လူထုကြီးက သမ္မတ ဟိုစနီမူဘာရက် နှုတ်ထွက်ပေးရေး ၅ ရက်မြောက် ဆက်လက်တောင်းဆို ဆန္ဒပြနေကြပါတယ်။

ကိုင်ရိုမြို့လယ် တာရီယင်ပြင်နဲ့ တခြားရပ်ကွက်တွေမှာရော၊ အလက်ဇန်ဒါးနဲ့ စူးအက်ဇ်မြို့တွေမှာပါ လူထုက ကြွေးကြော်သံတွေနဲ့ သမ္မတဟိုစနီမူဘာရက် နှုတ်ထွက်ပေးရေး တောင်းဆိုနေကြပါတယ်။ လူထုဆန္ဒပြပွဲတွေ၊ ရုန်းရင်းဆန်ခတ်မှုတွေကို အခွင့်ကောင်းယူလေ့ရှိတဲ့ လုယက်ဖောက်ထွင်းသူတွေရဲ့ ပြဿနာနဲ့ ကိုင်ရို ဒေသခံတွေ ရင်ဆိုင်နေကြရပါတယ်။ ဒါကြောင့် ကိုင်ရိုမြို့ တချို့ရပ်ကွက်တွေမှာ ကိုယ့်ရပ်ကွက်လုံခြုံအောင် ရရာ လက်နက်စွဲ ကာကွယ်နေကြရပါတယ်။ တချိန်တည်းမှာပဲ သမ္မတမူဘာရက်က အီဂျစ်ထောက်လှမ်းရေး အကြီးအကဲ အိုမာစူလေမန်ကို ဒုသမ္မတ၊ မြို့ပြ လေကြောင်းဌာန၀န်ကြီး အာမက်ရှာဖစ်ခ်ကို ၀န်ကြီးချုပ်အဖြစ် ခန့်အပ်လိုက်ပြီး အစိုးရ၀န်ကြီးအဖွဲ့သစ် ခန့်အပ်ဖို့ တာဝန်ပေးလိုက်ပါတယ်။

အီဂျစ်အတိုက်အခံလှုပ်ရှားသူ မိုဟာမက်အယ်လ်ဘာရာဒေးကတော့ အစိုးရပြောင်းလဲဖွဲ့ပေးတာနဲ့ မလုံလောက်ကြောင်း၊ လူထုတောင်းဆိုနေတာက အာဏာရှင်အစိုးရ အဆုံးသတ်ရေး ဖြစ်တယ်လို့ ပြောပါတယ်။ လူထုဆန္ဒပြပွဲတွေအတွင်း ရုန်းရင်းဆန်ခတ်မှုတွေနဲ့ လုံထိန်းရဲတွေရဲ့ပစ်ခတ်မှုတွေကြောင့် ၆၂ ယောက်ထက်မနည်း သေဆုံးပြီး ၁,၀၀၀ ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။ အမေရိကန်သမ္မတအိုဘားမားက အီဂျစ်အရေးနဲ့ပတ်သက်ပြီး ထိပ်တန်းလုံခြုံရေး အကြံပေးတွေနဲ့ မနေ့က ဆွေးနွေးခဲ့ပါတယ်။

အီဂျစ်နိုင်ငံမှာ အခုအသစ်ခန့်အပ်လိုက်တဲ့ ဒု-သမ္မတအိုမာစူလေမန်ဟာ ၁၉၉၃ခုနှစ်ကစပြီး နိုင်ငံရဲ့ ထောက်လှမ်းရေး အကြီးအကဲအဖြစ် လူသိများကျော်ကြားသူ ဖြစ်ပါတယ်။ အီဂျစ်နိုင်ငံရဲ့အသိမ်မွေ့ဆုံး နိုင်ငံခြားရေးမူဝါဒတချို့ကို ကိုင်တွယ်ခဲ့သူဖြစ်ပါတယ်။

အိုမာစူလေမန်ဟာ သမ္မတဟိုစနီ မူဘာရက်ရဲ့ အနီးကပ်စိတ်ချရသူဖြစ်ပြီး မူဘာရက် သမ္မတတာဝန်ယူခဲ့တဲ့ နှစ် ၃၀ အတွင်း ပထမဆုံးအကြိမ် ဒု-သမ္မတရာထူးကို အခုလို ခန့်အပ်လိုက်တာဖြစ်ပါတယ်။ အီဂျစ်သမ္မတ အန်န၀ါဆာဒတ် လုပ်ကြံခံရတဲ့အချိန်မှာ ဟိုစနီမူဘာရက်ဟာ ဒု-သမ္မတရာထူးကနေ သမ္မတ တာဝန်ယူခဲ့တာဖြစ်ပါတယ်။

မစ္စတာစူလေမန်ကို အစ္စရေး-ပါလက်စတိုင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ အစွန်းရောက်အစ္စလာမ်ဝါဒ နှိမ်နှင်းရာမှာ ကြားဝင် စေ့စပ် ဖြန်ဖြေပေးသူအဖြစ် နိုင်ငံတကာရဲ့လေးစားမှု ခံယူရသူဖြစ်ပါတယ်။ သူ့ကို အရှေ့အလယ်ပိုင်းဒေသက သြဇာအာဏာအရှိဆုံး ထောက်လှမ်ရေးအကြီးအကဲတွေထဲက တဦးအဖြစ် ၂၀၀၉ ခုနှစ် Foreign Policy မဂ္ဂဇင်းက မှတ်တမ်းတင်ခဲ့ပါတယ်။

အခုအသစ်ခန့်အပ်လိုက်တဲ့ အီဂျစ်ဝန်ကြီးချုပ်သစ် အာမက်ရှာဖစ်(ခ်) ဟာ လေတပ် တပ်မှူးကြီးဟောင်းတဦး ဖြစ်ပြီး ရာထူးကနှုတ်ထွက်တော့မယ့် မြို့ပြလေကြောင်းဝန်ကြီးလည်း ဖြစ်ပါတယ်။ ဒု-သမ္မတ စူလေမန် ဟာလည်း စစ်တပ်ရဲ့ ဒုဗိုလ်ချုပ်ကြီးဖြစ်ပါတယ်။

Saturday, January 29, 2011

မြန်ပြည် တွင်း နိုင်ငံ ခြား အသုံးအဆောင်

ရုပ်ရှင် ကား နိုင်ငံခြားကား ဆိုလျှင် ကိုရီးယား အကြောင်းမှုကား အင်္ဂံလိပ် လို နားမလည်သူ များ က သူလည်းနားမလည် အများပါ နားမလည် စေရန် ရည်ရွယ် ပါသည်။

ကား ဆိုလျှင် ရေရှည် မခံ သော တရုတ် ကား အသစ် များ သွင်းရပါ မည်။ပျက် မှ ခဏခဏ သွင်း ရမည် ဖြစ်ပြီး စီးပွားရေးအကျိုးအမြတ်ရပေ မည်။

ဂျပန် ကားအသစ် ဂျပန်က တရားဝင် ရောင်းချမှု မရှိသည် ကို အများမသိစေရန်လည်းပါဝင်ပါသည်။
မာစီင်္းဒီးကား အသစ် မြန်ပြည်တွင်း စီးနင်းမရနိုင်သေးပါ။တရားဝင်ဝယ်ယူ တင်သွင်းရသော ကားသာမရပါ။

ခိုးဝယ်ရသောကားများ စီးနေရသည် အတူတူ အများပါဝင်လာအောင် အဖော် ရရန် လိုင်စင်မဲ့ကားများ လိုင်စင်ချပေးအဖော်စပ် အမြတ်ရခဲ့ပါသည်။

ဂျပန်ကားသစ် မြန်ပြည်သားတွေ စီးနိုင်ကြပါစေ။

နိုင်ငံခြား ရေနံဓါတ်ငွေ့ ကုမ္မဏီများ နှင့် ပိုက်လိုင်းဆောက်လုပ်မှုလုပ်ငန်းစဉ်

ဦးအောင်ခင် & မညိုညိုလွင်

ကျောက်ဖြူ၊ ကုမင် မြန်မာ-တရုတ် ရေနံနဲ့ ဓါတ်ငွေ့ပိုက်လိုင်း စတင် အကောင်အထည်ဖော်နေတုန်း မြန်မာပြည် အလယ်ပိုင်းဒေသမှာ တရုတ်ကုမ္မဏီက သဘာဝဓါတ်ငွေ့တွင်းကြီးတခု ရှာဖွေတွေ့ရှိတယ်ဆိုတဲ့ သတင်း ဒီလအစောပိုင်းက ထွက်လာပါတယ်။ ဓါတ်ငွေ့ပိုက်လိုင်း တည်ဆောက်တဲ့အတွက် ဒေသခံ ပြည်သူလူထု ဘဝပျက်သွားတဲ့ သာဓကတွေ ရှိပါတယ်။ တနင်္သာရီကမ်းလွန်က ရတနာဓါတ်ငွေ့ ပိုက်လိုင်းကြောင့် ဒုက္ခရောက်နေရတဲ့ ဒေသခံတွေဘက်က Unocal ကုမ္မဏီကို အမေရိကန်မှာ တရားစွဲတဲ့အတွက် လျှော်ကြေးပေးလိုက်ရတဲ့ သာဓကတွေက ထင်ရှားပါတယ်။

မြန်မာပြည်မှာ ပထမဆုံး ဓါတ်ငွေ့ထုတ်ယူတဲ့ ကုမ္မဏီတွေဟာ ပြင်သစ် Total နဲ့ အမေရကန် Unocal ဖြစ်ပါတယ်။ ဒုက္ခရောက်နေတဲ့ တိုင်းသူပြည်သားတွေကို လစ်လျူရှုနေတဲ့ ဗမာစစ်အစိုးရနဲ့ လက်တွဲလုပ်ကိုင်တာဟာ ကိုယ်ကျင့်တရား ကင်းမဲ့တဲ့ အပြုအမှု ဖြစ်တယ်ဆိုပြီး ဥရောပနဲ့ အမေရိကန်မှာ ရှုတ်ချကြပါတယ်။ အကျိုးဆောင် အရပ်သားအဖွဲ့တွေရဲ့  စည်းရုံးလှုပ်ဆောင်မှုကြောင့် ဗမာစစ်အစိုးရနဲ့ လက်တွဲနေတဲ့ ရေနံကုမ္မဏီတွေဟာ ကြာလာရင် နာမည်ပျက်ဖို့သာ ရှိပါတယ်။ ဒါကြောင့်မို့ ဗြိတိသျှ Premier ကုမ္မဏီ၊ အမေရိကန် Texaco နဲ့ Unocal ကုမ္မဏီတွေဟာ သူတို့ပိုင်တဲ့ အစုရှယ်ယာကိုရောင်းပြီး မြန်မာပြည်က ထွက်ခွါသွားကြပါတယ်။ Unocal ဟာ သူပိုင်တဲ့ အစုရှယ်ယာကို အမေရိကန် Chevron ကုမ္မဏီကို ရောင်းလိုက်တဲ့အတွက် ဓါတ်ငွေ့လုပ်ငန်းတွေမှာ အနောက်တိုင်းကုမ္မဏီဆိုလို့ Total နဲ့ Chevron သာ ကျန်ပါတယ်။

ရတနာဓါတ်ငွေ့လုပ်ငန်းမှာ အစုရှယ်ယာ အများဆုံးထားတဲ့ ပြင်သစ် Total ကုမ္မဏီကတော့ ပိုက်လိုင်းဒေသမှာ ပြည်သူ့အကျိုးသယ်ပိုးနေတာမို့ ဒေသခံတွေ အကျိုးခံစားရကြောင်း လွန်ခဲ့တဲ့နှစ်က (၆၆) စာမျက်နှာ အစီရင်ခံ ထုတ်ဝေပါတယ်။ ပြည်သူ့ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေးနဲ့ အခြေခံ အဆောက်အအုံ တိုးတက်ရေးအတွက် ရတနာဓါတ်ငွေ့လုပ်ငန်းက ရင်နှီးမြုပ်နှံပုံတွေကို ဖော်ပြထားပါတယ်။ ပထမတော့ ပိုက်လိုင်းနဲ့ အနီးဆုံး ကျေးရွာအချို့ ကိုသာ ကူညီနိုင်ခဲ့ပါတယ်။ အခုတော့ ဒေသခံ ငါးသောင်းကျော်ဟာ ပညာရေး၊ ကျန်းမာရေး နဲ့ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်တဲ့အကျိုးကို ခံစားနေရပါတယ်။ ပိုက်လိုင်းဆောက်လုပ်စဉ်က လူပေါင်း (၂၅၀၀) ကို အလုပ်ပေးနိုင်ခဲ့ပါတယ်။ အခုတော့ ပိုက်လိုင်းမှာ အလုပ်သမား (၈၀၀) လုပ်ကိုင်နေတဲ့အထဲမှာ မြန်မာပြည်သားက (၉၅) ရာခိုင်နှုန်း ဖြစ်ပါတယ်။

ပိုက်လိုင်းဒေသတင်မက။ မြန်မာတပြည်လုံးမှာရှိတဲ့ ကျန်းမာရေး၊ လူမှုရေးနဲ့ ကုသိုလ်ဖြစ် လုပ်ငန်းအများအပြားကိုလည်း Total က ကူညီထောက်ပံ့ပါသေးတယ်။ ကုလသမဂ္ဂ စီမံကိန်းတွေကိုလည်း Total ကုမ္မဏီက ငွေကြေးထောက်ပံ့ကြောင်း ဖော်ပြထားပါတယ်။ ဒီမိုကရေစီ အကျိုးဆောင် အရပ်သားအဖွဲ့တွေရဲ့  စည်းရုံးလှုံဆော်မှုကြောင့် မြန်မာပြည်က ထွက်ခွါသွားခဲ့တဲ့ အနောက်တိုင်းကုမ္မဏီတွေရှိသလို ကျန်ရှိနေတဲ့ အနောက်တိုင်းကုမ္မဏီတွေက ပြည်သူ့အကျိုးပြုလုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ သဘောဖြစ်ပါတယ်။ အခုတော့ မြန်မာ့သယံဇာတ ထုတ်ယူရေးမှာ အဓိကပါဝင်နေသူဟာ တရုတ် ကုမ္မဏီတွေ ဖြစ်နေပါတယ်။ တရုတ်ကုမ္မဏီတွေဟာ အမြတ်အစွန်းရဖို့ကိုသာ အဓိကထားတဲ့အတွက် Total ကုမ္မဏီလို ပြည်သူ့အကျိုးပြုလုပ်ငန်း လုပ်နိုင်ပါ့မလားလို့ မေးစရာရှိလာပါတယ်။

တရုတ်ရဲ့  ရေနံနဲ့ ဓါတ်ငွေ့လုပ်ငန်းကြောင့် ဒေသခံ ပြည်သူလူထုတွေ ဒုက္ခရောက်ရင် ဘယ်အဖွဲ့က ပြည်သူ့ဘက်က ရပ်တည်မှာလည်းဆိုတာ စဉ်းစားစရာ ဖြစ်လာပါတယ်။ တရုတ် အရပ်သားအဖွဲ့အစည်းဟာ သူတို့ဆီက ပြဿနာကိုတောင် ဖြေရှင်းနိုင်ကြသေးတာ မဟုတ်ပါဘူး။ ဒီမိုကရေစီမရှိတဲ့ တရုတ်ပြည်မှာ အရပ်သားအဖွဲ့အစည်းဟာ အနောက်တိုင်းမှာလို စည်းရုံးလှုံဆော်နိုင်တာ မဟုတ်ပါဘူး။ အမေရိကန်ကုမ္မဏီက လျော်ကြေးပေးသလို တရုတ်ကပေးမှာ မဟုတ်ပါဘူး။ ဒါကြောင့် အမေရိကန်ကုမ္မဏီတွေကို မြန်မာပြည်မှာ ရင်းနှီးမြှပ်နှံခွင့် ပိတ်ပင်ထားတာဟာ မြန်မာပြည်သားတွေအတွက် အခွင့်အလမ်း ဆုံးရှုံးမှုတခု ဖြစ်တယ်လို့ မြင်တွေသူရှိပါတယ်။

အာဖရိကတိုက်မှာ တရုတ်ကုမ္မဏီတွေ ရင်းနှီမြုပ်နှံတာနဲ့ ပတ်သက်ပြီး အငြင်းပွားစရာ ဖြစ်နေတာ တွေ့ရပါတယ်။ အလုပ်သမားတွေကို မတရားခိုင်းမှု၊ ဒေသဆိုင်ရာ စည်းမျဉ်းမလိုက်နာမှု၊ အပြည်ပြည်ဆိုင်ရာ သတ်မှတ်ချက်ကို ဖောက်ဖျက်မှု၊ လုပ်ခနည်းနည်းပေးမှု၊ အကျိုးခံစားခွင့်ကင်းမဲ့မှု၊ စတာတွေဟာ တရုတ်လုပ်ငန်းရှင်တွေရဲ့  လုပ်ရိုးလုပ်စဉ် ဓလေ့တွေပဲလို့ ဆိုပါတယ်။ Zambia နိုင်ငံက တရုတ်ပိုင် ကျောက်မီးသွေးတွင်းမှာ လုပ်ငန်းခွင့်အခြေအနေ ဆိုးဝါးစုတ်ပြတ်လွန်းတာကို မကျေနပ်လို့ လွန်ခဲ့တဲ့ အောက်တိုဘာလမှာ Zambia က သမိုင်း အလုပ်သမားတွေ ဆန္ဒပြကြပါတယ်။ ဆန္ဒပြသူတွေကို တရုတ် မန်နေဂျာက သေနတ်နဲ့ပစ်လို့ (၁၁) ဦး ဒဏ်ရာရသွားတာဟာ တကမ္ဘာလုံးသိတဲ့ ဖြစ်ရပ်ပါ။ ဒါကြောင့် တရုတ်ကုမ္မဏီတွေဟာ ဒေသခံလူထုကို ဂရုမစိုက်ဘူးဆိုတဲ့ အယူအဆ ပေါ်ထွက်လာတာ ဖြစ်ပုံရပါတယ်။

မြန်မာ့အရေးမှာတော့ ဒီမိုကရေစီ အကျိုးဆောင်အဖွဲ့တွေက အများဆုံး လှုပ်ရှားပါတယ်။ ဒီလို အကျိုးဆောင် အရပ်သားအဖွဲ့တွေရဲ့  သဘောထားကို ထည့်သွင်းစဉ်းစားတာဟာ အနောက်တိုင်းကုမ္မဏီတွေသာ ဖြစ်ပါတယ်။ ဒါကြောင့် ပြင်သစ် Total နဲ့ အမေရိကန် Chevron တို့ဟာ နောက်ဝင်လာတဲ့ တရုတ်ကုမ္မဏီတွေ အတုယူရမယ့် စံနမှုနာကောင်း ဖြစ်တယ်လို့ သုံးသပ်ကြပါတယ်။

အီဂျစ်အစိုးရ ဖျက်သိမ်း


အီဂျစ်သမ္မတ ဟိုစနီမူဘာရက်က လက်ရှိအစိုးရအဖွဲ့ကို ရပ်ဆိုင်းဖို့ သူအမိန့်ထုတ်ထားပြီးဒီကနေ့ စနေနေ့မှာပဲ အစိုးရသစ်ကို ကြေညာမယ်လို့ တိုင်းပြည်ကို ရုပ်မြင်သံကြားကနေ သောကြာနေ့ညကပြောတဲ့ သူ့ရဲ့  ပြောတဲ့မိန့်ခွန်းမှာ ပြောလိုက်ပါတယ်။ ဒါပေမဲ့လည်း သူရာထူးက နှုတ်ထွက်ဖို့ကိုတော့ ငြင်းနေပါတယ်။ လုံခြုံရေးတွေနဲ့ဆန္ဒပြသူတွေအကြား ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေအတွင်း ထိခိုက်သေဆုံးခဲ့သူတွေ အတွက် စိတ်မကောင်းဖြစ်ရတဲ့အကြောင်း၊ အလုပ်လက်မဲ့နှုန်းကိုနည်းအောင် လျှော့ချသွားမယ့်အကြောင်း၊ စီးပွားရေးနဲ့နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ လုပ်သွားမယ့်အကြောင်း၊ ကျန်းမာရေး စောင့်ရှောက်မှု တွေကိုလည်း တိုးတက်အောင်လုပ်ပေးမယ်လို့ ပြောပါတယ်။

အသက် ၈၂ နှစ် ရှိပြီဖြစ်တဲ့ သမ္မတမူဘာရက်ဟာ နှစ်ပေါင်း ၃၀ တိုင်းပြည်ကို အုပ်ချုပ်လာတာဖြစ်ပြီး သူ့ကိုဆန့်ကျင်တဲ့ ဆန္ဒပြမှုတွေက နိုင်ငံတ၀ှမ်းမှာ အကြီးအကျယ်ဖြစ်နေတာပါ။ အစိုးရလုံခြုံရေးတပ်ဖွဲ့တွေရဲ့  နှိမ်နင်းဖြိုခွဲမှုတွေကလည်း အပြင်းအထန်ရှိနေတာပါ။

မနေ့တုန်းက မြို့ တော် ကိုင်ရိုမှာ ညမထွက်ရအမိန့် ထုတ်ပြန်ထားခဲ့ပေမဲ့လည်း ဆန္ဒပြပြည်သူတွေက အဲဒီအမိန့်ကို ဆန့်ကျင်ပြီးလမ်းမတွေပေါ်မှာ လှုပ်ရှားခဲ့ကြတာပါ။ မနေ့ညပိုင်းက ပဋိပက္ခတွေအတွင်း သေဆုံးသူ အနည်းဆုံး ၁၃ ဦး ရှိတယ်လို့ ကျန်းမာရေးအရာရှိတွေက ဆိုပါတယ်။ ဒဏ်ရာရတဲ့သူတွေလည်း ၁၀၀ ကျော်တယ်လို့ ဆိုပါတယ်။ ဆန္ဒပြသူတွေက ထောင်နဲ့သောင်းနဲ့ချီပြီး ရှိနေတာပါ။ မြို့တော်တ၀ှမ်း မှာလည်း တင့်ကားတွေနဲ့ လုံခြုံရေးတပ်ဖွဲ့တွေ အကြီးအကျယ်ချထားပြီး အဆောက်အဦးတွေလည်း မီးရှို့ခံခဲ့ရပါတယ်။ အစိုးရအဆောက်အဦးတွေ အပါအ၀င် လက်ရှိအာဏာရပါတီရဲ့  ရုံးချုပ်လည်း မီးရှို့ခံရတဲ့အထဲမှာ ပါပါတယ်။

ပြီးခဲ့တဲ့အင်္ဂါနေ့ကတည်းက စတင်ခဲ့တဲ့ ဆန္ဒပြမှုတွေအတွင်း လူ ၈၀၀ လောက်ကို ဖမ်းဆီးထားတယ်လို့ အစိုးရက ပြောပါတယ်။ လူ့အခွင့်အရေး အုပ်စုတွေကတော့ လူ ၂,၀၀၀ ကျော် အဖမ်းခံထားရတယ်လို့ ဆိုပါတယ်။ အီဂျစ်သမ္မတ မူဘာရက်က တိုင်းပြည်ကို မိန့်ခွန်းပြောခဲ့ပြီး မကြာခင်မှာပဲ အမေရိကန်သမ္မတ ဘားရက်အိုဘားမားက မစ္စတာမူဘာရက်နဲ့ စကားပြောခဲ့ပါတယ်။

အီဂျစ်သမ္မတ မူဘာရက်နဲ့ အမေရိကန်သမ္မတ စကားပြောကြားအပြီးမှာတော့ အမေရိကန်သမ္မတက တိုင်းပြည်ကို မိန့်ခွန်းတရပ်ပြောကြားခဲ့ပါတယ်။ အီဂျစ်နိုင်ငံမှာ ဆန္ဒပြသူတွေကို အကြမ်းဖက်နှိမ်နင်းတာတွေ မလုပ်ဖို့ အီဂျစ်လက်နက်ကိုင်တပ်တွေကို အမေရိကန်သမ္မတက တောင်းဆိုလိုက်တာပါ။

အီဂျစ်နိုင်ငံတလွှား အင်တာနက်ဆက်သွယ်မှုတွေ လုပ်ဆောင်ပြီး နား၊ မျက်စေ့ဖွင့်ထားကြဖို့နဲ့ အီဂျစ်နိုင်ငံသားတွေအနေနဲ့ ကိုယ့်ကြမ္မာကိုယ် ဖန်တီးကြဖို့လည်း သမ္မတအိုဘားမားက တိုက်တွန်းပါတယ်။ ဒါပေမဲ့ အမေရိကန်အစိုးရအနေနဲ့ အီဂျစ်အစိုးရနဲ့ အရင်က လက်တွဲဆောင်ရွက်ခဲ့သလိုပဲ နောင်ကိုလည်း လက်တွဲဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ အမေရိကန်သမ္မတအိုဘားမားဟာ သမ္မတရာထူးကို လက်ခံခဲ့ပြီးနောက်ပိုင်း အီဂျစ်နိုင်ငံကိုသွားရောက်ရာမှာ အီဂျစ်ပြည်သူတွေကိုအုပ်ချုပ်မယ့် အစိုးရတရပ်ဟာ လူထုအတွက် ဖြစ်ရမယ်လို့ ပြောဆိုခဲ့ပါတယ်။

အီဂျစ်နိုင်ငံမှာ ဘယ်အစိုးရပဲတက်တက် အများသဘောတူညီမှုနဲ့ အုပ်ချုပ်ဖို့လိုအပ်ပြီး ဖိနှိပ်အုပ်ချုပ်တာမျိုး မလုပ်ကြဖို့ အရင်ကတည်းက ပြောခဲ့ပါတယ်။ ဒါဟာ ဘယ်သူ့အတွက်မဆို တသမတ်တည်းရှိရမယ့် စံဖြစ်ပြီး အီဂျစ်နိုင်ငံသားအားလုံး ခံစားခွင့်ရှိပါတယ်လို့ ပြောသွားတာပါ။ ရှေ့ရက်တွေမှာ အခက်အခဲတွေနဲ့ကြုံလာမှာ သေချာပေမဲ့ အီဂျစ်နိုင်ငံသားတွေရဲ့ အခွင့်အရေးတွေအတွက် အမေရိကန်နိုင်ငံက ဆက်လက်ပြီးတော့ ရပ်တည်သွားမယ်လို့လည်း ကတိပြုခဲ့ပါတယ်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟယ်လာရီကလင်တန် ကလည်း ဆန္ဒပြသူတွေကို အကြမ်းဖက်မှုတွေ ချက်ချင်းရပ်တန့်ဖို့အတွက် သောကြာနေ့မှာ တိုက်တွန်း လိုက်ပါတယ်။ အီဂျစ်နိုင်ငံ ပြန်လည်ပြုပြင်ရေး တောင်းဆိုနေသူတွေနဲ့ ချက်ချင်းတွေ့ဆုံဆွေးနွေးဖို့လည်း အီဂျစ်အစိုးရကို တိုက်တွန်းလိုက်ပါတယ်။

အီဂျစ်နိုင်ငံမှာ လက်ရှိဖြစ်ပွားနေတဲ့ အဓိကရုဏ်းကို ကိုင်တွယ်တာတွေနဲ့ လာမယ့်ရက်တွေအတွင်း ဖြစ်ပွားလာမယ့်အခြေအနေတွေပေါ်မှာ မူတည်ပြီး အီဂျစ်နိုင်ငံဆိုင်ရာ အကူအညီပေးနေတဲ့ အမေရိကန်နိုင်ငံရဲ့ မူဝါဒကို ပြန်လည် သုံးသပ်ဖို့ရှိတယ်လို့ ဆိုပါတယ်။

Friday, January 28, 2011

ရေနံ တွင်းဟောင်းတူးဖော် ပုံ အဆင့်ဆင့်

ရေနံ တွင်းဟောင်း ရာဇဝင် ကို အောပရေးရှင်း အင်ဂျင်နီယာ က ဖတ်ရှု မှတ်သားစရာများကို လေ့လာရပါမည်။
တွင်းဟောင်း အထွက်နှုန်း တွင်းဟောင်းအထဲတွင် ကျန်ရစ် ပစ္စည်း သိရှိရန်လိုအပ်ပါသည်။

တွင်းပတ်လည်သို့  သွားရောက် ကြည့်ရှုပြီး ပေါ်တေဘယ်စ် ရစ် ရပ်ရန် တွင်းတူးစင် ထောင် နိုင်ရန် အနေအထား မြေအခြေအနေ နှင့် တွင်း ပတ်လည် သန့် ရှင်းပြုလုပ်ရပါမည်။

ထို့ နောက် ဝဲလ်ဟက်စ် ကို တပ်ဆင်ရပါမည်။

ပုံမှန်အားဖြင့် ဝဲလ်ကေဇင်များမှာ ၅-၁/၂ လက်မ ကေဇင် များဖြစ်ပြီး ၉-၅/၈ လက်မ ကေဇင် လည်းရှိသည်။ မန်းရေနံ မြေ မှ တွင်းအမှတ် ၅၉။

ဝဲလ်ဟက်စ် တပ်ဆင်ပြီးပါက ဝဲလ်ဟက်စ် ဖလမ်း တပ်ဆင်ရပါမည်.
ဖလမ်း အထက်တွင် စပေစာရင်း ကြားခံ၍ ဘလိုးအောက် ပရီ ပန်တာကို တပ်ဆင်ရပါမည်။

ပြီးလျှင် ပေါ်တေဘယ်စ် ရစ် ကို နေရာချ စင်ထောင်ရပါမည်။

လုပ်ငန်းစတင်ရန် နေရာတကျ ဖြစ်လျှင် ဘေလာ အဆမ်ပလီ ကို တပ်ဆင်သင့် သည် များကို တပ်ဆင်ထားရပါမည်။

ပြီးလျှင် ဘေလာ အဆမ်ပလီ စတင်၍ ဆင်းပါမည်။

ဘေလာအဆမ်ပလီ ဆင်းခြင်းဖြင့် တွင်းထဲ ရှိအနည်အနစ် အမှိုသရိုက် များကို ရွှံ ရေ တို့ နှင့် အတူ တွင်းသန့် ရှင်းရေးလုပ်ပါမည်။
ဘေလာ ဆွဲရာတွင် ဘေလာ အဆမ်ပလီတွင် တပ်ဆင်ထားသော ပိုက်အရေအတွက် ပေါ်မှုတည်ပြီး ခံနိုင်ဝန် ကို ကြည့်ပြီး လိုအပ်သော အကြိမ်ရေ သာဆွဲ ရပါမည်။

ဘေလာ အဆမ်ပလီ တတ်လာလျှင် သတိထား၍ ပိုက်တလုံးခြင်းကို မျက်လုံး အကာအကွယ် မျက်မှန် တပ်ဆင်ပြီးမှ ဖြုတ်ရပါမည်။

ဘေလာ အောက်ခြေနှင့် အပေါ်မှ ပိုက် များ ရေ အနည်းငယ်သန့် စင် လာပါက ဘေလာဆင်းမှု ရပ်နိုင်ပါသည်။

ဘေလာဆင်းရင်း မူလတွင်းအနက်သို့ ရောက်မရောက်၊ သေနတ်ဖောက်ထားသော နယ်မြေ ကျော်မကျော် ၊ ဘရစ်ပလပ်စ် ထိုင်ထားမှုရှိ၊မရှိ ။ရှိပါ က တူးထုတ်ရန် လို မလို ကြည့်ရပါ မည်။ပက်စ်ကာ ရှိ၊မရှိ။ တူးထုတ်ရန် လိုမလို။ မည်သည့် အတွက်ကြောင့် ထိုင်မထိုင် ကို သိရန် လိုပေသည်။

တူးထုတ်ရန်လိုပါက ထရှိုင်ဂုန်း ဗစ်ကို အသုံးပြုပြီး ၊ပါဝါ စေဗယ် သော်လည်းကောင်း ရိုထရီတေဗယ်ကို အသုံးပြု၍ တူးထုတ်ရပါမည်။ပါဝါစေဗယ်ကို အမှိုက်တွန်းချခြင်း ဝန်နည်းသော တွင်းတူးလုပ်ငန်းသာ အဆင်ပြေပါသည်။
တွင်းတူးရာတွင် စပ်ကူလေးရှင်း ပန့် ဖြင့် ရွှံ သို့ မဟုတ် ရေနံ ဖြင့်လှည့်၍တွင်းတူးလုပ်ငန်းလုပ်ဆောင်ရပါသည်။

ပန့် ပရေရှာတတ်မှု။ တော့စ် တတ်မတတ်။ပိုက်အလေးချိန် မျှတမှုတို့ ကို သတိထား ပြီး ရောက်ရှိနေရာ ပြဿနာတတ်မှုရှိမရှိ ဆန်စစ်ရပါမည်။

သတ်မှတ်ထားသော မူလတွင်းအခြေသို့ ရောက်လျှင် တွင်းတူးလုပ်ငန်းအဆုံးသတ်ပြီးဘေလာ အဆမ်ပလီပြန်ဆင်းပြီး တွင်းသန့့် စင်ရေးလုပ်ဆောင်ရပါမည်။

ပြီးလျှင် ပါဖိုရေးရှင်း အပေါက်များပိတ်နေလျှင်
စကေဘာ ဆင်း၍ တွင်းကေဇင်နံရံ မှ ဖယောင်းများ အညစ်အကြေးများ ခြစ်ချရပါမည်။ပါဖိုရေးရှင်း အပေါက်များကျော်သည်အထိဆင်းရပါမည်။

ရေနံ လိုက်လာမှုရှိမရှိ နှင့် ရေနံ ဆွဲထုတ်ရန် ဆွယ်ဘင်း ဆင်းရပေမည်။ ရေလိုက်များသော တွင်းများကိုမူ ဆွယ်ဘင်းဆင်းရန်သင့်မသင့် နှင့် ဆွဲရမည့် အကြိမ်ရေတို့ ကို သတိထားလုပ်ဆောင်ရပါမည်။ပါဖိုရေးရှင်း အပေါက် ထိပ် ကို သတိထားတိုင်းတာပြီး ဆွဲရမည့် နေရာ တိကျနိုင်သမျှ တိကျမှ လုပ်ငန်းအထမြှောက်ပေမည်။

ပြီးလျှင် ဘေလာ ဆင်း၍တွင်း သန့် စင်မှုရှိမရှိ ကြည့် ၍ ကွန်ပလိဆင်းသင့် မဆင်းသင့် ကြည့်ရပါမည်။

တွင်းအတွင်းသို့  ကွန်ပလိဆင်းရန် သင့်တော်လျှင် စိတင်းနစ်ပယ်စ် ၊ပါဖိုရေးရှင်းပိုက်ဆပ်စ်၊ ပါဝင်သော် ကွန်ပလိဆင်း
အဆမ်ပလီဆင်းရပါမည်။

စိတင်းနစ်ပယ်စ် အထိုင်နေရာကို အသေအချာတိုင်းထွာထားမှသာလျှင် ပန့် ပင်းယူနစ်ထိုင်ရာတွင်အထောက်အခွာ ၊ ပန့် အထိုင်နေရာ စက်အတွက် တွက်ချက်ရာတွင် အဆင်ပြေချောမွေ့ ပေမည်။

ပြီးလျှင် ပန်းဆင်းရပေမည်။ သံချောင်းအရေအတွက် ပန့် အထိုင် နှင့် ထိုင်မည့် စက်တို့ ကို သတိထား မှတ်သား တပ်ဆင်ရပေမည်။
မှားယွင်းမှုရှိလျှင် ရစ်ပြန်ထောင်၍ ပြန်လုပ်ပေးရပေလိမ့်မည်။

ယူနစ်ထိုင်သောစက်အဖွဲ့ မှ စက်အားလာရောက်တပ်ဆင်ပြီး အထောက်အခွာ ပိုက်လိုင်းဆက်သွယ်မှုတို့ စီစစ်ပြီး သံကန်တန်းသို့  ရေနံ ရောက်အောင်လုပ်ဆောင်ပြီး ရေနံ ထုတ်လုပ်မှုလုပ်ငန်းပြီးဆုံးပေမည်။

Wednesday, January 26, 2011

ရေနံ တွင်းဟောင်းများတူး ဖေါ်ရာတွင် အခက်အခဲ

ရေနံ တွင်းဟောင်းများတူး ဖေါ်ရာတွင် အခက်အခဲ ကတော့
တွင်း အဝ ကို ခဲ တုတ် တွေ အမှိုက် တွေ ပစ်ချ ထားတာတွေ ပြန် ရှင်းလင်းရတာ အချိန် မကြာသင့် ပဲ ကြာ ရ

အပေါ်ကမှ ရှင်းမရရင် တွင်းထဲ ထိတွန်းချ တူးထုတ် ရတော့ တောတောကြာကြာလုပ်ရတော့
လွယ်လွယ်ကူကူ ပန့် ပင်းယူနစ် ထိုင်ပြီး ထုတ် စမ်းရမယ့် ဟာအချိန်တွေကြာကုန်ရော .
အချိန်ကုန် လူပန်း ဘာပဲဖြစ်ဖြစ် လေ့ကျင့်မှု ဖြစ်ဖြစ် အတွေ့ အကြုံ ရတယ်လို့ သဘောထားရမှာပေါ့။

မြန်မာ့ရေနံတွင်းဟောင်းများကို Goldpetrol ပြန်လည် တူးဖော်



ကိုဝိုင်း

မြန်မာနိုင်ငံ အလယ်ပိုင်း မကွေးတိုင်းရှိ ရေနံချောင်းနှင့် ချောက်မြို့မှ ရေနံတွင်းဟောင်းများကို Goldpetrol Joint Operation ကုမ္ပဏီက ပြန်လည် တူးဖော်ထုတ်လုပ်နေပြီ ဖြစ်သည်။

Goldpetrol ကုမ္ပဏီတွင် အစုရှယ်ယာ ၆ဝ ရာခိုင်နှုန်း ပိုင်ဆိုင်သော စင်္ကာပူအခြေစိုက် Interral Resources က အစုရှယ်ယာဝင်များအတွက် အသိပေး ထုတ်ပြန်ချက်ကို ယခုလ ၁၇ ရက်နေ့ ရက်စွဲဖြင့် ကုမ္ပဏီဝဘ်ဆိုဒ်တွင် ဖော်ပြထားခြင်း ဖြစ်သည်။


Goldpetrol Joint Operation ကုမ္ပဏီမှ ရေနံတွင်းဟောင်းများကို ပြန်လည် တူးဖော်ထုတ်လုပ်နေသည့် နေရာ (photo :: www.energy-pedia.com)
ပြန်လည်တူးဖော်နေသည့် ရေနံချောင်းမြို့နယ် တွင်းများအနက် ၁၉၃၁ ခုနှစ်ထဲတွင် အနက်ပေ ၉ဝဝ အထိ တူးဖော်ခဲ့ပြီးမှ ဒုတိယ ကမ္ဘာစစ်အတွင်း ပိတ်ပစ်ခဲ့သည့် တွင်းအမှတ် YNG-၂၄၅၉ နှင့် ၁၉၅၆ ခုနှစ်တွင် ချောက်မြို့နယ်၌ စတင်တူးဖော်ခဲ့သည့် တွင်းအမှတ် ချောက်-၉၅ဝ တို့လည်း ပါဝင်သည်။ ချောက်-၉၅ဝ မှာ ယခင်က ရေနံစိမ်း စည်ပေါင်း ၂ဝ၆ဝဝဝ ကျော် ထုတ်နိုင်ခဲ့ပြီးနောက် ၁၉၈၂ ခုနှစ်မှစ၍ ပိတ်ပစ်ခဲ့ခြင်း ဖြစ်သည်။

ယခုအခါ YNG-၂၄၅၉ မှ တရက်လျှင် ရေနံစိမ်းစည် ၂၂ စည်နှင့် ချောက်-၉၅ဝ မှ တရက်လျှင် ရေနံစိမ်း ၃၂ စည် ထွက်ရှိကြောင်း ကုမ္ပဏီထုတ်ပြန်ချက်တွင် ဆိုထားသည်။

ပြီးခဲ့သည့်နှစ်မှစ၍ Goldpetrol သည် ရေနံတွင်းဟောင်းများကို ပြန်လည် တူးဖော်လျက်ရှိရာ ယခုအခါ တရက်လျှင် ရေနံစိမ်း ၉ဝ စည်အထိ ကုန်ကျစရိတ် သက်သာစွာဖြင့် ထုတ်နိုင်ပြီဟုလည်း Interral Resources က သူ၏ အစုပိုင်ရှင်များကို အသိပေးထားသည်။

မြန်မာနိုင်ငံ စွမ်းအင်ဝန်ကြီးဌာန မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း MOGE နှင့်အတူ Goldpetrol သည် ရေနံချောင်းနှင့် ချောက်ရေနံမြေအတွင်း ရေနံထုတ်လုပ်ခွင့်အတွက် နှစ် ၂ဝ စာချုပ်ထားပြီး ၂ဝ၁၇ ခုနှစ်တွင် ကုန်ဆုံးမည် ဖြစ်သည်။

မြန်ပြည် ဖုန်းတွေ ပိုမို ခက်ခဲ လာ

ယနေ့  အင်တာနက် ဖုန်းဖြင့် မြန်ပြည်တွင်း ဖုန်းခေါ်ဆို မှု ပိုမို ခက်ခဲလာ အင်တာနက် သုံးစွဲ ရမည့် ဖုန်းများလည်း ဝယ်ယူရန် ခက်ခဲလာသည်။

Tuesday, January 25, 2011

တယ်လီဖုန်း အသံဖမ်း လို့ စိတ် ညစ်နေလား အိုင်ဖုန်းနဲ့  အသံဖမ်းလို့ ရပြီ

မြန်ပြည်မှာ တယ်လီဖုန်းပြော တာတွေ ခိုးနားထောင်
အသံဖမ်း ပြဿနာ ရှာတာတွေ က မဆန်းတော့ ပါဘူး
အဲလိုမဖြစ်ချင်ရင် အစကတည်းက ထိန်းထိန်းသိမ်းသိမ်း ပြော ပေါ့
နှစ်ပေါင်းများစွာ ကြာပြီပဲ အခု ကျမှ ဘယ်အမျိုးအစား ဖုန်းမှ ဘယ်လို ဖုန်းမှ မဟုတ်ပါ ဘူး
မိမိဘိုးဘွားတွေ မေးကြည့် ဖုန်းဆို ပြည်သူတွေ သုံးခွင့် ရပြီ ဆိုကတည်း က ဖြစ်နေတာ....ဒါက သူ အမြင်နဲ့ သူပဲ ကိုး
စိတ်မညစ်ပါနဲ့ 
ရိုးနေ ဖန်တရာတေ နေပါပြီ
စိတ်မညစ်တော့ပဲ နဲ့ 
မိမိအိမ် မိမိ မိသားစု စကားတွေ အမှတ်တရ မှတ်ရအောင်
ကြားက ခိုးနားထောင် တာတွေ ပါ သိရတာပေါ့ အသံတိုးသွားလိုက် ကျယ်သွားလိုက် သိရတာပေါ့။

အိုင်ဖုန်း က
မိုလ်ဗိုင်းဗီအိုအိုင်ပီ ကို
အက်စ်ပယ်စ် စတိုး က ဒေါင်းလုဒ် လုပ်ပြီး
ဗီအိုအိုင်ပီ ပိုက်ဆံ ထည့်ပြီးသုံး ရင်
အသံဖမ်းတဲ့ အနီစက် ကလေးနဲ့  အသံဖမ်းထားရင် နောက်လည်းပြန်နားထောင်လို့ ရတာပေါ့။
မိမိ မိသားစု စကားတွေ မိဘ စကားသံတွေ ဖမ်းထားလို့  ရတော့
အလွမ်းပြေ ပြန် နားထောင် နိုင်ကြပါစေ။

MAI လေကြောင်း အိမ်နီးချင်း ၃ နိုင်ငံကမ္ဘောဒီးယား၊ တရုတ် ၊ ဘင်္ဂလားဒေ့ရှ် တိုးချဲ့ပျံသန်းမည်

၂၀၀၉ ခု အောက်တိုဘာ လကုန်ပိုင်းက မလေးရှားနိုင်ငံ ကွာလာလမ်ပူ မြို့တွင် ဆေးရောင်အသစ် ပြောင်းလဲ ပြင်ဆင်ထားသည့် MAI လေယာဉ် တစီးကို တွေ့ရစဉ် (ဓာတ်ပုံ - W.T. Liew. Ex-Adria)


ဟိန်းသူ

.မြန်မာနိုင်ငံရှိ ပုဂ္ဂလိက လေကြောင်းလိုင်း တခုဖြစ်သည့် MAI (Myanmar Airways International) သည် အိမ်နီးချင်း ၃ နိုင်ငံနှင့် လေကြောင်း ခရီးစဉ်များ တိုးချဲ့ပြေးဆွဲတော့မည် ဖြစ်ကြောင်း သိရသည်။

MAI သည် ကမ္ဘောဒီးယား၊ တရုတ် ၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့နှင့် ချိတ်ဆက်ပြေးဆွဲမည်ဖြစ်ကြောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် တိုက် ရိုက် လေကြောင်းပြေးဆွဲရန် သဘောတူညီမှုရရှိခဲ့ပြီး ဖြစ်သော်လည်း လေကြောင်းခရီးစဉ်များကိုမူ သတင်းမထုတ်ပြန်နိုင်သေး ကြောင်း MAI မှ တာဝန်ရှိသူတဦးက ပြောသည်။

“ကျနော်တို့ ကမ္ဘောဒီးယားခရီးစဉ်နဲ့ တရုတ်ခရီးစဉ်တွေကိုတော့ ရက်တွေသတ်မှတ်ပြီး စတင်ပြေးဆွဲတော့မှာပါ။ ဘင်္ဂလားဒေ့ရှ် ကို ပြေးဆွဲဖို့တော့ ကျနော်တို့ နောက်မှ သတင်းထုတ်ပြန်မှာပါ”ဟု ၎င်း က ပြောဆိုသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး ဒီပူမိုနီ(Dipu Moni) က မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းနှင့် နှစ်နိုင်ငံ တိုက်ရိုက်လေကြောင်းလိုင်း ပြေးဆွဲရန် သဘောတူညီမှုရရှိခဲ့သည်ဟု ဘင်္ဂလားဒေ့ရှ် Daily Star သတင်းစာက ဖော်ပြထားသည်။

ကမ္ဘောဒီးယားနိုင်ငံ ဆီရမ် ရိ(ပ်) နှင့် တိုက်ရိုက်လေကြောင်းလိုင်းသစ်ကို ဖေဖော်ဝါရီလ၂၃ ရက်နေ့တွင် တပတ်လျှင်၂ ကြိမ် စတင် ပြေးဆွဲတော့မည်ဖြစ်ကြောင်း သိရသည်။

မတ်လ ၃ ရက်နေ့တွင်စတင်ကာ တိုက်ရိုက်လေကြောင်းလိုင်းသစ်အဖြစ် တရုတ်နိုင်ငံ ကန်တုံမြို့ ဂွမ်ဇူး(Guangzhou)နှင့် ချိတ် ဆက် ကာ တပတ်လျှင် ၂ ကြိမ် ပျံသန်းတော့မည်ဖြစ်သည်။

MAI လေကြောင်းလိုင်းမှာ ပြည်ပ တိုက်ရိုက်ခရီးစဉ်များအဖြစ် မလေးရှား၊ ထိုင်း၊ စင်္ကာပူနှင့် အိန္ဒိယနိုင်ငံ ဗုဒ္ဓဂယာသို့ ပြေးဆွဲလျက် ရှိနေပြီး တဆင့်ခရီးစဉ်များအဖြစ် ဟောင်ကောင်၊ ဂျပန်၊ တောင်ကိုရီးယားနှင့် အိန္ဒိယနိုင်ငံ နယူးဒေလီသို့ ပြေးဆွဲနေသည်။

MAI ၏ အစုရှယ်ယာ ၈၀ ရာခိုင်နှုန်းကို ကမ္ဘောဇဘဏ် လီမိတက်မှ လွှဲပြောင်းရယူပြီး Air Kanbawza လေကြောင်းလိုင်း အမည်ဖြင့် ပြေးဆွဲရန် အစီအစဉ်ရှိကြောင်းလည်း ကမ္ဘောဇ စီးပွားရေးလုပ်ငန်းမှ တာဝန်ရှိသူတဦးက ပြောသည်။

ကမ္ဘောဇဘဏ် လီမိတက်မှ အပြည်ပြည်ဆိုင်ရာ မြန်မာ့ လေကြောင်းလိုင်း(MAI)ကို လွှဲပြောင်းရယူပြီးနောက် ကမ္ဘောဇမှ ၀န်ထမ်း များ MAI ၀န်ထမ်းများနှင့် ပူးတွဲလုပ်ကိုင်နေကြောင်း သိရှိရသည်။

မြန်မာနိုင်ငံတွင် ပြည်တွင်းနှင့် ပြည်ပလေကြောင်း လိုင်းများကို MAI နှင့် Air Bagan တို့ကပြေးဆွဲနေပြီး Air Mandalay နှင့် Asian Wings တို့မှာ ပြည်တွင်းလေကြောင်းလိုင်းများကို ပြေးဆွဲနေသည်။

Air Bagan ပိုင်ရှင် ဦးတေဇ သည် ခရီးသွားလုပ်ငန်း လုပ်ကိုင်သည့် Sun Far Travels & Tours Co., Ltd ကုမ္ပဏီနှင့် ပူးပေါင်း၍ Asian Wings ဟု အမည်ရှိ လေကြောင်းလိုင်းအသစ်ကို ပြီးခဲ့သည့် ၂၀၁၀ အောက်တိုဘာလက ဖွင့်လှစ်ခဲ့သည်။

ပြည်တွင်း ပုဂ္ဂလိက လေကြောင်းလိုင်း တခုဖြစ်သော Yangon Airways သည် လေယာဉ်ပျံသန်းခွင့် မရသဖြင့် ပြီးခဲ့သည့် ဒီဇင်ဘာ လ ၃ ရက်နေ့ မှ စတင်ကာ ရပ်နားခဲ့ရသည်။

ပြည်ပ လေကြောင်းလိုင်းများဖြစ်သည့် Air Asia, Air China, Bangkok Airway,Thai Airway တို့သည်လည်း မြန်မာနိုင်ငံသို့ ပြေး ဆွဲလျက်ရှိသည်။

မော်စကိုလေဆိပ် အသေခံ ဗုံးခွဲမှု သေဆုံးသူဦးရေ တိုး

ဗွီအိုအေ

ရုရှားနိုင်ငံ မော်စကိုမြို့ အကြီးဆုံး လေဆိပ်ရဲ့ နိုင်ငံတကာ ဆိုက်ရောက် ခန်းမဆောင်မှာ အသေခံ ဗုံးခွဲတိုက်ခိုက်မှုကြောင့် ပေါက်ကွဲမှုဖြစ်ပြီး လူပေါင်း အနည်းဆုံး ၃၅ ဦး သေဆုံးသွားပါတယ်။

Domodedovo လေဆိပ်ရဲ့ လူစည်ကားတဲ့ ခန်းမဆောင်အတွင်း လူတဦးဟာ လက်ဆွဲသေတ္တာကို ကိုင်ဆောင် ၀င်ရောက်လာပြီးနောက် ပေါက်ကွဲခဲ့တာ ဖြစ်တယ်လို့ မျက်မြင်တွေက ပြောပါတယ်။ ပေါက်ကွဲမှုကြောင့် အနည်းဆုံး လူပေါင်း ၁၄၅ ဦး ဒဏ်ရာရသွားပါတယ်။

ပေါက်ကွဲမှုဖြစ်စဉ်ကို စောင့်ကြည့်ကင်မရာက ရိုက်ကူးထားပြီး အခုဗုံးကွဲမှုနဲ့ ဆက်နွယ်နေတဲ့ လူ ၃ ဦးကိုလည်း အာဏာပိုင်တွေက ရှာဖွေနေတယ်လို့ ရုရှားသတင်းတွေမှာ ကြေညာပါတယ်။ ပေါက်ကွဲမှုကြောင့် ဂယောက်ဂယက် ဖြစ်နေတဲ့ သွေးစွန်းနေတဲ့ မြင်ကွင်းတွေကို မြင်ရပြီး ခန္ဓာကိုယ် အစိတ်အပိုင်းတွေ ပြန့်ကျဲနေတာကိုလည်း တွေ့ရပါတယ်။

အသေခံ ဗုံးခွဲသူလို့ ယူဆရသူ ဦးခေါင်းကိုတော့ ပေါက်ကွဲမှုဖြစ်တဲ့ နေရာမှာပဲ တွေ့ရတယ်လို့ လုံခြုံရေး အာဏာပိုင်တဦး ပြောဆိုချက်ကို INTERFAX သတင်းမှာ ကိုးကား ဖော်ပြထားပါတယ်။

ဒါဟာ အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်တယ်ဆိုပြီး ရုရှားသမ္မတ ဒီမီထရီ မက်ဗီဒက်ဘ် (Dmitry Medvedev) က ဝေဖန် ရှုတ်ချပါတယ်။ ဒီတိုက်ခိုက်မှုအတွက် တာဝန်ရှိသူတွေကို လိုက်လံရှာဖွေ အရေးယူသွားမယ်လို့လည်း ပြောပါတယ်။

ဒါ့အပြင် ရုရှားနိုင်ငံတွင်းက သယ်ယူပို့ဆောင်ရေးဌာန အားလုံးမှာ လုံခြုံရေးအဆင့် တိုးမြှင့်ဖို့လည်း အမိန့်ထုတ်လိုက်ပါတယ်။

အခု ရုရှားလေဆိပ် ဗုံးခွဲတိုက်ခိုက်ခံရမှုအပေါ် နိုင်ငံတကာ ခေါင်းဆောင်တွေကလည်း ရှုတ်ချ အပြစ်တင်နေကြပါတယ်။ အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) က ဒီတိုက်ခိုက်မှုဟာ အင်မတန် မခံရပ်နိုင်စရာ ဖြစ်တယ်လို့ ပြောပြီး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Ban Ki-moon) က ဒီတိုက်ခိုက်မှုကြောင့် တုန်လှုပ် ချောက်ချားမိတယ်လို့ ပြောသွားပါတယ်။

Monday, January 24, 2011

မြန်ပြည် အင်တာနက်

အင်တာနက် က နိုင်ငံ တကာ ထွက်ဖို့  အတွက် အကျိုးပြု သလို
မိတ်ဆွေ အပေါင်းအသင်း မိသားစု တွေ အလွယ်တကူ ဆက်သွယ်လို့  ရတာ
ဟိုကြည့် ဒီကြည့် ဆို ရင် ပင်ပန်းမှာ စိုးလို့  မကြည့်သင့် တာ မကြည့် ရအောင် လုပ်ထားတာလဲ ရှိရဲ့ 
ဟိုရေးဒီရေး ကောင်း လို့  နှစ် အတော်ကြာ နားနေ ရသူတွေ လဲ ရှိ ရဲ့ 
မှန်လဲ မသိ သလို
မှားလဲ မသိ သလို
နေတတ်သလို နေ ဟို ကတား ဒီကတား သတိထား သုံးတတ် မှ နော်
အမှန် ရေးသူ နား နေ ပေမဲ့
မသင့် တော်တာ တွေ များလာနေ တာ ကတော့
လွတ်လပ်မှုတွေ ရရှိ နေ တာ ဆိုရမှာလား
မကောင်းတာတွေ ခွင့်ပြု နေ မှ တော့
ကောင်းတာလုပ်သူ တွေ လွတ်လပ်စွာ ပြုလုပ် နိုင်ရင်တော့
အကျိုးရှိမှု ကတော့ အတိုင်းထက် အလွန်
မြန်ပြည် အင်တာနက် လူတိုင်းသုံး နိုင်တဲ့ တချိန်ချိန်ပေါ့ 

နေပြည်တော်လမ်း ကားမှောက် ဂျပန်တဦး သေဆုံး

မဇ္ဈိမသတင်းဌာန
ရန်ကုန်-နေပြည်တော် အမြန်လမ်းပေါ်တွင် လူ ၅ ဦးစီးနင်းလာသော အိမ်စီးကားတစီး စနေနေ့က ည ၁ဝ နာရီ ကျော်က တိမ်းမှောက်မှု ဖြစ်ပွားရာ ဂျပန်လူမျိုး တဦးအပါအဝင် ၂ ဦး သေဆုံးသွားသည်။

သေဆုံးသူ ဂျပန်လူမျိုးမှာ ဟိဒကိ ဟဆဲဂဝ(Hideki Hasegawa) ဖြစ်ပြီး အသက် ၄ဝ ကျော်ခန့်ရှိ ဆေးပညာ ကျွမ်းကျင်သူ ဖြစ်ကြောင်း ရန်ကုန်မြို့အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး အရာထမ်းတဦးက ပြောသည်။

အခြား ဂျပန်လူမျိုးတဦးမှာလည်း ဒဏ်ရာရရှိသဖြင့် တောင်ငူ ဆေးရုံသို့ တင်ပို့ထားရသည်ဟုလည်း ပြောသည်။

အခြားသေဆုံးသူ တဦးမှာ ရထားပို့ဆောင်ရေးဝန်ကြီးဌာနမှ မြန်မာလူမျိုး အရာရှိတဦးဖြစ်ကြောင်း ရန်ကုန်အခြေစိုက် ရန်ကုန်တိုင်းမ် ဂျာနယ်က ရေးသားထားသည်။

ရန်ကုန်ရှိ ဂျပန်သံရုံး၏ပြောပြချက်အရ စစ်ဆေးစုံစမ်းမှုပြုလုပ်ရန် စေလွှတ်ထားကြောင်း သိရသည်။

မိုင်တိုင်အမှတ် ၁၃ဝ မိုင်ဝန်းကျင်ခန့်တွင် ယာဉ်တစီး တိမ်းမှောက်နေသည်ကို ဇန်နဝါရီလ ၂၃ ရက်နေ့ နံနက်အစောပိုင်းက မြင်တွေ့ခဲ့ကြကြောင်း နေပြည်တော် အကယ်ဒမီပေးပွဲသို့ သွားရောက်သည့် ပြည်တွင်းသတင်းစာဆရာတဦးက ပြောသည်။

သေဆုံးသူ ဟဆဲဂဝ (Hideki Hasegawa)သည် နေပြည်တော်ရှိ အစိုးရ အဆင်မြင့် အရာရှိတဦးနှင့် တွေ့ဆုံရန် လာရောက်ခဲ့ခြင်း ဖြစ်သည်ဟုလည်း နိုင်ငံခြားသတင်းအေဂျင်စီ သတင်းထောက်တဦးက ပြောသည်။

ရန်ကုန်-နေပြည်တော်-မန္တလေးလမ်းသည် ကွန်ဂရိလမ်း ဖြစ်သောကြောင့် ယာဉ်တိမ်းမှောက်ခြင်းများကို ကြည့်ပါက တာရာပွင့်ထွက်ကာ မှောက်သည်ကများကြောင်း မြန်မာနိုင်ငံ ယာဉ်ထိန်းတပ်ဖွဲ့(ယာဉ်မှုစစ်)မှ တာဝန်ရှိသူတဦးက ပြောသည်။

နေပြည်တော် ရန်ကုန်အမြန်လမ်း လမ်းပိုင်း စတင်ဖွင့်လှစ်သည့် ၂ဝဝ၉ ခုနှစ် မတ်လ ၂၆ ရက်မှ ၂ဝ၁ဝ နိုဝင်ဘာ ၂၃ ရက်အထိ လနှစ်ဆယ်ခန့် ကာလ အတွင်း ထိုလမ်းပိုင်း ပေါ်တွင် ယာဉ်တိုက်မှု စုစုပေါင်း ၁၅၆မှု ဖြစ်ပွားခဲ့ပြီး လူ (၈ဝ)သေဆုံးကာ ၊ ၂၇၈ ဦး ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း ဇန်နဝါရီ ၉ရက်ထုတ် မြန်မာ့အလင်း သတင်းစာပါ ဆောင်းပါးတခုတွင် ဖော်ပြထားသည်။

ယာဉ်တိုက်မှု ၁၅၆ မှုတွင် ယာဉ်မောင်းများ၏ ပေါ့ဆမှုကြောင့် ၉၇ မှုဖြစ်ပွားခဲ့ပြီး အရှိန်ပြင်း မောင်းနှင်မှုကြောင့် (၂၄)မှု ဖြစ်ပွားခဲ့သည်ဟု ဆောင်းပါးတွင် ပါရှိသည့်အပြင် ၂ဝဝ၆ ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံတွင် ယာဉ်တိုက်မှု ဖြစ်ပွားသည့် အကြိမ်ရေနှင့် လူသေဆုံးသည့် အရေအတွက် တိုးလာကြောင်းလည်း ဖော်ပြထားသည်။

၂၀၀၉ ခုနှစ်ရုပ်ရှင်ထူးချွန်အကယ်ဒမီဆုပေးပွဲ


jecknet Ster


၂၃ ဇန်န၀ါရီ ၂၀၁၀
၀၆း၃၀ တွင်စပြီး၀၉း၄၀ တွင် အခမ်းအနားပြီးဆုံးကြောင်းကြေငြာသည်

၁. အမျိုးသားဇာတ်ဆောင်ဆု - နေတိုး -------------------- (မိုးညအိပ်မက်မြူ)

၂. ဇာတ်ညွန်းဆု - မြင့်ဦးဦးမြင့် -------------- (ကြိုးကြာတောင်ပံခတ်သံ)

၃. နောက်ခံသီချင်း - ဓိရာမိုရ် ------------------ (ဇော်က ကနေသည်)

၎. အသံဆု - ဆန်းဦးနှင့်အဖွဲ့ ------------ (အတိတ်၏အရိပ်)

၅. ရုပ်ရှင်ဓါတ်ပုံဆု - ကိုကိုဌေးနှင့်အဖွဲ့ ---------- (အတိတ်၏အရိပ်)

၆. အမျိုးသမီးဇာတ်ပို့ဆု - စိုးပြည့်သဇင် -------------- (မိုးညအိပ်မက်မြူ)

၇. တည်းဖြတ်ဆု - ဇော်မင်း(ဟံသာမြေ) ------ (ကျောက်စက်ရေ)

၈. ဇာတ်ကားဆု - ဇင်ယော်ရုပ်ရှင်ထုတ်လုပ်ရေး(ကြိုးကြာတောင်ပံခတ်သံ)

၉. ဒါရိုက်တာဆု - အကယ်ဒမီ ဒါရိုက်တာမီးပွါး (ဇော်က ကနေသည်)

အခမဲ့ စာသင်ကျောင်းကို ဆက်လက် ဖွင့်ခွင့်ရ

ပြီးခဲ့တဲ့ တနင်္လာနေ့က လှိုင်သာယာမြို့နယ် (၁၄) ရပ်ကွက် မေခ လမ်း ဦးမင်းလွင်ရဲ့ ခြံဝင်းအတွင်းမှာ ‘အမေ့အိမ်’ လို့ အမည်ပေးထားတဲ့ အခမဲ့ စာသင်ကျောင်းကို NLD က ဦးဆောင်ပြီး ဖွင့်လှစ်ခဲ့ပါတယ်။ ဒါပေမယ့် ပညာရေး ဝန်ကြီးဌာနက တားမြစ်တဲ့အတွက် နောက်တနေ့မှာ ပိတ်ထားခဲ့ရပါတယ်။

ဒီလို တားမြစ်ထားတဲ့ကိစ္စနဲ့ ပတ်သက်ပြီး လှိုင်သာယာ NLD အတွင်းရေးမှူး ဦးအေးဗိုနဲ့ ပညာရေးဌာန တာဝန်ရှိသူတွေ မနေ့က ဆွေးနွေးညှိနှိုင်းခဲ့ပြီးနောက် ဖွင့်လှစ်ခွင့် ရရှိခဲ့တာပါ။

ဒီကိစ္စကို ပြေလည်အောင် ဖြေရှင်းကြတဲ့အတွက် နှစ်ဘက်စလုံးကို အထူး ကျေးဇူးတင်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က မှတ်ချက်ချ ပြောဆိုကြောင်း NLD ပြန်ကြားရေးတာဝန်ခံ ဦးအုံးကြိုင်က ပြောပါတယ်။

ကျောင်းဖွင့်ခွင့် စည်းမျဉ်းတွေနဲ့ မကိုက်ညီတဲ့အတွက် ဖွင့်ခွင့်မရှိဘူးလို့ ပညာရေးဌာနက တားမြစ်ခဲ့တာ ဖြစ်ပေမယ့် ဒီကျောင်းဟာ အခကြေးငွေယူပြီး ဖွင့်တာ မဟုတ်တဲ့အတွက် တခြား ပုဂ္ဂလိက စာသင်ကျောင်းတွေနဲ့ မတူကြောင်း NLD ဘက်က ပြန်လည် ရှင်းပြခဲ့တယ်လို့ သိရပါတယ်။

Friday, January 21, 2011

တရုတ်ကား အသစ် ၈ ယောက် စီး ၁၃၃ သိန်း

မြန်မာပြည် မှာ ကား အသစ် စဝယ်လို့ ရတာ ဝမ်းသာစရာပေါ့
၈ယောက် စီးကို ..၁၃၃ သိန်းနဲ့  အသစ်စီး ရမယ်ဆိုတာ ကို ပဲ ကြည့် ရအုံးမယ်။
မျိုးဆက်သစ်လူငယ်တွေ ဦးညွှတ်နေ ရတဲ့ ကားထက်
ကောင်းမကောင်း မသိပေ မဲ့ကြိုဆို ရမှာပါ ။
တခါးဟစိ နည်းနည်း လေတိုးလာသလိုပေါ့။
တခါးလက်ကိုင် ကတော့ အရင်လို ပါပဲ။ ပြောင်းရပြုရ ထစ်ထစ်နဲ့ ပေါ့။

တရားဝင် ငွေလဲလှယ်နှုန်း

မြန်မာစစ်အစိုးရ၏ တရားဝင် ငွေလဲလှယ်နှုန်း သတ်မှတ်ချက်မှာ အမေရိကန် တဒေါ်လာလျှင် မြန်မာငွေ ၆ ကျပ် ဖြစ်သည်။

Thursday, January 20, 2011

ကမ္ဘာ ရဲ ကြီး နဲ့  အာဏာရှင်နိုင်ငံတွေ ကို မြှောက်ထိုးပင့်ကော် လုပ်သူ တွေ့ ဆုံလေရဲ့ 

ကမ္ဘာ ရဲ ကြီး နဲ့  အာဏာရှင်နိုင်ငံတွေ ကို မြှောက်ထိုးပင့်ကော် လုပ်ပြီးချမ်းသာလာသူ တွေ့ ဆုံလေရဲ့ 
့ သူလဲ မပစ်ရဲ ကိုယ်လဲ မလုပ်တတ်ဖြစ်တော့ နှစ်ယောက်ပေါင်း ပြီး ကြံနေလေတော့

နိုဗယ်လ် ငြိမ်းချမ်းရေး ဆု ရှင် လွှတ်လာရင် တကယ် ကောင်းသောတွေ့ ဆုံပွဲ ဖြစ်မှာပါ။

လောလောဆယ်တော့ မြောက်ကိုရီးယား အသံ မထွက် နိုင် တောင်ကိုရီးယား မလေ့ကျင့်နိုင် အကျိုးအမြတ်ရနေလေရဲ့ ။

ရေနံ ဈေးကြီးတာ နှစ်ယောက်စလုံး ခေါင်းခဲ နေတာတော့ အသေ အချာ။ နှင်းကထူ ရေနံ အထွက် ကကျ ရေနံ က အလိုလိုနေရင်း ဈေးတတ်စမ်းတာနေ မှာ ပါ ဒီတခါ ရာကျော် ရင်.......

ယတြာ ချေပုံ

၂၀၁၁ မှာ ခွေးပြေး ဝက်ပြေး ဖြစ် မယ် ဆို လို့ 
ခွေးဆွဲ ဝက်ဆွဲ ပြီး ပြေး လိုက် ၊
ခွေးချီ ဝက်ချီ ပြေးလိုက် လုပ် ပေမဲ့
ခွေးလို အူ ၊ဝက်လို မအော် လို့ 
ကတော့ အထမြောက် မမြောက် ဆို တာကတော့ ဆက်ကြည့် ရတော့ မှာ ပါပဲ။

Tuesday, January 18, 2011

စစ်မှုထမ်းရမည် ဥပဒေ နောက်ကွယ်က

စစ်မှုထမ်းရမည် ဥပဒေ နောက်ကွယ်က ဖိုးလပြည့် ကို စစ်ရာထူး ပေးချင်လို့ ကိုး
....ဒီတိုင်းလည်းတတ်လို့ ရတာကို ဥပဒေနဲ့  စနစ်တကျ လုပ်တယ်ပေါ့...
မြောက်ကိုရီးယား အားကျလို့  အခုတော့ မြောက်ကိုရီးယားလည်း
အခုတိုက်မယ်
တော်ကြာတိုက် မယ်
တိုက်ချင်မှ တိုက်မယ် ဖြစ်သွားလေရဲ့ ။

နအဖမှ ပညာရေး ပိတ်ပင်မှု လုပ်ဆောင်ရန် အခမဲ့ ပညာဒါနကျောင်း တားမြစ်ခံရ

(နယ်ချဲ့ မျက်နှာဖြူ လက်ထက် ကဲ့သို့  အမျိုးသားကျောင်းများ စတင်လာရမည်လော။ မြန်မာတွေ စာတတ်မှာ ကို မြန်မာတွေ က ပိတ်ပင်ထားတာကိုး ဒါကြောင့် နိုင်ငံခြား မှာ ကျောင်းတွေ လာတတ်နေတာ ဖြစ်မှာ မြန်မာပြည်မှာ စာသင်လို့  စာတတ်ဖို့ မလွယ်ဘူး အလကားသင်ပေးလို့  မရတာ အခုမှပိုသေချာသွားတော့ တယ်)
ဟိန်းသူ

အမေ့အိမ် ပညာဒါန အမည်ရှိ အခြေခံပညာအဆင့် အခမဲ့ ပညာသင်ကျောင်းကို ပညာရေးဝန်ကြီးဌာန အခြေခံပညာ ဦးစီးဌာနမှ တားမြစ်သော်လည်း ဆက်လက် ဖွင့်သွားမည် ဖြစ်သည် ဟု ကျောင်း ဖြစ်မြောက်ရေးတွင် ပါဝင်သည့် ကိုဖြိုးမင်းသိန်း က ပြောသည်။

“ဖွင့်မယ့်နေ့ မတိုင်ခင်ကတည်းက ကျောင်းဖွင့်ဖို့ မလုပ်ဖို့ မြို့နယ် ပညာရေးဦးစီးဌာနကတဆင့် အကြောင်းကြားပါတယ်။ ကျနော် တို့ကတော့ ဒါနမှုပြုတဲ့ သဘောအနေနဲ့ လုပ်သွားမှာပါ။ ကျနော်တို့ကျောင်းက စာမေးပွဲစစ်တာတွေ၊ ဘာတွေလည်းလုပ်မှာမဟုတ် တော့ ဆက်လုပ်သွားဖို့ ဆုံးဖြတ်ထားပါတယ်”ဟု ၎င်းက ပြောပြသည်။

လာမည့်နှစ်တွင် တရားဝင် ကျောင်းဖွင့်ခွင့် ရရှိရန်အတွက် မှတ်ပုံတင်ခြင်း လုပ်ငန်းများကိုလည်း ဆက်လက် လုပ်ဆောင် သွားမည် ဖြစ်ကြောင်းလည်း ကိုဖြိုးမင်းသိန်းက ဆိုသည်။

အမေ့အိမ် ပညာဒါန ကျောင်းကို လှိုင်သာယာမြို့နယ် ၁၄ ရပ်ကွက် မေခလမ်း အမှတ် ၅၄၈ ဦးမင်းလွင် ၏ နေအိမ်တွင် ဇန်န၀ါရီ လ ၁၇ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

ယင်းကျောင်းကို ဒေါ်အောင်ဆန်းစုကြည်၏ လမ်းညွှန်မှုဖြင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နှင့် လူငယ်ကွန်ရက်က ကမကထပြုဖွင့် လှစ်ခြင်းဖြစ်ပြီး ဆင်းရဲနွမ်းပါးသည့် ကလေးငယ်များအတွက် အဓိက ရည်ရွယ်၍ ဖွင့်လှစ်ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါကျောင်း ဖြစ်မြောက်ရန်အတွက် ဦးဆောင်နေသည့် ဦးမင်းလွင်၊ ဦးဖြိုးမင်းသိန်း၊ ဦးအေးဘို တို့ကို ပညာရေးဝန်ကြီးဌာန အမှတ်(၃) အခြေခံပညာ ဦးစီးဌာနက ညွှန်ကြားရေးမှူးချုပ် ကိုယ်စား ဒုတိယ ညွှန်ကြားရေးမှူး ဦးကျော်ဝင်းမြင့်က ဘာသာရပ် ကိုယ်ပိုင်သင်တန်း ဥပဒေနှင့် လုပ်ထုံးလုပ်နည်းများအရ ကိုက်ညီမှု မရှိကြောင်းနှင့် ဖွင့်လှစ်ခွင့် မပြုကြောင်း စာ ပေးပို့ခဲ့သည် ဟု ကိုဖြိုးမင်းသိန်း က ပြောသည်။

ပညာရေးဝန်ကြီးဌာနမှ ပေးပို့သည့် စာတွင် ကလေးငယ်များအတွက် ကူညီပေးနေကြောင်း၊ ကျောင်းစာအုပ်များ ပေးသည့် အပြင် ကျောင်းလည်း အပ်ပေးနေကြောင်း ပါဝင်သော်လည်း လက်တွေ့တွင် မတူညီသည့်အတွက် မိမိတို့ကျောင်းမှ ကူညီရန် ကြိုးစားခြင်း ဖြစ်သည်ဟု ၎င်း က ရှင်းပြသည်။

ယခုဖွင့်လှစ်သည့် ကျောင်းမှာ မွန်းမံသင်တန်းကျောင်းသဘောမျိုးဖြစ်ကြောင်း၊ စာမဖတ်တတ်သေးသည့် ကလေးငယ်များ စာ ဖတ် တတ်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ ငွေကြေး ချို့တဲ့သည့် ကလေးငယ်ပေါင်း ၁၀၀ ခန့် သူငယ်တန်းမှ ပဉ္စမတန်းအထိ တက်ရောက်ရန်အတွက် စာရင်းပေးသွင်းပြီးဖြစ်ကြောင်းလည်း သိရသည်။

အမေ့အိမ် ပညာဒါန ကျောင်းအတွက် သင်ကြားပေးမည့် ဆရာ၊ ဆရာမ ၁၀ ဦးခန့် ရှိသည်ဟု ဆိုသည်။

အမေ့အိမ် ပညာဒါန ကျောင်း၌ နွေရာသီတွင် အင်္ဂလိပ်စာ အခြေခံ သင်းတန်းများ ဖွင့်လှစ်မည်ဖြစ်ပြီး လာမည့် မတ်လတွင် ၁၀ တန်း ကျောင်းသားများ အတွက် ဟောပြောပွဲများပြုလုပ်ရန် စီစဉ်နေကြောင်းလည်း သိရသည်။

မြန်မာ သင်္ဘောသား များ ပြန်ပေး ဆွဲခံ ရ နောက် ၁၁ ယောက်

ကျော်ခ
(မဇ္ဈိမ)
မြန်မာသင်္ဘောသား ၁၁ ဦးလိုက်ပါသည့် Samho Jewelry ကိုရီးယား ကုန်တင်သင်္ဘော စနေနေ့က အာရပ်ပင်လယ်ထဲတွင် ဆိုမာလီ ဓားပြများ ပြန်ပေးဆွဲခံလိုက်ရကြောင်း မြန်မာနိုင်ငံပင်လယ်ကူး သင်္ဘောသားများ အသင်းက ပြောသည်။

ပြန်ပေးဆွဲခံရချိန်တွင် သင်္ဘောပေါ်တွင် ဓာတု ပစ္စည်း တန်ချိန် ၁ သောင်းကျော်နှင့် မြန်မာသင်္ဘောသား ၁၁ ဦး အပါအဝင် ကိုရီးယား ၈ ဦးနှင့် အင်ဒိုနီးရှား ၂ ဦး စုစုပေါင်း ၂၁ ဦး ပါသွားသည်။

“ကျနော်တို့ ရတဲ့အချက်တွေအရတော့ ပြီးခဲ့တဲ့
Samho Jewelry ကိုရီးယား ကုန်တင်သင်္ဘော (photo :: http://english.yonhapnews.co.kr)
စနေနေ့က အဖမ်းခံရတယ်။ ရန်ကုန် Samho Shipping ကုမ္ပဏီရုံးခွဲကပို့ တဲ့ မြန်မာ ၁၁ ယောက်လဲပါတယ်။ ဒီကိစ္စကိုတော့ သူတို့ထုတ်ပြန်မထားဘူး။ မိသားစုဝင်တွေကိုတော့ ပြောပြထားမှာပေါ့”ဟု မြန်မာနိုင်ငံ ပင်လယ်ကူး သင်္ဘောသားများအသင်း ဗဟိုဦးစီးအဖွဲ့ဝင် ဦးဌေးအောင်က ပြောသည်။

ဓာတုပစ္စည်းများတင်ဆောင်လာသည့် အဆိုပါ သင်္ဘော အာရပ်စော်ဘွားများ ပြည်ထောင်စု UAE မှ သီရိလင်္ကာသို့ ဦးတည်ခုတ်မောင်းနေစဉ် ပြန်ပေးဆွဲခံရသည်။

ယခုအခါ ဆိုမာလီဓားပြများ ပြန်ပေးဆွဲခံထားရသူ မြန်မာသင်္ဘောသား ၃၄ ဦးရှိသွားပြီ ဖြစ်သည်။

ယခင်လ ၁ဝ ရက်က မြန်မာသင်္ဘောသား ၂၃ ဦးပါ MV. Panama လိုင်ဘေးရီးယား ကုန်တင် သင်္ဘော တန်ဇန်နီးယား နိုင်ငံ ဒါရက်စ်လမ်းမှ မိုဇမ်ဘစ်နိုင်ငံ ဘိုင်ယာအသွား လမ်းတွင် ဆိုမာလီ ဓားပြ ၅ ဦးက ပြန်ပေးဆွဲသွားသည်။

အဆိုပါ မြန်မာသင်္ဘောသား ၂၃ ဦးမှာ ကျန်းမာလျက်ရှိပြီး မိသားစုနှင့် ဖုန်းအဆက်အသွယ်ရကြောင်း သင်္ဘောကုမ္ပဏီ ရန်ကုန်ရုံးခွဲ တာဝန်ရှိသူတဦးက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည် ညွှန်ကြားမှုနှင့် မျိုးဆက်သစ် လူငယ်များ ကြိုးပမ်းမှုဖြင့် အခမဲ့ ကျောင်းဖွင့်

( ပြည်သူ အရေးကို ပညာရေး စတင် လုပ်ဆောင်ပေး မှု နိဒါန်း ၁၉၉၀ မှ၂၀၁၁ နှစ် ၂၀ ကျော်ကြာမှ စတင် မှု....နအဖဧ။် ပညာရေး ၁၉၉၆ နောက်ပိုင်း တက္ကသိုလ် အဆောင်များ နိဂုံး)တွေ့ ရှိချက် သက်သက်သာ
အောင်မြတ်စိုး .
မဇ္ဈိမ

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ညွှန်ကြားချက်ဖြင့် ပထမဆုံး အခြေခံပညာအဆင့် အခမဲ့ ပညာသင်ကျောင်းကို ရန်ကုန်ုတိုင်း လှိုင်သာယာမြို့နယ်တွင် ယနေ့မနက် ဖွင့်လှစ်လိုက်သည်။

အမေ့အိမ်၊ ပညာဒါန (အခမဲ့) အမည်ရှိ ကျောင်းအား လှိုင်သာယာ ၁၃ ရပ်ကွက် မေခလမ်းရှိ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဝင်တဦး၏ နေအိမ်ခြံဝင်းအတွင်း ယနေ့ဖွင့်လှစ်ရာ ပါတီဒုဥက္ကဋ္ဌ ဦးတင်ဦးနှင့် ဗဟိုအလုပ်အမှုဆောင်ဝင် ဦးဝင်းတင်က တက်ရောက်ဖွင့်လှစ်ပေးခဲ့ခြင်း ဖြစ်သည်။

“လှိုင်သာယာမှာက ကျောင်းမနေနိုင်တဲ့ ကလေးတွေ၊
ကျောင်းအတန်း ရှိပေမယ့် စာရေးစာဖတ် ကောင်းကောင်း မရသေးတဲ့ ကလေးတွေအတွက် ပညာဒါန အခမဲ့ လှူတဲ့ သဘောပါ။ တကယ်လိုအပ်တဲ့ နေရာတွေအတွက် လုပ်ဖို့ လိုအပ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ကျနော်တို့ကို မှာကြားခဲ့လို့ပါ” ဟု ကျောင်းဖြစ်မြောက်ရေး စီစဉ်သူများထဲတွင် ပါဝင်သည့် ကိုဖြိုးမင်းသိမ်းက ပြောသည်။

အမေ့အိမ်တွင် တက်ရောက်ရန် ငွေကြေးချို့တဲ့သဖြင့် ကျောင်းမနေနိုင်သူနှင့် အစိုးရမူလတန်းကျောင်းတွင် တက်ရောက်နေသူ ဒေသတွင်းရှိ ကလေးငယ် ၁၀၀ ကျော် စာရင်းပေးသွင်းပြီး ဖြစ်သည်။

မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ ဘာသာရပ်များကို အစိုးရကျောင်းသင်ရိုးအတိုင်း သင်ကြားမည်ဖြစ်ရာ ကျောင်းဖြစ်မြောက်ရေး စီစဉ်သူတဦးဖြစ်သည့် လှိုင်သာယာ အန်အယ်ဒီ ပါတီဝင် ကိုအေးဗိုလ်နှင့်အတူ ကိုဥာဏ်ဝင်းအောင်၊ ကိုညီညီမင်း၊ ကိုကျော်သူရ၊ မစပယ်၊ မခင်မြတ်သူနှင့် မမြင့်မြင့်အေး စသည့် လူငယ်တစုက တာဝန်ယူ ပို့ချသွားမည်။


အမေ့အိမ်၊ ပညာဒါန (အခမဲ့) ကျောင်းတွင် သင်ကြားနေသည့် ကျောင်းသားငယ်များ (ဓာတ်ပုံ - မဇ္ဈိမ)

မနက် ၉ နာရီတွင် အစိုးရကျောင်း၌ ညနေပိုင်းတက်သူ ကျောင်းသားများနှင့် နေ့လည်တွင် အစိုးရကျောင်း၌ မနက်ပိုင်းတက်သူ ကျောင်းသားများကို သင်ကြားပေးမည် ဖြစ်သည်။

ထို့ပြင် ၁ဝ တန်း ကျောင်းသားများအတွက်ပါ အနီးကပ် သင်ကြားပေးမည်ဖြစ်ကာ၊ နွေရာသီကာလတွင် အင်္ဂလိပ်စာ သင်တန်းများ ဖွင့်လှစ်နိုင်ရန် ရည်မှန်းထားသည်။

လှိုင်သာယာမြို့သည် ရန်ကုန်ဧရိယာကို ခွဲခြားသတ်မှတ်ထားသော လှိုင်မြစ်တဖက်ကမ်း၌ တည်ရှိပြီး၊ ဆင်းရဲချို့တဲ့သူ အများအပြား နေထိုင်ကာ ကျောင်းမနေနိုင်သည့် ကလေးဦးရေ များစွာ ရှိနေသည်။

Tuesday, January 11, 2011

ဖရုံကာကျွန်းအနီး ကျောက်ဆောင်တစ်ခု ရေပေါ်မှ ပေါ်ထွက်လာ

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ဖရုံကာကျွန်းအနီး ပယ်လယ်ပြင်တွင် ကျောက်ဆောင် တစ်ခု ရေပေါ်သို့ ထူးခြား ဆန်းကြယ်စွာ ထွက်ပေါ်လာကြောင်း သတင်း ရရှိသည်။

ထွက်ပေါ်လာသော ကျောက်ဆောင်မှာ ရေပေါ်သို့ အမြင့် ၁၀ ပေခန့် ထိုးထွက် ဖြစ်ပေါ်နေသည်ဟု သိရသည်။

ငါးဖမ်းသမား ဘုတ်ပိုင်ရှင် ကိုလှကျော်မြင့်က “ ဒီရေ ကျသွားတဲ့ အချိန်ဆိုရင် ၁၀ ပေထိ ထိုးထွက်နေပြီး ဒီရေ တက်ချိန်ဆိုရင် လေး- ငါးပေထိ ပေါ်ထွက်နေပါတယ်။ အရင်က အဲဒီနေရာမှာ ခုလို ကျောက်ဆောင် မရှိတဲ့ အတွက် လူတွေကတော့ အနားမကပ်ရဲဘဲ ဖြစ်နေကြပါတယ်။ ခုလို ကျောက်ဆောင်ပေါ်တာက ထူးခြားဆန်းကြယ်တဲ့ အတွက် ငါးဖမ်းသမားတွေကတော့ အမျိုးမျိုး ပြောနေကြပါတယ်” ဟု ပြောသည်။

အခု ကျောက်ဆောင်ပေါ်လာသော နေရာမှာ စစ်တွေမြို့ အရှေ့တောင်ဘက်၊ ဖရုံကာကျွန်း အရှေ့ ပိုင်း၏ တောင်ဘက် ၇ မိုင်ခန့် အကွာတွင် တည်ရှိသည်ဟု သိရသည်။

အဆိုပါ ကျောက်ဆောင်မှာ ဒီဇင်္ဘာလ နောက်ဆုံးအပတ်ခန့်က ရေပေါ်သို့ ရွှေ့လျား ပေါ်ထွက်လာသဖြင့် အစပိုင်းတွင် ငါးဖမ်းသမားများက ရေနဂါးဟု ထင်ကာ စက်လှေများကို ထွက်ပြေးခုတ်မောင်းခဲ့ကြကြောင်း နောက်ပိုင်းတွင်သာ ကျောက်ဆောင်ဟု သိရှိသဖြင့် အနီးအနားမှ သွားရောက်ကြည့်ရှု့ခဲ့ကြသည်ဟု သူက ပြောသည်။

“ အခုတော့ လူတွေက အနားကို စက်လှေနဲ့ သွားကြည့်ကြတယ်။ ဒါပေမယ့် သိပ်အနီးကပ်ပြီးတော့ မသွားရဲကြဘူး။ လူတွေကတော့ ရေအောက်မှာ မီးတောင်ရှိနေတဲ့ အတွက် မီးတောင်ပေါက်ကွဲမယ့် အနေအထားကြောင့် ခုလို မြင့်တက်လာတာ ဖြစ်နိုင်တယ်ဆိုပြီး ပြောဆိုနေကြပါတယ်” ဟု သူက ဆက်ပြောသည်။

အဆိုပါ ဖရုံကာကျွန်း အနီးတ၀ိုက်တွင် ရွံ့မီးတောင်များ အများအပြား တည်ရှိနေပြီး ရေအောက်တွင်လည်း မီးတောင်များ ပျံ့နှံ့ တည်ရှိနေကြောင်း သိရသည်။ အဆိုပါ နေရာ အနီး တ၀ိုက်တွင် ငါးများ အထူးကျက်စားသဖြင့် ပြည်တွင်း ငါးဖမ်းသမားများသာမက ပြည်ပ ငါးဖမ်းသမားများလည်း တန်ကေးခေါ် စက်လှေကြီးများကို အသုံးပြုကာ ငါးများကို ဖမ်းဆီးကြသည်ဟု သိရသည်။

ယခုကဲ့သို့ ကျောက်ဆောင် တစ်ခု ရေပေါ်သို့ ရွှေ့လျား ထွက်ပေါ်လာခြင်းကို စစ်တွေတွင် သိရှိသူ နည်းပါးနေသေးကြောင်း သူက ဆက်ပြောသည်။
http://www.narinjara.com/detailsbur.asp?id=2965

ဒါရိုက်တာ မောင်ဝဏ္ဏ ကွယ်လွန်

ထွန်းထွန်း
အင်္ဂါနေ့၊ ဇန်နဝါရီလ ၁၁ ရက် ၂၀၁၁ ခုနှစ် ၁၄ နာရီ ၅၀ မိနစ် .
မဇ္ဈိမ
စွယ်စုံရအနုပညာရှင် ဒါရိုက်တာ မောင်ဝဏ္ဏသည် အဆုတ်ကင်ဆာဖြင့် ၆၄ နှစ် အရွယ်တွင် ရန်ကုန်မြို့၌ ယနေ့မနက် ကွယ်လွန်သွားသည်။

စာရေးဆရာ၊ ဒါရိုက်တာ အကယ်ဒမီ မောင်ဝဏ္ဏသည် ရန်ကုန်တိုင်း သင်္ဃန်းကျွန်းမြို့နယ် အသင်းတိုက် မှတ်တိုင်အနီး သာဓုခြံဝင်းရှိ သူ၏ နေအိမ်တွင် ယနေ့မနက် ၄ နာရီ ၂ဝ မိနစ်ခန့်တွင် ကွယ်လွန်သွားခြင်း ဖြစ်သည်။
(photo::http://www.wikimyanmar.co.cc )
“၄ နာရီ ၂ဝ မှာ ဆုံးပါတယ်။ အဆုတ်ကင်ဆာ ရောဂါပါခင်ဗျာ” ဟု ဒါရိုက်တာ မောင်ဝဏ္ဏ၏ သားဖြစ်သူ မောင်ဥက္ကာက ပြောသည်။

သဘာဝကို အသားပေး ရိုက်ကူးလေ့ရှိသည့် ဦးဝဏ္ဏ ဆုံးပါးသွားသဖြင့် ရုပ်ရှင်အသိုင်းအဝိုင်းအကြား နှမြောတသ စိတ်မကောင်း ဖြစ်နေကြသည်။

“ကိုဝဏ္ဏ ဆုံးသွားတာကတော့ ကျနော်တို့ အနုပညာလောကအတွက် အားလုံးအတွက်ပေါ့လေ...၊ တော်တော်လေး ဆုံးရှုံးမှုတရပ်လို့ ကျနော် မြင်ပါတယ်။ ဦးဝဏ္ဏက သူရိုက်တဲ့ကားတိုင်းက သဘာဝကျကျနဲ့ ရိုက်ခဲ့တယ်။ ကျနော်တို့ ပြည်သူပြည်သားတွေရဲ့ လက်တွေ့ခံစားနေရတဲ့ ဒီခံစားချက်တွေကို သူ ထည့်ရိုက်တယ်။ အဲဒီတော့ သဘာဝကျကျနဲ့ ရိုက်တဲ့ လူသားတဦး ဆုံးရှုံးသွားတယ်ပေါ့လေ” ဟု ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ ကျော်သူက ပြောသည်။

ဆရာ မောင်ဝဏ္ဏ ရုပ်ကလာပ်ကို ဦးကျော်သူ ဦးဆောင်သည့် နာရေးကူညီမှုအသင်း (ရန်ကုန်) က ရေဝေးသုသာန်သို့ ပို့ဆောင်ခဲ့ပြီး ဖြစ်သည်။



“အသက် ၈ဝ ကျော်မှ သုံးရတဲ့ ဂျပန်နိုင်ငံက လှူထားတဲ့ ကားကြီးတွေနဲ့ ရေခဲတိုက်ကို ပို့တာ။ ကိုဝဏ္ဏက ၈ဝ မရှိသေးဘူး။ ဒါပေမဲ့ ကျနော်တို့ရဲ့ စံပြလူသားတဦး ဖြစ်တဲ့အတွက် ဒီကားကြီးနဲ့ ကျနော် သွားပို့တယ်။ လမ်းကျတော့ ရေဝေးသုသာန် မရောက်ခင် လမ်းကျတော့ ကားဘီးက လုံးဝကို ကွဲထွက်သွားတယ်။ ကျနော်တို့ ရိုးရိုးကားနဲ့ ပြန်ပြီးတော့ Body (ရုပ်အလောင်း) ကို ပြန်ရွှေ့တင်ရတယ်။ ကိုဝဏ္ဏတယောက်ကတော့ သဘာဝကျကျပဲ သူ့နောက်ဆုံးလမ်းကို သွားချင်တယ်၊ ပကာသနတွေ မလိုချင်ဘူး ထင်တယ်လို့ ကျနော့်ခေါင်းထဲ ရောက်လာတယ်” ဟု ဦးကျော်သူက ပြောသည်။

ဒါရိုက်တာ မောင်ဝဏ္ဏကို ဖခင်ဖြစ်သူ စာရေးဆရာနှင့် ဒါရိုက်တာ ဦးသာဓုနှင့် မိခင် ဒေါ်ခင်ညိုက ၁၉၄၇ ခုနှစ် ဇန်နဝါရီလ ၁၉ ရက်နေ့တွင် ရန်ကုန်မြို့၌ မွေးဖွားခဲ့ခြင်း ဖြစ်သည်။

ရန်ကုန် ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်မှ “ဒဿနိကဗေဒ” အဓိကဘာသာရပ်ဖြင့် ဝိဇ္ဇာဘွဲ့ရရှိခဲ့ကာ ၁၉၆၉ ခုနှစ်မှစ၍ “သိုင်းသမား” ရုပ်ရှင်ဇာတ်ညွှန်းရေးသားခဲ့ကာ၊ ၁၉၇ဝ ခုနှစ်တွင် “ကတ္တီပါဖိနပ်စီး ရွှေထီးဆောင်း” ရုပ်ရှင်ရိုက်ကူးပြီး ရုပ်ရှင်လောကသို့ ဝင်ရောက်ခဲ့သည်။ ဤဇာတ်ကားဖြင့် အသက်အငယ်ဆုံး ဒါရိုက်တာထူးချွန်ဆု ရရှိခဲ့သည်။



၁၉၇၁ ခုနှစ်တွင် အဆိုပါ ဇာတ်ကားဖြင့် ၁၉၇ဝ ခုနှစ်အတွက် ဒါရိုက်တာ အကယ်ဒမီဆုကို ရရှိခဲ့သည်။ ထို့နောက် ဇာခန်းဆီးနောက်ကွယ်မှာ၊ ခြေဖဝါးတော်နုနု၊ နှောင်းတမြေ့မြေ့၊ ပန်းတွေနဲ့ဝေ၊ ခုနှစ်စဉ်အလွမ်း၊ ရယ်စရာမောစရာ၊ ရင်ထဲက ဆောင်းရာသီ အပါအဝင် ရုပ်ရှင်ဇာတ်ကားကြီး ၂ဝ ကျော် ရိုက်ကူးခဲပြီး ၁၉၉ဝ ခုနှစ်တွင် “ပန်းတွေနဲ့ဝေ” ဇာတ်ကားဖြင့် ဒုတိယအကြိမ် အကယ်ဒမီဆု ရရှိခဲ့သည်။

၁၉၇၂ ခုနှစ်တွင် လေထဲက အိပ်မက်ကလေး ဝတ္ထုကို ရှုမဝမဂ္ဂဇင်းတွင် စတင်ရေးသားခဲ့ပြီး စာပေနယ်သို့ပါ ဝင်ရောက်ခဲ့သည်။

မကွယ်လွန်မီအထိ ပန်းတွေနဲ့ဝေ၊ ချစ်တဲ့သူငယ်လေ၊ ချစ်ခင်စ မှော်ရုံမှာလေ၊ မောင်စိန်သောင်း မနှင်းရည် ဝတ္ထုတိုများ၊ တက္ကသိုလ်လွမ်းချင်း၊ မောင့်အပြင် မောင့်ညီကိုတွေ မေ့အလွမ်းပြေ၊ ရင်တွေ ခုန်နေသည်၊ မင်းကို ကိုယ်ချစ်တယ် အပါအဝင် လုံးချင်းစာအုပ်ပေါင်း ၂ဝ ကျော် ရေးသားခဲ့သည်။

မွေးချင်း ညီအစ်ကို ၃ ဦးရှိသည့်အနက် အလတ်ဖြစ်သူ မင်းလူမှာ နိုင်ငံရေး အကျဉ်းသားဟောင်းဖြစ်ပြီး စာရေးဆရာနှင့် ရုပ်ရှင်ဇာတ်ညွှန်းရေးသူ ဖြစ်သည်။ အငယ်ဆုံး ဦးသုမောင်မှာ စွယ်စုံရ အနုပညာရှင်ဖြစ်ပြီး ပြီးခဲ့သည့်နှစ် မေလ ၁၆ ရက်နေ့တွင် ကွယ်လွန်ခဲ့သည်။

ဆရာမောင်ဝဏ္ဏ ကွယ်လွန်ချိန်တွင် ဇနီးသည် ဒေါ်ချိုချိုရည်နှင့် သားသမီးများဖြစ်သည့် မဝါနု၊ မောင်သော်ဇင်၊ မောင်ဥက္ကာ ဟူသော သားသမီး ၃ ဦး ကျန်ရစ်ခဲ့သည်။

ရုပ်ကလာပ်ကို ယခုလ ၁၃ ရက်နေ့ ညနေ ၃ နာရီတွင် ရေဝေးသုသာန်၌ မီးသဂြိုင်္ဟ်သွားမည်ဖြစ်သည်။

မြန်မာနိုင်ငံ အလယ်ပိုင်း ဓာတ်ငွေ့သိုက်ကြီး တွေ့ရှိ

သောမတ်စ် မောင်ရွှေ
မဇ္ဈိမ
မြန်မာနိုင်ငံတွင် ရေနံနှင့် ဓာတ်ငွေ့ရှာဖွေ တူးဖော်မှုများ ပြုလုပ်နေသော တရုတ်နိုင်ငံ SIPC မြန်မာရေနံ ကုမ္ပဏီ လီမိတက်က မကွေးတိုင်း ပထိုးလုံဒေသတွင် ဓာတ်ငွေ့ ၉ဝ၉ ဘီလျံကုဗပေနှင့် ရေနံဓာတ်ငွေ့ရည် စည်ပေါင်း ၇.၆ သန်း ထွက်ရှိနိုင်မည့် ရေနံမြေတခုကို တွေ့ရှိခဲ့ကြောင်း စစ်အစိုးရပိုင် မီဒီယာများက ကြာသပတေးနေ့တွင် ကြေညာခဲ့သည်။

ဤအချက်မှန်ကန်ပါက စစ်အစိုးရက ပြည်တွင်းစီးပွားရေးတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများကို စတင်ဖွင့်ပေးခဲ့သည့် ၁၉၈၈ ခုနှစ်နောက်ပိုင်း အကြီးဆုံး ကုန်းတွင်းပိုင်း ဓာတ်ငွေ့သိုက် တွေ့ရှိမှု ဖြစ်လာမည်။

ယခုသတင်းကို အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေသော မြန်မာ့အလင်း သတင်းစာတွင် မျက်နှာဖုံးသတင်းအဖြစ် ဖော်ပြထားသည်။

SIPC မြန်မာရေနံကုမ္ပဏီ လီမိတက်သည် စစ်အစိုးရပိုင် မြန်မာ့ရေနံနှင့် ဓာတ်ငွေ့လုပ်ငန်း MOGE နှင့် ဆိုင်နိုပက် အင်တာနေရှင်နယ် ရေနံရှာဖွေရေးနှင့် ထုတ်လုပ်ရေး ကော်ပိုရေးရှင်း SIPC တို့ ပူးတွဲလုပ်ကိုင်နေသည့် ဖက်စပ်လုပ်ငန်းဖြစ်ပြီး အဆိုပါ ဆိုင်နိုပက်မှာ တရုတ်နိုင်ငံ ဆိုင်နိုပက်အုပ်စုက လုံးဝပိုင်ဆိုင်သည့် လုပ်ငန်းခွဲတခု ဖြစ်သည်။

သို့သော် အဆိုပါတွေ့ရှိမှုသတင်းကို ရေနံဓာတ်ငွေ့ လုပ်ငန်းလောကတွင် လုပ်ဆောင်လေ့ရှိသည့်အတိုင်း သီးခြား လွတ်လပ်သော တတိယအဖွဲ့အစည်းတခု၏ အတည်ပြုမှုကိုမူ မရရှိသေးပါ။

ဤလုပ်ငန်းမှ ထွက်ရှိသော အထွက်ပစ္စည်းများ၏ ၆ဝ % ကို မြန်မာနိုင်ငံက ရရှိမည်ဖြစ်ပြီး ကျန်ရေနံဓာတ်ငွေ့များကို တရုတ်နိုင်ငံသို့ ပိုက်လိုင်းသွယ်၍ ပေးပို့မည်ဟု မြန်မာတိုင်းမ်ဂျာနယ်က နိုဝင်ဘာလတွင် သတင်းပေးပို့ခဲ့သည်။

ရေနံဓာတ်ငွေ့ပိုက်လိုင်းများမှ ဒေါ်လာဘီလျံပေါင်းများစွာ ရရှိမည်။

မြန်မာနိုင်ငံ ရေနံဓာတ်ငွေ့ကဏ္ဍတွင် တရုတ်နိုင်ငံသည် အဓိကရင်းနှီးမြှုပ်နှံသည့် နိုင်ငံဖြစ်ပြီး ထွက်ရှိလာသော ရေနံနှင့် ဓာတ်ငွေ့များကို အများဆုံးသုံးမည့် နိုင်ငံမှာလည်း တရုတ်နိုင်ငံပင် ဖြစ်ဖွယ်ရှိသည်။

တရုတ်ကုမ္ပဏီတခုဖြစ်သော CNOCC လီမိတက်သည် မြန်မာနိုင်ငံ ရခိုင်ကမ်းရိုးတန်းမှ တရုတ်နိုင်ငံ အနောက်တောင်ဘက် ယူနန်ပြည်နယ်အထိ ရေနံနှင့် ဓာတ်ငွေ့ပိုက်လိုင်း နှစ်လိုင်းကို ဆောက်လုပ်နေသည်။

ဤကုမ္ပဏီအုပ်စုသည် တရုတ်နိုင်ငံတွင် ကမ်းလွန်ရေနံနှင့် ဓာတ်ငွေ့ အများဆုံး ထုတ်လုပ်သော ကုမ္ပဏီအုပ်စုဖြစ်သည်။

ဤပိုက်လိုင်း ပြီးစီးသွားပါက အာဖရိကနှင့် အရှေ့အလယ်ပိုင်းဒေသမှ တင်သွင်းလာသော ရေနံစိမ်းများကို စရိတ်သက်သာ လျင်မြန်စွာဖြင့် တရုတ်နိုင်ငံသို့ တင်ပို့ပေးနိုင်လိမ့်မည်ဟု မျှော်လင့်ရသည်။

ယခုလောလောဆယ်တွင်မူ အာဖရိကနှင့် အရှေ့အလယ်ပိုင်းဒေသမှ တင်သွင်းလာသော ရေနံစိမ်းများကို မလက္ကာရေလက်ကြားမှတဆင့်သင်္ဘောဖြင့် သယ်ယူနေရသည်။

အဆိုပါပိုက်လိုင်းသည် ၂ဝ၁၃ ခုနှစ်တွင် ပြီးစီးမည်ဟု မျှော်လင့်ရပြီး မြန်မာနိုင်ငံအဖို့လည်း ပိုက်လိုင်းဖြတ်သန်းခ အမြောက်အမြား ရရှိလိမ့်မည်။

ကလေးမြို့ စက်သုံးဆီဆိုင် မီးလောင်




စစ်ကိုင်းတိုင်း ကလေးမြို့လယ်ရှိ မြတ်မေတ္တာမွန် ကုမ္ပဏီလီမိတက် စက်သုံးဆီအရောင်းဆိုင် ယမန်နေ့၊ ၂ဝ၁၁ ခုနှစ် ဇန်နဝါရီ ၁ဝ ရက်နေ့တွင် မီးလောင်ရာ မီးငြှိမ်းသတ်နေစဉ် (ဓာတ်ပုံ - မဇ္ဈိမ) ဆီသယ်ဘောက်ဆာကားမှ ဆီလှောင်ကန်ထဲ ဓာတ်ဆီလောင်းထည့်နေစဉ် ညနေ ၄ နာရီခန့်တွင် မီးစတင်လောင်ကျွမ်းခြင်း ဖြစ်သည်။ ၂ နာရီကျော်ကြာ မီးလောင်မှုတွင် ဆီဆိုင်နှင့် ဆီသယ်ကားများ မီးလောင်ပျက်စီးသွားသည်။

Monday, January 10, 2011

Coming-of-Age Day

Coming-of-Age Day ..Japan(Japan's Holiday)

နော်ဝေ Seadrill ကုမ္ပဏီ မြန်မာနိုင်ငံသို့ ပြန်လည်လာရောက်လုပ်ကိုင်

သောမတ်စ်မောင်ရွှေ
မဇ္ဈိမ

ထိုင်းနိုင်ငံ ရေနံရှာဖွေရေးနှင့် ထုတ်လုပ်ရေးကုမ္ပဏီ PTTEP နှင့် ကန်ထရိုက် လုပ်ငန်းများ လုပ်ကိုင်ရန်အတွက် နော်ဝေ ရေနံကုမ္ပဏီ စီးဒရင်လ် Seadrill သည် မြန်မာနိုင်ငံ ရေပိုင်နက်အတွင်း ရေနံတူးဖော်မှုများ လုပ်ကိုင်ရန်အတွက် သူ၏ရေနံတူးစင် ဝက်စ်ဂျူနို West Juno ကို ပြင်ဆင်တပ်ဆင်မှုများ ပြုလုပ်နေပြီဖြစ်သည်။

အဆိုပါရေနံတူးစင်သည် မြန်မာ့ရေပိုင်နက်အတွင်း ၄ လကြာ ရေနံတူးလုပ်ငန်းများ လုပ်ကိုင်မည်ဖြစ်သည်။

စီးဒရင်လ်ကုမ္ပဏီ၏ အသစ်လွင်ဆုံး အဆိုပါရေနံတူးစင် တည်ဆောက်ခြင်းကို စင်္ကာပူတွင် ပြုလုပ်ခဲ့ရာ ၂ဝ၁ဝ ခုနှစ် ဒီဇင်ဘာလထဲတွင် ပြီးစီးခဲ့သည်။

သြစတြေးလျကုမ္ပဏီ Twinza Oil နှင့် ပူးတွဲကာ ပြီးခဲ့သည့်နှစ်တွက် မြန်မာနိုင်ငံတွင်း ရေနံတူးလုပ်ငန်းများ လုပ်ကိုင်ခဲ့သည်။

နော်ဝေသတင်းဌာနကမူ စီးဒရင်လ်ကုမ္ပဏီ ပြောရေးဆိုခွင့်ရှိသူ Hilde Waaler ကို ကိုးကားကာ ကုမ္ပဏီအနေဖြင့် `မြန်မာနိုင်ငံတွင်း နောက်ထပ်စာချုပ်သစ်များ လက်မှတ်ရေးထိုးရန် အစီအစဉ်မရှိပါ´ ဟု ပြောကြားခဲ့သည်။

သို့သော် စီးဒရင်လ်ကုမ္ပဏီ မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်လုပ်ကိုင်မည့် အကြောင်းကို PTTEP ထိုင်းကုမ္ပဏီနှင့် စီးဒရင်လ်တို့ ပူးတွဲလုပ်ကိုင်ရာတွင် အကူအညီပေးရမည့် စင်္ကာပူအခြေစိုက် အင်ဂျင်နီယာလုပ်ငန်းဆိုင်ရာ အတိုင်ပင်ခံ ကုမ္ပဏီတခုက ဒီဇင်ဘာနှောင်းပိုင်းတွင် ထုတ်ဖော်ပြောကြားခဲ့သည်။

စီးဒရင်လ်ကုမ္ပဏီသည် ယခင်ကလည်း PTTEP ကုမ္ပဏီအတွက် သူတို့၏ ‘West Ariel’ အမည်ရှိ ရေနံတူးစင်ဖြင့် မြန်မာ့ရေပိုင်နက်အတွင်း ရေနံတွင်းတူးလုပ်ငန်းများ လုပ်ကိုင်ပေးခဲ့သေးသည်။

နော်ဝေအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနကမူ သူတို့အနေဖြင့် `မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများ မပြုလုပ်ရန်´ နော်ဝေကုမ္ပဏီများကို ပြောဆိုထားကြောင်း လွတ်လပ်သည့် သတင်းဌာနတခုဖြစ်သည့် Norwatch ကို ပြောကြားခဲ့သည်။

သို့သော် နော်ဝေကုမ္ပဏီများသည် EU (ဥရောပသမဂ္ဂ) ဒဏ်ခတ်ပိတ်ဆို့မှုများကို လိုက်နာရန်မလိုဘဲ မြန်မာနိုင်ငံတွင်း စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ခြင်းမှ တရားဥပဒေအရ တားမြစ်ပိတ်ပင်ထားခြင်းလည်း မရှိပါ။

နော်ဝေနိုင်ငံသည် EU အဖွဲ့ဝင်နိုင်ငံ မဟုတ်သော ဥရောပရှိ နိုင်ငံအနည်းငယ်အနက် တနိုင်ငံဖြစ်သည်။

စီးဒရင်လ်၏ ရှယ်ယာများကို အော်စလိုနှင့် နယူးယောက် စတော့အိပ်ချိန်း နှစ်ခုစလုံးတွင် အရောင်းအဝယ် ပြုလုပ်နေပြီး ကုမ္ပဏီအနေဖြင့် အမေရိကန်၏ ဒဏ်ခတ်ပိတ်ဆို့မှုများကို လိုက်နာရန် တာဝန်ရှိသော်လည်း မြန်မာနိုင်ငံတွင်း သူတို့လုပ်ကိုင်နေသော လုပ်ငန်းများအပေါ်မူ သက်ရောက်မှု မရှိပါ။

ဝါရှင်တန်အစိုးရက မြန်မာနိုင်ငံတွင်း ရင်းနှီးမြှုပ်နှံမှုအသစ်များ ပြုလုပ်ခြင်းကို တားမြစ်ထားသော်လည်း `နည်းပညာပိုင်း ဝန်ဆောင်မှု လုပ်ငန်းများ´ အတွက်မူ ဟာကွက်များ ရှိနေသည်။ သို့သော် အဆိုပါ နည်းပညာပိုင်း ဝန်ဆောင်မှု လုပ်ငန်းများကို နိုင်ငံခြားပိုင်ဆိုင်မှုများ ထိန်းချုပ်ရေးဌာန OFAC က နာမည်ပျက် စာရင်းသွင်းထားသည့် ကုမ္ပဏီများသို့မူ ပေးအပ်လုပ်ကိုင်ခွင့် မပြုပါ။

အဆိုပါရုံးက နာမည်ပျက်စာရင်း သွင်းထားသော စစ်အစိုးရ၏ လူရင်းလူယုံဖြစ်ကာ ဘိန်းဘုရင်များလည်းဖြစ်သည့် စတီဖင်လောနှင့် သူ့ဖခင် လော်စစ်ဟန်တို့ ပိုင်ဆိုင်သည့် ကုမ္ပဏီတခု ပါဝင်နေသည့် ကုမ္ပဏီလုပ်ငန်းစု တခုအတွက် ကမ်းလွန်ရေနံတွင်းတူး လုပ်ငန်းများ လုပ်ကိုင်ပေးခဲ့သည့်အတွက် ဆွစ်ဇာလန်နှင့် အမေရိကန် ပူးတွဲကုမ္ပဏီ တခုဖြစ်သော ထရန်စ်အိုးရှင်း Transocean ကို OFAC က စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေပြီဖြစ်သည်။

ရခိုင်ကမ်းရိုးတန်းတွင် ရေနံတူးမည့် ဂျပန်ရေနံတူးစင် နောက်ထပ် ရေနံတူးစင်တခုဖြစ်သော ဂျပန်ရေနံတွင်းတူး ကုမ္ပဏီ JDC ပိုင် ရေနံတူးစင်တခုသည် မြန်မာနိုင်ငံ ရခိုင်ကမ်းရိုးတန်းသို့ ပြီးခဲ့သည့်လတွင် ဦးတည်ထွက်ခွါသွားပြီဖြစ်ပြီး ဒေဝူးအင်တာနေရှင်နယ်က ဦးစီးလုပ်ကိုင်နေသည့် ရွှေဓာတ်ငွေ့လုပ်ငန်းစီမံကိန်း လုပ်ငန်းကုမ္ပဏီစု၏ အစိတ်အပိုင်းတရပ်အဖြစ် ပါဝင်လုပ်ကိုင်မည်ဖြစ်သည်။

ဂျပန်နိုင်ငံ၏ တခုတည်းသော ရေနံတွင်းတူး ကုမ္ပဏီဖြစ်သော JDC သည် ယခုနှစ် ဇန်နဝါရီလ ၁၅ ရက်နေ့မှ မတ်လ ၁ ရက်နေ့အထိ ရေနံတွင်းတူးလုပ်ငန်းများ လုပ်ကိုင်ရန်အတွက် အမေရိကန်ဒေါ်လာ ၄၁.၃၄ သန်းတန် လုပ်ငန်းစာချုပ်တရပ်ကို ချုပ်ဆိုခဲ့သည်။

ကုမ္ပဏီပိုင် အဆိုပါ ရေတွင် တဝက်တပျက် နစ်မြုပ်နေမည့် ရေနံတူးစင်သည် စစ်တွေမြို့အနီး မြန်မာ့ရေပြင်တွင် ရေနက်တွင်း ၄ တွင်း တူးဖော်မည်ဖြစ်သည်။ အဆိုပါ စာချုပ်တွင် ၅ ခုမြောက်တွင်းတတွင်း လိုအပ်က ထပ်တူးရန်လည်း ပါဝင်သည်။

JDC သည် ယခင်ကလည်း မလေးရှားအစိုးရပိုင် ပက်ထရိုနပ်စ် Petronas ကုမ္ပဏီအတွက် မြန်မာ့ရေပြင်တွင် ကမ်းလွန်ရေနံတွင်းများ တူးဖော်ပေးခဲ့သေးသည်။

လွှတ်တော်သုံးရပ် စလုံး ၂၀၁၁ ခုနှစ် ဇန္နဝါရီလ ၃၁ ရက်နေ့ ခေါ်မည်

မဇ္ဈိမ

ရွေးကောက်ပွဲအပြီး ပထမဆုံးဖြစ်လာမည့် လွှတ်တော်သုံးရပ် အစည်းအဝေးများကို ယခုလ ၃၁ ရက်နေ့တွင် တပြိုင်တည်း ခေါ်ယူသွားမည်ဟု နိုင်ငံပိုင်မီဒီယာများက ယနေ့မွန်းလွဲ ၁ နာရီတွင် ကြေညာသွားသည်။

အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်နှင့် တိုင်းဒေသကြီး/ ပြည်နယ် လွှတ်တော်များကို ၂ဝ၁၁ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်၊ တနင်္လာနေ့ မနက် ၈ နာရီ ၅၅ မိနစ်မှစ၍ ကျင်းပသွားရန် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက လက်မှတ်ရေးထိုး ထုတ်ပြန်ကြောင်း မြန်မာ့ရုပ်မြင်သံကြား MRTV4က ကြေညာသည်။

လွှတ်တော်သုံးရပ် အစည်းအဝေးများအား တပြိုင်တည်း ကျင်းပသွားမည်ဖြစ်ရာ လေ့လာဖတ်ရှုနိုင်ရန် ဥပဒေ၊ နည်းဥပဒေ ၁၇ မျိုးအား ပုံနှိပ်ဖြန့်ဝေလိုက်သည်ဟုလည်း ပါရှိသည်။

၎င်းတို့မှာ (က) နိုင်ငံတော် အထိမ်းအမှတ်တံဆိပ် ဥပဒေ၊ နည်းဥပဒေ၊ (ခ) နိုင်ငံတော် သမ္မတနှင့် ဒုတိယ သမ္မတများ ရွေးချယ် တင်မြှောက်ခြင်းဆိုင်ရာ ဥပဒေနှင့် နည်းဥပဒေ၊ (ဂ) ပြည်ထောင်စု အစိုးရအဖွဲ့ ဥပဒေ၊ (ဃ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ ဥပဒေ၊ (င) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥပဒေ၊ (စ) နေပြည်တော်ကောင်စီ ဥပဒေ၊ (ဆ) နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးဥပဒေ (ဇ) ပြည်ထောင်စု ရာထူးဝင်အဖွဲ့ ဥပဒေ၊ (ဈ) နိုင်ငံတော် အလံဥပဒေနှင့် နည်းဥပဒေ၊ (ည) နိုင်ငံတော် သီချင်း ဥပဒေနှင့် နည်းဥပဒေတို့ ပါရှိသည်။

ထို့ပြင် (ဋ) ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ ဥပဒေနှင့် နည်းဥပဒေများ၊ (ဌ) ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေနှင့် နည်းဥပဒေများ (ဍ) အမျိုးသားလွှတ်တော်ဆိုင်ရာ ဥပဒေနှင့် နည်းဥပဒေများ၊ (ဎ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဆိုင်ရာ ဥပဒေနှင့် နည်းဥပဒေများ၊ (ဏ) ပြည်ထောင်စု တရားစီရင်ရေး ဥပဒေ၊ (တ) ပြည်ထောင်စု ရှေ့နေချုပ်ဥပဒေ၊ (ထ) ပြည်ထောင်စု စာရင်းစစ်ချုပ် ဥပဒေတို့ ဖြစ်သည်။

အဆိုပါ ဥပဒေ၊ နည်းဥပဒေ စာအုပ်များအား ရန်ကုန်မြို့ ကုန်သည်လမ်း စာပေဗိမာန် စာအုပ်အရောင်းဆိုင်၊ သိမ်ဖြူလမ်း သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း စာအုပ်အရောင်းဆိုင်နှင့် တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ရုံးများတွင် ဝယ်ယူရရှိနိုင်ကြောင်း ထည့်သွင်း ကြေညာသွားသည်။

မြန်ပြည်သူ များအား လက်နက် တပ်ဆင်ပေးတော့ မည်လော။ မျိုးဆက်သစ်လူငယ်များ လက်နက်ရလျှင် နေရာတိုင်း စစ်မီးတောက်လောင်တော့ မည်လော။

၂၀၁၀ နိုဝင်ဘာ ၄ ရက်နေ့ ရက်စွဲဖြင့် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက အသက် ၁၈ နှစ်မှ ၄၅ နှစ်ကြား အမျိုးသားများနှင့် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း အမျိုးသမီးများ စစ်မှုမထမ်းမနေရ ဥပဒေ ပြုစုထားကြောင်း၊ ၎င်း ဥပဒေကို ကိုယ်တိုင်ဖတ်ရှုခဲ့ရသူ တဦးက ပြောသည်ဟု AP သတင်းတွင် ဖော်ပြထားသည်။

အဆိုပါ ဥပဒေအရ အသက် ၁၈ နှစ်ပြည့်သူ နိုင်ငံသားတိုင်း စစ်မှု ၂ နှစ် ထမ်းရမည်ဖြစ်ပြီး စစ်မှုထမ်းကာလ ၅ နှစ်အထိ တိုးမြှင့်နိုင်ကြောင်း၊ စစ်မှုထမ်းရန် မှတ်ပုံမတင်သူ၊ ရှောင်လွှဲသူများ အနေနှင့် ထောင်ဒဏ် ၃ နှစ် သို့မဟုတ် ငွေဒဏ်၊ သို့မဟုတ် ဒဏ်နှစ်ရပ်စလုံး ကျခံရမည်ဖြစ်ကြောင်း၊ စစ်မှုမထမ်းချင်သောကြောင့် မိမိကိုယ်ကိုယ် ကိုယ်လက်အင်္ဂါ ချို့ယွင်းစေရန် လုပ်ဆောင်ပါက ထောင်ဒဏ် ၅ နှစ် ကျခံရမည်ဖြစ်ကြောင်း ပါရှိသည်ဟု သိရသည်။

သာသနာ့ ဝန်ထမ်းများ၊ ခြေလက်အင်္ဂါ ချို့ယွင်း မသန်စွမ်းသူများနှင့် သားသည် မိခင်များမှအပ သတ်မှတ် အသက်အရွယ် အတွင်းရှိ နိုင်ငံသားတိုင်း စစ်မှုထမ်းရမည်၊ ထောင်တွင်းအကျဉ်းကျ ခံနေရသူများနှင့် သက်ကြီးရွယ်အိုများကို စောင့်ရှောက် နေသူများမှာ စစ်မှုထမ်းချိန်ကို ခေတ္တရွှေ့ဆိုင်းနိုင်သော်လည်း နောက်ပိုင်းတွင် ပြန်လည် စစ်မှုထမ်းရမည် ဟုလည်း AP သတင်းတွင် ရေးသားထားသည်။

Thursday, January 6, 2011

၅ သိန်းတန် CDMA ဖုန်းများ အင်တာနက် သုံးနိုင်တော့မည်

လွင်ကို

လက်ရှိ အသုံးပြုနေသည့် ကျပ် ၅ သိန်းတန် ဖုန်းများမှာ CDMA 800 MHz၊ 450 MHz စနစ်များ ဖြစ်ပြီး အင်တာနက် အသုံးပြုနိုင်မည့် McWill ဖုန်းမှာ CDMA 400 Mhz ဖြစ်ကြောင်း၊ အဆိုပါ ဖုန်း စတင်ရောင်းချသည့် ဇန်နဝါရီလ ၈ ရက်နေ့တွင်ပင် အင်တာနက် အသုံးပြုနိုင်တော့မည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးမှ တာဝန်ရှိသူ တဦးက ပြောသည်။

အင်တာနက် အသုံးပြုခ အနေဖြင့် 128KB အတွက် တနာရီ ကျပ် ၁၂၀၊ 256KB အတွက် တနာရီ ကျပ် ၁၈၀၊ 512KB အတွက် တနာရီ ကျပ် ၃၆၀၊ 1M အတွက် တနာရီ ကျပ် ၄၈၀ ကျသင့်မည်ဖြစ်ကြောင်း သိရသည်။

ယခုလက်ရှိတွင် GSM ရေဒီယို စခန်းပေါင်း ၃၀၊ CDMA 450 MHz ရေဒီယိုစခန်း ၁၅၁ ခု၊ CDMA 800 MHz ရေဒီယိုစခန်း ၄၂ ခု တို့ကို ဆောက်လုပ်လျက်ရှိပြီး ပြီးစီးသွားပါက မြန်မာတနိုင်ငံလုံးတွင် မိုဘိုင်းဖုန်း အရေအတွက် ၆၁၀၀၆၁ လုံး ရှိလာမည်ဟု မြန်မာ့ဆက်သွယ်ရေး ၀န်ကြီးဌာနက ထုတ်ပြန်ထားသည်။

၂၀၁၀ ပြည့်နှစ် ဇူလိုင်လအထိ GSM ဖုန်း ၄၉၄၃၀၀၊ CDMA မိုဘိုင်းဖုန်း ၅၄၅၆၅၀၊ CDMA 800တယ်လီဖုန်း ၁၅၀၀၀၀၊ CDMA (Fixed) တယ်လီဖုန်း ၂၀၀၃၈လုံး၊ WCDMAတယ်လီဖုန်း အလုံးရေ ၂၈၀၀၀ တို့ ချထားပေးပြီးဖြစ်ကြောင်း သိရှိရသည်။

McWill ဖုန်းအတွက် ဟန်းဆက်မှာ လက်ရှိ အသုံးပြုနေသည့် ကျပ် ၅ သိန်းတန်ဖုန်းဟု အလွယ်ခေါ်ကြသော 800 Mhz, 450 MHz ဖုန်းများ ကဲ့သို့ပင် တရုတ်ပြည်မှ ထုတ်လုပ်သည့် ဟန်းဆက်ဖြစ်ပြီး ဖုန်းလိုင်းမိသည့် မည်သည့် နေရာတွင်မဆို ကွန်ပျူတာနှင့် ချိတ်ဆက်ကာ အင်တာနက် သုံးနိုင်မည်ဖြစ်ကြောင်း၊ အဆိုပါ ဟန်းဆက်ကို USB ကဲ့သို့ အသုံးပြု တပ်ဆင် ရမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးမှ တာဝန်ရှိသူတဦးက ဆိုသည်။

Wednesday, January 5, 2011

Progressive cavity pump


The helical rotor and the two universal joints of the drive mechanism.

A cutaway drawing of the rubber stator.

Shape of the cavities left between the rotor and the stator.

ပီစီပန့်  ကို မန်းရေနံမြေမှာ အလုပ်လုပ်တုန်းက သုံးခဲ့တာ ကို သတိတရ တင်တာပါ အဲတုန်းက သုံးတာတွေက တော့ ကနေဒါ အလံတွေ တပ်ထားတာတွေပါ ။

နောက်မှ ရိုတာ နဲ့  စတေတာ ရယ် သံချောင်းတွေရယ် ပိုက်ရယ် ပေ၂၀၀၀ ကျော် တွင်းထဲမှာ ကျန်ခဲ့တာကို ဆယ်တာ တင်ပါမယ်

Progressive cavity pump

From Wikipedia,

A progressive cavity pump is a type of Positive Displacement Pump and is also known as a progressing cavity pump, eccentric screw pump or even just cavity pump. It transfers fluid by means of the progress, through the pump, of a sequence of small, fixed shape, discrete cavities, as its rotor is turned. This leads to the volumetric flow rate being proportional to the rotation rate (bidirectionally) and to low levels of shearing being applied to the pumped fluid. Hence these pumps have application in fluid metering and pumping of viscous or shear sensitive materials. The cavities taper down toward their ends and overlap with their neighbours, so that, in general, no flow pulsing is caused by the arrival of cavities at the outlet, other than that caused by compression of the fluid or pump components.

As is common in engineering generally, these pumps can often be referred to by using a genericized trademark. Hence names can vary from industry to industry and even regionally; examples include: Moineau (after the inventor, fr:René Moineau), Mono pump, Moyno pump, Mohno pump.

A progressive cavity pump also can act as a motor when fluid is pumped through the interior. Applications include well drilling.

Theory

The helical rotor and the two universal joints of the drive mechanism.
A cutaway drawing of the rubber stator.
Shape of the cavities left between the rotor and the stator.The progressive cavity pump consists of a helical rotor and a twin helix, twice the wavelength and double the diameter helical hole in a rubber stator. The rotor seals tighly against the rubber stator as it rotates, forming a set of fixed-size cavities in between. The cavities move when the rotor is rotated but their shape or volume does not change. The pumped material is moved inside the cavities. [1]

The principle of this pumping technique is frequently misunderstood. Often it is believed to occur due to a dynamic effect caused by drag, or friction against the moving teeth of the screw rotor. However in reality it is due to the sealed cavities, like a piston pump, and so has similar operational characteristics, such as being able to pump at extremely low rates, even to high pressure, revealing the effect to be purely positive displacement (see pump).

At a high enough pressure the sliding seals between cavities will leak some fluid rather than pumping it, so when pumping against high pressures a longer pump with more cavities is more effective, since each seal has only to deal with the pressure difference between adjacent cavities. Pumps with between two and a dozen or so cavities exist.

When the rotor is rotated, it rolls around the inside surface of the hole. The motion of the rotor is the same as the smaller gears of a planetary gears system. As the rotor simultaneously rotates and moves around, the combined motion of the eccentrically mounted drive shaft is in the form of a hypocycloid. In the typical case of single-helix rotor and double-helix stator, the hypocycloid is just a straight line. The rotor must be driven through a set of universal joints or other mechanisms to allow for the movement. [2]

The rotor takes a form similar to a corkscrew, and this, combined with the off-center rotary motion, leads to the alternative name; eccentric screw pump.

Different rotor shapes and rotor/stator pitch ratios exist, but are specialized in that they don't generally allow complete sealing, so reducing low speed pressure and flow rate linearity, but improving actual flow rates, for a given pump size, and/or the pump's solids handling ability.[citation needed]

Operation of Cavity Pumps

In operation progressive cavity pumps are fundamentally fixed flow rate pumps, like piston pumps and peristaltic pumps, and this type of pump needs a fundamentally different understanding to the types of pumps to which people are more commonly first introduced, namely ones that can be thought of as generating a pressure. This can lead to the mistaken assumption that all pumps can have their flow rates adjusted by using a valve attached to their outlet, but with this type of pump this assumption is a problem, since such a valve will have practically no effect on the flow rate and completely closing it will involve very high, probably damaging, pressures being generated. In order to prevent this, pumps are often fitted with cut-off pressure switches, burst disks (deliberately weak and easily replaced points), or a bypass pipe that allows a variable amount a fluid to return to the inlet. With a bypass fitted, a fixed flow rate pump is effectively converted to a fixed pressure one.

At the points where the rotor touches the stator, the surfaces are generally traveling transversely, so small areas of sliding contact occur. These areas need to be lubricated by the fluid being pumped (Hydrodynamic lubrication). This can mean that more torque is required for starting, and if allowed to operate without fluid, called 'run dry', rapid deterioration of the stator can result.

While progressive cavity pumps offer long life and reliable service transporting thick or lumpy fluids, abrasive fluids will significantly shorten the life of the stator; as abrasive fluids will shorten the life of any type of pump. However, slurries (particulates in a medium) can be pumped reliably as long as the medium is viscous enough to maintain a lubrication layer around the particles and so provide protection to the stator.

Typical design of Cavity Pumps

Specific designs involve the rotor of the pump being made of a steel, coated in a smooth hard surface, normally chromium, with the body (the stator) made of a molded elastomer inside a metal tube body. The elastomer core of the stator forms the required complex cavities. The rotor is held against the inside surface of the stator by angled link arms, bearings (which have to be within the fluid) allowing it to roll around the inner surface (un-driven). Elastomer is used for the stator to simplify the creation of the complex internal shape, created by means of casting, which also improves the quality and longevity of the seals by progressively swelling due to absorption of water and/or other common constituents of pumped fluids. Elastomer/pumped fluid compatibility will thus need to be taken into account.

Two common designs of stator are the "equal-walled" and the "unequal walled". The latter, having greater elastomer wall thickness at the peaks allows larger-sized solids to pass through because of its increased ability to distort under pressure.

History

In 1930, René Moineau, a pioneer of aviation, while inventing a compressor for jet engines, discovered that this principle could also work as a pumping system. The University of Paris awarded René Moineau a doctorate of science for his thesis on “the new capsulism”. His pioneering dissertation laid the groundwork for the Progressing Cavity Pump. In 1932, Moineau partnered with Robert Bienaimé of the Gévelot Group to found PCM Pompes, now PCM, who is based worldwide.

Typical application areasFood and drink pumping

Oil pumping
Slurry pumping
Sewage sludge pumping
Viscous chemical pumping
Stormflow screening

Specific uses

Grout/Cement Pump
Lubrication oil pump
Marine Diesel fuel pump
Mining slurry pump
Oilfield Mud motors
Winery use

References1.
^ Volk, Michael W. (2005). Pump characteristics and applications (2nd ed.). CRC Press. pp. 27–28. http://books.google.com/books?id=29XYpypoRywC. Retrieved 2009-10-18.
2.^ "Moineau pump". http://www.pumpuniversity.com:8080/pumpu/design/pdpump/mono.html. Retrieved 2009-10-18.

အိုင် ဖုန်း ရှိသူ တွေ အချင်းချင်း မည်သည့် နိုင်ငံ က မဆို အခမဲ့ ဖုန်းခေါ်ဆို နိုင်ပြီ

အိုင်ဖုန်း စတိုး က Viber ကို သုံးပြီးခေါ်ဆို လို့  ရပါသည်။
ဖုန်း နံပါတ်ထည့်သွင်း ရာတွင်
+ နိုင်ငံကုတ် ဖုန်းနံပါတ် ထည့်သွင်းလျှင်ရပါသည်။

အိုင်ဖုန်း ၄ တွင် skype ဗီဒီယို ခေါ်လို့  ရပြီ

အိုင်ဖုန်း ၄ တွင် skype ဗီဒီယို ခေါ်လို့  ရပြီ
အိမ်ရှိ ကွန်ပျူတာ နဲ့  ဆက်ပြီး အိမ်မှာ မည်သူ မှ မရှိလဲ အိမ်တွင်း သို့  ပြန်လည်ကြည့်ရှု၍ရပြီ။

နိဂြောဓါ ဗျာဒိတ်ပေး ဘုရား ပွဲတော် စတင် ကျင်းပနေပြီ ဖြစ်၍့ ပုသိမ်မြို့တစ်ခွင် စည်ကားလျက်ရှိ










စက်တော်ရာ စကားဝါလမ်း မိသားစု၏ ဗျာဒိတ်ပေးဘုရားကြီး သတင်းသုံးရာ ယာယီစံကျောင်းတော်ကို တွေ့ရစဉ်။ ဒီဇင်ဘာ ၂၈
ပုသိမ်-ဇန်နဝါရီ ၅ -၂၀၁၁

ပုသိမ်မြို့တော်၏ ဗုဒ္ဓဘာသာဆိုင်ရာ ယဉ်ကျေးမှု ပွဲတော်များ အနက် အထူးခြားဆုံး ပွဲတော်တစ်ခုဖြစ်သည့် နိဂြောဓါ ဘုရားပွဲတော်ကို ဒီဇင်ဘာ လဆန်းပိုင်းမှ စတင်၍ ကျင်းပနေပြီဖြစ်ရာ သက်ဆိုင်ရာ ရပ်ကွက်အလိုက် နိဂြောဓါ ဗျာဒိတ်ပေး ဘုရားကြီးကို ဘုရားပင့်ဆောင် ပူဇော်ကြသော ဘုရားပွဲတော်များကြောင့် အထူး စည်ကားလျက် ရှိကြောင်း သိရသည်။
ပုသိမ်မြို့တော်တွင် နိဂြောဓါ ဘုရားပွဲတော်ကို တန်ဆောင်တိုင် ပွဲတော်များ အပြီး ပွင့်လင်းရာသီတွင် စတင် ကျင်းပလေ့ရှိပြီး စတင်ကျင်းပသည့် အချိန်မှ ပွဲတော်ပြီးဆုံးချိန်အထိ ရက်ပေါင်း ၆၀ ကျော်ကြာမြင့်ပြီး အစည်းကားဆုံး ပွဲတော်တစ်ခုလည်း ဖြစ်သည်။ဘုရားပွဲတော် ကျင်းပပုံမှာ မြတ်စွာဘုရား မိဂဒါဝုန်တောသို့ ကြွရောက်ကာ ပဉ္စဝဂ္ဂီ (၅) ဦးတို့အား တရားဦး ဟောတော်မူခန်းမှ စတင်၍ ဆွေတော်မျိုးတော်များ ရှိရာ ကပ္ပိလဝတ်ပြည်သို့ ကြွတော်မူခန်း အထိ ဗုဒ္ဓဝင် အကျဉ်းချုပ်ကို သရုပ်ဖော် ကျင်းပခြင်းဖြစ်ပြီး အချိန်ကာလ (၂) လကျော်တိုင်အောင် ကျင်းပသော ဘုရားပွဲတော်ကြီး ဖြစ်သည်။


ယခုနှစ် နိဂြောဓါ ဘုရာပွဲတော်ကို ၂၀၁၀ခုနှစ် ဒီဇင်ဘာလ ၅ ရက်နေ့တွင် စတင်ကျင်းပပြီး နိဂြောဓါ သိမ်တော်ကြီးအတွင်းရှိ ဗျာဒိတ်ပေး ဘုရား ကိုယ်တော်မြတ်ကြီးကို ပင့်ဆောင်ပူဇော်ရန် မဲပေါက်သည့် ရပ်ကွက်များမှ ယာယီ စံကျောင်းတော် (၂၁)ဆောင် ဆောက်လုပ်ကာ ရပ်ကွက်တစ်ခုလျင် (၃) ရက်ကျဖြင့် (၆၃) ရက်တိုင်တိုင် ပင့်ဆောင် ပူဇော်ကြပြီး သက်ဆိုင်ရာ ရပ်ကွက်အလိုက် ဘုရားပွဲတော်များ ကျင်းပကြကြောင်း သိရသည်။


ဗျာဒိတ်ပေး ဘုရာကြီးကို ပင့်ဆောင် ပူဇော်ခွင့်ရသည့် ရပ်ကွက်များတွင် ရပ်ကွက်အလိုက် မိမိတို့ ပူဇော်ရမည့် သုံးရက်တွင် ယာယီ စံကျောင်းတော်များ ဆောက်လုပ်ကာ ဘုရားပွဲကို ခြိမ့်ခြိမ့်သဲသဲ ကျင်းပကြသည်။ ပွဲတော် ကာလအတွင် မိမိတို့ ရပ်ကွက် ယာယီ စံကျောင်းတော်များတွင် စတုဒီသာများ ကျွေးမွေးခြင်း၊ ဆွမ်းများ ကပ်လှူပူဇော်ခြင်း၊ အတီးအမှုတ်များဖြင့် ဖျော်ဖြေခြင်းများ ပြုလုပ်ရာ ဘုရားပင့်ရာ (၃) ရက်အတွင်း ရပ်ကွက်များအလိုက် စည်ကားလျက် ရှိသည်။

လာမည့် ၂၀၁၁၊ ဖေဖော်ဝါရီလ (၆) ရက်နေ့တွင် ဒေသခံတို့အကြား “ရှမ်းကုန်သည်” သို့မဟုတ် “ဗျာဒိတ်ပေး ဘုရားလှည့်လည်ပွဲ” စသည်ဖြင့် အမည်အမျိုးမျိုး ခေါ်ဆိုကြသော အစည်ကားဆုံး လှည်လည်ပွဲဖြစ်သည့် မြို့တော်တစ်ခွင်သို့ ဗျာဒိတ်ပေး ဘုရားကြီးနှင့် နောက်ပါ ရဟန္တာများ လှည့်လည်အပူဇော်ခံပြီး မင်းညီမင်းသားများ ၊ ရှမ်းကုန်သည်များ နှင့် ဖျော်ဖြေရေး အဖွဲများစွာ စည်ကားသိုက်မြိုက်စွာ ပါဝင် လှည်လည်ကြမည် ဖြစ်ကြောင်း ဗျာဒိတ်ပေး ဘုရားကြီး ဦးစီးဂေါပက အဖွဲ့၏ ပြောကြားပါသည်။

ထို့သို့ မြို့တစ်ခွင် စီတန်း လှည်လည်ပြီးနောက် ကဠုဒါရီ အမတ်ကြီး ရဟန်းပြုစေတော် မူခန်း ၊ ကပ္ပိလဝတ်ပြည်သို့ ကြွတော်မူခန်း ၊ သားတော်ရာဟုလာအား ရှင်သာမဏေ အဖြစ် အမွေပေးတော်မူခန်း၊ ကပ္ပိလဝတ်ပြည်၌ ဆွေတော်ရှစ်သောင်း မျိုးတော်ပေါင်းတို့ကို တန်ခိုးပြတော်မူခန်း စသည့် သက်ဆိုင်ရာ ဗုဒ္ဓဝင် ဖြစ်စဉ်များအလိုက် ဘုရားပွဲကို ဆက်လက်ကျင်ပပြီး ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် နိဂြောဓါ ဗျာဒိတ်ပေး ဘုရားပွဲတော်ကြီး အောင်မြင်စွာ ပြီးဆုံးမည်ဖြစ်ကြောင်း သိရသည်။

Source : http://patheincity.com/news/
မြို့တော်ပုသိမ် သတင်းစဉ် PatheinCity News

၂၀၁၁ တွင် ထွက်မယ့် အိုင်ပက် ၂တစေ့တစောင်း

အိုင်ပက် ၂ ဘယ်တော့ထွက် မလဲတော့ ရက်အသေအချာ မသိသော်လည်း
ကင်မရာပါမှာ အသေအချာ
သတင်းတခုကတော့ SD card အပေါက် ပါမယ်တဲ့
တခုကတော့ USB အပေါက် ပါမယ်
ဘယ်လိုပဲ ဖြစ်ဖြစ်
ဂျပန်က ဒို့ ကိုမို က အိုင်ပက်ကို စိန်ခေါ်မယ့် ဟာကို LG နဲ့ ပေါင်းပြီး
လာမယ့် ၂၀၁၀ မတ်လကုန် မှာ ထုတ်မယ်လို့  ပြောထားလေရဲ့ ။

Sunday, January 2, 2011

မြန်ပြည် ရဲ့ ဘာသာ ဘာဝ

တလောက ဘာသာရေးနဲ့  ဆက်စပ်တဲ့ သင်္ချိုင်းကုန်း ရွေ့ တာတွေ လုပ်ပြီး ဟိုလို ဒီလို လုပ်တာ ဘာအကျိုးအမြတ်တွေ အသံတွေ မထွက်လာတော့
ငွေ ကို ပြန်စမ်းသပ်တာတွေ ရတော့
မြန်ပြည်သားတွေ အတွက် ကတော့ ရိုးနေပါပြီ
လုပ်စားတဲ့ သူကတော့ လုပ်စားပေါ့
တကယ်တော့
မြန်ပြည် ရဲ့  ဘာသာ ဘာဝ ဖြစ်ရိုးဖြစ်စဉ်လေးပါ

ဖြူစင်စိတ်ထား ရိုးသားနိုင်ကြပါစေ

မနေ့ ညက အလုပ်ကမြန်လာတော့ TAXI စီးလာတော့ အိမ်နား ရောက် ခါနီး ကား က ကွေ့ ပတ်မောင်းနေတာ သိပေ မဲ့ မသိသလို နေ လိုက်တယ်
ပိုရမှာ က ယမ်း ၂၀၀ လောက် ကို ဘာဖြစ် လို့  မရိုးသားကြတာလဲ။
TAXI ခ ၁၄၀၀ ယမ်း လောက် ကနေ ၁၆၁၀ ယမ်း ပေးလိုက်ရတယ်။
ပေးရတာ အတွက် ထက် စိတ်မကောင်းဖြစ်မိတာ က
ဘာဖြစ်လို့  မရိုးသား တာလဲ...
ဘာပဲဖြစ်ဖြစ်လေ တစုံတခုကြောင့် ဖြစ်မှာပေါ့
၂၀၁၁ မှာ လူသားတိုင်း ဖြူစင်စိတ်ထားရိုးသားနိုင်ကြပါစေ။

အိုင်ဖုန်း ၄ နှင့် ၂၀၁၁ ရောက် နိုးစက်

၂၀၁၁ ရောက် တာ နဲ့  ကျွန်တော် အိုင်ဖုန်း နိုးစက် ပုံစံ ပြောင်းသွားလို့  နိုးစက် မမြည်ပဲ အလုပ် နောက် ကျတော့ မလို့  ဖြစ်တာ
တခြားသူတွေ လည်း ဖြစ် မှာ စိုးလို့  ရေးလိုက်တာပါ။
အရင်က ပုံမှန် နိုးစက် က အလမ်းစ် ဆိုပြီး ထားရင် မြည်နေကြ
သို့ သော် ၂၀၁၁ ဇန္နဝါရီ လ ၁ ရက်နေ့ မှာတော့ ပုံမှန် အလမ်းစ် က လုံးဝမမြည်တော့
စမ်းကြည့်တော့ နေ့  အလိုက် အလမ်းစ် ပေးတဲ့ စနစ်နဲ့ မှ အဆင်ပြေတာကိုတွေ့ ရပါတယ်။
စနေနေ့  ဘယ်အချိန် ဆိုပြီး အလမ်းစ်ပေးမှ ရတာတွေ့ ရပါတယ်။
တခြားသူတွေ မဖြစ်ဖူးဆိုရင်တော့ ကျွန်တော် အိုင်ဖုန်း ၄ တခုခုဖြစ်လို့  နေမှာ ဘာပဲဖြစ်ဖြစ် တခြားသူတွေ အဲဒီလိုမျိုးမဖြစ်စေချင်လို့ ။
နှစ်သစ်မှာ နောက်ကျမှုများ ကင်းဝေး နိုင်ကြပါစေ။