ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Monday, February 28, 2011

တရုတ်မှာ ဆန္ဒမပြနိုင်ရေး လုံခြုံရေး တိုးချ

ဗွီအိုအေ

အရှေ့အလယ်ပိုင်း ဒေသမှာ ဖြစ်ပေါ်နေတဲ့ ဆန္ဒပြပွဲတွေအတိုင်း တရုတ်နိုင်ငံမှာလည်း ဆန္ဒပြကြဖို့ ပြည်ပ အင်တာနက် ၀က်ဘ်ဆိုက်တွေက တိုက်တွန်းနေတာကြောင့် တရုတ်အစိုးရက ရဲတပ်ဖွဲ့ဝင်တွေကို မြို့တော်တော်များများမှာ တနင်္ဂနွေနေ့က ချထားလိုက်ပါတယ်။

ဘေဂျင်းနဲ့ ရှန်ဟိုင်းမြို့တွေမှာ အရပ်ဝတ်နဲ့ ယူနီဖောင်းဝတ် ရဲတပ်ဖွဲ့ဝင်တွေကို တိုးမြှင့် ချထားပြီး ဈေးဝယ်သူတွေ အနေနဲ့လည်း လူအုပ်စုလိုက် မစုဝေးနိုင်အောင် လူတွေကို အတင်း ရွှေ့သွားခိုင်းနေပါတယ်။

တချို့ နိုင်ငံခြား သတင်းထောက်တွေကိုလည်း ကိုယ်ထိလက်ရောက် စော်ကားတာတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။ ဗွီအိုအေ သတင်းထောက်နဲ့ တခြား သတင်းထောက် တချို့ကတော့ ဖမ်းဆီးထိန်းသိမ်း ခံခဲ့ရပြီး သူတို့ရဲ့ မှတ်စုတွေ၊ အသံဖမ်းစက်တွေနဲ့ ဓာတ်ပုံမှတ်တမ်းတွေ သိမ်းဆည်းခံခဲ့ရတယ်လို့ ဆိုပါတယ်။

အခုလို ဆန္ဒပြကြဖို့ ဘယ်သူတွေက တိုက်တွန်း လှုံ့ဆော်နေတယ် ဆိုတာတော့ အတိအကျ မသိရသေးပါဘူး။

တူနီးရှားနိုင်ငံမှာ အစပြုခဲ့တဲ့ ဆန္ဒပြပွဲတွေအတိုင်း တရုတ်နိုင်ငံမှာ စံပယ်တော်လှန်ရေး ပြုလုပ်ကြဖို့ တိုက်တွန်း လှုံ့ဆော်နေတဲ့ အင်တာနက် ၀က်ဘ်ဆိုက်တွေ၊ တိုက်ရိုက် စာရေးသား ပေးပို့တဲ့ နည်းစံတွေကို တရုတ်အစိုးရက လိုက်လံပိတ်ပင် တားဆီးနေပါတယ်။

လစ်ဗျားခေါင်းဆောင်တွေကို လုံခြုံရေးကောင်စီ အရေးယူပြီ


လူထု ဆန္ဒပြပွဲတွေကို အကြမ်းဖက် ပစ်ခတ်နှိမ်နင်းနေတဲ့ လစ်ဗျားအာဏာပိုင်တွေကို ဒဏ်ခတ်အရေးယူဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံတွေ တညီတညွတ်တည်း ဆုံးဖြတ်ချက် ချမှတ်လိုက်ပါပြီ။

လစ်ဗျားနိုင်ငံတွင် ဆန္ဒပြ ပြည်သူများကို အကြမ်းဖက်တိုက်ခိုက်ခဲ့သည့် အစိုးရအဖွဲ့ ခေါင်းဆောင်များအား ဒဏ်ခတ် အရေးယူသည့် ဆုံးဖြတ်ချက်ကို ၂ဝ၁၁ ခုနှစ် ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် ပြုလုပ်သည့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအဝေး၌ ကန့်ကွက်သူမရှိ ချမှတ်ခဲ့ပါသည်။ (UN Photo/Evan Schneider)
မနေ့က ပြုလုပ်တဲ့ လုံခြုံရေးကောင်စီ အစည်းအဝေးမှာ အခုလို အရေးယူဖို့ ဆုံးဖြတ်ချက် ချမှတ်လိုက်တဲ့အပေါ် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ကြိုဆိုလိုက်ပါတယ်။

လစ်ဗျားအစိုးရရဲ့ လုပ်ရပ်တွေဟာ နိုင်ငံတကာမှာ လိုက်နာကျင့်သုံးရမယ့် နှုန်းစံအားလုံးကို ချိုးဖောက်နေတယ်၊ နိုင်ငံတကာ လူ့အခွင့်အရေးနဲ့ လူသားချင်းစာနာမှုဆိုင်ရာ ဥပဒေတွေကို ပြင်းပြင်းထန်ထန် ချိုးဖောက် နေတယ် ဆိုတာ ထင်ရှားနေပါတယ်လို့ မစ္စတာဘန်ကီမွန်းက ပြောပါတယ်။

အခု ဆုံးဖြတ်ချက်အရ လစ်ဗျားအစိုးရခေါင်းဆောင်တွေရဲ့ ငွေကြေးပစ္စည်းပိုင်ဆိုင်မှုတွေကို ထိန်းချုပ် လိုက်ပြီး လစ်ဗျားနိုင်ငံနဲ့ လက်နက်ရောင်းဝယ်မှုတွေကို ပိတ်ပင်တော့မှာ ဖြစ်ပါတယ်။ ဒါ့ပြင် ဆန္ဒပြပြည်သူတွေ အပေါ် အကြမ်းဖက်ဖိနှိပ်မှုတွေ ဆက်လက်ဖြစ်ပွားနေတဲ့ကိစ္စကို ICC ခေါ် နိုင်ငံတကာ ရာဇဝတ်ခုံရုံးက စုံစမ်း စစ်ဆေးဖို့လည်း သဘောတူဆုံးဖြတ်လိုက်ကြပါတယ်။

ဒီဆုံးဖြတ်ချက်အရ ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ မိမိတို့အချုပ်အခြာနယ်မြေပိုင်နက် အတွင်းက လစ်ဗျားခေါင်းဆောင်တွေရဲ့ ငွေကြေးပိုင်ဆိုင်မှုနဲ့ စီးပွားရေး အရင်းအမြစ်အားလုံးကို အချိန်မဆိုင်းဘဲ ထိန်းချုပ်ကြရမှာပါ။ ဒါ့ပြင် လစ်ဗျားသမ္မတ မွမ်မာဂဒါဖီရဲ့ မိသားစုဝင်တွေနဲ့ ဆွေမျိုးတချို့ အပါအဝင် လစ်ဗျားအစိုးရ ထိပ်တန်း အရာရှိတွေကို ခရီးသွားလာခွင့် ကန့်သတ်ဖို့လည်း ဆုံးဖြတ်ချက်မှာ ပါဝင်ပါတယ်။

လစ်ဗျားဟာ ICC ခေါ် နိုင်ငံတကာ ရာဇဝတ်ခုံရုံး သဘောတူစာချုပ် အဖွဲ့ဝင်နိုင်ငံ မဟုတ်ပေမယ့် ၂ဝ၁၁ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်နေ့ကစပြီး လစ်ဗျားနိုင်ငံတွင်းမှာ ဖြစ်ပျက်ခဲ့တာတွေကို စုံစမ်းစစ်ဆေးရာမှာ ICC နဲ့ အပြည့်အဝ ပူးပေါင်းဆောင်ရွက်ဖို့လည်း လုံခြုံရေးကောင်စီက အမိန့် ချမှတ်လိုက်ပါတယ်။

ရန်ကုန်တိုင်း အင်းစိန်မြို့နယ်၌ ဗုံးပေါက်ကွဲမှု

ရန်ကုန်တိုင်း အင်းစိန်မြို့နယ်၌ ဗုံးပေါက်ကွဲမှုတခု တနင်္ဂနွေနေ့ ညတွင် ဖြစ်ပွားခဲ့ရာ ကလေး ၂ ဦး အပါအဝင် ၈ ဦး ဒဏ်ရာရရှိကြောင်း ရဲအရာရှိတဦးက ပြောသည်။

ကမ်းနားအလယ်ရပ်ကွက် အောင်ဇေယျ အိမ်ယာဝင်းရှိ ကွမ်းယာဆိုင်တဆိုင်ရှေ့တွင် ည ၇ နာရီကျော်၌ ပေါက်ကွဲခြင်းဖြစ်ပြီး၊ ဒဏ်ရာရသူများတွင် ၃ နှစ်အရွယ် မငြိမ်းငြိမ်းထွန်းနှင့် ၁၃ နှစ်အရွယ် မောင်ဇော်မင်းထိုက် ပါဝင်သည်။

ကျန်ဒဏ်ရာရသူများမှာ ကိုဇော်မင်းထွန်း၊ မကေသီမျိုးကျော်၊ မဝင်းပပကျော်၊ မောင်တင့်လွင်ဦး၊ မောင်ထွန်းထွန်း၊ မသင်းသင်းတို့ဖြစ်ပြီး အင်းစိန်မြို့နယ်ဆေးရုံတွင် ဆေးကုသမှုခံယူနေသည်။

ဗုံးသယ်ဆောင်လာသူဟု ရဲက စွပ်စွဲထားသူမှာ  အသက် ၂၆ နှစ်အရွယ် ကိုဇော်မင်းထွန်းဖြစ်ပြီး ကွမ်းယာဝယ်နေစဉ် ပေါက်ကွဲခဲ့ကြောင်းနှင့် မပေါက်ကွဲသေးသော ဗုံးတလုံးကိုလည်း ထပ်မံ တွေ့ရှိရကြောင်း ရဲက ပြောသည်။

ကိုဇော်မင်းထွန်းမှာ ပြင်းထန်စွာ ဒဏ်ရာရသဖြင့် စိုးရိမ်ဖွယ်အနေအထားဖြစ်ကြောင်း အင်းစိန်မြို့နယ်ဆေးရုံမှ ဆရာဝန်တဦးက ပြောသည်။

Tuesday, February 22, 2011

New Zealand earthquake leaves 65 dead


A powerful 6.3 magnitude earthquake on Tuesday killed 65 people and trapped dozens more under flattened buildings in New Zealand's most devastating tremor in 80 years.

သားသား လူကြီး မလုပ်ဖူး

အမေ က ကလေးကို မင်းကြီးလာရင် အုပ်ချုပ်တဲ့ လူကြီးလုပ်ရမယ်
သားလေးက
သားသား လူကြီးလုပ်ချင်ဘူး
ဘာဖြစ်လို့ မလုပ်ချင်ရတာလဲ
သားသား ချိတ်လုံချည် မဝတ်ချင်ဘူး
မိန်းမတွေ ဝတ်တဲ့ ချိတ်လုံချည် ဝတ်ရတော့
သားသားအခြောက် မဟုတ်ဘူး
သားသား ကယောကျာ်းလေး ပုဆိုးပဲ ဝတ်မှာ
လူကြီး မဖြစ်ချင်လဲ နေ ရတယ်


ယတြာ အတွက် မိန်းမအုပ်စိုးမည်ဟူသည် ကို ချိတ်လုံချည်ဖြင့် လုပ်ရုံဖြင့်မပြီး အရေးပါသည်ကို သင့်လျှော်သလို ပြုလုပ်ရန် လိုသေးသည် ဟုအကြံပြု ရေးသား ရပါသည်။
ဟာသ အဖြစ်သာရည်ရွယ်ပါသည် ဆက်မတွေးပါနှင့်။

Friday, February 18, 2011

ငွေဈေး ရွှေဈေး

“ဒီနေ့ ဈေးကျသွားတယ်။ ဝယ်ရင် ၈၉ဝ၊ ရောင်းရင် ၈၇၅ ဈေးပေါက်တယ်။ amount များရင် ၈၈ဝ ပေးတယ်။ ပုံမှန်က ၂ ကျပ်၊ ၃ ကျပ်ပဲ ကွာတယ်။ အခုက အတက်အကျကြမ်းတော့ ဈေးခွါထားတာပါ” ဟု ကျောက်တံတားမြို့နယ်ရှိ ဒေါ်လာရောင်းဝယ်သူ တဦးက ပြောသည်။

ယခုလဆန်းအထိ ဒေါ်လာပေါက်ဈေး ၈၅ဝ ကျပ် ရှိခဲ့ရာမှ တဖြည်းဖြည်း တက်လာခဲ့ပြီး၊ ယခုတပတ် ဗုဒ္ဓဟူးနေ့တွင် ကျပ် ၉၅ဝ အထိ အမြင့်ဆုံး ခုန်တက်ခဲ့သည်။ ထို့နောက် ပြန်ကျလာပြန်ရာ သောကြာနေ့တွင် ၈၇၅ ကျပ် ပေါက်ဈေး ဖြစ်သွားသည်။

ယခုအခါ ဈေးတက်သဖြင့် ဝယ်သူ မရှိတော့ဘဲ တကျပ်သားလျှင် ကျပ် ၆ သိန်း ၆ သောင်းကျော်အထိ ပြန်ကျသွားသည်။

စင်ကာပူ ၆၈၀-၆၉၀

ဗိုင်းယပ်စ် မွေးဖွား ခြင်း ဟတ်ကာ အလည်ဖိတ်ခြင်း ကိုယ့်ပြဿနာ ကိုယ်ရှာ

ကွန်ပျူတာ သုံးတတ်ခါစကတော့ ဗိုင်းယပ်စ် ကို အလုပ်တစ်ခုလိုရှင်း ရတာနဲ့  အလုပ်ကိုရှုပ်လို့ 
ဟတ်ကာတွေကဝင် ကွန်ပျူတာ သုံးမိတာ ကိုယ့်ပြဿနာ ကိုယ်ရှာသလို ဖြစ် နေလားလို ထင်လာ တာ အခုနောက်ပိုင်းတော့

သတိထားမိတာက ဗိုင်းယပ်စ် သတ်တဲ့ဟာရှိလို့  ဗိုင်းယပ်စ် လာတာ ပဲဖြစ်ဖြစ် ဘယ်လိုပဲလာလာ အလုပ်ရှုပ်ခံပြီး အချိန်ကုန်ခံပြီး မရှင်းတော့
ကုန်ကုန်ပြောရရင်
ဗိုင်းယပ်စ် သတ်တဲ့ ဆော့စ်ဝဲလ် တောင် ဖြုတ်ပစ်လိုက်တာ ဘယ်ဗိုင်းယပ်စ် လာလာ ဝင်ချင်သလိုဝင် ထွက်ချင်သလိုထွက်
ဟတ်ကာ ကဝင်လာလိုက် ပြဿနာရှာတာသိတော့ ဒေတာတွေ ကို ဟတ်ဒစ် ထဲ သတ်သတ်သိမ်းပြီး မလိုတာတွေ ဖြုတ် အကျိုးမရှိ ပြဿနာ ရှိမဲ့ နေရာကို သတိထား လိုက်တော့ ဘာပြဿနာမှ မရှိတော့

ရှိတော့ ရော ခိုးချင်လို့  ဟတ်ကာလုပ်နေတာ ခိုးပါစေဆိုပြီး လွတ်ထားလိုက် ဘာမှမဖြစ်တော့

မလိုတဲ့ ဆော့စ်ဝဲလ်တော့ မသွင်းနဲ့ ပေါ့

ပြဿနာမပြေလည်ရင် စက်ကို ဖောမက်စ် ချ လိုက် ကဲ မပြီးဘူးလား

ဗိုင်းယပ်စ် ကာကွယ် တဲ့ ဆော့စ်ဝဲလ် က ဝင်းဒိုး အသစ် ဆော့စ်ဝဲနီးနီးဈေးကြီး တော့
ဖောမက်စ် ချရတာ အဆင်မပြေရင် ဝင်းဒိုး အပ်ဂရိတ် လုပ်ရှိရင် လုပ် လိုက် တနှစ် ကတော့ စိတ်ချ ပြဿနာ မဖြစ်တော့ဘူး

ဒါမှ မရရင် ကွန်ပျူတာတောတော ကြာနေလို့  မက်မိုရီတွေ နောက်အသစ်တွေ နဲ့  လိုအပ်တာနဲနဲ ရှိလို့ လေးတာကို ဗိုင်းယပ်လိုလို ဟတ်ကာလိုလို ထင်နေ တာ
ကွန်ပျူတာအသစ် ဝယ်လိုက် အကုန် ကောင်းသွားရော

ကွန်ပျူတာအသစ် မှာ ဗိုင်းယပ်ကာကွယ် တာ ၃ လ တနှစ် ရတာတော့ ယူထားလိုက် ပြီးတာနဲ့ 
အကုန်ထုတ်ပစ်လိုက် မထုတ်ရင် လေးလာသလိုလို ဘာလိုလို နဲ့  ဟိုဟာဝင်မရ ဒီဟာဝင်မရ နဲ့ 

မလိုတာ က ဗိုင်းယပ်ကာကွယ်တာ ထုတ် လိုက် အဆင်ပြေ ရော

နည်းပညာ အသစ်တွေက အမြဲပေါ်နေတာ နည်းပညာ အသစ်ကို စက်ဟောင်းတွေ က နည်းနည်းလေးဆီ လိုက်မ မှီတာ ကို လေးတာပြဿနာ ဖြစ် တာ လို့ မထင်ပဲ လိုအပ်တာနဲ့  အပ်စပ် မှဖြစ်မှာ

ဘလော့စ် လဲ ဒီလိုပဲ
ဟိုက ပိတ်ချင် ဒီကပိတ် ချင် တော့ စကမ်စ် ဖတ်တဲ့ ဆော့စ်ဝဲ အကြောင်းပြပြီး ဟိုဆိုဒ်သွားမရ ဒီဆိုဒ်သွား မရဖြစ် ကုန်တော့
ပိတ်ချင်တဲ့သူ က နည်းပညာ သတင်း အကြောင်းအရာ အချက်အလက်တွေ ကို မသိမသာ ထိန်းလိုက်တာ
မသိတဲ့ သူတွေ က အဟုတ်ကြီးမှတ်

နဂိုက သုံးလာပြီးတော့ ဘာပြဿနာ မှ မရှိတာ ကို စကမ်စ်ဖတ်ပြီး ဟိုမသွား နိုင် ဒီမသွား နိုင် ကိုယ့်ပြဿနာကိုယ်ရှာ
ဟိုမသိရဒီမသိရ ဖြစ်ပြီး
ဆော့စ်ဝဲလ် ရောင်း ရင် ဝယ်ရဦးမယ် ငွေကုန် အချိန်ကုန်

အကြောင်းအရာတချို့  သူများသိစေချင်လို့  ပေးအပ်ချင်သူတွေ
အလိုလိုနေရင်း စေတနာတွေ မသိမသာ မဆုံးရှုံး ဖို့ ကအရေးကြီးပါတယ်။

ဒီမှာတော့ သိသလောက် တွေ့ သလောက် ရေးနေတာ အကျိုးရှိ စေလိုရေးတာ ကြောက်တတ်လူအတွက်တော့ အကျိုးမဲ့ ပေါ့
ဘာပဲဖြစ်ဖြစ် တွေ့ ရတဲ့ အတွေ့ အကြုံရေးတာ ကောင်းမကောင်း တော့ မသိ ဖြတ်သန်းရတာတော့ ကောင်းပါ၏။

နည်းပညာဖြစ်ဖြစ် ပစ္စည်းအသစ်ဖြစ်ဖြစ် ၆လ ကနေ ၁ နှစ် ၂ လ အတွင်း အသစ်သစ်ပေါ်နေတာပါ လိုသလို အသုံးချတတ်ပါစေ
ပေါ်မဲ့နည်းပညာ ပစ္စည်းကိုတောင် မှန်းဆလို့ ရတဲ့ ဘာသာရပ်ကရှိပြီးသားပါ။

Thursday, February 17, 2011

တရုတ်ပြည် ကဲ့သို့ ငွေကြေးဖေါင်းပွရန် မြန်ပြည်ကြိုးစား

မြန်ပြည် အစိုးရသစ် တရုတ်ပြည် ငွေ ကြေးဖေါင်းပွ လာသကဲ့သို့ ဖြစ်လာရန် တရုတ်ပြည်ကဲ့သို့  ကြိုးစားလုပ်ဆောင်နည်းပညာ ရယူ။
ဒေါ်လာဈေးတတ် မှ အစိုးရသစ် သက်တမ်းရှည်ကြာမည်ဖြစ်မည် ဖြစ်၍ အစိုးရသစ် ကျလာသော ဒေါ်လာဈေး အား နေ့ ချင်းညချင်းဆွဲတင်နေရသည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ လျှာလုံး၍ စကားမပီ

ကိုဝိုင်း .

ပြည်ထောင်စုနေ့ ညစာစားပွဲ၌ အမတ်များကို တဦးချင်း လိုက်လံနှုတ်ဆက်စဉ် အသက် ၇၇ နှစ်အရွယ် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ လျှာလိပ်နေသည်ကို သတိထားမိကြောင်း အမတ်တဦးက ပြန်ပြောပြသည်။

“ကျနော့်ကို လာနှုတ်ဆက်တဲ့အချိန် စကားက ပြောလို့ မပီတော့ဘူး။ လျှာတွေက လုံးနေတယ်။ ဘယ်ကနေ လာလဲ ဆိုတဲ့ဟာလည်း မပီတော့ဘူး။ ဝမ်းသာပါတယ်ဆိုတာလည်း ပီပီသသကို မဟုတ်တော့ဘူးလေ။ အသက်ကြီးလာတော့လည်း လျှာကလိပ်လာပြီဆိုတော့ အခြေအနေ သိပ်မကောင်းသေးဘူးပေါ့။ နောက် နည်းနည်းတော့ ထော့နဲ့ ထော့နဲ့နဲ့ပေါ့” ဟု ဧည့်ခံပွဲတက်သည့် အမတ်တဦးက ပြောသည်။

ဗိုလ်ချုပ်မှူးကြီးနှင့် ဇနီးတို့က တည်ခင်းဧည့်ခံမည်ဟု ဖိတ်စာအတွင်း ဖော်ပြထားသော်လည်း ဒေါ်ကြိုင်ကြိုင်ကို မမြင်လိုက်ရဟု အမတ်တဦးကပြောသည်။

Tuesday, February 15, 2011

မြန်ပြည်သမ္မတ ဘယ်တစ်ယောက် လည်းတဲ့


နိုင်ငံခြားသား တစ်ယောက် ကမေးတယ် မင်းတို့ အခု လက်ရှိ အာဏာရှိသူ သမ္မတ က ဘယ်တစ်ယောက်လည်းတဲ့

တရုတ်နိုင်ငံ ကမ္ဘာ့ ဒုတိယ စီးပွားရေး အင်အားအကြီးဆုံးနိုင်ငံ ဖြစ်လာ

ဗွီအိုအေ

ဂျပန်နိုင်ငံက ထုတ်ပြန်လိုက်တဲ့ ကိန်းဂဏန်းသစ်တွေအရ ကမ္ဘာမှာ ၄၂ နှစ်ကြာ စီးပွားရေးအရ ဒုတိယ အင်အားအကြီးဆုံး နိုင်ငံအဖြစ်နဲ့ ရပ်တည်လာတဲ့ ဂျပန်နိုင်ငံရဲ့ နေရာမှာ တရုတ်နိုင်ငံက အစားထိုး နေရာယူသွားပါပြီ။

၂၀၁၀ ခုနှစ်အတွက် ဂျပန်နိုင်ငံရဲ့ ပြည်တွင်း အသားတင် ထုတ်လုပ်မှု တန်ဖိုးက ၅.၅ ထရီလီယံ ရှိတယ်လို့ ဒီနေ့ တနင်္လာနေ့မှာ ထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေက ဖော်ပြပါတယ်။ တရုတ်နိုင်ငံရဲ့ ပြီးခဲ့တဲ့နှစ်အတွက် အသားတင် ထုတ်လုပ်မှု တန်ဖိုးကတော့ ၅.၉ ထရီလီယံ ရှိပါတယ်။

၁၉၆၀ ပြည့်လွန်နှစ်တွေ ကတည်းက စလို့ အမေရိကန်ပြီးရင် ဂျပန်ဟာ ကမ္ဘာမှာ ဒုတိယ စီးပွားရေး အတိုးတက်ဆုံးနိုင်ငံ ဖြစ်ခဲ့တာပါ။

အခုထွက်ပေါ်လာတဲ့ ကိန်းဂဏန်းသစ်တွေအရ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်း ၃ လအတွင်း ဂျပန်စီးပွားရေး ကျုံ့သွားခဲ့ပေမဲ့ စီးပွားရေး ပညာရှင်တွေ ကြိုတင် သုံးသပ်ခဲ့သလောက်တော့ မဆိုးခဲ့ပါဘူး။

တနှစ်လုံးအတွက် ဂျပန်ရဲ့ စီးပွားရေး တိုးနှုန်းကတော့ ၃.၉% ရှိပါတယ်။ ဒါဟာ ၃ နှစ်အတွင်း ပထမဆုံး ဂျပန်နိုင်ငံရဲ့ စီးပွားရေး တိုးတက်လာခဲ့တာလည်း ဖြစ်ပါတယ်။

အခုထုတ်ပြန်လိုက်တဲ့ ကိန်းဂဏန်းသစ်တွေအရ တရုတ်ရဲ့ စီးပွားရေးက ဂျပန်ထက် ပိုသာနေတယ် ဆိုပေမဲ့ လူတဦးချင်းစီရဲ့ ၀င်ငွေမှာတော့ ဂျပန်က တရုတ်ထက် ၁၀ ဆလောက် ပိုပြီး သာနေပါတယ်။

ဆူးပစ်စမ်း မီးဘေး၊ ၈၀၀ ကျော် အိုးအိမ်မဲ့

ကျော်ခ

အိမ်ခြေ ၁၈၄ မီးလောင်မှုတရပ် မကွေးမြို့နယ် ဆူးပစ်စမ်းရွာ၌ ပြီးခဲ့သည့် စနေနေ့တွင် ဖြစ်ပွားခဲ့ရာ လူဦးရေ ၈ဝဝ ကျော် အိုးအိမ်မဲ့ ဖြစ်သွားကြောင်း ဒေသတွင်း မီးသတ်ဌာနများနှင့် ရွာသားများက ပြောသည်။

အိမ်ခြေ ၂၇ဝ ကျော်ရှိ ဆူးပစ်စမ်းတွင် ယခုလ ၁၂ ရက်နေ့ မွန်းလွဲပိုင်း၌ မီးကြွင်းမီးကျန်မှတဆင့် စတင်၍ မီးလောင်ခဲ့ကြောင်းနှင့် ၎င်းကျေးရွာမှာ မကွေးနှင့် မိုင် ၄ဝ ကျော်၊ တောင်တွင်းကြီးနှင့် မိုင် ၂ဝ ကျော် ဝေးသဖြင့် မီးသတ်ကားများ သွားရောက်ရန် အချိန်ကြန့်ကြာသဖြင့် အိမ်ခြေအများအပြား မီးဘေး သင့်ခဲ့ရကြောင်း ယင်းနှစ်မြို့နယ် မီးသတ်ဌာနများက ဆိုသည်။

“မီးသွားငြှိမ်းဖို့ သွားရတဲ့ ခရီးကလည်း ဝေးတယ်။ ဟိုရွာရောက်တော့လည်း ရေရှားတော့ ရေတခါကုန်ရင် ရေကန်ကို တခါသွားပြီး သယ်နေရတော့ နိုင်နိုင်နင်းနင်း ငြှိမ်းနိုင်ဖို့က အခက်တွေ့တယ်။ မြို့နဲ့ အလှမ်းဝေးတဲ့ ရွာတွေမှာ လောင်ရင် ဒါမျိုးတွေက ဖြစ်နေကျလိုပါပဲ” ဟု မကွေးတိုင်း မီးသတ်ဌာန တာဝန်ရှိသူတဦးက ပြောဆိုသည်။

မကွေးမှ မီးသတ်ကား ၂ စီးနှင့် တောင်တွင်းကြီးမှ ၂ စီးဖြင့် ငြှိမ်းသတ်ပေးခဲ့ကာ၊ ယခုမီးမှာ ပေါ့ဆမီးဟု တောင်တွင်းကြီး မြို့နယ် မီးသတ်ဌာန တာဝန်ရှိသူ တဦးက ပြောသည်။

ရေသယ်ယူရေး ခက်ခဲသောကြောင့် ထိရောက်စွာ မငြှိမ်းနိုင်သဖြင့် ရွာခံများနှင့် ရွာနီးနားချင်းများက ရေပုံးများ၊ မီးချိတ်၊ မီးကပ်များ၊ သဲအိတ်များဖြင့်သာမက အဝတ်များကို ရေစွတ်၍ပါ ဝိုင်းငြှိမ်းခဲ့ရကြောင်း ဒေသခံများ အဆိုအရ သိရသည်။

“မြို့ပေါ်က မီးသတ်ကားတွေလာတာ တော်တော်နောက်ကျတယ်။ အနည်းဆုံး ၃ နာရီကျော်လောက်မှ ရောက်လာတယ်။ သူ့ကားထဲက ရေကလည်း ခဏလေး ပက်လိုက်တာနဲ့ ကုန်သွားတော့ ရေတခါ သွားသယ်နဲ့ အလုပ်မဖြစ်ဘူး။ အားလုံးဝိုင်းပြီး သတ်ကြလို့တာ ဒီလောက်နဲ့ ပြီးသွားတာ။ နို့မို့ဆို ရွာလုံးကျွတ်တယ်” ဟု ဒေသခံကုန်သည်တဦးက ပြောဆိုသည်။

မီးလောင်သွားသည့် အိမ်များမှ လှည်း၊ ထွန်နှင့် သိမ်းဆည်းထားသည့် ကောက်ပဲသီးနှံများ မီးထဲပါသွားသဖြင့် စိုက်ပျိုးရာသီရောက်လျှင် တောင်သူများအနေဖြင့် အခက်တွေ့မည်ဟု ဆိုသည်။

မီးဘေးဒုက္ခသည် ၈၀၀ ကျော်အတွက် မြို့နယ်နှင့် ရပ်ကွက် အာဏာပိုင်များက ကယ်ဆယ်ရေးစခန်း ပြုလုပ်ပေးရန် စီစဉ်နေပြီး၊ အနီးတဝိုက် ရွာများက အစားအသောက်များ လှူဒါန်းကြသည်။ အချို့မှာ အနီးအနား ရွာများရှိ ဆွေမျိုးများထံ သွားရောက်ခိုလှုံနေကြသည်။

အနောက်နိုင်ငံများကို မြန်မာပြည် မှ ဦးတေဇက တန်ပြန်စီးပွားပိတ်ဆို့မည်


ဧရာဝတီ
စစ်ဗိုလ်ချုပ်များနှင့် နီးစပ်သည်ဆိုသည့် စီးပွားရေး လုပ်ငန်းရှင် ဦးတေဇက မြန်မာနိုင်ငံအပေါ် အမေရိကန်နှင့် ဥရောပ နိုင်ငံတို့က မတရား စီးပွားရေးပိတ်ဆို့မှုများ ပြုလုပ်နေသည့် အတွက် တန်ပြန်စီးပွားရေး ပိတ်ဆို့သည့် အနေနှင့် မြန်မာ စီးပွားရေး လုပ်ငန်းရှင်များက အနောက်နိုင်ငံလုပ် စက်ပစ္စည်းများကို လုံး၀၀ယ်ယူ အသုံးပြုခြင်း မရှိကြောင်း ပြောဆိုလိုက်သည်။


ဦးတေဇ (ဓာတ်ပုံ - ygnutd.com)
စီးပွားရေးမဂ္ဂဇင်း စာစောင်သစ် တခုဖြစ်သည့် ဖေဖော်ဝါရီလထုတ် The Future Myanmar Business Report မဂ္ဂဇင်းနှင့် တွေ့ဆုံမေးမြန်းခန်းတွင် ဦးတေဇက အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်း ဖြစ်သည်။

ဦးတေဇက မြန်မာနိုင်ငံအပေါ် မတရားစီးပွားရေး ပိတ်ဆို့ထားသော အနောက်နိုင်ငံများကို တန်ပြန်စီးပွားရေး ပိတ်ဆို့သည့် အနေနှင့် မြန်မာ့ ကျောက်မျက်ရတနာများကို အနောက်နိုင်ငံများသို့ မရောင်းလိုကြောင်း၊ မြန်မာ့ ကျောက်မျက်ကုမ္ပဏီ အားလုံးနီးပါးက ကျောက်မျက် ရတနာ တူးဖော်ရေး လုပ်ငန်းများအတွက် လိုအပ်သော မြေတူးစက် အပါအ၀င်
အကြီးစား စက်ပစ္စည်းများကို အနောက်နိုင်ငံ ထုတ်စက်ပစ္စည်းများ အသုံးမပြုဘဲ အာရှနိုင်ငံထုတ် စက်ပစ္စည်းများကိုသာ ၀ယ်ယူအသုံးပြုကြောင်း၊ တရုတ်နိုင်ငံသည် စီးပွားရေး တိုးတက် နေသောကြောင့် အနောက်နိုင်ငံများ၏ စီးပွားရေး ပိတ်ဆို့မှုသည် ထိရောက်မှုမရှိကြောင်း ပြောသည်။

“အထူးသဖြင့် ကျောက်စိမ်းဈေးကွက်က တရုတ်နိုင်ငံက ပိုကြိုက်တော့၊ တရုတ်ပြည်မကြီး ကလည်း စီးပွားရေး အရမ်း တက်နေတော့ အဲဒီပိတ်ဆို့မှုဟာ ဘာမှ မထိရောက်ပါဘူး။ သူတို့ ပိတ်ဆို့မှုကလည်း လုံးဝ တရားမျှတတဲ့ ပိတ်ဆို့မှု မဟုတ်ပါဘူး” ဟု ဦးတေဇက ဆိုသည်။

အမေရိကန်နှင့် ဥရောပနိုင်ငံများသည် မြန်မာနိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့ထားသော်လည်း အမေရိကန် Chevron ကုမ္ပဏီနှင့် ပြင်သစ် TOTAL ကုမ္ပဏီတို့က မြန်မာနိုင်ငံ၏ သဘာဝဓာတ်ငွေ့ လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံ ထားမှုအပေါ် တစုံတရာ အရေးယူမှု မရှိခြင်းကိုလည်း ဦးတေဇက ဝေဖန်သည်။

“သူတို့ရဲ့ အကျိုးအမြတ်အဖြစ် US ဒေါ်လာ ဘီလီယံ ချီပြီး နှစ်စဉ်ရနေတဲ့ မြန်မာနိုင်ငံရဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းမှာ ၀င်လုပ်နေတဲ့ အမေရိကန် Chevron နဲ့ ပြင်သစ် Total ကိုကျတော့ ဘာမှ အရေးမယူဘူး။ တရားဝင် ကြောင်းတောင် ကြေညာပေး သေးတယ်” ဟု ဦးတေဇက ဆိုသည်။

Monday, February 14, 2011

ဈေးသက်သာသော အိုင်ဖုန်းအသစ် N97 ထွက်မည်။

ဈေးသက်သာသော အိုင်ဖုန်းအသစ် N97 ထွက်မည်။

Sunday, February 13, 2011

အီဂျစ်ဆန္ဒပြပွဲ အရှေ့အလယ်ပိုင်းလူထုကို ဂရက်ရိုက်

အီဂျစ်နဲ့ တူနီးရှားနိုင်ငံမှာ သမ္မတတွေ ပြုတ်ကျတဲ့အထိ လူထုရဲ့ကြွေးကြော်သံက ထိရောက်ခဲ့တာကြောင့် အရှေ့အလယ်ပိုင်းဒေသမှာ လူထုဆန္ဒပြပွဲ လှိုင်းလုံးကြီးတွေရဲ့ ရိုက်ခတ်မှုက အယ်လ်ဂျီးရီးယား၊ ယေမင်နဲ့ ဘာရိန်းနိုင်ငံက လူထုကို ကူးစက်သွားပါပြီ။ အယ်လ်ဂျီးရီးယား နိုင်ငံမြို့တော် အယ်လ်ဂျီးရက်စ်မြို့က လမ်းမတွေမှာ လူထုထောင်သောင်းချီ အစိုးရဆန့်ကျင်ရေး ဆန္ဒပြနေကြပါတယ်။

ယေမင်နိုင်ငံ ဆာနားမြို့မှာလည်း လူထုဆန္ဒပြနေကြပါတယ်။ ဘာရိန်းနိုင်ငံမှာလည်း တက်ကြွလှုပ်ရှားသူတွေက တနင်္လာနေ့ကစပြီး ဆန္ဒပြကြဖို့ စည်းရုံးနေပါတယ်။ ဘာရိန်းဘုရင်ကတော့ နိုင်ငံတ၀ှမ်းလုံးမှာရှိတဲ့ မိသားစုတိုင်းကို သူလေးစားတဲ့အနေနဲ့ ဒေါ်လာ ၁,၀၀၀ စီ ဆုချီးမြှင့်မယ်လို့ သောကြာနေ့က ကြေညာထားပါတယ်။

Burma arrests Australian editor

Burma ranks low on press freedom
The Australian owner of English-language newspaper Myanmar Times has been arrested in Burma.

Ross Dunkley, who is also the paper's editor-in-chief, is reported have been detained under Burmese immigration law.

However, one of Mr Dunkley's business associates say his arrest comes amid a dispute with his Burmese partners over the newspaper's ownership, future direction and senior leadership roles.

Media rights groups say Burma has one of the worst records for press freedom.

The mainstream media is mainly state-controlled and privately-owned publications are subject to strict censorship.

Mr Dunkley was arrested on Thursday and is being held in Rangoon's main Insein prison for overstaying his visa, David Armstrong, his business partner in Cambodia said on Saturday.

If convicted, he could be jailed for up to two years.

Media rights group, Reporters Without Borders, ranked Burma 174th out of 178 countries in its 2010 press freedom index.

BBC © 2011

Saturday, February 12, 2011

အာဏာစွန့်သွားတဲ့ မစ္စတာ မူဘာရက်ရဲ့ ပိုင်ဆိုင်မှုတွေကိုတော့ ဆွစ်ဇာလန်နိုင်ငံက ထိန်းချုပ်လိုက်ပါပြီ။

အီဂျစ်စီးပွားရေးအခြေအနေ ပြန်ပြီးကောင်းမကောင်း ခန့်မှန်းဖို့ခက်နေသေးပေမဲ့ အာဏာစွန့်သွားတဲ့ မစ္စတာ မူဘာရက်ရဲ့ ပိုင်ဆိုင်မှုတွေကိုတော့ ဆွစ်ဇာလန်နိုင်ငံက ထိန်းချုပ်လိုက်ပါပြီ။ ဒီထိမ်းချုပ်မှု ထုတ်ပြန်တဲ့အမိန့်က ၃ နှစ်သက်တမ်းရှိမှာမို့ မစ္စတာမူဘာရက်ရဲ့ ပိုင်ဆိုင်မှုတွေ ၃ နှစ်ကြာ ထုတ်လို့သွင်းလို့မရဘဲ ထိန်းချုပ်ထားမှာပါ။

ပိုင်ဆိုင်မှုဘယ်လောက်ရှိပြီး ဘယ်ပစ္စည်းတွေကို ထိန်းချုပ်ထားသလဲ ဆိုတာကိုတော့ အသေးစိတ် ထုတ်မပြောပါဘူး။ သူ့ပိုင်ဆိုင်မှုတွေထဲမှာ အီဂျစ်နိုင်ငံရဲ့ ပိုင်ဆိုင်မှုတွေ ရှိမရှိ ကြိုတင်ကာကွယ်ပေးတဲ့သဘောနဲ့ ဆွစ်ဇာလန်နိုင်ငံက အခုလိုအမိန့်ထုတ်ပြီး ထိန်းချုပ်လိုက်တာပါ။

မစ္စတာ မူဘာရက်နဲ့သူ့မိသားစုဟာ အမေရိကန်ဒေါ်လာ ဘီလျံ ၄၀ နဲ့ ၇၀ အကြား ကြွယ်ဝချမ်းသာတယ်လို့ ကျွမ်းကျင်သူတွေက ခန့်မှန်းကြပါတယ်။

မြန်မာ ရုပ်ရှင်တွေ အိုင်ဖုန်းနဲ့ ကြည့်ချင်ရင်

မြန်မာ ရုပ်ရှင်တွေ အိုင်ဖုန်းနဲ့ ကြည့်ချင်ရင်
ဆာဖာရီ မှာ fmv.mx ဆို ရိုက်ထည့်ပြီး ရှာလိုက်ရင် မြန်မာ ကားတွေ အိုင်ဖုန်းနဲ့ ကြည့်လို့ ရပြီ။

Who's running Egypt now?

Protesters Beserk With Joy As Mubarak Quits

အာဏာရှင် သံသရာ တပတ်လည် နှစ် ၃၀

အီဂျစ် အာဏာရှင် သံသရာ တပတ်လည် ဖို့  နှစ် ၃၀ ကြာ ခဲ့သလို ဦးနေ ဝင်း မြန်ပြည် မှာ က ၂၆ နှစ် ကြာ အခုလက် ရှိတော့ တစ်ဦးကို တစ်ဦး ရှင်းလင်းရေး စနစ် ဖြင့် သံသရာ လည်နေသည်။ အီဂျစ် က အာဏာရှင် သားက လန်ဒန် ကို ကိုယ်ပိုင် လေယာဉ်နဲ့  သေတ္တာ အလုံး ၁၀၀ ကျော် နဲ့ ပြေးတာကြာလှပေါ့။
အီဂျစ် က အာဏာရှင် က ၈၃ နှစ် နေဝင် ချိန်ဘယ်လိုနေ မယ်မသိ။
မြန်ပြည်က ဦးနေဝင်း ကတော့ ဆင်းကာစ မှာ တော်တော် အာဏာပြ နိုင်ပေမဲ့
အသက် ၈၀ ကျော်မှာ
တဖြည်းဖြည်း လူသစ်ဝင်လာတဲ့ နောက် အစစ အရာရာ မီးဇာ ကုန် ဆီခမ်း နေဝင်သွားရတာ

ဦးခင်ညွန့်  ကျတော့ တစ်ဦး ကို တစ်ဦး ဖြုတ်ချရေးစနစ် သုံးတဲ့ အထဲပါသွားတာ ဘုရားမှာ လှူထားတဲ့ နာမည်တွေ ပါ ပြန်ဖျက်ခံရတာ
တွေ့ ရတော့ နောက်လည်း တစ်ခုခု မှားလို့ ဖြစ်ဖြစ် နောက် လူ နှစ်ဆက် သုံးဆက်လောက် ဆို အာဏာရှိတဲ့သူ အာဏာ တဖြည်းဖြည်း လုံးပါးပါး လာမှာ နောက်လူက တစ်ခုခု လုပ် ရတော့ မှာ မလုပ်တတ်ရင်အာဏာရှင် တော့ မပီမသ ဖြစ်ပြီး
ပြုတ်ကျ မှာ အသေအချာဆိုတော့
နောက်တတ်တဲ့ သူ က အရင်ရှိတဲ့သူ ကို မဖြုတ်ရဲ လို့ ကတော့ သူပါပြေးပေါက်မှားမှာ
မြန်မာပြည် မှာ ဘေးစရောက် စတော့ ဘာမှ မဖြစ်ပါဘူး

အသက်ကလည်း၈၀ ကျော်လာ

လူသစ်က ပစ္စည်းသိမ်း အကျယ်ချုပ်ချသလို မသိမသာ သွားလာလို့ မရတော့ ရင်
အာဏာရှင်ဟောင်း စိတ်တွေ ညစ် အခုတောင် နိုင်ငံခြားကို လိုသလို ခဏခဏ သွားလို့ မရနိုင်တော့ ဘူး
နောက်လူသစ် က သိပ်ပေးမသုံးတော့ဘူးလေ
အရင်လို ယာဉ်တန်းတွေ ရ နောက် တစ်နှစ်နှစ်နှစ်ပေါ့ ငါးနှစ် ဆို လူသစ် က ပြုတ် ခါနီးလာမှာ
သဘောကောင်းတဲ့ အာဏာရှင် ကသက်တန်းတိုတတ်လို့ လေ
လူသစ်က အလုပ်များသလိုနဲ့ 
အဲလိုမဟုတ် ရင် မသိမသာ အကျယ်လေးပေါ့
ယတြာ တော့ ချေလို့ ရနိုင်သေးတဲ့ အချိန်ပေါ့

အာဏာရှင်ဟောင်းတွေ လူရှေ့  တစ်လကျော် နှစ်လကျော် ထွက် မလာတာ ကြာလာရင်
၆ လကျော်ဆိုရင် မြို့ အကျယ်ချုပ် ဆန်လာပြီး
စစချင်း နိုင်ငံတကာသွား တာ ခက်လာတဲ့
တိုင်းပြည် တွင်း လှည့် ဆို ပြီးထား
နောက် မြို့ ဝေးတာတွေ သွားမရတော့
နောက်တော့ ဈေးကြီး ပဲသွားပြ
နေ့ တိုင်းသွားမရအောင် ပစ္စည်းတွေ ဝယ်ပို့ ပေး
နောက်တော့ တစ်ပတ်တစ်ခါ
နောက်တော့ ကားတွေ နည်းလာ ရှိတော့ ရှိတယ် သိမ်းထားရုံ သက်သက်

လူသစ် လူစွမ်းကောင်း လူယုံ က မသိမသာ ပညာပေးပြီး
အာဏာရှင်ဟောင်းသားသမီးမြေးတွေ ကို
မသင့်တော်ဘူးဆို ပြီး
သွယ်ဝှိက် ပြီး
အောက်ခြေ လူနဲ့  ထိန်း
အာဏာရှင်ဟောင်းမျိုးဆက်သစ် မခံနိုင်ဖြစ် အရေးယူ ပြသလို လုပ်
နောက် လူယုံ အသစ် ကထပ်လုပ်
အခွင့်အရေး တစ်ချို့ ပိတ်
သတိထားသွားလာခိုင်း အစောင့် ပေးသလို နဲ့  ထိန်းချုပ်
အစောင့်အရှောက် က ၂၄ နာရီ သတင်းပို့ ပြီး ထိန်းထားပြီ ဆို
လွတ်လွတ်လပ်လပ် အကျယ်ချုပ်
ပြီးရင် ပြဿနာရှာ မဲ့ လူမိုက်နဲ့  တွေ့ ပေး ဖြေရှင်းပေးရင်း
နာမည် ဆိုးထွက်အောင် လုပ်
မြောင်းထဲ တစ်ဆစ်ချင်းပို့ 
အာဏာရှင်ဟောင်းမခံမရပ် နိုင်ဖြစ် အစတော့ လာရှင်း
တဖြည်းဖြည်းရှောင်
နေဝင်ချိန် ကြည့်ရင်း ငေါင်တောင် ဟိုငေးဒီငေး
ပေါင်းဖော် ကွာဝေး
ဆေးလိပ်ကတို
လေကပြို
မီးကပြတ်တတ်လာ
အမှောင်မှာထိုင်
ငူငူငိုင်ငိုင်
ကြူကြူ ဖြိုင်အောင် ငိုလို့ လဲမဖြစ်
ဘာမှ လုပ်မရ လူဘဝကို
အာဏာရှင်ဟောင်း ဘဝသစ်ကို ကူးချင်သည်ကို
ဆေးက ကူလည်းဖေးမသူ မလာ မျှော်ငေးရုံသာ

အငြိမ်းစားပြီး အေးချမ်းစွာနေနေ ရတဲ့ အာဏာရှင်ဆန် ခဲ့သူတွေ သင့်ပတ်ဝန်းကျင်မှာတွေ့ တယ်ဆိုရင် အံသြဖွယ် နိဂုံး ကောင်းတစ်ခုပဲ။

အီဂျစ်အာဏာရှင် မူဘာရက် အာဏာလွဲပြောင်း ပေးအပ်လိုက်ရပြီ။

အီဂျစ်ပြည်သူတွေရဲ့  ၁၈ ရက်ကြာ ဆန္ဒပြမှုတွေကြောင့် နှစ်ပေါင်း ၃၀ တိုင်းပြည်ကို အုပ်ချုပ်လာတဲ့ သမ္မတမူဘာရက် အာဏာက စွန့်လွှတ်ပေးခဲ့ရပါပြီ။ သောကြာနေ့ညပိုင်းက စစ်တပ်ကို သမ္မတရဲ့အာဏာ လွှဲပေးလိုက်ပြီလို့ အီဂျစ် ဒု-သမ္မတ အိုမာ စူလေမန်ရဲ့  ကြေညာချက် ထွက်ပေါ်လာပြီးနောက်ပိုင်း အီဂျစ်ပြည်သူတွေ ထောင်ပေါင်း သောင်းပေါင်းများစွာဟာ လမ်းမတွေပေါ်ထွက်ပြီး အော်ဟစ်ပျော်ရွှင် အောင်ပွဲခံခဲ့ကြပါတယ်။

စစ်တပ်က တိုင်းပြည်ကို ဘယ်လိုဆက်ပြီး ထိမ်းချုပ်သွားမယ်ဆိုတဲ့ အသေးစိတ်အစီအစဉ်တွေကိုတော့ နောက်နေ့တွေမှာ ဆက်ပြီး ကြေညာမယ်လို့ အစိုးရပိုင်ရုပ်မြင်သံကြားက ကြေညာပါတယ်။ အီဂျစ်မြို့တော် ကိုင်ရိုက သာဟ်ရီ Tahrir လွတ်မြောက်ရေးရင်ပြင်ကတော့ သမ္မတမူဘာရက် ဖြုတ်ချရေး အဓိကသပိတ်စခန်းဖြစ်လို့ အဲဒီရင်ပြင်မှာ လူတွေ ကြိတ်ကြိတ်တိုးအောင်ပွဲခံနေကြပြီး နိုင်ငံတကာ သတင်း သမားတွေရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုတွေနဲ့ ပြည့်နှက်နေတာပါ။

အီဂျစ်နိုင်ငံအလံတွေလည်း လူတွေကနေရာတကာမှာဝှေ့ယမ်းပြီး ကိုင်ရိုမြို့တော်ရဲ့ ညဘက် ကောင်းကင်ပြင်မှာတော့ အောင်ပွဲအထိမ်းအမှတ် မီးရှူးမီးပန်းတွေ ပစ်ဖောက်နေကြပါတယ်။ အလက်ဇန္ဒြီးယားမြို့နဲ့ အီဂျစ်က တခြားမြို့တွေမှာလည်း လမ်းတွေပေါ်မှာ ကားဟွန်းတွေတီးပြီး လူတွေလည်း အမြောက်အမြားထွက်ပြီး အောင်ပွဲခံနေကြပါတယ်။

မစ္စတာမူဘာရက်ဟာ အခု ကိုင်ရိုမြို့ကနေ ပင်လယ်နီအပမ်းဖြေစခန်း Sharm El-Sheikh မှာရှိတဲ့ သူ့ရဲ့အိမ်ကို ထွက်သွားခဲ့ပြီလို့ အီဂျစ်အာဏာပိုင်တွေရဲ့ ပြောဆိုချက်ကို ကိုးကားပြီး သတင်းဌာနတွေမှာဖော်ပြနေပါတယ်။

Friday, February 11, 2011

အိုင်ဖုန်းဂျပန် တွင် ပြင် ရန် ပုဂ္ဂလိကသီးခြား လိပ်စာ

3-9-8 1F SJ Building,
Kitaaoyama, Minato-ku
Phone Number: 050-3540-5854
English-speaking staff may be available
http://www.iphone110.com/english

ဆာဖာရီ ဖွင့် ရသည့် အကြောင်း

မင်းတရားကြီးက မေးတယ် ဥတွေထဲ မှာ ဘယ်ဥ အကောင်းဆုံးလဲ ဆိုတော့ ဖွတ်ဥတဲ့
သူချဉ်းပဲ တော့ မကောင်းပါဘူး ဆားနဲ့ ပါ လို့ ပြောတော့
ဟာ ငါမှာ သွေးတိုးရှိတာ မြန်မြန် သေအောင်ပို့ ချင်တာလား
မဖြစ်ဖူး .... သကြားနဲ့ စားမယ်
ကြံတွေ ရှိလား
စိုက်ပါမယ်...
ဖွတ်တွေ မွေး ကြံတွေ စိုက် ဒါဆို စားချင်တာစားလို့ ရပြီ
ဖွတ်တတ်မှ တောင်ဗို့ မှန်းသိ မင်းတရားကြီး သိပါတယ်နော်
ဖွတ်တတ်ရင်ဆင်းရဲတာ တိုင်းသူပြည်သားတွေ ဖြစ်တာ ပြဿနာမရှိပါဘူး
ဒါပေမဲ့ ငါနေတဲ့နေရာ ဖွတ် မွေးတဲ့ တောင်မှန်းမသိအောင်
ငါ ကြိုက်တဲ့ ဂျို တစ်ချောင်းပဲ ပါပြီး အားကောင်းတဲ့ ကြံ့ပါမွေးပြီး
တိရိတ္ဆန်ရုံ ဖွင့်ရင် မကောင်းဘူးလား
တောင်ဗို့ မှန်းမသိအောင် အပင်တွေပါစိုက် ထားပြီး
ဆာဖာရီ ပတ်စ် ဆိုပြီးဖွင့်လိုက်ရင်
မင်းနေပြည်တော် တဝိုက် တိရိတ္ဆန်တွေ လွတ်လွတ်လပ်လပ် သွားလို့ လဲရ ဖွတ် မွေးတာလူ တွေမသိတော့ဘူးပေါ့။

(ဂျပန် တွင် အိမ်မွေးဖွတ်တကောင် ဂျပန်ယန်း ၄၅သောင်း မြန်မာငွေ ၄၅ သိန်းကျော်...)
မြန်မာပြည် မှ ဖွတ်ဈေး မည်မျှရှိသည် ကို မသိသေး၍ မရေးသားနိုင်သေးသည် ကို နားလည်နိုင်ကြပါစေ။

AU Mobile (japan)ခြားနားချက်

Mubarak Tells Egypt He Is Staying Put

The first 18 days of Egypt's historic protests are relived through CNN reporters in Cairo.

အီဂျစ် ပညာတတ် လူငယ်တစ်ယောက် ရဲ့ စကား

ဆန္ဒပြ အီဂျစ် ပညာတတ် လူငယ်တစ်ယောက် ရဲ့ စကား
ထောင်ထဲ မှာ အနှိပ်စက်ခံ အညှင်းပန်းခံ ပြီး အသေခံ မှာလား ဒီမှာ ဆန္ဒပြရင်း အသေခံမှာလား ဆိုတော့ ဒီမှာ ဆန္ဒပြရင်း အသေခံသွားမယ်။
မိမိသမိုင်းကို မိမိကိုယ်တိုင်ဆုံးဖြတ်ရဲ့ တဲ့ သတ္တိ တွေ မွေးဖွားထားသော လေးစားလောက်ဖွယ် ဆန္ဒပြ အီဂျစ် ပညာတတ် လူငယ်တစ်ယောက် ကဆိုထားပါတယ်။

Thursday, February 10, 2011

ဆန္ဒပြသူတွေနဲ့ အီဂျစ်ရဲ ခိုက်ရန်ဖြစ်ပွား

ဗွီအိုအေ

သမ္မတဖြုတ်ချရေး ဆန္ဒပြပွဲတွေ ဖြစ်ပေါ်နေတဲ့ အီဂျစ်နိုင်ငံမှာ မနေ့တုန်းက ဆန္ဒပြသူတွေနဲ့ လုံခြုံရေးတပ်ဖွဲ့တွေ အကြား ပဋိပက္ခတွေ ဖြစ်ခဲ့လို့ လူ ၃ ဦး သေဆုံးပြီး တော်တော်များများ ဒဏ်ရာတွေ ရခဲ့ကြပါတယ်။

ဇန်န၀ါရီလ ၂၅ ရက် ဆန္ဒပြမှုတွေ စကတည်းကဆိုရင် အီဂျစ်မှာ ဆန္ဒပြပွဲနဲ့ ဆက်စပ်တဲ့ အကြမ်းဖက်မှုတွေအတွင်း သေဆုံးခဲ့သူ ၃၀၀ ကျော်သွားပြီလို့ ကုလသမဂ္ဂက ဆိုပါတယ်။

အင်္ဂါနဲ့ ဗုဒ္ဓဟူးနေ့တွေတုန်းက အီဂျစ်နိုင်ငံ အနောက်တောင်ပိုင်း နယူးဗဲလီးဒေသမှာ ဖြစ်ခဲ့တဲ့ ပဋိပက္ခတွေအတွင်း သေနတ်နဲ့ ပစ်ခတ်မှုတွေ ရှိခဲ့တာပါ။ အဲဒီမှာ အစိုးရ အဆောက်အဦး တခုကိုလည်း ရာနဲ့ချီတဲ့ လူတွေက မီးရှို့ခဲ့ကြပါတယ်။

မြို့တော်ကိုင်ရိုက အဓိကစခန်းချပြီး ဆန္ဒပြနေကြတဲ့ တဟီရာရင်ပြင်မှာတော့ ထောင်နဲ့သောင်းနဲ့ချီတဲ့ လူတွေက သမ္မတ ဟို့စ်နီ မူဘာရက်ခ် (Hosni Mubarak) ကို အာဏာက ချက်ချင်းဆင်းပေးဖို့ တောင်းဆိုနေကြတုန်းပါပဲ။

အဲဒီ တဟီရာရင်ပြင်ဟာ အဓိက သပိတ်စခန်းကြီး ဖြစ်သလို ဆေးခန်းတခုလည်း ဖြစ်နေပါတယ်။ လက်ကိုင်တယ်လီဖုန်းတွေရဲ့ ဘက်ထရီတွေကို အားဖြည့်တဲ့နေရာ ဖြစ်နေသလို ရေဒီယို အသံလွှင့်ဌာနနဲ့ ပြည်သူ့ဟစ်တိုင် နေရာလည်း ဖြစ်နေတာပါ။ ဆန္ဒပြမှုတွေအတွင်း သေဆုံးခဲ့ရသူတွေရဲ့ ရုပ်ပုံတွေကိုလည်း အဲဒီရင်ပြင်မှာ ဂုဏ်ပြုပြသထားပါတယ်။

မနေ့တုန်းကတော့ အီဂျစ် ယဉ်ကျေးမှုဝန်ကြီး ဂါဘာ အက်စ်ဘို ရာထူးက နှုတ်ထွက်သွားပါပြီ။ အစိုးရအဖွဲ့သစ် ဖွဲ့ခဲ့ပြီး ၉ ရက်မြောက်နေ့မှာပဲ သူ နှုတ်ထွက်ခဲ့တာပါ။ ကျန်းမာရေး အခြေအနေကြောင့် သူနှုတ်ထွက်ခဲ့တာလို့ ဆိုပါတယ်။

ကားခိုးဂိုဏ်း ဖမ်းမိ

မိုးယံ

စက်မှုဇုန်ထုတ် ကားများကို ခိုးယူပြီး ပုံစံဖျက်ကာ ကားရောင်းဝယ်ရေး ဈေးကွက်သို့ ပြန်လည် ရောင်းချနေသော ကားခိုးဂိုဏ်း တခုကို ယခုနှစ် ဖေဖော်ဝါရီ ပထမပတ်တွင် ဖမ်းဆီးဖော်ထုတ် အရေးယူ နိုင်ခဲ့ကြောင်း အနောက်ပိုင်းခရိုင် အထူးမှုခင်း နှိမ်နင်းရေးအဖွဲ့မှ တာဝန်ရှိသူတဦးက ပြောသည်။

“စက်မှုဇုန်ထုတ်ကားတွေ ပျောက်တဲ့ တိုင်ချက်တွေသာ ထပ်ထပ်တိုးလာတယ်၊ ကားခိုးတဲ့လူတွေ ဖမ်းမရတဲ့အတွက် သက်ဆိုင်ရာက တော်တော်ခေါင်းခြောက်ခဲ့ရတယ်။ အခုတော့ ကွင်းဆက်တွေလိုက်ရင်း တဖွဲ့လုံးဖမ်းမိတယ်” ဟု ၎င်းကဆိုသည်။

စမ်းချောင်းမြို့နယ် မြေနီကုန်း တောင်ရပ်ကွက် မြေနီကုန်းဈေးလမ်းတွင် ယာယီ ၇၇၉၅/ ၂၀၁၀ နံပါတ်ပြား တပ်ဆင်ထားသော အဖြူရောင် တောင်းအေ့စ် ယာဉ်မောင်းနှင်လာသူ ကျော်ဝင်းနိုင် (ခေါ်) အာနက်စ်ကို မသင်္ကာဖွယ်ရာ တွေ့ရှိသဖြင့် ခေါ်ယူ စစ်ဆေးရာမှ ကားခိုးဂိုဏ်းတခုလုံးကို ဖမ်းဆီနိုင်ခဲ့ကြောင်း သိရသည်။

“ကျော်ဝင်းနိုင်ကို စစ်ဆေးနေတုန်း သူ့ဖုန်းကို လိုင်စင်မဲ့ ကားတစီး ထပ်ရောင်းမယ်ဆိုပြီး လူတယောက် ဆက်လာတယ်။ Blazon ရှေ့မှာ တရားခံ ကျော်ဝင်းနိုင်ကို တည်ကြက်လုပ်ထားပြီး ကျန်တဲ့ လူတွေကို ထပ်ဖမ်းနိုင်ခဲ့တယ်” ဟု မှုခင်းနှိမ်နင်းရေးအဖွဲ့ တာဝန်ရှိသူက ပြောသည်။

ကားခိုးဂိုဏ်းတွင် ပါဝင်သူနှစ်ဦးသည် ညပိုင်း ရန်ကုန်မြို့၌ အငှားကားတစီးကို မောင်းနှင်၍ စက်မှုဇုန်ထုတ် ကားများ တွေ့ရှိပါက အခွင့်ကောင်းရလျှင် ရသလို ၎င်းတို့တွင် ပါလာသော ကားသော့အတုများဖြင့် ဖွင့်လှစ် မောင်းနှင်ကာ လှည်းကူးရှိ ဆန်စက်ဝင်းအတွင်း ခိုးယူသွားကြကြောင်း စစ်ဆေးမေးမြန်းရာမှ သိရှိခဲ့သည်။

ကားခိုးဂိုဏ်းတွင် အဓိက တရားခံများဖြစ်သော ယခင် ကားပွဲစား အလုပ်လုပ်ကိုင်ခဲ့သူ နေအောင်လတ် (ခ) နေအောင်၊ အားထိုက်တို့နှင့် အတူ ကွင်းဆက် တရားခံများအဖြစ် ဇော်ရဲနောင် (ခ) ရဲဇော်၊ စိုင်းဖုန်းအောင်၊ ရန်အောင်လတ်၊ ကျော်ကိုကိုထွန်း (ခ) ကျော်ကြီး၊ ကျော်ဝင်းနိုင် (ခ) အာနက်စ်၊ အောင်ဇော်မင်း (ခ) ကရင်၊ ကျော်စွာဝင်း (ခ) လှိုင်းဘွဲ့၊ ၀င်းဆန်း (ခ) ရုပ်တည် စသော ကားခိုးကာ ပုံစံဖျက်ရောင်းချသူ ၁၀ ဦးကို ဖမ်းဆီးမိခဲ့သည်။

အဆိုပါ ကားခိုးဂိုဏ်း အဖွဲ့တွင် ၀ါရင့်ကား ၀ယ်ရောင်း သမားများ၊ ကားပြင်ဆရာ များနှင့် ကားအကြောင်း နားလည်သူများ ပါဝင်ပြီး ကားတစီးလုံးကို တစစီ ဖြုတ်ရလွယ်ကူသော စက်မှုဇုန်ထုတ် ကားများကိုသာ အဓိကခိုးယူပြီး ပုံစံဖျက်ကာ ပြန်လည် ရောင်းချခဲ့ကြောင်း သိရသည်။

ရန်ကုန်မြို့တွင်း ရပ်နားထားသော စက်မှုဇုန်ထုတ် ကားများကို လှည်းကူးမြို့နယ် အောင်မင်္ဂလာရပ်ကွက် ငြိမ်းချမ်းဖြိုးလမ်းရှိ ရွှေဝါမြေ ဆန်စက်ဝန်း အတွင်းသို့ ခိုးယူမောင်းနှင်ပြီး အဆိုပါ ဆန်စက်ဝန်းအတွင်းတွင် ခိုးယူလာသော ကားကို တစ်စစီ ဖြုတ်ကာ ပုံစံပြောင်းလဲ ရောင်းချခဲ့ကြခြင်း ဖြစ်သည်။

“သူတို့က စက်မှုဇုန်ထုတ်ကား ၁၀ စီးကျော်ကို ခိုးပြီး ပုံစံဖျက်ရောင်းခဲ့တာ။ ဆန်စက်ထဲက တစစီဖြုတ်ထားတဲ့ ကားပစ္စည်းတွေလည်း သိမ်းမိတဲ့အပြင် သူတို့ရောင်းလိုက်တဲ့ ကားတွေကိုလည် လိုက်လံရှာဖွေ သိမ်းဆည်းနေတယ်” ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ရုံးမှ တာဝန်ရှိသူတဦးက ပြောသည်။

ရန်ကုန်မြို့တွင် စစ်တပ်မှ သားသမီးများ၊ နာမည်ကြီးစီးပွားရေး လုပ်ငန်းရှင်များနှင့် အနုပညာရှင် တချို့သည် စက်မှုဇုန်ထုတ် ကားများကို တစစီဖြုတ်ပြီး မော်ဒယ်မြင့် လိုင်စင်မဲ့ (Without) ကားများ၏ အင်ဂျင်၊ ဘော်ဒီ စသည်တို့ကို တပ်ဆင် လဲလှယ်စီးနေမှုများ ရှိကြောင်း၊ ထို့ကြောင့်သာ ယခုကဲ့သို့ ကားများကို ခိုးယူ ပုံစံဖျက်သူများ ပေါ်ပေါက်လာခြင်း ဖြစ်ကြောင်း ဟံသာဝတီ ကားပွဲစားတန်းမှ ကားဝယ်ရောင်း လုပ်ကိုင်သူ တဦးက ဆိုသည်။

“စက်မှုဇုန်ထုတ် ကားတွေက အရည်အသွေး အရမ်းညံ့တော့ ဇုန်ကားတွေကို လိုင်စင်ရဖို့ပဲ ၀ယ်တယ်။ ပြီးရင် မြ၀တီဘက်က Without တစီးဝယ်ပြီး နှစ်စီးကို ပေါင်းစပ်စီးကြတာ။ ကားဝပ်ရှော့တွေမှာ ကားတွေကို တစစီဖြုတ်တပ်လုပ်နေကြတယ်” ဟု ၎င်းကပြောသည်။

စက်မှုဇုန်ထုတ်ကားများကို ခိုးယူ ပုံစံဖျက်ပြီး ရောင်းချသော ကားခိုးဂိုဏ်းကို သက်ဆိုင်ရာမြို့နယ်များရှိ ရဲစခန်းများတွင် ပုဒ်မ ၃၇၉ (ကား) နှင့် ဖမ်းဆီးစဉ် ဓားတချောင်း သိမ်းဆီးမိသဖြင့် လက်နက်ပုဒ်မ ၁၉ (င) ဖြင့်ပါ အမှုဖွင့်အရေးယူ ထားကြောင်း သိရသည်။

Second-generation iPad in production

SAN FRANCISCO:
Apple has started production of a thinner, more powerful version of its popular iPad tablet computers, according to unnamed sources cited by the Wall Street Journal on Tuesday.

The second-generation iPad will have more memory and a front-facing camera for capabilities such as a Face Time video-conferencing feature on Apple iPhone 4 smartphones, according to the Journal.

Cupertino, California-based Apple said in its latest earnings release that it sold nearly 15 million iPads in the eight months after the tablet computers were introduced in April of last year.

The device has spawned countless new apps as well as digital versions of books, magazines and newspapers.

News Corp's Rupert Murdoch who is an enthusiastic fan of the iPad recently launched "The Daily," a digital newspaper created for the Apple device.

In the latest move in a drive to get consumers to pay for news online the 79-year-old News Corp. chairman said "New times demand new journalism" as he unveiled the hotly awaited publication in New York.

Murdoch said there will be no print version of The Daily and it will only be available on Apple's touchscreen tablet computer for at least this year.

Since the arrival of the iPad, competition in tablet computing has grown.

Google which is set to provide a strong challenge, recently showed off a Honeycomb version of its Android operating system that will debut on the upcoming Motorola Xoom tablet that won rave reviews at the Consumer Electronics Show in Las Vegas in January.

"Honeycomb is tailored for the new generation of tablet-sized computers," Google mobile products director Hugo Barra said while demonstrating software features at the Internet titan's headquarters in Mountain View, California.

With the free, open-source operating system which is expected to quickly be built into an array of touchscreen tablets, Google is also intent on wooing app developers.

One of the most popular Apple apps, "Tap Tap Revenge" has been released on Android as Google announced the launch of an Android Market webstore where people can get work or play applications for devices running on the mobile operating software.

Disney's most successful mobile game, "Tap Tap" has been downloaded more than 50 million times.

- AFP/sf

Saturday, February 5, 2011

ဝန်ကြီးချုပ်သိန်းစိန် သမ္မတဖြစ်သွားပြီဖြစ်၍ GSM ဖုန်းချပေးမှု ရွေ့ ဆိုင်း

ဒီကနေ့ မနက် ၁၀ နာရီမှာ စတင်ကျင်းပခဲ့တဲ့ ပြည်ထောင်စု လွှတ်တော်အစည်းအဝေးကနေ ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်ကို နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်လိုက်တာ ဖြစ်ပါတယ်။ မနေ့က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အစုအဖွဲ့ကနေ ဒုသမ္မတအဖြစ် အရွေးချယ်ခံရတဲ့ ဦးသိန်းစိန်ဟာ အခြား ဒုသမ္မတအဖြစ် ရွေးကောက်ခံရတဲ့ အမျိုးသားလွှတ်တော်က စိုင်းမောက်ခမ်းနဲ့ တပ်မတော်သား အစုအဖွဲ့က သီဟသူရ ဦးတင်အောင်မြင်ဦး တို့ကို ယှဉ်ပြိုင်ပြီး အနိုင်ရခဲ့တာလည်း ဖြစ်ပါတယ်။

“ဦးသိန်းစိန်က ပထမနော်။ နိုင်ငံတော် သမ္မတကြီး ဖြစ်သွားတာပေါ့ဗျာ။ ဦးသိန်းစိန်က ၄၀၈ မဲ ရပါတယ်။ ဒုတိယ သမ္မတကြီးကတာ့ သီဟသူရ ဦးတင်အောင်မြင့်ဦး ဖြစ်ပါတယ်။ ၁၇၁ မဲရပါတယ်။ ဒေါက်တာ စိုင်းမောက်ခမ်းက ၇၅ မဲရပါတယ်။ ပယ်မဲက ၅ မဲ ရပါတယ်။ စုစုပေါင်း ၆၅၉ မဲပါ။ မဲကတော့ လွတ်လွတ်လပ်လပ် ပေးကြပါတယ်ဗျာ။ တိုင်းရင်းသားတွေကလည်း ကိုယ်စီကိုယ်ငှပဲ ဒေါက်တာစိုင်းမောက်ခမ်းဆီကို ပေးကြတာတွေ့တယ်။”

ဒီကနေ့ကျင်းပတဲ့ သမ္မတရွေးကောက်ပွဲဟာ နေ့ခင်း ၂ နာရီကျော်လောက်မှာ ပြီးဆုံးသွားတာဖြစ်ပါတယ်။

GSM ဖုန်းချထားပေးမှုကို လိုင်း အခက်အခဲကြောင့် ရက်အကန့် အသတ်မရှိ ရွေ့ ဆိုင်းလိုက်သည်။

အိန္ဒိယ နှင့် မြန်မာ နယ်စပ် ငလျင် လှုပ် ပြင်းအား၆.၎

အိန္ဒိယ နှင့် မြန်မာ နယ်စပ် ငလျင် လှုပ် ပြင်းအား၆.၄ လှုပ် မန္တလေး မှ မိုင် ၂၅၀ အကွာ (၄၀၀ ကီလိုမီတာ) အကွာ တွင် ဖြစ်သည်။

Tuesday, February 1, 2011

ချမ်းသာခြင်း ပျော်ရွှင်ခြင်း ကျေနပ်ခြင်း

ချမ်းသာခြင်း ကိုတတ်မက်သူသည် တသက်လုံး ပျော်ရွှင်ခြင်းကို ခဏသာခံစားတတ်သူဖြစ်ပြီး ကျေနပ်ခြင်းဝေးကွာနေ သူဖြစ်သည်။

ပျော်ရွှင်ခြင်း ကိုတပ်မက်သူသည် ချမ်းသာခြင်းအသင့်အတင့် ရရုံနဲ့  ကျေနပ်ခြင်းကို ကျော်လွန်ဖြတ်သန်းလိုသူဖြစ်သည်။

ကျေနပ်ခြင်း ကိုတပ်မက်သူသည် ချမ်းသာခြင်းကို မလိုသော်လည်းရှိနေ ပြီး ပျော်ရွှင်ခြင်းကို ခဏခဏ တွေ့မြင်ခံစားနေရသူဖြစ်သည်။

ငွေ ကြေးအား တသက်လုံးရှာသူများ အတွက်

ငွေ ကြေး ကို တော်တော် များများကပြောတယ် ပျော်စရာလည်းရတယ် ဘာမဆိုဖြစ်တယ်တဲ့
အဲလို နဲ့ ငွေ ကြေးကို ရှာလိုက် တာ တသက်လုံး ဘုန်းကြီး စားသွားပါလေရော။

ငွေကြေး ကြောင့် မိသားစု တကွဲတပြား ဖြစ်နေသူတွေ ငွေ ကြေးအတွက်နဲ့ မိသားစု အကွဲ ခံနေရတာပါ။
ငွေကြေးအတွက် နေ့ ည မှားသူတွေ ငွေကြေးကြောင့် အိပ်ချိန်တွေ ပျက် ရူးကြောင်ကြောင် ဖြစ်သွားသူတွေ ငွေကြေးကို ရှာတာ လောက နိယာမထဲက အလုပ်တစ်ခုပါ ငွေကြေးရဲ့  အခိုင်းအစေ ခံ မဖြစ်ဖို့ လိုပါတယ်

ဘယ်အချိန်မှာ အခိုင်းခံ ဖြစ်တာလဲ
လိုတာထက် ပိုသုံးတဲ့သူ တွေ
အနာဂတ် ကို ရွှေချ စိန်စီ လိုသူတွေ
ရိုးသားခြင်းကို မေ့ပစ်လိုသူတွေ
အတ္တ ကို အမြဲတမ်းရှေ့တင်နေ သူတွေ
မဆုံးသော လောကဓံ ကို အံတု လက်ခမောင်းခတ်သူတွေ အတွက်

အမြဲတမ်းငွေလို အလုပ် နင်းကန်လုပ် ငွေကြေးအခိုင်းခံဖြစ်နေမည်သာ။

ငွေကြေး အခိုင်းခံ မဖြစ်ဖို့ ရော
ငွေကြေးကို ရှာတတ်ရင် ငွေကြေးကို ပြန်ခိုင်းတတ်ရပါမည်
ငွေကြေး တစ်သိန်းရှာပြီး ၅သောင်းသုံးပြီး ၅သောင်းကို ခိုင်းတတ်ရင် တော်တော် အဆင်ပြေပေမည်။
စုရင် ခိုင်းသည်မဟုတ် ငွေတိုးချေးခြင်း သည် အကုသိုလ် ဝယ်ယူခြင်းမည်၏။

ငွေကြေးအခိုင်းခံမှလွတ်မြောက်နိုင်ကြပါစေ။
လောကနိယာမ အရ လူတိုင်းအလုပ်လုပ်ရပေမည်။ ကာယသော်လည်းကောင်း ဥာဏသော်လည်းကောင်း ကျန်းမာရေးအရသော်လည်းကောင်း၊အလုပ်မလုပ်သော်သူသည် တခုခုတော့ လွဲချော်နေသူဖြစ်၍ ခွင့်လွှတ်နားလည်နိုင်ကြပါစေ။

Thousands of Egyptian demonstrators gather Tuesday in Cairo's Tahrir Square


Thousands of Egyptian demonstrators gather Tuesday in Cairo's Tahrir Square