ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Saturday, April 30, 2011

မြန်ပြည် အစိုးသစ် တတ်ပြီးနောက်

ရန်ကုန်မှာ ပလပ်စတစ် အိပ်ရောင်း တာ ပိတ်ထားပါတယ်။

ဂဏန်း တွေကျတော့ ပလပ်စတစ်ကြိုး နဲ့ ချီဖို့ ပြောပါတယ်။

သမ္မတ အကြံပေး ပညာရှင် ၊ဒေါ်အောင်ဆန်းစုကြည် နဲ့  ရင်းနှီးတဲ့ စီးပွားရေး ပညာရှင် ကြီး ဦးမြင့် က မြန်ပြည်ကို စီးပွားရေး ပိတ်ဆို့ တာ အစိုးရ နဲ့  မဆိုင်ဘူးလို့ ပြော နေပါတယ်။

တကယ်တော့ ဖြစ်နေတဲ့ ပြဿနာတွေ ကို ဖြေရှင်းပေးဖို့  မြန်ပြည်သားတွေ အကုန်ကောင်းအောင် သမ္မတ အတွက် အကြံပေး ခန့် တာပါ။
သမ္မတ အကျန်ပေး ဆိုပြီးတော့ ကိုယ့်ဟာကို မသတ်မှတ် သင့်ပါဘူး။

သမ္မတ က အကြံယူပြီး သုံးချင် မှသုံး မှာ မသုံးချင် မသုံးပါဘူး။ အကျန် ယူဖို့ ဟုတ်မယ်မထင်။

ဓာတ် ဆီက ၂ ဂါလံ နှုန်းသတ်မှတ် လိုက်ပါတယ်။

ကား အသေး ထုတ်တာ ဝယ်လိုအား သောင်း ဂဏန်း ပဲရှိတာ ကို အစီး ၅၀ ပဲ ထုတ်နိုင်ပါသေးတယ်

၅၅ သိန်း ပေါက် တာကို အပြင် မှာ ၁၀၀ သိန်းခေါ်ပြီး သိန်း ၉၀ နဲ့  အရောင်းအဝယ်ဖြစ်တာရယ် ထောက်ခံစာ လိုတာတွေပါ ပဲ။ ကားတစ်စီး ထုတ်ရောင်းလို့ ရရင် သမ္မတ လစာ နီးနီး ရမှာပါ။ ဒီလိုငွေကြေး လွယ်လွယ် ရတဲ့နည်း နိုင်ငံတကာ ဖြန့် မှာလားမသိ။

ဂျပန်ကို စီးပွားရေး မြှုပ်နှံ ဖို့ ပြောနေပါတယ်။ ဆယ်စုနှစ် နီးပါး ကားထုတ်တဲ့ ဆူဇူကီး ကား မြန်ပြည်မှာ စီးရေ သောင်းဂဏန်းတောင်မရှိ။
ပစ္စည်း သွင်းတာ အပိတ်ခံရတာကလဲ ရှိသေး။ ကြိုက်သလောက် ထုတ်ခွင့် ကလည်းမရှိ။ ရောင်းချင်သလိုရောင်း လို့ ကလည်းမရ။

ဘယ်လို မြှုပ်နှံ ဖို့  အခွင့် အလမ်းပေးမှာ လည်း ဒေါ်လာ တွေ မြန်ပြည်ဘဏ်ထဲသွင်းပြီး တာနဲ့  ချက်ချင်း မြန်မာ အက်စ်အီးစီ တွေ ပြန်ထုတ်ပေးပြီး ဒေါ်လာ တွေ မြင်ခွင့် မပေးတော့ပါဘူး။

ခွင့်ပြုချက်တိုင်း ရဖို့ ငွေလမ်းခင်းနိုင်မှပါ။

ဂျပန် ဆူနာမီ နောက် ဝယ် နိုင်ငံ တကာ ကို ရိုက်ခတ်သော

ဂျပန် ဆူနာ မီ ဖြစ် ပြီးနောက် နိုင်ငံတကာ ကို တစ်ဖြည်းဖြည်းချင်း ရိုက် ခတ်လာပါပြီ။
မြန်မာပြည် က ဆာကူရာ အထည်ချုပ် က ဝန်ထမ်း ၁၅ ဦး လျော်ကြေး သိန်း ၄၀ နီးပါး လောက် ရပြီး အလုပ် နားလိုက်ရပါတယ်။

အိန္ဒိယက ဟွန်ဒါ ကား ထုတ်တာကို ရပ်တော့မှာပါ။ ဖိလစ်ပိုင် မှာ လည်း ကားထုတ်နေတာ တစ်ဝက်လောက် လျော့ချလိုက်ပါတယ်။

ပနာဆိုနစ် ကတော့ နိုင်ငံတကာ မှာ ရှိတဲ့ ဝန်ထမ်း ၂၇၀၀၀ ဖြုတ်ဖို့ လုပ်နေရပါပြီ။

နယူကလီးယား ပလန့် က တစ်နှစ် နီးပါး ကြာအုံး မှာ ဆိုတော့ ဂျပန်ကိုလာတဲ့ ခရီးသွားတွေ လျော့ နည်းသွား လို့  ဂျေ အေ အယ်လ် က သူဝန်ထမ်း တွေ ကို နှစ် လ စာ လစာ မဲ့ နား ဖို့  ဧပြီ ။ မေ။ ကို ပြော ထားပါတယ်။

အက်ပယ်စ် ကလည်း ၂၆ . ၃ .၂၀၁၁ ရောင်းမဲ့ အိုင်ပက်စ် ကို ၂၈. ၄. ၂၀၁၁ ကို ရွေ့ လိုက်ရပါတယ်။

အယ်လ်စီဒီ ဒစ်ပလေး တီဗီ တစ်ချို့ လည်း ထုတ်တာ ရပ်ဖို့ လုပ်နေပါတယ်။

Friday, April 29, 2011

မြန်မာပြည် အစိုးရသစ် တတ်ပြီး နားထောင်ဖြစ်သော် သီချင်းတစ်ပုဒ်

သတင်းမတင်ဖြစ်ရခြင်းအကြောင်း

သတင်း တွေ ဖတ်တော့ ဘီဘီစီ က အသက် ၈၄ နှစ် လို့ ရေးတယ် အေပီ က ၈၆ နှစ် လို့ ရေးတယ် ချနယ်နယူး အေးရှား က ၈၅ နှစ် လို့ ရေးတယ် နောက် ရက် ကျတော့ မှ အားလုံး က ၈၄ နှစ် လို့  ပြန် ရေးတော့ ...သတင်းမတင်ဖြစ်တာ ပါ။

အိုင်ပက်စ် ၂

အိုင်ပက်စ် ၂ ဂျပန် မှာ မနေ့ က ၂၈.၄ .၂၀၁၁ မှာ စရောင်းပါတယ် အဖြူရောင်ပါ ရပါတယ် ဒီနေ့ သောကြာနေ့ တော့ စင်ကာပူ တောင်ကိုရီးယား အိန္ဒိယ တူရကီ ဟောင်ကောင် ဖိလစ်ပိုင် အစ္စရေး မလေးရှား မကာအို နောက် နိုင်ငံတစ်ချို့ မှာ ရပါမယ်။

ဂျပန်မှာတော့ ဒီနေ့  ထပ်သွားဝယ် လို့  မရတော့ပါဘူး

အစောပိုင်း ဘယ်နေ့ လာနိုး နဲ့  စောင့်နေတာ ဆိုနီက S1 နှင့် S2 ထွက် လာမယ် ဆိုတာနဲ့  အိုင်ပက်စ် ၂ စောထွက် လာတော့တာပါပဲ ဂျပန် မှာ ၂၆ .၃ .၂၀၁၁ ထွက်မှာ ပြောထားတာ

အိုင်ဖုန်း ၄ အဖြူရောင်ပါ အိုင်ပက်စ် ၂ နဲ့ အတူ ထပ်ထွက်လာပါတယ်။

မြန်မာလို ရိုက်ရတာ အဆင်ပြေပါတယ်။

မြန်မာစာ ဖတ်ရင် အိုင်ပက်စ် က အိုင်မြန်မာ မှာ တချို့ ဖတ်မရသလို ဖြစ်တတ်ပါတယ်
အဲလိုဖြစ်ရင် ဂူဂယ်စ် ကနေ တစ်ဆင့်ဝင်သွားရင် အကုန် ဖတ်လို့ ရပါတယ်။

အိမ်ပြောင်း အပြင်သွားများသူတွေ အတွက် အင်တာနက် စရိတ် အသက်သာ ဆုံးပါ။
အိုင်ဖုန်း ထက် ယန်း ၁၀၀၀ ကျော် လောက်ကိုသက်သာတာပါ။

တစ်ခုရှိ တာ ဖလက်စ်ပလေယာ တွေဆို ကြည့်မရတာပါ။

တယ်လီဗေးရှင်း နဲ့ တွဲ ကြည့်ဖို့ ဆို အိပ်စ်ဒီအမ်အိုင် ဆက်တဲ့ကြိုး ထပ်ဝယ်ရပါတယ်။

စာဖတ်လို့ တော်တော် အဆင်ပြေပါတယ်။

မြန်မာ ရုပ်ရှင်တွေ ကြည့်ဖို့ ဆို ဆာဖာရီကနေ fmv.mx လို့ ရိုက်ထည့်ပြီး ကြည့်လို့ ရပါတယ်။

အိုင်ဖုန်း ကို face time ခေါ်ချင်ရင် +၈၁ ...........လို့  ခေါ်ရင် ရပါတယ်။

အိုင်ဖုန်း ကနေခေါ်ချင် ရင် ဝိုင်ဖိုင် လိုပါတယ်။ အက်စ်ပယ် အိုင်ဒီ အီးမေးစ် ကို ခေါ်တာနဲ့ ရပါတယ်။

ပရိုဂျက်တာနဲ့ ပါ တွဲ ရတာ အဆင်ပြေပါတယ်။

စကိုင်းပီ ။ အက်စ်ရင်း ။ တို့ နဲ့ ဆို ဖုန်းပြောသလို ပြောလို့ ရပါတယ်။

နိုင်ငံတကာ ဖုန်းကို ပြောချင်ရင် ပိုက်ဆံသွင်းပြီး ဆက်ရင် အဆင်ပြေပါတယ်။

ဇာတိ သစ္စာ

ကတိ မပါ
အရာရာ နတ္ထိ ဗလာ

မေ့မရတာ မရှိ
သတိရ စရာ မလို

သူ မခွာ ပါ
မွေးဌာနေ ကိုသာ

ကာရန် မလို
ဘေးရန် ရှိလဲ မသိသလို

ဒီနေရာ မှာ
ပြည့်စုံ ကြီးပြင်းလာ

အရာရာ ကို ရင်ဆိုင်
တုနှိုင်း လို့ သာ ယှဉ်ပြိုင်

ဆူနာမီ ကို ဖြတ်ကျော်လာခဲ့
ဘာတွေလာလာ သတ္တိ မာန်မဲ့

ဘဝ လမ်းဆုံး
နေရာ သစ်မှာ စာစီမကုံး

ဒီမြေ ဒီရေ ဒီလေ
ဘာတွေ ဖြစ်ဖြစ် မျက်ရည်တွေဝေ

နောက်နေ့  ရက်တွေ ခရီးတို
နေညိုချိန် ချိန်ခါနှောင်းကို

မီးမလာ လို့ ရတယ်
ရေမလာ လို့ လဲ နေတယ်

လွမ်းစရာ မလို
တမ်းတကာ မဆို

ဖော်ဆွေ မပါ ဇာတိမြေ မှာ
တစ်ဖဝါး မခွာ သစ္စာ ရှိနေ သူပါ။ ။


( ဆူနာမီ ခံရပြီး အသက် ရှင် ကျန်ခဲ့ပြီး နယူကလီးယား ပလန့်  အန္တရာယ် ရေဒီယိုသတ္တိကြွ တို့ ကို အမှုမထား ပဲ မွေးရာ ဇာတိ မြေကနေ တစ်ဖဝါး မှ မခွာ ပဲ သစ္စာရှိစွာ ဆက်လက် နေထိုင်သော ဇာတိမြေ မခွာသူ ဘဝ များအတွက်)

Friday, April 22, 2011

နယူကလီးယား ပလန့်  ပြဿနာ ကို အန်တု နေသူ

နယူကလီးယား ပလန့်  ပြဿနာ အတွက် လူတွေ ကို ကယ်ဆယ်ရေးစခန်းတွေ ဆီသွားဖို့  ပြော နေပြီး

အန္တရာယ် ရှိတဲ့ပတ်ဝန်းကျင် မှာ နေ သူတွေ ကို ပစ္စည်း ပြန်ယူဖို့  တစ်ဦးသာဝင်ခွင့်ပေးပြီး တားမြစ်ထားပြီး ဝင်ရောက် သူကို ဒဏ်ငွေဆောင်ရမယ် ဆိုပြီး သတ်မှတ် လိုက်ပါတယ်။

တားမြစ်နယ်မြေထဲမှာ နေနေသူ တစ်ချို့ ကတော့ လာခေါ်တဲ့ သူ ကို ထွက်တောင်မတွေ့ ပါဘူး။

တကယ်ကို နယူကလီးယား ပလန့် ပြဿနာက်ု အန်တုရဲသူပေါ့ ။

တိုကျိုမှာ အဲဒီပတ်ဝန်းကျင်ထွက် အသီးအရွက်တွေ ရောင်းတော့ ...အသက် ၇၀ အရွယ် အဖိုးကြီး တစ်ယောက် က မင်းတို့ ဟာ အန္တရာယ် ရှိ ရှိ မရှိရှိ ငါလဲ အသက်ကြီးပြီ သေလဲ ဘာမှ မဖြစ်တော့ဘူး စားမှာပဲ။

တကယ်တော့ ဥပဒေတွေ သတ်မှတ်ချက်တွေ အလေးမမှုသူတွေ အတွက် အန္တရာယ် ဆိုတာ သူတို့ အတွက် အသေးအမွှား ဖြစ်သွားတော့တာပဲ။
(တကယ်တော့ အမှန်တကယ် တာဝန် ရှိသူ က တာဝန် မယူလို့  ဒီပြဿနာတွေ ဖြစ်လာတာပါ)

Wednesday, April 20, 2011

ရင်နင့် ဖွယ် မြန်ပြည် အစိုးရသစ် လက်ထက် မျိုးဆက်သစ် လူငယ် ကလေးများ ဘဝ ပြောင်းလာမှာလား



တချိန်က လှည်းတန်း လက်ဖက်ရည်ဆိုင် က ကလေးငယ်တွေ မြင်ရလို့  စိတ်မကောင်း တာကလွဲ လို့  မကူညီနိုင်ခဲ့လို့  နိုင်ငံတကာ မှာလဲ တွေ့ ရတော့ လုပ်နိုင်တာလုပ်ပြီး ကူညီ နိုင်ဖို့  ကြိုးစားရင်း တချိန်ချိန်တော့ ပြောင်းလဲလာမှာ လားလို့ စောင့်စားရင်း အ သုံးလုံး ပြန်သင်တဲ့ စနစ် ထွန်းကားလာမှာ မလွဲ။

ဂျပန် နယူကလီးယား ပလန့် နောက်ကွယ် မှ ဆက်ရန်

အခုတော့ အစပိုင်း ၃ လ အချိန် ယူမယ် နောက်ပိုင်း ၃ လ ကနေ ၉ လ အချိန် ယူမယ် စုစုပေါင်း တစ်နှစ်လောက် ကြာပါဦးမယ်။

သတင်းမေးသူများ နောက် နှစ် ဒီ အချိန်လောက် မှ ထပ်မေးလျှင် ကောင်းပါသည်။ အခုကောင်းမယ် တော်ကြာ ကောင်းမယ် မဟုတ် တစ်နှစ်လောက် ကြာရင် ကောင်းမယ်ထင်ပါသည်။

ကြားထဲ ငလျင် ဆူနာမီ မုန်တိုင်း သဘာဝအာမခံ မပေးပါ။

မြန်မာအွန်လိုင်း စာပေဆု ပထမဆုံး ရွေးချယ်

ကိုပေါက်

မဇ္ဈိမ
ရသစာပေကို အားပေးမြှင့်တင်သည့် အနေဖြင့် ပထမဆုံးအကြိမ်ဖြစ်သည့် အွန်လိုင်း ဝတ္ထုတို စာပေဆု ရရှိသူ ၃ ဦးစာရင်းကို ယခုတပတ် တနင်္လာနေ့တွင် ကြေညာလိုက်သည်။

Pgoto-for-Online-Short-Story-Awardပြည်တွင်းပြည်ပ ကိုယ်ပိုင် ဘလော့ဂ် များပေါ်တွင် ရေးတင်ထားသော စာမူ များစွာထဲမှ ဆန်ကာတင် ၇ ပုဒ်အနက် ပထမဆုအဖြစ် ‘သမီးလေးရဲ့ မျက်လုံး’ ဝတ္ထုဖြင့် မြသွေးနီ၊ ဒုတိယဆုအဖြစ် ‘ပတ္တမြားလှံတံ’ ဝတ္ထုဖြင့် သတိုး၊ တတိယဆုအား ‘ရွေးချယ်မှုများ’ ဝတ္ထုဖြင့် ချစ်ကြည်အေးတို့က ဆွတ်ခူးရရှိခြင်း ဖြစ်သည်။

အကဲဖြတ်ဒိုင်များမှာ စွယ်စုံ အနုပညာရှင် ဦးဝင်းဖေ၊ ရွှေအမြုတေ မဂ္ဂဇင်း အယ်ဒီတာ ဦးဝင်းငြိမ်း၊ စာရေးဆရာ နေဝင်းမြင့်၊ ဆရာမ ခင်ခင်ထူးနှင့် ဘလော့ဂါ ဦးမင်းဒင်တို့ ဖြစ်သည်။

“ကျနော်တို့ဆီ ရလာတဲ့ ၇ ပုဒ်လုံးက အရေးအသား ပြေပြစ်တယ်။ စကားပြေနဲ့ စကားပြော မရောဘူး။ ကျနော်က ရွှေအမြုတေမှာ ‘ရွှေအသစ်’ ကဏ္ဍအတွက် တလကို ၄-၅-၆ဝ လောက် ဖတ်ရတယ်။ ဒီမှာ ကလေးတွေက စကားပြေနဲ့ စကားပြော ရောရောနေကြတယ်။ ဒီ ၇ ပုဒ်မှာ မရောလို့ ကျနော် သဘောကျတယ်ဗျ” ဟု ဦးဝင်းငြိမ်းက မဇ္ဈိမကို ပြောသည်။

ပထမဆု ဒေါ်လာ ၁ဝဝ၊ ဒုတိယဆု ဒေါ်လာ ၅ဝ နှင့် တတိယဆုအဖြစ် ဒိုမိန်း ၂ နှစ်စာ သို့မဟုတ် ညီမျှသည့် ဆုကြေး ချီးမြှင့်သွားမည်ဖြစ်ကာ၊ ရွေးချယ်ခံရသော ဝတ္ထုတိုအတွက် သတ်မှတ်ထားသော ဆုကြေးနှင့်အတူ ဂုဏ်ပြုလက်မှတ် ပေးပို့မည်ဖြစ်သည်။

ဤဝတ္ထုတိုများမှာ မဂ္ဂဇင်းစာမျက်နှာများပေါ်မှ ဝတ္ထုများနှင့် အရည်အသွေး မကွာလှဟု ဦးဝင်းငြိမ်းက ဆိုသည်။

“သိပ်မကွာပါဘူး။ တခုတော့ရှိတာပေါ့၊ မဂ္ဂဇင်းတွေပေါ်မှာက စာပေစိစစ်ရေးရဲ့ မူနဲ့ဘောင်နဲ့ သွားရတဲ့ဟာပေါ့။ ဘလော့ဂ်တွေမှာ ရေးတော့ ဒီမူဘောင်တွေ ရှောင်စရာ မလိုဘူးပေါ့” ဟု သူက ပြောသည်။

အွန်လိုင်းစာမျက်နှာများပေါ်၌ ရေးသားကြသော ဝါသနာရှင်များအနေနှင့် ရသစာပေအား ပိုမိုအာရုံစိုက်လာစေရန် ရည်ရွယ်၍ ယခုကဲ့သို့ စီစဉ်ခြင်းဖြစ်သည်။

“ကျနော်ကတော့ အားရတယ်။ ဘယ်လိုမှ အရည်အသွေး မနိမ့်ဘူး။ နည်းနည်း ကျစ်ကျစ်လစ်လစ်လေး ရေးလိုက်ရင် ပိုကောင်းသွားမယ့် ဝတ္ထုတွေဖြစ်တယ်” ဟု ဦးဝင်းငြိမ်းက သုံးသပ်သည်။

ပထမဆုရ ‘သမီးလေးရဲ့ မျက်လုံး’ မှာ ဖြစ်ရပ်မှန်တခုကို အခြေခံထားသည်။ သမီးငယ်၏ ဘွဲ့ဝတ်စုံဖြင့် ဓာတ်ပုံအား ကွန်ပြူတာသမားက လှစေချင်လွန်း၍ ပြုပြင်ပေးလိုက်သဖြင့် မကျေမချမ်းဖြစ်သွားရပြီး၊ မူရင်းပုံထဲမှ မှေးနေသည့် မျက်လုံးအစစ်ကိုသာ တန်ဖိုးထားသည့် သားအဖနှစ်ဦး၏ အဖြစ်ကို ဝတ္ထုတိုတပုဒ်အဖြစ် ဖန်တီးခြင်း ဖြစ်သည်။

စတင်စီစဉ်သူမှာ ဘလော့ဂါ ‘မြစ်ကျိုးအင်း’ ဖြစ်ပြီး၊ ၃ လ တကြိမ် ရွေးချယ်ပေးအပ်သွားမည်ဖြစ်သည်။ ဤအစီအစဉ်အတွက် ဆရာဦးဝင်းငြိမ်း၊ အင်္ဂါမောင်၊ ဗုဒ္ဓရံသီဆရာတော်၊ တောက်ပကြယ်စင်၊ မေသိမ့်သိမ့်ကျော်၊ အရှေ့လေနှင့် ပိုးဥတို့က ငွေကြေးထည့်ဝင်ပြီး ဒိုမိန်း ၂ နှစ်စာ အတွက်မူ Moon Mountain က တာဝန်ယူသည်။

အွန်လိုင်း ကလောင်ရှင်များအနေဖြင့် မဂ္ဂဇင်းများသို့ စာမူပေးပို့ ရေးသားစေလိုကြောင်းနှင့် ဆန်ကာတင် ၇ ပုဒ်လုံးမှာ စာပေစိစစ်ရေးနှင့် ငြိစွန်းနိုင်စရာ တပုဒ်မှ မပါကြောင်းလည်း ဦးဝင်းငြိမ်းက ပြောသည်။

“အားလုံးက လွတ်ပါတယ်။ ရေးတဲ့သူတွေ စိတ်ထဲထင်တတ်ကြတာက ရေးလိုက်ရင် ငြိသွားလိမ့်မယ်၊ အဖြဲခံရလိမ့်မယ် ထင်နေတယ်။ ဒါပေမဲ့ ဒီ ၇ ပုဒ်လုံးက မဂ္ဂဇင်းတွေကို ပို့ရင် ပါမယ့် ဝတ္ထုတိုတွေပဲ”

မြန်မာစာပေတွင် အကောင်းဆုံး မဂ္ဂဇင်းဝတ္ထုတိုများကို ဆုငွေဖြင့်လည်းကောင်း၊ ပုံနှိပ်ထုတ်ဝေပေး၍လည်းကောင်း အမျိုးမျိုး ရွေးချယ်ဂုဏ်ပြုမှု ရှိသော်လည်း အွန်လိုင်းစာမျက်နှာများအတွက်မူ ယခုအကြိမ်သည် ပထမဆုံး ဖြစ်သည်။

ဆုရွေးချယ်ရာတွင် လိုအပ်သော စည်းကမ်းချက်များမှာ ...
၁။ စာမူရှင်တွင် ကိုယ်ပိုင်ဆိုဒ်တခု ရှိရမည်။ အစုအဖွဲ့ဖြင့် ရေးသားသော ဆိုဒ်မဖြစ်ရပါ။

၂။ စာမူရှင်၏ ဆိုဒ်သက်တမ်းသည် ဆုပေးမည့်ကာလ ၂ဝ၁၁ ခုနှစ် ဧပြီလ မတိုင်မီ ၆ လခန့်က တည်ဆောက်ထားသော ဆိုဒ်ဖြစ်ရမည်။ တနည်းအားဖြင့် ၂ဝ၁ဝ ခုနှစ် ၁ဝ လပိုင်း၏ အရှေ့ပိုင်းကာလတွင် တည်ဆောက်ထားသော ၆ လနှင့်အထက် သက်တမ်းရှိသော ဆိုဒ်များ ပထမအကြိမ် ပြိုင်ပွဲအတွက် ပါဝင်နိုင်ပါသည်။ ယခုမှ စတင်တည်ဆောက်မည့် ဆိုဒ်အနေဖြင့် ဒုတိယအကြိမ် ဆုပေးပွဲရောက်မှသာ ပါဝင်နိုင်မည်။

၃။ ကျစ်ကျစ်လစ်လစ်နှင့် လက်လှမ်းမီ ရွေးချယ်နိုင်ရန်အတွက် (.com) (.net) (blogspot) (co.cc) (wordpress) (info) (multiply) တို့တွင် ရေးသော ဝတ္ထုတိုများကိုသာ ရွေးချယ်ပါမည်။

၎။ ဝတ္ထုတိုသည် ရသပေါ်လွင်ရမည်။ အဓိကအချက်မှာ ကိုယ်တိုင်ရေးစစ်စစ် ဖြစ်ရမည်။ ဘာသာပြန် မဖြစ်ရပါ။ မှီငြမ်းထားခြင်း မဖြစ်ရပါ။ ကူးယူဖော်ပြခြင်း မဖြစ်ရပါ။

၅။ ပေးပို့သော ဝတ္ထုတို ၂ဝ၁ဝ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ ၂ဝ၁၁ ခုနှစ် မတ်လ ၁၅ ရက်နေ့အတွင်း ဘလော့ဂ်ပေါ် တင်ထားသော ဝတ္ထုတိုများကိုသာ ရွေးချယ်ပါမည်။ ထို့ထက်ရှေးကျသော ဝတ္ထုတိုများကို ရွေးချယ်မည် မဟုတ်ပါ။

၆။ ဝါသနာရှင်စာရေးသူများအတွက် အဓိကရည်ရွယ်ခြင်းကြောင့် မဂ္ဂဇင်း၊ ဂျာနယ်များတွင် ရေးသားနေသော နာမည်ရ စာရေးဆရာများ၏ ဝဘ်ဆိုဒ်မှ ဝတ္ထုတိုများကို ထည့်သွင်းရွေးချယ်မည် မဟုတ်ပါ။

၇။ အကောင်းဆုံး ရသဝတ္ထုတိုဆုအတွက် ရွေးချယ်ရာတွင် အကဲဖြတ်ဒိုင်များ၏ ဆုံးဖြတ်ချက်များအတိုင်းသာ ရွေးချယ်ပါမည်။

၈။ အမှတ်ပေးစနစ်ဖြင့် ရွေးချယ်မည်ဖြစ်တာကြောင့် အကဲဖြတ်ဒိုင်များပေးသော အမှတ်အများဆုံးရသည့် ဝတ္ထုတို ၃ ပုဒ်ကိုသာ ဆုချီးမြှင့်ပါမည်။

၉။ ပထမအကြိမ်အတွက် ၂ဝ၁၁ ခုနှစ်၏ ၄ လပိုင်း လဆန်းတွင် ဆုကြေညာပါမည်။

အသေးစိတ် ထပ်မံသိလိုသည်များ ရှိပါက admin@thebestnovel.comဤ အီးလေးလိပ်စာသည် spambots များရန်မှ ကာကွယ်ထားသည်။ ဤသည်ကို ကြည့်ရှုရန် သင့် JavaScript ဖွင့်ရန် လိုအပ်သည်။ သို့ဖြစ်စေ၊ thebestnovel@gmail.comဤ အီးလေးလိပ်စာသည် spambots များရန်မှ ကာကွယ်ထားသည်။ ဤသည်ကို ကြည့်ရှုရန် သင့် JavaScript ဖွင့်ရန် လိုအပ်သည်။ သို့ဖြစ်စေ ဆက်သွယ်မေးမြန်းနိုင်ပြီး၊ http://www.thebestnovel.com/2011/02/blog-post_11.html တွင် ကြည့်ရှုနိုင်သည်။

( မိမိ ၏ လွတ်လပ် မှုကို သူတစ်ပါး အကဲဖြတ်ချင်းဖြင့် ပြက်သုန်းမှု မရှိစေ ရန် သတိထား ရင်း စာပေ ဝါသနာရှင် များ လက်ရည် တတ် စေ ရန် သတင်း ထည့်သော် လည်း တစ်ဦးဆုရခြင်း ကို မုဒိသာ ပွား စေ နိုင် ရန် နှင့် နောက် ဆုံး မိမိ ဘလောက်စ် အဟက်မခံ ရစေရန် သတိထားရင်း မြန်မာ ပြည်တွင်းမှ ကမ္ဘာ ရွာ လွတ်လပ်မှု ကို သိရှိစေရန် ရည်ရွယ် တင်လိုက်ပါသည်။)
ငဝန်နဒီ သည် လူတစ်စု အကဲဖြတ်ရန် မဟုတ်သလို အများအကျိုးပြု ရေးသားသူ များ ဇဝေဇဝါ မဖြစ်စေရန် နှင့် လူတစ်ယောက်ကောင်းသည် ထင်သော်လည်း တစ် ဦး အဆင်မပြေဖြစ်တတ် သည် ...အများကောင်းကျိုး ကို အမှား နည်း နိုင်သမျှ နည်းအောင် ကြိုးစား ရင်း ကမ္ဘာ ရွာ စာပေလွတ်လပ် မှု အဓွန့်  ရှည်ရမည်။

Saturday, April 16, 2011

မနက်ဖြန် ဆို မြန်မာ နှစ်သစ် ဆန်း ၁ ရက် နေ့  နှစ်ဟောင်း ဘာ တွေ ထားခဲ့မှာလဲ နှစ်သစ်မှာ ဘာ လုပ်မှာလဲ

မြန်မာ နှစ်ဆန်း ၁ ရက်နေ့ မရောက်ခင် နှစ်ဟောင်းမှာ ဘာတွေ ချန်ခဲ့ မှာလဲ နှစ်သစ်မှာ ဘာတွေ ယူဆောင်သွားမှာလဲ။

တကယ်တော့ နှစ်ဟောင်းကုန် နှစ်သစ်ကူး မှာ အကောင်းတွေ ဘဲ ဘယ်သူမဆို သယ်ဆောင်သွားချင်တာပါ။မကောင်းတာတွေ ကို မတွေး ပဲ အသစ် တွေ မှာ အကောင်းတွေ စဉ်းစား ရင်း လုပ်စရာရှိတာ လုပ်ရမှာ ပါ။

နှစ်ဟောင်းမှာ ဘာတွေ လုပ်ခဲ့သလဲ။

အရင်က ငဝန်နဒီ ကို လာကြည့် တဲ့ သူတွေ ၄ ယောက် ၅ယောက် ကျော်ပြီး ၁၀ ယောက်လောက်ဆို ပိုစ့် တွေ ထပ်မတင်ပဲ ထား တာပါ

ဒါပေမဲ့ အခုတော့ အများအတွက် ကောင်းတာတွေ နောက်ကျဖို့  မသင့်တာတွေ ရှိလာ တော့ တစ် နာရီပဲ စော သိသိ အဆင်ပြေတာနဲ့  တင်ပေးတတ်လာတယ်။

တစ်ယောက်ယောက်ကို အကျိုးပြုမှု ပဲ ရှိရှိ ရေးတင်တာပါ။

အရင်ကဆို တစ်ချို့  အယူအဆတွေ အများအတွက် မသင့်တော်တာ တွေ ယူသွားမှာ စိုးလို့ မတင်တာပါ။

အခု ငလျင်တွေ ဖြစ် ဘာတွေ ဖြစ် ဆိုတော့ ဘယ်ဟာကို ဘယ်လို ရှိတယ် ဆိုတာ သတင်း နောက်ကျ တာတွေ ထိမ်ချန်တာတွေ သိပေမဲ့ တိုက် ရိုက် မရေးသင့် တာတွေ ကို တစ်မျိုးမျိုး နဲ့ လှည့်ပတ်ရေး တင်နေရတာပါ။

ဒီအတွက် ရအတဲ့ အချိန်မှာ သတင်းတွေ ဖတ် စာတွေ ဖတ်တင် တာပါ။

သူတစ်ပါးကို အပြစ် မပြောချင်တာထက် သူအယူအဆနဲ့ သူ လို့ သတ်မှတ်တာပါ။နစ်နာတဲ့ သူတွေ မည်သူကိုမှ မဖြစ်စေချင်တာပါ။

နှစ်ဟောင်းမှာ တွေ့ လိုက်တာက လူတွေ ကြောက် တော့ ကြောက် တတ်တယ် ။
ကာကွယ်ဖို့  ငွေ ကုန်မှာ အခြေအနေ ဘယ်လို ဆိုတာ မစဉ်းစား မဆင်ချင်ကြတာပါ။

ငလျင် ကြောက်တယ် ဆိုပြီး နေတာ တစ်ထပ် နှစ်ထပ် အိမ် ယက်မ သေးသေးနဲ့  အိမ် ပိစရာ သိပ်မရှိသောအိမ် ငလျင်လာတော့ ကြောက်လို့  ဆိုပြီး အထပ်မြင့် တိုက်တွေ ကြား ကနေ ၅ မိနစ်ကျော် ကြာပြေး ရတဲ့ ကွင်းပြင် ကို ရှာ တာ မဆင်ချင် တတ်တာ ကိုယ် နေတဲ့ အိမ်ပြိုလို့  ဘာမှ မဖြစ်ဖူး တိုက်ပိမှ တကယ် အတိဒုက္ခ။

စားပွဲ ကောင်းကောင်း တစ်လုံး ရယ် ကိုယ့် အရပ်ထက် မမြင့်အောင် ပစ္စည်းတွေထားရမှာ ကို လဲ ဂရုမထားပဲ ကြောက်တယ်အော် နေလို့  မရ။

အဲလိုမျိုးတွေ တွေ့ ရတော့ စိတ်မကောင်းရုံကလွဲလို့ ဘာမှ မတတ်နိုင်။

နှစ်ဟောင်းမှာ မသိသလို နေရသလို တတ်နိုင်တာတွေ ကူညီဖြစ်တာတွေ အတွက် စိတ်ချမ်းသာ ရပါတယ်။

ပြဿနာတွေ ဂျပန်မှာ ဖြစ်တော့ လိုသူ မလိုသူ ဆိုတာတွေ သူသမိုင်းသူရေးတာတွေ တွေ့ ရခဲ့ရတယ်။

မြန်ပြည်က သူငယ်ချင်း ပုသိမ်သား တစ်ယောက်ဆို အခြေအနေ သိဖို့  ခရီးသွားနေတဲ့ ကျွန်တာ် မိခင်ဆီ ဖုန်းမရရအောင်ဆက်ပြီး သတင်းမေးတာ တွေ တစ်ခြား နိုင်ငံတွေ ရောက် နေတဲ့ မိတ်ဆွေ သူငယ်ချင်းတွေ မေးတာ တွေ က ကျေးဇူးတင်ရပါတယ်။

နဂိုထဲ က အပေါင်းအသင်းနည်း တဲ့ သူ အခုတော့ အများအကျိုး အတွက် ပို အချိန်ရတာကို သိလာရတယ်။

ကောင်း မှုတွေ လုပ် နိုင်သရွှေ့  လုပ် နိုင်ဖို့  ဒီ မှာ နေတာ ပို အဆင်ပြေမှာသိလို့  အန္တရာယ် ရှိမယ် မှန်း သိရဲ့ နဲ့  တစ်စုံ တစ်ခုခု ကို အကျိုး ပြု နိုင်ရင် ကျေနပ်စရာပါ။

ဒီမှာ ပြဿနာတွေ ရှိချိန် မှာ မြန်ပြည် ဆရာမ တစ်ယောက် အတွက် လွယ်လွယ်ကူကူ ကူညီနိုင်တာ ဒီမှာ မို့ လို့ ကူညီနိုင်တာ အန္တရာယ် ကြားမှာ နေရကျိုး နပ်ပါတယ်။

နှစ်သစ်မှာ တော့ အကောင်း တွေ လုပ်နိုင်အောင်ကြိုးစားရင်း.... မြန်မာ နှစ်သစ်ကို ကြိုဆို လိုက်ပါတယ်။

ဂျပန်ရောက် မြန်မာ သင်္ကြံန် မလုပ် နိုင်

ဂျပန် မှာ ဆူနာမီတွေ နယူးကလီးယား ပလန့် ပြဿနာ တွေ မီးမလာတဲ့ ပြဿနာတွေ နဲ့  အများ စိတ်မကောင်းဖြစ်ချိန် မှာ သင်္ကြံန် ပွဲ မဖြစ် နိုင် တဲ့ မြန်မာတွေ ရဲ့  စာနာစိတ်လေး ရှိတာကို မပျော်ရသော သင်္ကြံန် ကို ကျေနပ်မိပါရဲ့ ။

ထိုင်းက ဒုက္ခသည် တသိန်းကျော် ပြန်ပို့မည် ကို ထိုင်းဝန်ကြီးချုပ် ကစိတ်မချရပဲ မပို့ ပါဟုပြော

နယ်စပ်ကျော် ထိုင်းနိုင်ငံ ရောက် ဒုက္ခသည် များကို ထိုင်းဝန်ကြီးချုပ် ကစိတ်မချရပဲ မပို့ ပါဟုပြောပါသည်။

Friday, April 15, 2011

နယူကလီးယား ပလန့် နောက်ကွယ် မှ အဖြစ်ဆိုးများ ကာကွယ် နိုင်သရွှေ့ ကာကွယ် ကြပါ

နယူးကလီးယား ပလန့် မှာ အလုပ်လုပ်နေရတဲ့ ဝန်ထမ်း ၁၀၀ ကျော် သွေးသိုလှောင်ထားဖို့  လိုလာပြီ လို့  သိရပါတယ်။

အကျိုးဆက် ကတော့ သွေးကို ထိလာပြီလို့  ပြောလို့ ရပါတယ်။

သွေးဆဲလ်တွေ ဖျက်ဆီးတတ်တာကို ကြိုကာကွယ် နိုင် ဖို့ ပါ။တစ်ချို့ မြန်မာ ဆိုဒ်တွေ မှာ ဘာမှ မဖြစ်ဖူးပြော နေသူတွေ ဘာကို ကြည့်ပြီးပြောတာလဲ မသိ အကျင့် ပါလာတာတွေ ဆိုရင်လဲ မြန်မာ အချင်းချင်း ကို ပဲ ဖြစ်ဖြစ် လူသား အချင်းချင်း ကိုပဲ ဖြစ် ဖြစ် ဒုက္ခဖြစ်စေ မဲ့ အရာမျိုးကို အမှားတွေ ပြောပြီး ကာကွယ်သင့် တာကို ကာကွယ် နိုင်အောင် ကူညီဖို့ လိုပါတယ်။

ကာကွယ် တယ် ဆိုတာတောင် လုံခြုံစိတ်ချရတာ မဟုတ်ပါဘူး။

အခုသွေးဆဲလ် ဖျက်တဲ့ အငွေ့ တွေ က လွယ်လွယ်ကူကူ ပြန်ထွက်တတ်တဲ့ အမျိုးအစား မဟုတ်ပါဘူး ကြိုသိဖို့ လိုပါတယ်။

နယူကလီးယားပလန့် မှာ လုပ်တဲ့ဝန်ထမ်းတွေ က အများအတွက် တတ်နိုင်သလောက် ကြိုးစားရင်း ကြိုတင်ကာကွယ်ဖို့  လုပ်နေပါပြီ။

အနီးအနားက တခြားသူတွေ လဲ ပြောင်းဖို့ ပြော နေပါတယ် ပြောင်းရတဲ့ မိသားစုတွေ ကို လည်း ယမ်း တစ်သန်း စီ ကူညီမယ်လို့ ပြောပါတယ်။

အဝေးကသူတွေ ကတော့ အစားအသောက် ဆင်ခြင်နိုင်ရင် အကောင်းဆုံးပါ။ရေကတော့ မိုးရွာရင် မသုံးတာ အကောင်းဆုံးပါ။

လေထဲမှာ ဘယ်လောက်ဘာတွေ ပါတာ လဲ မပြော နိုင်ပေမဲ့ ခဏလေးအတွင်းပျောက်ကွယ်သွားတတ်တဲ့ အရာတွေ မဟုတ်ဖူးဆိုတာ သတိထားသင့် ပါတယ်။

ဂျပန် တရုတ် ကိုရီးယား စည်းဝေးဖို့ လဲ လုပ်နေကြပါတယ်။

လူ အမြောက်အများ ကို အမိန့် ပေးသတ်ဖြတ်ခဲ့ သူ အာဏာ ရှင် တစ်ယောက် ရဲ့  နောက် ဆုံး နေဝင်ချိန်

တနင်္လာနေ့က အဖမ်းခံခဲ့ရတဲ့ အရင်သမ္မတဟောင်း လော့ရင့်ဘက်ဘို နှင့် ဇနီး ပါ ပါဝင်သည်။

Thursday, April 14, 2011

ကစားပွဲ အပိုင်း ၇ နောက်ဆုံး အဆင့် လယ်ဘယ် (ဇာတ်သိမ်း)

ကစားပွဲ အပိုင်း ၇ (ဇာတ်သိမ်း)

ကစားပွဲ ကို မြန်မာ နှစ်မကူးခင် ဇာတ်သိမ်းရေး နေရတာ သင်္ကြန် ကျလို့ ရေလောင်း ရဖို့ နေနေသာသာ တိုကျို မှာ ဒီရက်တော့ ရေ သုံးလို့ ရနေလေရဲ့  မိုးမရွာလို့ လေ။မိုးရွာ ရင် အဲဒီရက် လှောင်ထားတဲ့ ရေဘဲ သုံးတာ ကောင်းမယ် ထင်လို့  မိုးရွာပြီ ဆို ရေသုံးတာ သတိထား တာ အကောင်းဆုံးပါ။

ဒီ ကစားပွဲ မှာ အမျိုးမျိုး ပြောကြတယ် ဘာ အန္တရာယ် မှ မရှိဘူး လို့ ပြောနေကြတဲ့သူတွေ ရှိပါတယ်။

အဲဒါတွေကြောင့် ဒီကစားပွဲ ကို ရေးဖြစ်တာပါ။ပြောတာတွေ မှားနေတာတွေ ကို မဆင်မချင်ရေး ပြောသမျှယုံပြီးရေးနေတာ တွေ့ ရတော့ ကစားနေတာနဲ့ တူနေတာ ဆိုပြီး ကစားပွဲ ဖြစ်လာတာပါ။

စရေးကတည်း က ဂိမ်းစ် အိုဗာ ဖြစ်မဲ့ ကစားပွဲ လို့ ရေးခဲ့တာပါ။

အခုတော့ အဆင့် ၇ ရောက် နေ ပါပြီ။

သတ်မှတ်ထားတာ က အဆင့် ၇ ပဲ ရှိတာပါ နောက်ဆုံး အဆင့် ပါ။ဒါ ကို အန္တရာယ် မရှိဘူး ပြောနေသူ တွေ ဘာကိုကြည့်ပြီးပြောတာလဲ။ စဉ်းစားလို့ ကို မရဘူး။

မယ်လ်ဒေါင်း ဖြစ်နေလို့  အဆင့် ၇ ကို ရောက်လာတာပါ။ ဒါကို မသိသလို လုပ်လို့ မရပါဘူး။

ကာကွယ်ဖို့ လိုလာပါပြီ။နစ်နာမှုအတွက် ပေးတာကလဲ မဖြစ်စလောက် လေးပါ အဲမှာ ခံရတဲ့ သူတွေ အတွက် စိတ်မကောင်းစရာပါ။

ဒါဆို အဝေးမှာ နေပြီး ကာကွယ်လို့ ရသလောက်လေး နဲ့  ကစားပွဲ ဇာတ်သိမ်း ရတော့မည်။

ဘယ်လိုအစားအစာတွေ စားရင် အဆင်ပြေမလဲ ဆိုရင်

ဂျက်စမင် ကို အားပေးရတော့မည် ဆိုတာက ထိုင်းက လာသော ဆန်ကိုစားသုံးဖို့ ကို ဆိုလိုတာပါ။
တရုတ်ကကြားရင် တော်လှန်ရေးလုပ်တယ် ဆိုပြီးပြောနေမလားမသိ။

ဂျက်စမင် လက်ဖက်ခြောက် ကို ထိုင်ဝမ်ဆိုင် တရုတ် ဆိုင်တွေမှာ ရနိုင်ပါတယ်။

ငှက်ပျောသီး ကိုတော့ ဖိလစ်ပိုင် အစားအစာ ရောင်းတဲ့ ဆိုင် မှာ ဖီးကြမ်း ငှက်ပျောသီးရနိုင်ပါတယ်။သဘောင်္သီး ပါ ရနိုင်ပါတယ်။ ဝမ်းမာသူတွေ နို့ အစား စားသုံး နိုင်တာပေါ့။

ရနိုင်တဲ့ နေရာတွေ ကတော့ တကာဒါနိုဘာဘာ၊ ရှင်အိုကူဘို ၊ ခင်ချီချို တွေမှာ ရနိုင်ပါတယ် ။အုအဲ နော့ ဈေးအောက်ထပ်မှာတော့ ဗီယက်နမ် အစားအသောက် ရောင်းဆိုင် လဲ ရှိပါတယ်။တရုတ်ကလာတဲ့ ဘဲကင် ရောင်းတဲ့ ဆိုင် အဲဒီနားမှာ ရှိပါတယ်။

အသားကတော့ ငါးခူတို့  ငါးပြေမတို့  ကြက်သားဆို ဘရာဇီး က ကြက်သား တို့ စားတာ ကောင်းလိမ့်မယ်ထင်ပါတယ်။


အိန္ဒိယက လာတဲ့ ငါးတွေ စားလို့ ရသလိုထိုင်းက အသီးအရွက် ဗူးတွေလဲ ရှိပါတယ်။

အစားအသောက် အတွက် အဲဒီလောက်ဆိုရင် အဆင်ပြေမှာပါ ။ထိုင်းဆိုင်တွေ မှာ ငါးပိ ဗူးတွေပါ ရတာကိုး။


ရေကတော့ ရေသန့် စက်က ရေဖြစ်ဖြစ် ရေသန့် ဗူးဖြစ်ဖြစ် သောက် ရင် ပိုကောင်းမှာပါ။

ချိုးရေ ကတော့ မိုးရွာရင် လှောင်ထားတဲ့ ရေကို ချိုးရင် ကောင်းပါတယ်။

ကစားပွဲ မှာ ကာကွယ်တာတွေ ရှိသလို ဖြစ်လာမှာကို သိဖို့ လိုပါတယ်။

တဖြည်းဖြည်း နဲ့  သွေးဆဲလ်တွေ ပျက်စီးတတ်တာ နောက် ဆုံးအဆင့်တွေ ရဲ့ ရလဒ်ပေါ့။

ချက်ချင်းမြင်ရတာ မဟုတ်သလို နောက် နှစ်ပေါင်း တော်တော် ကြာမှ ဖြစ်လာမဲ့ ဆိုကျိုးတွေ ပါ။ မျိုးဆက် အတွက် မျိုးပွားမှု ရပ်တန့် စေတာတွေ ပါ ဖြစ်တတ်ပါတယ်။

လေထဲ ကဟာ ထိန်းချုပ်လို့ ရတာ တို့  မမြင်ရသေးတာကို ဘာမှ မဖြစ်ဖူး ကြိုပြော တဲ့ ...ကမ္ဘာပျက် မှာ ယုံ နေသူဆို
အလုပ်လဲ မလုပ် နဲ့  အအိပ်အစား အငှားလိုက်ပြီး နယူကလီး ပလန့် ကထွက်မဲ့ အငွေ့ တွေ သွားရှူပေး နိုင်ရင် အားလုံး သာဓု ခေါ်နေမှာ ...

ဘာမှ မဖြစ်ပါ ဘူး ဆိုသူတွေ ပြော နေသူ တွေ နှစ်သစ် အလှူ လုပ် လို လျှင် အငွေ့  ရှူပေး ပြီး ကုသိုလ် ယူ တာကို မျှော်ကြည့် ရင်း ကစားပွဲ ရပ်လိုက်ပါပြီ။

ရန်ကုန် မှာ မြန်မာ အတာ သင်္ကြန် အတော် စည်ကားတယ် လို့ ဆိုပါတယ်

ရန်ကုန် က မြန်မာ အတာ သင်္ကြန် စည်ကားတယ် ဆိုတော့ ဝမ်းသာစရာပါ။
ပျော်ရွှင်မှု များနှင့်သာ ပြည့်ဝသော သင်္ကြန် နှင့် အတူ မြန်ပြည် နှစ်ကူး ကြို နိုင်ပါစေ အဝေးကနေ ဆုတောင်းနေယင်း အဝေးရောက် မြန်မာများလည်း သင်္ကြန်ပွဲ များ အမှတ်တရဆင် နွဲ နိုင်ပြီးပျော်ရွှင်ဖွယ် နှစ်သစ် ကူးနိုင်ကြပါစေ။

Wednesday, April 13, 2011

ငလျင်တွေ ခဏခဏ လှုပ်တော့ ခရီးသွားရင်း ဘယ်လို ကာကွယ်မလဲ

အပြင်လဲ သွားရ ငလျင်တွေ ကလဲ ခဏခဏ လှုပ်တော့ ကာကွယ်ဖို့ ဆို

ဓာတ်မီး အသေး တစ်လက်

ခရာ တစ်လုံး

ရေဘူး တစ်ဘူး (သောက်စရာ တစ်ခုခု)

စားစရာ တစ်မျိုးမျိုး (ကယ်လိုရီ များ အစားအစာ)

အလျူမီနီယံစ ခြုံစရာ (ခေါက်လိုက်လျှင် သေးသေးလေးသာ)

ရေဒီယို အသေးလေး တစ်လုံး...

အဲဒါလေးတွေ ဆောင်ထားရင် တစ်ခုခုဆို အနည်းနဲ့ အများတော့ အသုံးဝင်မှာပါ။

သဘာဝဘေး မှ အားလုံး ကင်းဝေးနိုင်ကြပါစေ။

မြန်မာ သင်္ကြံန် အား လှိုက်လှဲစွာ ကြို ပါ၏။ ..ဆို ကို သုံးလို့  မရတာ အဆိုတွေ ပါတဲ့  သံချပ်တွေ ခွင့် မပြုလို့ ပါ။

မြန်မာသင်္ကြံန် မှာ မြန်ပြည်သားတွေ ပျော်ရွင်နိုင်ကြပါစေ။

နိုင်ငံရေး တွေ့ ဆုံမှုတွေ လုပ်မယ် ဆိုတော့ အားရစရာပါ။

ဒါပေမဲ့ သင်္ကြံန် အမြောက် ဖြစ်တဲ့ ရိုးရာသင်္ကြံန် ရဲ သံချပ်ထိုးတာ ခွင့်မပြုဘူးဆိုတော့ ဘာပဲဖြစ်ဖြစ် ဒီနှစ်သင်္ကြံန် တော့ လုံခြုံရေး အပြည့်နဲ့ ရေလောင်း CCTV ကင်မရာတွေ တပ်ထားမှာဆိုတော့

သတိထားရမှာက ဟိုပေါ်ဒီပေါ် တွေ ဖမ်းထားပြီး နိုင်ငံတကာ ကို မြန်မာ အတွင်းအလှတွေ တွေ့ ရမှာ မလွဲဘူး

တရားဝင် ဗီဒီယို ဖမ်းထားလို့ ရတာနော်။

မြန်မာ အမျိုးသမီးကောင်းတွေ ပျော်ရွင်မှုနောက် က စိတ်ညစ်စရာ မဖြစ်ခင်ကြိုတင်ကာကွယ်သတိထားနိုင်ကြပါစေ။

သတိတရ တေး တစ်ချို့ ကတော့

မြန်မာ အစိုးရသစ် ရဲ့ သင်္ကြံန် မှာတော့

.....ဟန်ရှိပြီး အဆန်မရှိ တဲ့ သင်္ကြံန်အမြောက် နဲ့  မဆက်ဆံချင်တော့ဘူး ...

ငယ်စဉ်က သီချင်းတစ်ပိုင်းတစ်စ..

.....နေပြည်တော် မှာ လူအချို့ ဟာ လေသေနတ် နဲ့ စစ်တိုက်နေတာ...
လမ်းဘေးနားက ဗေဒင်ဆရာတွေ အားကိုးစမ်းပါရစေ ...
....ထောင်ကိုမြင်လျှင် ယာ ကို စွန့် ခွာ ထီတစ်စောင် နှစ်ကျပ်နဲ့ ထိုးကာ...

ကစားပွဲ အပိုင်း ၆

အပိုင်း ၆
ကစားပွဲ က တကယ် ကို ဂိမ်း အိုဗာ ဖြစ်သွားပါပြီ ကမ္ဘာအဆင့် မှာ ၇ အထိ နောက်ဆုံးသတ်မှတ် ထားတာပါ။
ဂျပန်က လက်ဦး က အဆင့် ၅ ပဲ ဆိုပြီး ပြောနေတာပါ။

အခုတော့ နောက်ဆုံးအဆင့် ၇ လို့  ပြောနေရပြီဆိုတော့ အန္တရာယ် တကယ်ကို များနေပါပြီ။

သတိထားဖို့ လိုလာပါပြီ။

တကယ်တော့ ကစားပွဲ ကို ဂိမ်း အိုဗာ ဖြစ်မဲ့ ကစားပွဲ မှန်းသိရဲ့ နဲ့ ရေးနေတာပါ။ သတင်းထုတ်တာ တွက်ချက်တတ်ရင် တစ်ချို့ ဆို ကြိုသိနေမှာပါ။ နှစ်ရက်လောက် ကြိုသိနိုင်ပါတယ်။

ပလူတိုနီယမ်တွေ စမ်းသပ်တွေ့ ရှိနေတာ ကြာပါပြီ

သတင်းမထုတ်တော့ ဘယ်သူမှ ဟိုလိုဒီလို နဲ့  ယောင်ဝါးဝါး ဖြစ်နေရတာ ဆိုတော့ ဒီအကြောင်း အရာတွေ ရေးရတာ ကစားပွဲ လို ဖြစ်နေရတာ


ဒီလို အချိန်မှာ ဖိလစ်ပိုင် နိုင်ငံက နယူကလီးယား ပလန့်  အနီးမှာနေ တဲ့သူတွေ ပြန်လာဖို့ အတွက် နိုင်ငံက အကုန်ကျခံ ပြန်ခေါ်ပေးပါမယ်တဲ့ ဖိလစ်ပိုင်လူမျိုး ၂၀၀၀ နီးပါးလောက် အဲဒီ အနီးအနားမှာ နေ နေ တာပါ။

ကစားပွဲ က ဂိမ်းအိုဗာ ဖြစ်တော့ ကဲ ဘယ်လို ကာကွယ်ကြမှာ လဲ။

ကစားပွဲ က အိုဗာ ဆိုပြီး အထင်မသေးနဲ့  ထိန်းလို့ ရပြီလို့  ပြောနေတုန်းနော် ပျော်နေတာတွေ ဖျော်ရေ လုပ်သောက်ထိန်းချုပ် ထားတာလားမသိ။ ၉၆ ပါးပျောက်မှာသေချာတယ် ထင်တယ်။ မှတ်တိုင်လေးနဲ့ ပေါ့။

ဇာတ်သိမ်း အပိုင်း ၇ မှာ ဆက်ရေးပါမယ်။ ဂျက်စမင်း ကို အားပေးရတော့မှာပေါ့ ။သတိ ဇာတ်သိမ်း မပြီးခင် တရုတ်က မကြားပါစေနဲ့  တစ်မျိုးထင်မှာစိုးရလို့ ပါ။

Saturday, April 9, 2011

အတူတူပေါ့ ကွာ ကမ္ဘာကြီးက ရွာကြီးပါကွ

ဂျပန် နယူးကလီးပလန့်  က ရေဒီယိုသတ္တိကြွ ရေတွေ ပစိဖိတ်သမုဒ္ဒရာထဲ စွန့် လိုက်ရတော့

တရုတ်က ကြောက်ပြီး စိုးရိမ်လာသတဲ့

ဂျပန်ကြီး ကတော့ ငါပင်လယ်ထဲ ငါ ဟာငါ သေးပေါက်ပေါက် ဘာသွန်သွန်ပေါ့

မင်းနိုင်ငံထဲ လာမသွန်ပြီးတာပဲ

မင်းတို့ လိုလူဦးရေ များလာလို့  ကလေး နို့ မှုန့် ကျွေး မသတ်ဘူးကွ။

ပြင်သစ်ကြီးတော့ ဘာဥပဒေ ထုတ်ရင်ကောင်းမလဲ ခေါင်းကုတ်နေလေရဲ့ 

ဂျပန်ကြီး ကတော့ စိတ်မညစ်ကြပါ နဲ့ 

အတူတူပေါ့ ကွာ

ပစိဖိတ်သမုဒ္ဒရာရေ ငါတစ်ယောက်ထဲ မသောက်ပါဘူး

ကမ္ဘာကြီးက ရွာကြီးလိုပဲပေါ့ မင်းတို့ လဲသောက် ကြ ကင်ဆာဖြစ်တဲ့သူတွေ ဓာတ်ကင်နေရ ရင် ကင်စရာမလိုတော့ဘူး။

ပစိဖိတ်ရေသောက် ပျောက် မှာပါ။ ကင်ဆာလား ဘာလားတော့ မသိ ပျောက် မှာပဲ ပြောတယ်။မီးပြတ်သွား လို့ ပါ။

ကစားပွဲ အပိုင်း ၅

အပိုင်း ၅

ဒီနေရာမှာ တွေ့ ရတာက အသစ် ငလျင်လာတော့ လူတွေ ပိုကြောက် စရာ ဖြစ်လာသလို ကစားပွဲ ကိုတောင် ရပ်ထားသယောင် ပြောလာတာပါ။ ဒါ ဆို ရေဒီယိုသတ္တိကြွတွေ မထွက်တော့ ဘူးပေါ့ တကယ်တော့ မလည်ပတ် နိုင်တာကို ပြောရမှာ ဖြစ်ပြီး ထိန်းချုပ်နိုင်ဖို့ ကြိုးစားဆဲပါ။

သတင်းတွေ အမျိုးမျိုး ဖြစ်တတ်တာပြော ရရင် မနေ့ က ငလျင် ဆို စစချင်းကြော် ငြာတာ ၇.၄ မဂ္ဂနီကျူ နောက်တော့ ၇.၁ မဂ္ဂနီကျူ ပြောင်းသွားတတ်တာဆိုတော့

အမှန်တကယ် တော့ ငလျင်လှုပ်တာ တော်တော် လေးအချိန်ကြာတာဆိုတော့ ဂရပ်ဖတ်ရတာ အဆင်မပြေတာဖြစ်လိမ့်မယ်

ကစားပွဲလည်း ဒီလိုဖြစ်နေတာ ကြာပြီ

တစ်ခုတွေ့ တာတော့ ပညာရှင်တွေ ပြော တာတွေ ကို တာဝန်ရှိသူတွေ က ဟုတ်ဟုတ် မဟုတ်ဟုတ် သူတို့ ပြောတာဆိုပြီး သတင်းစာရှင်လင်းနေရတာပါ။

အိန္ဒိယက ဆို ဂျပန်က အစားအသောက်တွေ၃ လ ပိတ် တယ် ပြောတာ ဠာနတခုကနေပြောတာပါ အစိုးရမဟုတ်ပါဘူးဆိုပြီး
ရေဒီယိုသတ္တိကြွ စီစစ်ပြီးသွင်းမှာပါ ဆိုတာလေးနဲ့ ပြန်ထိမ်းထားလိုက်ပါတယ်။

ကစားပွဲ မှာ သတိထားရမှာ က အရင် တစ်ခြားနိုင်ငံ မှာ ဒီလို ဓာတ်ရောင်ခြည်သင့်လို့ ထိခိုက်တာ အများအပြားဖြစ်ခဲ့တာ အစားအသောက် မဆင်မချင်လို့ ဖြစ်တာလို့ ဆိုတယ်။

ကစားပွဲ မှာ မပါဝင်လိုသော်လည်းပါနေရ သူများ အစားအသောက် သတိရှိနိုင်ကြပါစေ။

ကျောင်းတွေ ပြန်ဖွင့်တော့ မဖွင့်ခင် ရေဒီယိုသတ္တိကြွတွေ စမ်းတာပြောပြီး ကျန်တာဘာမှ မသိပါဘူး

တကယ်တော့ ရေဒီယိုသတ္တိကြွ က အရင်ကတဲက ရှိတာပါ လူကို ဒုက္ခပေးတဲ့ အဆင့် ဟုတ်မဟုတ် စမ်းသပ်ရမှာပါ။

စမ်းတော့စမ်းတယ် ဘာမှန်းမသိတော့ ကစားပွဲ လို ဖြစ်နေတာကြာပေါ့။

Friday, April 8, 2011

မနေ့ ညက ငလျင် ၄ ဦးသေ

ဂျပန် နိုင်ငံ မနေ့ ည က ၂၃ နာရီ ၃၂ မိနစ် လှုပ်ခတ်လိုက်သော မဂ္ဂနီကျူ ၇.၄ ငလျင် လူ ၄ ဦး သေဆုံး
ဆူနာမီသတိပေးချက် ပြန် ရုတ်သိမ်းလိုက်သည်။
အရင် ငလျင်ကြီးကြောင့် ထိခိုက် ပျက်စီးခဲ့တဲ့ ဖူကူရှီးမား နျူကလီးယား ဓာတ်အားပေး စက်ရုံကြီးမှာလည်း လည်ပတ်မှုတွေကို ရပ်ဆိုင်းလိုက်ပြီလို့ အစိုးရ တာဝန်ရှိသူတွေက NHK ရုပ်သံက တိုက်ရိုက် ပြောကြားနေပါတယ်။

တရုတ် မှာ နို့  (tainted milk)ကြောင့် လူ ၃ ဦးသေ ၃၄ ဦးဖျားနာ

တရုတ် မှာ နို့  (tainted milk)ကြောင့် လူ ၃ ဦးသေ ၃၄ ဦးဖျားနာ
နိုင်ငံသား များ အား လူ့ ဂုဏ်သိက္ခာ မဲ့ စေသူ အိုင်ဗရီ ကိုစ် အာဏာရှင် အား ရာထူး မှ ဖယ်ရှားလိုက်ပြီ

ပြီးခဲ့သည့် နှစ် နိုဝင်ဘာလ က ရွေးကောက်ပွဲတွင် အနိုင်ရရှိ သွား ခဲ့သည့် ပြိုင်ဘက် သမ္မတ
အလက်ဆန် ၀က်တာ ရာ ကိုအာဏာလွှဲပေး ရန် ငြင်းဆန် ခဲ့သည့် အိုင်ဗရီ ကို စ် သမ္မတ
လော့ရင့် ဘက် ဘိုသည် ယနေ့  ည နေ အိုင်ဗရီ ကိုစ် စံတော် ချိန် ညနေ ၅ နာရီ
တွင် အနိုင်ရ သမ္မတ အလကတ်ဆန် ၀တ်တာရာ ၏ တပ်များ ထံ လက်နက် ချ အညံ့ခံ
ခဲ့သည် ဟု နာမည် ကျော် အိုင်ဗရီ ကိုစ် ဘလောက်ဂါ ကိုဂိုရို ကိုစ် က Freedom News
Group သို့ ပြောသည်။

ကိုဂိုရို ကိုစ် က ” အသေမိ တာလား အရှင် မိတာ လား ဘယ်သူမှ မသိသေး ဘူး ၊ အဘစ်ဂျန် နဲ့ 
တခြား မြို့ တွေ မှာ တော့ မီး ရှုးမီးပန်းတွေ ဖောက် ပြီး အောင် ပွဲ ခံနေကြတယ်, သမ္မတ နန်း တော် ရော ၊
လေဆိပ် ဘက် မှာ ပါ လမ်းတွေ ပိတ်ထား တယ်, နှစ်ဘက်စလုံး ပစ်နေတာ တွေ က တော့ ကြားနေရတုန်း
ပဲ ” ဟုပြောသည်။

ဆန္ဒပြသူ များ အဖြစ်မှ လက်နက် ကိုင် တော်လှန် ရေး အသွင် ပြောင်း ခဲ့ကြသည့် ၀တ်တာရာ အား
ထောက် ခံ သူများ သည် နိုင်ငံ၏ ၉၀ ရာခိုင် နှုန်း ကျော် ကို သိမ်းပိုက် ထားပြီး ဖြစ်သည်။

နိုင်ငံ အား ဆင်းရဲ တွင်း နက် စေခဲ့သည့် သမ္မတ လော့ရင့် ဘက်ဘို သည့် လွန့် ခဲ့သည့် နှစ်နာရီ က
France 24 နှင့်စကား ပြောစဉ် ” သူ့ အသက် ကို အကြောင်း မဲ့ စွန့် လွှတ် ဖို့ လမ်း ရွေး ချယ်ပြီး
ကာမီ ကာဇေ လုပ် မှာ မဟုတ် ဘူး ဟု ” ပြောဆို ခဲ့သည်။

နောက်ဆုံး ရရှိသည့် သတင်းများ အရ တွန်ဂါ၊ တောင် အာဖရိက နှင့် တိုဂို နိုင်ငံများ မှာ သမ္မတ ဟောင်း
လောရင့် ဘက်ဘို ကို ခိုလှုံ ခွင့် ပေး မည် ဟု သတင်း ရရှိသည်။

လော့ရင့် ဘက်ဘို သည် ၎င်း အာဏာတည်မြဲ နေမှု ပြီး ဆုံး သွား ပြီ ဖြစ်ပြီး ၂၀၁၀ နိုဝင်ဘာလ ရွေးကောက်
ပွဲ အနိုင် ရ သမ္မတ အလက်ဆန် ၀တ်တာရ ကို သာ အသိအမှတ် ပြုသည် ဟု ပြင်သစ် က ထုတ်ဖော် ပြော
ကြား ခဲ့သည်။

ယနေ့ သမ္မတ နန်းတော် ကို ၀င်စီးခဲ့သည့် ၀တ်တပ် ရာလို လားသည့် လက်နက် ကိုင် အဖွဲ့ များ မှာ
သမ္မတ နန်း တော် တွင်း ရှိ ဘက်ဘို ခိုအောင်း နေရာ ဘန်ကာမှ ပြန်လည် ဆုတ် ခွာ ပေး ခဲ့ပြီး
၎င်း ကို အခြား နိုင်ငံ တစ် ခု သို့  ထွက် ခွာ ခွင့် ပြုရန် ပြန်လည် ဆွေးနွေး နေသည် ဟု သတင်းရရှိသည်။

ဂျပန် ငလျင် လှုပ် ၇.၄ မဂ္ဂနီကျူ ရှိ



ဓာတ်ပုံ ကို ယာဟိုးမှ ရယူသည်။

ဂျပန် တွင် ယနေ့ ည ၁၁ နာရီ ၃၂ မိနစ် တွင် ငလျင် ပြင်းအား ၇.၄ မဂ္ဂနီကျူ ရှိ ပြီး ဆူနာမီ သတိပေးချက်ပါ ပါရှိလာသည်။

ထပ်မံပြီး လှုပ်နိုင်သေး သဖြင့် ဂျပန်တွင် ရှိ သူများ သတိထား ပြီး တံခါး များဖွင့်ထား နိုင်လျှင် ပိုကောင်းပါသည်။

ကားမောင်းသူများ ရပ်ထားနိုင်လျှင် ပိုကောင်းပါသည်။

ကစားပွဲ အပိုင်း ၎

အပိုင်း ၎

ဒီနေ့ တော့ ကိုရီးယား ကကျောင်း တစ်ရာ လောက် ပိတ်လိုက်ရတယ် မိုးရွာရင် ကလေး တွေ အတွက် အန္တရာယ်ရှိတယ် ဆိုပြီး ကျောင်းတွေ ပိတ်လိုက်တာပါ။

တရုတ် ဖက်ကိုလည်း အနည်းငယ် သက်ရောက်မှုရှိလာတာကို လည်းသိရပါတယ်။

အခုတော့ နိုက်ထရိုဂျင် တွေ ထည့်ပြီး ကြိုးစားနေလေ ရဲ့ 

ရဲတွေ ကတော့ ဆူနာမီဖြစ်ခဲ့တဲ့နေရာ ကို အကာအကွယ် ဝတ်စုံတွေ ဝတ်ပြီး တစ်လနီးပါး ကြာပြီဖြစ်တဲ့ အပျက်အစီးတွေကြား ပျောက်ဆုံးသူတွေ ရှာ နေလေရဲ့ ။

ဒီကြားထဲ ဧပြီလ ၇ ရက် နေ့  ၂၃ နာရီ ၃၂ မိနစ် ဒီည ငလျင် က ၇.၄ မဂ္ဂနီကျူ ထပ်လှုပ်တော့ ဘာတွေ ထပ်ဖြစ်လာအုံး မယ်မသိ။

ပစိဖိတ်သမုဒ္ဒရာ ထဲ ကရေတွေ တော့ ဘယ်လို ဖြစ်လာမယ်မသိသေး။အနည်းအများတော့ ပြဿနာ ရှိမှာ မလွဲပေ။

Thursday, April 7, 2011

ပဲခူးနှင့် ဧရာဝတီတိုင်းမှာ ကလေးငယ်များ ထူးဆန်းစွာ ပျောက်ဆုံးနေ ကလေးများသတိထားသင့်

RFA

ပဲခူးတို်င်း အနောက်ဖက်ခြမ်း လက်ပံတန်းမြို့နယ်၊ ခမုံတိုက်နယ်၊ သာရဝေါနဲ့ ဧရာဝတီတိုင်း၊ ဟင်္သာတမြို့နယ်၊ အင်္ဂပူမြို့နယ်တွေ မှာ အသက် ၅ နှစ်က ၁၂နှစ် အရွယ်ကလေးတွေ ပျောက်ဆုံးနေပါတယ်။

ကလေးတွေကို ခေါ်ယူသွားသူတွေဟာ ဂိုဏ်းဖွဲ့ လှုပ်ရှားနေသူတွေ ဖြစ်နိင်တယ်လို့ ပဲခူးတိုင်း သာယာဝတီ မြို့ခံတဦးက အခုလိုပြောပါတယ်၊

“အကုန်လုံး ပျောက်တဲ့ ကလေးတွေက သာရဝေါတိုက်နယ်၊ ရှမ်းစု အင်ဖက်ကုန်းကျေးရွာ အဲဒီက ကလေးနှစ်ယောက် ပျောက်တယ်၊ အင်္ဂပူမြို့နယ်၊ နောင်ချွန်းကျေးရွာဖက်က ကလေးတွေလည်း ပျောက်တယ်။ ပျောက်တော့ တရားခံ တဦးကို ဖမ်းမိထားတယ်လို့တော့ ပြောတယ်။ ဒါပေမဲ့ သူတို့က ကျွန်တော်တို့ ဒေသက ကြားတာက ကလေးတွေကို ဖမ်းတာက ဂိုဏ်းဖွဲ့ပြီး ဖမ်းတယ်လို့ ပြောတယ်။ သို့သော် ခမုံ စခန်းမှူးက ဘယ်လို အရေးယူ ဆောင်ရွက်မယ်ဆိုတာတော့ မသိရဘူး။”

“အဖ ဦးဝင်းရွှေ၊ ဒေါ်မလေးငယ်တို့ရဲ့ သမီးပေါ့ဗျာ၊ အသက် ၁၂ နှစ်ခန့် ရှိတဲ့ မမီးလေး ခေါ် မအစ်မကြီးရယ်၊ ကျွန်တော်တို့ အဲဒီ အင်ဖက်ကုန်း ကျေးရွာမှာ ရှိတဲ့ ဦးဉာဏ်ထွန်းရဲ့ သား၊ မအေးနော်တို့ရဲ့ သားဖြစ်တဲ့ အသက် ၅ နှစ်ခန့် ကလေး နှစ်ယောက်ဗျ၊ အဲဒါ ပထမဆုံးအကြိမ် ပျောက်တာ။ ဒုတိယအကြိမ်က ၁၇ ရက် ၃ လ ၂၀၁၁ က ကလေး ၇ ဦး အခိုးခံရတယ်ဗျ။”

“သာယာဝတီခရိုင် မိုးညိုမြို့နယ်၊ ထိန်တော ရေသပြာ အုပ်စုကနေပြီးတော့ အဖ ဦးတင်ငွေ၊ အမိ ဒေါ်သန်းသန်းတို့ရဲ့ သမီး၊ သမီးက နှစ်ဦး၊ သားက တဦး၊ တခြား အမည်မသိတဲ့ ကလေး ၄ ဦးဗျ။ ၇ ဦးဗျ၊ ၇ ဦး။ အဲဒီ ကလေး ၇ ဦးက ထိန်တောကနေပြီးတော့ ခေါ်ဆောင်လာတာက လက်ပံတန်း မြို့နယ် ခမုံဆိပ်ရွာကို ရောက်တယ်ဗျ။ ခမုံဆိပ် ဘူတာကို ရောက်တဲ့အခါကျတော့ ပတ်ဝန်းကျင်မှာ ရှိတဲ့ ရပ်မိရပ်ဖတွေက ကလေးတွေကို မသင်္ကာတဲ့အခါကျတော့ မေးလားစမ်းလား လုပ်တယ်ဗျ။ ရထားနဲ့ အဲဒီ ကလေးတွေက ပါသွားတယ်ဗျ။”

“အဲဒီလို ပါသွားတဲ့အခါကျတော့ တာဝန်ရှိတဲ့ ခမုံ ရုံပိုင်ကြီးကနေပြီးတော့ ဘူတာကို တဆင့်စီ တဆင့်စီနဲ့ အကူအညီ တောင်းတဲ့အခါကျတော့ အဲဒီ ကလေး ၇ ဦးက ၃၀ ရက်နေ့ ငဖြူကလေး ကျေးရွာမှာ ပြန်လည် တွေ့ရှိရတယ်ဗျ။”

ဒီကလေး ၇ ယောက်ကို ပြန်လည် တွေ့ရှိပေမဲ့ မိဘတွေဆီ ပြန်လည် ရောက်မရောက် မကြား သိရသေးဘူးလို့လည်း သိရပါတယ်။

အလားတူ ကလေးပျောက်ဆုံးမှုတွေ မိုးညိုမြို့နယ်နဲ့ လက်ပံတန်းမြို့နယ်တွေမှာ ထပ်မံ ပေါ်ပေါက်ခဲ့တယ်လို့ သိရပါတယ်။ မိုးညိုမှာ ၂ ယောက်နဲ့ လက်ပံတန်းမှာ တယောက်၊ ၈ နှစ်နဲ့ ၉ နှစ်အရွယ် မိန်းကလေး နှစ်ဦးနဲ့ ဆယ်နှစ်အရွယ် ယောက်ျားလေး ၁ ဦးတို့လည်း ပျောက်ဆုံးသွားတယ်လို့ ဦးထွန်းထွန်းက ပြောပါ တယ်။

အခုလို ကလေးတွေ ပျောက်ဆုံးနေတာဟာ လူကုန်ကူးဂိုဏ်းတွေနဲ့ ဆက်နွယ်မှု ရှိမရှိ မသိရသေးသလို သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းတွေကလည်း အသေအချာ စုံစမ်း အရေးယူတာတွေ မကြားသိရသေးလို့ ဒေသတွင်းရှိ မိဘတွေ

စိုးရိမ်နေကြပါတယ်။

(ခရီးသွားရင်းရောက်သွားဖူးတော့ တစ်ချို့ အကြောင်းအရာတွေ က နဂိုကတည်းက နာမည်ပျက် အနည်းငယ် ရှိတဲ့နေရာတွေပေါ့)
(အဲဒီနေရာတွေ နဲ့ နီးတဲ့ တနေရာ ကဆိုရင် တိုင်း၃ ခု ဆုံတဲ့ နေရာဆို ပိုဆိုးသေးတယ် ။တိုင်း ၂ ခုကြားမှာ ဟိုမှာလိုလို ဒီမှာ လိုလို ဖြစ် နေတာပါ)

Wednesday, April 6, 2011

ကစားပွဲ အပိုင်း ၃

အပိုင်း ၃


ဒီနေ့ တော့ နံနက်လင်းတာနဲ့  ရေဒီယိုသတ္တိကြွတွေ ပစိဖိတ် သမုဒ္ဒရာထဲ စီးနေတာကို ပိတ်လိုက်နိုင်ပြီ

ဒီတစ်ခုနဲ့ ကစားပွဲ က မပြီး နိုင်။

တကယ်တော့ ဒီကစားပွဲ က ဂိမ်းအိုဗာ ဖြစ်ပြီး အဆုံးသတ်ရမှာ ဖြစ်ပေမဲ့ စောစောစီးစီး ပိတ်လို့ မရသေးတော့ ကစားပွဲ လို ဖြစ်နေလေရဲ့ 

ကစားပွဲ စပြီး မကြာဘူး ဂျာမဏီက နယူကလီယား ဓာတ်ပေါင်းဖို တစ်ချို့  ယာယီပိတ်လိုက်ရတယ်

ကစားပွဲ မှာ အသက်ကို ပဓာန မထားပဲ လုပ်ပေးနေတာတွေ လုပ်ပေးရင်း အသက် ဆုံးသွားသူ တော့ ရှိနေလေရဲ့ 

မီးသတ်အဖွဲ့ တွေ လဲ ရေထည့်ဖို့ လုပ်ပေး ရရဲ့ 

မီးသတ် အဖွဲ့ ရေဖြန်းဖို့  မကြိုးစား ခင် ဂျပန် ကာကွယ်ရေး စစ်တပ် က ရဟတ်ယာဉ်နဲ့  ရေဖြန်းဖို့ ကြိုးစား ပါသေးတယ်။

ကြားက မြန်မာမှာတောင် ဆားဈေး ပါတက်လိုက်သေးတယ်

တရုတ်က ဆား တွေ မကောင်းဖြစ်မှာစိုးပြီး မြန်ပြည်ကဆား တွေ အဝယ်လိုက်လာလို့ တဲ့။

ကိုရီးယားမှာတော့ မက်စ်ဆေ့ အပို့ ကောင်းပြီး ရှောက်ဖွလို့  အဖမ်းခံလိုက်ရတယ်။

လောင်စာတောင့်တွေ ရောင်းဖို့  ဈေးကွက် ဖွင့်တာ မကြာသေးတဲ့ ရုရှား လဲ စိတ်တော့ ညစ်ပြီး ဈေးကွက်ပျက်တော့မှာပဲ ဆိုပြီး ငြီးတွားနေလေ မလား။

မီးပေးတဲ့ နေရာ က မီးပျက်ပြီး လောင်စာတောင့်တွေ အအေးပေးစနစ် မလည်ပတ်နိုင် ဖြစ်တာကို အကူအညီ အမျိုးမျိုး ရသလို ဖြေရှင်း မရနိုင်သေးသရွေ့  ကစားပွဲ လိုဖြစ်နေ ပေမည်။

ပြင်သစ်ကိုလည်း အကူအညီတောင်း ထားလေရဲ့ ။

ပြင်သစ် ကတော့ ကစားပွဲ ကြာလာတာနဲ့  စည်းမျဉ်းစည်းကမ်းတွေ ထုတ်ဖို့  ကြိုးစားနေလေရဲ့ 

အိန္ဒိယ ကတော့ ကြောက်ပြီး ဂျပန်က အစားစာ တွေ ကို ၃ လ သွင်းဖို့ ပိတ်လိုက်လေရဲ့ ။

နွားနို့ တွေ သွန်ပစ်နေရတာ ကြာပြီပဲ။


(ဆက်ရေးပါမယ် ကစားပွဲက ကြာပါမယ်)(နိုင်ငံတကာပါ ပါလာပြီနော်)

အိုင်ဗရီကို့စ်မှာ ဒီမိုကရေစီ ရဖို့ နီးစပ်လာပါပြီ

အောင်ပွဲရ ဒီမိုကရေစီ အင်အားစု များ

လော့ရင့် ဘက်ဘို ၏ စစ်ဘက် အဆင့် မြင့် ပုဂ္ဂိုလ် နှစ်ဦးက ပြင်သစ် တပ်များ ထံ လက်နက် ချပြီး
နောက် လော့ရင့် ဘက်ဘို သည် သမ္မတ နန်းတော် အနီး ရှိ ဘန်ကာ တစ်ခု ထဲ တွင် ပုန်းအောင်နေ
သည် ဟု ပြင်သစ် ရုပ် သံ France 24 မှကြေငြာ သွားသည်။



ပြင်သစ် ကာကွယ်ရေး ၀န်ကြီး ဂါရက် လောင်းနေး က” တိုက်ပွဲ တွေ အားလုံး ပြီးသွားပြီး ဘက်ဘို တပ်
တွေ အညံခံ တယ် သူ့ ကို ရှာတွေ ဖို့ ပဲ လိုတယ် ” ဟု ပြောသည်။

၎င်း ထွက်ပြေး ရန် စီစဉ် ထား သည့် ရဟတ်ယာဉ် သည့် ပြင်သစ်တပ် များ ၏ ဒုံးကျဉ် များ ကြောင့် မီး
လောင် ပျက် စီး သွားပြီ ဖြစ်သည်။

ကုလ သမဂ္ဂ နှင့် ပြင်သစ် ငြိမ်းချမ်းရေး ထိန်းသိမ်း ရေး အဖွဲ့ ရဟတ်ယာဉ် များ က လော့ရင် ဘက်ဘို ၏
သမ္မတ နန်းတော် နှင့် အစောင့် စစ်တပ် ကို ၀ိုင်းဝန်း တိုက် ခိုက်မှု ကြောင့် သမ္မတ လော့ရင့် ဘက်ဘို မှာ ကုလ
သမဂ္ဂတပ် များ နှင့် နှုတ်ထွက် ပေးရေး စတင် ဆွေး နွေး နေပြီ ဖြစ်သည်။

ရွေး ကောက်ပွဲ အနိုင်ရ အလက်ဆန် ၀တ်တရာ ကို ထောက် ခံသည့် တပ်များ က သမ္မတ အိမ်တော် ကို သိမ်းပိုက်လိုက်
ပြီ ဖြစ်သည်။ နောက် ဆုံး ရ သတင်း များ အရ ဘက်ဘို သည် ကာသိုလစ် ဘုရား ကျောင်း တစ်ခု ထဲ တွင် ၀င်
ရောက် ပုန်းအောင်း နေပြီ ဖြစ်ပြီး ၊ အစိုးရ ပိုင် ရုပ် သံ ဌာန ကြေငြာ သူများ သည် လည်း ရုပ်ဖျက်ပြီး ထွက်ပြေး
ကြပြီ ဖြစ်သည်။

အိုင်ဗရီကို့စ်မှာ ကုလတပ်တွေ သမ္မတရဲ့ တပ်စခန်းတွေကို ၀င်တိုက်

အိုင်ဗရီကို့စ် နိုင်ငံတွင်း တိုက်ပွဲတွေဟာ တနင်္လာနေ့မှာ အတော်လေး ပြင်းထန်လာပါတယ်။ လက်ရှိသမ္မတ လောရင့် ဘက်ဂ်ဘို (Laurent Gbagbo) အခြေစိုက် နေရာတွေကို ကုလသမဂ္ဂ တပ်တွေက တိုက်ခိုက်နေသလို သမ္မတ ဘက်ဂ်ဘိုတပ်တွေ ထိန်းချုပ်ထားနိုင်တဲ့ နေရာအချို့ကို အတိုက်အခံတွေက သိမ်းယူနိုင်ဖို့ ကြိုးစားနေပါတယ်။

အဘိုက်ဂျန် (Abidjan) မြို့တွင်းက သမ္မတအိမ်တော်၊ သမ္မတ ဘက်ဂ်ဘို နေထိုင်ရာနေရာနဲ့ ဘက်ဂ်ဘို တပ်စခန်း နှစ်ခုကို ကုလသမဂ္ဂတပ်က ရဟတ်ယာဉ်တွေနဲ့ ပစ်ခတ်ခဲ့ပါတယ်။ ကုလသမဂ္ဂရဲ့ ပန်ကြားချက်နဲ့ ဒီတိုက်ခိုက်မှုမှာ သူတို့တပ်အင်အားတွေ ပါဝင်လာရခြင်း ဖြစ်တယ်လို့ ပြင်သစ်က ပြောပါတယ်။

အရပ်သားတွေနဲ့ ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်း တပ်တွေကို မော်တာတွေ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ် အသုံးပြုတာကို ကာကွယ်ဖို့အတွက် အခုလို တိုက်ခိုက်ရတာ ဖြစ်တယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Ban Ki-moon) က ကြေညာချက် ထုတ်ပါတယ်။

ဒါ့အပြင် သမ္မတ ဘက်ဂ်ဘို တပ်တွေဟာ အဘိုက်ဂျန် ဒေသခံတွေကို သတ်ဖြတ်ပြီး ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်း တပ်တွေကို ဒဏ်ရာရအောင် တိုက်ခိုက်ခဲ့တယ်လို့ ကုလသမဂ္ဂဘက်က စွပ်စွဲပါတယ်။ လတ်တလာအားဖြင့် မစ္စတာဘက်ဂ်ဘို ဘယ်မှာရှိနေတယ်၊ သူ ဒဏ်ရာရထားတယ်ဆိုတာ မှန်သလား မှားသလား ဘာကိုမှ တုံ့ပြန်ပြောတာ မရှိသေးပါဘူး။

နိုင်ငံတကာရဲ့ အသိအမှတ်ပြု ခံထားရတဲ့ သမ္မတ အလက်ဆန်း အော့တာရာ (Alassance Ouattara) တပ်တွေဟာ တနင်္လာနေ့မှာတော့ အဘိုက်ဂျန်မြို့ကို အတင်းဝင်ရောက်ခဲ့ပါတယ်။ မစ္စတာ အော့တာရာရဲ့ ၀န်ကြီးချုပ်ဖြစ်တဲ့ ဆိုရို (Guilaume Soro) ကတော့ ဘက်ဂ်ဘိုတပ်တွေကို အပြင်းအထန်ဆုံး ထိုးစစ်ဆင်သွားမယ်လို့ ကတိပြုပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ရွေးကောက်ပွဲမှာ မစ္စတာ အော့တာရာ အနိုင်ရခဲ့ပေမဲ့ ၂၀၀၀ ခုနှစ်ကတည်းကစပြီး အာဏာယူခဲ့တဲ့ လက်ရှိသမ္မတ ဘက်ဂ်ဘိုဟာ အာဏာလွှဲပေးဖို့ ငြင်းဆန်ရင်း နောက်ပိုင်း နိုင်ငံရေးကနေ အကြမ်းဖက်မှုတွေနဲ့ စစ်ရေး တင်းမာလာခဲ့ပါတယ်။

Tuesday, April 5, 2011

ကစားပွဲ ( အပိုင်း ၂ ထပ်ရေးထားသည်)

အပိုင်း ၁

လောက ကစားပွဲ မှာ အခုတော့ ပါနေရတယ်


နဂိုက ဂိမ်းစ် ဆို သိပ်ကစားတာမဟုတ် ဂျပန်ရောက်တာ လဲ တော်တော်ကြာပါပြီ

ဒီကစားပွဲ ကတော့ နောက် အနည်းဆုံး တစ်လမကပါဘူး

မကစားချင်လဲ ရပါတယ် မြန်ပြည်ပြန်ရင်ပြန်ပေါ့ ဒါမဟုတ် နိုင်ငံတကာအလည်သွားပေါ့

တကယ်ဆို မာတီရီအန်ထရီဗီဇာ ကလည်း အဆင်သင့် စင်ကာပူသွားရင်လည်း နေစရာ အဆင်သင့်

ဒါပေမဲ့ ကမ္ဘာမှာ အကြီးဆုံး လောင်းကစားဖြစ်တဲ့ ရေနံ တူးတာတွေ စိတ်ဝင်စားလာတဲ့သူဆိုတော့ ရေနံ အင်ဂျင်နီယာ အလုပ် မလုပ်ဖြစ်တာကြာတော့

ဒီတစ်ခါ ကစားပွဲက အသက်နဲ့ လောင်းကြေးဆန်တော့ ကစားကြည့်ချင်တာနဲ့ 

တိုကျိုမှာ နေရင်း ကစားပွဲ ဝင်ပါနေတာ.....

မိုးရွာရင် ရေသောက်တာ ရေချိုးတာ သတိထားရ

အသီးအရွက် တစ်ချို့ လဲ ရှောင်နေရ နို့ တောင်မသောက်ရဲ။

အဆင်မသင့်ရင် ကင်ဆာလိုမျိုး သွေး ဆဲလ်တွေ ပျက်နိုင်တယ်။

ဒီကစားပွဲ က ဒီမှာ နေ နေ သရွေ့ ကစားရမှာ အလုပ်သွားလို့ မိုးရွာရင် မိုးရေ မထိအောင်လဲ ရှောင်ရသေးတယ်

တခုတော့ တော်သေးတယ် လင်းလိုက်မှောင်လိုက် နေရာ မှာ မကစားရတာရယ် အနီးကပ်မကစားရတာတော့ ကံကောင်းနေလေရဲ့ 

အဓိက ကစားတဲ့ သူ က အကြွေး က ထလီယံ ချီနေတော့ ဂိမ်း အိုဗာ ဖြစ်မှာ သိရဲ့သားနဲ့  ကစားနေရတာ

ဂျပန်အစိုးရကတောင် ကူညီဖို့ စဉ်းစားနေလေရဲ့  အခွန်ရငွေတွေနဲ့ ပေါ့။

အပိုင်း ၂

ကစားပွဲ အခုရက်ပိုင်း ရေဒီယိုသတ္တိကြွ ဓာတ်ပါတဲ့ ရေတွေ ယိုပြီး ပင်လယ်ထဲ စီးနေတာ ကြိုးစားပိတ်ပေမဲ့ ပိတ်မရ ဖြစ်နေလေရဲ့ .... နိုင်ငံတကာ ကို ဘယ်လိုသက်ရောက်မယ် ဆိုတာ ဂိမ်း အိုဗာ မဖြစ်ခင်သိနိုင်ရင် ကောင်းမယ်

လောလောဆယ် ရာသီဥတု ကို အနည်းငယ် သက်ရောက်တယ်လို့ ဆိုနေလေရဲ့ 

ဒီသောကြာ မိုးရွာ မှာ ဆိုတော့ သောက်ရေ တွေ ချိုးရေ တွေ လှောင်လို့ ရသလောက် လှောင်ရပေမည်။

မိုးရေကို အရေပြားကို အတတ်နိုင်ဆုံး မထိအောင် ကြိုးစား နေရပေမည်။

ကစားပွဲ ဘယ်လိုစတယ် ဘယ်လိုကြောင့် ကစားပွဲ ဖြစ်လာရတာလဲ ဆိုတော့

ကစားပွဲ ဖြစ်ရခြင်းကတော့ သက်တမ်း ၃၀ ပြည့်နေတာ ကို သက်တမ်းဆက်တိုးလိုက်တာ က နေ ကစားပွဲ ဖြစ်ဖို့ အတွက် ကနဦး အစ

ကစားပွဲ စတဲ့ နေ့ က ၂၀၁၁ ခုနှစ် မတ် လ ၁၁ ရက် နေ့  သောကြာနေ့ 

အချိန်က တော့ ၁၄ နာ၇ီ ၄၆ မိနစ်

ဖြစ်ပေါ်ရခြင်း အကြောင်းအရင်း ငလျင် လှုပ်ခတ်မှု ၈.၉ မဂ္ဂနီကျူ အမေရိကန် ငလျင်တိုင်းတာရေးကပြောတာ အဲဒီနေ့ မှာ ဂျပန် ငလျင် တိုင်းတာရေးကပြောတာ ၈.၈ မဂ္ဂနီကျူ

နောက်နှစ်ရက်လောက်မှာတော့ ဂျပန် ငလျင် တိုင်းတာရေးက လှုပ်ပြီးသား ငလျင် ကို မဂ္ဂနီကျူ ၀.၂ ထပ်တိုးပြီး ၉ မဂ္ဂနီကျူ ဆိုပြီး ပြန်ပြင်လိုက်တယ်

ကစားပွဲ မှာစပါရမဲ့ နေ့ မှာ မှတ်မှတ် ရရ အလုပ်ကနေ အပြန် လမ်းလျှောက် ပြန်ရပြီး ဖုန်းတွေ ခေါ် မရတော့ ပေမဲ့ ဖုန်းက အင်တာနက် မပြတ်တာ အံသြစရာပါ။

ကစားပွဲ ကို နိုင်ငံတကာ က စိတ်မပူရအောင် ပဲ ပြော မလား ကစား ပွဲ မှာ ဘေးပေါက် ပျော်ရွှင်မှု ပေးမလိုနဲ့  စိတ်အနှောက် အယှက် ပေးတာက

လမ်းဘေးဖုန်းနဲ့  နိုင်ငံတကာ ကို ဖရီးခေါ်နိုင်တာပါ။

လူစွမ်းကောင်းတွေက အိမ်ဖုန်းတွေ ဟမ်းဖုန်းတွေ နဲ့  အခေါ်ကောင်း လို့  ဖုန်း ဘေ ဂျပန်ယန်း ၁၀ သောင်း မြန်မာငွေ ဆယ်သိန်းကျော် ကျသွားတော့ မပေးချင်ပေးချင် နဲ့ ပေးနေရလေရဲ့  ဘယ်သူမပြု မိမိ မှုဘဲလေ

အရင်းအမြစ်က ကေဒီဒီအိုင်က ပင်လယ်ထဲက မြေအောက်ကေဘယ် ပြဿနာဖြစ်လို့  မပြင်နိုင်ခင် ဖရီးပေးသလိုဖြစ်နေတာ

လူတတ်ကြီးတွေ ဒေတာ ရီကော့ ရှိတဲ့နေရာကနေ သုံးတော့ ထိသွားတာပေါ့ ကစားပွဲမှာ ကံကောင်းမှု နဲ့  ငွေကုန်မှု တွဲထားတဲ့ ကြားဖြတ် ဝင်လာတဲ့ သုံးတတ်ရင် ကံကောင်း မှုလေ

အခုတော့ ကေဒီဒီအိုင်က ပင်လယ်ထဲက မြေအောက်ကေဘယ် ပြန်ဆက်ပြီးသွားပြီ။


(ဆက်ရေးပါမယ် ကစားပွဲက ကြာပါမယ်)(နိုင်ငံတကာပါ ပါတာနော်)

Friday, April 1, 2011

နိုင်ငံတကာ က မြန်မာအရေးဘာဖြစ်လို့ မဝင်တာလဲ။ နိုင်ငံတကာ က မလာရင်...

မြန်ပြည် ရေနံထွက်တာ ကမ္ဘာရေနံဈေးကို ဘာမှ အကျိုးသက်ရောက်မူမရှိသလို တရုတ်ကလည်း ရမှာက သဘာဝဓာတ်ငွေ့ ဆို တော့ အမေရိကန်ကလည်း သိပ်မတုန်လှုပ်တာပါတယ်။ အနောက် အုပ်စု တိုတယ်တို့ က လက်ဦးထားတာရှိနှင့်ပြီးသား ဆိုတော့ မျှဝေခံစားလို ရတာရယ်။

မြန်ပြည်တွင်းမှာ ထုတ်လုပ်မှု ကားဆို တနှစ်မှ အစီး၅၀ ကနေ ၂၀၀ လောက် နိုင်ငံတကာက တနေ့ ထုတ်တာတောင်မရှိ။

သယံဇာတ ဆိုတာကကော နေ့ တိုင်း မဟုတ်တောင် တစ်လတစ်ခါ ဘီလယံချီ ရနေတာမဟုတ်တဲ့ အပြင် ငွေသေ ဖြစ်သွားတာများပြီး

တခြား အကျိုးသက်ရောက်အောင် ထိခိုက်မှု နစ်နာမှု မပေးတော့ ။

မူးယစ်ဆေးဝါးကလည်း နိုင်ငံတကာရောက်တယ် ဆိုပေမဲ့ ကြာခံနိုင်ငံ တခုခုကနေ ပိတ်ပြီးမသိမသာ အရောက်မခံအောင်လုပ်ထားတော့ နစ်နာမှု သိပ်မရှိလို့ တွက်ထားတော့။

မြန်ပြည်ငွေကြေးကလည်း မြန်ပြည်က ကွာတာနဲ့  စက္ကူ လုံးလုံး ဖြစ်သွားတော့။ နိုင်ငံတကာမှာအရေးမပါ။

နိုင်ငံတကာ အရံငွေကြေးပိုင်ဆိုင်မှုကလည်း သိပ်မရှိဆိုတော့။

နိုင်ငံတကာက မြန်ပြည် အရေးဆို လေထိုး လေလျော် စာရွက်ထုတ် ဟိုမလာနဲ့ ဒီမလာနဲ့ တင်ပြီး ဒါတောင် ပညာရေးအကြောင်းပြပြီး အကူအညီဆို ပြီး သရေပင် အကူအညီပေး စောင့်ရှောက် ထားတော့။

နိုင်ငံတကာ က အခုလာမယ် တော်ကြာလာမယ် လာချင်မှ လာမယ် ကိုယ်ဟာ ကိုယ်လုပ်ဆိုပြီး ကြာပြီ နှစ်၂၀ တောင် ကျော်ပြီ ဘာမှ မသိတဲ့ ကလေးတောင် လူပျိုပေါက်ဖြစ် မိန်းမတောင်ရ လို့  ကလေးတောင် တနှစ်ကျော်မကတော့ဘူး မကြာဘူး အတန်းကျောင်းတတ်တော့မယ်။

နိုင်ငံတကာ ကို ကျောင်းတတ်ဖို့ ကြိုးစားရင်း နိုင်ငံတကာ ကမလာရင် သူသွားမှာပေါ့။