ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Tuesday, May 31, 2011

အိုင်ပက်စ် အိုင်ဖုန်း တို့ နဲ့  HDMI ကြိုး အသုံးပြုရာဝယ်

အိုင်ပက်စ် အိုင်ဖုန်း တို့ နဲ့  HDMI ကြိုး အသုံးပြုရာမှာ ဗီဒီယို ယူကျူ ကြည့်တာပဲ အဆင်ပြေပါသေးတယ် စမ်းနေတုန်းပါ။

ပရိုဂျက်တာ နဲ့  တွဲတဲ့ ကြိုးကတော့ သွားဝယ်တဲ့ နေ့ တုန်းကတော့ ဝယ်တဲ့နေရာမှာ ကုန်နေလို့ မစမ်းရသေးပါဘူး။

ြ့မန်မာ ရုပ်ရှင်တွေ ကြည့်ရင်မသိမသာ လေးနေတာတွေ့ ရပါတယ်။ဒါပေမဲ့ ရုပ်ပုံတွေ အထွက်ကောင်းတာကိုတွေ့ ရပါတယ်။HDMI အပေါက်ပါတဲ့ ကွန်ပျူတာထက်ပိုတောင်ကောင်းနေပါသေးတယ်။

အိုင်ဖုန်းနဲ့  ယူကျူကို တီဗီ ပေါ်မှာ ကြည့်ရတာတော်တော် ကောင်းပါတယ် ဒါပေမဲ့ တစ်ချို့ ဖော်မက်တွေ ကို အိုင်ဖုန်းက မဖတ်နိုင်တော့ ယူကျူမှာ ရှိတိုင်း အိုင်ဖုန်း ကနေ HDMI ကြိုးနဲ့ တွဲ လို့ ကြည့်ကောင်းပေမဲ့ တစ်ချို့ တစ်လေ ကြည့်မရတာကလွဲရင်ပေါ့။

အိုင်ဖုန်း ကနေ မြန်မာကား ကတော့ SAFARI မှာ fmv.mx ဆိုရင်ကြည့်လို့ ရပါတယ်။အရင်က ရေးပြီးသား ဆိုဒ်လေးပါ။မေ့သွားတဲ့သူတွေ အတွက်ပါ။

သတင်းများ သတင်းဆောင်ပါး ဆန်ဆန်ဖြစ်လာခြင်း

မြန်ပြည် ကို မြန်ပြည်သားတိုင်းကောင်းစေချင်တာပါ...

ဘာမဟုတ်ပဲ နဲ့  လူငယ်တွေ နိုင်ငံရေး အသုံးချခံ မဖြစ်စေချင်လို့ ပါ။

ငယ်ရွယ်ချိန်တွေ ကို အနားပေးရတာမျိုး မဖြစ်စေချင်လို့  သတင်းရေးရင်း ရှောင်လို့ ရတာရှောင်နိုင်အောင်လို့ ပါ။

နိုင်ငံရေး စားဖားကြီးတွေ တော်တော် များများ က ဆိုရှယ်လစ်တုန်းကလည်း သူတို့ ပဲ ဆိုရှယ်လစ် ...၁၉၈၈ ကြတော့ ဒီမိုကရေစီ ဆိုလည်း သူတို့ ပဲ

၁၉၈၈ မတိုင်ခင်ကတည်း က ၅ည ဆိုတာကို သိနေကြားနေရတော့ သူတို့ တွေ ဆိုရှယ်လစ်တုန်းက ဘာမဟုတ်တာနဲ့  အထိန်းသိမ်းခံရတာတွေ ကို သူတို့ လုပ်ခဲ့တာတွေ လူငယ်တွေ သိသင့်ပြီး

လူငယ်တွေ လုပ်ခွင့်ရှိတာတွေ ကို ကိုယ်ဟာကို ဦးဆောင်လုပ်ဆောင်နိုင်အောင်လို့ ပါ။

ဆိုရှယ်လစ်ပါတီ မဝင်လို့  တစ်ချို့ တွေ အဆင်မပြေအောင်လုပ်ခဲ့တာတွေ က မလုပ်ခဲ့သလို လူငယ်တွေ ကို အသိမပေးပဲ လုပ်မှာစိုးလို့  ဆောင်းပါးဆန်ဆန် ထည့်ရေးနေတာပါ။

မဆလ ပါတီမဝင်ခဲ့တဲ့ မိဘ နှစ်ပါး ကမွေးလာတဲ့ သူဆိုတာ ရယ် ၅ည ကို ၁၉၈၈ မတိုင်ခင်ထဲ က သိနေ ကြားနေလာတော့ အမြင်မတော်တာတွေ ထက် လူငယ်တွေ ဘဝမနစ်မွမ်း စေချင်လို့ ပါ။

လူငယ် တွေ မိမိ အခွင့်အရေးကို တရားဝင်နည်းလမ်းတွေ အသုံးချပြီး လွတ်လပ်သော အခွင့်အရေးကို ပိုင်ဆိုင်နိုင်ကြပါစေ။

မြန်မာငွေဈေး ပြန်မာလာ အစိုးရသစ်လက်ထက်တွင် ဆန္ဒပြခွင့် ပထမဆုံး တရားဝင်တောင်းဆိုခြင်း

မြန်မာငွေ ဈေး တော်တော် ပြန်မာလာပါတယ်။

စင်ကာပူ က ၆၅၀ ကျော်ကျော်လေး ပဲ ရပြီး ဂျပန်ယန်းကတော့ ယန်းတစ်သောင်းလောက်မှ မြန်မာ ငွေ တစ်သိန်းပဲ ရမှာဖြစ်နေပါတယ်။

အဓိကတော့ မြန်မာသမ္မတ ဦးသိန်းစိန်၏ သုံးရက်တာ တရုတ်ပြည် ခရီးစဉ်အတွင်း နှစ်နိုင်ငံအကြား ရထားလမ်း တည်ဆောက်ရေး အပါအ၀င် တခြား အကျိုးတူ စီးပွါးရေး လုပ်ငန်းများ ပူးတွဲလုပ်ဆောင်ရန် သဘောတူ လက်မှတ် ရေးထိုးခဲ့ကြပြီး၊ ထိုလုပ်ငန်းများအကောင်အထည်ဖေါ်ရန် အတွက် တရုတ်မှ မြန်မာကို အမေရိကန် ဒေါ်လာ ၇၆၃ သန်း ထုတ်ချေးလိုက်ကြောင်း သိရသည်။

တရုတ်လူမျိုး အင်ဂျင်နီယာ ၄ ယောက် မြန်မာပြည်ထဲမှာ ပျောက်နေပါတယ်။

တရုတ်သမ္မတ ကြီး ကိုယ်တိုင် မြန်ပြည်သမ္မတ သစ် ဦးသန်းစိန် ကို ကြိုဆိုပါတယ်။

ကမ္ဘာရွှေဈေး ပြန်တတ်လာတာတွေ့ ရပါတယ်။


မြန်မာ ပြည်တွင်း တရားဝင်ဆန္ဒပြခွင့် ကို တောင်းဆိုထားတာတွေ့ ရပါတယ်။

၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ၏ အခန်း(၈) နိုင်ငံ သား၊ နိုင်ငံသားများ၏ မူလ အခွင့်အရေးနှင့် တာဝန်များ၌ ဖော်ပြထားသော အပိုဒ် ၃၅၄ ၏ အပုဒ်ခွဲ (က)“ မိမိ၏ ယုံ ကြည်ချက်၊ ထင်မြင်ယူဆချက်များကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင်၊ ရေးသားဖြန့်ဝေခွင့်”နှင့် (ခ) “လက်နက် မပါဘဲ ငြိမ်းချမ်းစွာစုဝေးခွင့်၊ စီတန်းလှည့်လည်ခွင့်”ကို အစိုးရသစ်လက်ထက်တွင် ပထမဆုံး တရားဝင်တောင်းဆိုခြင်း ဖြစ် သည်။

တောင်းဆိုထားသူများမှာ ၂၀၁၀ လွတ်တော်ကိုယ်စားလှယ် ၄ ဦးမှာ ဦးဝင်းချို၊ ဦးမင်းအောင်၊ ဦးစိုးကြည်၊ ဦးနေမျိုးဝေ တို့ဖြစ်ပြီးရှုံးနိမ့်ခဲ့သူများလည်းဖြစ် သည်။

Sunday, May 29, 2011

မြန်ပြည်သတင်း တိုတို ထွာထွာ

အင်တာနက် ဆိုတာ ကြည့်ရုံ သက်သက်သာ ဥပဒေထုတ်သူက စာမဖတ်တတ်လို့ လား လူငယ်တွေ စာတတ်ပေတတ် ဖြစ်မှာစိုးလို့ လားမသိ သိုမှီးစရာ တွေနဲ့  အင်တာနက် မသုံးရတဲ့...

မြန်ပြည်သားတွေ သိလာတတ်လာ ရင်ဦးနှောက်ပင်ပန်းမှာ စိုးလို့ ထင်တယ်

ဟုတ်တော့ ဟုတ်သား ဘာမှမသုံးရသေးတဲ့ ဦးနှောက် က ဈေးပိုကြီး မှာကိုး...ဘာမှ သုံးကိုမသုံးရသေးတဲ့ ဦးနှောက်ပိုင်ရှင်တွေ မြန်ပြည်မှာ ကြီးစိုးနေတာဖြစ်မယ်..ဦးနှောက်ကို ဈေးကြီးကြီးရအောင် လုပ်ပေးနေတာဖြစ်မယ်...

အခုရက်ပိုင်း ဝါးရင်းတုတ်ကိုင် လူတွေ ဝင်ငွေ ဖြောင့်တော့မယ်ဆိုပဲ...

နေ့ စားတွေ ပြန်အလုပ်ရနိုင်လို့ တဲ့...

၁၉၉၀ က ပြည်သူတွေ က လုပ်ပေးပြီးပြီ...ပြည်သူတွေ ကို ဘာပြန်လုပ်ပေးမှာလဲ ကို ကြည့်နေကြတာ ပြည်သူတွေ တာဝန်ကျေပြီးပြီ...

ပြည်သူတွေ က လုပ်လို့ ရတာလုပ်ပေးပြီးပြီ...

ပြည်သူတွေ အတွက် ဘာလုပ်နေလဲ ဆိုတာကို ပဲ ပြည်သူတွေ လိုချင်တာပါ...

ကျန်းမာရေး ပညာရေး လူမှုရေး ဘာတွေ လုပ်နေလဲ ဆိုတာကို ပြည်သူတွေစောင့်နေတာ...အာဏာရမှ လုပ်မှာဆို နာရေးကူညီမှု အသင်း ကဒီလိုဖြစ်လာမှာ မဟုတ်ဖူး

ရန်သူကို မိတ်ဆွေ ဖြစ်အောင် နိုင်ငံရေး ကို အကြောင်းပြပြီး အတိုက်အခံ ဆို တာထက် လူမှုရေး ကို စနစ်တကျ အကွက်ချ နေရာ စုံမှာ လက်တွေ့ အကောင်အထည်ဖော်မှ ရမှာပါ...

လေ...တွေ စာရွက် တွေ နှစ် နှစ်ဆယ်ကျော်ပါပြီ...

ဘယ်ဒီမို ကရေစီမဆို လွယ်လွယ်မရသလို လူမှုရေး ကအခြေခံပါတယ်...လူမှုရေးအဖွဲ့ အစည်းတွေ ကို နိုင်ငံရေး အမြတ်မပါပဲ လုပ်မှ အောင်မြင်မှာပါ...

နိုင်ငံတကာနဲ့ ထိတွေ့ ဘက်ပေါင်းစုံ က ဆက်သွယ်ရေး အခွင့်အလန်းလေး နည်းနည်းကောင်းတုန်း နေရာစုံ ကို အကွက်ချစီစဉ်နေ ရင် အပြင်သွားဖို့ တောင်အချိန် မရှိသေးဘူး...

ဘယ်သူတွေ ဘယ်လိုပြောပြော မြန်ပြည်သားတိုင်း ကိုယ့်တိုင်းပြည်ကို ကောင်းစေချင်ကြတာပါ...အယူအဆမတူကွဲတာပဲ ကွာမှာပါ...

စားစရာမရှိ လို့  ဝါးရင်း တုတ်ကိုင်နေကြတာကို မကိုင်နဲ့ သွားပြော ရုံနဲ့ ဘာမှ ဖြစ်လာမှာ မဟုတ်ပါဘူး...

Saturday, May 28, 2011

တရုတ် စစ်သင်္ဘောတွေ မြန်ပြည်ရေ ပိုင်နက်မှာ လာ ကြီးစိုးတော့မှာလား...

ရေနံ ပိုက်လိုင်းအကြောင်းပြုပြီး တရုတ်စစ်သင်္ဘောတွေ မြန်မာရေပိုင်နက် ထဲမကြာမှီ ရောက်လာတော့မယ်လို့ ဖြစ်လာတော့မှ အမေရိကန် က မြန်မာ အရေး အလေးထားသရောင် လုပ်လာကြပါတယ်...

တကယ်တော့ ဘယ်နိုင်ငံ ကပဲလာလာ ဘာမှ ထူးမလာ တာ နှစ် ၂၀ကျော်ကြာပြီပဲ...

တရုတ်ကလည်း ငွေတွေ ခဏခဏပေးနေရတော့ မြန်မာက လာမှာ ကိုကြောက်နေပါပြီ။

လူတွေသာ ပြောင်းတယ် ငွေလာတောင်းတာ တော့နည်းအမျိုးမျိုးပဲ...

ဝ တွေ ကို တိုက်တော့မယ်ပြောပြီး မတိုက်သေးပဲ တရုတ်ဆီသွားငွေ ယူ အကြံယူမလိုနဲ့  သွားနေလေရဲ့ ...

တရုတ်ကလည်း စစ်အင်အားတိုးချဲ့ ချင်နေတာဆိုတော့ အတော်ပဲ ဖြစ်နေတာပေါ့...

တကယ်တော့ မြန်မာကို ထောက်ပံနိုင်သရွှေ့ ထောက်ပံပါမှ မပေးနိုင်တဲ့ တစ်နေ့ တော့ တရုတ်အမျိုးအနွယ် ဝ တွေ ကို အကြောင်းတစ်ခုခု ပြပြီးတိုက်မှာပဲ...

မသိမသာနဲ့  မူးယစ်ဆေးဝါးတွေ ကို ခွင့်ပြုထားတာ အချိန်မရွှေး တိုက်လို့ ရအောင်လို့ လေ..

ဖုန်ကျားရှင် တုန်းကလည်း ရန်ကုန်မှာ အထိ နေရာ ချဲ့ လာပြီး တော်တော်လေး အခြေထိုင်တော့မှ တိုက်တာ အကြောင်းပြချက်က လက်နက်ထုတ်တာ ဘာညာပေါ့ ...တကယ်တော့ ဒီလိုမျိုးလုပ်ဖို့ က ချက်ချင်းလုပ်လို့ ရတာမှ မဟုတ်တာ သိရဲ့ သားနဲ့ ...

အမြစ် လှန်စနစ် ကို သုံးသွားတာ..

အခုလည်း ဝ တွေ ရန်ကုန်ကို အိမ်ယာဈေးကွက် ကို ဝင်ရောက်လာတာ ခဏလွတ်ပေးအုံး မှာ...

အိမ်ကြီး အိမ်ကောင်းတွေ ဆောက်ပြီးမှ တဖြည်းဖြည်းချင်း ရင်းနှီးမြုပ်နှံ မှုတွေ ခွင့်ပြုသလိုထားမှာပါ...

အဲလို လုပ်တာ အမေရိကန် စနစ် ကို စနစ်တကျလုပ်တာပါ...

အာဖကန်နစ္စကန် ကို စမ်းချင်ရာစမ်း လုပ်ချင်တာတွေ ကုန်ခါနီးလောက်ပြီဆိုတော့မှ ဘင်လာဒင်အကြောင်းပြထားတာ ဆိုတော့ ဘင်လာဒင် အဖမ်းပြပြီး အဆုံးသတ်သရောင် လုပ်လိုက်တာပါ.။

အခုလစ်ဗျား လည်းအရင်က တရုတ်ရင်းနှီးမြုပ်နှံ မှုတွေ လုပ်ထားတော့ တဖြည်းဖြည်းချင်းတိုက်နေတာ..အီရတ်တုန်း ကလို မြန်မြန်တိုက်ရင် မကောင်းတာတွေ ချက်ချင်းပေါ်မှာ စိုးလို့ 

ဖမ်းလို့ ရရင်တောင်မဖမ်းသေးဘူး ဖြည်းဖြည်းချင်း လုပ်နေမှာ...

မြန်မာကလည်း ဘယ်နိုင်ငံနဲ့ မဆို လိုသလိုဖြည်းဖြည်းချင်း လုပ်နေတာ...ထိုင်းဆိုနယ်စပ်ပိတ်ရင်ရတယ်...

တရုတ်ဆို ဝ ကို တိုက်မယ်ပြောလိုက်...အိန္ဒိယ ဆို နယ်စပ်က အိန္ဒိယ ကို တိုက်နေတဲ့ အဖွဲ့ တွေကို ခိုလှုံခွင့်ပေး လက်နက် မသိမသာရောင်းတာနဲ့ ရတယ်...

တကယ်တော့ မြန်မာ က အမြဲတမ်း တစ်ခုမဟုတ်တစ်ခု နဲ့  လုပ်နေမှာပါ..

Thursday, May 26, 2011

လွတ်လပ်စွာ အခမဲ့ ပညာသင်ခွင့် ဒီမိုကရေစီ ဖော်ဆောင်မည် ဆိုသော် အစိုးရသစ် ခွင့်မပြုခြင်းလော..

ပညာရေး အားမပေးသော် ဒီမိုကရေစီ ဖော်ဆောင်မည် ဆိုသော် အစိုးရသစ် က အခမဲ့ ပညာသင်ကျောင်းတွေ ပိတ်အောင် အိမ် ငှားတွေ ကို စစ်ထောက်လှမ်းရေး က ဖိအားပေး မငှားဖို့  လုပ်တာတွေ့ ရတော့

မြန်ပြည်အနာဂတ် တော့ ရင်လေးစရာပါ။

စာသင်တာကို ဘာဖြစ်လို့  ပိတ်ပင်တာလဲ...ငွေ မပေးလို့ လား...ရှဥ့်လည်းလျှောက်သာ ပျားလည်းစွဲသာ အောင် တစ်ခုခု ညှိဖို့ လိုတာဖြစ်လိမ့်မယ်။

ဒါမှ မဟုတ် သမ္မတ ဦးသန်းစိန် ကဒီမိုကရေစီ ဖော်ဆောင်မယ်ပြောတာ က ပြောတာပဲဖြစ်ပြီး တစ်ဖက်က လိုက်ပိတ်တာလား...

နောက်တစ်ခု က စစ်ထောက်လှမ်းရေး က သမ္မတ ဦးသန်းစိန် အပေါ်ကလား...

တပ်ကြပ်အဆင့် စစ်ထောက်လှမ်းရေးကို သမ္မတ ဦးသန်းစိန် ကြောက် ရတယ် ဆိုရင် မြန်မာ အနာဂတ်တော့ ဘာတွေဖြစ်လာမလည်းစောင့်ကြည့် ရတော့မှာပေါ့။

ပညာရေးကိုတောင် အားမပေးတဲ့ မှတော့ ဒီမိုကရေစီနိုင်ငံ ကဝေးသထက်ဝေးနေမှာလား...

Wednesday, May 25, 2011

ပုသိမ်မြို့  ရဲ့  မြို့ အဝင် လမ်း

ပုသိမ်မြို့  အဝင်လမ်း ကတော့ ရန်ကုန်ကလာရင် ကံကုန်းနားမှာ မြောင်းမြ ကလာတဲ့ လမ်းခွဲ ရှိပါတယ် အဲဒါကနေ ကိုးဆူ၊ပေနှစ်ဆယ် ပုသိမ်မြို့ လေယာဉ်ကွင်း ကုန်းတက် ဝင်လာတာနဲ့  ဘေးမှာ ပုသိမ်မြို့  ဆရာအတတ်သင်ကျောင်း တွေ ကျော်လာ ရင် မြက်တို ကိုဝင်လာပါတယ်။

မြက်တိုကနေ ပုသိမ်ကို ဝင်ဖို့ လမ်း နှစ်ခုခွဲပါတယ် တစ်ခုကတော့ ဘုရားကြီးကုန်းလမ်းဘက်ကနေဝင်မှာ ရယ် တစ်ခုကတော့ တည့်တည့် ဆက်ဝင်လာပြီး တာလမ်းကြီးဆုံ အခုတော့ အဝိုင်းကြီးလုပ်ထားပါတယ် တူးချင်းကုန်းက လာတဲ့လမ်း ကတော့ ချောင်းသာဘက် သွားလို့ ရပါတယ်။

ပုသိမ်မြို့ ရဲ့  အရင်ကတော့ ပုသိမ်ဒီကရီ ကော်လိပ် အခုတော့ ပုသိမ်တက္ကသိုလ် ကိုလှမ်းမြင်ရမှာပါ။

ပြီးရင် ကန်သုံးဆင့် ကို ကျော်လာတာနဲ့ မိုးလေဝသဠာန ဘေးက ဓာတ်ဆီ ဆိုင် ပြီးရင် စက်တော်ရာ ဘုရားဝင်း ကိုးသိန်းဘော်လုံးကွင်း တစ်ချိန်က လူရေချွန်တွေ အားကစားစစ်တဲ့ အားကစားကွင်း၊ကျောင်းပေါင်းစုံ ဘောလုံးပွဲတွေ ကျင်းပရာနေရာပေါ့

ပြီးတာနဲ့  ဓမ္မာရုံ ကြီးကို ဖြတ်သန်းရမှာပါ အဲဒီနောက် အမှတ် ၁ အခြေခံပညာ အထက်တန်းကျောင်း နောက် အမှတ် ၂ အခြေခံ ပညာအထက်တန်းကျောင်း အမှတ် ၃ အခြေခံ ပညာအထက်တန်းကျောင်း အဲဒီရှေ့ မှာ ပုသိမ်ဆေးရုံ ဝင်းကြီး အဲဒါတွေ ပြီးရင် လွတ်လပ်ရေးကျောက်တိုင် ရှိတဲ့ ဘောလုံးကွင်း ၊ နာရီစင်ကြီးကျော်ပြီး ကုန်းတက်ပြီးတာနဲ့  ပုသိမ်ဟိုတယ် ပျဉ်ထောင် အိမ်ကြီးပေါ့။

ကုန်းဆင်းလိုက်တာနဲ့  ငဝန်နဒီထဲ ကိုယ့်မင်းကိုယ်ချင်း တံတားကနေ ဆင်းသွားလိုက်ရုံပါပဲ...

နာရီစင်ကနေ မြို့ ထဲ ဝင်သွားလို့ ရပါတယ်...မြို့ ထဲက နေ တကောင်းဘုရားဘက်သွား ရင်ရပါတယ်...

အဲဒီမှာ လမ်းခွဲ ကတော့ ရှမ်းရွာ ဘက်နေလာတဲ့ မြို့ အဝင်လမ်းပေါ့...

ကမ်းနားလမ်းဘက်မှာတော့ ဝါးယားချောင်း လမ်း ကနေ မြို့ အဝင်လမ်း ရှိပါတယ်။

ဘူတာရုံ နားကနေ လာတဲ့ ဘုရားကြီးကုန်းလမ်း ကနေ မြို့ အဝင်လမ်းလည်း ရှိပါတယ်။

ပုသိမ်မြို့ ကတော့ မီးရထားလမ်းဆုံး မြို့ လေးပါ။

မီးရထားလမ်းကတော့ ကိုးဆူ ပေနှစ်ဆယ်ကနေ မြို့ ကို ဝင်လာရမှာပါ...

မီးရထားလမ်းကတော့ အုန်းတောက ရေနံမြေဝင်း ထဲမှာ အဆုံးသတ်လမ်းဆုံးပါတယ်။

Tuesday, May 24, 2011

ငဝန်မြစ်ရိုး တလျှောက် လမ်းကလေး

ရန်ကုန် ကနေ ပုသိမ်ပြန်ရင် ငဝန်မြစ်ရိုးတစ်လျှောက်တွေ့ တဲ့ လမ်းလေး ကတော့ ကြာတော့ကြာခဲ့ပေမဲ့ မှတ်မိသမျှလေးပေါ့

ရန်ကုန်ကနေ ပုသိမ် ကို ပြန်လာရင် ပုသိမ်မြို့ စဝင်တာနဲ့  တန်တစ်ရာဆန်စက် ကနေ ရေနံ မြေဝင်း ကိုဖြတ်ပြီးသွားတာနဲ့  ဖွဲနုဆီစက် ကို ဖြတ်သန်းရပါတယ်...အဲဒီလမ်းတွေ ကို ငယ်ငယ်တုန်းကတော့ သုံးဘီးကားတွေ ဖြတ်သန်းသွားခဲ့တာပေါ့...

အဲဒါတွေ ကျော်လာတာနဲ့  ဆန်စက်တွေ ကိုဖြတ်သန်းလာ လိုက်တာ နိုင်ငံခြား ဆန်တင်သင်္ဘောတွေ အများဆုံးကပ်တဲ့ ပိုလန်ဂိုထောင်ဆီကို ရောက်လာပါတယ်။

ပြီးတာနဲ့  အမှတ် ၆ အခြေခံ ပညာအလယ်တန်းကျောင်းကို တွေ့ ရမှာပါ။
အဲဒီကျောင်းကနေ ကျော်လာရင် ပျက်အစဉ် ပြင်ခဏ ကိုပြောပြနေတဲ့ ကမ်းပြိုတဲ့နေရာ ရောက်ပါတယ်...ငယ်ငယ်လေးကတည်းက ပျက်နေတာ ပုသိမ်က ခွာလာတဲ့ အထိပေါ့...
တကယ်တော့ ပျက်အစဉ် ပြင်ခဏ က ဘယ်လောက်ပဲပျက်နေနေ ပြင်လိုက်ရင် ခဏနဲ့ ပြီးတာကိုပြောတာပါ...အဲဒီ ကမ်းပြိုကတော့ ပျက်အစဉ် ကတော့ အမြဲတမ်းကိုပြောပြီး ပြင်ရင်လည်း ခဏပဲ ပြန်ကောင်းလို့ ပါ ငဝန်မြစ် ရေညွှန့် ထိုးတဲ့နေရာပေါ့...

အဲဒီနေရာကနေ ကျော်လာရင် ပုသိမ်ကမ်းနားလမ်းတစ်လျှောက်မှာ အသည်ကြီး ရဲစခန်း ကိုကျော်လာရင် ပုသိမ်ခန်းမ အဲဒီရှေ့ မှာ

ငဝန် စားသောက်ဆိုင် ရှိခဲ့တာပေါ့...ရေဝန်ရုံး နားမှာ ရွှေမုထောဘုရားဝင်းရဲ့  အနောက်ဖက်မုဒ်ပေါ့..

အဲဒီကမ်းနားလမ်းမှာ စာသောက်ဆိုင်တန်းလေးတွေ ဆံသ ဆိုင်တွေ ရှိခဲ့တာပေါ့ ၁၉၉၀ လောက်ရောက်တော့ လူငယ်တွေ ရဲ့ နားခိုရာ ထီး သုံးလက်အောက်မှာ ဆယ်ကျော်သက်လူငယ်တွေ ဘရိတ်စ်ဒန့် ကခဲ့တဲ့ နေရာဖြစ်ခဲ့သေးတယ်...

ဗောတံတား ပေါ်ကနေ ငဝန်မြစ်ကမ်း နေဝင်ကို ကြည့်ရတာ တကယ်ကို ကြည်နှုးစရာ အေးချမ်းတဲ့ မြို့ ပုသိမ်ကို ဖော်ကျူးနေသလိုပါပဲ

အဲဒီနားမှာ သီတာဦး စားသောက်ဆိုင် နောက်တော့ ဒယ်လ်တာ အခုထပ်ပြောင်းသွားရင်တော့ မသိတော့ပါဘူး ဝေးခဲ့တာကြာခဲ့ပြီလေ...

ကိုယ့်မင်းကိုယ်ချင်း တံတားကတော့ ပုသိမ်ရန်ကုန် ကားလမ်း မပေါ်ခင် ၁၉၈၇ မတိုင်ခင်လောက်အထိ အားအထားရဆုံး တံတားကြီးပေါ့

အဲဒီကနေ ပြဇာတ်တွေ ဆပ်ကပ်တွေ နွေရာသီဆို သုံးတဲ့ ပြဇာတ်ရုံ ကြီး ပြီးရင် ဈေး ရှိခဲ့တာပေါ့ အဲဒါကနေ ထုံးဘို ကမ်းနားဓာတ်ဆီ ဆိုင်ရောက်ပါတယ်...

အဲဒါကနေ ရေတပ်စခန်းဘက်ရောက်သွားပြီး ကျော်လာရင် ကွမ်းခြံဘက်ရောက်သွားပါတယ် တစ်ခါတစ်ရံ သစ်တင်တဲ့ နိုင်ငံခြားသင်္ဘောကြီးတွေ ည ဆို လင်းထိန်နေတာပေါ့

အဲဒါကနေ စဥ့်အိုးဘိုဘက်ရောက်ပြီး ရွှေမြင်တင်ဘက် သွားတဲ့ လမ်းပေါ်ရောက်သွားပါတယ်

သွားရင်းနဲ့  မှန်ချက်စက်ရုံကြီး တွေ့ ရမှာပါ အဲဒါပြီးရင် အထပ်သားစက်ရုံ ကြီးကို တွေ့ မှာပါ...

ပြီးရင် ရွှေမြင်တင်ဘက်ရောက်နေပြီပေါ့...

အဲဒါကကျော်ရင် ချောင်းသာ သွားတဲ့ ဇက်ကူးတဲ့ ကတို့ ဆိပ်ရှိခဲ့တာပေါ့...

အခုတော့ ပုသိမ်တံတားကြီး ရှိနေပြီကိုး...

အဲဒီနေရာတွေ ကကျော်လာရင် နဂိုက ကားလမ်း အဆုံး ဝါးယားချောင်း ရှိခဲ့တာပေါ့...ပြီးရင် ကုတို့ နဲ့ ပဲသွားလို့ ရခဲ့တာ...

နောက်ပိုင်း သာပေါင်းသွားတဲ့ ကားလမ်း ဟိုဘက်ကမ်းမှာ ရှိပါတယ်...

ဝါးယားချောင်းကနေ ငဝန်မြစ်ရိုးတစ်လျှောက် လမ်းလျှောက်သွား ရင် မိနစ် ၃၀ ကျော်လောက် တစ်နာရီ နီးပါးလောက်ဆို သုံးထောင့်ချွန်း ဒါးကမြစ်နဲ့ ဆုံတဲ့နေရာရောက်သွားပါတော့တယ်....

ငဝန်မြစ်ရိုးတစ်လျှောက် သွားခဲ့သမျှ ကို ပြန်ရေးတာပါ မှတ်မိသရွေ့ လေးပေါ့.......

တကယ်တော့ ငဝန်မြစ်ရိုးတစ်လျှောက် လျှောက်ခဲ့သွားလာခဲ့တာတွေ က အေးချမ်းတဲ့နေ့ ရက်တွေ ပေါ့...

တန်တစ်ရာ ဆန်စက်ကနေ ဒါးက မြစ်နဲ့  ဆုံတဲ့ အထိကို ၁၉၉၀ မတိုင်ခင်အထိ ဖြတ်သန်းခဲ့တာ...ဘဝရဲ့ လှေကားထစ်တွေ ဖြစ်ခဲ့တာပေါ့....လူတွေ အကြောင်း ၁၆ နှစ် လောက်နဲ့ သိသင့်သလောက် ..သိလိုက်ရတာလေ...

Sunday, May 22, 2011

အမှား ကို နှစ်ကြိမ် မလုပ် မိစေတာ အကောင်းဆုံးပါ...

လူတိုင်း အမှား နဲ့  မကင်း ကြပါဘူး

အမှားမှာလည်းပျော်ဝင် နှစ်မျှော ရင်း ပျော်နေကြသူတွေ အများကြီးပါ..တကြိမ်မှားတာ သူတစ်ပါးကြောင့် ဖြစ်ခဲ့တာတွေ ရှိတတ်ပါတယ်...

နောက်တစ်ကြိမ်ထပ်မှားရင် ကိုယ်ကိုတိုင် ကပါ မှားချင်လို့ ပါ ဒါကို ကိုယ်ကိုတိုင် သတိထားနိုင်ရင် အကောင်းဆုံးပါ..

အမှားကိုလုပ်မယ်ဆိုရင်လည်း အကျိုးရလဒ်က မိမိ အတွက်သော်လည်းကောင်း အများအတွက် သော်လည်းကောင်း ဖြစ်နိုင်ချေ ကို ပြန်တွက်ကြရပါတယ်

မိမိ အတွက် လည်းမကောင်း အများကို အကျိုး မပြုရင် အမှား လုပ်တာသီးသန့် ပါ
မိမိ အတွက် တော့ မကောင်း သို့ သော် အများကို အကျိုးပြုတယ်ဆိုရင် အမှားကောင်းပါ

သို့ သော် အမှား ကို မလုပ်ခင် အမှန် တွေ ဘာတွေ လုပ်လို့ ရတာ စဉ်းစား ရပါမယ် အမှန်တွေ လုပ်လို့ ရတာတွေ မရှိသလောက် ဖြစ်ပြီး မှ အမှား ကို လုပ်ဖို့ စဉ်းစားရမှာပါ။

အမှားကို လုပ်တော့မယ်ဆိုရင်တောင် အသက်သာဆုံး အမှား ကို ပဲ လုပ်ရမှာပါ။အကျိုးမဲ့ မှုအနည်းဆုံး ကို လုပ်တာအကောင်းဆုံးပါ။

အမှန်တွေ လုပ်စရာတွေ တောင် အများကြီး ရှိတာ အဲဒါတွေ တောင် မလုပ် နိုင်သေးပဲနဲ့  အမှားလုပ်ဖို့ စဉ်းစားတာ တစ်ခုခုမှားဖို့ တွန်းအားကြောင့်လား မိမိက်ုယ်တိုင် မိမိစိတ်နဲ့ သူများကိုယ်လား...

မိမိစိတ် နဲ့ မိမိကိုယ်ဖြစ်တာအကောင်းဆုံးပါ။

တကယ်တော့ ဘေးလူက ဘေးထိုင် ဘုပြော...ဟိုပြောဒီပြောလုပ်ကြ တာ မဆန်းပါ လူ့ သဘာဝကိုး
မိမိ ကိုယ်ကို ဆန်းစစ်ရမှာပါ...

မိမိလုပ်တာ မိမိနဲ့ ဆိုင်သလို အများကို အကျိုးပြု ဖို့ သို့ မဟုတ် အများ ကို မထိခိုက်ဖို့ လည်း အရေးကြီးပါတယ်...

တကယ်တော့ လောက မှာ တသက်လုံး တစ်ခုမဟုတ်တစ်ခု လုပ်နေကြရတာပါ အမှားရှိရင်တောင် နှစ်ကြိမ် မမှားတာ ကောင်းပါလိမ့်မယ်...

Saturday, May 21, 2011

Gtalk သုံးရင် သတိထားသင့်တာတွေ ဒေတာ ဟတ်စ်ကာ အခံရများလာနေ

နိုင်ငံတကာ မှာ ဂျီတော့စ် သုံးတာတွေ ကို လွတ်လပ်တယ် ဆိုပြီး ရေးကြပြောကြ လုပ်တာတွေ အခု တစ်ချို့ ဘလောက်စ်တွေ က ဟက်စ်ပြီး သူများရဲ့  အတွင်းရေးတွေ ဖွင့်ချတာတွေ တွေ့ ရပါတယ်။

တစ်ခါက မြန်မာ အမျိုးသမီးဘလောက်စ် တစ်ခုက ရိုးရိုးသားသား ဓာတ်ပုံတင်တာကို မကောင်းတာတွေ ရေးပြီးလုပ်တာတွေ ရှိပါတယ်။

ဒါတွေ ကို သတိထားတာ အကောင်းဆုံးပါ တစ်ချို့ တွေ က အားနေကြတော့ မြန်မာ အချင်းချင်း အတင်းတွေ ရေးချင် ပြော ချင်နေကြတာပါ။

ဒါကလည်း သူတို့ ရဲ့  မွေးဖွားကြီးပြင်းရတာ ရယ် ငယ်ဘဝ ရဲ့  အရိပ် တွေ ထင်ဟပ်စေပါတယ်။

စင်ကာပူတုန်းက လူငယ်တစ်ယောက် သူဘဝ လွတ်လပ်စွာ နေခဲ့ရတာပါ ဆိုပြီး ပြောတော့ ဒါဆို မင်းသူများ ရဲ့ လွတ်လပ်မှုကို သဘောကျစရာ မလိုဘူးပေါ့....ဒါနဲ့  သူ က ဟုတ်ပါတယ် ဆိုပြီး ပြောတယ်...

ဒါနဲ့  တစ်ည ည ၁၂ နာရီကျော် အိစကုတ် ကနေ တက္ကစီ နဲ့  အပြင်က ပြန်လာတာကို သူ က ဟာ... ဒီ အချိန် မြန်မာပြည် မှာရော ဒီလို နေလို့ ရလို့ လား မေးတော့ မြန်မာပြည်မှာဆို နံနက်လင်းတဲ့ အထိ သွားလာစားသောက်ရနေတာပဲ သွားနေကြပါပြောတော့

သူက အိမ်မှာဆို ၉ နာရီ ဆို ပြန်ရောက်ရတာ ဒီမှာ အပြင်ကို ၁၀ နာရီကျော်တောင် သိပ်မထွက် ရဲသေးဘူး...

လွတ်လပ်တယ် ဆိုလို့ တဲ့ သူ က ဒီလိုပြောပြီး သူများတွေ ရဲ့  အတွင်းရေးတွေ ကို အင်တာနက်သုံးပြီး သိအောင် လုပ်တာတွေ့ တော့

မင်း က လွတ်လပ်တဲ့ အခြေအနေ က လာတဲ့ သူ မဟုတ်လို့  သူများ လွတ်လပ်မှု ကို မသိစိတ်က သိချင်နေတာလေ...
သူများတွေ ဘာတွေ လွတ်လွတ်လပ်လပ် လုပ်နေတာကို သိချင်တာ လို့ ပြောရတယ်။

ဆက်လုပ်တာ မင်းအပိုင်း မင်းအဆင့် အတန်း

မင်းဟာမင်းလုပ်ချင်လို လုပ်လို့ ရတာကို မင်းလွတ်လပ်မှု

မင်းရဲ့  ကိုယ်ကျင့်တရား ကို မင်းကို မင်းပဲ ထိန်းရမှာ ဘယ်သူမှ မင်းတန်ဖိုး ကို မြင့်ပေးလို့ မရဘူး ဒါတွေ ကို သိရင် နောက်ပိုင်း မင်းစိတ်ဓာတ် အလိုလို မြင့်လာလိမ့်မယ်...

ဘာပဲလုပ်လုပ် သတိထား နိုင်ကြပါစေ...

ကြိုးဖုန်း ၆သိန်းခွဲဖြင့် အကန့် အသတ် မရှိချပေးမည်ဟု ပြောသည်။

ကြိုးဖုန်း ၆သိန်းခွဲဖြင့် အကန့် အသတ် မရှိချပေးမည်ဟု ပြောသည်။

Thursday, May 19, 2011

အငွေ့  မစားဘူးကွ

သတင်းတွေ ရေးရင်း ဟာသ လေးတွေ ပြန်ရေးပါရစေ။
တစ်ခါက လူငယ်တွေ တစ်စု လှည်းတန်းက လက်ဖက်ရည်ဆိုင်မှာ ထိုင်ရင်း လမ်းသွားလမ်းလာများငေးမော တွေးတော စိတ်ကူးယဉ်ရေလျင်ကြော မှာ မျှော်ပါနေကြတာပေါ့...

ဒီလိုနဲ့  လူငယ်တွေ ရဲ့  အသိ အန်ကယ်ကြီးတစ် ယောက် ဖြတ်သန်းသွားတော့
ဟာ အန်ကယ်ကြီး စိတ်ပျို ကိုယ်နုအောင် ကျွန်တော်တို့ နဲ့  လက်ဖက်ရည် အတူတူသောက် ရင်း ဟိုငေး ဒီငေး လုပ်ရအောင် ခေါ်သတဲ့

ဒီတော့ မင်းတို့ ဟာက မျက်စိ အစာကျွေးနေကြတာကိုး

အေးအေး မင်းတို့ ဟာ မင်းတို့  မျက်စိ အစာပဲ စားကြ...

ငါ ကတော့ မင်းတို့ လို အငွေ့  မစားဘူးကွ။ ။

နယူကလီးယား ပလန့် ဆူနာမီ ရေမြုပ် ဓာတ်ပုံ ဖြစ်ပြီး နှစ်လကျော် မှ ထုတ်ပြန်

နယူကလီးယား ပလန့် ဆူနာမီ ရေမြုပ် ဓာတ်ပုံ ဖြစ်ပြီး နှစ်လကျော် မှ ထုတ်ပြန်ပြီး ဆူနာမီ ရေ အမြင့် ၁၅ မီတာ အထိရှိဟုပြောသည်။

Wednesday, May 18, 2011

အစိုးရ သစ် နှင့် မြန်မာပြည်

ထောင်ဒဏ် တစ်နှစ် လျော့

မြန်ပြည် အလယ်ပိုင်း ဗုံးပေါက် အသေ အပျောက်ရှိ

ဝ သို့ စစ်ရေးအရ အရေးယူမည်ပြောပြီး မလုပ်ဆောင်နိုင်ပဲ တရုတ်ပြည်သို့ ခရီးသွားရန် စီစဉ်

သတင်းစာ ရှင်းလင်းပွဲ ဆက်လက် မလုပ်ဆောင်နိုင်

သမ္မတ အကြံပေး ဦးနေဇင်လတ် က နိုင်ငံရေး အကျဉ်းသား မရှိဟု ပြော

အသက် ၂၂ နှစ် လူငယ် လူသတ်ခြင်းမရှိ မူးယစ်ဆေးဝါး မသုံးဆောင် ခိုက်ရန်ဖြစ်ပွားခြင်းမရှိ လူငယ် ထောင်ဒဏ် ၁၀၈ နှစ်ကျခံနေရသည်။

စာအုံးဆီ တင်သွင်းလိုက တန် ၃၀၀၀ တင်သွင်းနိုင်မှ တင်သွင်းခွင့်ရမည်။

စီးပွားရေး ဦးပိုင် အခွန် ကင်းလွတ်ခွင့်ပေးနေ ရသည်ဟု အခွန် ဦးစီးမှ ပြော

လာဘ်ယူအများဆုံး ၁၉ ကျောင်း ရန်ကုန်အစိုးရ ထုတ်ဖော်

မဇ္ဈိမ
ကျောင်းသားမိဘထံမှ အများဆုံး လာဘ်ယူသော ကျောင်း ၁၉ ကျောင်း အမည်အား ရန်ကုန်တိုင်းဒေသကြီး အစိုးရက အင်္ဂါနေ့ သတင်းစာရှင်းလင်းပွဲ၌ ထုတ်ဖော်ပြောကြားခဲ့သည်။

လာဘ်စားမှုအများဆုံးကျောင်း ၁၉ ကျောင်း အမည်များ
အ.ထ.က (၂) မင်္ဂလာဒုံ
အ.ထ.က (၁) ဒဂုံ
အ.ထ.က (၅) ဗိုလ်တထောင်
အ.ထ.က (၄) ဗိုလ်တထောင်
အ.ထ.က (၂)ကမာရွတ်
အ.ထ.က (၂)လသာ
အ.ထ.က (၂)ဗဟန်း
အ.ထ.က (၂)စမ်းချောင်း
အ.ထ.က (၂)ရန်ကင်း
အ.ထ.က (၂)လမ်းမတော်
အ.ထ.က (၄)အလုံ
အ.ထ.က (၂)အင်းစိန်
အ.ထ.က (၄)တာမွေ
အ.ထ.က (၅)ကမာရွတ်
အ.လ.က (၁)ပန်းပဲတန်း
အ.မ.က (၂)ကမာရွတ်
အ.မ.က (၂)ဗဟန်း
အ.မ.က (၃)ဗဟန်း
ပညာရေးတက္ကသိုလ် လေ့ကျင့်ရေး အထက်တန်းကျောင်း (T.T.C)


ဌာန ၆ ခုကိုင် ဝန်ကြီး ဗိုလ်မှူးကြီးဟောင်း ဦးဉာဏ်ထွန်းဦးနှင့် ရန်ကုန်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးခင်မောင်ထွန်းက
ပြည်လမ်းမပေါ်ရှိ တိုင်းဒေသကြီး လွှတ်တော်ရုံး၌ အင်္ဂါညနေတွင် ပြည်တွင်း မီဒီယာများနှင့် ဒုတိယအပတ်စဉ် သတင်းစာရှင်းလင်းပွဲ၌ ထိုသို့ပြောဆိုခဲ့ခြင်း ဖြစ်သည်။

ရန်ကုန်-မန္တလေးရထား ဗုံးကွဲ ၂ ဦးသေ ၇ ဦး ဒဏ်ရာရ

ရန်ကုန်မှ မန္တလေးသို့ သွားသော စာပို့ရထားတစီးပေါ်၌ ဗုဒ္ဓဟူးနေ့ ညနေ၄ နာရီခန့် တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ ခရီးသည်နှစ်ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာရသွားသည်ဟု မျက်မြင်သက်သေများက ပြောသည်။

အမှတ် ၃ အဆန် ရထားသည် မန္တလေးတိုင်း ပျဉ်းမနားခရိုင် တပ်ကုန်းမြို့နယ်အတွင်းရှိ ရွှေမြို့နှင့် ဆင်သေဘူတာအနီးတွင် ရိုးရိုးတန်းခရီးသည်တွဲ၌ ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်။

အမျိုးသား ၁ ဦး၊ အမျိုးသမီး ၁ ဦး သေဆုံးသွားပြီး ဒဏ်ရာရသူ ၇ ဦးကို တပ်ကုန်းမြို့ဆေးရုံသို့ ပို့ဆောင်လိုက်ရသည်ဟု ဆိုသည်။

Sunday, May 15, 2011

မုဒုံမြို့ ကြေးနန်းဆက်သွယ်ရေးရုံးကို လက်နက်ကိုင်တချို့ တိုက်ခိုက်မိုင်းခွဲ

မွန်ပြည်နယ် မုဒုံမြို့။ (Map: RFA)
မုဒုံမြို့ ဆက်သွယ်ရေးရုံးကို လက်နက်ကိုင်တချို့က ဒီကနေ့ မနက် ၆ နာရီကျော်လောက်က ဝင်ရောက်စီးနင်းပြီး မိုင်းခွဲ ဖျက်ဆီးလိုက်ကြတယ်လို့ သတင်း ရရှိပါတယ်။

အဲဒီ အမည်မသိ လက်နက်ကိုင်တွေနဲ့ နယ်မြေလုံခြုံရေး တပ်ဖွဲ့ဝင်တွေ အပြန်အလှန် ပစ်ခတ်ကြရာမှာ အစောင့် ရဲတပ်ဖွဲ့ဝင် တဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာ ရရှိခဲ့တယ်လို့ ရန်ကုန်-မော်လမြိုင် မော်တော်ယာဉ်လိုင်း ပိုင်ရှင်တဦးက ပြောပါတယ်။

သေဆုံးတဲ့ အရေအတွက်နဲ့ ပတ်သက်ပြီး အတည်ပြုချက် ရဖို့ ဆက်လက် စုံစမ်းနေဆဲ ဖြစ်ပါတယ်။

အချိန်အတော်ကြာ တိုက်ပွဲဖြစ်ပွားပြီးနောက်မှာ ချိန်ကိုက်မိုင်း ဝင်ကပ်သွားတာ ဖြစ်ပြီး ပေါက်ကွဲမှုကြောင့် ဆက်သွယ်ရေး အဆောက်အအုံ အပေါ်ထပ် အနောက်ဘက်ခြမ်း ပွင့်ထွက်သွားတယ်လို့လည်း သိရှိရပါတယ်။

သေနတ်သမားတွေဟာ မုဒုံ-မော်လမြိုင် လိုင်းကားတစီးပေါ်က ခရီးသည်တွေကို ရပ်တန့် ဆင်းခိုင်းပြီး အခုလို ဝင်ရောက် တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

ဒီတိုက်ခိုက်မှုကြောင့် မုဒုံမြို့နဲ့ အနီးတဝိုက်မှာ ကမ်းရိုးတန်း တယ်လီဖုန်းတွေ အဆက်အသွယ် ပြတ်တောက်သွားခဲ့တယ်လို့လည်း ဒေသခံတွေထံက သိရှိရပါတယ်။

ရေလွှမ်းမိုးမှု ကာကွယ်ဖို့ နှစ်ပေါင်း ၃၀ ကျော် အတွင်းမှာ ပထမဆုံးအကြိမ်မစ္စစ်စပီမြစ် ရေထိန်းတံခါးဖွင့်ချ

ရေလွှမ်းမိုးမှု ကာကွယ်ဖို့ မစ္စစ်စပီမြစ် ရေထိန်းတံခါးဖွင့်ချ
ဗွီအိုအေ
အမေရိကန်ပြည်ထောင်စု လူဝီစီယားနား (Louisiana) ပြည်နယ်ရဲ့ မြို့တော် ဘာတန် ၀ုရှ် (Baton Rouge) နဲ့ အဲဒီပြည်နယ်က အကြီးဆုံးမြို့ဖြစ်တဲ့ နယူး အော်လင်းစ် (New Orleans) မြို့တွေမှာ ဆိုးဆိုးရွားရွား ရေလွှမ်းမိုးမှုတွေ ဖြစ်ပွားနေတာကို လမ်းလွှဲပေးနိုင်ဖို့ ရည်ရွယ်ချက်နဲ့ အမေရိကန် စစ်ဘက်ဆိုင်ရာ အင်ဂျင်နီယာတွေက မစ္စစ်စပီ (Mississippi) မြစ်ပေါ်က ဧရာမ ရေတံခါးကြီးကို စနေနေ့ မွန်းလွဲပိုင်းက ဖွင့်ချလိုက်ပါတယ်။

ဒါဟာ မော်ဂန်ဇာ (Morganza) ရေလွှဲလမ်းကြောင်းကို နှစ်ပေါင်း ၃၀ ကျော် အတွင်းမှာ ပထမဆုံးအကြိမ် အသုံးပြုရတာ ဖြစ်ပါတယ်။

ရေတံခါးကို ဖွင့်တဲ့အခါ ဒေသခံတွေလည်း ဘေးလွတ်ရာကို ရှောင်ရှားနိုင်အောင်၊ အဲဒီဒေသမှာ ကျက်စားတဲ့ ဝက်ဝံနက်တွေလည်း ကုန်းမြင့်ပိုင်းကို ပြေးဖို့ အချိန်ရအောင် ရေတံခါးကို ဖြည်းဖြည်းချင်းနဲ့ ထိန်းချုပ်ဖွင့်ချမှာ ဖြစ်တယ်လို့ အရာရှိတွေက ပြောခဲ့ပါတယ်။

ဒါပေမဲ့ ရေဖုံးအုပ်မယ့် လမ်းကြောင်းမှာရှိတဲ့ ဒေသခံတွေကို ပြည်နယ် အုပ်ချုပ်ရေးမှူး ဘော်ဘီ ဂျင်ဒဲလ် (Bobby Jindal) က ရေတွေလာနေပြီလို့ သတိပေးထားပါတယ်။

ဒီလို ရေတံခါးကို ဖွင့်လိုက်တဲ့အတွက် ဘာတန် ၀ုရှ်နဲ့ နယူးအော်လင်းစ်မြို့တွေကို ကာကွယ်ပေးထားတဲ့ မြစ်အောက်ပိုင်းက တာတမံတွေဆီကို ရေတွေ သွားပြီး မတွန်းမိစေဖို့၊ ဒါ့အပြင် မစ္စစ်စပီမြစ် အောက်ပိုင်းတလျှောက်မှာ ရှိတဲ့ ရေနံသန့်စင်စက်ရုံတွေနဲ့ ဓာတုဗေဒစက်ရုံ အမြောက်အမြားကို အကာအကွယ် ပေးနိုင်ဖို့ အရာရှိတွေက မျှော်လင့်ထားတာပါ။

ဒါပေမဲ့ ရေလွှဲတံခါးကို ပိုပြီး ဖွင့်လိုက်တဲ့အခါ လူဝီစီယားနား ပြည်နယ်ထဲက စိုက်ပျိုးမြေဧက ထောင်ပေါင်းများစွာနဲ့ ကျေးလက်ဒေသ အိုးအိမ်တိုက်တာတွေ ရေလွှမ်းခံရနိုင်ပါတယ်။ လူပေါင်း ၂၅,၀၀၀ နဲ့ အဆောက်အဦးပေါင်း ၁၁,၀၀၀ ရေဘေးဒဏ် ခံရနိုင်ပါတယ်။

ရေလွှဲလမ်းကြောင်းထက် နိမ့်တဲ့ တချို့နေရာတွေဆို ရေအောက် ပေတော်တော်များများ နစ်မြုပ်သွားရနိုင်ပါတယ်။

ရေလွှမ်းခံရမယ့်နေရာ အတွင်းက လူတွေ အိုးအိမ် တိုက်တာတွေအတွက် အစွမ်းကုန် အကာအကွယ်ပေးဖို့ လုပ်ဆောင်ကြမယ်လို့ ပြည်နယ် အုပ်ချုပ်ရေးမှူး ဂျင်ဒဲလ်က ပြောပါတယ်။

ရေပြန်ကျတဲ့အထိ သီတင်းပတ်ပေါင်းများစွာ ဘေးလွတ်ရာကို ရှောင်ရှားနေရမယ့် ဒေသခံတွေအတွက် ကယ်ဆယ်ရေး စခန်းတွေ အလုံအလောက် စီစဉ်ပေးထားတယ်လို့ ကြက်ခြေနီက ပြောပါတယ်။

Saturday, May 14, 2011

ပုသိမ်သား ငဝန်နဒီ နဲ့  ကန်သုံးဆင့်

ကန်သာယာ လို့ ပဲခေါ်ခေါ် ကန်သုံးဆင့် လို့ ပုသိမ်သူ ပုသိမ်သားတိုင်းသိကြပါတယ်

ငယ်စဉ် ကတည်း က ညနေ ဖခင် အလုပ်စော လို့ ပဲဖြစ်ဖြစ် စနေ တနင်္ဂနွေ ညနေစောင်းပဲ ဖြစဖြစ် လမ်းလျှောက်ထွက်ဖြစ်ကြတယ်

မိသားစု စုံလင်စွာ လျှောက်ဖြစ်တဲ့ နေရာ လေးပေါ့။

အခုတော့လည်း ပြန်လိုချင်လို့ မရနိုင်တော့ပြီပဲ။ဖခင်ကတော့ ၁၉၉၆ မတ်လ ၁၅ ရက်နေ့ မှာ ထာဝရ အိပ်စက်သွားလို့ ဆိုပေမဲ့

ကျန်သူတွေ ကရောဆိုရင် နိုင်ငံတွေ တောင်ခြားနေကြပြီလေ။အစ်ကို ကဆို မြန်ပြည်မှာ၊ ညီမ က စင်ကာပူမှာ၊ အခုစာရေးနေတော့ ဂျပန်မှာ ။မိခင်လည်း မြန်ပြည်ကို ဒီနှစ်ဆန်းကမှ စင်ကာပူ ကနေပြန်သွားတာ။

ခုလို အချိန် မှာ ပြန်ဆုံဖို့ တော်တော် မလွယ်ပေမဲ့

တချိန်တုန်းကတော့ ကန်သုံးဆင့် ကို အညောင်းအညာပြေ အတူတစ်ကွ လမ်းလျှောက်ဖြစ်ခဲ့တယ်....

အတန်းနည်းနည်းရလာတော့ ပြည်ထောင်စုနေ့ တို့ ပျော်ပွဲ ရွှင်ပွဲတွေ သွားရတာပျော်စရာပါ။

လွတ်လပ်ရေးနေ့  ကတော့ အလယ်တန်းကျောင်းသားဘဝမှာ မှတ်မှတ်ရရပေါ့

ကျောင်းပေါင်းစုံ လွတ်လပ်ရေးနေ့  စာစီစာကုံး ပြိုင်ပွဲ မှာ အလယ်တန်းအဆင့် ပထမ ရတုန်းက ကန်သာယာ ဝင်းအထဲ မှာ ဆုပေးတော့ ကန်သာယာ မှာ ဆုသွား ယူရတာ တော်တော်လေး ကြည်နူးစရာပါ။

အခြေခံပညာ အထက်တန်းကျောင်းပြီးတော့ စနေ တနင်္ဂနွေ တွေ မှာ စတိတ်ရှိုးပွဲ တွေ လုပ်ပေးတာ လူငယ်ဘဝဖြတ်သန်းရတာ ပျော်စရာလေ။

ငွေကြေး မကုန်ပဲ ဖြတ်သန်းရတာ အချိန်တွေ ကျော်လာလို့  ငွေကြေးပေးပြီး ဝင်ရချိန် မှာ လည်း ကန်သာယာကြီး ကတော့ မပြောင်းလဲပါဘူး တိုးတတ်မူလေး တစ်ချို့ တစ်လေ နဲ့ ပေါ့။

ကန်ဝင်းထဲ မှာ မီးရထားလမ်းလေး တိရိစ္ဆာန် ရုံ ဝင်းလေးတွေ သစ်ပင်ပန်းမာန် တွေ ကလေးကစားစရာတွေ။ငန်းရုပ်တွေ ဆင်ထားတဲ့ ကန်အသေးလေး ဖြစ်အောင် ကျောင်းတွေ လုပ်အားပေးသွားပြီး ဖို့ ပေးရတာတွေ က ပုသိမ်သူ ပုသိမ်သားတွေ ရဲ့ စည်းရုံးမှု တွေ လုပ်အားတွေ ကန်သုံးဆင့်ထဲမှာ အမြဲ ရှိနေမှာပါ။

ကန်အပြင်မှာ ကန်ပတ်လမ်းတွေ ဖြစ်လာတာ ဝမ်းသာစရာပါ။

ပုသိမ်ကိုတောင် ၁၉၉၀ ကျော်လောက်ကတည်းက ခဏခဏ ခွာနေရတာ အခုတော့ တကယ်ကို အဝေးကြီးမှာ လေ...

တစ်ချိန်ချိန်တော့ ကန်ပတ်လမ်းလေးကို ပတ်ပြီး သစ်သားတံတားလေးပေါ် ကနေ ကန်ဝင်းထဲကို လမ်းလျှောက်ပြီးဝင်ချင်သေးတယ်...မွေးရပ်မြေ.ဇာတိမြေ အလှ က ရင်ကို အေးစေတာ ဘာနဲ့  မှ မတူဘူးဆို တာ တိုးတတ်မှုတွေ မရှိလည်း အေးမြမှု ကို ထာဝရ ရင်ကိုပေးနေမှာပါ။

အာလူး တွေ မြိုမြို ချနေရတယ်

စာရေး မလို့ မနေ့ ညက ဘယ်လို မှ မရဖြစ်နေတာ မနက် ၂ နာရီလောက်မှာ အဆင်ပြေပေမဲ့
သောကြာနေ့  ဆို နေကလည်း ညို လေပြို ချင်သူတွေ အတွက် အဖော် လိုက်ပေး ရတော့

မသောက်ချင်လည်းသောက် လိုက်ရပြန်ရော နောက် တစ်ပတ်တောင် ဆက်ရန် ရှိသေးတယ် ဆိုပဲ ငယ်ငယ်လေးတုန်း လူကြီးတွေ ကပြောတာ က စကားအရမ်း များတဲ့သူ ကို အာလူးအရမ်းဖုတ်တဲ့ သူဆိုပဲ

ဂျပန်မှာတော့ စကားလည်းပြောရအောင် ဆိုပြီး ဆိုင်ထိုင်သောက် ဖြစ်ကြတယ်။တကယ်တော့ အာလူးဖုတ်ဖို့ ဆိုင်ထိုင်တယ် ဆိုပါစို့ 

တစ်ခုတော့တော သေးတယ် မိနစ် ၉၀ အဝသောက် တို့  ဘာတို့ ရှိလို့ တောသေးတယ်။

ကြာကြာမထိုင်ရတော့ဘူးပေါ့။ဒီလိုနဲ့  သောကြာ နေ့ ဆို သောက်ဖြစ်တာတွေ များများလာတယ်။အိမ်ပြန်မရောက်ခင်တော့ အားလူးတွေ ဖုတ်ကြ ရတာပေါ့

အိမ်လည်းပြန်ရောက် ရော ဒီလောက်ဖြစ်လှတဲ့ အာလူးတွေ ချက်ပြီး ဝါးတောင်မဝါးချင်တော့ ဘူး

မြိုမြို ချလိုက်တော့တယ်။

Wednesday, May 11, 2011

နောက်ပိုင်း အစီ အစဉ်

အတွေ့  အကြုံ တွေ ရေးဖို့ ရှိပါတယ်။

အကောင်း အဆိုးတွေ ရှိမှာပါ။

စာလာဖတ်သူတွေ ကို ကြို အသိပေးတာပါ။အကျိုး မဲ့တာတွေ ပါ ပါလာမှာ ရှိရင် စာလာဖတ်သူတွေ အတွက် အချိန် နှမြောစရာ ဖြစ်မှာစိုးလို့ ကြိုပြောတာပါ။

အတွေ့ အကြုံ က ကောင်းတာကြီးပဲ ယူခဲ့လို့ မှ မရတာ။ အဆိုးလည်း မယူချင်ပေမဲ့ ယူခဲ့ရတာကိုး။

ဒါမှ လည်းပျင်းစရာမကောင်းမှာကိုး။

ပီတိ စားသုံးသော ညနေခင်း

ဒီအကြောင်း အရာလေး ကတော့ ၁၉၈၇ မတိုင်ခင်လောက်ကပါ။

ရင်ကိုထိရှ စေတဲ့ မြန်မာ့ဓလေ့ လေးကို ပြန်ရေးရတာပါ။

ဇလွန် ကို အလည်သွားတုန်းက မိုးတွင်းပိုင်း ကားလမ်းတွေက အခုလိုမရသေးတဲ့ အချိန်ပေါ့။

ဇလွန် ကနေ ဟင်္သာတ ပြန်ဖို့ သင်္ဘော စောင့်နေတဲ့ အချိန် မြစ်ရေ ကလည်း တော်တော် လေး အစီးကြမ်းတဲ့ အချိန် အခါပေါ့။

ညနေစောင်း နေညိုနေ ပြီလေ။

ညနေ အလုပ်လေးအဆင်ပြေမှ အူစိုစေမဲ့ လူတစ်ချို့ လည်း ဝမ်းစာရေး အတွက် သင်္ဘောလာ ရင် နေရာလေး အရင်ဦးပြီး ပြန်ရောင်းစားဖို့  သင်္ဘော အလာကို မျှော်နေ ကြတာပေါ့ ။

ဒီအချိန် အတော် အတွင်းမှာ ပဲ သင်္ဘော အလာ ကို တွေ့ နေ ရတော့ ဝမ်းစာရေး အတွက် အလုအယှက် တိုးဝှေ့  လှေနဲ့  ကပ်သွားကြတာပေါ့။

ဒီအချိန် မှာ မမျှော်လင့် ပဲ လှေတစ်စီး က သင်္ဘော နား အရင်ကပ်မလိုဖြစ်သွားပြီး ရေစီး အရှိန်နဲ့ မှောက် သွားလေရဲ့ 

လူတွေ အားလုံး ...ဟာ ကနဲ ဖြစ်သွားလေရဲ့ ...

ရေစီး ကလည်းမြန်ဆိုတော့ ချက်ချင်းပဲ အဝေးရောက်သွားတော့ နေရာ ဦးဖို့  သင်္ဘောပေါ်တောင် ရောက်နေတဲ့ ဘဝတူ အဖွဲ့ တွေ က ဟိုမှာ အဝေးရောက်သွားပြီ လို့ ပြောတော့ တစ်ယောက် က ဟာ...ငါလိုက်သွားမယ် နင်တို့ ပဲကြည့်လုပ်ထားလိုက်တော့ ဆိုပြီး ပြောပြီး သူလှေ ကို ဖြုတ်ပြီး လိုက်သွားတယ်။

၁၅ မိနစ်လောက် ကြာတော့ မှောက်သွားတဲ့ အထဲ ပါသွားတဲ့ သူတွေ ပြန်ခေါ်လာနို်င်တာ အဝေး ကတွေ့ လိုက်ရတယ်။

သွားကယ်တဲ့ သူတော့ အဲဒီညနေ စာ အဆင်ပြေတော့မယ် မထင်။

သင်္ဘော ပေါ်ကနေရာ ဦး လို့ ရောင်းစားလို့ ရတဲ့သူတွေ က ညကျ ရင် သူတို့ တွေ ဆီသွား လိုက်ရအောင်လို့ ပြောနေကြတယ်။

ဘယ်လိုပဲ ဖြစ်ဖြစ် သူတို့ လက်ကြီးပဲ သွားမယ် မထင် ။ အချင်းချင်း ပြန်ကယ်လို့  ရတဲ့ အချိန် မှာ ပျော်သွားတဲ့ သူတို့ မျက်နှာ တွေ ၊ သွားကယ်ရတဲ့သူ ညစာ အဆင်မပြေ ရင်တောင် သူကယ်လိုက် လို့  အသက် ရှင်လာသူအတွက် ကတော့

ညစာ ကိုပီတိ စားရင်းပြည့်နေ မှာပါ။

သင်္ဘော မလာခင်က အချင်းချင်း ရန်မဲနေသူတွေ တောင် ညကျရင် အချင်းချင်း ကူညီဖို့ သွားရင်း ပီတိ ကို အတူတူ စားသုံး ကြမှာသေချာတယ်။

အဲဒီနေ့  ကတော့ ဘေးကကြည့်တဲ့ သူတွေ တောင် အဲဒီ ပီတိ ကို မျှဝေ စားသုံး မိလိုက်ပါတယ်။

သတင်းစာ ရှင်းလင်းပွဲ လုပ်

ရန်ကုန် တိုင်းဒေသကြီး သတင်းစာ ရှင်းလင်းပွဲလုပ် နောက်လဲ အင်္ဂါနေ့ တိုင်း သတင်းစာရှင်းလင်းပွဲ လုပ် နိုင်သည်။

ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးဌာန အဖွဲ့ရဲ့ ရှေ့လုပ်ငန်းစဉ်တွေကတော့ ရေစီးရေလာ ကောင်းမွန်အောင် လုပ်မယ်၊ လမ်းပိတ်ဆို့မှုတွေ၊ ယာဉ်ကြော ပိတ်ဆို့မှုတွေကို သူတို့ ပြဿနာတွေ ရှင်းမယ်၊ နောက် ဆင်းရဲသားတွေအတွက် ကျူးကျော်အိမ်တွေ ဖျက်ပြီး တန်ဖိုးနည်း အိမ်ရာတွေ ဆောက်ပေးမယ်၊ အဲဒီစီမံကိန်းတွေတော့ ရှိတယ်လို့ ပြောသည်။

အခမ်းအနားစသည်နှင့် ဦးဉာဏ်ထွန်းဦးက ရန်ကုန်မြို့အတွင်း ရေနုတ်မြောင်းများ ပိတ်ဆို့မှု၊ စည်ကမ်းမဲ့ အမှိုက်စွန့်ပစ်မှု၊ ပလတ်စတစ် အန္တရာယ်၊ စည်းကမ်းမဲ့ ယာဉ်မောင်းနှင်မှု၊ ယခုလပိုင်းများအတွင်း လျှပ်စစ်ဓာတ်အား ပြည့်မီစွာ ရရှိနေမှု၊

ရပ်ကွက်လူထုမှ လိုလားသူကို ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖြစ် ခန့်အပ်နိုင်ခြင်းတို့ကို ပြောဆိုသွားကြောင်း သိရသည်။

ထို့နောက် ဦးဉာဏ်ထွန်းဦးက မေးခွန်းများ မေးမြန်းရန် စာနယ်ဇင်းသမားများကို စာရင်းဖြင့် ခေါ်ဆိုသော်လည်း ဦးဉာဏ်ထွန်းဦး၏ လက်ခံစာရင်းပါ စာနယ်ဇင်းသမား တဦးမျှ အဆိုပါ အခမ်းအနားသို့ တက်ရောက်ခြင်း မရှိကြောင်း၊ ထိုအခါမှ ဦးဉာဏ်ထွန်းဦးက တက်ရောက်လာသူများထဲမှ တချို့ကို မေးမြန်းခွင့် ပြုကြောင်း သိရသည်။

သတင်းထောက်များ မေးမြန်းသည့် မေးခွန်းတိုင်းကို ဝန်ကြီး ဦးဉာဏ်ထွန်းအနေဖြင့် ဖြေဆိုမည်လားဟု မေးမြန်းရာ Cross (တန်ပြန်) မေးခွန်း၊ အရောင်ပါသော မေးခွန်းများ မေးပါက အခမ်းအနား ရုပ်သိမ်းမည် ဖြစ်ကြောင်း၊ အစိုးရကို မထိခိုက်လျှင် ရေသားခွင့်ရှိသဖြင့် ဖြေကြားမည်ဖြစ်ကြောင်း ဦးဉာဏ်ထွန်းက ပြောသည်။

လာဘ်ပေးလာဘ်ယူကိစ္စနှင့် ပတ်သက်၍ သတင်းထောက်တဦး၏ မေးမြန်းချက်ကို ဦးဉာဏ်ထွန်းဦးက လာဘ်ပေးလာဘ်ယူကိစ္စများကို ချက်ချင်း အရေးမယူနိုင်သေးကြောင်း၊ အရေးယူမှုများ လုပ်လျှင် လုပ်ငန်းကျွမ်းကျင်သူမရှိဖြစ်မည်စိုး၍ သတိပေးထားကြောင်း၊ သတိပေး၍ မရလျှင် ဝန်ထမ်းအစားထိုးနိုင်ရန် စီမံနေကြောင်း ဖြေကြားသွားသည်။

နိုင်ငံတော်နှင့် အစိုးရကို မထိခိုက်လျှင် လွတ်လပ်စွာ ရေးသားနိုင်ပြီး သတင်းစိစစ်ရေးက အဆုံးအဖြတ် ပေးလိမ့်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရက ပြောဆိုလိုက်သည်။

နိုင်ငံတော်ရဲ့ လုံခြုံရေး၊ နိုင်ငံသားတွေနဲ့ ပတ်သက်လို့ ထိခိုက်မယ့် အကြောင်းအရာတွေကတော့ လုပ်ခွင့်မရှိသလို သတင်းလည်း ထုတ်ပြန်ခွင့်မရှိပါဘူး။

Monday, May 9, 2011

ကမ္ဘာ ရွာ လုပ် ရအောင် အင်တာနက် ရယ် ဖုန်းတွေရယ် သုံးပြီးတော့လေ

ဖုန်းတွေ မှာ အင်တာနက် သုံးလို့ ရတော့ တစ်ဦးနဲ့ တစ်ဦး ဖရီးခေါ်လို့ ရအောင် လုပ်လို့ ရပါပြီ။

ရေးပြီးသား အကြောင်းအရာ တွေ ပြန် ပေါင်းရေးတာပါ။

စမတ် ဖုန်း အိုင်ဖုန်း သုံးသူတွေ ဆိုရင် Tango ကို သွင်းထားရင် ဘယ် နိုင်ငံကို မဆို အချင်းချင်း ဖရီးခေါ်လို့ ရပါတယ်။

အိုင်ဖုန်း အချင်းချင်း ဆိုရင် Viber ကို သုံးပြီး နိုင်ငံ ကျော် ဖုန်း အချင်းချင်း ဖရီးခေါ်လို့ ရပါတယ်။

အိုင်ပက်စ် ၂ နဲ့  ဟမ်းစ်ဖုန်း ကို Tango နဲ့  အပြန်အလှန်ခေါ်လို့ ရပါတယ် ။ အိုင်ပက်စ် ၂ မှာ အီးမေးလ် အကောင့်တစ်ခု အချိန်မရွှေးဖွင့်ပြီး သုံးလို့ ရပါတယ်။

ဂျပန်မှာ ဆို အေယူ ဖြစ်ဖြစ် ဒိုကိုမို ဖြစ်ဖြစ် ဆော့ဘဏ် ဖြစ်ဖြစ် ဘယ်ဟမ်းစ်ဖုန်းမဆို အချင်းချင်း Tango ထည့်ထားပြီးခေါ်လို့ ရပါတယ်။

အင်တာနက် ဖုန်းတွေတောင် သိပ်သုံးစရာ မလိုတော့ပါဘူး။

ဂျီတော့ ကို ဖုန်းနဲ့  အချိန်မရွေးပြောချင် ရင် Fring ကို ထည့်ထားရင် စကားပြောလို့ ရပါတယ်။
ဒါပေမဲ့  Fring ကအမြဲတမ်း အွန်ထားရတော့ ဖုန်းဘက်ထရီတော့ နည်းနည်းစားပါတယ်။

Tango သုံးသူတွေ Viber သုံးသူတွေ ကတော့ အွန်ထားစရာ မလိုပါဘူး။ရိုးရိုး ဖုန်းမြည်သလိုမြည်ပြီး သုံးလို့ ရပါတယ်။

Sunday, May 8, 2011

အဝေးရောက် မြန်ပြည် ကလေးငယ် အတွေးသစ်

နိုင်ငံခြား ရောက် ကလေးငယ် တစ်ချို့ ရဲ့ မြန်မာ စကား ကြိုးစားပြောတာကို သူတို့  အဆင်ပြေ သလိုတွေး ပြီး ပြောလိုက်လုပ်လိုက်တာကို ရေးမှာပါ။

မြန်မာကလေး ငယ်တွေ တတ်နိုင်သရွေ့  မြန်မာလို ကြိုးစားတွေးခေါ် ပြော တာ ဂုဏ်ယူစရာပါ။

ကလေးတွေ ရဲ့  အတွေးသစ် အလုပ်သစ်လေးတွေ နဲ့ ပေါ့

ကျောင်းတွေ တတ်ရ စာတွေ ကျက်ရ စကားက အင်္ဂလိပ်လို ပဲ များများပြော ရဆိုတော့ စာတွေကျက်ရင်း သူကပြော လိုက်တယ်...

" ဟာ ဒီစာ တွေ ကလည်း အရမ်းမာ တာပဲ "....

အဲဒါ က အတန်းကျောင်းတတ်နေ တဲ့ ကလေး က " Hard " ကို တိုက်ရိုက် ပြန်လိုက်တာ...စာတွေ မာ ကုန်ပြီ ဆိုပဲ....

နောက်တစ်ယောက် သူ မိခင်နဲ့  ဈေးလိုက်သွား ရင်း လူများကြားမှာ ပြောလို့  သိပ်မရ တော့ သူ့ မိခင် က

အိမ်ရောက် ရင် နင် ကို "ကြိမ်စာ " ကျွေး မယ် ဆိုပြီးပြော လိုက်တယ် တဲ့

အဲဒီကလေး ကတော့ သူ့ အမေ စကား ကို မှတ်ထားလိုက်ပြီး။

အိမ်လဲရောက် ရော ရေခဲသေတ္တာ ရှိတဲ့ ဆီသွားပြီး "ကြိမ်စာ " ရှာ တော့ မတွေ့ တော့

သူ့ မိခင် ကို " အမေ ပြောတဲ့ ကြိမ်စာ ရေခဲသေတ္တာ ထဲမှာလည်း မရှိဘူး အမေညာတာပဲ "ဆို လိုက်တယ်တဲ့။

သူ့ မိခင်လည်း ကြိမ်စာ ကို ရေခဲသေတ္တာ ထဲ ဘယ်လိုထည့်ရမှာလည်း စဉ်းစား ရမလို ဖြစ်သွားလေရဲ့ ။

သူ့ မိခင်လဲ ဘယ်ရိုက်ရက်တော့ မှာလဲဗျာ။

နောက်တစ်ယောက် တော်တော် ဆော့တဲ့ ကလေး အဖော်တွေ စုံတော့ ဆော့ရင်း မော လာပြီးအိမ် ပြန်ခါ နီးတော့

သူ့ မိခင် ကို ချီခိုင်းသတဲ့

သူ့ မိခင် က ဘာဖြစ်လို့ ချီရမှာ လည်း ဆော့တုန်းက ဆော့ပြီးတော့ မရဘူး ကိုယ့်ဟာ ကိုယ် လမ်းလျှောက် ပြန်ရမယ်ပြောတော့

" ကျွန်တော် လမ်းမလျှောက် နိုင်တော့ ဘူး ကျွန်တော့် ခြေထောက် တွေ မူးနေပြီ"

အဲဒါနဲ့  သူ့ မိခင် က ဟဲ့ ညောင်းတာ ဟုတ်ဖူးလား ဆို တော့ ကလေးကမသိတော့ ကျွန်တော့် ခြေထောက် တွေ မူးနေပြီဗျာ ချီပါတော့ ဆိုပြီး

သူ့ မိခင် ချီလိုက်ရတော့တယ်။

(အထက်ပါ အပြော အဆို များ မူပိုင် သူများမှာ စင်ကာပူ မှ ကလေး နှစ်ယောက် ဂျပန် မှ ကလေး တစ်ယောက် ၏ အသုံး အနှုန်း များသာ မှားယွင်း မှုအနည်းငယ် ရှိပါ ရေးသားသူ ကျွန်တော် အမှားပါ)....ကလေးများ၏ မူပိုင်ခွင့် အရ ကူးယူဖော်ပြ နိုင်သော်လည်း ပြန်လည် လှောင်ပြောင် ရေးသားခြင်း ခွင့်မပြုပါ ...

Saturday, May 7, 2011

ကျက်သရေ ကြော်စားလိုက်တော့တယ်

မနေ့ က အလုပ်ကနေ ညနေ စားသောက်ပွဲ ရှိတော့ မကောင်းတတ်တော့ လိုက်ရတယ်။

လူတိုင်းကိုခေါ်တာလည်းမဟုတ် နောက်ပြီး သောက်ရတာတွေ ပါလာရော။

တကယ်တော့ နဂို မြန်မာပြည်မှာ ရှိတုန်းက သောက်ပါတယ်။မနက် ၁၀ လောက်ကနေ ည ၁၂ ရီ အထိလောက်ပဲ သောက်တတ်တာပါ။

မသောက်တတ် တဲ့သူကို သောက်ဖို့  ဘယ်တော့မှ မတိုက်တွန်းသလို မသောက်ချင်သူကိုလည်း သောက်ဖို့ မတိုက်တွန်းပါဘူး။

အခုတော့ အလုပ်က လူတွေနဲ့ ဆိုတော့ လူမူရေးအရ မကောင်းတတ်လို့ သောက်ရပြန်ရော။

တကယ်တော့ သူတို့ က သောက်ပဲသောက်တာ လွတ်လပ်မှုကို မရှိတဲ့ သောက်တာဆိုတော့ မသောက်ချင်တာလဲပါတယ်။သောက်မယ့်သောက် ရင် တစ်ဆိုင်ပြီးတစ်ဆိုင်ပြောင်းသောက်ပေါ့ မိုးအလင်း သောက် တစ်ဝ ကြီးသောက် ပေါ့

ဒီမှာ က ဟိုမရောက် ဒီမရောက်သောက် ပြီး ရင် အ နှိပ်ခန်းပဲရှိတာ ခေါင်းလျှော်ခန်းက မရှိ ဆောင်အိုနား သွားဖို့ ရှိတာ အဲဒါတွေ ကြတော့လဲ မဆက် ကြဆိုတော့

သောက် ကို မသောက်ချင်တော့တာ မြန်ပြည်မှာ ထဲက တ ဝ သောက်လာလို့ လား မသိ သောက် ကို မသောက်ချင်တော့တာ။

ဆေးလိပ်ဆိုလဲ မသောက်ချင်တော့ အရက် ဘီယာ ဆိုလဲ မသောက်ချင်တော့

မနေ့ ည ကတော့ မကောင်းတတ်တော့ သောက်လိုက် ရတော့ တကယ့်ကို ကျက်သရေ မရှိလိုက်တာ။

အဲဒီကျက်သရေ မရှိတာ မဖြစ်ရအောင် မူးမူးနဲ့  အိမ်ရောက် တော့ ဒါလောက်ဖြစ်လှတဲ့ ကျက်သရေ ကြော်စား ပစ်လိုက်တယ်။
ကျွတ်ကျွတ်နဲ့  စားကောင်းလိုက်တာ။

နောက်တစ်ခါ ဆို အချဉ်ရေ သံပရာရေ ညစ်ပြီး သုတ်စားလိုက်တော့မယ်။

အယ်လ်ကေဒါ အကြမ်းဖက် အဖွဲ့ ခေါင်းဆောင် အိုစမာ ဘင်လာဒင် ကိုယ်ရေးအကျဉ်း

အိုစမာဘင်လာဒင်ကို

၁၉၅၇ ခုနှစ် တွင် ချမ်းသာသော မိသားစု မှ ဆော်ဒီအာရေးဗီးယား နိုင်ငံ ရီယတ် မြို့ တွင် မွေးဖွားခဲ့သည်။

မွေးချင်းဒါဇင်ပေါင်း များစွာတွင် ခုနှစ်ယောက်မြောက် သားဖြစ်သည်။

၁၉၇၀ တွင် သူ၏ ဖခင် ကွယ်လွန်ခဲ့သည်။

၁၉၇၄ တွင် ဆွေမျိုးတော်စပ် သူ တစ်ဦး နှင့်လက်ထပ်ခဲ့သည်။

၁၉၇၆ တွင် ဆော်ဒီအာရေဗျ နိုင်ငံ ဂျီဒတ် မြို့ ရှိ King Abdul-Aziz တွင် စီးပွားရေး နှင့် စီမံခန့် ခွဲမှုပညာ သင်ယူခဲ့သည်။

၁၉၈၄ အာဖဂန်နစ္စတန် နိုင်ငံ ရှိ ဆိုဗီယက်တပ်များကို ပြန်လည်တိုက်ထုတ်သော အာရပ်တပ်ဖွဲ့  များကို ထောက်ပံရန် ပါကစ္စတန် ပက်ရှ်ဝါမြို့  သို့ သွားရောက် ခဲ့ ။
ထို့ နောက် ဆောဒီအာရေဗျ၊အာဖဂန်နစ္စတန် နှင့် ဆူဒန် နိုင်ငံတို့ တွင် လှည့်လည် နေထိုင်သည်။

၁၉၈၈ တွင် အာဖဂန်နစ္စ ကန်တွင် အယ်ကေဒါ အဖွဲ့ ကို တည်ထောင်သည်။ထိုအဖွဲ့ သည် အမေရိကန်၊အစ္စရေး နှင့် ၄င်းကောင်းတို့ ၏ မဟာမိတ်များကို ဆန့် ကျင်သော အစွန်းရောက် မွတ်ဆလင် အကြမ်းဖက် အဖွဲ့ ဖြစ်သည်။

၁၉၉၃ တွင် ၄င်း၏ မိသားစုပိုင်ကုမ္ပဏီ က အိုစမာဘင်လာဒင်၏ ရှယ်ယာများကိုထုတ်ပစ်ခဲ့သည်။

၁၉၉၄ တွင် ဆော်ဒီအာရေဗျ နိုင်ငံက အိုစမာ ဘင်လာဒင် ကို နိုင်ငံသားအဖြစ်မှ ပယ်ဖျက်ခဲ့သည်။

၁၉၉၅ တွင် ဆော်ဒီအာရေဗျ

၁၉၉၈ တွင် ကင်ညာ နှင့်တန်ဇန်းနီးယား

၂၀၀၀ တွင် ယီမင် တို့ တွင်ကားဗုံးခွဲ ခြင်း အကြမ်းဖက်မှုများ ပြုလုပ်ခဲ့သည်။

၂၀၀၁ စက်တင်ဘာ ၁၁ ရက် တွင် အမေရိကန်ပြည်ထောင်စု ကမ္ဘာ့ ကုန်သွယ်ရေး အမြွှာ မျှော်စင် နှစ်ခုကို ခရီးသည်လေယာဉ် နှစ်စီးဖြင့် ဝင်တိုက်ခဲ့သည်။လူ ၃၀၀၀ နီးပါးသေဆုံးခဲ့သည်။

၂၀၀၁ ဒီဇင်ဘာလ အမေရိကန်ထောက်ပံပေးသော တာလီဘန် ဆန့် ကျင်သော အဖွဲ့ များက အာဖဂန် နစ္စတန် ရှိ တိုရာဘိုရာ တောင်တန်းများရှိ အိုစမာဘင်လာဒင် ဌာနချုပ် ကို ဝင်ရောက် စီးနင်းခဲ့သည် ။

၂၀၀၂ စက်တင်ဘာ ဘင်လာဒင် အသံသွင်းခွေ ထွက်ပေါ်လာသည်။

၂၀၀၂ နိုဝင်ဘာ တွင် ကင်ညာနိုင်ငံ Mombasa မြို့ ရှိ Paradise အပန်းဖြေ ဟိုတယ်ကို အကြမ်းဖက်တိုက်ခိုက်ခဲ့သည်။

၂၀၁၁ မေ ၁ ရက် တွင် ပါကစ္စတန် တွင် အယ်လ်ကိုင်ဒါ အကြမ်းဖက်ခေါင်းဆောင် အိုစမာဘင်လာဒင် ကို အသေဖမ်းမိခဲ့ကြောင်း အမေရိကန်သမ္မတ အိုဘားမား ပြောကြားလိုက်သည်။

Guardian..

Friday, May 6, 2011

စည်း နဲ့ ဝါး

တကယ် တော့ စည်း နဲ့ ဝါး က အတိုင် အဖေါက်ညီ တီးခတ်မှ ကောင်းတာပါ။

တရက် က အခွင့်ထူးခံ လွတ်တော် အမတ်အကြောင်းရေးတာ သူတို့ ရဲ့  အခွင့် အရေးကို ရစေချင်ပါတယ် ဒါပေမဲ့  လွတ်တော် အမတ် အားလုံး ရစေချင်တာပါ

ဒါမှ လည်း မြန်မာပြည်သားတွေ ပါ တန်းတူ အခွင့်အရေးတွေ တဖြည်းဖြည်း ရလာစေမှာပါ။

သူတို့ တွေကိုယ်တိုင်အဆင်မပြေရင် တစ်ခြားသူကို ထင်သလောက် ဘယ်ကူညီလို့ ရမှာလဲ။

နောက်တော့ သူတို့ ကိုယ်ရေးကိုယ်တာမေးပြီး ပြဿနာ ရှာ သတင်းလွင့်တာ တွေ့ ရတော့ စိတ်မကောင်း ဖြစ်ရတယ် ။

နောက်ဆုံးတော့ ကိုယ်ရေးကိုယ်တာ ထိသွားတဲ့ လူတွေ ခံလိုက်ရတယ် ဒီမိုကရေစီ လိုချင်သူ တွေ မဟုတ်ပဲ ပြဿနာရှာသူ များနေတာပါပဲ။

စည်းတစ်ခြား၊ ဝါးတစ်ခြား ဒီမိုကရေစီ ပဲ ရတော့မှာပေါ့။

အက်ပယ်စ် သုံးသူ တွေ အပ်ဒိပ်စ် လုပ်ဖို့ လိုလာပြီ...

အခုရက်ပိုင်း အိုင်ဖုန်း သုံးရတာ တချို့  ဟာတွေ အဆင်မပြေ ဖြစ်လာတာတွေ့ ရတော့ ဒီနေ့  သတင်းဖြစ် မှ အပ်ဒိပ်စ် မလုပ်ရင် အခက်အခဲ ဖြစ် မဲ့ အနှောင့်အယှက် ဆန်ဆန် ရှိ သလို ဖြစ်လာ မှာ သတိပေးသလို ဖြစ်လာပါတယ်။

တကယ် တော့ အပ်ဒိပ် သိပ် မလုပ်ဖြစ် တာ လုပ်ပြီ ဆိုရင် ကြာတာရယ် တချို့  မှတ်ထားတဲ့ ဖုန်းနံပါတ်တွေ ပျောက်ကုန်တာတွေ ဖြစ် လို့  မလုပ်ဖြစ်တာ မပျောက်ချင်လို့  လုပ်ရင်လည်း ဖုန်း နံပါတ်တွေ ထပ်ကုန်တာ ဖြစ်လွန်း လို့ တကယ် တော့ အပ်ဒိပ်လုပ် တာနဲ့  ဒေတာ တချို့  သူတို့ စုဆောင်းတာပါ။

ဆိုနီက ပြဿနာ ဖြစ်ထားတော့ အက်ပယ်စ်လဲ ကြောက်လာတာဖြစ်လိမ့်မယ်။

ခရက်စ်ဒစ် ကဒ် သုံးသူတွေ သတိထားတာတော့ မမှားဘူးနော်။

အရင်က အင်တာနက် ဖုန်း ပိုက်ဆံထည့်တာ SMBC ဘဏ် ကနေ အွန်လိုင်းနဲ့ ထည့်ရတာ အဆင်ပြေတယ်။
အခုတော့ UFJ ဘဏ် ကနေ ထည့် ရမှာ ဖြစ်ပြီး ပိုက်ဆံ များလွန်းအားကြီးရင် ပြန် မအမ်းတဲ့ အပြင် အသိမ်းခံရမှာတွေ ဖြစ်လာတယ်။

ပေးပယ်စ် အကောင့် ကို လည်း ဝက်စ်ဆိုဒ် တခုကနေ ခရက်စ်ဒစ် ကဒ် အကောင့် ကို ရောပဲ ထိန်းချုပ်လာတယ်။

အဲဒါကို ထဲထဲဝင်ဝင် လိုက်တော့ လိပ်စာတို့  အရေးကြီးတာတွေ ဖျောက်ထားတာတွေ့ ရတယ်။

အရာရာ သတိ ရှိဖို့  အတွက် အက်စ်ပယ် ကို အကြောင်းပြပြီး သိတာ ကို ဝေမျှတာပါ။

Thursday, May 5, 2011

သတင်း အဟောင်းပါ သို့ သော်...

နယူကလီးယား ပလန့် ပြဿနာ အကြောင်း မသိမသာပျောက်နေတာကြာပါပြီ။

နယူကလီးယား ပညာရှင်တစ်ယောက် နူတ်ထွက်သွားပါတယ် အန္တရာယ်ရှိတာကို သိနေတော့ ကလေးတွေ ကို ပါ အန္တရာယ် ရှိ တာ ပြောပေးဖို့  ပိတ်ပင်ခံ ရတာကို အသိပေးချင်တာ အသိပေးခွင့် မရလို့ နူတ်ထွက်သွားတာပါ။

ဒါကို တော်တော် များများ မသိသလို မတင်ပဲထားတာတွေ့ ရပါတယ်။

ကလေးတွေ အတွက် ဘယ်နေရာတွေ အန္တရာယ် ရှိတာကို သိနေတဲ့ ပညာရှင်က သူဘာမှ လုပ်မပေးနိုင်လို့ နူတ်ထွက်သွားရတာပါ။

တခါတရံ သတင်းတွေ အမှောင်ချ ခံနေရပါတယ်။သိသလောက် လေးတင်ပေးတာပါ။

Wednesday, May 4, 2011

ipad 2 ကို နိုင်ငံတကာ မိုဘိုင်း ဖုန်းတွေ နဲ့  ဖရီး ဖုန်းခေါ်လို့ ရပြီ

အိုင်ပက် ၂ ကို အင်တာနက် ဖုန်းထည့်ပြီးခေါ်လို့ ရတာ ကြာပါပြီ Viber သုံးပြီး ခေါ် ရင် ရသော်လည်း ဖုန်းမှာ သုံးနေတဲ့ ဟာကို ရပ်လိုက်ရပြီးမှ အိုင်ပက် ၂ မှာ သုံးလို့ ရတာပါ။

အက်စ်ရင်း နဲ့ ခေါ်လို့ ရပေမဲ့ ဖုန်းမှာ အက်စ်ရင်းကို ပိတ်ထားလို့ မရပါဘူး။ပိတ်ထားလိုက်ရင် တဖက်နက်တဖက်ခေါ်မရတော့ပါဘူး။
အက်စ်ရင်း အကောင့်လည်း သိဖို့ လိုပါတယ်။

အခုတော့ ဖုန်း နံပါတ်တွေ ရှိပြီးသား ဖြစ်ပြီး ဘယ်ဖုန်းတွေကို ဖရီးခေါ်လို့ ရတာကိုပါသိမှာပါ။ဖုန်းထဲမှာ အဲဒီဂတ်စ်ကတ်ကို ပိတ်ထားလည်း ရင်းမြည်ပါတယ်။ ရိုးရိုး ဖုန်းခေါ်သလိုပါပဲ။

အဲဒီကတော့ Tango ကို ဖုန်းထဲ မှာရော အိုင်ပက်စ် ၂ မှာရော ထည့်ထားရင် ခေါ်ရတာ အဆင်ပြေပါတယ်။ 3G နက်ဝပ် နဲ့ လည်းခေါ်လို့ ရတာပါ။

ဒါကို စမ်းသပ်ပြီးမှ တင်တာပါ နောက်ကျတာ ဖြစ်ကောင်းဖြစ်နေမှာပါ။ဗီဒီယို ပါပြောလို့ ရတဲ့ အိုင်ပက်စ် ၂ နဲ့ အခုမှ စမ်းဖြစ်လို့ ပါ။

သတိပေးချင်တာက နည်းပညာ အသစ်သစ်တို့ ပေါ်လာသော်လည်း ရှိတဲ့နည်းပညာတွေ အပိတ်ခံရတာတို့  အနှောင့်အယှက် အပေးခံ ရတာတို့ ရှိတတ်ပါတယ်။

အိုင်ဖုန်း နဲ့  အိမ်ထဲကို ဘယ်ကိုရောက်နေနေ စစ်လို့ ရတာ စစချင်းသုံးလို့ ရပေမဲ့ နောက်ပိုင်း ပြန်ပိတ်သွားပါတယ် ။

အခုတော့ ပြန်သုံးလို့ ရနေပြန်ပါပြီ။

အင်တာနက် ကို မိမိငွေကြေးသက်သာအောင် အသုံးချနိုင်စေရန် အတွက်သာ ရည်ရွယ်ပါသည်။

နောက်ကျ နေလျှင်လည်း နားလည် နိုင်ကြပါစေ။

တစ်ချို့ သည် သိသော် လည်း သူတစ်ပါးအား ပြောပြရန် ဝန်လေးပြီး မိမိ အတွက်သာဖြစ်သူများရှိသည် အတွက် ဒီပိုစ့် ကိုတင်တာပါ။

Tuesday, May 3, 2011

နည်းပညာ သုံးရင်း သူခိုးဖြစ် သွားသူ များ

အခု တိုးတတ်သောခေတ် မှာ နည်းပညာ တတ်လာတော့ သူများ အကြောင်းအရာ သိချင် လာတာတွေ နည်းပညာ စမ်းသပ် ချင်တာတွေ လုပ်ရင်းနဲ့  အလိုလို သူခိုး ဖြစ်မှန်းမသိ ဖြစ် လာ တာကို အကောင်း လို့ ထင်လာကြတယ်။

အခုတော့ ဆိုနီ ဂိမ်း ကစားရင်း အကြွေးဝယ် ကဒ်တွေ ဘဏ် ကဒ်တွေ ခိုးလာ လို့  ဆိုနီ က ရဲ နဲ့ ပြဿနာ ဖြေရှင်းဖို့ ကြိုးစားနေပါတယ်။

ကိုရီးယား ကတော့ ဂူဂယ်လ် ကို ကိုရီးယား ရဲတွေ ဝင်စီးပြီး ဒေတာခိုးယူတာ လုပ်တာမလုပ်တာ ဝင်စစ်လေရဲ့ ။

ဒီလိုဆိုတော့ မြန်မာပြည် က သူများဒေတာတွေ ခိုးတာတွေ ယူတာတွေ လုပ်နေတာက အစိုးရ ကိုယ်တိုင်လုပ်နေတော့ ဘယ်သူက အရေးယူလို့ မရတဲ့ အပြင် အဲလို ခိုးတာကို က တရားဝင် ခိုး တာ အသိအမှတ်ပြုသလို ဖြစ်နေတော့ စိတ်မကောင်းစရာပါ။

ရွှေရတုမှတ်တမ်း ....http://www.penai22.blogspot.com/....စာရေးသူ ကို ကြီးကျောက် တစ်ယောက် ကောင်းရာ သုဂတိ လားပါစေ။

ရွှေရတုမှတ်တမ်း....


ဒီနေရာလေးမှာ ကိုကြီးကျောက်ရဲ့ ပိုဒ့်တွေ

စာရေးသူ ကို ကြီးကျောက် တစ်ယောက် ကောင်းရာ သုဂတိ လားပါစေ။

ကိုကြီးကျောက် ကို ကျွန်တော် မရင်းနှီး မသိပါဘူး ဒါပေမဲ့  သူစာတွေ ကို တခါတရံ ဖတ်မိပါတယ်။

သူ့ အရေးအသား သူ့ အယူအဆ တွေ ကို သတိထားမိပါတယ် ။

အများ စာရေးသူလို မဟုတ်ပါဘူး သူကောင်းမယ်ထင်တာ သူ ရေးချင်တာတွေ ကို မိမိရရ ရေးပြတာတွေ ဖတ်ခဲ့ရတာတွေ အတွက် ကျေးဇူးတင် ရပါတယ် ။

ကိုကြီးကျောက် တစ်ယောက် အခြေအနေ ဆိုးလာ တာ ကျန်းမာရေး မကောင်းတာ သိပေမဲ့ ဒီလောက် ဖြစ်မယ် မထင်ဘူး

ရသလောက်စာရေးတင်သွားတာက ကိုကြီးကျောက် ရဲ့  စိတ်ကို လေးစားလျှက်...

ကိုကြီးကျောက် တစ်ယောက် ကောင်းရာ သုဂတိလားပါစေ။

ငဝန် နဒီ

အစိုးရသစ် ဒီမိုကရေစီ စနစ်သစ် အခွင့်ထူးခံ လွတ်တော် ကိုယ်စားလှယ် ၁၂ ဦး

ကြံ့ခိုင်ရေး ပါတီ ကိုယ်စားလှယ် ၉ ဦး၊
ရခိုင် အမျိုးသမီး ကိုယ်စားလှယ် ၁ ဦး၊
လသာမြို့ နယ် လွတ်တော် ကိုယ်စားလှယ် ဦးကြည်မြင့်၊
အမျိုးသား ဒီမိုကရေစီ အင်အားစု မှ သင်္ကန်းကျွန်းကိုယ်စားလှယ် ဦးသန်းညွန့် 

အဆိုပါ ၁၂ ဦး က အစိုးရသစ် လက်ထက် ဒီမို ကရေစီ အခွင့်ထူးခံ စနစ်သစ် အရ စက်မှု ၂ ထုတ် မီနီ ကား အား ထုတ်ဈေး ၅၅ သိန်းဖြင့် ဝယ်ယူခွင့် ရရှိသည်။

မြန်ပြည် အစိုးရသစ် ဒီမိုကရေစီ အခွင့် အရေးသစ် စတင်ဖော်ဆောင်လိုက်သည်။

မြန်ပြည် နေထိုင်သူ ပြည်သူ များအား ရရှိမည့် ဒီမိုကရေစီ သစ် အား အခမဲ့ နာရေး အခမဲ့ စာသင်ကျောင်း များ အနှောင့် အယှက် ကင်းစွာ လွတ်လပ်စွာ ဆောက်လုပ် နိုင်ကြပါစေ။

ဘင်လာဒင် ကို ပါကစ္စတန်နိုင်ငံ အစ္စလမ္မာဘတ် (Islamabad) မြို့ မြောက်ဘက်မှာရှိတဲ့ အဘော့တဘတ် (Abbotabad) မြို့ထဲက ခြံဝန်းတခုအပေါ် အမေရိကန် အသေဖမ်းဆီးရမိ



ဗွီအိုအေ
ဓာတ်ပုံ AP
၁၉၉၈ ခုနှစ်က အာဖဂနစ္စတန်နိုင်ငံ တနေရာမှ အိုစမာ ဘင်လာဒင် မိန့်ခွန်းပြောကြားစဉ်။
ကမ္ဘာပေါ်မှာ အလိုအရှိဆုံး အကြမ်းဖက်သမား အယ်လ်ခိုင်းဒါး (al Qaeda) အဖွဲ့ခေါင်းဆောင် အိုစမာ ဘင်လာဒင် (Osama bin Laden) သေဆုံးသွားပြီလို့ အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) က ကြေညာလိုက်ပါတယ်။

ပါကစ္စတန်နိုင်ငံ အစ္စလမ္မာဘတ် (Islamabad) မြို့ မြောက်ဘက်မှာရှိတဲ့ အဘော့တဘတ် (Abbotabad) မြို့ထဲက ခြံဝန်းတခုအပေါ် အမေရိကန် အထူးတပ်ဖွဲ့ အနည်းငယ်က ပစ်မှတ်ထား ဝင်ရောက် တိုက်ခိုက်ခဲ့တာလို့ သမ္မတက အိမ်ဖြူတော်ကနေ တနင်္ဂနွေနေ့ ညဘက်မှာ တနိုင်ငံလုံးကို ရုပ်မြင်သံကြားပေါ်ကနေ မိန့်ခွန်းပြော အသိပေးခဲ့တာ ဖြစ်ပါတယ်။

ဘင်လာဒင် ဟုတ်မဟုတ် သေချာအောင် နည်းလမ်း အတော်များများ အသုံးပြု စစ်ဆေးခဲ့ပြီး ထိုအထဲမှ မျက်နှာ အနေအထားကိုလည်း တိုက်ဆိုင် စစ်ဆေး နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

လုံခြုံရေး အကြီးတန်း အရာရှိက ခန္ဓာကိုယ်နဲ့ မျက်နှာဟာ တိုက်ဆိုင် စစ်ဆေး နိုင်တဲ့ အနေအထား ရရှိခဲ့တာကြောင့်ပါလို့ ဆိုပါတယ်။

VOA သတင်းက ဒီလို
ဘင်လာဒင်ကို အမေရိကန်တပ်တွေက သုတ်သင်ခဲ့တာဖြစ်ပြီး သူ့အလောင်းကို သက်သေအဖြစ် သိမ်းဆည်းခဲ့တယ်လို့ သမ္မတက ပြောပါတယ်။


CNN သတင်းက ဒီလို

ဘင်လာဒင်ရဲ့ ရုပ်အလောင်းကို ပင်လယ် ရေမျက်နှာပြင် အောက်မှာ အစ္စလာမ် ထုံစံ အရ သင်္ဂြိုလ် ပြီးပြီလို့ ပြောပါတယ်။


အယ်လ်ခိုင်းဒါးအဖွဲ့ကို နှိမ်နင်းတဲ့ စစ်ဆင်ရေးထဲမှာ ဒီတခါ စစ်ဆင်ရေးဟာ အထူးခြားဆုံး ဖြစ်တယ်လို့လည်း သမ္မတက ဖော်ပြပြောဆိုပြီး ငြိမ်းချမ်းရေးနဲ့ ဂုဏ်သိက္ခာကို ယုံကြည်လေးစားသူတိုင်းက ဘင်လာဒင်ရဲ့ ကျဆုံးမှုကို ကြိုဆိုသင့်တယ်လို့လည်း မိန့်ခွန်းထဲမှာ ပြောကြားသွားပါတယ်။ တရားမျှတမှုနဲ့အညီ အရေးယူနိုင်ခဲ့ပြီလို့လည်း အမေရိကန် သမ္မတက ပြောခဲ့ပါတယ်။

အခြေအနေကို ရှင်းလင်းပွဲမှာတော့ အမေရိကန် အစိုးရ တာဝန်ရှိသူတွေက ဝင်ရောက်စီးနင်း တိုက်ခိုက်မှုဟာ ရှုပ်ထွေးပြီး အန္တရာယ်များတဲ့ စစ်ဆင်ရေးတခု ဖြစ်တယ်လို့ ဖော်ပြ ပြောဆိုခဲ့ပါတယ်။

ဘင်လာဒင်ကို ချေမှုန်းမယ့် စစ်ဆင်ရေးနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို ဘယ်နိုင်ငံကိုမှ မပြောခဲ့သလို အမေရိကန် အစိုးရထဲမှာလည်း ဒီအစီအစဉ်ကို ကြိုတင်သိသူ အနည်းငယ်သာ ရှိခဲ့တယ်လို့ တာဝန်ရှိသူက ပြောပါတယ်။

ဘင်လာဒင် နေထိုင်နေတဲ့ ခြံဝန်းဟာ စစ်ဆေးရေးဂိတ် ၂ ခုရှိရုံမက သံဆူးကြိုးတွေ တင်ထားတဲ့ ၁၀ ပေလောက်မြင့်တဲ့ ခြံတံခါးနဲ့ အင်မတန် လုံခြုံတဲ့ ခြံဖြစ်တယ်လို့ တာဝန်ရှိသူက ဖော်ပြ ပြောဆိုပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ လူပေါင်း ၃,၀၀၀ နီးပါး သေဆုံးခဲ့ရတဲ့ အယ်လ်ခိုင်းဒါးအဖွဲ့ရဲ့ ၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ ရက် တိုက်ခိုက်ခံရအပြီး ၁၀ နှစ်နီးပါး အကြာမှာ အဖွဲ့ခေါင်းဆောင်ကို သုတ်သင်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

ဘင်လာဒင်ဟာ မွတ်ဆလင် ခေါင်းဆောင်တယောက် မဟုတ်ပါဘူး၊ ဒါပေမဲ့ သူဟာ မွတ်ဆလင်တွေကို အစုလိုက် အပြုံလိုက် သတ်ဖြတ်သူ ဖြစ်တယ်လို့ သမ္မတ အိုဘားမားက ပြောခဲ့ပါတယ်။

အစ္စလာမ်မာဘတ်နဲ့ တနာရီလောက် ကားမောင်းရတဲ့နေရာက ခြံအကျယ်ကြီး တခုထဲမှာ ဆောက်ထားတဲ့ အမေရိကန်ဒေါ်လာ သန်းချီတန်တဲ့ အဆောက်အဦးကြီးထဲမှာ အိုစမာ ဘင်လာဒင်ကို အမေရိကန် ကွန်မန်ဒို တပ်ဖွဲ့ဝင်တွေက သုတ်သင်ခဲ့တာပါ။ စောစောပိုင်းကတော့ အိုစမာ ဘင်လာဒင်ဟာ အာဖဂန်နစ္စတန်နယ်ခြား ဝေးလံတဲ့ တောတောင်တွေကြားမှာပဲ ဖြစ်ဖြစ်၊ ဒါမှမဟုတ် မြေအောက် ဥမင်တွေကြားမှာပဲ ဖြစ်ဖြစ် ပုန်းအောင်းကောင်း ပုန်းအောင်းနေလိမ့်မယ်လို့ တွက်ဆချက်တွေ ရှိခဲ့ပါတယ်။

ဒါပေမဲ့လည်း ပါကစ္စတန်နိုင်ငံ မြို့တော်နဲ့ မနီးမဝေး စစ်တက္ကသိုလ်ကျောင်းနဲ့ သိပ်မဝေးတဲ့နေရာက လုံခြုံရေးတွေ ထူထူထပ်ထပ် ချထားတဲ့ ခြံဝန်းကြီးထဲက အဆောက်အဦးကြီးထဲမှာ ဇနီးသည်ကို ကျည်ကာအဖြစ် အသုံးပြုရင်း နောက်ဆုံး ဘင်လာဒင် သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့်လည်း ပါကစ္စတန်နိုင်ငံရဲ့ ဒီလိုနေရာမျိုးမှာ အချိန်ကြာကြာ နေနိုင်ဖို့ ပါကစ္စတန်နိုင်ငံ အတွင်းက တစုံတရာ အထောက်အပံ့ ရကောင်း ရနေနိုင်တာမျိုး ဖြစ်နိုင်ချေရှိတယ်ဆိုပြီး အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) ရဲ့ အမိမြေ လုံခြုံရေးဆိုင်ရာ လက်ထောက် ဂျွန် ဘရန်နန် (John Brennan) က သုံးသပ် ပြောဆိုပါတယ်။

အိုစမာ ဘင်လာဒင်ဟာ ဘယ်လို တရားဝင် အထောက်အပံ့တွေ ရနေသလဲ ဆိုတာကို ခန့်မှန်း ပြောဖို့တော့ သူ့အနေနဲ့ ခက်တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ဒီလိုနေရာမှာ ရေရှည်နေနိုင်ဖို့ အထောက်အပံ့မရှိဘဲ နေဖို့ ဆိုတာကတော့ သိပ်ပြီးတော့ ဖြစ်နိုင်ချေမရှိဘူး ဆိုတာမျိုး သူက အရိပ်အမြွက် ပြောပါတယ်။ ဒါပေမဲ့လည်း အမေရိကန် ပြည်ထောင်စု အနေနဲ့ ပါကစ္စတန် အာဏာပိုင်တွေနဲ့ ဆက်လက် ဆွေးနွေးညှိနှိုင်းပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေး ကိစ္စတွေကို ဆွေးနွေးသွားမယ်လို့ ပြောပါတယ်။

အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမားကတော့ အိုစမာ ဘင်လာဒင် သေဆုံးသွားပြီ ဖြစ်တဲ့အတွက် ကမ္ဘာကြီးဟာ ပိုပြီးလုံခြုံတဲ့၊ ပိုပြီးကောင်းမွန်တဲ့ နေရာတနေရာ ဖြစ်သွားပါပြီ ဆိုပြီး သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုသွားပါတယ်။

အယ်လ်ခိုင်းဒါး အကြမ်းဖက်အဖွဲ့ ခေါင်းဆောင် အိုစမာ ဘင်လာဒင်ကို သတ်ဖြတ်တဲ့ စစ်ဆင်ရေးကို ဆင်နွှဲလိုက်ပြီဖြစ်ကြောင်း အမေရိကန် ပြည်သူတွေနဲ့ ကမ္ဘာကို သူ ကြေညာချင်ပါတယ် ဆိုပြီး သမ္မတ ဘရက်ခ် အိုဘားမားက ပြောဆိုသွားပါတယ်။

ပါကစ္စတန်နိုင်ငံသူ နိုင်ငံသားတွေ အဖို့တော့ တနင်္လာနေ့မနက် အိပ်ယာကနိုးတယ် ဆိုရင်ပဲ ကမ္ဘာပေါ်က လူသိအများဆုံး အကြမ်းဖက် ခေါင်းဆောင်ဟာ သူတို့မြို့တော်နားက အိမ်ကြီးတလုံးမှာ သေဆုံးခဲ့တယ်ဆိုတဲ့ သတင်းကို ကြားခဲ့ရတာပါ။ ဒီလိုသေဆုံးခဲ့တာကြောင့် အကြမ်းဖက်သမားတွေဘက်က လက်တုံ့ပြန် တိုက်ခိုက်မှုတွေ ပိုပြီးတော့ ပေါ်လာမှာကိုလည်း စိုးရိမ်မှုတွေ ရှိနေပါတယ်။

ဘင်လာဒင် သေဆုံးပြီးလို့ နာရီပိုင်း အတွင်းမှာပဲ ပါကစ္စတန်နိုင်ငံ ပက်ရှ်ဝါမြို့ပြင် ချာဇာဒါမြို့မှာ ဗုံးပေါက်ကွဲမှုတွေ ရှိခဲ့ပါတယ်။ ဒါကြောင့်လည်း တိုက်ပွဲတွေ ပိုပြီးတော့ ပြင်းထန်လာမှာကို ပါကစ္စတန် ပြည်သူတွေက စိုးရိမ်နေကြတာပါ။

ပါကစ္စတန် သမ္မတ အဇစ်ဖ် အာလီ ဇာဒါရီ (Asif Ali Zardari) ကတော့ အခုလို အိုစမာ ဘင်လာဒင် သေဆုံးသွားတဲ့အတွက် ကမ္ဘာတ၀န်းမှာရှိတဲ့ အကြမ်းဖက်သမားတွေ အတွက် အဓိက ဆုတ်ယုတ်မှုကြီးဖြစ်တယ် ဆိုတာကို ၀န်ခံ ပြောဆိုပါတယ်။ သူ့ကို သမ္မတ ဘရက်ခ် အိုဘားမားက တယ်လီဖုန်းဆက်ပြီး စစ်ဆင်ရေးနဲ့ ပတ်သက်လို့ ရှင်းပြခဲ့ပါတယ်။ ဒီစစ်ဆင်ရေး မစခင်မှာ အမေရိကန် ပြည်ထောင်စု အနေနဲ့ ပါကစ္စတန်နိုင်ငံနဲ့ ကြိုတင် ညှိနှိုင်းတာမျိုးတွေ မရှိခဲ့ဘူးလို့ ဆိုပါတယ်။

ပါကစ္စတန် ထောက်လှမ်းရေးတွေရဲ့ အကူအညီနဲ့ ဘင်လာဒင် ဘယ်မှာရှိတယ် ဆိုတာကို ဖော်ထုတ်နိုင်ခဲ့တာဖြစ်ပြီး ဒီစစ်ဆင်ရေး လုပ်ဖို့ကို သူကိုယ်တိုင် အမိန့်ပေးခဲ့တာ ဖြစ်တယ်လို့ အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမားက ပြောပါတယ်။

Monday, May 2, 2011

Al-Qaeda leader Bin Laden 'dead'

Bin Laden is top of the US most wanted list
Al-Qaeda founder and leader Osama Bin Laden is dead, according to US media reports citing officials.

The US is in possession of Bin Laden's body, the reports say. President Barack Obama is due to make a statement shortly.

Bin Laden is top of the US most wanted list.

He is accused of being behind a number of atrocities, including the attacks on New York and Washington on 11 September 2001.

The al-Qaeda leader was killed in a mansion outside Islamabad in an operation based on actionable US intelligence, CNN reported.

Sunday, May 1, 2011

ထိုင်း သင်္ကြံန် မှာ ဆယ်ကျော်သက် မိန်းကလေး အပျော်လွန် ပြီး သတိလွတ် တော့ ဘတ် ၅၀၀ ဒဏ်ငွေ ဆောင် ရ (၁၈ နှစ်အောက် မသင့်လျော်ပါ)



တကယ်တော့ အပျော် လွန်ပြီး ကနေကြတာပါ။ သတိ လွတ်ပြီး လုပ်ချင်သလို လုပ်လို့ ရတယ် ဆိုပြီးတော့ ပြဿနာ မရှိလောက်ဖူး ထင်နေတာဖြစ်မှာပါ။

မူရင်း ဗီဒီယို က ကလပ်စ် ထဲ ကပါ ရော ရိုက်ထားတာရယ်အဲ ဒါ ကို ဖြုတ်လိုက်ပြီး နည်းနည်း ဝါးအောင် လုပ်ရိုက်တင်တာပါ၊ ယူကျူ မှာ လည်း တင်ထား လို့ တင်လိုက်တာပါ။

နောက်ဆဲုးတော့ ဘတ် ၅၀၀ စီ ဆောင်ရမယ် လို့ ဒဏ် ချလိုက်တာပါ။

ဂျပန် က သတင်းစာတွေ မှာတော့ အဲလို မျိုး ပုံတွေ ပါပါတယ် ငယ်ရွယ် သူတွေ လာဝယ် ရင် အဲဒီလို ပုံတွေ ပါတဲ့ စာရွက်ကို ထည့်မပေးပါဘူး။

သူဥပဒေ ကထိန်းထားပြီးသား ပါ။ ဆေးလိပ် အရက် ဘီယာ လဲ အဲဒီလို မျိုး ဥပဒေ နဲ့ ထိန်းထားပါတယ်။

ပြည်ပ ဘလော့စ် များ သတင်းဌာ န များသို့ ဝင်ရောက် လာသော ပြည်တွင်း မှ ဆုပေးသယောင် ဒဏ်ပေးမဲ့သူများ

ပြည်ပသတင်းဌာန တွင် အလုပ်လုပ် နေသော ဒေါက်တာနေ၀င်းမောင်နဲ့ Myanmar Egress ကတပည့်များ

BBC. VOA. RAF. DVB. Irrawaddy. Mizzima သတင်းဌာနတွေ မှာ တာဝန်ထမ်းနေသူတွေ ကို

ဒေါက်တာ နေ၀င်းမောင်ဟာ ၂၀၀၀ ပြည့်နှစ် ကျော်ကျော်ကတည်းက သူ့ရဲ့ တပည့်တွေကို နိုင်ငံခြား တက္ကသိုလ်တွေကိုပို့ ပြီးရင် RFA.VOA စတဲ့သတင်းဌာနတွေမှာ အလုပ်လုပ်ခိုင်း။ နောက်ပိုင်း တပည့်တွေကိုလည်း ထိုင်းနိုင်ငံအခြေစိုက် Irrawaddy. Mizzima သတင်းဌာနတွေမှာ အလုပ်လုပ်ခိုင်း။ ဟိုသတင်းဌာနတွေကလည်း နေ၀င်းမောင်တပည့်တွေကို အလုပ်ခန့်ထား။

RFA သတင်းဌာနမှာ
အတိအကျ ပြောရမယ်ဆိုရင်တော့ RFA သတင်းဌာနမှာ နေ၀င်းမောင်ရဲ့ တပည့် ကျော်ကျော်အောင်၊

အခု မေစောမြင့်လို့ နာမည်ပြောင်းထားတဲ့ The Voice သတင်းထောက် ထားထားမြင့်၊

ဧရာဝတီသတင်းဌာနမှာ
ဧရာဝတီသတင်းဌာနမှာ ခက်ထန်လို့ နာမည်ပြောင်းထားတဲ့ The Voice သတင်းထောက် ဖုန်းမြင့်ဦး၊

ခင်ဦးသာလို့ နာမည်ပြောင်းထားတဲ့ The Voice သတင်းထောက် ခင်ဌေးကြွယ်၊

Mizzima သတင်းဌာန

Mizzima သတင်းဌာနရဲ့ အယ်ဒီတာ စိန်ဝင်းကတော့ The voice ဂျာနယ် အယ်ဒီတာချုပ် ကျော်မင်းဆွေနဲ့ ကမ္ဘောဒီးယားမှာ သင်တန်းသုံးလ အတူတူတက်ခဲ့ပြီး ထွန်းထွန်းလို့ခေါ်တဲ့သူကတော့ The Voice ဂျာနယ်က ကွန်ပြူတာ စာစီစာရိုက် အောင်ထွန်းလင်းပါ။

မြန်မာပြည် တွင်းကနေ ဘလော့စ်ကာတွေ ကို စာပေစီစစ်ပေးပြီး ဆုပေးတော့ မလို လုပ်နေပြီ

ဟိုဟာဖွင့်မရ ဒီဟာ ဖွင့်မရ သူတွေ က ဆုပေးမှာဆိုတော့ ဆုပေးဖို့ လား ဒုက္ခပေး ဖို့ လား ။

သူတို့ တွေ အကုန်ဖွင့် လို့ ရတယ် လား ဒါ ဆို သူတို့ က ဟက်စ်ကာ အလုပ်တွေပါ လုပ်တတ်တယ်ပေါ့။

တကယ်တော့ မြန်မာပြည်တွင်း က သူတွေ ကို ပဲ အေးချမ်းတဲ့ နေရာတွေ ပို့ ပေး နေတာ ဆုပေးအဖွဲ့ ကြီး ဖြစ်လာမှာလား။

နိုင်ငံတကာ ခြေဆန့် လာမှာတော့ မြန်မာပြည်တွင်းက လူတွေ အတွက် ရင်လေးစရာပါ။

ပြည်တွင်းက ဘလောက်စ်ကာ တွေ သူ မိသားစု အိမ်ကို ပြန်ရောက်အောင် လုပ်ပေးနိုင်ဖို့  အရင် လုပ်သင့်ပါတယ်။ဆုပေးဖို့  ဘလောက်စ့်ရေးသူ များများရှိစေချင်လို့ ပါ။

အစိုးရသစ် က ဒီမိုကရေစီ ဖော် ဆောင်နေသူ တို့ လို့  ဆုပေးမဲ့ အဖွဲ့ ကြီး ပြောနေတာပဲ။

နေတိုးတပ်ဖွဲ့ရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် လစ်ဗျားခေါင်းဆောင် ဂဒါဖီ သားတဦးနဲ့ မြေးသုံးဦး သေဆုံးသွားပါတယ်။

နေတိုးတပ်ဖွဲ့ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် လစ်ဗျားခေါင်းဆောင် ဂဒါဖီ သားတဦးနဲ့ မြေးသုံးဦး သေဆုံးသွားပါတယ်။ ဒါပေမယ့် မိုမာဂဒါဖီကတော့ အသက်ရှင် လွတ်မြောက်ခဲ့ပါတယ်။ စနေနေ့ သတင်းစာရှင်းလင်းပွဲအတွင်းမှာတော့ အခုလို ဂဒါဖီသားတဦးနဲ့ မြေးသုံးဦးသေဆုံးတယ်ဆိုတာ လစ်ဗျားအစိုးရပြောခွင့်ရသူ မူဆာ အီဗရာဟင်က အတည်ပြုကြေညာပါတယ်။

အသက် ၂၉နှစ်အရွယ် ဆာရီ အယ် အာရဗ် ဂဒါဖီ နဲ့ ဂဒါဖီရဲ့မြေးတွေဟာ လစ်ဗျားခေါင်းဆောင်ကဒါဖီကို နေတိုးတပ်ဖွဲ့က လုပ်ကြံတိုက်ခိုက်မှုအတွင်းမှာ သေဆုံးသွားရတယ်လို့ သူက ပြောပါတယ်။

မစ္စတာဂဒါဖီနဲ့ သူ့ဇနီးဖြစ်သူဟာ အဲဒီအချိန် သူ့သားနေအိမ်မှာရှိနေပေမယ့် ထိခိုက်ဒဏ်ရာမှု မရှိဘူးလို့ ပြောပါတယ်။ အိမ်ကတော့ အတော်လေး ပျက်စီးသွားတာတွေ့ရပါတယ်။

ဒီမတိုင်ခင်ကတော့ လစ်ဗျားခေါင်းဆောင်ကဒါဖီက လစ်ဗျားပဋိပက္ခအဆုံးသတ်ရေး စေ့စပ်ဆွေးနွေးဖို့ နေတိုးတပ်ဖွဲ့ကို ကမ်းလှမ်းခဲ့ပါတယ်။ နေတိုးတပ်ဖက်ကတော့ ဒါကို လက်မခံ ပယ်ချပါတယ်။

စနေနေ့ အစောပိုင်းကတော့ ၁ နာရီခွဲကြာ ပြောကြားခဲ့တဲ့ မစ္စတာ ဂဒါဖီရဲ့ မိန့်ခွန်းထဲမှာ နေတိုး တပ်ဖွဲ့ကသာ အပစ်အခတ် ရပ်စဲမယ်ဆိုရင် သူတို့ဘက်က ဆွေးနွေးညှိနှိုင်းဖို့ အသင့်ပဲလို ထည့်သွင်း ပြောကြားခဲ့သလို သူကတော့ အာဏာကနေ ဆင်းပေးမှာမဟုတ်ူဘူးလို့လည်း ပြောကြားသွားပါတယ်။

ကဒါဖီ က ရေနံ အလိုရှိရင် စာချုပ် ချုပ်ပါမယ် ဆိုတာတွေ ရော ပြောပါတယ်။

လစ်ဗျားအစိုးရအနေနဲ့ အပြောမဟုတ် လက်တွေ့ လုပ်ပြတာကိုပဲ မြင်လိုတယ်လို့ နေတိုး တာဝန်ရှိသူတွေက စနေနေ့က တုန့်ပြန်ပါတယ်။ လစ်ဗျားအစိုးရက အပစ်အခတ်ရပ်စဲရေးကို အရင် အကြိမ်ကြိမ် ကြေညာခဲ့ပေမယ့် အရပ်သားတွေကို ဆက်ပြီး တိုက်ခိုက်နေတုန်းပဲလို့ နေတိုးဖက်က ပြောပါတယ်။ လစ်ဗျားမှာ အရပ်သားတွေကို အန္တရာယ်ပေးနေသရွှေ့တော့ နေတိုးမဟာမိတ်တပ်တွေက စစ်ဆင်ရေးတွေ ဆက်လုပ်သွားမယ်လို့ ဆိုပါတယ်။

စနေနေ့ မနက်ပိုင်းက ဂဒါဖီက ရုပ်မြင်သံကြားကနေ ၁ နာရီခွဲကြာ မိန့်ခွန်းရှည်ပြောပြီး၊ နေတိုးဖက်က တိုက်ခိုက်တာတွေ ရပ်ပေးရင် စေ့စပ်ဆွေးနွေးမယ်ဆိုပြီး ကမ်းလှမ်းသွားတာပါ။ ဂဒါဖီ အဲဒီ မိန့်ခွန်းပြောနေချိန်မှာလဲ အဲဒီအနီးကို နေတိုးတပ်ဖွဲ့က ဗုံးကြဲတိုက်ခိုက်တာ လုပ်ခဲ့ပါသေးတယ်။