ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Sunday, July 24, 2011

အိုင်ဖုန်း ၄ ကို ကြိုးမဲ့ အားသွင်းရအောင်



တစ်နေ့ က နာဂါနို ဟုမ်းအရောင်းဆိုင် ကို ရောက်သွားတော့ ကြိုးမဲ့ အားသွင်းစက်ကို တွေ့ တော့ အွန်လိုင်းမှာ ရှာကြည့်ပြီးတင်လိုက်တာပါ...ကြိုးမဲ့ ကြိုက်သူတွေ အတွက်ပေါ့..

တရုတ် နဲ့  တခြားက ထုတ်ထားတွေတော့ ရှိပါတယ် ဒီအမျိုးအစားလေးကို ကြိုက်လို့ ပါ။

ကြာနေတဲ့ပစ္စည်းလားတော့မသိ မအားတာနဲ့  အခုမှ သိလို့ တင်တာပါ...

ရေးချင်တာကတော့ ရန်သူကို ဆက်ဆံရာဝယ်

ရန်သူနဲ့ ဆက်ဆံရာဝယ် ...ရေးချင်တာရှိပါတယ်...နယ်ဆင်မန်ဒဲလား ရန်သူနဲ့ စကားပြောခြင်း လို မဟုတ်ပေမဲ့ ...ဆက်ရေးပါမယ်..

တကယ်တော့ ရန်သူ ဆိုတဲ့ အသုံးအနှုန်း ကို မသုံးချင်ပေမဲ့ ရန်အမြဲ အလိုခံခဲ့ရသူတွေ အတွက်ကတော့ ရန်သူဆိုတာနဲ့ ပဲ သင့်လျှော်မယ်ထင်လို့ ပါ။

အဲဒီလိုမျိုးတွေနဲ့ ဆက်ဆံတော့ အမြဲတမ်း ခံခဲ့ရတာတွေ ကြီးပဲ များပါတယ် အခွင့်အရေးကို ဆုပ်ကိုင်နိုင်ခွင့် ရချိန်မှာ ရယူစေချင်တာပါ။

ထိပ်တိုက် ရင်ဆိုင်ဖြေရှင်းခြင်း

တကယ်တော့ လောကပါလ တရားနားမလည်သူကို ထိပ်တိုက် ရင်ဆိုင်တော့...ဘဝတက္ကသိုလ်တွေ အကြိမ်ကြိမ်တက်ရသူတွေ များလာတာကိုပဲ တွေ့ ရပါတယ်...

အကြင်နာတရား အမှန်တရား တရားမျှတ မှုကို မကြည့်သူကို ထိပ်တိုက်ရင်ဆိုင်လို့ ဖြစ်တာကိုး...
ထိပ်တိုက်ရင်ဆိုင်မယ်ဆို အောင်မြင်မှုထက် ရှုံး နိမ့်မှုက များနေတော့ တိုက်ရိုက်မဟုတ်သော သွယ်ဝိုက်သောနီးဖြင့် ရင်ဆိုင်တက်မှ ဖြစ်မှာပါ။

စာတွေ တတ်လာမှာ ကြောက်တဲ့ ရန်သူ ကို စာတွေ သင်ပေးတဲ့ ဆွဲဆောင်မူနဲ့ 
မတရား ခံရသူတွေ အတွက် ပံပိုးကူညီခြင်းထက် ကြိုတင်ကာကွယ်မှုတွေ လုပ်နည်းစနစ်တွေ ချပေးတာတွေ လုပ်ရမှာပါ။

ကလေးတွေ အသက်မပြည့်ပဲ လုပ်ဆောင်နေရတာတွေ ကို ကြိုတင်ကာကွယ်ဖို့ ကို ဖြစ်တတ်တဲ့နေရာတွေ ကို သတင်းလွင့် မသွားဖို့  နေရာ သတ်မှတ်ပေးတာမျိုးတွေ ပါ။

မူလပထမ အခွင့်အရေး ဆိုတာ ကို တောင်းဆိုခြင်းထက် မသိမသာ ရယူတတ်ဖို့ လိုမှာပါ...
စနစ်တကျ စီစဉ် အကွက်ချ ထောက်ပြ ရယူ နိုင်အောင် နည်းလမ်း ရယူရမှာပါ...
ကလေးတစ်ယောက် ကျောင်းရောက်ဖို့  နယ်ကျောင်းသားတစ်ယောက် အစိုးရ အဆောင်ရဖို့  စတိုင်ပင်ရဖို့  ပါ။

သွားခွင့်ရနေရာ ကို ရန်သူ ကို အသုံးချ သွားလာခြင်းဖြင့် ဘေးကင်း အောင် လုပ်ရင်း လုပ်ချင်တာကို လုပ်ယူနိုင်မှာပါ။

ပြိုင်ဘက်ကောင်း လိုသတ်မှတ် သွယ်ဝှိက်ခိုင်းစေ..

ရန်သူဟာ ဘယ်တော့မှ မိတ်ဆွေ ကောင်းဖြစ်လာမှာ မဟုတ်ပေမဲ့
မိတ်ဆွေလိုသတ်မှတ် ပြိုင်ဘက်ကောင်း လိုသတ်မှတ် နိုင်ရမှာပါ...

မိတ်ဆွေ လို ဖြစ်လာပေမဲ့ တချိန်ချိန်မှာတော့ ရန်သူ အချိန်မရွေးပြန်ဖြစ်နိုင်တာပါ...

မိတ်ဆွေကနေ ရန်သူဖြစ်သွားတာသာ ရှိတာပါ... ရန်သူကနေ မိတ်ဆွေကောင်း လို ဖြစ်သွားတာ နည်းပါတယ်...
အထုံးလေးကတော့ အမြဲရှိနေတာပါ....ဖယောင်းသုတ်ချောထားတာပါ ...အချိန်မရွေးပြန်ပျော် နိုင်ပါတယ်...

သူကဥပဒေဘောင်တွင်း ဆို ကိုယ်လည်း ဥပဒေဘောင်းတွင်းကနေ ပြောရေးဆိုခွင့် ရှိ အဖွဲ့  ခွဲ ရှိနေမှ ပြိုင်ဘက်ကောင်းလို သတ်မှတ် နိုင်ပြီး ယှဉ်ပြိုင် နိုင်မှာပါ...

ထိပ်တိုက်ရင်ဆိုင်တာ ရှိရသလို ပြိုင်ဘက်ကောင်း ပါ ထားနေရမှာပါ...
ပြိုင်ဘက်ကောင်း ကို လုပ်ချင်တာတွေ ကို ဆွေးနွေး ဖြစ်ချင်တာတွေ ကို လုပ်ရင်းနေရာ ယူ လာရင် ပြိုင်ဘက်ပါ လိုက်လုပ်လာပြီး ပြိုင်ဘက်ကို ခိုင်းစေလာနိုင်မှာပါ။

လူမှုရေးအရင်းအမြစ် အသုံးချ ကူညီခြင်း
နေရာတကာမှာ လူမှုရေးအကြောင်းပြုပြီး အင်အားကြီးမားအောင်လုပ် စွမ်းအင်ကိုထုတ်နူတ် နေရာယူ ရန်သူ ဘောင်တွင်း ကနေ ယှဉ်ပြိုင် နေရာ ရအောင်လုပ်ရမှာပါ

ဘယ်နိုင်ငံမှာမဆို စည်းဘောင်တအားများနေရင် လူမှုရေးကတော့ ခွင့်ပြုရပါတယ်...
နိုင်ငံရေး အသုံးချဖို့ တစ်ခုထဲကိုပဲ လုပ်ရင်တော့ ဘယ်တော့မှ အောင်မြင်လာမှာ မဟုတ်ပါဘူး
ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီပေါ့...

ကွန်ယက်တွေ လုပ်တယ်ဆိုပေမဲ့ စေတနာမပါ နိုင်ငံရေး အသုံးချ ရုံသက်သက် တွေ အဆက်အသွယ်ပြတ်တောက် နယ်ကို မရောက်လို့ ကတော့ ထူးမခြားနားပါပဲ...

၁၉၉၆ ကဆို ကျောင်းသားတွေကလုပ်ပေမဲ့ တကယ် ပါသင့်သူတွေ ဘေးရှောင် အခွင့်အရေး အော်ပေး ပါသာပြောပြီး အသုံးချခံသာ ဖြစ်သွားပြီး နောက်မှ စာထုတ် အလုပ်ရှုပ်သယောင် လုပ်နေတာမျိုးတွေ ကတော့ ဘယ်တော့မဆို ပန်းတိုင်ဝေးဝေး ကျောင်းဆွေးဆွေးသာဖြစ်သွားတယ်...

သမိုင်းကို နောက်ချန်ထား မသိကျိုးကျွန်ပြုလို့ မရပါဘူး ...အဖြေမှန်တွေ ထွက်ထွက်လာနေမှာပါ။

စစ်မှန်တဲ့ လူမှုရေးကူညီမှုကနေ ရသင့်တာတွေ တစ်နေ့ ရမှာပါ...

Sunday, July 17, 2011

အိုင်ပက် ၂ လစဉ်ကြေး

အိုင်ပက် ၂ အင်တာနက် သုံးတာ လစဉ်ကြေးက စစချင်းလကတော့ ၆၅၀၀ ယမ်းကျတယ်။ နောက်လတွေတော့ ၂၅၆၉ ယမ်း ကျပါတယ်။

အင်တာနက် 3G နဲ့ သုံးတာ အင်တာနက်ဖုန်းပါပြောလို့ အဆင်ပြေပါတယ်။

အင်တာနက် ဈေးအသက်သာဆုံးပါ။

နိုဗယ်ငြိမ်းချမ်းရေးဆုရှင် နှစ်ဦးတွေ့ 


နိုဗယ်ငြိမ်းချမ်းရေးဆုရှင် နှစ်ဦးဖြစ်တဲ့ တိဘက် ဘာသာရေး ခေါင်းဆောင်ကြီး ဒလိုင်းလားမား (Dalai Lama) နဲ့ အိမ်ဖြူတော်က အမေရိကန်သမ္မတ ဘရက်အိုဘားမား (Barack Obama) တွေ့ ဆုံခဲ့ပါတယ်။ စနေနေ့ကတံခါးပိတ် တွေ့ဆုံဆွေးနွေးတာဖြစ်ပါတယ်။

ပင်စင်စားများ ရဲ့ ထောက်ခံစာ..

ပင်စင်စားတွေ လစာပင်စင်တိုးမယ် ဆိုတော့ ထောက်ခံစာတွေ ပြန်လုပ်ရတော့

သိသလောက်တော့ တော်တော် အဆင်ပြေတယ်ကြားရပါတယ်...

ငဝန်နဒီ ရဲ့ ဖခင်အတွက်ရတဲ့ မိသားစု ပင်စင်ဆို ၁၉၉၆ က တည်းက ရနေတာ အခု ပင်စင်တွေတိုးတော့ အကြောင်းထပ်ကြားလာပြီး ရန်ကုန်ကနေ ပုသိမ်ကို သွားလုပ်ရမှာဆိုတော့ နေ့ ချင်းပြန်ရအောင်ကြိုလုပ်ထားပေးမယ်လို့ တောင်ပြောတာ..

ဖခင်လုပ်ခဲ့တဲ့ ရုံးက ရေနံမြေ အုန်းတောမှာဆိုတော့ အဝေးပြေးဂိတ်နဲ့ ဆို ပုသိမ်ဟိုဘက်ထိပ်ဒီဘက်ထိပ်...

ဒါတောင်ရအောင်လုပ်ထားပေးမယ်ပြောတာ အဆင်ပြေတာကိုပြောတာပါ...

ကားအဆင်ပြေလို့  ကိုယ်ကားနဲ့ ကိုဆိုရင်တော့ မောင်းချိန်ပြန်ချိန် ထမင်းစားချိန်လောက်ပဲကြာမှာပါ...

ဘာပဲဖြစ်ဖြစ် ပင်စင်စားတွေ အတွက်လုပ်ပေးရတဲ့သူတွေ အတွက် အားလုံးက လိုလိုလားလား ကူညီတာကိုရေးတာပါ။

ပုသိမ်သား ကန်သုံးဆင့် ကန်တွင်းက ဒိုင်ဗင်

တနေ့  ဖိုးစပ်နဲ့ အတူ ကန်သုံးဆင့်ဘက်သွား ယင်း ဖိုးစပ်က ရေကူးချင်တော့

ဟာ ဟိုဘက်က တံတားဘက်မှာ သွားကူးရင်ကောင်းမယ်ပြောတော့..

အေးဆိုပြီး တံတားလေးရောက်ရော ပုဆိုးချွတ်ပြီး တံတားပေါ်ကနေ ဖိုးစပ်တယောက် ဒိုင်ဗင် ထိုးဆင်းသွားတာ

တော်တော်နဲ့ ပေါ်မလာတော့...

ဘာများဖြစ်သလဲပေါ့ ....

ဗွမ်း ဆိုပြီး ပြန်ပ်ါလာတော့မှ...မောနေသံနဲ့ 

ဘာဖြစ်တာလဲ ဆိုတော့ ...

ဒိုင်ဗင်ထိုးဆင်းတော့ ရေထဲမှာ ဘောင်းဘီကျွတ်သွားပြီး.. ဘောင်းဘီပျောက်သွားလို့ မနည်း ရှာလိုက်ရတယ်...

ဖြစ်ရမယ်...ပုသိမ်သားကတော့ ဒိုင်ဗင်ထိုးတာတောင် ဘောင်းဘီကျွတ်အောင်ကို ထိုးတာနော်...

အမည်မသိ ရှေးစာဆို

ငယ်ငယ်တုန်းကတော့ စာတွေ ကဗျာတွေ ကို ဖတ်ရင် အမည်မသိ ရှေးစာဆို ကို လေးစားလိုက်ရတာ ဒီလို ဘလော့စ်တွေ မှာ တော့ အမည်မသိ ဆို ရင်တော့ ဗုံမဟုတ် ပတ်မဟုတ် တွေ ဖြစ်လိမ့်မယ်ထင်တယ်...

ဒူးယားဆောင်မှာ နေတုန်းကတော့ အဲလို လူတွေ အတွက် ဂျယ်မုဆိုး တွေ ရှိတော့ ပေးတွေ့ စေ ချင်လိုက်တာ...

ဒါထက်မက ရေးချင်သေးတာ စာလာဖတ်တဲ့ အမျိုး သမီး တစ်ချို့  ကို လေးစားလို့  ဆက်မရေးတော့ပါဘူး..

ဘာပဲဖြစ်ဖြစ် အနည်းငယ်တိုက်ခိုက်လာတာတွေ့ ရတော့ ဘာမှားရေးတာရှိလို့ လဲပေါ့

စတိတ်ကျောင်းတက်တော့ မိန်းကလေး သူငယ်ချင်း မရှိ ရန်ကုန်စက်မှုတက္ကသိုလ်တတ်တော့ ရေနံ အင်ဂျင်နီယာ ဘာသာရပ်ဆိုတော့ မဆဲရေးတတ်ပေမဲ့ တခါတရံတော့ အရေးအသားကြမ်းတာတော့ ရှိတာပေါ့...

အရိုးကျိုး မျိုးကမ်းပွဲသိမ်း အမည်မသိ ဖြစ်ကုန်တာတွေတော့ ရှိတာပေါ့...

ထိန်းရေးရတော့ ရေးချင်တာ မရောက်တာ အများကြီးပါ...

စေတနာ က ဝေဒနာ ဖြစ်စေ

တချို့ သတင်းတွေ က တိုက်ရိုက်တင်တာ အဆင်ပြေလို့ မူပိုင်ခွင့်အရ တိုက်ရိုက်တင်တာပါ တချို့ တွေ က တမျိုးထင်နေကြတယ်
တကယ်တော့
ကောင်းစေချင်တဲ့ စေတနာ တစ်ခုတည်းပါ ဝေဒနာ မဖြစ်စေချင်ပါ..

တကယ်တော့ စာ ကို ရေးချင်တာတွေ အကုန်ရေးချင်တာပေါ့
စိတ်ရှိတိုင်းရေးလိုက်ရရင်..

ငယ်ငယ်ထဲက အခုချိန် အထိ နောင်တ ဆိုတာ မရှိတဲ့ သူ...ရန်ကုန်မှာ ဘီယာသောက်ပြီး သူငယ်ချင်းနဲ့  ဆိုင်ကယ်စီးတုန်းက ဆိုင်ကယ်လမ်းချောတော့ သူငယ်ချင်းက စီးရဲ ရဲ့ လားလို့  မေးတာကို မင်းတောင်သေရဲသေးတာ ဘာဖြစ်လို့ မသေရဲ ရမှာလည်း ဆိုတဲ့သူ

အခုလည်းဘဲ ခြောက်ပြစ်ပျင်းနေတာပါ...

အပြစ်တွေ လုပ်ရတာတောင်ပျင်းနေပါပြီ

အသည်း ရောင်တောင် ၃ ခါ အူရောင်တာ ၂ ခါ အူအတတ် ဖြတ်ရမှာ ကို မဖြတ်ပဲထား ထားတာ မသေခင်မှာ အများအကျိုး ကို တတ်နိုင်သလောက် ကြိုးစားလုပ်ဆောင်နေတာပါ...

အမုန်းတရား ဆိုတာမရှိပါဘူး ချစ်ခြင်းတရား မေတ္တာ တရားပဲ ရှိပါတယ်...တခါတရံတော့ ဥပက္ခာ တော့ထားရတာပေါ့..

အခုစာမရေးဖြစ်တာ စေတနာထားပြီးလုပ်ပေး လိုက်တဲ့ အရာ ကို အစော်ကားခံလိုက်ရတဲ့ အပြင် အနှောက် အယှက်ပါ အပေးခံလိုက်ရတော့ စာရေးတဲ့ အခါ မကောင်းတာတွေ အများကြီးရေးမိမှာ စိုးလို့  မရေးတာပါ...

ဘာပဲဖြစ်ဖြစ် စေတနာ တွေ ကို ဒီနေရာ မှာ ပေးမရရင် နောက်တနေရာ မှာ ပေး နေမှာပါ...စေတနာ ဆိုတာ ကုန်သွားတာမှ မရှိတာ...

ရသင့်တဲ့ သူတွေ ဆီကိုရောက်အောင်ပေးနေမှာပါ...

Thursday, July 14, 2011

မောင်ထိပ်ကွက်အား ညှဉ်းပန်းနှိပ်စက်သူ ထောင် ၇ နှစ်ကျ

ရန်ပိုင်
အသက် ၉ နှစ်အရွယ် မိဘမဲ့ ကလေးအလုပ်သမား မောင်ထိပ်ကွက် (ခ) မောင်စိုးအောင်အား ကိုယ်ထိလက်ရောက် ညှဉ်းပန်း နှိပ်စက်ခဲ့သည့် You & Me လက်ဖက်ရည်ဆိုင်ပိုင်ရှင် ကိုစနိုး (ခ) ကိုဆက်မှူးဌေးဝင်းကို ယမန်နေ့က ဟင်္သာတမြို့နယ် တရားရုံးက ထောင် ဒဏ် ၇ နှစ် ချမှတ်လိုက်သည်။

ကိုဆက်မှူးဌေးဝင်းသည် ပြီးခဲ့သည့် ဇွန်လ ၂၅ ရက်နေ့က ၎င်း၏ ဆိုင်မှ စားပွဲထိုး မောင်ထိပ်ကွက် ထွက်ပြေးသည်ကို လိုက်လံ ဖမ်းဆီးကာ ထုတ်တန်း၌ လျှပ်စစ်ဝါယာကြိုးဖြင့် စောက်ထိုးဆွဲပြီး တညလုံး ရိုက်နှက်ထိုးကြိတ်ခြင်း၊ ၀မ်းဗိုက်ကို လျှပ်စစ် မီးပူဖြင့် ကပ်ခြင်း၊ အအေးသောက်သည့် ပိုက်ကို မီးရှို့ကာ ခန္ဓာကိုယ်ပေါ်သို့ အစက်ချခြင်း၊ ကျင်ငယ်ရေတိုက်ခြင်းများကို ပြုလုပ်ခဲ့သည်။

ကိုဆက်မှူးဌေးဝင်းအား ဟင်္သာတ အမှတ် ၁ ရဲစခန်းက နာကျင်စေမှု ပုဒ်မ ၃၂၄ တခုတည်းနှင့် အမှုဖွင့် အရေးယူခဲ့သော်လည်း မြို့နယ် ဥပဒေအရာရှိ ဦးမောင်မောင်ကြည်ဝင်းက မသေမချင်း ညှဉ်းပန်းနှိပ်စက်မှု ပုဒ်မ ၃၂၆ နှင့် မတရားဖမ်းဆီး ချုပ်နှောင်မှု ပုဒ်မ ၃၄၂ တို့ဖြင့် ပြောင်းလဲ တရားစွဲဆိုခဲ့သည်။

ထို့ကြောင့် ဟင်္သာတမြို့နယ် တရားရုံးက ကိုဆက်မှူးဌေးဝင်းအား ပုဒ်မ ၃၂၆ အရ ထောင်ဒဏ် ၇နှစ်၊ ပုဒ်မ ၃၄၂ အရ ထောင် ဒဏ် ၂ နှစ် ယမန်နေ့က အမိန့် ချမှတ်ခဲ့သည်။ သို့သော် ပြစ်ဒဏ်များကို တပေါင်းတည်း ကျခံစေရန် ဆုံးဖြတ်ခဲ့သည့်အတွက် ထောင်ဒဏ် ၁ နှစ်လျှော့ပေါ့ကာ ထောင်ဒဏ် ၇ နှစ်ကျခံစေခဲ့ခြင်းဖြစ်သည်။

“ဒီလိုအမှုမျိုးက ထောင်ဒဏ်တသက် ဒါမဟုတ် ၁၀ နှစ်အထိ စီရင်လို့ရတယ်။ ဒါပေမယ့် အခုစီရင်ချက်က တရားဥပဒေ မျက်နှာစာက ကြည့်ရင် မျှတတဲ့ စီရင်ချက်ပါ” ဟု ဥပဒေအရာရှိ ဦးမောင်မောင်ကြည်ဝင်းက ပြောသည်။

မြန်မာနိုင်ငံ တရားစီရင်ရေး စနစ်တွင် နိုင်ငံတော်၊ တိုင်း၊ ခရိုင်၊ မြို့နယ် အဆင်ဆင့်၌ တရားသူကြီးများ၏ တရားစီရင်ရေး အခွင့်အာဏာကို ခွဲထားကြောင်း၊ မြို့နယ် တရားရုံး တရားသူကြီးတဦး၏ အမြင့်ဆုံး စီရင်ခွင့်အာဏာမှာ ၇ နှစ်ဖြစ်ကြောင်း ဆက်လက်ရှင်းပြသည်။

ယခု အခင်းဖြစ်ပွားရာဒေသသည် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေး ပါတီ (ကြံ့ဖွံ့ပါတီ) ၏ အတွင်းရေးမှူး ဗိုလ်ချုပ်ဟောင်း ဦးဌေးဦး၏ ဇာတိ မြို့ဖြစ်ပြီး ၎င်းကိုယ်တိုင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ယင်းမြို့မှ ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည်။

ဦးဌေးဦးကလည်း ဤအမှု နှင့် ပတ်သက်၍ ကူညီမည်ဖြစ်ကြောင်း၊ အာဏာရပါတီ အနေဖြင့် ပြည်သူလူထု အတွင်း ဖြစ်ပွား နေသည့် ဖြစ်စဉ်အတိုင်း အမှန်တရားအပေါ် အခြေခံ၍ တရားဥပဒေနှင့် အညီ အဆုံးအဖြတ်ခံယူစေမည် ဖြစ်ကြောင်း ပြောဆို သည်ဟု ပြည်တွင်းထုတ် The Voice Weekly ဂျာနယ်တွင် ပြောဆိုခဲ့သည်။

“ကလေးသူငယ် ဥပဒေက ရှိပြီးသားပါ။ လိုအပ်မယ် အကျိုးရှိမယ်ဆိုရင် ထပ်ဖြည့်သင့်ရင်လည်း ထပ်ဖြည့်မယ်” ဟု ဦးဌေးဦးက ပြောဆိုကြောင်း အဆိုပါဂျာနယ်တွင် ပါရှိသည်။

၁၉၉၃ ခုနှစ်တွင် ကလေးသူငယ်များ ကာကွယ်ရေး ဥပဒေ တရပ် ပြဌာန်းခဲ့သော်လည်း ကလေးသူငယ်များအား နှိပ်စက် ညှဉ်းပန်းမှုနှင့် ပတ်သက်၍ ပုဒ်မ ၆၆ အရ ထောင်ဒဏ် ၂ နှစ်သာ အပြစ်ပေးနိုင်ကြောင်း မြို့နယ် ဥပဒေအရာရှိ ဦးမောင်မောင် ကြည်ဝင်းက ထောက်ပြပြောဆိုသည်။

ထိုသို့ ကလေးသူငယ်များ ကာကွယ်ရေး ဥပဒေတရပ် ပြဌာန်းထားသည်ဟု ဆိုသော်လည်း မြန်မာနိုင်ငံရှိ အရက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များ၊ လောင်းကစားဝိုင်းများတွင် ကလေးသူငယ်များအား အသုံးချမှု အများအပြား ရှိနေကြောင်း သိရသည်။

မောင်ထိပ်ကွက်၏ အမှုသည် အင်တာနက် ၀က်ဘ်ဆိုက်များ၊ facebook လူမှုရေး ကွန်ယက်များမှ တဆင့် တစတစ ပျံ့နှံ့သွားကာ ပြည်တွင်းပြည်ပ မီဒီယာများ၏ စာမျက်နှာများသို့ ရောက်ရှိသွားပြီး လူအများစိတ်ဝင်စားခံရသည့် သတင်းတပုဒ် ဖြစ်ခဲ့သည်။

ပြည်ပအခြေစိုက် ဒီမိုကရက်တစ် မြန်မာအသံ (DVB) နှင့် ရေဒီယို အသံလွှင့်ဌာနများ အပြင် ပြည်တွင်းမီဒီယာများ ဖြစ်သည့် The Voice Weekly၊ ပေါ်ပြူလာဂျာနယ်၊ Weekly Eleven ဂျာနယ်များတွင်လည်း အကျယ်တဝင့် ဖော်ပြခဲ့သည်။

ဟင်္သာတမြို့ခံ လူ့အခွင့်အရေး လှုပ်ရှားသူတဦးက “ပြည်တွင်းပြည်ပ မီဒီယာတွေက ရေးလာလို့သာ ဒေသအာဏာပိုင်တွေက ဒီလောက် အရေးယူတာ။ မသိဘဲနဲ့ ပျောက်ပျက်သွားတဲ့ မတရားမှုတွေ အများကြီးပဲ” ဟု ဆိုသည်။

ယခု အစိုးရသစ်လက်ထက်တွင် ပြည်ပ မီဒီယာများ၌ ပါဝင်သည့် အမှုများအပေါ် အရေးယူမှုများ ဧရာဝတီတိုင်းအတွင်းတွင် ရှိလာ ကြောင်း၊ ပြည်သူများ အနေဖြင့် အာဏာပိုင်များထံ တိုင်ကြားရာတွင် အမည်၊ မှတ်ပုံတင်နံပါတ် စသည်များကို ပေးရပြီး အရေး ယူမှုလည်း မရှိသည်ကို တွေ့ရကြောင်း၊ ပြည်ပ မီဒီယာများထံ ပြောကြားပါက မြန်ဆန်သည့်အပြင် ချက်ခြင်းအရေးယူမှုများ ရှိသည့် အတွက် အဆိုပါ မီဒီယာများကို ပိုမိုအားကိုးလာကြကြောင်း ၎င်းက ဆက်ပြောသည်။

ယခုဖြစ်ပျက်ခဲ့သည့် အမှုတွင် မီဒီယာကဏ္ဍ၏ အရေးပါမှုမှာ လက်တွေ့ပြသနေသော်လည်း ပြည်တွင်းပြည်ပ မီဒီယာများတွင် ဖော်ပြခွင့်မရဘဲ ပျောက်ပျက်သွားသည့် မတရားမှု အများအပြား ကျန်ရှိနေသေးကြောင်း ၎င်းက ထောက်ပြပြောဆိုသည်။

Saturday, July 9, 2011

နှိပ်စက်ခံရသူ ၉ နှစ်အရွယ် မောင်ထိပ်ကွက်အမှု တရားရုံးမှာ စစ်ဆေးပြီးအစိုးရရှေ့နေ ဦးမောင်မောင်ကြည်ဝင်းက ကလေးအတွက် ဆောင်ရွက်

ဒီဗွီဘီ
ဧရာဝတီတိုင်း ဟင်္သာတမြို့က ၉ နှစ်အရွယ် မိဘမဲ့ကလေး မောင်ထိပ်ကွက် (ခေါ်) စိုး​ထက်​ အောင် အပြင်းအထန် နှိပ်စက်ခံရမှုနဲ့ ပတ်သက်ပြီး ဒီနေ့ ဇူလိုင် ၈ ရက်နေ့မှာ တရားခံပြ နောက်ဆုံးသက်သေကို မြို့နယ်တရားရုံးမှာ စစ်ဆေးပါတယ်။

ခုလ ၄ ရက်နေ့က အမှု စတင်စစ်ဆေးရာမှာ တရားလိုနဲ့ တရားလိုပြ သက်သေကို စစ်ဆေးပြီး ဖြစ်သလို ဒီနေ့မှာတော့ စွဲဆိုခံရသူရဲ့သက်သေကို စစ်ဆေးပြီး ဖြစ်ပါတယ်။

တရားလိုဘက်ရော တရားစွဲခံရသူဘက်ကိုပါ စစ်ဆေးပြီးဖြစ်လို့ အပြီးသတ် လျှောက်လဲချက် ကြားနာဖို့ ချိန်းဆိုထားတယ်လို့ မောင်ထိပ်ကွက်ဘက်က လိုက်ပါ ဆောင်ရွက်တဲ့ အစိုးရရှေ့နေ ဦးမောင်မောင်ကြည်ဝင်းက ပြောပါတယ်။

“တရားလိုဘက်က နိုင်ငံတော်ဘက်က လိုက်ပေးတာပါခင်ဗျ။ အခု အပြီးသတ် လျှောလဲချက်ကို ကြားနာဖို့ ချိန်းထားပါတယ်ခင်ဗျ။ နှစ်ဘက်စလုံးက လျှောက်လဲမှာပါ။ လျှောက်လဲချက်တွေ ပေးပြီးတော့မှ တရားရုံးကနေ အမိန့်ချမှာပါ။”

ဒီအမှုနဲ့ပတ်သက်ပြီး အမြန်ဆုံးစစ်ဆေးပြီး ထိရောက်တဲ့ ပြစ်ဒဏ်ကျနိုင်ဖို့ ကြိုးစား နေတယ်လို့လည်း ဦးမောင်မောင်ကြည်ဝင်းက ပြောပါတယ်။

မောင်ထိပ်ကွက်ကို နှိပ်စက်မှုနဲ့ ပတ်သက်ပြီး မောင်ထိပ်ကွက်ရဲ့ဆွေမျိုးတွေက ရဲတပ်ဖွဲ့ကို တိုင်ကြားပြီး နှိပ်စက်သူ ကိုစနိုးကို ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၂၆ အပြင်းအထန် နာကျင်စေမှု၊ ပုဒ်မ ၃၄၂ မတရားချုပ်နှောင်မှုတို့နဲ့ ရဲတပ်ဖွဲ့က တရားစွဲထားတာပါ။

ဒီပုဒ်မနှစ်ခုအရ သက်ရောက်နိုင်တဲ့ ပြစ်ဒဏ်နဲ့ မြို့နယ်တရားရုံးက စီရင်ချက်ချနိုင် ခွင့်ကို ဦးမောင်မောင်ကြည်ဝင်းက ရှင်းပြပါတယ်။

“ပုဒ်မ ၃၂၆ က တသက်တကျွန်းဖြစ်စေ၊ ၁၀ နှစ်အထိ ထောင်ဒက်တမျိုး ဖြစ်စေ ချမှတ်ရမယ်လို့ ပါပါတယ်ခင်ဗျ။ ပုဒ်မ ၃၄၂ ကတော့ တနှစ်အထိ ထောင်ဒဏ်ဖြစ်စေ၊ တထောင်အထိ ငွေဒဏ်ဖြစ်စေ၊ နှစ်ရပ်စလုံးဖြစ်စေ ချမှတ်ရမယ်လို့ ပြဌာန်းထားပါတယ်။ ကျနော်တို့ က မြို့နယ်ဥပဒေမှာ စစ်တာပါ။ ဥပဒေက အဲဒီလိုချမှတ်ထားပေမယ့် မြို့နယ်တရားရုံးက စီရင်ပိုင်ခွင့်အာဏာအရ အများဆုံးချမှတ်နိုင်တာက ၇ နှစ်ပါပဲခင်ဗျ။ မြို့နယ်ဥပဒေရုံးအနေနဲ့ မြန်မြန်နဲ့မှန်မှန် ဆုံးဖြတ်ချက်ချမှတ်နိုင်ဖို့ ကျနော်တို့ ကြိုးစားခဲ့ပါ တယ်။ ပြီးတော့ ထိရောက်တဲ့ ပြစ်ဒဏ်ရနိုင်ဖို့အတွက်ကို ကျနော်တို့ဘက်က ကြိုးစားနေပါ တယ်ခင်ဗျ။”

စီရင်ချက်ချမယ့်ရက်ကိုတော့ မသိရသေးပါဘူး။ မောင်ထိပ်ကွက်ဟာ You and Me လက်ဖက်ရည်ဆိုင်မှာ စားပွဲထိုးအဖြစ် လုပ်ကိုင်ပြီး ကိုစနိုးက သူ့ကို ကြိုးတုပ်ရိုက်နှက်၊ ခန္တာကိုယ်ကို မီးပူနဲ့ကပ်လို့ ဒဏ်ရာပြင်းထန်ခဲ့သလို ခွေးမစင်နဲ့ ကျင်ငယ်ပါ အတင်း ကျွေးတာတိုက်တာ ခံခဲ့ရပါတယ်။ ဒီကိစ္စမှာ ကိုစနိုးရဲ့ဇနီးသည်ပါ ပါဝင်တယ်လို့ ကာယကံရှင် မောင်ထိပ်ကွက်က ပြောပါတယ်။ သူ့အတွက် အမှတ် ၁ ရဲစခန်းက တရားလို အဖြစ် အမှုဖွင့် ဆောင်ရွက်နေတာဖြစ်ပါတယ်။

အစပိုင်းတုန်းကတော့ ပုဒ်မ ၃၂၄ သာမန်နာကျင်စေမှုနဲ့ အမှုဖွင့်ခဲ့ပေမယ့် ဥပဒေ အကြံပေး ဦးမောင်မောင်ကြည်ဝင်းက ပုဒ်မ ၃၂၆ နဲ့ ၃၄၂ တို့နဲ့ ပြောင်းလဲပြီး တရားစွဲထား တာပါ။

မောင်ထိပ်ကွက်ရဲ့ ကျောကဒဏ်ရာ သက်သာသွားပြီ ဖြစ်ပေမယ့် ဗိုက်ကဒဏ်ရာကတော့ ပြင်းထန်နေတုန်းပဲလို့ သိရပါတယ်။

မြန်မာ ပွိုင့်ဝိကလီဂျာနယ် က တရားခံ ယောက္ခမ ဖြစ်သူ ဦးဥာဏ်လင်းထွန်းက မီးပူဖြင့် ထိုးတာမပြောပဲ အပြစ်မရှိသလို ရိုက်နှက် နိုင်သကဲ့သို့ ကြိုးဖြင့်ရိုက်တာ ပါ ..ကလေးငယ်အား နှိပ်စက်သည်ကလေးငွေယူသွားသည် အထိစွပ်စွဲ ပြောဆိုထားသည်...ကြံ့ခိုင်ရေး နှင့်တခြားပါတီ တစ်ခုတို့ က ကလေးအား ငွေ နှစ်သောင်း ကူညီသည်ဟုဆိုသည်။

Thursday, July 7, 2011

ကလေးငယ်တစ်ယောက် သေကောင်းပေါင်းလည်းဖြစ်နေချိန်မှာ နိုင်ငံဦးဆောင်ချင်သူက အလည်သွားနေ

ဒီမိုကရေစီ လိုချင်တယ်ဆို လူ့ အခွင့်အရေး ကို လုပ်ပေးနိုင်မှလေ...
၁၉၉၀ ရလဒ် အဖြေမရခဲ့တာ လည်း အခုဆို ဟင်္သာတ က ကလေး အတွက် မြန်ပြည်သားတိုင်း စိတ်မကောင်းဖြစ်နေချိန် မှာ

မြန်ပြည် အရေး လုပ်ဖို့ ကြွေးကြော်နေသူတွေ ဘာလုပ်နေလဲ...
ရှေ့ နေ လည်းမရှိ ငွေကြေးလည်းမတတ်နိုင် ဘယ်လွှတ်တော်ကိုယ်စားလှယ်မှ မကူညီ

ဘယ်ပါတီမှ မလာ...ပါတီဆိုတာ အခွင့်အရေးရမှလား

ရှက်ဖို့ ကောင်းပါတယ်...နိုင်ငံတကာ သတင်းစာမျက်နှာမှာ ဟိုပြောဒီပြော လုပ်ဖို့ ပဲလား မြန်မာပြည်သားတွေ ကို ကူညီဖို့ ပါတီ စည်းမျဉ်းမှ မပါလာလို့ တာဖြစ်ပါလိမ့်မယ်။

စာရွက်တွေ ထုတ်ယုံ နဲ့  မြန်မာပြည်ဒီမိုကရေစီ အဝေးကြီးမှာပါ...

ကလေးငယ်လေး တစ်ယောက်ကို တောင် မကူညီ နိုင်တဲ့ ပါတီ ဒီမိုကရေစီ မအော်ခင် လူအခွင့်အရေးကို ဆည်းပူးဖို့ လိုပါလိမ့်မယ်...

ပါတီက ရန်ကုန်မှပဲ ကိုး ...ဟင်္သာတ မှာမှ မရှိပဲကိုး...

ကလေးအား ကူညီရန် ဆက်သွယ်နိုင်သော ပေးပို့ နိုင်သော နေရာ အား မှတ်ချက်ရေးသားထားခဲ့နိုင်ကြပါစေ။

Wednesday, July 6, 2011

မြန်မာ စာ ဆိုတာ

ကမ္ဘာပေါ်မှာ သတင်းဌာန တွေ က သူသတင်းသူများဖတ်မှာ စိုးလို့ လား မြန်မာ ဖောင့်စ်တွေ ပေါကြွယ်ဝလို့ လား မြန်မာ တွေ ဒီမိုကရေစီ စတိုင်လေလားတော့ မသိ

မြန်မာသတင်း ဖတ်ရဖို့ အရေး ဟိုလို လုပ်ရ ဒီလိုလုပ်ရ နဲ့ 

ဟိုဖောင့်စ် နဲ့ မှ ဒီဖောင့်စ် နဲ့ မှ

မြန်မာ စာ ကို မြန်မာ လိုလွယ်လွယ် ကူကူ ဖတ်မရအောင် လုပ်နေမှ တော့ သတင်းဌာန ဆိုပြီး ငွေ တောင်း အိပ်ဖောင်းပြီး အိပ်နေလိုက်ပါတော့လား...

တရေးနိုးရင် သူများတွေ ဖတ်မရအောင် သတင်းတင် ငွေတောင်း အလှူခံ လစာထုတ်အိပ်နေ လိုက်ပါ...

လက်ညောင်း သက်သာအောင်နေ လိုက်ပါတော့...ထန်းလျှက် နိုင်ငံ က လစာပေးမှာပါ...
(ထန်းလျှက် ကရင်စကားမှ ဘာသာပြန်ဆိုပါသည်)

Tuesday, July 5, 2011

သတင်းတိုထွာ..

စာမရေးဖြစ်တာ တော်တော်ကြာသွားတယ်...

ပင်စင်စားတွေ အတွက် မုဒိသာပွားစရာ...ဝမ်းသာစရာ သတင်းစကားနောက်က အဆင်မပြေစရာတွေ ကြားရတော့ မရေးချင်တာရယ် မှားနေတာ တစ်ချို့ ကို တွေ့ ရတာ မပြောချင်တာလည်းပါတယ် အခုတော့ သိသင့်တာတွေ ထင်လို့ ရေးမှာပါ။

တစ်ချို့ ပင်စင်စားတွေ ကို မူရင်းစာရွက်တွေ တောင်းတော့ အဆင်မပြေတာတွေ ပြောကြတော့ တကယ်တော့
တစ်ချို့ က သူတို့ ရဲ့ ပင်စင်လစာကို စိတ်မကောင်းစွာနဲ့ ရောင်းထားကြတာတွေ ရှိတယ်။ပေါင်ထားတာတွေ ရှိပါတယ်။

အဲလိုဖြစ်နေတဲ့သူတွေ မနစ်နာရလေအောင်လို့ ထင်တာပဲ..မူရင်းစာရွက်တွေပါမှ ရမယ်လို့ ထင်ပါတယ်။
အမှန်တကယ် ပင်စင်စားတွေ လက်ထဲကိုပဲ ထည့်ချင်လို့ ထင်ပါတယ်။

တကယ်တော့ ခရီးစရိတ်အတွက် အဆင်မပြေတာတွေ တော့ ရှိမှာပါ ထောင်မြင် ရာစွန့် ရမှာပေါ့။

အပေါင်ခံထားတဲ့သူတွေ ဝယ်ထားတဲ့သူတွေ ဆီမှာတော့ မူရင်း တွေ ရှာဖို့ ခက်တာကို ဟိုပြောဒီပြော ပြီးဒီအတိုင်းထုတ်လို့ ရဖို့ ကြိုးစားနေမှာပါ...

သတင်းတစ်ခုမှာပါလာတော့ သတင်းသမားတွေ ဒီအဖြစ်အပျက်မျိုးမကြားဘူး မတွေ့ ဘူးလို့ ဖြစ်မယ်ထင်လို့ ရေးလိုက်တာပါ။

....နောက်တစ်ခုက မြန်ပြည် လူငယ်တစ်ချို့ ဂျပန်ကို လေ့လာရေးလာမှာပါ။

ပါတီစုံက လူငယ်တွေ လာမှာ ဆိုတော့ တစ်ဦးတည်းမူပိုင်ဖြစ်စေချင်တဲ့ လက်ပါးစေ တွေ ကလည်း သတင်းမရေးတာတွေ့ ရတယ်
ဒီမိုကရေစီ လိုလားသူတွေ ကလည်း တစ်ဦးတည်းမူပိုင်ချင်တဲ့ လူငယ်တွေ ပါမှာဆိုတော့ မရေးတာတွေ့ ရတယ်။

ဘာလိုပဲဖြစ်ဖြစ် မြန်မာလူငယ်တွေ နိုင်ငံတကာ ကို လာလေ့လာမှာဝမ်းသာစရာပါ အကျိုးပြုသောပါတီဖြစ်စေ အကျိုးမပြုသောပါတီဖြစ်စေ..
လူငယ်တွေ လက်ထဲကို အတွေးသစ် အမြင်သစ်တွေ ရမှာ ဝမ်းသာစရာပါ။ ချက်ချင်းပြန်ရောက်လို့ လုပ်လို့ မရနိုင်ပေမဲ့ တစ်ချိန်ချိန်တော့ လုပ်ခွင့်ရတဲ့တစ်နေ့ တော့ရှိလာမှာပါ။

သဘောထားကွဲလွဲသူတွေ တစ်ခရီးထဲသွားရမှာပါ...ဘာတွေ အဆင်ပြေလာမလဲတော့မသိပေမဲ့...အတွေ့ အကြုံကောင်းတွေ ရနိုင်ပါစေလို့ ရည်သန်ရင်း...

နောက်တစ်ခုကတော့ နိုင်ငံတကာ သတင်းလေးပါ...ထိုင်းရွေးကောက်ပွဲ မှာ အတိုက်အခံပါတီ အနိုင်ရသွားတာပါ။
တကယ်တော့ ကိုယ့်ပြည်သူကို သတ်တဲ့ ဝန်ကြီးချုပ်ဟောင်းကို အလိုမရှိတာသိသာသွားတာပါ...နှစ်နိုင်ငံသားခံယူထားတဲ့သူက အုပ်ချုပ်တာကို အလိုမရှိတာပါ သိသာသွားပါတယ်

အရွေးချယ်ခံရတဲ့ ဝန်ကြီးချုပ်သစ်ဖြစ်မဲ့ သူက မဲဆွယ်တုန်းက လယ်သမားတွေ ကို ခရက်စ်ဒစ် ကဒ်တွေ လုပ်ပေးမယ်လို့ မဲဆွယ်ခဲ့တာ တကယ်ဖြစ်လာမှာလား ကြည့်ရမှာပါ။

မြန်မာပြည်မှာရော မြန်မာပြည်သား တွေ စောင့်ကြည့်နေရင်းပေါ့...

ရက်တစ်ရာ မကျော်ခင် နှစ်ခုတော့ ထူးပါတယ်
ဒေါ်လာဈေးကျသွားတာရယ် ပင်စင်စားတွေ ဝင်ငွေတိုးလာမှာကိုပါ...

အဆင်မပြေသေးတာကတော့ ဒေါ်လာဈေးကျသောလည်း အစိုးရသစ် ဒီဇယ်ဓာတ်ဆီဈေး ချမပေးနိုင်သေးတာပါ...
ဒီဇယ်ဓာတ်ဆီရောင်းချခွင့်ရသူတွေ က အခွင့်ထူးခံတွေ မို့ လို့  သမ္မတ အထက်ကနေ အာဏာ ရှိနေသေးတာကို မသိမသာပြနေတာတွေ့ နေရတာပါ...
ဒီဇယ်ဓာတ်ဆီဈေး ကျလာရင်တော့ အစိုးရသစ် အခွင့်ထူးခံတွေ ကို ထိန်းချုပ်လာနိုင်လို့ ပေါ့...

မထိန်းချုပ်ပဲ မှောင်ခိုတင်သွင်းခွင့်ကို မသိမသာ ခွင့်ပြုလိုက်ရင် အခွင့်ထူးခံတွေ ကို ပြောစရာမလိုပဲ ဈေးကျလာမှာပါ။

တစ်ချို့ ဝန်ထမ်းတွေလည်း အဆင်ပြေ..သမ္မတလည်း ဂုဏ်တတ်လာမှာပေါ့...

Saturday, July 2, 2011

ပင်စင်စားများ လစာတိုး

မဇ္ဈိမသတင်း
အစိုးရဝန်ထမ်း ပင်စင်စားများ၏ ပင်စင်နှုန်းထားကို ဇူလိုင်လမှသည် တိုးမြှင့်ပြီး အလုပ်လုပ်စဉ်က ရရှိခဲ့တဲ့ လစာအတိုင်း ပေးမည်ဟု မြန်မာနိုင်ငံ ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်အား နိုင်ငံပိုင် မြန်မာ့ရုပ်သံက ကြာသပတေးနေ့တွင် ကြေညာလိုက်သည်။

ညနေ ၆ နာရီတွင် မြန်မာအသံ ရုပ်မြင်သံကြားက ထုတ်လွှင့်သွားရာမှာ ဒီဇင်ဘာ ၃၁ ရက် ၂ဝဝ၉ ခုနှစ်တွင် ပြင်ဆင်သတ်မှတ်ထားခဲ့သည့် လစာနှုန်းထားအသစ် အရ ခံစားခွင့်ကို လာမည့် ဇူလိုင်လ လစာမှ စတင်၍ ထုတ်ပေးသွားမည်ဟု ပါရှိသည်။