ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Monday, August 29, 2011

လွတ်လပ်ပါစေ ဧရာဝတီ

မြစ်ဆုံ မှာ ဆည်ဆောက်မယ် ဆိုတော့ ဧရာဝတီ ရင်ဘတ်ကို ကျပ်ထုတ်တော့မှာပေါ့...
ရင်ပြည့်ရင်ကယ် နေတဲ့ ယမ်စီ ကို ကြည့်ပြီး ဧရာဝတီ မျက်ရည်စို့ တော့မယ် တစ်ခါတစ်ရံ လည်း ရင်ဘတ်စည်တီး ငိုကြီးချက်မ ဖြစ်ရတော့ မယ်ထင်ရဲ့ 

ရာဇဝင်တွင်လာစေတာ ဧရာဝတီ
သတို့ သမီး အဖြစ် မြန်ပြည်ကို ကိုယ်စားပြုတာ ဧရာဝတီ
ဘာပဲဖြစ်ဖြစ် ဧရာဝတီ လွတ်လပ်မှုတွေ မဆုံးရှုံးစေချင်တာပါ...


ဧရာဝတီ ပေါ် ကုန်းကျောင်းလျှောက်ရမယ်ဆိုရင် တံတားတွေ ပျောက် ဒီရေတော တွေ ဖြစ် ဧရာဝတီ တိုင်းမှာ ရေငံတွေ ဝင် အကြံတွေ ကုန် ဂဠုန် ဆားချက် ရမှာ သေချာနေလေရဲ့ ။

ဘာတွေပဲ လုပ်လုပ်ပေါ့ ဧရာဝတီ လည်း ဒီမိုကရေ စီ ရပါစေ မရရင်တောင် ဧရာဝတီ ညင်သာစွာဖြတ်သန်း လွတ်လပ်ခွင့် မဆုံးရှုံးစေချင်တာပါ

ကောင်းတာနဲ့ မကောင်းတာနဲ့  အကျိုးဆက်တွေ တွက်တတ် နိုင်ကြပါစေ...

Sunday, August 28, 2011

China's Big Dam Problem


The Yangtze River -- the world's third-longest and China's main waterway -- begins in the Tibetan plateau and travels eastward across China, providing fresh water for 400 million people before emptying into the East China Sea at Shanghai.

Some of China's thorniest environmental problems are centered on its great rivers, which have been battered by massive damming, pollution, and habitat change. Here, Chinese policemen navigate a lake near the Zipingpu Dam, littered with debris from the May 12, 2008, earthquake in Sichuan province.

The Yangtze is prone to flooding -- one of the problems that Chinese water-control projects are supposed to help remedy. In this photo from September 6, 2008, the river approached the 25-meter (about 80-foot) flood line near the city of Wuhan in central China's Hubei province. This part of the country experiences heavy rain every summer, which is why the Three Gorges Dam was designed to withstand floods so intense they only happen every 10,000 years.

The dam prepares for serious flooding by closing its navigation locks during the peak flow period, which diverts water pressure to the reservoir upstream.

Floods this past summer provided the Three Gorges Dam with its greatest test since the completion of its construction. On July 20, the volume of water hitting Three Gorges reached about 70,000 cubic meters per second -- some of the fastest flowing floodwaters in over a decade. Authorities scrambled to evacuate those located along the flood's path, piled sandbags along the Yangtze's banks, and worked to drain reservoirs. The rains were abnormally heavy -- the Yangtze basin had 15 percent more rainfall in 2010 than in an average year.

Here, a Chinese worker cleans up debris of some of the buildings demolished by the floods in Wuhan on July 27.

Tuesday, August 23, 2011

ဝမ်းသာစရာတွေကြားရပေမဲ့ သံဝေဂရစရာအသံတွေပါကြားနေရပါတယ်

အင်တာနက် ကမီးပျက်လို့  နောက်တစ်ပတ်လောက်စောင့်ရမယ်ပြောတယ်၊အထိုင်မှာမီးခဏလေးပျက်သွားတာတဲ့။
ပြန်ပြီးဆက်တင် လုပ်ရမှာမို့ လို့ တဲ့။
ပတ်စ်ဝပ်စ်တွေ မပါပဲသုံးလာတာ ၂နှစ်တောင်ရှိပြီ အခုမှ ပြန်လုပ်ရတော့မယ်။
လစ်ဗျား ကသတင်း မြန်ပြည်က ကောင်းခြင်း နမိတ်ဆောင်သောအပြုအ မှုတွေကြားနေရတာဝမ်းသာစရာပါ၊
အာဏာရှင်တွေရဲ့ သံဝေဂပါကြားလာနေပါပြီ။
ဘာပဲဖြစ်ဖြစ် ကောင်းတာပဲကြားရတာကောင်းပါတယ်။

Thursday, August 18, 2011

ပြောရက်ပါ ပေ့ မောင်ဘစ်ရယ်...

ရေနံတူးတာမှာ ရှေ့ ဆုံးက ဘစ်ကိုသုံးရပါတယ်။ ဘစ်တွေ က စိန်သွားတွေ တပ်ထားတာနဲ့ တွင်းတူးကြရပါတယ်။

အခုလည်း မောင်ဘစ်ကတော့ ပြောလိုက်တာတော့ အဝေးကသူတွေ ပြန်လာဖို့ ပြောတာ ဘယ်သူတွေ ကို ဆိုလိုတာလဲ။

အပ်တိုတစ်ချောင်းမှ မကိုင်တဲ့သူတွေ၊ အများကို ကူညီမိ လို့  ဘဝတက္ကသိုလ်မှာ နှစ် ၆၀ ကျော် ရိပ်သာဝင်နေရသူတွေ ကို အားနာပါဦး

ကွန်ပျူတာလေး နဲ့ စာရေးမိလို့  အနားယူနေရသူတွေ ကို အိမ်ပြန်လာဖို့  မခေါ်ပေးပဲ

လုံလုံခြုံခြုံ ခေါ်ထားပေးတာကို ကျေးဇူးတင်ရမှာလားဟင်...

အဝေးကသူတွေ အိမ်ပြန်ချိန်ထက် အနီးကလူတွေ အိမ်ပြန်ချိန်က မြန်ပြည်သားတွေ ဘယ်ဆီကိုပဲရောက်ရောက် ဝမ်းသာစွာကြိုဆိုနေမှာပါ။

အနီးဆုံးလူ တွေ ကို ကြည့်ရှုစောင့်ရှောက်ပေးတာထက် အိမ်ထမင်းအိမ်ဟင်း ပြန်စားဖို့ ကူညီနိုင်ပါစေ မျှော်လင့်ရင်း

အပြစ်တော့ မတင်ရက်ပါဘူး လုပ်တတ်သလိုသာ လုပ်လိုက်ပါ...အဝေးကသူတွေ ပြန်လာရင် အိမ်မှာဆို လူနည်းနည်းပဲ ဖြစ်မှာ စိုးလို့  လူများများနေရာ ဆီ ပို့ ဖို့ စိတ်ကူးမရှိရင်တော့ ကောင်းသော လုပ်ရပ်ဖြစ်လာမှာပါ...

ပြောရက်ပါ ပေ့ မောင်ဘစ်ရယ်...

Tuesday, August 16, 2011

ပြေး ပြေး လွတ်အောင်ပြေး

ချောက် မှာ ဖီးလ်ဆင်းရတုန်း က အတူဆင်းရတဲ့ သူတွေပေါင်းပြီး စလေ ကို သွားလည်ဖြစ်ကြတယ်။

ကြားထဲမှာ ပျင်းရင် ဖုန်းအော်ပရေတာ ဆီဖုန်းခေါ်ပြီး ဖုန်းပြောတဲ့သူနဲ့  အညာမှာ ငါး စားမယ်လုပ်တော့ ဈေးသွားတဲ့သူတွေ ငါးတော့ စားလိုက်ရပါရဲ့  ဘဲဥ ကို နောက်ရက်တွေ ဟင်းလုပ်လိုက်ရတဲ့ ရက်တွေ တော်တော် များသွားပါတယ်။အဝယ်တော်ကြီး စိတ်ညစ်ပြီးလေ..

အဲလိုနဲ့  စလေသွားရအောင် စကားစပြီး စလေသွားလည်ဖြစ်ကြတယ်...

နံနက်ပိုင်း ကားဂိတ်ကနေ စလေကို လိုင်းကားစီးပြီးသွားလိုက်ကြတယ် အဲဒီတုန်းက ကားခ က တစ်ယောက် ကို ၂၀ ကျပ် နဲ့ စီးသွားလိုက်ကြတယ်။

ကို အောင်ကျော်မင်း ကျွန်တော် ရယ် ကိုဇော်နိုင် ၊သောင်းထွန်း ၊ရမ်နရိုင်း၊ တင်မောင်ဇော် ၊ဝင်းဆွေ(ဆွေကြီး)၊ဝင်းဆွေ(ဆွေလေး) တို့ တစ်တွေ စလေကို ချီတတ်သွားကြတာပေါ့...

ဟိုလည်းရောက်ရော ကိုအောင်ကျော်မင်းတစ်ယောက် ငါတို့ တွေ နေရာတွေ မသိလို့ သွားလို့ ဖြစ်ပါ့မလားစိတ်ပူပြီး ဘယ်ကနေဘယ်လို သိလာလည်းမသိတဲ့ ဂျော်ရဂီး တစ်ယောက် နဲ့ သိပြီး အတူတူ သွားကြရအောင်ပြောတော့ ...

မကောင်းဘူးထင်တယ်ပြောပေမဲ့ ရပါတယ်ဗျာပြော ပြီး လိုက်ပို့ ပေးဖို့ ပြော တော့ ဟိုက လိုက်ပို့ ချင်နေတော့...ပျော်ပျော်ကြီးလိုက်လာပြီး လိုက်လာလေရဲ့ 

စလေ ဦးပုည အိမ်ကိုလည်းရောက် စလေက ဗဟိုရ်စည်ကြီး စင်ပေါ်တတ်ပြီး တီးလိုက်သေးတယ် မကြီးမငယ်နဲ့ မကောင်းမှန်းသိပေမဲ့ 
တီးဖူးတယ် ရှိအောင် မသိသလို လုပ်ပြီး တီးဖြစ်ကြသေးတယ်။

တစ်နေ ကုန် လိုက်ကြည့်ကြပြီး ဂျော်ရဂီးတစ်ယောက်လည်း ကျေးဇူးတင်ပါတယ်ပြောပြီး တစ်ခုခု လိုက်ကျွေးပြီး ပြန်တော့မယ်လုပ်ကြတာပေါ့။

အဲဒီကျမှ ဂျော်ရဂီး က ချောက်အထိလိုက်မယ် လုပ်ပြီး လိုက်အိပ်မယ်လုပ်တော့...
အကုန်လုံး ဘာလုပ်ရမှန်းမသိ ဖြစ်ကုန်ကြတာပေါ့...
ဘယ်လိုမှ ခွာမရဖြစ်နေတော့ မထူးတော့ဘူးဆိုပြီး

စလေက လိုင်းကားကို စင်းလုံးငှားပြီး စင်းလုံးဆိုလို့  ၂၅၀ ကျပ်တည်းပါ။ ပြန်လာကြတာပေါ့ လမ်းမှာ လည်း ကားသမားတွေ လူတင်ချင်တင်လို့ ပြောပြီး ဂျော်ရဂီး ခေါ်ပြီးပြန်တယ် မဖြစ်ရအောင် ရယ်...အဆောင်အထိ နာမည်ကတော့ အကြီးတန်း အရာရှိ ရိပ်သာ ကုန်းဆင်းအထိ ငှားလာလိုက်တော့...ဂျော်ရဂီး က ပါ ပါလာတော့ ကားရပ်တာနဲ့  ရိပ်သာ ကို မပြန် နိုင်ပဲ

အသီးသီး အရက်ဆိုင်ပြေးသူက ပြေး လက်ဖက်ရည်ဆိုင်ပြေးသူပြေး နဲ့  ကားခေါင်မိုးပေါ် စီးလာတော့ အသီးသီး ပြေးလိုက်ကြတာ
ကျေးဇူးကန်းသလိုများဖြစ်သွား မလားသိပေမဲ့ သဘာဝမဟုတ်တာကို အားမပေးရဲ လို့ 

ပြေးနိုင်မှ လွတ်မယ်ဟေ့ ဆိုပြီး လွတ်အောင်မနည်းပြေးလိုက်ကြရတယ် ရိပ်သာကို တော်တော်နဲ့ ဘယ်သူမှ မတတ်ရဲဘဲ ညတော်တော်မှောင်မှ ပြန်ကြရတယ်....

Monday, August 15, 2011

စားသာ စား နောက် တစ်လုံးကျန်သေးတယ်

ချောက်မှာ ဖီးလ်ဆင်းရတော့
ပုသိမ်မှာ ကျောင်းတတ်တုန်း က ကျောင်းအတူတူ တတ်လာတဲ့ သူငယ်ချင်းနဲ့ ပြန်တွေ့ တော့
သူကလျှပ်စစ်ဝင်းထဲမှာ ငှားနေတော့ သူဆီသွားလည်တော့ သူက ထမင်းလိုက်ကျွေးတော့ မကျွေးနဲ့ ပြောလည်း မရတာနဲ့ 
ထမင်းဆိုင်သွားပြီး အတူတူ သွားစားကြတော့
သူ က ထည့်စား ကွာ ဘာမှ မပူပါနဲ့ ကွာ ပြောပေမဲ့ ကျောင်းတတ်နေတဲ့
သူအချင်းချင်း ဆိုတော့ သိနေတော့...ထမင်းလည်းဝနေတာနဲ့ ရပါပြီ ပြောတော့
ပါလာတဲ့ သူ့  သူငယ်ချင်းက စားသာစား နောက်တစ်လုံးကျန်သေးတယ်တဲ့...

ဒါနဲ့ သူငယ်ချင်း က...ကာကလေတာပေါင်ထားတာပါ ကွာ ငါ မှာ နောက်တစ်လုံးကျန်သေးတာကို ပြောတာပါ...
သူတို့ တွေ ယူပေါင်ချင်တာ မပေးလို့  လာပြောနေတာ...

ဘာပဲဖြစ်ဖြစ် သူငယ်ချင်းရဲ့ စေတနာ ကတော့ အေးတူပူမျှ ဖြတ်သန်းကြရတာပျော်စရာလေးပါ။

အခုတော့ သူလည်းစင်ကာပူ မှာ ၂၀၀၄ က ပြန်တွေ့ ပေမဲ့ ပြန်မတွေ့ တာတောင် အတော်ကြာသွားပါပြီ...

ဘာပဲဖြစ်ဖြစ် သူငယ်ချင်းအတွက် ဆို ရသလိုလုပ်ပေးတဲ့အဖြစ်လေးကို အမှတ်တရ...

Sunday, August 14, 2011

တိုတို ထွာထွာ ကြားရသမျှ

အက်အီးစီတွေ ပြန်သိမ်းတော့မယ်

အခွန်တချို့ တွေ ကို ကင်းလွတ်ပေးမယ်တဲ့

ပါတီတစ်ခု ကားသွင်းခွင့် ရရင် နောက်ပါတီတွေ ပါ ကားသွင်းခွင့် ရမှာပါတဲ့...

ပါတီဆိုတာ အခွင့်ထူးခံတစ်ခု ဖြစ်လာတော့မဲ့ သဘောပေါ့

ဒီမိုကရေစီ နိုင်ငံ ကြီးမှာ ဆူပူမှုတွေ ပေါ်တော့ လူသတ်ပြီး နှိမ်နင်းတာပါပဲ ဖမ်းလိုက်တာ ထောင်ဂဏန်းရောက်နေပါပြီ

ကမ္ဘာမှာ ရှယ်ယာတွေ ကမောက်ကမ ဖြစ် သတ်သေတဲ့သူတွေ ကသတ်သေကြ

ရွှေတွေ လိမ့်ဝယ်တော့ ရွှေဈေး ကတအားထိုးတတ်သွားလေရဲ့ 

ကာစီနိုလုပ်မဲ့ သဘောင်္ကနေ လေယာဉ်တင်သဘောင်္ လုပ်လိုက်တော့ လောင်းကစား လုပ်မဲ့သူတွေ လေယာဉ်စီးပြီး လူလိုက်သတ်ဖို့ လုပ်ရတော့မလို ဖြစ်နေလေရဲ့  ရီဆိုဒ်ကယ် လုပ်တာတော့ တော်ပါပေတယ်

တိုက်ရိုက်ဝယ်ရင် ရှက်လို့  သွယ်ဝှက်ပြီးမှ ဝယ်ရတယ်လို့ ။

အကျိုးအမြတ် မရနိုင်တဲ့ နိုင်ငံတွေ ဆို ရင် ဘယ်လောက်ပဲ ဒီမိုကရေစီထွန်းကားတဲ့ နိုင်ငံတွေ က လူတွေ ဘယ်လောက်သေသေ စစ်ရေး အရ ဝင်မစွက်ပါဘူး။ထောင်ဂဏန်းချီပြီးသေနေတာတောင် ဘာမှ ဝင်မကူပါဘူး။

အကျိုးအမြတ်ရမှ နော် ဒီမိုကရေစီ ကလည်း ဒီလိုရှိသားလား။

ထရံပေါက် က နေခြည်ပျောက် ကောက်မရနိုင် အလင်းရောင်တော့ရပါ၏။

အခုတလော ကြားရတာတွေ ကတော့ အများကြီးပါ တွေ့ တာတွေ အကြိမ်တော်တော်များလာ မှ နှစ်ချီနေပြီနော် အခု မှ နေခြည်ပျောက်လေးတွေ့ ရတာပါ။

ဘာပဲဖြစ်ဖြစ် ကောင်းတဲ့ ရလဒ်တစ်ခုဖြစ်ပါစေလို့ မျှော်လင့်ရင်းပေါ့။

အလင်းတန်းတစ်ခု လင်းလက်သွား သလိုပဲပေါ့။

သုံးတတ်ရင်တော့ လုပ်စရာတွေ အများကြီးဖြစ်လာတာပေါ့။

တဖက်ကတော့ ဥပက္ခာဆိုသလို ပေးဆပ်လိုက်ရတာတော့ ရှိမှာပေါ့။ တဖက်ကလည်း သူအန္တရာယ် အတွက် ကြိုကာနေရတာတွေ ရှိတာပေါ့။ အဲဒီကြား မှာ အခုမှ လမ်းလေး နည်းနည်းကောင်းလာသလို ရှိလာတာပါ။

မြေနီလမ်းလေးလိုပေါ့။

ကျဉ်းတော့ ကျဉ်းသေးတာပေါ့

မိုးရွာ မှာ ကိုလည်းကြောက်နေရသေးတယ်လေ...မပျက်မစီးဘဲ လမ်းကောင်းကြီး ဖြစ်လာရင် မြန်ပြည်သူပြည်သားတွေ အတွက် အကောင်းပဲ ဖြစ်လာမှာပါ...

လမ်းဆိုးကိုသွေဖယ်သော အတွေး တွေ မရှိတော့မှာ သိသာလာမှာပါ။

အခွင့်အရေး ကို အသုံးချတတ်သူ နဲ့  ဖေးမခွင့်ပြုသူတွေ ဖြစ် လာရင် နောက် လေးငါး နှစ်လောက်ဆို ရင် ကောင်းသွားမှာပါ။

ချက်ချင်းတော့ မဖြစ်နိုင်သေးပါဘူး။အရမ်းကြီးမျှော် လင့်လို့ မရပေမဲ့ မြန်ပြည်အတွက် နေခြည်ဖြာ စပြုနေပါပြီ။

Monday, August 8, 2011

နေ့ ရက် များရဲ့  အတိတ်ကို တမ်းတခြင်းထက် ဖော်ဆောင်ရယူခြင်း

တချိန်က ရှစ်လေးလုံးက မြန်ပြည် အတိတ်ကို စည်းရုံးခြင်းအင်အားတွေ ဒီမိုကရေစီ အသိတွေ ရရှိခဲ့ကြပါတယ် လွဲမပေးမှုတွေ လက်နက်အားကိုး အနိုင်ကျင့်ခံ ရမှုတွေ နဲ့  အဆုံးသတ်ခဲ့ကြတယ်

လူငယ်တွေ ဘဝတက္ကသိုလ်မှာ နှစ်ရှည်တတ်နေရ ရတာတွေ အသုံးချခံခဲ့ရတာတွေ ပြီးရင် နိုင်ငံရေးစားဖားကြီးတွေ နေရာတကာမှာ နေရာ ရယူတာပဲရှိပြီး ဘာမှ လုပ်မပေးနိုင်တာကို တွေ့ ရမှာပါ...

ဒါဆိုတော့ အခုလူငယ်တွေ မျိုးဆက်သစ်တွေ အသုံးချခံရခြင်းထက် မိမိ ကိုယ်ပိုင်ရသင့်အခွင့်အရေးကို ရယူလာကြတာတွေ့ နေရပါပြီ။

ရလည်းရနေကြပါတယ်...ဝမ်းသာစရာပါ...ဒါပေမဲ့ မိမိတို့ ရရှိရမည့် အခွင့်အရေးတွေ ၊ နိုင်ငံငွေကြေးတွေ ကို အခွင့်ထူးခံတွေ အတွက် ဖြစ်နေတာကို မသိမသာ မီးမောင်းထိုးပြ ရယူလာနိုင်မယ် ဆိုရင် တော်တော်လေးကို အဆင်ပြေလာမှာပါ။

မိမိ လုပ်အားခ ရသင့်တဲ့တာတွေ တောင်းဆို မှားယွင်းနေတာတွေ ကို မသိမသာ ပြသနိုင်ရင် အကျိုးရှိလာနိုင်မှာပါ။

တလောက ဘောလုံးပွဲ ဆို မြန်ပြည်သားတွေ ရိုင်းစိုင်းလာလို့ ထင်စရာပါ။
အဲဒီလို လုပ်အောင် နောက်ကွယ်က စီစဉ်တာတွေ များ ရှိနေသလားမှ မသိတာ မစားရ အမဲ သဲနဲ့ ပက်တတ်သူတွေ လိုပေါ့။

ဘာပဲဖြစ်ဖြစ် ဝါးရင်းတုတ် ကိုင်ပြီး လူရိုက်ပေးရင် ငွေ ပေးခဲ့တာတွေ က အခု အဲဒီလို ပြန်လိုချင်သူတွေ ရှိနေတာ သင်ပေးခဲ့တာတွေ ကို နိုင်ငံတကာ ပွဲ မှာ ပြန်ကျင့်သုံးကြည့်တာနေမှာပါ...

ဘာပဲဖြစ်ဖြစ် မြန်မာ့ဘောလုံးအဖွဲ့ ချုပ်ကတော့ ကြားကခံလိုက်ရတာပေါ့

နေရာတကာ မှာ ဒီလိုမျိုးတွေ ဘယ်လောက်ရှိနေမလည်း ဆိုတာ မြန်ပြည်သားတိုင်းသိနေမှာပါ။

ဟိုအနားရေကြီး ဒီနားရောကြီး ဆိုတာတွေ ထက် ကြိုတင်ကာကွယ်မှုတွေ အစိုးရသစ်မှာ တာဝန်ရှိနေပါပြီ။

အရင်လို လိုက်ကြည့်နေယုံပဲဆို ထူးမခြားနား လိုပဲဖြစ်နေမှာပါ။

ဟင်္သာတ တာရိုးတို့  ပုသိမ်ကမ်းနား က ငဝန်မြစ်ရေတွေ က နှစ်စဉ် ရေတတ်တာ အခုဆို လူတွေ ပါထိခိုက်လာတာတွေ ရှိလာတာပါ။

ဘေးလွတ်ရာ ရောက်ရှိနိုင်ကြပါစေ။

တကယ်တော့ ဆည်တွေ ဆောက်ထားပေမဲ့ သိပ်အကျိုး မသက်ရောက် နိုင်တာတွေ မထိန်းသိမ်းနိုင်လို့  ဆိုးဝါးတဲ့ အခြေအနေ ရောက်နေရတာပါ။

ကားခိုးသွင်းတာတွေ တလောကမိသွားတော့ မြန်ပြည်မှာ အဲဒါမျိုးတွေ ဘယ်သူတွေ ဘယ်လောက်တောင် ရနေကြသလည်း
တခုထူးတာက အထူးအဖွဲ့ တွေ ရှိတုန်းက မဖမ်းတာတွေ အခုမရှိတော့မှ ဖမ်းတာပါပဲ...

အထူးအဖွဲ့ ဆိုတာ အကုန်ခိုးသွင်း လို့ ရတာဖြစ်မှာပါ။အခွင့်ထူးခံတွေ အတွက် သီးသန့် လုပ်ပေးထားတာဖြစ်တာနေမှာပါ။

ဒါမျိုးတွေ များများပေါ်လာပြီး တရားဝင် မြန်မာ ပြည်မှာ နိုင်ငံတကာက ကားတွေ လာရောင်းချတာမျိုး ရှိဖို့ လိုနေတာကို အခွင့်ထူးခံတွေ ကြားကနေ ရယူနေတာပါ။

မြန်မာပြည် မှာ ရွှေဈေးကတော့ နိုင်ငံတကာ ရွှေဈေး ကို မမှီသေးလို့ ပြောနေပေမဲ့ ဆီဈေးက ပိုနေတာကိုတော့ နှာစေးနေကြပါတယ်။

အခွင့်ထူးခံတွေ ငွေကြေး အရမ်းရနေမှာပါ။
မြေဈေးတွေ မတရားတက်နေတာ နောက်ကွယ်က အဖြေကို ဖော်ထုတ်နိုင်ဖို့ လိုပါတယ်။

နိုင်ငံခြားသားတွေ ကို တရားဝင်ရောင်းချတာမျိုးတွေ ကို ဥပဒေ လက်တလုံးခြား ရောင်းချနေလို့ ပါ။ဒါတွေ ကို မဖော်ထုတ်မနိုင်မချင်း မြန်ပြည်သားတွေ အတွက် မြေဈေးတွေ ကြီးမြင့်နေမှာပါ။

ပိတ်ထားသောအိမ်တွေ ချိပ်ပိတ်တာထက် အမှန်တကယ်ပိုင်ဆိုင်သူတွေ ကို စီစစ်လိုက်ပြီးပြည်သူပိုင် ပြန်သိမ်း လေလံ ပြန်ပစ်လိုက်ရင် နိုင်ငံငွေကြေး တောင့်တင်းလာမှာပါ။

လာမဲ့ ၂၂ ရက်နေ့ ကြရင် တခုခု ထူးလာရင်တော့ အကောင်းဆုံး ဖြစ်နိုင်ပါစေ လို့ မျှော်လင့်မိပါတယ် ။

နည်းနည်းလောက်ဖြစ်ဖြစ် ဒီမိုကရေစီ ဖော်ဆောင်နိုင်ပါစေ။

Monday, August 1, 2011

မြန်မာဘလောက်စ် နဲ့ စမ်းတင်ကြည့်တာပါ။ဂျပန်ယမ်းနဲ့ ဆို ၈၅ ယန်းပါ။