ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Thursday, November 17, 2011

အိုင်ဖုန်း ၄အက်စ် ဘက်ထရီ စားသက်သာအောင် ပိတ်ရမည့်အရာ....

အိုင်ဖုန်း ၄အက်စ် နဲ့ အတူ ပါလာတဲ့ အိုင်အက်စ်အို ၅ ကနေ အပ်ဒိပ်စ် လုပ်လို့ ရပြီဖြစ်တဲ့ အိုင်အက်စ်အို ၅.၀.၁ ကတော့ ဘက်ထရီ တော်တော် စားတာတွေ့ ရပါတယ်...ဒီအတိုင်း ဘာမှ မသုံးပဲနဲ့ ကို အလိုလိုနေရင်း နဲ့ ကို ကုန်တာပါ တစ်နေ့ ခင်းနဲ့ ကို ၅၀ % လောက်ကို စားသွားတာ..

အစပိုင်း အိုင်အက်စ်အို ၅.၀.၀ တုန်းကတော့ Location Service ကို OFF ထားရင် ဘက်ထရီအစားသက်သာပါတယ်...

အိုင်အက်စ်အို ၅.၀.၁ မှာတော့ အဲလို မရတော့ပါဘူး...အဲဒါပိတ်ထားလည်း ဘက်ထရီ ကုန်နေပါသေးတယ်...

အဲလို မကုန်အောင် လိုက်ကြည့်ပြီးစမ်းလိုက်တာ Settings ကိုသွား ပြီးရင် General ကို ထပ်သွားရပါမယ်...

အဲဒီကမှ တစ်ဆင့် About ကို ဝင်ရပါမယ်...ပြီးရင် အောက်ဖက်မှာရှိသော Diagnostics & Usage ကိုသွားရပါမယ်...

အဲဒီမှာ Automatically Send ကို အမှန်ခြစ်ထားတာတွေ့ ရမှာပါ အဲဒီနေရာမှာ...Don't Send ကို အမှန်ပြန်ခြစ်ရမှာပါ..အဲဒါမှ ဘက်ထရီ အစားသက်သာသွားတာကို တွေ့ ရပါတယ်...

အဲဒါ ကို Don't Send ထားပြီး Location Service ကို ON ထားရင် ဘက်ထရီ နည်းနည်းတော့ စားပါသေးတယ်...

တကယ်တော့ Don't Send ရော Location Service ကိုပါ OFF ထားမှ ဘက်ထရီ ၁၀ နာရီကျော် ခံနိုင်မှာပါ...

လုပ်ကြည့်ရင်းတွေ့ တာတွေကို ရေးတာပါ...သိလို့ တတ်လို့ ရေးတာ မဟုတ်ပါ ဘက်ထရီစား သက်သာအောင်သာ ရေးရတာ ပါ နည်းပညာတစ်ချို့  ကို ပိတ်ပင်လိုက်ရတာပါ...

ဘက်ထရီ ကြာကြာခံဖို့  တစ်ခြားနည်းမတွေ့ ခင်တော့ ဒီလိုပဲထားရတော့မှာပေါ့...

Saturday, November 12, 2011

iphone 4s Iso 5.0.1 update လုပ်လို့ ရပြီ။ဘက်ထရီပိုတောင်စားသွားတယ်...

Iso 5.0.1 update လုပ်လို့ ရပြီ။Wifi နဲ့ ဆိုကွန်ပျူတာတောင်မလိုပါ။ဘက်ထရီပြဿနာတော်တော်လေးအဆင်ပြေသွားမယ်လို့ ထင်ပါတယ်။အရင်ကထက်စာရင်တော့ အတော်ကိုသက်သာသွားပါသည်။

တရက်တော့ သက်သာသွားပြီထင်တာ အခုတော့ ပိုဆိုးလာတယ် ဘာမှ တောင်မဖွင့် ရဘဲနဲ့  ဘက်ထရီ အကျပိုတောင်မြန်သွားတယ်..