ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး
Monday, April 30, 2012
တကယ် စေတနာ နဲ့ ပါ..ကားကြီးမှ ကူးပါ..
ရန်ကုန်စက်မှုတက္ကသိုလ် က အဆောင်နေ ကျောင်းသားတွေအဆောင်  ပြန်ရင် ကားမှတ်တိုင်ရောက်ဖို့ 
အင်းစိန်လမ်းမ ကြီး ကို ကားတွေ့ ကြည့်ပြီး မှ ကူးရပါတယ်
ကားတွေ ကလည်းမြန်တော့ တော်တော် သတိထား ကူးရပါတယ်
တစ်နေ့ တော့ ကျောင်းသားတစ်ယောက် ကူးဖို့ လုပ်တော့ နောက်ကတစ်ယောက် က ကားအသေး
ကားတိုက်မိမှာစိုးလို့  စိုးရိမ်လို့ လှမ်းဆွဲခံလိုက်ရတော့ စီးရမဲ့ ကားတစ်စီး လွတ်သွားတာပေါ့
တကယ်တော့ မြန်မြန်ဖြတ်ရင် အဲဒီကားလေး ကို လည်းလွတ် တယ် စီးရမဲ့ ကား ကိုလည်း မှီပါတယ်
အဲလိုနဲ့ 
မင်းတို့ လုပ်တာနဲ့ ကားတစ်စီးလွတ်သွားပြီကွာ..
ဘေးကတစ်ယောက်က မင်း ကို ကားတိုက်မိမှာစိုးလို့ ဆွဲတာကို ကျေးဇူးမတင်တဲ့အပြင် အပြစ်တင်ရသလားပေါ့
အဆွဲခံရတဲ့သူ ကထပ်ပြီး
ဒီကောင်တွေ စေတနာ မင်းသိလို့ လား သက်သက်ညစ်တာကွ
ဘေးလူကနေ ဘာဖြစ်လို့ လဲ..
ဆွဲတဲ့ သူက အဲဒီကျ မှ ပြောတော့တယ်..
ကားသေးလို့ မကူးခိုင်းတာပါကွာ ကားသေးတော့ မသေမရှင် ဆေးရုံပို့ ပေးရမှာ စိုးလို့ 
ကားကြီးမှ ကူးစေချင်တာ ..ကားကြီးတော့ အဆောင်မှာ ဖဲဝိုင်းလုပ်လို့ ရမှာပေါ့ကွ..
မင်းတို့ တွေ လည်း မှတ်ထား ကားကြီးမှ ကူးနော်
တကယ်ကို စေတနာနဲ့ ပါ...
ငဝန်နဒီ
Sunday, April 29, 2012
အချိန် ၏နောက်ဝယ်
လူတစ်ယောက် အတွက် အချိန် က တန်ဖိုးဖြစ်သလို အကျိုး ရှိဖို့ လိုကြပါတယ်
တိုင်းပြည်အတွက်လည်း အချိန် က တန်ဖိုး ရှိဖို့  လိုလာပါတယ်
တစ်နေ့ ပြီးချိန် မှာ ဘာ ထူးလာသလဲ ဘာအတွေးထပ်ဝင်လာသလဲ
ဘာအကြံသစ်ရသလဲပေါ့ သို့ လော်သို့ လော် တန်ဖိုးရှိရာ လုပ်နေကြသူတွေ ကလူတိုင်းပါ
မိမိဖာသာ မသိလိုက်တာ တွေ သာ ရှိမှာပါ ထို့ အတူပဲ တစ်နေ့ တာ ပြီးဆုံးတာနဲ့  မှားတာ ဘာလုပ်မိသလဲ
ဘာမအကျိုးမဖြစ်နေ့  တွေ ကို ပြန်သုံးသပ်ဖို့ လိုပါတယ်
ထူးမလာတာ မဆန်းပေမဲ့
တိုင်းပြည်အတွက် ဆိုရင် တော့ အများကြီး နစ်နာ ရပါတယ်
လူတစ်ယောက်တည်း ကို ကိုယ်စားပြုတာ မ မဟုတ်တာ
တစ်နေ့ တာ အကျိုးမရှိတာ တိုင်းပြည် အတွက် ဆို လူသန်း ၅၀ ..သန်း၆၀ အကျိုး ဆိုတော့ အများကြီးနစ်နာ ရပါတယ်
တစ်ခုခု စဉ်းစားရင် ကောင်းခြင်း ဆိုးခြင်း တွေ ထူးမခြားနားခြင်းတွေ ကြည့် ရမလို
အများအကျိုး ကို ကြည့် ကို ကြည့်ရပါတယ် တိုင်းပြည် အကျိုးပြုလို သူတွေ က တွေဝေသူတွေ ကျန့် ကြာသူတွေ ဆိုရင် တိုင်းပြည်ရဲ့ နစ်နာ မှုအောက်မှာ မခံမှန်းနိုင်ပါဘူး
တိုင်းပြည် မကောင်းလို့  တစ်နေ့ တာ နစ်နာ မှုနောက် မှာ လူ တစ်ယောက် ကနေ ၅ယောက်လောက် မသေသင့်ဘဲ သေနေ ကြရမှာပါ
ဝမ်းစာမလောက်လို့ သေသူ ဆိုတာ တိုင်းပြည် နောက်ကျကျန်လို့ ပါ
အချိန်မှီ ပြင်ခွင့်ရှိရင် အဲလိုလူတွေ မသေနိုင်သလို နေစရာ ပျောက်သူတွေ လုပ်ကိုင်စရာ ပျောက်နေသူတွေ ကအစ အများကြီးပါ...
အချိန် တိုတို ဆိုပေမဲ့ လူတစ်ယောက်အကျိုးဆို မသိသာပေမဲ့
တိုင်းပြည် အတွက် ဆို နစ်နာ မှု ကိုထည့်တွက် ရမှာပါ..
တစ်ခုခုဆို တစ်ဦးတစ်ယောက်ရဲ့ အဆုံးအဖြတ်စောင့်နေတာ က ကိုယ့်ဘာမှားလည်း မတွေး တတ်သူလို အာဏာ ရှင် ဆန်စနစ် ကို ပြန်သွားချင်သလို လုပ်နေတာ ရယ်
နောက်ဖက်ကနေ ကြိုးကိုင်ခံနေ ရသလားဆိုတာ ကြာလာတာနဲ့ အမျှရှိလာပါတယ်
ကြိုးကိုင်ခံရသလား ကြိုတင်စဉ်းစားမှု မလုပ်ခဲ့တာလား ဘာကိုပဲ လုပ်လုပ် အများ အဆုံးအဖြတ် က တစ်ဖြည်းဖြည်း အခရာ ကြလာတော့မှာပါ....
ဒီမိုကရေစီ နိုင်ငံတိုင်း ပြည့်ဝတဲ့ ဥပဒေ လုံလောက်တဲ့ အားကန်မှု ရှိကြတာမှ မဟုတ်တာ
ကြားထဲ က ပြည်သူတွေ ဒီမိုကရေစီ နိုင်ငံမှာ ဘဝတွေ ရင်းနေရတုန်းပါ..
Saturday, April 28, 2012
ကမ္ဘာ မှတ်တမ်းဝင် ဂျပန်၏ ပင်လယ်ရေအောက် တူးဖော်မှု ၇၇၄၀ မီတာ(၂၅၄၀၀ ပေ)
TOKYO (AP) - A Japanese deep-sea drilling probe has set a new world record for depth, reaching 7,740 meters (25,400 feet) below the sea surface, the research institute that launched it says. The Chikyu, operated by the Japan Agency for Marine-Earth Science and Technology, was digging the seabed off Japan's northern coast to take fault samples and study last year's devastating earthquake and tsunami. The agency said Friday that the probe's drilling pipe hit the fault zone at 6,883.5 meters (22,600 feet) undersea before reaching the target of 7,740 meters Wednesday. That's nearly 8 kilometers (5 miles) deep. Maritime organizations say the U.S. vessel Glomar Challenger set the previous record of 7,049.5 meters (23,130 feet) below sea surface in the Mariana Trench in 1978.
မကောင်းမှုတွေ မကူးစက်စေချင်
မြန်ပြည်မှာ သင်္ကြန် မှာ ဖော်တာတွေ ကို နိုင်ငံတကာ မှာ ရှိတဲ့ အမျိုးသမီးတွေ က သြဘာပေး စကားတွေ ပြောလာတာတွေ့ ရပါတယ် ဒေါသဖြစ်တာတော့ ဖြစ်တာပေါ့
ဟိုက ဖေါ်တာက ဖေါ်ပြီးသွားပါပြီ
ကိုယ်ကပါ ထပ်ပြီးမရိုင်းစေချင်တာပါ
ပြည်တွင်းကဖေါ် ပြည်ပက ရိုင်း ဆိုရင်
မြန်မာတွေ အတွက် ဘောင်ကျဉ်းလာမှာစိုးလို့ ပါ..
ဘယ်လိုပဲဖြစ်ဖြစ် ခြောက်ပစ်ကင်း သဲလဲစင်ဆိုတာ မရှိကြပါဘူး
မကောင်းမှု ကို ကိုယ့်ဆီ မကူးစက်တာ အကောင်းဆုံးပါ
လုပ်တာမလုပ် တာ ကိုယ့် အပိုင်းပါ..
ကောင်းလည်းကိုယ် မကောင်းလည်း ကိုယ်ပါ..မဟုတ်ဖူးလား..
ငဝန်နဒီ
Thursday, April 26, 2012
အချိန် နှင့် မျိုးဆက် သစ် သို့  ဒီမိုကရေစီ အမွေ
အချိန် ကတော့ တဖြည်းဖြည်း သွား နေပေမဲ့ မျိုးဆက်သစ် တွေ ကို ဒီမိုကရေစီ လမ်းကြောင်း အတွက် အမွေချန် ဖို့  က အရမ်း ကို နည်းနေပါတယ်..
တစ်ခုခု ဆို ထစ်နေ ကြာနေတာ တွေ က နှစ် ၂၀ ကျော် နစ်နာခဲ့သော ပညာအမွေ က ချက်ချင်း ပြန်လုပ်လို့  မရနိုင်ပါဘူး
တလှမ်းချင်းပေမဲ့ ထစ်နေ ကြာနေ ချိန်တွေမှာ အကျိုးရှိစေဖို့ 
ထစ်နေ ကြာနေ တာ ကို ခဏထားပြီး မျိုးဆက်သစ် တွေ ကို ဒီမိုကရေစီအသိ တွေ ချပေးချိန် အဖြစ်ပြောင်း နိုင်ရင် ကောင်းမယ်ထင်ပါတယ်
လောကမှ ဖြစ်ချင်တိုင်းဖြစ်ရတာ မှ မဟုတ်တာ..ဖြစ်သင့်တာ တွေ ကို ကြိုးစားရင်း ဖြစ်ရမည့်ဟာတွေ ကို အမွေထားခဲ့စေချင်တာပါ...
ဒီမိုကရေစီ အတွက် လူသိသူသိ လုပ်သူ ထင်ပေါ်သူ ဆိုတာ တွေ က မြန်ပြည် မှာ ရေတွက်ရင်တောင် တစ်ရာ မကျော်ပါဘူး။
အဲသူတွေ က အသက်တွေ မငယ်တော့ပါဘူး...အချိန် တိုတို မှာ မျိုးဆက်တွေ ကို အမွေ ထားရစ်နိုင်ပါစေ မျှော်လင့်ရင်း
ငဝန်နဒီ
လမ်း နှစ်သွယ် အာဏာရှင်တွေဝင်ပေါက် ဒီမိုကရေစီ ခြေလှမ်း
အခုတစ်လော မြန်ပြည် မှာ စကား အသုံး အနှုန်း နဲ့  ပတ်သက်ပြီး  အမျိုးမျိုး ဖြစ်လာ နိုင်တာ တွေ့ ရပါတယ်...
တလော ကရေးခဲ့တာကတော့ ပြည်သူတွေ ကို ငဲ့ကြည့် ဖို့  ဆန်တဲ့ စာ ကို ရေးခဲ့ ပါတယ်
အခုတော့ ဒီမို ကရေစီခြေလှမ်း ကို စလှမ်းဖို့ လုပ်နေပြီ နောက်ပြီး ရင်ဆိုင်စရာ အာဏာ တွယ်မက်သူတွေ ပါရှိလာတော့
နောက်ဆုတ်လို့  မရတော့ပါဘူး လျောချလို့  မရတော့ပါဘူး ဒါကို သတိထားရတော့မှာ
မလှမ်းခင်ကတော့ ပြေလည်အောင် ညှိလို့ ရအောင်လုပ်သင့်ပေမဲ့ ဒီအချိန်မှာ နောက်ဆုတ်ဖို့ မသင့်သလို
အာဏာရှင် ဥပဒေကို လက်လျှို လိုက်ရသလိုတော့ မဖြစ်သင့်တော့ပါဘူး
လက်မိုင်ချ လွတ်တော် ဝင်လို့ ကတော့ လူလဲထားတဲ့ ကိုယ်စားလှယ်သစ် ၅၉ ဦး က အဆင်သင့်ပါ..
သွားရမယ့်သူ ကမှ ၄၃ ဦးထဲပါ..ဟိုမှာ အဆင်သင့်ပြင်စောင့်နေတာ ကို အခုမှ ငုပ်ဝင်လို့ မရတော့ပါဘူး
နောက်မဆုတ်နဲ့ ကို ကံချွှန် ဖြစ်နေပါပြီ..
အာဏာရှင်ဝင်ပေါက် ကို ဝင်မှာလား
ဒီမိုကရေစီ ခြေလှမ်း ကို ဖြေးဖြေးချင်း လှမ်းမှာလား..
အချိန်တော့ နည်းနည်းပေးရမှာ ပါ..အခုလုပ်ရပ်က ဒီမိုကရေစီ မရှိသေးဘူးဆိုတာ ကို ထောက်ပြသလို
ကမ္ဘာ ကို အာဏာရှင်တွေ စိုးမိုး သော အာဏာရှင် မြန်ပြည် ဆိုတာ မီးမှောင်းထိုးလိုက်တာပါ..
အာဏာရှင် ဥပဒေ က ဒီမိုကရေစီ ယောင်ယောင် ပြဠာန်း ထား တာ ကို တွေ့ လိုက်ရပါပြီ..
ဒီမိုကရေစီ အယောင်ဆောင် လွတ်တော် နဲ့ မြန်မာပြည်မဖြစ်စေဖို့  ခြေလှမ်းတွေ တစ်လှမ်းချင်းလှမ်း နိုင်ကြပါစေ..
ငဝန်နဒီ
Tuesday, April 24, 2012
သင်္ကြန် ပျော်ရွင် အောင်မြင် နိုင်ရေး က
ဒီအကြောင်း ကို ရေးရတာ သင်္ကြန် မှာ ဖြစ် ပျက်တာ ကို အပြစ် ပြောသူတွေ ဘာပြောသူတွေ အမျိုးမျိုး ပေါ့
အဲဒီ မှာ ပြောသူတွေထဲ မှာ သင်္ကြန် ကို အကြောင်းပြုငွေ ရှာသူက ပြောတော့ တစ်မျိုး ဖြစ်နေလို့ 
ဖြစ်ပျက် တာ ကို အကောင်းအဆိုး မပြောချင်ဘာဘူး သူ့ အကြောင်းနဲ့  သူ ရှိမှာပါ အဲဒါကြောင့် ဟာသ လေးရေးပြီး ရေးလိုက်တာပဲ ရှိတာပါ...
တကယ်ဆိုရင် သင်္ကြန် မှာ မြန်မာ တွေ ရဲ့ ဒါန နည်းလို့  လုပ်စားသူငွေရှာသူတွေ က အပြစ်ပြောတော့
သင်္ကြန် သူလေးတွေ ကလည်း သူမှာ ရှိတဲ့ ဒါန သူလုပ်တာလားတော့ မသိပေမဲ့...
တစ်ခါ က အဆိုတော် ဗဒင် က သီချင်းထဲမှာ
ကိုယ့်အတွက် အောင်မြင်နိုင်ရေး က အသက်ပဲ ရင်းနှီးဖို့ ပဲရှိတယ် တဲ့
သင်္ကြန် အပျော်မှာ အောင်မြင်နိုင်ရေး အတွက် သင်္ကြန်ပျော် သမီးလေး တွေ ကလည်း
ဘာပဲ ပျော်ချင်ပျော်ချင် ငွေတွေ အရမ်း ကုန် ငွေ အရမ်းယူတဲ့ သူတွေ က လုပ်စားကြတော့
...သင်္ကြန်ပျော်ချင်သူ အတွက် အောင်မြင် နိုင်ရေးက ......ရှိတာလေးပဲ ရင်းနှီးဖို့   ပဲ ရှိတော့ တာများလားမှမသိတာ..
ဘာပဲဖြစ်ဖြစ် အကြောင်းတွေ အကျိုးတွေ ဆက်စပ်နေတာပါ..
ပျော်ရွင်မှု အတွက် အရင်းအနှီးကြီးသူတွေ အတွက် စိတ်မကောင်းပေမဲ့
ပျော်ရွင်မှုလေး တွေ သင်္ကြန် မှာ ရပြီးပြန်လည်ကြည်နှူး နိုင်ကြပါေ စ...
ငဝန်နဒီ
Monday, April 23, 2012
သင်္ကြန် မှာ ဖော်တာ များ နို့ ဝေ ၊ဖင်လန် ကထက်သာပါ့.။ ။..
ပြီးခဲ့တဲ့ သင်္ကြန် မှာ ကောင်မလေးတွေ တော်တော်ဖော်တာချွတ် ရတာကတော့
အန်တီကြီး သုံးယောက် သင်္ကြန်ရောက်ခါ နီး ဈေးတွေ ဝယ် နှစ်သစ် ကြိုဖို့  ဈေးဝယ်ရင်း စကားတွေ ပြောကြတော့
အန်တီကြီး ၁ ... ဒီနှစ် သင်္ကြန် မှာ သမီး က နို့ ဝေ မှာတဲ့
အန်တီကြီး ၂ ...အမယ် ငါသမီး လည်းဒီနှစ် သင်္ကြန် မှာ ဖင်လန် မှာပါဟ...
အန်တီကြီး ၃ ...အယ် ငါသမီးတော့ သူ့ သူငယ်ချင်းတွေ နဲ့  မြန်ပြည် မှာ ပဲ သင်္ကြန် ရေကစားမှာ
ဒါပေမဲ့ နင်ဒို့ သမီးတွေ ထက် သာမသာ နင့်တို့ သမီးတွေ ကို အင်တာနက် မှာ စောင့်ကြည့် ခိုင်းလိုက်
အဲလိုနဲ့  ဒီနှစ် သင်္ကြန် မှာတော့ ရန်ကုန်မှာ ကဲတဲ့ မြန်မာမ လေးတွေက ဖော်လိုက်တာ အင်တာနက် မရောက်ရောက်တဲ့ အထိ ကြိုးစား လိုက်တာ..
သင်္ကြန်မှာ နို့ ဝေ ကရော ဖင်လန် ကပါ လက်ဖြားခါ သွား ရလေရဲ့ ...
စာကြွင်း
(ဖင်လန် ..Finland)
(နို့ ဝေ ...Norway )
ငဝန်နဒီ
ယနေ့ လွတ်တော် သို့  NLD မတတ်ရောက်
ယနေ့ လွတ်တော် သို့  NLD မတတ်ရောက် safeguard အစား respect မပြောင်း သဖြင့် သပိတ်မှောက် မတတ်ရောက်ပါ။
Sunday, April 22, 2012
လွတ်တော်တတ်တတ် မတတ်တတ်မြန်ပြည်သူ နှင့် မဆိုင် ပြည်သူ တွေ တာဝန်ကျေပြီးသား
ကြားဖြတ်ရွေးကောက်ပွဲ ပြီးတော့ အခု မနက်ဖြန်ဆို လွတ်တော် စဖွင့်တော့ မယ် အရွေးချယ်ခံ ရသူတွေ က တတ်မယ် မတတ်ဖူး ကတော့ မသိပါဘူး အမျိုးမျိုး ပြော နေကြတာပါ...
ဆုံးဖြတ်ရမှာ က တတ်မယ့် သူတွေ ရဲ့ အပိုင်းပါ...
မရွေးချယ်ခံ ရခင်က ဒါ ကို မစဉ်းစားခဲ့ တာတော့ သေချာတယ်...
ဒီစာရေးလို့  အာဏာရှင်ထောက်ခံ သူလို့ ထင်မှာရယ် ကြံ့ဖွံကို ထောက်ခံ သူလို့  ထင်မှာ စိုးရတယ်
ကျောင်းဆောင်တွေ ပြန်ဖြစ် မလာသေးသရွေ့ တော့ ဘယ်လူတတ်တတ် ထောက်ခံမှာမဟုတ်ဖူး
၁၉၉၆ ဒီဇင်ဘာ ၂ ရက် ကနေ ဒီနေ့ အထိပေါ့ 
အခု လွတ်တော် ကိစ္စ မှာတော့ ပြည်သူတွေ က ရွေးချယ် ပြီးပြီ ၁၉၉၀ တုန်း ကလည်း ပြည်သူတွေ က ရွေးချယ်ခဲ့တာပါ...
အခု ၂၀၁၂ မှာလည်း ပြည်သူ က တာဝန်ကျေပြီးသား လုပ်ရမယ့် သူတွေ က ဘာလုပ်သင့် တာ ကို သေသေချာချာ စဉ်းစားရမှာပါ...
တချိန်က မဝင်ဘူး ဆိုတဲ့ ရွေးကောက်ပွဲ နောက်ဆုံးဝင်ရတာပဲ အခုလည်း မသွားဘူး သွား မယ်နဲ့  ပြည်သူ မျက်နှာ မကြည့် ဘူးဆိုရင် ပြည်သူ နဲ့  မဆိုင်ဘူး
ပြည်သူ့ ကိုယ်စား ပြုစေချင်လို့ ရွေးထားတာ
တကယ်တော့ ထိန်းသိမ်းကာကွယ် စောင့်ရှောက်တာပဲ ဖြစ်ဖြစ် ဘာဖြစ်ဖြစ် လေ ...ဥပဒေ ကို မပြင်ပါဘူးလို့  ကျမ်းကျိန်တာ မပါလာပါဘူး..
ထိန်သိမ်း တာ က ထိန်းထားတာပါ.... (လက်နက် ရှိသူတွေ က ထိန်းလို့ ရတာပါ ကိုယ်စားလှယ်ကတော့ သိမ်းထား လို့ ပဲ ရတာပါ)
ကာကွယ်တာ က ကာ ထားတာပါ..(ကာ တာ အပြင်က လုပ်မရအောင် ကာကွယ်တာပါ ကာရင်းနဲ့  ပြင်ရမှာက လွတ်တော် ကိုယ်စားလှယ်တာဝန်)
စောင့်ရှောက်တာ က ကြည့်နေတာပါ ( ကြည့်နေတာပါ လုပ်ချင်သလို လုပ်ရမှာ က ကိုယ်စားလှယ်တွေ တာဝန်ပါ)
အဲလို မလုပ်ဖူးဆိုရင် အာဏာရှင် ဥပဒေ ကို ဒီမိုကရေ ဥပဒေ ဘယ်တော့ မှ ဖြစ်လာ မှာ မဟုတ်ပါဘူး..
ကဲ မပြင်ရဘူးလို့ ဘယ်သူပြောလည်း ပြင်လည်းပြင်နေကြတာပဲလေ...
ကဲတတ်တာ မတတ်တာ တော့ မပြောတော့ဘူး
ပြည်သူ တွေ က သူ့ တာဝန် သူကျေပါတယ်
ကျန်တာ အရွေးခံရသူတွေ တာဝန်ပါ..
ကိုယ်သမိုင်း ကိုယ်ရေးရတာပါ...မြန်ပြည်သူ သမိုင်း တစ်ခါမှ မရိုင်းသေးပါဘူး ဘယ်အချိန်ကြည့်လိုက် ကြည့်လိုက် ရသရွေ့  ကြိုးစား နေသူတွေပါ။
ငဝန်နဒီ
ဂျပန်နိုင်ငံသို့ ပေးရန် ကြွေးမြီ ၃.၇၂ ဘီလျံလျော်
မြန်မာနိုင်ငံမှ ဂျပန်နိုင်ငံသို့ ပြန်ဆပ်ရန် ရှိသည့် ချေးငွေနှင့် အတိုးစုစုပေါင်း ကန်ဒေါ်လာ ၄.၉ ဘီလျံအနက် ၃.၇၂ ဘီလျံကို လျှော်ပစ်ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။
 ယင်း ကြွေးမြီ ၃.၇၂ ဘီလျံမှာ မြန်မာဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ် အတွင်းက မြန်မာနိုင်ငံ အစိုးရအနေဖြင့် ဂျပန်နိုင်ငံမှ ချေးယူထားသည့် ကြွေးမြီများဖြစ်သည်။ ။
Saturday, April 21, 2012
မြန်မာ သမ္မတ ဦးသိန်းစိန် နှင့် ဂျပန် ဧကရာဇ် တွေ့ ဆုံမှု ဓာတ်ပုံ
ဒီဗီဘီ သတင်းပုံ
ရေနံ တွင်းဟောင်း ပြန်လည်အသုံးပြု ပုံ
တွင်းဟောင်း တစ်ခု ပြန်လည် အသုံးပြုရန် အတွက် တွင်းပတ်လည် ပေါ်တေပယ်စ် ရစ် ရပ် ရန် တွင်းတူးစင် ထောင်နိုင် ရန် ရှင်းလင်း ရပါမည် ပြီးနောက် ဝဲလ်ဟဒ်စ် တပ်ဆင် ရပါမည်။
ပုံမှန်အားဖြင့် ၅-၁/၂ လက်မ ကေဇင် များဖြစ်ပါသည်။ ၉-၅/၈ လက်မ ကေဇင် အား မန်းရေနံ မြေ တွင် တွေ့ ဖူးပါသည်။ တွင်းအမှတ် ၅၉။
တွင်းဟောင်း ရာဇဝင် ကို အောပီရေးရှင်း အင်ဂျင်နီယာ သေချာ ဖတ်ရှုပြီး တွင်း တွင် ကျန်ရစ်ပစ္စည်း ရှိ မရှိ။
နောက်ဆုံး အထွက်နှုန်း မည်သည့်အတွက်ကြောင့် တွင်းပိတ် ရသည် ကို သိသင့်သလောက် သိရန်လိုအပ်ပါသည်။
ဝဲလ်ဟဒ်စ် အပေါ်မှ ဖလမ်း တပ်ဆင်ပြီး စပေစာ ရင်း ကြားခံပြီး
ဘလိုးအောက် ပရီပန်တာ ကို တပ်ဆင်ပြီးမှ ရစ် ကို နေရာချထား ရပါမည်။
ပုံမှန်အားဖြင့် ဘေလာ အဆမ်ပလီဖြင့် ဘေလာ ဖြင့် တွင်းသန့် ရှင်းရေး လုပ်ရပါသည်။
ဘေလာ ဆင်း တကြိမ် ဆင်းပြီးလျှင် စကေဘာ အဆမ်ဘလီ ကို ဆင်းရပါသည် ..ပြီးမှ ဘေလာထပ်ဆင်းပြီး တွင်းသန့် သလောက် ရှိသည် ဖြစ်လျှင် ကွန်ပလီရှင်း အက်စဆမ်ဘလီ ဆင်းပြီး
ပန့် အဆမ်ပလီ တပ်ပြီး တွင်း ကို အထောက်အခွာ အကြမ်းမျဉ်း တိုင်းပြီး  ထားခဲ့လျှင် ရပါသည်...
ပန့် ပီးယူနစ် ထိုင်သူ အဖွဲ့  က ပန့် ပီးယူနစ် လာရောက်တပ်ဆင် ပန့် စခုတ် ခြင်း ကို လုပ်ဆောင်ပြီး သည် နှင့် သံကန်တန်း သို့  ရေနံ စိမ်း နှင့် ရေ  ရောက်လာလျှင် တွင်းဟောင်း ပြန်လည် သုံးပြုလို့ ရပါပြီ...
To kill method to seal oil well
Thursday, April 19, 2012
Au အိုင်ဖုန်း imessage ပို့ လို့ ရပြီ
Au အိုင်ဖုန်း တွေ အရင် က imessage ပို့ လို့ မရတာ အဲပယ်စ် အိုင်ဒီ အကောင့် ကို သုံးပြီး လုပ်ရင် imessage ပို့ လို့ ရပါတယ် ဆက်တင်ထဲ သွားပြီး message ကို သွားပြီး imessage ကို ON ပေးရပါတယ် ပြီးရင် အဲပယ်စ် အိုင်ဒီ အကောင့် ကို သုံးပြီး ဖွင့်ရင် imessage ကို ပို့ လို့  ရပါပြီ.. အိုင်မက်စိပ် ပို့ လို့ ရတော့ နိုင်ငံတကာမှာရှိတဲ့ အိုင်ဖုန်း အိုင်ပက်စ် အိုင်ပေါ့စ်တပ် စတာတွေ ကို ဖရီး အိုင်မက်စိပ် ပို့ လို့ ရပါတယ်.. သတိထားရမှာက မက်စိပ် ပို့ ရာမှာ Text Message ဆိုရင် ပိုက်ဆံပေးရမှာပါ imessage လို့ ပေါ်မှ ဖရီးဖြစ်မှာပါ.. Oversea ဆို Text Message က တစ်ခါပို့ ရင် ယမ်း၁၀၀ ကျပါတယ်..
သည် အမျိုးသမီး (မြန်မာ စာတန်းထိုးပါသည်) လင့်သွားစရာမလို...
သည်အမျိုးသမီး(မြန်မာစာတမ်းထိုး)
အောက်ပါလင့် တွင် သွားရောက်ကြည့် ရှုနိုင်ပါသည်..
http://www.youtube.com/watch?v=EfQZ_reK86I&feature=relmfu
Tuesday, April 17, 2012
မြန်မာ သက္ကရာဇ် ၁၃၇၄ ခုနှစ် နှစ်ဆန်း တစ်ရက်နေ့ 
မြန်မာ ပြက္ခဒိန် မှာ တော့မြန်မာ သက္ကရာဇ် ၁၃၇၄ ခုနှစ် တန်ခူးလဆုတ် ၁၁ ရက်နေ့  အင်္ဂါနေ့  မြန်ပြည်သူပြည်သား တွေ ကိုယ်လက်ချမ်းသာ ကျန်းမာ ကိုယ်စိတ် ဘေးကင်းရန်ကာ အေးချမ်း နိုင်ကြပါစေ...
မြန်မာတွေ အတွက် မြန်မာ ပြက္ခဒိန် ရှိတာ တကယ်ကို ဝမ်းသာ ဂုဏ်ယူစရာပါ..နှစ်သစ် မှာ အရာရာ အေးချမ်းစွာ ဖြတ်သန်း ပြီး လွတ်လပ်သော အခြေအနေ ကို ပိုင်ဆိုင်နိုင်ကြပါစေ...
ငဝန်နဒီ
Saturday, April 7, 2012
ပန်းရဲ့ လမ်း ...- ကိုရဲလွင်(မဇ္ဈိမလှိုင်း) ရဲ့ ရင်ဘတ် က တေးသံ
ပန်းရဲ့ လမ်း
စာသား..ဒီချစ်မျိုး
သံစဉ်၊တေးဆို...- ကိုရဲလွင်(မဇ္ဈိမလှိုင်း)
.......
လှမ်းလိုက်တဲ့ ခြေလှမ်းတိုင်း မုန်တိုင်းမဖြစ်ဘူးဟေ့
စူးခဲ့တဲ့ ဆူးတွေ အတွက်၊ ပြန်လှည့်ရမယ်ဆိုရင်
ဒီလမ်း ကို အစကတည်း က မထွက်ခဲ့ဘူး
သူငယ်ချင်းရေ...
လက်ကမ်းကြခြင်း အတူတူ
ဆုပ်ကိုင်မိတဲ့ လက်ဖဝါးတိုင်း အင်အားမဖြစ်ဘူးဟေ့
စွန့် လွတ်ခဲ့ ထားရစ်မှု တွေ အတွက် ပြန်လှည့် ရမယ်ဆိုရင်
ဒီလမ်း ကို အစကတည်း က မထွက်ခဲ့ဘူး
ဆူးခင်းလမ်း ကို ဖြတ်ကျော်ဖို့  ရေဆန်လမ်း ကို အားစမ်းဖို့ 
မျှော်လင့်ခြင်း ကို ထမ်းပိုးလို့ 
ဆူးခင်းလမ်း ကို ဖြတ်ကျော်ဖို့  ရေဆန်လမ်း ကို အားစမ်းဖို့ 
မျှော်လင့်ခြင်း ကို ထမ်းပိုးလို့ 
မြင့်မြတ်တဲ့ တပ်မက်မှုတွေနဲ့  လေရိုင်းရေ
ဖူးပွင့် ကြခြင်း အတူတူ
မင်းခြွေလိုက်တဲ့ အခါတိုင်း ပန်းတိုင်း မကြွေဘူးဟေ့
နွမ်းကြွေမှုတွေ အတွက် စိုးရွံ့ ရမယ်ဆိုရင်
ဒီပန်းဟာ အစကတည်း က မပွင့်ခဲ့ ဘူး
ပျိုးတစ်ခင်း ကို စိုက်ပျိုးဖို့ 
ပန်းတစ်ခင်း ကို မွှေးမြဖို့ 
အာရုဏ်အလင်းကို တိုးဖက်လို့ 
ပန်းတစ်ခင်း ကို စိုက်ပျိုးဖို့ 
ပျိုးတစ်ခင်း ကို မွှေးမြဖို့ 
အာရုဏ်အလင်းကို တိုးဖက်လို့ 
အို..မြင့်မြတ်တဲ့ တပ်မက်မှုတွေ နဲ့ 
လေရိုင်းရေ...
ဖူးပွင့် ကြခြင်း အတူတူ
မင်းခြွေလိုက်တဲ့ အခါတိုင်း ပန်းတိုင်း မကြွေဘူးဟေ့
နွမ်းကြွေမှုတွေ အတွက် စိုးရွံ့ ရမယ်ဆိုရင်
ဒီပန်းဟာ အစကတည်း က
အို..နွမ်းကြွေမှုတွေ အတွက် စိုးရွံ့ ရမယ်ဆိုရင်
ဒီပန်းဟာ အစကတည်း က
မပွင့်ခဲ့ဘူး။ ။
မြန်ပြည်အတွက် အခုလို အချိန်မှာ ဒီလို စာသားတေးသံ တွေ က အင်အားဖြစ်နိုင်ပါစေ...
ငဝန်နဒီ
အစိုးရနဲ့ ကရင်အမျိုးသား အစည်းအရုံး အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် ရရှိ မှုနှင့် တစ်ချိန်က
RFA
အစိုးရနဲ့ ကေအင်ယူ ကရင်အမျိုးသား အစည်းအရုံးတို့ဟာ တစ်တိုင်းပြည်လုံး အပစ်အခတ် ရပ်စဲရေးနဲ့ တိုင်းရင်းသားနယ်မြေတွေမှာ စစ်မက်ဖြစ်ပွားမှု အမြန်ဆုံး ရပ်ဆိုင်းရေး လုပ်ဆောင်သွားဖို့ သဘောတူညီချက် ရရှိသွားကြပြီလို့ သိရပါတယ်။
အထက်ပါ သတင်းလေး ကတော့ အများအတွက် ဝမ်းသာစရာ လေးပါ...
မြန်ပြည်မှာတုန်း က Golf resort မှာ မန်နေဂျာ အဖြစ်အလုပ်လုပ်တုန်း က တပ်မ ၁၁ တပ်မမှူး ဆိုတာ အပေါ်က ရန်ကုန်တိုင်းဒေသဝန်ကြီး လေ အခုလို ငြိမ်းချမ်းရေး ဆွေးနွေးမှု မှာတွေ့ ရတော့ အေးချမ်းပြီး အေးဆေးစွာ လုပ်တတ်သူ တပ်မမှူး ဘဝကနေ အခုလို နေရာ မှာတွေ့ ရတော့ မြန်ပြည် တော်တော် အေးချမ်းသာယာမယ့် လမ်း ကို တွေ့ မြင်ရသလို ခံစားမိပါတယ်...
တစ်ချိန်တုန်း က ဗိုလ်မှူး အဆင့် ရှိတဲ့ ကရင် ဗိုလ်မှူး တစ်ယောက် ကရင်စကား ပြောဖို့ အ တော်လေး သတိထား ရပြီး လူမသိအောင် ကရင်စကား ခဏလေး လာပြောတာလေး ကို အမှတ်ရမိပါတယ်...
ဒီအဖြစ်အပျက် က တကယ် ကို ဖြစ်ပျက်ခဲ့တာပါ...ငါကရင်လိုပြောတာ ဘယ်သူမှ မသိတာ အကောင်းဆုံးပါ...ကရင်စကားခဏလေး ပြောရဖို့ အရေး သူတော်လေး စွန့် စားခဲ့ရတာပါ...အခုလို ငြိမ်းချမ်းရေး လမ်းစမှာ
ရှေ့ ဆက်ဖို့ သာ ဦးတည် နိုင်ပါစေလို့ ရည်ရွယ်ရင်း...
ငဝန်နဒီ
Wednesday, April 4, 2012
တောင်သမန် ရယ် ဦးပိန်တံတား ရယ်..
ပြီးခဲ့တဲ့ လ ကလျာ မဂ္ဂဇင်း မှာ တောင်သမန် အကြာင်းရယ် ဦးပိန်တံတား ရယ် ကို ရေးထားတာတွေ့ ရတော့ တကယ်ဆိုရင် ဘာသာရေး အဆောက်အဦး တွေလို မဟုတ်ပဲ ထိန်းသိမ်းသင့်သော အရာတွေ ပါ...လူတိုင်းအတွက် အေးချမ်းသောနေရာလေးပါ
တကယ်ကို လှည့်ကြည့် စောင့်ရှောက်ဖို့ လိုလာတဲ့ နေရာတွေ အခြေအနေတွေ ဖြစ်နေပါပြီ
ဦးပိန်တံတား ဆိုတာကလည်း ရေရှိမှ တင့်တယ်ပါတယ်...တဖြည်းဖြည်း ရေနဲ့ ဝေးနေရတော့ မယ့် အခြေ ကို ရောက်ရောက်လာပါတယ်...
၂၀၀၄ ခုနှစ် ဒီဇင်ဘာ လောက်တုန်း ကတော့ တောင်သမန် က ဦးပိန်တံတားပေါ် ရောက်ခဲ့တုန်း ကဆို ရာဇဝင် နေရာ တစ်ခု သို့ မဟုတ် သမိုင်း အတွက် အမှတ်ရစရာ နေရာ လေးပါ...မြန်ပြည်သားတိုင်း အတွက် ဂုဏ်ယူစရာနေရာလေးပါ...အဲဒီလောက်ထိရှည်တဲ့ သစ်သားတံတားရှည်ပါ
တံတားကတော်တော် ရှည်တော့ ထိန်းသိမ်းရတာ အဆင်မပြေတာတွေ တွေ့ ရပါတယ်
တကယ်ဆိုရင် ကျွန်းသစ် ပေါတဲ့ မြန်ပြည်မှာ ဒီလို တံတားလေး တစ်ခု ကိုတောင် မထိန်းသိမ်း နိုင်တာတွေ့ ရပါတယ်
ထိန်းတော့ထိန်းသိမ်းပါတယ် တစ်ယောက်တစ်မျိုးဖြစ်နေတာတွေ လည်းတွေ့ ရပါတယ်
တံတားတိုင်တွေ မကောင်းတာတွေ ကို ကွန်ဂရစ်တွေ အုတ်တိုင်တွေ နဲ့ ပါထိန်းသိမ်းတာတွေ တွေ့ ရတော့ စိတ်မကောင်းဖြစ်မိပါတယ်
ကျွန်းတွေ တော်တော် ရှားလို့ လားဆိုတော့ ၁၉၉၄ ကျော် လောက်တုန်း ကတော့ ကျွန်း တစ်ပင် ကို တောထဲမှာ ခုတ်ခ ၂၅၀ ကျပ်ဆို ဝယ်လို့ ရတဲ့ နိုင်ငံ မှာ ကျွန်းတိုင်တွေ ရှားပါးနေတာ ဟာ စိတ်မကောင်းစရာပါ...
သစ်တော စနစ် ကလည်း မြို့ ပေါ် မှာသာ မျှော ရှိတာပါ..တောထဲမှာ စည်းမရှိဘောင်မရှိ ခေတ်တုန်း ကပေါ့
တောထဲကနေ မြို့ ပေါ် ကို ထုတ်တာ နားလည်မှုတွေ ကများပါတယ် ဘယ်လိုပဲဖြစ်ဖြစ်ပေါ့ ဦးပိန်တံတားလေး ထိန်းသိမ်းဖို့  ကျွန်းတွေ တော့ ရှိစေချင်ပါတယ်...
နိုင်ငံခြားသားတွေ ဆီကနေ ရမယ့်ငွေ က ထိန်းသိမ်းလို့  ကုန်ကျမဲ့ စရိတ်ကို ကာမိမှာပါ ဖြတ်လျှောက်ခ ယူဖို့ ပြောတာ မဟုတ်ပါဘူး အဲဒီ ပတ်ဝန်း ကျင်မှာ ငွေဝင် နိုင်သော အခြေအနေ ဖန်တီး ရယူဖို့ လိုပါတယ်...
တောင်သမန် အင်း ကို ကြည့် ဦးပိန်တံတား နားမှာ ထိုင် ထန်းရေ ကို သောက် ဆေးလိပ်ကိုဖွာ ပြီးငေး ရတဲ့ အရသာ မာနေတဲ့ ဗူးသီးကျော်တွေ တောင် စားကောင်းသလို ခံစားရမှာပါ...
အခုနောက်ပိုင်းဆို ရတနာပုံ တက္ကသိုလ် မှာတတ်ရတဲ့ ကျောင်းသားတွေ အတွက် တကယ် ကို ပျော်စရာလေးပါ အစိုးရ အဆောင်တွေ မရှိတာ ကလွဲရင်ပေါ့
သမိုင်း ကို ထိန်းသိမ်းတတ်သူလက်ထဲ မှာ ထိန်းသိမ်းရင် တော်တော်လေး ကို ရှုမငြီးစရာနေရာလေး ပါ...
ပင်လယ်နဲ့ ဝေးတဲ့ နေရာတွေထဲ မှာ စိတ်ကို ချမ်းမြှေ့ အေးချမ်းစေသော နေရာလေးပါ
အေးချမ်းဖွယ်ရာ နေရာလေး ကို ထိန်းသိမ်း နိုင်ကြပါစေ ...
Tuesday, April 3, 2012
ရာဇ၀င်များရဲ့ သတို့ သမီး (ထူးအိမ်သင်)
ရွေးကောက်ပွဲ ဥပဒေ ချိုးဖောက်သူ ထောင်ဒဏ်အပြစ်ပေးခံရမည်
RFA သတင်း
ဧပြီလ ၁ ရက်နေ့က ကျင်းပခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲအတွင်း မဲလက်မှတ်တွေပေါ်မှာ အမှတ်ခြစ်လို့ မရအောင် ဖယောင်းသုတ်ထားတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ သက်သေအခိုင်အလုံနဲ့ တိုင်တန်းမယ်ဆိုရင် ဥပဒေအရ ပြစ်မှုကျူးလွန်သူ မည်သူမဆို ထောင်ဒဏ်တစ်နှစ်အထိ အပြစ်ပေး အရေးယူခံရမှာ ဖြစ်တယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အကြီးအကဲတစ်ဦးက ဒီကနေ့ ပြောကြားလိုက်ပါတယ်။
နေပြည်တော်မှာရှိတဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူတွေနဲ့ RFA အသံလွှင့်ဌာနတို့ ဒီကနေ့ မနက်ပိုင်းက သီးသန့်တွေ့ဆုံရာမှာ ကော်မရှင်ရဲ့ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းကိုက အခုလို ပြောကြားခဲ့တာ ဖြစ်ပါတယ်။
"သက်သေခံ ခိုင်လုံလို့ရှိရင် ရွေးကောက်ပွဲ ဥပဒေမှာ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ မဲလက်မှတ်မှ မဟုတ်ဘူး။ ကျန်တဲ့ ကော်မရှင်က ထုတ်ပြန်ထားတဲ့ စာရွက်စာတမ်းတွေကို ဖျက်ဆီးခြင်း၊ ဖတ်မရအောင်ပြုခြင်း၊ တစုံတရာပြုခြင်းဆိုရင် ရွေးကောက်ပွဲ ပြစ်မှုမြောက်ပါတယ်။ ဘယ်သူကဆောင်ရွက်လို့ အဖြစ်မှန်ဟုတ်တယ်ဆိုတဲ့ တရားခံ ပေါ်ပေါက်တယ် ဆိုလို့ရှိရင် ဒါဟာရွေးကောက်ပွဲ ပြစ်မှုအရ အနည်းဆုံး ထောင်တစ်နှစ်ကျနိုင်တဲ့ ပြစ်မှုတွေဖြစ်ပါတယ်။ ရွေးကောက်ပွဲ ဥပဒေအရ မည်သူမဆိုလို့ ဆိုတဲ့အတွက် ရွေးကောက်ပွဲ အဖွဲ့ခွဲကသော်လည်းကောင်း၊ မဲရုံအဖွဲ့ကသော်လည်းကောင်း၊ တခြား အများပြည်သူတွေထဲက သော်လည်းကောင်း၊ ပါတီဝင်တွေ တစ်ဦးဦးကသော်လည်းကောင်း မည်သူတွေ ကျူးလွန် ကျူးလွန် ဒါဟာပြစ်မှုမြောက်ပါတယ်"
မဲပြားမှာ ဖယောင်းသုတ်တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ သက်သေ အထောက်အထား အခိုင်အလုံနဲ့ ကော်မရှင်ကို တရားဝင် တိုင်တန်း တင်ပြလာတာမျိုး မရှိသေးဘူးလို့လည်း ဦးဝင်းကိုက ပြောပါတယ်။
မီဒီယာ ဆိုတာ ရေးချင်တိုင်းရေးလို့ ရသလား
မနေ့ က မီဒီယာ တစ်ခု က သတင်းအမှားတစ်ခုကို တင်ထားတာ တွေ့ ရပြီး အဲဒီမီဒီယာ က အယ်ဒီတာ က ဆံရှည် ကိုယ်တော်ပါ..
ဆင်ဖမ်းမယ်ကြားဖမ်းမယ် ဆိုပြီး ၂၀၁၀ မတိုင်ခင် ကပေါ့ ပြီးလည်းပြီးရော ရေမြွေလေး လို မြန်ပြည်ကို မီဒီယာ အကြောင်းပြပြီး ကုဒ်ကုဒ်နဲ့ ပြန်သွားတော့
မီဒီယာ ဆိုတိုင်း အထင်ကြီးလို့ မရပါ..
အဲလိုသတင်းမှားတွေ ဖတ်ရတာ တော်တော်လေး ရှိပေမဲ့ မနေ့  ကသတင်းကတော့ မဆလ လက်ထက် အရင်ပေါ်လစီအောက်ဆွဲ ဖြစ်တာ သေချာ သွားမှ ဒီစာ ကို ရေးတာပါ..
ယိုးဒယား သူငယ်ချင်း လာတော့ အဲဒီဆိုဒ်က အဲလိုမျိုး ရှိတယ်ပြောတော့ အလေးမထားဖို့ ပြော ပါတယ်
ဒါပေမဲ့ နိုင်ငံတကာ မှာ ငွေယူ မြန်ပြည်သူပြည်သား တွေ ကို မိုင်းတိုက် မယ် ဆိုရင်တော့ မကောင်းပါဘူး...
သူငယ်ချင်း ကတော့ COLA မဟုတ်တဲ့ တစ်ယောက်ပေါ့..
မီဒီယာတိုင်း ရေးချင်သလို မရပါဘူး နမူနာ ကတော့ ဝန်ကြီးချုပ်ဟောင်း ဦးခင်ညွန့် ဟာ တစ်ချိန်က မီဒီယာ ကို သုံးပြီး အမှားတစ်ဝက် အမှန်တစ်ဝက် ပြည်သူတွေ လှည့်စား မှုတွေ က နောက်ဆုံးတော့ သူ့ သမိုင်း သူ့ ရေးသွားရပါတယ်..
တော်သူတွေတိုင်း လည်း သမိုင်း ဖြောင့် နိုင်သလို သမိုင်းကွေး သွားသူတွေ မနည်းပါဘူး...
မီဒီယာတိုင်း သမိုင်း မဖြောင့်ပါဘူး ဆက်ထုံးလေးတွေ ရှိသလို အထစ်လေးတွေ တအားများလာရင်တော့ မကောင်းပါဘူး
အကျိုးပြုမှု မီဒီယာတွေ ဖြစ်နိုင်ကြပါစေ...
အဝေးရောက် မြန်ပြည်သူ ပြည်သားတွေ အလွမ်းပြေစေဖို့  ပြန်နိုင်ကြပါစေ..
Monday, April 2, 2012
နိုင်တယ် ဆိုတာထက် လွှတ်တော် ထဲ မှာ အမှန်တကယ် ထိုင်ပြီး ပြောရေး ဆိုခွင့် ရှိမှာ ပြည်သူတွေ က စိတ်ချရမှာပါ
နှစ် ၂၀ ကျော် ကြာပါပြီ ဒီလို အောင်ပွဲ မျိုး ရှိခဲ့ပါတယ် ၁၉၉၀ ပြည့်နှစ် ကပေါ့ အာဏာလွဲ မပေးတာ ကို သတိရဖို့ လိုပါတယ်...
အခုနိုင်တော့ တကယ် လွှတ်တော်ထဲ ကို ရောက်ပြီး ထိုင်ခွင့် ရမှာ စိတ်ချရမှာပါ..
အဲဒီ အချိန်ထိ ပြည်သူတွေ စောင့်ကြည့်ရမှာပါ...
အခုကြားဖြတ်ရွေးကောက် ပွဲ မှာ ညစ်တာတွေ ကို မှတ်သားထား ဖို့ လိုပါတယ် ညစ်နေတဲ့ ကြား က ပြည်သူတွေ ဆန္ဒပြည့်ဝ သွားတာ မြင်ရတော့ ဝမ်းသာစရာပါ..ဒါပေမဲ့
အဲဒါမျိုး ညစ်တာတွေ ထပ်မဖြစ်အောင် ကြိုတင်ပြီး နောက်တစ်ခါ မခံရအောင် လုပ်ဖို့ လိုပါတယ်
အခုလည်း တော်တော် များများ ပျော်နေကြမှာပါ.. ၁၉၉၀ လို မဖြစ်ဖို့ စောင့် ကြည့် ရအုံး မှာပါ..
လွှတ်တော်ထဲ တကယ်ဝင် ထိုင်ရင်တောင် လွှတ်တော်ထဲ မှာ ထိုင်ခုံတော်တော်များများ ကို ရသေးတာ မဟုတ်ဖူးဆိုတာ သတိရှိဖို့ လိုပါတယ်..
အရေးကြီးတာ က လွှတ်တော်ထဲ မှာ ထိုင်နေပေမဲ့ နိုင်ငံပြည်သူပြည်သား တွေ အတွက် အကျိုးပြု မှု လုပ်ဆောင်နေသူတွေ ဖြစ်အောင် လွှတ်တော် ကိုယ်စားလှယ်တိုင်း ဖြစ်အောင် ဆွဲဆောင် ပြောဆို နိုင်ဖို့ လိုပါတယ်..
ပြည်သူကိုယ်စားပြု သူတိုင်းဖြစ်အောင် လုပ်ဆောင်ဖို့ လိုပါတယ်...
ထိပ်တိုက် ဖြေရှင်းမှုထက် ကန့် ကွက်တာတွေ ထက် အမှန်ကို မြတ်နိုးသူတွေ ဖြစ်အောင် အချက် အလက်နဲ့ စနစ်တကျ အကျိုး အကြောင်း ဆီလျှော် စွာ ဖြင့် တစ်ထစ်ချင်း လုပ်ဆောင်နိုင်ဖို့ မျှော်လင့် ရမှာပါ..
အခုတော့ လွှတ်တော် ထဲ အမှန်တကယ် ဝင်ထိုင်ရ မှ ၃၀ရာခိုင်နှုန်း သေချာမှာပါ...
၁၉၉၀ က အဖြစ် က သက်သေ ရှိတာ ကို မေ့မရပါ...အခုမှ ၁၀ ရာခိုင်နှုန်း လောက် အသိအမှတ် ပြုခံရတာပါ...
တစ်ခုရှိတာ က ပြည်သူတွေ က နှစ်တွေ ဘယ်လောက် ကြာကြာ သူတို့ ရဲ့ ဆန္ဒ က ၂၀၁၂ အထိ မပြောင်းသေးတာ သက်သေပါ...
ပြည်သူ့ ဆန္ဒ နှစ် ၂၀ ကျော်လည်း အရင်အတိုင်းပါပဲ...၁၉၉၀ ကို မမေ့သေးတာပါ မျိုးဆက်သစ် ကို အသိပေးဖို့ လိုပါတယ်...ဆယ်ကျော်သက်တွေ ဘာမှန်းသိမှာမဟုတ်ပါဘူး...သတိရှိနိုင်ကြပါစေ...
Sunday, April 1, 2012
နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန် မဲရုံ၌ ဆန္ဒမဲ လာရောက်ပေးစဉ်။
နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန် ယနေ့နံနက် ၁၁ နာရီ ၁ဝ မိနစ်ခန့်က နေပြည်တော် ဇမ်ဗူသီရိ မဲဆန်ဒနယ် မဲရုံအမှတ် (၁/၁) အထက (၅) မဲရုံ၌ ဆန္ဒမဲ လာရောက်ပေးစဉ်။
ဧပြီ တစ်ရက် နေ့  နံနက် ပိုင်း မဲပေးမှု ဓာတ်ပုံ
ပုသိမ်မြို့တွင် ယနေ့ ဧပြီလ (၁)ရက်နေ့ဝယ် ပိတောက်ပန်းများ အထူးပွင့်နေကြကြောင်း၊ တစ်မြို့လုံးမှာ ကြားဖြတ်ရွေးကောက်ပွဲကိုသာ အာရုံစိုက်နေကြပြီး ဈေးဆိုင်အများစုမှာ ဆိုင်ပိတ်ထားကြကြောင်း သိရသည်။-Popular Myanmar News Journal
Kyaw Win Khine
ကော့မှူးမြို့နယ် ငှက်အော်စမ်းကျေးရွာ မဲရုံအမှတ် ( ၁ ) သို့ လာရောက်ကြည့်ရှုသော ဒေါ်အောင်ဆန်းစုကြည်
Photo Messenger News Royaltower Journal
ရဲရင့်ငယ် ဘလောက် မှ
မြန်မာလုပ်သားများ အရစ်ကျစနစ်ဖြင့် ကားဝယ်ယူ၍ မြန်မာပြည်သို့ တင်သွင်းနိုင်ပြီ
ဟန်းဂုရွာ ဘလောက်မှ ရယူသည်..
ကိုရီးယားသို့ အီး-၉ ဗီဇာဖြင့် လာရောက် လုပ်ကိုင်နေထိုင်သည့် မြန်မာအလုပ်သမားများ အတွက် အထူးအစီအစဉ် အဖြစ် မော်တော်ကား အသစ်/အဟောင်းများကို အရစ်ကျ ငွေချေစနစ်ဖြင့် ရောင်းချပေးမည် ဖြစ်ပြီး၊ မြန်မာပြည် အရောက် ပို့ဆောင်ရေးကိုပါ တာဝန်ယူ ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း ဆောင်ဝူးရောင်းဝယ်ရေး ကုမ္ပဏီက ယနေ့ ကြေညာပါသည်။
အဆိုပါ အစီအစဉ်အရ Samsung, Hyundai, KIA, Ssangyong, Daewoo ထုတ် အိမ်သုံး(လူစီး)နှင့် အငယ်စား ကုန်ကားများကို လပေါင်း ၃၀ အရစ်ကျ ငွေချေစနစ်ဖြင့် ရောင်းချပေးမည်ဟု သိရပါသည်။ ကားတန်ဖိုး၏ ၂၀ ရာနှုန်း ငွေပေးချေပြီးပါက မြန်မာပြည်သို့ တင်ပို့နိုင်ပြီဟု ဆိုပါသည်။
ဝယ်ယူသူ မြန်မာ အလုပ်သမားသည် ကိုရီးယားမှ အပြီးအပိုင် မထွက်ခွာမီ ကားတန်ဖိုးကို အပြီးအကျေ ငွေချေရန် တာဝန်ခံနိုင်သည့် အခြေအနေ ရှိရမည် ဖြစ်ပြီး၊ မိမိ၏ ကိုယ်ရေး အချက်အလက်နှင့် အလုပ်အကိုင်ဆိုင်ရာ အထောက်အထားများကို တင်ပြ၍ ကုမ္ပဏီနှင့် ညှိနှိုင်း ၀ယ်ယူနိုင်သည့် စနစ်ဖြစ်ကြောင်း ဆက်လက်ဖော်ပြထားပါသည်။
ယခု ရောင်းဝယ်ရေး အစီအစဉ်မှာ မြန်မာပြည်ဘက်မှ ပြောင်းလဲလာသော အခြေအနေများနှင့် မော်တော်ယာဉ် တင်သွင်းခွင့်များ ပွင့်လင်းလာမှုကြောင့် မြန်မာလုပ်သားများ အဆင်ပြေပြေ ၀ယ်ယူနိုင်ရန် အထူးစီစဉ် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း ဆောင်ဝူးကုမ္ပဏီမှ ဒါရိုက်တာ ဘတ်ဂျီဟယွန်းက ပြောပါသည်။
ဝယ်ယူနိုင်သည့် ကားအမျိုးအစားများ၊ ဈေးနှုန်းနှင့် ၀န်ဆောင်ခများ၊ ရောင်းချပေးမည့် စနစ် အသေးစိတ် သိလိုပါက အောက်ပါ အတိုင်း ဆက်သွယ် စုံစမ်းနိုင်ကြောင်း သတင်းကောင်း ဖြန့်ချိလိုက်ပါသည်။
성우상업 : www.sungwusale.co.kr
주소 : 서울특별시 강동구 명일동 44-2
전화번호 : 02-4811-8233 팩스번호 : 02-4811-8235
대표이사 : 박지현 휴대폰 : 010-2201-8539
မျိုးဆက်သစ် တို့ မွေးဖွားခြင်း
ဗမာ နိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများ အဖွဲ့ ချုပ်(ဟင်္သာတ)ကို ဟင်္သာတ မြို့ ပေါ်က တက္ကသိုလ် ၄ ခု တက္ကသိုလ် ကျောင်းသားတွေ က စတင်ဖွဲ့ စည်းပြီး ဗကသ ဥက္ကဌ ကို ကျော်ကိုကို က မတ်လ ၂၉ ရက်နေ့ မှာ အသိအမှတ်ပြု ပြီး ဗကသ အလံ လွဲအပ်ခဲ့ပါတယ်။ ။
မကွေးတိုင်း ရေစကြိုမြို့နယ် မဲပေးစာရွက် ခြစ်မရ
2012-03-31
RFA
မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ် အမှတ် (၈) ရပ်ကွက် မဲရုံအမှတ် (၁) မှာ မနေ့က နေ့လည် (၁၁) နာရီက ကြိုတင်မဲသွားပေးရာမှာ မိမိပေးလိုတဲ့ အမတ်လောင်းအတွက် မဲခြစ်ပေးရာမှာ မဲပေးစာရွက်က ခြစ်လို့မရဘဲ ချော်နေကြောင်း သိရပါတယ်။
နောက်ထပ် မဲစာရွက် ထပ်မံတောင်းဆိုရာမှာလည်း တရွက်ပဲပေးခွင့်ရှိလို့ မရဘူးလို့ မဲရုံမှူးတာဝန်ရှိသူတွေက ပြောကြောင်း ကိုယ်တိုင် မဲသွားပေးခဲ့သူ ကိုအောင်ကျော်ဝင်းက ပြောပြပါတယ်။
“စာရွက်က မှင်သုတ်လိုက်တော့ အခါကြတော့ စာရွက်က ချော်နေတာ။ အဲဒါနဲ့ ကျနော်က နောက်စာရွက် တရွက်ထပ်တောင်းတာ သူကစာရွက်က တရွက်ပဲ ပေးခွင့်ရှိတာပါတဲ့။ တရွက်ထဲပဲပေးတာပါတဲ့။ ချော်နေတာ စာရွက်က ချော်နေတာအကိုရဲ့။ ခြစ်လို့ကရတယ်။ဟိုလို မှင်ပျက်သွားတာပေါ့ဗျာ။"
ကဗျာဆရာကြီး ဒဂုန်တာရာ ကိုယ်တိုင်မဲပေးမည်
by Yangon Press International on Saturday, March 31, 2012 at 12:57pm ·
မတ်လ ၃၁ ရက်၊ ၂၀၁၂ ခုနှစ်- (YPI)
ရှမ်းပြည်နယ် အောင်ပန်းမြို့တွင်နေထိုင်လျက်ရှိသော အသက် (၉၀) ကျော်အရွယ် မျက်မမြင် ကဗျာဆရာကြီးဒဂုန်တာရာဟာ ကြိုတင်မဲဆန္ဒပေးခြင်း မပြုပဲ ဧပြီလ (၁) ရက်နေ့မှာ သက်ဆိုင်ရာ မဲရုံသို့ ကိုယ်တိုင်သွား မဲပေးမည်ဖြစ်ကြောင်း သိရသည်။
ဆရာကြီး ဒဂုန်တာရာ မဲပေးမည့်နေရာမှာ ကလောမြို့နယ် ရွာငံစု အမက (၁၄) တွင် ဖွင့်လှစ်ထားမည့် မဲရုံ အမှတ်(၆) တွင်ဖြစ်ကြောင်း သိရသည်။
ဆရာကြီး ဒဂုန်တာရာအနေဖြင့် မျက်စေ့မမြင်သည့်အတွက် ၄င်းဇ။် တူမဖြစ်သူ စာရေးဆရာမ သင်းမြစန္ဒီ ကို အကူအညီဖြင့် ခေါ်ဆောင် မဲဆန္ဒပြုဖွယ်ရှိကြောင်း စုံစမ်းသိရသည်။
ဆရာကြီး ဒဂုန်တာရာသည် သခင်ကိုယ်တော်မှိုင်းဦးစီးသည့် ငြိမ်းချမ်းရေးလှုပ်ရှားမှုများကို ဦးဆောင်ပါဝင်လှုပ်ရှားခဲ့သူဖြစ်ပြီး တစ်သက်တာ ကာလပါတ်လုံး ငြိမ်းချမ်းရေး အယူအဆ ကိုကိုင်စွဲထားသူဖြစ်သည်။
ဆရာကြီးဒဂုန်တာရာဇ။် ထင်ရှားသော အယူအဆ တစ်ခုမှာ မုန်းသူမရှိ၊ ချစ်သူသာရှိ၊ နိုင်ငံရေးဆိုတာ ရန်သူကို မိတ်ဆွေဖြစ်အောင် လုပ်တာ ဆိုသော အယူအဆ ဖြစ်သည်။
နှစ် ၂၀ ကျော် မှ တစ်ကျော့ ပြန်လာတာ ကို ... ချစ် တာ ကို ခြစ် ခဲ့ ညစ် တာတွေ ကို ပစ်ခဲ့ လိုရင်တော့ ရစ်ခဲ့ပေါ့
ဒီနေ့ မှာ တစ်ချို့ တွေ မဲ ပေးရသောနေ့ ပေါ့
ဒါမျိုး ဖြစ်ဖို့  နှစ် ၂၀ ကျော် ကြာတယ်...
ဖြစ်သင့်တာတွေ လုပ်သင့်တာတွေ ကို လုပ်ဖို့ လို ပါတယ်
ချစ်တာတွေ ကို ခြစ် ရမှာပါ...
ညစ်တာ တွေ ကိုလည်း တွေ့ ရမှာပါ အကျင့်ပါနေတာ ကို နားလည်ပေးပြီး ပစ် နိုင်ဖို့ ကူညီ လိုက်ပါ
ပစ်မရ ပြုမရဖြစ်ရင် မြန်ပြည်သားတွေ ဘဲ ရစ်လိုက်ပေါ့
မသောက်ပဲ ရစ်တတ် တာ မြန်ပြည်သားတွေ လုပ်တတ်ပါတယ်..
နှစ် ၂၀ ကျော် တွေ့ နေမြင်နေရတော့ နည်းနည်း လေးတော့ အသိရှိ အတွေ့ အကြုံ ရှိမှာပါ...
ကောင်းမွန်အေးချမ်း သော နေ့ ဖြစ်ပါစေ...
ငဝန်နဒီ