ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး
Sunday, September 30, 2012
ဒီမိုကရေစီမှာ ...ဖာ လို့ တော့ မအော်နဲ့  ခွင့်မပြုဘူး
အညာရွာက ကို အညာသား ထန်းပင်ကြီး ကြည့်ပြီး
ထန်းရည် ကလည်း ရောင်းမကောင်း ထန်းလျက် ကလည်း သိပ်မရောင်းရ ဆိုတော့
ထန်းခေါက်ဖာ တွေ ယက်ရောင်းမှ ဆိုပြီး လုပ်သတဲ့
ဒီလိုနဲ့ ထန်းခေါက်ဖာ တွေ လည်း ယက်ပြီးရော ရန်ကုန် ဆင်းပြီးရောင်းမယ် လုပ်တော့
လူတွေ က တစ်ခုခုဆို နေပြည်တော် ဆိုတာကြီး ပြောပြော နေတော့
အဲဒီမှာတော့ လူတွေ တော်တော်စည်ပြီးရောင်းကောင်းမယ်ဆိုတဲ့ အတွေးနဲ့ နေပြည်တော် ကို
ဖာတွေ ရောင်းဖို့ သွားသတဲ့
ဟိုလည်းရောက်ရော ဘယ်မှာရောင်းရမှန်းမသိဖြစ်နေသတဲ့
ဒီလိုနဲ့ လူတွေ ဝင်လိုက်ထွက်လိုက် အရမ်းများတဲ့ အဆောက်အဦး ကြီး နား ကို ရောက်သွားရောသတဲ့
လွတ်တော် ဆိုတာ ကို ကို အညာသား သိမှမသိဘဲ ကိုး
ဒီလိုနဲ့  သူ က ထန်းခေါက်ဖာတွေ ကို လူတွေ လည်းမြန်မြန်သိအောင် အတိုလည်းခေါ်လို့ ကောင်းဆိုပြီး
ဖာ လို့ အော်ပြီးရောင်းရင် ကောင်းမယ်ထင်တယ် ဆိုပြီး တွေးနေတုန်း
အဆောက်အဦးကြီး အထဲ က..
ဒီမိုကရေစီ ...ဒီမိုကရေစီ ...ဒီမိုကရေစီ  ဒီမိုကရေစီ..ဒီမိုကရေစီ ..
အော်သံတွေ ကြားတော့ ကိုအညာသား ဒီမိုကရေစီ ကို အထဲ မှာ အော်ရောင်းနေတာ ထင်ပြီး
သူကလည်း အား ကျမခံ  ဖာ...တွေရမယ်....ဖာ...ဖာ ဖာ...
အော်သတဲ့
ဒီလိုနဲ့  ဒီမိုကရေ စီ လို့  အထဲ က ကျယ်ကျယ် အော်လေ အပြင် က ဖာ လို့ ကျယ်ကျယ်အော် တော့
လမ်းသွားလမ်းလာတွေ က အထူးအဆန်းဆိုပြီး လာကြည့် ကြတော့ လူတွေ အတော် များလာသတဲ့
ဒီမိုကရေစီ ဖာ ဆိုတာကြီး ကဘာ လည်းပေါ့
အဲဒါနဲ့ လွတ်တော်ထဲ ကသိပြီး ကို အညာသား ကို ဘာလို့ ဖာ လို့ အော်တာလည်းပေါ့..
သူထန်းခေါက်ဖာ လာရောင်းတာပါ ထန်းခေါက်ဖာ ကို ဖာ ဆိုပြီးအော်ရောင်းတာပါ လို့ ပြောသတဲ့
ဒါနဲ့ လွတ်တော် က 
ဖာ လို့ အော်တာကို တော့ ခွင့်မပြုဘူး ထန်းခေါက်ဖာလို့ အော်ရောင်းမှ ခွင့်ပြုမယ် ပြောလိုက်သတဲ့...
ငဝန်နဒီ       
မြန်ပြည်ဒီမိုကရေစီ ကို လုပ်ချင်တိုင်း လုပ်ရန် အတွက် မြန်ပြည်သားတိုင်းခွင့်ပြုရန် မလိုသလို မြန်ပြည်သားတိုင်းတာဝန်ရှိပေသည်။
တရုတ် အထွက် အမေရိကန် အကွက် ဂျပန်အချက်
တရုတ်ကိုစ္စည်းတွေပို့ ရတာ အကန့်  အသတ်တွေ များလာတော့
အမေရိကန်ကို ပစ္စည်းပို့ ခွင့် ရဖို့  လုပ်လာပြီး
ဂျပန် ကတော့ ငွေတွေ ချေး ကုန်တွေ ပို့  အကူအညီတွေ ပေး စက်ရုံတွေ မြန်ပြည်မှာ လုပ်ဖို့ ကြိုးစားလာတာကောင်းသော အရာတွေပါ
ငဝန်နဒီ
Saturday, September 29, 2012
မြန်ပြည်မှာ ကားတစ်စီး ၂၅ သိန်း ဂျပန်ကားစစ်စစ် စီးနိုင်ပြီ
မြန်ပြည်မှာ ဒီမိုကရေစီ အမှန်အကန် အခုမှ ပဲလာတော့တယ်
ကားတွေသွင်းခွင့်ပေးပေမဲ့ ဟိုအခွန်ဒီအခွန် တွေ ဟိုထစ်ဒီထစ် ဆိုတော့
အခုလည်း ကားပြပွဲ လာခါနီး ပြီ နှစ်ကုန်ခါနီး မှ ကားတွေ ထုတ်တော့မယ်ပေါ့
အဲဒါမတိုင်ခင် အခုတော့ ဂျပန် ကား တစ်စီး ကို ၂၅ သိန်းနဲ့ ရမှာဆိုတော့ မြန်ပြည်သားတွေ ကား ကောင်းကောင်းစီးနိုင်တော့မှာပါ..
ကားသွင်းခွင့်ပေးပေမဲ့ တကယ့်ကားဈေးအမှန် ဖြစ်ရမဲ့ အထိ မစွမ်းဆောင်နိုင်လေတော့
ဒီမိုကရေစီ မြန်ပြည် ဖော်ဆောင်လိုသူတွေ က
ကားတစ်စီး ၂၅ သိန်းနဲ့  ဝယ်လို့ ရအောင်လုပ်ပေးနေပါပြီ
ဘယ်လိုပဲဖြစ်ဖြစ် တောမှာ ဘာမှ မလိုဘူး ဘီးလိမ့်လို့ ရနေပြီဆိုတော့ မကောင်းဘူးလား
တို့ တောမှာ တော့ ကားနဲ့ ကွ မင်းတို့ မြို့ တော်ကြီးမှ ဆိုက္ကားစီးရတာ ဖြစ်တော့မှာပါ..
ဒီမိုကရေစီ ဖော်ဆောင်ရာတွင် အမှန်တကယ် ဖြစ်သင့်သော ဈေး ကို လုပ်ဆောင် နိုင်ရန် အတွက် ပါ...
သံရည်ကြိုမဲ့ ကားက သိန်း ၈၀ တဲ့ ဂျပန်ကား အခုမှ မြန်ပြည် ရောက်စ က ၂၅ သိန်း..
မြန်ပြည်သားတိုင်း ကားစီးနိုင်ကြပါစေ..
ငဝန်နဒီ
Saturday, September 22, 2012
ဂျပန် က အိုင်ဖုန်း ၅ ကတော့ LTE အပြည့်တော့ မရသေး
မနေ့ က အိုင်ဖုန်း ၅ က ထွက်တော့LTE  အပြည့်ရမရ ကို ကြည့်တော့
AU ကတော့ 4G က 75 Mbps ကို LTE ဆိုထည့်ပေးပြီး
75 Mbps နဲ့  LTE လို့ ဖုန်းမှာပေါ်အောင်လုပ်ပေးပြီး
အိုင်ဖုန်း ၅ ကို LTE ရတယ် ဆိုပြီး ရောင်းပါတယ် ဈေးကတော့ အရင် ဖုန်းဈေးတွေ လိုပါပဲ သိပ်ထူးထူးခြားခြား ဈေးမတတ်ပါဘူး
Softbank ကတော့ 3G နဲ့ တင် အိုင်ဖုန်း ၅ ကို ရောင်းနေလေရဲ့ ..
Softbank မှာလည်း 4G နက်စ်ဝပ် ကတော့ ရှိပါတယ် အဲတာနဲ့ ချိတ်ဆက်ပေးရင်တောင်မှ 76 Mbps နဲ့ ပဲချိတ်ပေးလို့ ရမှာပါ..
LTE အမှန်ဆိုရင် 100 Mbps ရရမှာပါ...အိုင်ဖုန်း ၅ အတွက်ပါ...တခြား ကွန်ပျူတာတို့ ဘာတို့ နဲ့ ဆိုရင် 300Mbps အထိ LTE ကရနိုင်ပါတယ်.
LTE က Long Term Evolution ကို ပြောတာပါ..
၂၀၀၉ ဒီဇင်ဘာ ကတည်းကOslo နှင့် Stockholm စမ်းထားပြီးတော့ ၂၀၁၀ မှာ North America မှာ စမ်းပါတယ်..
ငဝန်နဒီ
Sunday, September 16, 2012
အိုင်ဖုန်း ၅ ဝယ် ဖို့ မယ်ဆိုရင် လိုအပ်တာက.နည်းနည်း ဝယ်သင့်တာက
အိုင်ဖုန်း ၅ ကို ဝယ်ရင် သတိထားရမှာက..
ဘက္ထရီ အားသွင်း ကြိုး မတူတော့ပါ
အဲဒီမှာ Airplay ရှိတဲ့ စပီကာတွေ နဲ့ တွဲမှ အဆင်ပြေမှာပါ
အရင်လို အထိုင်ရှိ ပလေယာတွေနဲ့  အဆင်မပြေတာပါ
အဲဒီနေရာမှာ ကော်နက်တာ တဆင့်ခံတာ လိုလာပါတယ်
ကောင်းတော့ ကောင်းပါတယ်  တိုက်ရိုက်ဆက်သလောက်မကောင်းတာပါ
အိုင်ပက်စ် နဲ့ တုန်းက HDMI အတွက်တဆင့်ခံသုံးတာ ကြာတော့ သုံးရတာ လက်ဝင်လာတာပါ..
Airplay ပလေယာတွေ သုံးတာတော့ အဆင်ပြေပါတယ်
ဈေးသက်သာတာကတော့ Apple TV ဝယ်ရင်တော့ အနည်းငယ်သက်သာပါတယ် ယန်း ၈၈၀၀ တော့ ရှိတာပေါ့
ပလေယာ အထိုင်မှာ အောတီကယ် အပေါက် အဝင်ရှိရင် တော်တော် အသံကောင်းတာတွေ့ ရမှာပါ..
အဲလိုမှ မဟုတ်ရင် Airplay စက်အသစ်တွေ က ယန်း တစ်သောင်း အထက်ကနေစပြီး အသံထွက် အတန်အသင့်သာ ကောင်းတာ ကို တွေ့ ရမှာပါ..
ကြားခံ နက်ဝပ်ကော်နက်တာတွေ က တော်တော်လေး ဈေးကြီးပါတယ် ယန်း ၂သောင်းကျော်ကနေစပြီး
၂၄ Bit ပဲရမှာပါ ၃၂ Bit ဆို နောက် တစ်သောင်းလောက် ထပ် လိုက်ရမှာပါ
ဒါက အားသွင်းတာ အထိုင်လေးပြောင်းသွားတော့ နောက်က လိုက်ရမယ့် ငွေတွေပါ..
အီးယားဖုန်း အပေါက်ကနေ အသံထုတ်တာ Airplay ကလောက် မကောင်းပါဘူး
ဟိုသယ်ဒီသယ် လိုသလို နားထောင်လို့ ရတာ Airplay သုံးမှ ကောင်းမှာပါ..
နောက်တစ်ခုကတော့ အီးယားဖုန်း စတိုင်အသစ် ကို တွေ့ ရမှာပါ
အဲဒါကတော့ အိုင်ဖုန်း ၅ ကို ဝယ်သင့်ပါတယ်
နောက်တစ်မျိုးကတော့ LTE ပါ အဲဒါကတော့ တကယ့် အရေးပါတဲ့ နည်းပညာအသစ်ပါ
၁၀၀ မက်စ် အထိ အမြန်ရှိတယ်ဆိုတော့ တကယ်သုံးလို့ ရတဲ့ တိုင်းပြည်ဆိုရင် အတော်ကို အရမ်းကောင်းတဲ့
အဖြစ်ပါ..
အဲတစ်ခုနဲ့  အချိန်ကို ငွေပေးဝယ်သလိုဖြစ်ပြီး
အိုင်ဖုန်း ၅ ကိုင်လို့ အချိန် အနည်းဆုံး တစ်ရက် ကို ၁နာရီ ကနေ ၃၀ မိနစ်လောက်ကတော့ အချိန်ပိုလာ မှာပါ တစ်လဆို နာရီ ၃၀ ဆိုတော့
အိုင်ဖုန်း ၅ က ဝယ်သင့်ပါတယ်
သတိပေးတာတွေ ကဒ်တွေ သိမ်းလို့ ရတာတွေ စကရင် ကျယ်လာတွေ ကတော့ ရင်မခုန်လောက်ပါဘူး
နောက်တစ်ခု ကတော့
ကင်မရာ သွားလေရာ သယ်သူတွေ အချိန်နည်းနည်းနဲ့  ပုံကောင်းကောင်း လိုချင်သူ ကိုယ်ဘယ်ရောက်နေတာ ကို မျှဝေချင်သူတွေ ပုံ၎ ၅ ပုံ ရိုက်စရာ နေရာ မှာ တစ်ပုံနဲ့ တင် ချက်ချင်း ပို့ နိုင်တာရယ် မြင်ကွင်း လှလှ ကို တစ်ခါတည်းနဲ့  လုပ်လို့ ရတဲ့ ကင်မရာ ပါလာပေးတာပါ
ပါနိုရာ မား က အချိန်ကို သက်သာစေတာရယ် တစ်ပုံတည်းနဲ့  အဆင်ပြေတာရယ်ပါ..
နောက်တစ်ခုကတော့
Facetime ပါ ဗီဒီယို ဖုန်းခေါ်တာ ကို LTE ရယ် Iso 6 က လွယ်ကူအောင် လုပ်ဆောင်ပေးနိုင်တာပါ
ကမ္ဘာရွာ ဆိုတာ က ဘယ်ရောက်ရောက် ချက်ချင်း အများ ကို မျှဝယ်ပြသ လို့ ရတာရယ် ကျန်တဲ့သူ ပါ သူရောက်သလို ပေးစွမ်းနိုင်တာပါ ကွန်နက်ရှင် က အရမ်းကောင်းတဲ့ ဆက်သွယ်မှုဆိုတော့
အိုင်ဖုန်း ၅ က ဝယ်သင့်ပါတယ်..
နောက်တစ်ခါ ထပ်ထွက်မယ့် ဖုန်း ကျရင် ဘက်ထရီ အားသွင်း တာ ကြိုးမဲ့ ဖြစ်လာနိုင်တော့
ကြိုးမဲ့ လိုချင်သူတွေ တော့ အနည်းငယ်တော့ စောင့်ရအုံးမှာပါ..
အချုပ်ဆိုရရင်
Ear Phone အရ
LTE အရ
Facetime အရ
Panorama အရ
ဝယ်သင့်သော အချက်တွေ ပါ...
ဒီလိုရေးဖြစ်တာ က မြန်မာတွေ နည်းပညာသစ်တွေ ကို သုံးရင်း မြန်ပြည် ကို နည်းပညာ အသစ်တွေ ပေးပို့ မိတ်ဆက်စေချင် လို့ ပါ..
မြန်ပြည်မှ ကောင်းကောင်း သုံးလို့ မရနိုင်သေးတာ ဆက်သွယ်ရေး က တာဝါတိုင်တွေ အင်တာနက် စပိ ကို တင်လိုက်တာနဲ့ 
မြန်ပြည်လည်း ကမ္ဘာရွာ ချက်ချင်း ဖြစ်သွား နိုင်တာပါ..
မြန်ပြည်က ဆက်သွယ်ရေး အဆင့်မြှင့် လာရင် တိုင်းပြည် တိုးတတ်ဖို့  မဝေးပါဘူး
အိုင်ဖုန်း၅ က မြန်ပြည် အတွက်ဆို ကွန်ပျူတာ မကိုင်လိုသူ လူကြီးတွေ အတွက် တကယ်ကို သက်တောင့်သက်သာပါ...
ဂျပန်မှာကတော့ အခု ပစ္စည်းတစ်ခုထွက် ချက်ချင်း ဂျပန်လို ဘာသာပြန် ချက်ချင်းအဲဒီစာအုပ်ဝယ်လို့ ရတာပါ..
မြန်မာပြည်မှာက သိတဲ့သူ ကလည်း မမျှဝယ်ချင် တော့ ဒီလိုရေးပြီး သိသလောက်ရေး ရတာပါ..
ပြည်မြန်မာ မှာ ဆက်သွယ်ရေး က မပေးသေးလို့ ပါ ဆက်သွယ်ရေး က အင်တာနက်စပိ ဒီနေ့ တင် ဒီနေ့ ချက်ချင်း သုံးလို့ ရတဲ့ စနစ် ဟောင်း ကရှိပြီးသားပါ မသိမသာ ပိတ်ထားသေးလို့ ပါ..
အရမ်းလွယ်တဲ့နည်းပညာ ကို နှေးအောင်လုပ်ထားလို့ ပါ...
တတ်သူတွေ ကတော့ မိမိဟာမိမိ အင်တာနက် တနေရာ မှာပဲထားပြီး အဝေးကြီး မိုင် ၅၀ ကနေ လှမ်းဆွဲလို့  ရတဲ့ စက်တွေ ချက်ချင်းတတ်လို့ ရပါတယ်
ကွန်နက်ရှင်စပိ အခု အိုင်ဖုန်း ၅ လောက်တော့ ရနိုင်တာပါ...
ငဝန်နဒီ
Thursday, September 13, 2012
အိုင်ဖုန်း ၅ က ဘာတွေ ထူးလာသလဲ
အိုင်ဖုန်း ၅ မှာ နည်းနည်း ရှည်လာတာတွေ့  ရပါတယ်..
ဒါပေမဲ့ ပိုပြီးပေါ့အောင် လုပ်ထားပါတယ်
ပိုပြီး ပါးအောင် ပါ လုပ်ထားပါတယ်.
စာဖတ်လို့  ကြည့်ရတာ အဆင်ပြေအောင် လုပ်ထား တာလို့ ဆိုပါတယ်
ကင်မရာ ကတော့ ပါနိုရာမား ရိုက်လို့ ရအောင်လုပ်ထားပါတယ်.
အိုင်အက်ဖ်အို ၆ ကို တခါတည်း ပါလာပါတယ်
စကရင် က ၄ လက်မ ဖြစ်သွားပါပြီ အရင်က ၃.၅ လက်မ ထက်ပိုကြီးလာပါတယ်
နက်ဝပ်စ် ကတော့ LTE ဆိုတာ ကို မိတ်ဆက်လာပါတယ် အရင် က 4G ထက်သာတာကို တွေ့ ရပါတယ်
4G က အရင် က ၄၂ မက် လောက်ပဲ အမြန်ရတာပါ အခုတော့ ၁၀၀ မက်စ် ဆိုပြီး ပြောလာပါတယ် အရမ်း မြန်လာတော့မှာပါ..
နားကြပ် ကို လည်း ပုံစံပြောင်း ပြီး လုပ်လာပါတယ်
ဖုန်း မှာ မိုက်ပေါက် ၃ ပေါက် ပါလာပါတယ်
စကရင် က ရှည်လာတော့ အရင် အိုင်ဖုန်း ၄ အက်စ် က ၄ တန်း ဆိုပေမဲ့ အခုတော့ ၅ တန်း အထိ စကရင် က တော်တော်လေး ရှည်လာတာ ကိုတွေ့ ရပါတယ်
ဖုန်း ဘေးဘောင်တွေ ကို အရောင်တစ်လွှာထဲ ဖြစ်အောင် ဆွဲဆောင်ထားပါတယ်
A6 ချိစ် ကို သုံးထားပါတယ် ဆင်းကဒ် ကလည်း အရင် က မိုက်ခရိုဆင်း ကို အခု နာနိုဆင်း ကို ထပ်သုံးထားပါတယ်
ဂျပန်မှာတော့ စက်တင်ဘာလ ၂၁ ရက်နေ့၏ကျရင် ရောင်းပေးမယ်လို့ ဆိုပါတယ်
3D ကို သုံးလာတာလည်းတွေ့ ရပြီး
အိုင်အက်စ်အို ၆ ကို ၁၉ ရက် စက်တင်ဘာ ကနေ စပြီး update လုပ်လို့ ရတော့မယ် လို့ ဆိုပါတယ်
စင်ကာပူ မှာရော ဂျပန် မှာရော ၂၁ ရက်နေ့ စဝယ် လို့ ရတော့မှာပါ
အားသွင်းတဲ့ ကြိုးက အစ ပြောင်း သွားပါတယ်
အိုင်ဖုန်း ၅ ကတော့ အရင်ဖုန်းတွေ ကနေ အကုန် ခွဲထွက် လို့ ရအောင်လုပ်ထားတာပါ..
SIRI ရော လမ်းညွှန်တာတွေ က တော်တော် ကို ကောင်းလာတာ ကို တွေ့ ရမှာပါ...
ဈေး ကလည်း အရင် ဈေးတွေ လိုပါပဲ ထူးထူးခြားခြားတော့ မရှိပါဘူး
ဂျပန်မှာတော့ သတ်မှတ် ပြီး ရေးထားတာတော့ မရှိသေးပါဘူး
အိုင်ဖုန်း ၅ မှာ Facetime ကို ဘယ် အခါမဆို သုံးလို့ ရပါပြီ..ဝိုင်ဖိုင်တွေ ဘာတွေ ရှိစရာ မလိုတော့ပါဘူး
တော်တော်လေး ကောင်းပါတယ် စာရေး စာရိုက် မေးလ်ပို့  ဓာတ်ပုံ ပို့ တာတွေ အတော်ကောင်းတာအပြင်
အရာရာ မြန်မြန်ဆန်ဆန် ရှိမှာ လို့  ဆိုထားပါတယ်..
ငဝန်နဒီ
Iphone 5 ထွက်ပြီ
Wednesday, September 12, 2012
အီလယ်လယ် ဒီမိုကရေစီ မဖြစ်စေဖို့ ထွေထွေရာရာ ပြည်မြန်မာ
စာ ကတော့ ရေးချင်တာ အတော်ကြာပါပြီ ဟိုအပြစ်တင် ဒီအပြစ်တင် စာတွေ မရေးချင်တာရယ် အပြုသဘောဆောင်တာတွေ ကို ပဲ ရေးချင်တာပါ
မြန်ပြည် ဒီမိုကရေစီ မှာ အခု ဆို အီလယ်လယ် ဖြစ်နေတာတွေ့ ရပါတယ်
အရင် က တရား ဥပဒေ စိုးမိုးရေး အရေးကြီးတယ် ပြောနေကြတာတွေ
တကယ် ဥပဒေ ကို ကိုင်တွယ် ပြင်ဖို့  အခွင့် ရတော့ အခုဆို ရက်အတော်ကြာပါပြီ
ထူးထူးခြားခြား ဘာမှ မကြားရပါဘူး
တကယ်တော့ ပြင် မယ်ဆိုတာနဲ့  အခွင့် အာဏာ ရှိရုံ နဲ့  လုပ်မရတာ သက်သေ တစ်ခုတွေ့ ရမှာပါ
သိလို့ တတ်လို့ ရေးနေတာ မဟုတ်ပါဘူး
တကယ်သိတဲ့ တတ်တဲ့ သူတွေ ကို နေရာ မပေးတာ ကို တွေ့ ရလို့  ဒီမိုကရေဒီ အီလယ်လယ် ဖြစ်လာတာ တွေ့ လို့ ပါ...
ဥပဒေ ကို ပြင်ရင် တကယ့်ပညာရှင် ဘယ်သူတွေ ရှိတယ် သူတို့ ပြောတဲ့ အတိုင်း လုပ်ဖို့ မဟုတ်ပါဘူး အကြံဥာဏ် ယူဖို့  ပြောတာပါ အသုံးချတတ်အောင် လုပ်ဆောင်တတ်ဖို့ ပဲ လိုပါတယ်..
ဘယ်နေရာ ကစပြင်မှာတို့ ကို ကြည့် ရမှာပါ..
အခြေ ကို စပြင် ရမှာ ဆိုပေမဲ့ အထိအရှ အနည်းဆုံး ကိုစဉ်းစား ပြီး ပြင်ရမှာပါ..
ဒီမိုကရေစီမှာ လူတစ်ဦးချင်း ကို ကြည့်မလား
အဖွဲ့ အစည်း ကို ကြည့်မလား  တိုင်း အလိုက် ပြည်နယ်အလိုက် ကြည့်မလား နိုင်ငံတော် အပိုင်း ကို ကြည့်မလားပေါ့
ဘယ်သူ ကဘယ်တာဝန် ဘယ်သူက ဘယ်တာဝန် အပိုင်းခွဲ  ဒီ တစ်ပတ် ဘာအပိုင်းဆွေးနွေး အဆုံးသတ် ပြီးရင် အမှန် အမှား တစ်ရက်ကနေ နှစ်ရက် အချိန်ပေး လုပ်ရင် တစ်ပတ် တစ်မျိုး တော့ အဖြေရမှာပါ..
အမှန်ကြီးပဲ ထွက်လာနိုင်တာတော့ မဖြစ်နိုင်ပါဘူး ဘယ်နိုင်ငံမှာမဆို ပြီးပြည့်စုံတာတော့ မဟုတ်ပါဘူး
အခြေအနေ အချိန် အခါ နဲ့ ပြောင်းနေမှာ ပါ မကောင်းရင် နောက်လူတွေ ထပ် ပြင် ရမှာပါ..
မိမိလက်ထက် မှာ အမှား အနည်းဆုံးလုပ်ပေးဖို့ သာ အရေးကြီးတာပါ..
ဒီမိုကရေစီ နိုင်ငံ ဖြစ်ဖို့ တောင် နှစ်နှစ်ဆယ်ကျော် ကြာတာတော့ မဆန်းပေမဲ့ ရတာ ကို အမြန်ဆုံး အသုံးချ တတ်သူတွေ လိုနေတာ ကို ဆွဲယူ အသုံးချ နေရာပေးဖို့  လိုနေပါတယ်..
ကွန်ပျူတာနဲ့ ရေးမှ ဥပဒေ ထွက် မှာ မဟုတ်ပါဘူး စာရွက်တွေ ခဲတံတွေ ဘောပင်တွေ ကလည်း ပေထက် အက္ခရာ တင်လို့ ရပါတယ် အရေးကြီးတာ အကျိုးပြု ဥပဒေ မြန်ဆန်ဖို့ လိုတာပါ..
ဒီနေရာ မှာတစ်ခု ရှိတာက
မြန်မာ ပြည်ဟာ မြန်မာပြည်သား တွေ ကို တန်ဖိုးထားတာ မြန်ပြည်သားတွေ သိဖို့ လိုပါတယ်
သမ္မတတောင် နိုင်ငံခြား အထောက်အပံ ပတ်သက်ရာ ဆွေမျိုးနီးစပ်ရှိရင်တောင် ဖြစ်ခွင့်မရှိတာပါ
နိုင်ငံကြီးတဲ့ အမေရိကန်နဲ့ မတူတာက ကိုယ့် တိုင်းပြည် ကိုယ်လူမျိုး ကို အလေးထားတာပါ
မြန်မာပြည်မှာမွေးဖွားသူဖြစ်ပါစေ တိုင်းတစ်ပါးနိုင်ငံသားခံ ယူသွားပါက မြန်မာဒီမိုကရေဒီရေး ကို အကြံပြုလို့ ရပေမဲ့
မြန်ပြည်က လိုက်လုပ်သည်ဖြစ်စေ မလုပ်သည်ဖြစ်စေ မြန်မာ နိုင်ငံသားတွေ သဘောပါ..
လိုတာထက်ပိုလာရင် မြန်ပြည်မှာမွေးလည်း တိုင်းတစ်ပါးသားဖြစ်သွားသူ ဖြစ်တဲ့အတွက် မြန်မာ ဒီမိုကရေစီရေး ကို ဝင်စွက်ဖက်တာ ဖြစ်နေမှာပါ..
မြန်ပြည်အရေး ကို မြန်ပြည်သားစစ်စစ်တွေ သာ ရေးသားလုပ်ဆောင်ခွင့်ရှိတာပါ..
တိုင်းတစ်ပါး အလံ အလေးပြုပြီးရင် မြန်ပြည် အရေး ကို လိုသလောက်သာ အကြံပြုခွင့်ရှိတာပါ..
နိုင်ငံတိုင်းဟာ သူနိုင်ငံသား အရေးသာ နံပါတ်တစ်ပါ..တိုင်းတစ်ပါးသား ကို ကြည့်သင့်သလောက်သာကြည့်မှာပါ..
နိုင်ငံခြားသားလက်ခံမှ နိုင်ငံတကာဝင်ဆန့် တယ် ဆိုတာ ဘယ်နိုင်ငံမှာမှ မရှိသေးပါဘူး..
နိုင်ငံတကာရောက် မြန်မာတွေ မြန်မာ အရေး ပြောချင်ရေးချင် ရင် ဘယ်တိုင်းပြည်ရောက်ရောက် ဘယ်လောက်ကောင်းကောင်း မြန်မာပြည်သား ဆိုတဲ့ အရာကို မစွန့် လွတ်မချင်း ပြောဆိုရေးသားလို့ ရနေမှာပါ..
ငဝန်နဒီ
Monday, September 10, 2012
မြန်မာနေရှင်နယ်လိခ် လုပ်ပွဲများရပ်
Ponnya Swe
၈-၉၂၀၁၂မန္တလေးမြို့ဗထူးကွင်း၌ကျင်းပသောဘောလုံးပွဲတွင်ရတနာပုံအသင်းပရိသတ်များယခုကဲ့သို့ဆန္ဒဖော်ထုတ်ခဲ့ကြသည်။
Thursday, September 6, 2012
ဖူဂျီမီးတောင် သတိထားဖို့ လိုလာ ပြီ
ဖိအား တတ်လာပြီဖြစ်သည်
ဖူဂျီမီးတောင် သတိထားရန်လိုလာပါပြီTOKYO: Pressure in the magma chamber of Japan's Mount Fuji is now higher than it was the last time the volcano erupted more than 300 years ago, scientists say, according to a report Thursday.
Tectonic shifts triggered by last year's huge 9.0 magnitude undersea quake have left the chamber under 16 times the minimum pressure at which an eruption can occur, researchers said.
Researchers at the National Research Institute for Earth Science and Disaster Prevention studied the tectonic movements caused by the tsunami-triggering quake on March 11, 2011 and a magnitude 6.4 quake that rocked central Japan four days later, Kyodo News reported.
They estimated that 1.6 megapascals of pressure, equivalent to atmospheric pressure of some 15.8 kilograms per square centimetre (226 pounds per square inch), was being exerted on the magma chamber.
Volcanic eruptions can be triggered by as little as 0.1 megapascals of pressure, and the reading of 1.6 megapascals is "not a small figure", said senior researcher Eisuke Fujita, according to Kyodo.
Mount Fuji, an almost perfectly cone-shaped mountain that stands as one of Japan's national symbols, last erupted in 1707, after an earthquake struck and boosted the pressure on its magma chamber, the report said, citing researchers.
Scientists say an eruption some time over the coming years is a possibility, but add that heightened pressure is not the only variable.
They say so far no signs of activity have been seen at Mount Fuji, possibly because the amount of magma that has accumulated is not substantial enough, Kyodo said.
If Mount Fuji erupts, it could cause up to 2.5 trillion yen (US$32 billion) of damage, according to a government report in 2004, Kyodo said.
In May a team of researchers warned that the mountain may collapse if a newly-discovered faultline underneath it shifts.
The huge quake of March 2011 and tsunami that it generated devastated a large area of the country's northeast, killing around 19,000 people and generating a nuclear emergency at Fukushima.
Wednesday, September 5, 2012
မြန်မာပြည်ကွ အမိုးပေါ်တတ်လို့ ရပြီ
နိုင်ငံခြားကနေ ပြန်သွားသူတွေ ကား အမိုးပေါ်တတ်တာ မြင်တော့
မြန်ပြည်တွင်း ကသူတွေက
ကားထဲမထိုင်တတ်တော့ဘူးလား ပေါ့
အတွေးတွေ နဲ့ ပေါ့
တကယ်တော့
နိုင်ငံတော်တော် များများ မှာ ကား အမိုးပေါ်တတ်စီးလို့ လဲမရ
မြန်ပြည် မှာတော့ ဘယ်နားကနေစီးစီး
လွတ်လွတ်လပ်လပ် မြန်ပြည် ကွ ဆိုတာ ကို လုပ်လို့  အခွင့် ရတုန်းလေး လုပ်တာ နေ မှပါ
မလုပ်ရတာ နှစ် ၂၀ ကျော်တောင် ရှိသွားပြီကိုး
ငဝန်နဒီ
Saturday, September 1, 2012
ရွာအဝင် မိုးသီးဇွန် ကျောင်းနံရံမှာ ဒေါင်းအလံ စိုက်နိုင်ပါစေ
မဇ္ဈိမ ဓာတ်ပုံ
နှစ်ပေါင်း ၂၀ ကျော်အတွင်း မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာသည့် ၈၈ ကျောင်းသားခေါင်းဆောင် မိုးသီးဇွန် (ဘောင်းဘီ အညိုဖြင့်)က လာရာက်ကြိုဆိုကြသူများအား ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ၂၀၁၂ ခုနှစ်၊ စက်တင်္ဘာလ ၁ ရက်နေ့ နံနက် ၈း၀၀ အချိန်က နှုတ်ခွန်းဆက်နေစဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ)