ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး
Thursday, July 19, 2012
ဂျပန်မှာ အသုံးပြုပြီး ကားဝယ် တာ အလိမ်ခံရတာတွေ ထက် ကားဈေးတတ်ဖို့  ဖွနေတာလား ကားက နှစ်ကုန်ခါနီးလေ အမှိုက်ဖြစ်မှာမို့ ဈေးကျလေ
ဂျပန်မှာ အသုံးပြုပြီး ကားဝယ် တာ အလိမ်ခံရတာတွေက အခုမှ မဟုတ်ပါဘူး ကြာပါပြီ အလိမ်ခံရတဲ့ ကားတွေ တောင် ဆီတွေစားလို့  သိပ်တောင် မသုံးကျဘူး ဆိုပဲ
ကားဟောင်းသံရည်ကြို  ကားပါမစ် ရ အချိန် ကတည်း က စပြီး အလိမ်ခံနေရတာတဲ့ နည်းနည်းလေးစမ်းမှာ မှာသလောက်ကို အချိန်းခံရတာ..
အခုမှ ကားတွေ ဈေးတတ်အောင် ကုန်ကျစရိတ်တွေ များအောင် လုပ်နေတာတွေ ကြားရတော့ ဒီစာ ကို ရေးချင်တာ ကြာပါပြီ
အစီးရေ တစ်သောင်းနီးပါးလောက် ငြိတာတွေ ရော အအောင်းလွန်ပြီး ကားမထုတ်နိုင်ဖြစ်နေတာတွေ ရော
သွင်းထားတဲ့ ကားတွေ ဈေးတွေ ကကျပြီးရင်းကျလာတော့ ဈေးတတ်အောင် ကုန်ကျစရိတ်ပိုတတ်အောင်လုပ်ကြည့်တာတွေ တွေ့ ရတော့
ဂျပန်မှာက အခုဆို ၂၀၁၂ ကနေ ၂၀၁၃ကို ကူးတော့မယ် ဆိုပြီး ကားမော်ဒယ် အောက်တာတွေ မြန်မြန်ရောင်းထုတ်ရပါတယ် မရောင်းရင် အမှိုက်ဈေးပဲရမှာပါ
မြန်မာပြည် ကရော ၂၀၁၂ မှာ ၂၀၀၇ မော်ဒယ် အထက် လို့ ပြောထားတော့ ၂၀၁၃ ဆို ၂၀၀၈ အထက်ပဲ လုပ်ရတော့မယ် ဆိုရင် ဘယ် အချိန်မှာ နောက်ဆုံးဆိုတာ တွက် ရတော့မှာပါ..
အခု လပိုင်းဆိုတော်သေးတယ် နောက် နည်းနည်း တစ်လ နှစ်လ လောက် စွန်းရင် ကားတွေ ကို ဈေးချသင့်တာချပြီး ရောင်းကြပါတယ်
အဲလိုမှ မရောင်းရင် နောက်နှစ် ကို ကူးသွားပြီး ဝယ်မဲ့ သူ ကလည်းမရှိ ဆို အလိုလို နေရင်း နစ်နာတာတွေ ရှိမှာစိုးရပါတယ်..
ကွန်ပျူတာတွေ ဆို အခု အရမ်းဈေးပေါနေတာ ဝင်းဒိုး ရှစ် ထွက်တော့ မှာ ဆိုတော့..
မြန်မာပြည် က ဘဏ် အကောင့် ကို ကားကိစ္စပြီး ရင် ပိတ်မယ် လို ကြားပေမဲ့ အခု ပိုလွယ် လာအောင် ခွင့်ပြုတာတွေ ရှိလာနေပါတယ်
ကားအမှန်တကယ် ဝယ်မည့် သူ အရမ်းနည်းပြီး နိုင်ငံခြားငွေ အလုံးအရင်းလိုက် ဘဏ်အကောင့်ထဲ ဝင်မလာလို ပိုဖြေလျော့ လာတာလားတော့မသိ..
ကား သွင်းတာ နိုင်ငံခြားငွေ ပြနိုင်သူတွေ တုန်းကရော သင်္ဘောသား တွေ ရော အခု လူတိုင်းခွင့်ပြုချိန်ရော စုစုပေါင်းရင် တစ်သောင်းတောင် မရှိပါဘူး
ကားဟောင်းကနေ သွင်းခွင့် ကရော ၅သောင်းကျော် လောက်ပဲ ရှိသေးတော့ ဘယ်လိုတွက်တွက် ကားအစီးရေ တစ်သိန်းတောင် မရှိသေးပါဘူး
အဲလောက်နဲ့ တင် ကားဈေးကျတာကို ဆွဲတင်ဖို့ ကြိုးစား ကြမှာပါ..
နိုင်ငံခြားငွေ အဝင် ကို လိုချင်တာရော ကားကောင်းတွေ ရောက်ဖို့ ရောဆိုရင် နောက်ထပ် ကားသွင်းတာ ကို ဖြေလျော့ မှု ထပ် လုပ်ရမှာပါ...နိုင်ငံခြား လုပ်ငန်းတွေ ဒလဟောဝင်လာရင်တော့ တစ်မျိုးပေါ့
နိုင်ငံခြား လုပ်ငန်းဝင်မလို့  ကျန်နေသူတွေ ကရော ဒေါ်လာဈေး နည်းနည်း တတ်လာရော နောက်တော့ အနည်းငယ်တွန့် သွားမှာ သေချာတယ်
 ပြီးတော့ အက်အီးစီ ကလည်းရှိနေသေးတော့  တည်ငြိမ်ဖို့ ကတော့ နည်းနည်း တော့ လိုနေတာထက် ဈေး ကစားတာတွေ ရှိနေတာ ကတော့ သိပ်တော့ မကောင်းလှပေ..
ဘဏ်တွေ ကလည်း လိုသလောက် ဒေါ်လာ ရောင်းမပေးနိုင်တာကတော့ မြန်ပြည် ငွေ လည်ပတ်တာ ကို တွေ့  နေရတာပါ...
ဒေါ်လာဈေးတတ်ရင် အိပ်စ်စပို့  အတွက် ကောင်းပေမဲ့ ပြည်းတွင်းစားသောက် ကုန်တွေ ဈေးကြီးလာနိုင်သလို
စားစရိတ်တွေ တတ်လာရင် အလုပ်သမားတွေ ဆန္ဒ တွေ ပြတာတွေ ရှိလာ နိုင်တာပါ အဲ လိုဆိုရင် နိုင်ငံခြား ရင်းနှီးမြုပ်နှံ လိုသူတွေ အဝင်နည်းလာနိုင်ပါတယ်
တစ်ခုနဲ့ တစ်ခု ကဆက်စပ်နေတာပါ..
ဘယ်လိုပဲဖြစ်ဖြစ် မြန်ပြည် လမ်းသစ်မှာ အဖုအထစ်တွေ ထက် အနှောင့်အယှက် ကင်းနိုင်သမျှကင်းနိုင်ပါစေ
ငဝန်နဒီ
၆၅ နှစ်မြောက် အာဇာနည်နေ့
ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် အာဇာနည် ဗိမာန်တွင် ပန်းခြင်းပို့ ဂါရဝ ပြုစဉ် (ဓာတ်ပုံ - Reuters)
Friday, July 13, 2012
အိမ်ဈေးတွေ ကို ကားဈေးလို ကျအောင်ချမည်
အိမ်ဈေး ကို ကားဈေးလို ကျအောင် ချမယ် ဆိုတော့ မီဒီယာ တစ်ခု က အခွန်တွေ တိုးကောက်မယ် ဘာတွေ ရေးလာတာတွေ့ ရပါတယ်
အခွန်တိုးကောက်တော့ အခွန်ကောက်တာ ကာမိအောင် ဈေးပိုတင်ရမှာပေါ့ ဈေးတောင်ပိုတတ်သွားပါဦးမယ်
အမှန်အကန်စာချုပ်စီစစ်ဖို့ တောင်လိုလာပါမယ်..
ဂျပန်မှာတော့ အိမ်ဈေးတွေ ကကြီးပါတယ် သို့ သော် နေရာတစ်ခုပတ်ဝန်းကျင်မှာပဲ ရှိတာတွေ့ ရတော့
ကြားရတာလေးတွေ နဲ့  ရေးပါမယ် မှန်တယ်လို မဆိုပါဘူး
အိမ်ဈေးတွေ က အသစ်မှာ ဈေးကြီးပါတယ် ပြီးရင် ၅ နှစ်လောက်လည်းကြာရော ဈေး က ၁၀% နှုန်းလောက် ကို ကျသွားတော့တာပါပဲ ၂၅ နှစ်လောက်ဆိုရင် ၅၀% နှုန်းလောက်ပဲ ရှိတော့တာပါ
ဒါဟာ တကယ်ဈေးတွေ ပါ ဘာကြောင့် လျော့သွားတာလည်းပေါ့
အစိုးရက အိမ်ကို ၄၅ နှစ် သက်တမ်းပဲ သတ်မှတ်ထားတာပါ ကျော်ရင် ထိန်းသိမ်းပြုပြင်ပြီး သက်တမ်းထပ်တိုးရတယ်ပြောပါတယ်..
နောက်တစ်ကြိမ်ပဲ တိုးခွင့် ပေးတယ် ပြုပြင်ထိန်းသိမ်းစရိတ် ကလည်း စစချင်းအိမ်ထက် ၄ဆ ၅ဆ လောက်ကို တတ်သွားတာ အိမ်ငှားနေတာရဲ့ သုံးပုံတစ်ပုံလောက်ကို ရှိတာပါ
အဲလိုဆိုတော့ နေထိုင်သူတွေ အတွက် စိတ်လည်းချရပါတယ် အိမ်ဈေးကလည်း ဝယ်ပြီးတာနဲ့ နေသလောက် တန်ဖိုးက ကျပြီးရင်းကျလာပါတယ်..
အိမ်အသစ်တွေလည်း ထပ်ထပ်ဆောက် ဒီဇိုင်းအသစ်အဟောင်း ကအစ ဘယ်နှစ်ခုနှစ်လောက်က ဆောက်တာကို ပါ မှန်းလို့ ရပါတယ်..
ရေစိမ်ကန် ပုံစံ ဘယ်လိုဆို ဘယ်နှစ်ခုနှစ် က ဘယ်နှစ်နှစ် ကြာပြီဆိုတာ မှန်းလို့ ရသလို အိမ်ရဲ့ ရာဇဝင် ကို အိမ်ရောင်းတာနဲ့  ပြန်ပြင်ရင် ပြန်ပြင်တဲ့ ခုနှစ် ကို ရေးပြီးမှ ရောင်းရပါတယ်
မြန်မာပြည် မှာ ကားဈေး ကျသလို အိမ်ဈေးပါ အဲလို ကျလာရင် လူတွေ တော်တော် များများအတွက် အဆင်ပြေမှာပါ..
အစိုးရဝန်ထမ်း လခစားဝန်ထမ်းတို့  မြန်မာနိုင်ငံသား ဆို ပြီး အိမ်ကို အစိုးရ က ဆောက်ပြီးသားတွေ အရစ်ကျ ရောင်း လို့ ကတော့ အိမ်ဆိုတာ ဝယ်ထားစရာမလို ဖြစ်သွားမှာပါ..
အစိုးရလည်းပြည်သူပြည်သားတွေ ကို ကြည့်သလို ပြည်သူတွေ ကလည်း အစိုးရကို အခွန်ထမ်းသူတွေ ဖြစ်လာမှာပါ..
မြေကွက်ပေးပြီးအိမ်ဈေးတတ်အောင် လုပ်ပြီးပြီဆိုတော့  အိမ်ခန်းတွေ အကောင်းတွေ အရင်ဆောက် ဈေးပေါပေါ ချလိုက်ရင် အိမ်ဈေး တွေ မြေဈေးတွေ လူတိုင်းလက်လှမ်းမှီနိုင်တော့မှာပါ..
ကားဈေးတွေ ကျပေမဲ့ လူတွေ သိပ်မစီးသေးတာ က လူတွေ က လက်ထဲ ကို ကိုယ်တိုင်ဝယ်ခွင့် မလွယ်ကူသေးလို့ ပါ..
ကိုယ်တိုင် အော်ဒါမှာကိုယ်တိုင် အခွန်ဆောင် ဆို ဝယ်စီးမယ့် သူတွေ များလာမှာပါ
လွတ်လပ်ခွင့်နဲ့  အတူ  တိုးတက်ခေတ်မှီ တာတွေ က လိုက်လာမှာပါ..
ငဝန်နဒီ
ဒီမိုကရေစီ ကလေးငယ်များ ကြီးပြင်းဖို့ 
ကလေး များကို တရားမဝင် အလုပ်ခိုင်းလျှင် ထောင်ဒဏ်ငွေ ဒဏ် ချမှတ်နိုင်ဟု အလုပ်သမားဥပဒေ စစ်ဆေးရေး ဦးစီးဌာန ကပြောသည်..
အဲဒီဥပဒေကို ချိုးဖောက်မှ ရမည် ကို ပြောတာတွေ ရှိလာမှာပါ..
စားဝတ်နေရေး အရ အလုပ်လုပ်ရလျှင် ဘာကြောင့်လုပ်ရသည် ဘာအတွက်ကြောင့် လုပ်ရသည် ကို တွက်ရပါတော့မည်..
မိဘစားဝတ်နေရေး မပြေလည်သည် ကို ကြည့်လျှင် မိခင်ဖခင် မရှိလို့ လား ပရဟိတဂေဟာများ မြန်မာပြည်တွင်ပေါများပါသည်
မိခင်လောင်းကစားလုပ်ဖို့  ဖခင် သေရည်သေရက်သောက်ဖို့  အလုပ်လုပ်ရသော ကလေးများအတွက် ဒီဥပဒေ က တစ်ဆင့်ချင်း အကာအကွယ် ပေးရပေမည်..
ကလေး ကို ပညာအတွက် ဘုန်းကြီးကျောင်းသင်ပညာရေးစနစ်လည်းရှိသလို ..နိုင်ငံတော်ကပါ ဒီနေရာမှာ ဝင်ပါရန် လိုပေလိမ့်မည်..
ဒီမိုကရေစီနိုင်ငံတွင် ကလေးတိုင်း ပညာသင်ရပေသည်..
မိဘ အဆင်မပြေသူ များ ကို မပြေသလို ထောက်ပံပေးရပါသည်..မြန်မာပြည်သည် အနည်းနှင့်အများ အကူအညီ ပေးသော ရနိုင်သော နိုင်ငံဖြစ်ပေသည်..
ကလေး ကို အလုပ်မခိုင်းအောင် မိဘ ကို ထောက်ပံရသည်ဆိုရာဝယ် အမှန်တကယ် အကူအညီ လိုအပ်သူဟုတ်မဟုတ် စီစစ်ရပေသည် ဂျပန်သည်ပင်လျှင် စီစစ်ချိန် အလွန်ကြာပါသည် ထောက်ပံပြီးတိုင်အောင် ထိုမိဘသည် လောင်းကစားလုပ်လျှင်
တစ်လတစ်ခါ အစား တစ်ပတ်တစ်ခါ လျှော့ချပြီး အလီလီ ပေးပါသည် သေသေချာချာ စုံစမ်း ပြီး တစ်ဆင့်ခြင်းလုပ်ဆောင်ကြပါသည်.နောက်ဆုံး အဆင့် မိဘ နှင့် ကလေးသပ်သပ်စီထားပြီး ကလေး ကို ကြည့်ရှု စောင့်ရှောက်ပါသည်.
နိုင်ငံတော် အထောက်အပံ စနစ် ရှိဖို့ လိုအပ်လာပါသည်..ကလေးခိုင်းစေမှု ဥပဒေ ရှိရုံဖြင့် မပြီးပဲ အထောက်အပံ စနစ် တစ်ချို့ အကောင်အထည်ဖော် ရပေမည် သို့ မဟုတ်လျှင် ရပ်ကွက် မြို့ နယ် က စုပေါင်းကောက်ခံ ထောက်ပံ ခြင်း လုပ်လျှင် ကလေးငယ် များ အလုပ်ခိုင်းစေမှု ဥပဒေလည်း အကျိုးသက်ရောက်ပြီး
ဒီမိုကရေစီ ကလေးငယ်များအဖြစ် အသက်ရှင်သန်နေထိုင်ရပေမည်.
ငဝန်နဒီ
UNHCR လည်း တိုင်းရင်းသားလျှောက် ဖို့  လားမသိ
မနေ့ တစ်နေ့  က သမ္မတကြီး က ရိုဟင်ဂျာတွေ ကို UNHCR အောက်မှာထားပြီး တတိယ နိုင်ငံ ကခေါ်ရင် ပို့ ပေးဖို့ လုပ်မယ်ဆိုပဲ..
UNHCR ကလည်း ချက်ချင်းပဲ ရိုဟင်ဂျာတွေ ကို ဒုက္ခသည် အသိအမှတ်မပြုဘူးဆိုပဲ..
ရိုဟင်ဂျာ က မြန်မာတိုင်းရင်းသားလားဆိုတော့ တိုင်းရင်းသားမဟုတ် မြန်မာပြည် က တတိယ နိုင်ငံ ကို ပို့ ပေးဖို့  UNHCR ကို ပြောတော့
UNHCR က မလုပ်ပေးနိုင်ဘူး ဆိုတော့
ရိုဟင်ဂျာ ကို လည်း မပို့ ပေးနိုင် ဒါဆို မြန်မာပြည် မှာ ဘာတွေ လာလုပ်တာလည်းပေါ့
မြန်မာပြည်မှာ ရိုဟင်ဂျာက လည်း တိုင်းရင်းသားဖြစ်ချင် UNHCR လည်း တိုင်းရင်းသားဖြစ်ချင်ပြီး
တိုင်းရင်းသား လျှောက်ဖို့ ကြိုးစားမှာလားမသိ...
Sunday, July 8, 2012
မြန်ပြည်ရောက် ဂျက်ဂီချန်း
တချိန်က အနုပညာမှာ တဖက်ကမ်းခပ်တတ်တဲ့သူ
အခုတော့ မြန်မာပြည်ထိလာပြီး
ကလေးတွေ အတွက်လာလုပ်တော့ တကယ်ကို လေးစား လောက်ပေတယ်။
ဂျပန်ဆူနာမီတုန်းကလည်း ဂျပန်အထိလာပြီး
အကူအညီပေးသွားသေးတယ်
Saturday, July 7, 2012
မြန်ပြည်က ကားဈေးကြော်ငြာ
Add caption
အိမ်မီးရှို့ မှာစိုးလို့ 
ကျောင်းသားကျောင်းသူတွေ ကြတော့ ဖမ်းတယ်နော်..
ဟုတ်ပါ့
ရိုဟင်ဂျာတွေ ကြတော့ ဆူပူနေတာတောင် မဖမ်းဘူး
ဘာဖြစ်လို့ လည်းမသိဘူး
သူ့ အိမ်မီးရှို့ ခံရမှာစိုးလို့ ဖြစ်မှာပေါ့
အိမ်ပြန်ပို့ ကြပါလေ
ပြာလည်းကြွေ
ငါလည်းသေ
အခုထိ ဟိုရောက် ဒီရောက်
ခရီးကမပေါက်
မြန်ပြည်အလှမ်းမဝေးတာ
ဂျပန်ပြည်လေးမှာ
ငလျင်ကြောက်လိုက်ရ
ဆူနာမီပြေးမှ
ပြာဘဝမှာတောင်
မြေခမယောင်
မွေးရပ်မြေပြန်ဖို့ 
ငါအိမ်ပြန်ပို့ ။     ။
ငဝန်နဒီ
ဂျပန်တွင် ကွယ်လွန်သွားသော မိတ်ဆွေ တစ်ယောက်ရဲ့  ပြာ အခုထိ မြန်ပြည်လည်းမရောက် ရေလည်းမမျှော ဂျပန်ပြည်မှာလည်း ဂူမသွင်း ဟိုအနားထားလိုက် ဒီအနားထားလိုက် ဖြစ်နေတာ ကို ခံစားရေးဖွဲ့ ပါသည်..
Friday, July 6, 2012
ဂျပန် အိုင်ဖုန်းဆော့ဘဏ် ရော အေယူ ပါ လော့စ် ဖြုတ်လို့ ရပါသည်
အိုင်ဖုန်းလော့ဖြုတ်လို့ မရဘူးလို့  ဂျာနယ်တစ်စောင်ကနေ ရေးထားတာတွေ့ လို့  တကယ်တော့
ဂျပန်က အိုင်ဖုန်း ကို ပြီးခဲ့တဲ့ တနင်္လာ နေ့ က မှ အိုင်ဖုန်း ၄ အက်စ် Iso 5.1.1ကို စမ်းဖြုတ်ကြည့်တာ ရပါတယ်
ဆော့စ်ဘဏ်  ကရော အေယူ ကရော အတူတူ စမ်းတာ နှစ်မျိုး စလုံး ကို ဖြုတ်လို့ ရပါတယ်
ဈေးကတော့ ယမ်း ၄၀၀၀ ကျော်ကနေ ယမ်း ၅၀၀၀ စွန်းစွန်းလောက်ကျပါတယ်..
ဂျပန် အိုင်ဖုန်း ကို ဂျပန် မှာတင် စမ်းဖြုတ်တာပါ..ဓာတ်ပုံနဲ့ တစ်ကွတင်ပေးလိုက်ပါတယ်..
ဂျီအီး ဗွီအီးဝိုင် ဒေါ့ကွန်း မှာ သွားဖတ်ရင်ရပါတယ် ဂျပန်မှာ တရားဝင် မဝင်တော့ မသိပေမဲ့ သတင်းခွင့်ပြုချက် ကလည်း ဂျပန်က အဆင့် ၃၅ မှာ ပဲ ရှိတာဆိုတော့ တော်တော်များများ ကို မြန်မာလိုပဲ ရေးတင်နေတာပါ..တော်ကြာလိုက်ပိတ်လို့  မြန်ပြည် ရောက် အိုင်ဖုန်းတွေ သုံးမရ ပြုမရ ဖြစ်နေပါမယ်..
အိုင်ဖုန်း ၄ အက်စ်  ၁၆ ဂျီဘီ ကို စင်ကာပူမှာ စင်ကာပူ ဒေါ်လာ ၈၂၅ ပဲကျပါတယ်
အင်တာနက်လည်း ကွန်ပျူတာမှာ ဆက်ချိတ်လို့ ရပါတယ် ဂျပန် ကအိုင်ဖုန်း ကတော့ အဲဒီလို လွယ်လွယ် ချိတ်ဆက်လို့ မရပါဘူး...အမ်လော့စ် ဖြုတ်တာက တရုတ်ပြည် ကလာတာပါ..ဂျပန်ပြည် က အိုင်ဖုန်းများ မြန်မာပြည် မှာ လော့စ် ဖြုတ်လို့ ရနိုင်ကြပါစေ..
ငဝန်နဒီ
Sunday, July 1, 2012
နတ်မြစ်
နိုင်ငံတကာ က လူတွေက ဟိုဟာပြော ဒီဟာပြော နေ တော့
မြန်ပြည် က အထူးအဆန်း နတ်မြစ် ကို ပြောပြရမှာပေါ့
အဲဒီနတ်မြစ်က လူတောင်ဖန်ဆင်းနိုင်တာ အတော်လူပြောများတာ
နတ်မြစ်ဟိုဘက်ခြမ်းမှာ တခြားတိုင်းပြည် ကလည်း ရှိသေး
အဲဒီနတ်မြစ် က ဟိုဘက်တိုင်းပြည် က ဘင်ဂါလီ လူမျိုးတွေ ရှိတယ်
ဒီဘက်မှတော့ ရခိုင်လူမျိုးတွေပေါ့
အခုဆို ဘင်ဂါလီ လဲမဟုတ် ရခိုင် လဲမဟုတ် လူမျိုး ပေါ်လာတော့ ရိုဟင်ဂျာ ဆိုပဲ
အဲဒါက နတ်မြစ်ကနေ ဖန်ဆင်းတာလေ
အသေအပျောက်စာရင်း က တော့ နတ်မြစ်ပဲသိမှာ
တိုးလာတာလဲ ခဏခဏ တော်တော် ဖန်ဆင်းနိုင်တဲ့ နတ်မြစ်
မှတ်တမ်းဝင်မြစ်ပေါ့
ငဝန်နဒီ