ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Saturday, March 23, 2013

မျက်ဝန်းစကားနွေး ထွေးစွာထွေးပိုက်သောလက် ခိုင်မြဲသော တွဲလက်

မျက်ဝန်းက အရိပ်တွေ အတွေးတွေ

အေးချမ်းနိုင်ပါစေ

မျက်ဝန်းတစ်စုံ ရယ် လက် အစုံရယ်

ကမိခင်တစ်ယောက် ရဲ့  သောက တွေကြားမှာ ခိုင်မြဲလျက်ပါပဲ

မိခင်တစ်ယောက်ရဲ့  ရဲရင့်သော အရာတွေကို မြင်လိုက်မိပါတယ်

သောကတွေ ကင်းဝေးနိုင်ပါစေ

ငဝန်နဒီ

ဓာတ်ပုံ | AP , AFP, Reuters


မြန်ပြည်သားတိုင်းတာဝန်

မြန်ပြည် ကြီး ပြောင်းလဲ ဖို့  ကြိုးစားတုန်း

အခက်အခဲတွေ ဘာတွေ အမျိုးမျိုး ကို တွေ့ နေတုန်းမှာ

အရာရာ မချောမမွေ့  ဖြစ်တာတွေ များများလာပေမဲ့

စည်းလေးဘောင်လေး ကြောင့် ထင်သလို မလွယ်တာ ရှိသလို

လုပ်ရင် ပြီးမှ အရေးယူ ခံ ရနိုင်တော့ မကူညီတာတွေ လည်း တွေ့ နေရမှာပါ ဒါ ကို စနစ် တကျ နဲ့  ဘယ်လို ဖြေရှင်းမလဲ

ဖြစ်တာတော့ ဖြစ် မှာပဲ တခုသွားတွေ့ တာက

မကူညီလို့  အရေးယူ မခံရနိုင်တာပါ ကူညီလို့  အရေးယူ ခံရနိုင်တာပါ

ရေချိုးလို့  သေတာပဲ ရှိသလို ရေမချိုးရင် သေဖို့  အခွင့်အရေး နည်းတာပါ

ဒီလိုဆိုတော့ အရာတခု ကို ဖြစ်ချင် နေတာထက် ဒါ ကို ဘယ်လောက် အထိ လုပ်ခွင့် ရှိသင့်တာ ကို အများ တွေ သိသင့်သလို ဘယ်လို အခြေ အနေဆို ဘယ်လောက်အထိ လုပ်လို့ ရတာ ကို

လူတစ်ဦးချင်းစီမှာရော တာဝန် ရှိသူ မှာရော ရှိကို ရှိသင့်ပါတယ်

လူတစ်ဦးချင်း ဆီမှာ လုပ်ပိုင်ခွင့် ကူညီပိုင်ခွင့် ရှိကို ရှိရမှာပါ

တာဝန် ရှိသူ ကဆိုရင် ပိုပြီး လုပ်ပိုင်ခွင့် ရသင့်ပါပြီ..

အခုက တစ်ခုခုဆို ကူညီသူတွေ နောက် မှာပြဿနာတွေ ပြန်ရှင်းရကိန်းတွေ များနေတာ တွေ့ ရပါတယ်

တာဝန် ရှိသူတွေ ဆိုပေမဲ့ မှားသောဖြေရှင်းမှု ဆို သူ့  ကို ပြန်ခြိမ်းခြောက် ခံနေရတာတွေ ကသက်သေ ရှိနေတော့ မရှင်းခင် က ရှင်းပေးတာ ကောင်းမယ်ပြောနေပေမဲ့

ပြီးရင် ရှင်းတဲ့သူ မှားယွင်းသော ဖြေရှင်းမှု ဆို ဘယ်သူတာဝန် ယူမှာလဲ က အခရာကျ နေတော့

ရှင်းမဲ့သူတွေ လက်တွန့် နေတော့ နောက်တော့ အထိန်းသိမ်းတော်သူ လက်ထဲရောက်ရတော့တာပေါ့

ဒီနေရာမှာ..

သတိအရမ်းထားစရာ ရှိနေတာပါ...အထိန်းအသိမ်းတော်သူကို တာဝန် ခွဲ ပေးအပ် လိုက်တာ အမှန်တကယ် ရလဒ်ကောင်းထွက်ပြီး

မြန်ပြည် သွားလမ်းမှာ ခလုတ် ငြှောင့် ရှင်းပေးသူ အဖြစ် နာမည်ကောင်း ရစေဖို့ 

သတိကြီးစွာနဲ့  ဖေးမ ပြောဆိုဖို့ လိုလာတာပါ

သူ့ နေရာနဲ့ သူ သူ့ တာဝန် သူယူပေးတာမျိုးဆို အစိတ်အပိုင်းတစ်ခု ကို ဖြေရှင်း မြန်ပြည်လမ်း မြန်မြန်သွားနိုင်အောင် အကူအညီ လိုမှ ပေး ပြီးတာနဲ့ 

လက်တွဲ လျှောက်ပြီး အမြဲ အရန်သင့် ကူညီ မှာဆိုတာ ကို သက်သေ ပြဖို့  အခွင့်အရေး ပါ

ကျန်တာဝင်မပါ လိုလျှင်လာပြီး သူ့ အင်အား သူ့ တာဝန် နဲ့  သူ့ အလုပ် ကို အများနားလည်ပြီး

ဖေးကူသူ မရှိမဖြစ် လက်တွဲ လျှောက်သင့်သူ အဖြစ် လမ်းအတူလျှောက်ရင် တော့ အားလုံးအတွက်ကောင်းမှာပါ...
မကောင်းတာနဲ့ တွေးပြီးလုပ်ရင် အကောင်းမြင်ဖို့ ခဲယဉ်းသလို ကောင်းတာတွေးပြီးကောင်းတာလုပ်ရင်
ကောင်းတာတွေဖြစ်လာမှာမလွဲပေ။

အကာအကွယ် အပြည့်နဲ့ ဒီမိုကရေစီ နိုင်ငံ ဖြစ်စေရန် ရည်ရွယ် ရေးသားပါသည်။

ငဝန်နဒီ

၂၀၁၃ အစပဲ ရှိသေးတယ် နဒီ ဆိုတာ လည်းမြစ် ပါပဲ...မြစ် ကမြစ်ပါ

အခု ကတော့ မတ်လ ဆိုတော့ ၂၀၁၃ ရဲ့ အစ ပဲလို့ ပြောလို့ ရပါတယ်

မြန်မာ လို အခေါ်တွေ ဘယ်လိုပြောင်းပြောင်း နဒီ လို့  ပဲပြောပြော

စမ်းချောင်း ကပဲစီးလာလာ

တောင်ပေါ် ကပဲစီးလာလာ

ပင်လယ်ထဲ ကို ပဲစီးဝင်ဝင်

ရေ တွေ က အခြေခံ မှာ ပါကို ပါနေတာပါ

နောက်နေတာရှိမယ် ချိုနေတာရှိမယ်

အငံ နားနီးတော့ အငံ စပ် နေမှာပါ

မိုးရာသီ မှာ ရေဖောင်ဖောင် နဲ့  နွေ ရာသီ မှာ သောင်တွေ နဲ့ 

မြစ်

ရစ်ခွေ စီးဆင်းတတ်တာ သူ့ ဘာသာဘာဝ

ဖြောင့်တန်းတဲ့

မြစ်

 ဘယ်တုန်း ကမှ မတွေ့ ဖူးဘူး

ကွေ့ ကောက် စီးဆင်းတတ်တဲ့

မြစ်

ကို
ဖြောင့်သရောင်တော့ မြေပုံပေါ်မှာ ဆွဲလို့  ရချင် ရမယ်

မြစ်

လို့ မမြည်တာ ကြည့်တာနဲ့ သိတယ်

မြစ်

မှာလည်း ကျဉ်းတဲ့ နေရာ ရှိမယ်

ကျယ်တဲ့နေရာ ရှိမယ်

မြစ်

က အကျိုးပြုတာ ရှိသလို

မြစ်..ရေကြီးလို့  ဒုက္ခ ရောက်တာ တိုက်စားလို့  ပြိုတာတွေ ဒုနဲ့ ဒေးပါ

ဒီလိုပါပဲ

နဒီ ဟာ သာယာနာပျော်ဖွယ် ပါ

မြစ် ကတော့

မြစ်ပါပဲ လို့  မှတ်တာ အကောင်းဆုံးပါပဲ...

ငဝန်နဒီ

Sunday, March 17, 2013

နိုင်ငံရေး ကစားပွဲ ကို နိုင်ငံရေး ကစားပွဲ လို ကစားတာ ကို ပဲ မြင်ချင်ကြတာပါ

အကာအကွယ်မဲ့စွာ နဲ့  မြန်ပြည် အကြောင်းရေးနေရတာ လုံခြုံမှု မရှိတာ အမှန်ပါ အချိန်မရွေး မရေရာ မသေချာ လမ်းတွေ ရှိနေတာပါ..ဘယ်သူကမှ ကာကွယ်ပေးမဲ့သူ မရှိသေးပါဘူး

ဒါပေမဲ့ မြန်မာ ပြည်သား တစ်ယောက်ဖြစ်နေမှတော့ ဒီလိုမှ မရေးရင် ရေးသူ တွေ က လက်ချိုး ရေလို့ ရပါတယ် ရေးခွင့် ရချိန်အထိတော့ ရေးနေမှာပါ...

 မြန်ပြည်မှာ နိုင်ငံရေးမှာ အခရာ ကစားနေသူတွေ ကလည်း များများမရှိပါဘူး

အခုလည်း နိုင်ငံရေးပွဲ တွေ ကို ကြည့်ရင် ၂ ပွဲ ကို တာဝန်ခံ ကစားသွားသူ က ဒီ နောက်ပွဲ မှာ သူ့ လူနဲ့ ကစားကြည့်ပါသေးတယ် အဆင်မပြေတော့ နောက် ကစားပွဲ ပြောင်းလိုက်တာ

အရှိုက် ကို အပုတ်ခံလိုက်ရတာ တွေ့ ရပါတယ် ဒါတွေ က ဘာကြောင့်ဖြစ်တာလဲ ဘယ် လို ကြောင့်ဖြစ်တာလဲ ဆိုတော့ နှစ်ပေါင်းများစွာ က အယုံအကြည် ကင်းမဲ့မှု ကို ချက်ချင်းလုပ်လို့ မရနိုင်သလို

အခြေအနေတွေ ကို ပြန်ကြည့်ရင် ဘဝတွေ အရမ်းကို အနိမ်ခံရလို့  အရာရာ အသိပညာ ပါ ချို့ တဲ့ နေတာရယ်

ဖတ်ပြီးပြီလားမေးချိန်မှာ လူတိုင်းစာကို ကျွမ်းကျင် လိမ်မာစွာ ဖတ်နိုင်ပါ့မလား ကို စိတ်မကောင်းစွာတွေ့ ရသလို သူ့ မြေ ကို သူကာကွယ်ဖို့ ပဲသိတော့တယ် ကျန်တာ တွေးလို့ မရတော့တာ တွေ့ ရမှာပါ

ဘာဖြစ်လို့  အဲနေရာမှာ နားရေဝအောင် ဖတ်ပြသူက ဖတ်ပြ ပြီးမှ ဘာဖြစ်ချင်တာလဲ ကို ဖြေရှင်းရမှာပါ

နောက်တစ်ခုက အမြင့်ကသူ ကို အရင် အခွင့်ပေးတာထက် အနိမ်ခံရသူတွေ ကို အရင် ရှင်းပေးရင် နိုင်ငံရေးပွဲ လေး အရမ်းလှသွားမှာပါ

ဘယ်လိုပဲတွက်တွက် ဒီမိုကရေစီ ပွဲ လေး နည်းနည်းလေး တော့ လှုပ်လှုပ်ရှားရှားလေးဖြစ်သွားတာတော့ အမှန်ပါ

ဒါမှလည်း နောက်ဆို သတိထားသင့်တာတွေ ထားပြီး နိုင်ငံရေး ပွဲ ကောင်းသွားမှာပါ

ဒီပွဲမှာ ပြည်သူပြည်သားတွေ အမျိုးမျိုးတွေးတာတွေ ရှိမှာပါ ဘယ်လိုတွေးတွေး ဘယ်ပြည်သူပဲဖြစ်ဖြစ် မပြေလည်တာရှိရင် ဝိုင်းဖြေရှင်းပေးရမှာ လူတိုင်းတာဝန်ပါ ဟိုဘက်မှန်လို့ ထောက်ခံ ဒီဖက် ကန့် ကွက်လို့  ထောက်ခံလုပ်ရင် ပြည်သူတွေ နှစ်ဖွဲ့ သုံးဖွဲ့ တွေ ဖြစ်ကုန်မှာပေါ့

နှစ်ဖွဲ့ သုံးဖွဲ့ ဖြစ်မည့် အစား ဘယ်လို ထပ်ရှင်းရင် ကောင်းမလဲ လုပ်ရင် နိုင်ငံရေး ကစားပွဲ လေး အောင်မြင်သွားမှာပါ

၁၀၀ ရာနှုန်း အောင်မြင်ဖို့ တော့ ဘယ်လွယ်ပါ့မလဲ နောက်လာမည့် နိုင်ငံရေးပွဲတွေ ကျန်သေးပါတယ်

ဒါဟာ အတွေ့ အကြုံ တစ်ခုပေါ့ ဘယ်လိုမှ မထင်တဲ့ အရာလေးတွေ ရှိနေတာပါ

ဒါကလဲ လောကနိယာမ ကရှိသေးတာကိုး

ငဝန်နဒီ

Saturday, March 16, 2013

နိုင်ငံရေး အမြတ်ထွက် ပြီးပြီဆိုတော့ တိုင်းသူပြည်သားတွေ အတွက် အမျိုးသားရေး အမြတ်ထွက်ဖို့ 

နိုင်ငံရေး အမြတ်ရပြီဆိုတော့ အမျိုးသားရေး အမြတ်ထွက်ဖို့ လုပ် ကိုးလုပ်ရတော့မှာ

ဧရာဝတီ မြစ် ကြီး ကို ပြန်ယူပြီးပြီ သေချာရင် ဒီတောင် ကိုတော့ အဆုံးခံပြီး နိုင်ငံရေး အမြတ်ထွက်လာပါတယ်

တပ် တွေ ထမင်းဝအောင် လုပ်ပေးနိုင်တာအသေအချာလား

ပတ်ဝန်းကျင် အတွက်

အမျိုးသားရေး အမြတ်ရဖို့ က တော့ အရင်ကရေးခဲ့တာတွေက အလျော်အစားကိစ္စ အခုက အမျိုးသားရေး တိုးတတ်ရေး အတွက်

မြေပုံ ကို လေ့လာတော့ မြို့ ကြီးတွေ နဲ့ ဝေးတယ် ဆိုပေမဲ့ သိပ်မဝေးလှပါဘူး

လမ်းကောင်းကောင်း မြန်မြန်ဖောက် တိုးတတ်တဲ့ ပတ်ဝန်းကျင်ကို အလွယ်တကူ သွားနိုင်အောင် ဆက်သွယ်နိုင်အောင်လုပ်ပေး အချိန်ပိုင်းအတွင်း မြို့ ပေါ် ရောက်အောင်လုပ်ပေးနိုင်မှ ပတ်ဝန်းကျင်လည်း အမြင်ကျယ် ပြဿနာ ရှာဖို့ ထက် မိမိ ဘဝ တိုးတတ်ဖို့ ကြိုးစားဖို့ အခွင့်အလမ်းလွယ်ကူမှ ကျန်တာတွေ ကို အသေးအမွှား ကိစ္စလို့ ထင်အောင် လမ်းဖွင့်ပေးမှ ရမယ့်ဒေသ အခြေအနေ ကို စနစ်တကျ အမျိုးသားရေး အမြတ်ထွက်အောင် လုပ်နိုင်မှ

ကားတွေ တစ်နေ့  ကို ဘယ်နှစ်စီး စီးဆင်းတယ် လုပ်ရင် အစီး ၂၀ မလိုပါဘူး

အဆင်ပြေပြီး အမျိုးသားရေး အမြတ်လည်းထွက် ပြဿနာတွေ သေးသွားမှာပါ..

ရှင်းပြလို့ မရ နိုင်တဲ့ ပတ်ဝန်းကျင် ကို သွားရှင်းတော့ ထိပ်တိုက်တွေ့ သလို ဖြစ်နေတာပါ...

စနစ်တကျ နဲ့  ဘာတွေ လုပ်ထားတာ ဘာတွေ လုပ်ပေးတာ စနစ်တကျ လိုပါတယ်..

အခုက မြေရှင် အတွက် အဆင်ပြေတဲ့နည်းပဲတွေ့ ပြီး ပတ်ဝန်းကျင် မြေယာမဲ့တွေ အတွက် စဉ်းစားတာ မရှိတာပါ..

ငွေလည်းမရ အလုပ်လည်းမရှိ လူတွေ အတွက် ရွေးစရာ လမ်းမရှိတာ ကို လမ်း ဖွင့်ဖို့ လိုပါတယ်

ဓားပြတိုက်မလား လူသတ်မလား ဒါကမလွယ်တော့ ဆန္ဒပြမယ် ဖြစ်ကုန်တာ လမ်းမှ မရှိဘူးကိုး

အမျိုးသားရေး မစဉ်းစားထားတာ ကို စဉ်းစားပြီး လုပ်ရင် ပြေလည်မှာပါ..

အဲဒီမှာ အလုပ်လုပ်မှာလား မြို့ ပေါ်မှာ အလုပ်လုပ်မလား သွားလို့ လွယ်အောင် လုပ်ထား လိုက်ရင် သူဟာနဲ့ သူ ဘယ်ရွေးရမှန်းမသိလို့  ဘာဆန္ဒပြဖို့ နေနေသာသာ ဘဝမြန်မြန်တိုးတတ်ဖို့ လုပ်သွားမှာပါ

ဆေးခန်း တို့  ကျောင်းတို့ ဆိုတာ အမျိုးသားရေး မဟုတ်ဘူး လျော်ကြေး ချက်ချင်း အမြတ်မပေါ်ဘူး လူတွေ ပြဿနာ ကို ချက်ချင်း မရှင်းနိုင်ဘူး

မြန်ပြည် ကို အကောင်းဆုံး ရော မကောင်းတာရော ရေး နေတာ တစ်ခုခု နဲ့ တော့ ပြေလည်စေချင် လို့ ရေးနေတာပါ...

မျိုးဆက်တွေ နိမ့်ကျလေ တိုင်းပြည် ပြဿနာ တွေ ပိုကြီးထွားလေ အခုတောင် ပညာရေး အဆင့်အတန်း ကစကားပြော ပြီလေ

ဘာမဟုတ်တာလေး ကို မပြေမလည် ဖြစ်ရပြီပေါ့..

အမျိုးသားရေး အမြတ်ထွက်အောင် လုပ်နိုင်ကြပါစေ..

ငဝန်နဒီ

အမှန်တရား နှစ်ခု ကို ပြေလည်ချင်ရင်

တစ်ဖက်ကလည်း မှန်တယ် လို့ ယူထားပြီး မလျော့ဘူး

နောက်တစ်ဖက်ကလည်း လုပ်တာမှန်တယ် ဆိုပြီး ဆက်လုပ်နေရင် မနစ်နာသင့်တာတွေ နစ်နာတော့မှာပါ

ဒီနေရာမှာ ဖြေရှင်း လို့ ရတာ နည်းပညာကို ထဲထဲဝင်ဝင် အသုံးချပြီး အတတ်ပညာရှင်တွေ အသိပညာရှင် တွေ ကို စနစ်တကျ နဲ့  အဖြေစာရွက် ချပြရဲရမှာပါ

အလုပ်တခု ကို လုပ်တဲ့လူတွေဟာ နည်းပညာ ကို လစ်လျူရှုတာထက် စရိတ်သက်သာအောင် ကြိုးစားရင်း နည်းပညာ ရယ် သဘာဝ ပတ်ဝန်းကျင် ကို မေ့ထားလို့ ရသရွေ့ မေ့ထားတာပါ

အမှန်နှစ်ဖက် ဖြစ်ရင် ဘယ်လိုလုပ်မလဲ

အမှန်နှစ်ခုလုံး ကို ခဏ ရပ် လို့ ရမလား ပြီးမှ တစ်ခုပြီးတစ်ခု လုပ်ရမှာပါ

ဟုတ်ပြီ တစ်ခုကခဏနား တစ်ခု က ဆက်လုပ်ဆိုရင် မပြေလည်ပါဘူး

နှစ်ခုလုံး အတိအကျ နဲ့ ရပ် ကို ရပ် တရားဝင် နှစ်ဖက် တစ်ဦးကို တစ်ဦး အသိအမှတ်ပြုဖို့ အရေးကြီးပါတယ်

ပြီးရင် တစ်ဦးက ဘယ်လို ဖြေရှင်းလို့ ရတဲ့နည်းလမ်း ကို ဖြေပြရပါမယ်

နောက်တစ်ဦး က ဘယ်လို လုပ်တာတာ ကို မလိုလားတာကို ပြောရပါမယ်

ဒီအချိန်မှာပဲ တတ်နိုင်သူ ဘက် က အလုပ်ကို ရပ်နားထားရင်းနဲ့  နောက်တစ်ဦးရဲ့ လိုအပ်ချက်တွေ ကို ဖြည့်စီး ပေးရပါမယ်

တစ်ချိန်ထဲမှာပဲ  ပတ်ဝန်းကျင် ကို စွန့် ပစ်တဲ့ အရာတွေ အတွက် နေရာ သတ်သတ်မှတ်မှတ် ဖြစ်လာတဲ့
အကျိုးသက်ရောက်မှု ကို ဘယ်လိုကာကွယ်ထားတာကို စနစ်တကျ အချက်နဲ့  နည်းတွေနဲ့ ချပြရမှာပါ

ဥပမာ ရေထဲကို ဓာတု အရာဝတ္ထု ပစ်လိုက်တယ် မီးလောင်တယ် ဘာကြောင့်မီးလောင်တာ

ရေမှာ ဟိုက်ဒရုဂျင်ရယ် အောက်စီဂျင် ရယ် ပါပြီးသား ဒါ ကို ဘယ်လို ဓာတ်ပြုသွားတယ် အီကွေးရှင်းရှိရပါမယ် ဒါ ကို ရှင်းပြနိုင်ရပါ့မယ်

ချကို ရေးပြရပါ့မယ် မရေးပြဘဲ ဘူးခံပြီး မီးမရှို့ ဘူး မီးမလောင်ဘူး ပြောင်လိမ်သလို ဘူးခံငြင်းတာကတော့
မီးလောင်ခံရသူတွေ ကသက်သေရှိပြီးသားလေ

ဖြစ်တဲ့အရာ အကျိုးနဲ့ အကြောင်းနဲ့ ဖြေရမှာကို မဟုတ်ဖူးပြောလိုက်တာ လိမ်သလို ဖြစ်သွားမှာပါ

ဒါကြောင့် နည်းပညာရှင်တွေ ရဲ့  စနစ်တကျ ဖြေရှင်းနည်းဆိုတာထက် ပြေလည်စေမည့် အခြေခံကျကျ အချက်အလက်တွေ ပြနိုင်ရပါ့မယ်

ပြီးရင် တစ်ဦး ကို တစ်ဦး က ပြေလည်အောင် ပေးတာ ဟုတ်ပါပြီ ပတ်ဝန်းကျင်မှာဘယ် လို လုပ်ထားပေးတာ ပေါ်လွင်လာအောင် နှစ်ပတ်အတွင်း အကောင်အထည်ဖော် အဲလို ဖော်ဆောင်ချိန်မှာ ခဏရပ် ပြီးရင် အခြေအနေ ကို ဖော်ပြ နှစ်ပတ် ကျော်မှ ပတ်ဝန်းကျင် မှာ PH အနိမ့် အမြင့် တိုင်းပြ စစ်ပြ ဘေးထွက်ဆိုကျိုး နည်းအောင် လုပ်ပြ လုပ်လို့ မရရင် အဲဒီ အမှိုက် တွေ ကို ဘယ် လိုနည်းနဲ့ ထိန်းသိမ်း မလည်းဆိုတာ နည်းရှာပြီး လုပ်ရင် အကုန်လုံးတော့ အဆင်ပြေသွားမယ် ပြောတာမဟုတ်ပေမဲ့

နှစ်ပတ်တာ သည်းခံ ဖြေရှင်းလိုက်တာ ဘယ်လိုပဲဖြစ်ဖြစ် ခရီး အတော် ရောက်သွားမှာပါ

တကယ်တော့ နစ်နာမှုတွေ မြင်ရမှာစိုးလို့ ရေးတာပါ

မြန်မာပြည်ဟာ အိမ်ထဲမှာ နေတဲ့သူတောင် အကျဉ်းချလို့  ရအောင် လုပ်လို့ ရတယ်ဆိုတာ မြန်ပြည်သားတိုင်းသိပါတယ်။

အရပ်သားတွေ ကို ကာကွယ်မဲ့ မဖြစ်အောင်ရယ် အရာရာပြေလည်အောင် နည်းသိပ်မရှိပါဘူး
မှန်တယ်ထင်တိုင်း လုပ်ချင်ရင် အာဏာရှင် စနစ် သာ ပြန်သွားလိုက်ပါ

နှစ် ၂၀ ကျော် နေခဲ့ပြီးပြီ နောက်လည်း ထပ်နေရလည်း ထူးမထူးတာ လုပ်ချင်တာသာ လုပ်လိုက် ကျပါ...

အာဏာရှင် ဒီမို့ရေစီ လမ်းစ မဖြစ်စေဖို့ 

ဒီမိုကရေစီ ကို ဒီမိုကရေစီ ဆန်ဆန် ဖြေရှင်းနိုင်ကြပါစေ။

ငဝန်နဒီ

Friday, March 15, 2013

ရုပ် ပေးမယ် နာမ်က တော့ ငရဲ ကိုလှူ

ကျောင်း တော့ ရမယ် ဆရာမရှိမှတော့ ဘာလုပ်မှာလဲ

ကျောင်းသားတွေ ဝမ်းရေး ပူရင် ရော
ကျောင်းကရော ခေါင်းလောင်းသံ တိတ်နေမှာပေါ့

အဲဒါ လျော်ကြေး ကွင်းခေါင်ခေါင် ကျောင်း

ခေါင်းလောင်းကြီး အိပ်ပျော်နေမှာပေါ့

ဆေးခန်းက ဆရာဝန်မရှိ ဆရာမ မမြဲရင် ဇရပ်ပျက်လို ဖြစ်နေမှာပေါ့

အိမ်တော့ ရပါရဲ့ 


ဘာမှ လုပ်စားလို့ မရတော့ ဝင်ငွေမရှိ လူငယ်တွေ စွန့် ခွာ အိမ်တွေမှာ အိုကြီးအိုမ တွေ ကူသူမဲ့

ရုပ်နဲ့  နာမ်တွေ မကပ်နိုင်

ရုပ်တွေကြားမှာ နာမ်တွေ ဘယ်ရောက်မသိတော့

သံဃာတွေ အားကိုးမလားမှတ် တယ် သံဃာတော် တွေ တောင် ငရဲမင်း အပိုင်ပေါင်းထားသူတွေ က နှိပ်စက်လို့ 

ငရဲမင်းလက်က သီသီလေး လွတ်တယ်

သံဃာတော်တွေလဲ နာမ်သာကျန်တယ် ငရဲမင်း နှိပ်စက်လို့  ရုပ်တောင် စိတ်မကောင်းစရာ

ဘာပဲဖြစ်ဖြစ် ရုပ်နဲ့ နာမ် အချိုး ပြောင်းခံရသူတွေ အတွက်

စိတ်မကောင်းသော်လည်း

မြန်မာပြည် ကို စီမံကိန်းတွေလာပါ

ငရဲမင်း ကိုပိုင်တယ် ငရဲမင်း နဲ့ စောင့်ရှောက်မယ်

ရုပ်နဲ့ နာမ် ကွဲကွဲပြားပြား မျက်မြင် ကိုယ်တွေ့ ခွဲပြနိုင်တာ တွေ့ ရမည်

မြန်ပြည် လက်ရှိအခြေအနေ အရ သာ အသေအချာ ပြော နေခြင်းဖြစ်သည်။

ငဝန်နဒီ

ကမ္ဘာ မှာ ငွေ ကြေး အပေးနိုင်ဆုံး ရေနံစီမံကိန်းတွေ ကရတဲ့ လျော်ကြေးနဲ့  တိုးတတ်ကြီးပွားသူတွေ ရှိဘူးလား

ငွေ ကို ရေခပ်သလို့ ရတဲ့ ရေနံစီမံကိန်းတွေကြောင့် လျော်ကြေးရလို့  ဘဝတိုးတတ်သွားတာတွေ တွေ့ ဘူလား

ဒီဟာတွေကို သိတာ အခုမှ မဟုတ် ရွှေမဲဝန်ကြီး ယာမာနီ ကြားဖူးသူတွေရှိရင်သိမှာပါ

အမေရိကန်တောင် ကိုင်လှုပ်ခဲ့တာပဲ

ငွေတွေဘယ်လောက်ရရ လျော်ကြေးက သဒ္ဓါ ကြေးပဲရတာပါ

လျော်ပြီးတာဘယ်လောက် ဒီလောက်ပဲထပ်ပေးမယ်

နောက်ဆုံးတော့. မြန်မာပြည် ပြန်ရင် နင်းစရာမြေတော့ ရှိကောင်းပါရဲ့ 

ကမ္ဘာမကြေ သီချင်း ဖျက်သိမ်းခံ ရသလို ခံစားမိလို့  ရေးလိုက်တာပါ

နိုင်ငံတကာမှာ အနေကြာလို့  ကမ္ဘာမကြေ ကို မေ့ သွားသူတွေ အတွက် ကတော့ အရေးမကြီးဘူးပေါ့

ငါ့မြေ ငါ့ရေ ငါ့လေ

ကာကွယ်ဖို့ မေ့ပြီပေါ့

တကယ်ပါ နည်းပညာကို လာဘ်ပေးဖြတ်သန်း အသိပညာကို ဖိအာပေးနှိပ်ကွပ်လို့ ကတော့

ဘယ်လောက်တော်တော် ရေမြွေ ဖြစ်ရတာပါပဲ

ငဝန်နဒီ

PH ချက်ချင်းစစ်လို့ ရတဲ့စက်တွေ လေထု စမ်းသပ်စက်တွေ မြန်မာပြည်မှာသုံး၏ သို့ သော်
အရပ်သားမသိစေရ

Thursday, March 14, 2013

မြန်ပြည် ကနေ ခွာနေတာက နေ ကွာလာလေ အိမ်ပြန်လမ်းနောက်ကျ နေပြီလား

မြန်မာပြည်က နေ ခွာရတာကတော့ အလုပ်က နားချိန် ၂ ပတ်တာ အတွင်းမှာ တွေ့ နေရတာတွေက လမ်းဘေးဆိုင်တွေ ကလေးလေး တွေ အလုပ်လုပ်နေရတာတွေ မိဘတွေ က ကလေး ကို မဖြစ်လို့  အလုပ်တွေဆီပို့ နေရတာတွေ

အဲလိုကလေးလေးတွေ ကို ဖိနှိပ်တာ တွေ က သဘာဝတစ်ခု လို လူ့ အဖွဲ့ အစည်းတွေ တော်တော်များများ က လုပ်နေတာ တွေ့ ရတော့ စိတ်မကောင်းဖြစ်ရပါတယ်

ကိုယ်တစ်ယောက်တည်းလဲ လုပ်ပေးလို့ မရတာထက် လူတွေတော်တော်များများ ဖိနှိပ်ဖို့  ကို ဝန်မလေးစွာ လုပ်နေတာ တွေ့ ရတော့ မမြင်ချင်ရင် နိုင်ငံတကာထွက်နေယုံကလွဲလို့  ဘာတတ်နိုင်မှာလည်း

ပညာရေး လည်းဝေးဝေး ကလေးတွေ အခု ဒီမိုကရေစီမှာ လမ်းများရှိမလားလို့  ထင်နေတာ ပညာရေး သာ အကြောင်းပြပြောနေတာ ငွေတွေ သာ ဘယ်လောက်ရပြီ ဘာတွေပြောနေတာ ဘယ်သူတွေ ဘယ်လောက်စာတတ်တယ် ဘယ်သူတွေ ကျောင်းကို ရောက်လာတယ် ဆိုတာ ဝေလာဝေးပါ

နာမည်ရဖို့  ပြယုဒ်သတ်သတ် လုပ်တာတွေ့ နေရပါတယ်

ပြီးခဲ့သော ၂၀၀၃ ခုနှစ်က အခုအချိန်နဲ့ ဆို ၁၀ နှစ်ကျော် ကြာပြီ လမ်းပေါ်မှာ ကလေးတွေ ပိုများလာတာရယ်

အုပ်စုဖွဲ့  ရိုက်မှုတွေ လူသတ်မှုတွေ ဖော်မရ ပြုမရ ဖြစ်နေတာတွေ က လူအဖွဲ့ အစည်းတွေ ကိုက အားမပေးဘူးပြောနေပေမဲ့  လုပ်နေတာတွေ က သက်သေ အဖြစ်တွေ့ နေရပါတယ်

အရမ်း ကို ရင်နာစရာ ကောင်းပါတယ်

ငွေပေးတာနဲ့ ပြေလည်တဲ့ စနစ်ကို အသိအမှတ်ပြုနေတာတွေ က လူတွေ ဥပဒေလိုက်နာဖို့  မလိုသလို ဖြစ်တာ တွေ့ ရမှာပါ

နေစရာရှိသူ ကို နေစရာ လျော်ပေး လုပ်စားစရာနေရာ ကို ငွေပေး တာနဲ့  အဲလိုလူ ဘဝတွေ ကောင်းသွားမှာလား ဆိုတော့

စားစရာ တော့ အဆင်ပြေမှာပါ မျိုးဆက်ကလေးတွေ ကျောင်းဝေးပြီ အသေအချာပါ ပညာရေးအားပေးတယ်ပြောသူတွေ အလကားပါ

ပညာမဲ့မှတော့ ဥပဒေအထက်မှာ သူနေတော့မှာပေါ့

ဘဝက အဆုံးသတ်သွားပြီကိုး နေစရာရှိအုံးတော့ အလုပ်မရှိရင် လုပ်နေကြ အလုပ်မဟုတ်ရင် အဆင်ဘယ်ပြေပါမလဲ

ဘဝပျက်ပြီပေါ့ ဘဝပျက်မဲ့နေတာ အတူတူ ဘာလုပ်လုပ် သေမထူးနေမထူး ဘဝ ကိုခံယူပြီး လုပ်ချင်တာတွေ လုပ် လူသတ်မှုတွေ ရိုက်မှုတွေ တိုးလာမှာပါ
ဥပဒေ က နောက် မှ အရေးယူလို့ ရတာပါ

လူ့ ဘဝ တွေ မျိုးဆက်တွေ ကို ဖျက်ဆီးပြီးမှ ဥပဒေ ကို လေးစားလိုက်နာပါ ပညာရေး ကို အားပေးပါ ဆိုနေတာတွေ က အပြောသက်သက် ကျောင်းမှာပဲပြော အပြင်မှာ မရသလို တရားရုံးမှာသွားပြော ဒီမှာတော့ ရိုက်လိုက် လူသတ်လိုက် ဆိုတာတွေ ရှိနေမှာပါ

ဘယ်လိုပဲဖြစ်ဖြစ် မြန်မာပြည် ပညာရေးက ၁၀ နှစ် မှာ တခါ ပြောင်းသလို ခေတ် ကလည်း နှစ် ၃၀ လောက်မှ တခါပြောင်းတာ ဆိုတော့

အရပ်သား က တွေ ကတော့ လူသတ်အရပ်ဝေခံနေရတာတွေ ဘယ်တော့ မှာများ သက်သာသွားမှာလည်း
လူကို တစ်ခုခု နဲ့ လုပ်မှ လူသတ်တာမဟုတ်ပါဘူး

ဘဝပျက်အောင် လုပ်လိုက်တာနဲ့ တစ်မျိုးဆက်လုံး အသတ်ခံရသလို ပါပဲ အနီးက ရှိသူတွေ ပါ အရိပ်မဲထိုးခံရပြီး ဘဝတွေ နိမ့်ကျ လာတာပါ လူ့ ဘဝတွေ ပြင်မရ ဖြစ်တော့မှာပါ

မျိုးဆက်တစ်ခုအတွက် ၁၅ နှစ်ကျော် မနည်းကြိုးစားမှ နည်းနည်းလေး တည့်လာတာပါ

အခုတော့ နောက် ၁၅ နှစ်ကျော် လူတွေတော်တော်များများ ဘဝတွေ အပျက်ကြားမှာ လူးလိမ့် တာမြင်ရတော့မှာပါ

စိတ်မကောင်းပေမဲ့ မတတ်နိုင်ပါဘူး လူ့ အဖွဲ့ အစည်းတွေ အဲလိုဖြစ်အောင် ဝိုင်းတွန်းပို့ ဖို့ ဝန်မလေးကြတာကို တွေ့ နေရတာပါ

ပြီးခဲ့တဲ့ ၁၀ နှစ် က လေးတွေ ကို မကယ်နိုင်သလို အခုလည်း နောက် မိဘတွေ ကလေးတွေ မျိုးဆက်တွေ နှစ် ၂၀ ကျော် ထပ်ပြီး ဘဝပျက်မှာတွေ့ နေရအုံးမှာပါ

ဘယ်တတ်နိုင်ပါ့မလဲ အားလုံးသော အဖွဲ့ တွေ က အဲလိုဖြစ်တာ အကောင်းဆုံးဆုံးဖြတ် ထားကြတာကိုး

အဲလိုလူတွေနဲ့ ထိပ်တိုက်မတွေ့ ဖို့  မြန်ပြည် ဝေးဝေး ဖြစ်ပြီး အိမ်ပြန်နောက်ကျနေအုံးမှာ...

မကူနိုင်ရင် နေပါ ဝိုင်းပြီး တုတ်နဲ့ ထိုး ဘဝတွေ ရေတိမ်နစ်အောင် မပါရလေအောင် မြန်ပြည် ပြန်ဖို့ ဝေးနေတာပဲကောင်းပါတယ်လေ...

ငဝန်နဒီ

Wednesday, March 13, 2013

အခွင့်အရေး

ပညာမတတ်တော့ ပိုက်ဆံ ယူပြန်

ပညာတတ်တော့ ညစ်ပြန် ထူ ကန်

ကြောင်သူတော် ကတော့ ကြွက်မြင်တော့ခုတ်

ခွေးမြင်တော့ ကုတ်

ကျားမြင်တော့ ဆုတ်

သဘောယုတ်တွေ

၂၀၁၅ အထိ မပါလေအောင်

မှတ်မှတ်သားသား. ဝေးဝေးကရှောင်

အခွင့်အရေး က ဆန္ဒပြဆိုတိုင်းပြလို့ ကတော့

အချုပ်ထောင်တွေ စောင့်နေတာကို သွယ်ဝှက်ပြောဆို နားမဒိမ်း အကျဉ်းချနေလေရဲ့ 

ဘယ်သူ က ဘယ်လို လုပ်လိုက်တာ

ဘယ်သူ က ဘယ်လို ပြောလိုက်တာ ဆိုတာထက်

မှတ်မှတ်သားသား

၂၀၁၅ မှာ ရာဇဝင်တင်ရစ်အောင် အခွင့် ဆောင်နိုင်ပါစေ အခုတော့

အရပ်သား ဘက်မှာ ဗလာနတ္ထိ

မြေမှာစာရေး အရာမထင်

မထင်တာ ကို မှ မီးရှို.့ ရေဖျော် အဖျက်ခံရတော့

သုညတန်းတောင်ပျောက်ပျက်နောက်ဆုံး ရှိစေသား။. ။

ငဝန်နဒီ

ဒီမိုကရေစီ ဘတ်စ်ကား ဖယ်ဒရယ် မီးရထား

ဒီမိုကရေစီ ဘတ်စ်ကား က အမိုးပြောင်ပြောင် အကာမရှိလို့  ခြင်းထဲ နဂါးထည့် သယ်တာရမရ သွေးတိုးစမ်းနေတုန်း

ဖယ်ဒရယ် မီးရထား က မောင်းဖို့ ကြည့်လိုက်တော့

သံလမ်းကမရှိဖြစ်နေတာ

သေနတ်ကျည်တွေ ကို ရထားလမ်းမှာသုံးဖို့ အခု မှ စကျို တာ ယမ်းတွေက စိတ်မချရသေးလို့ 

အဖြူရောင်ကောင်းကင်ကပျောက် မိုးသားပြာပြာတွေ အစား ညနေဆို တိမ်နီနီတွေတောက် နေတာ

တောမီးလောင် တောကြောင်လက်ခမောင်း
ခတ် လိုက်တာ

ငြိမ်းချမ်းရေးတေးဆိုဌက် အဖြူရောင်ဆိုတာ ထက် အမည်းဖက် လု နေတာ အခုမှ ပဲသိတော့တယ်

ရာဇဝင် ကရာဇဝင်ပါ ကြာရင် ဒဏ္ဍာရီ ဆိုပေမဲ့
ရာဇဝင်သမိုင်း ရိုင်းတာ ဆည်းဆာ အလှပျက်တယ် ဆိုပေမဲ့

အမှောင်အားကိုး ကိုလူဆိုးတို့ 
မြေကို အရည်ကျို သောက်လို့ 
ဗျစ်ဆိုင် ရောက်တာထက် ပချုပ်ဆိုင် မှာ လေပြေသွေး ၂၀၁၅ ကို တာတာပြလို့ 
ဝတန်း ပျောက်တာမဆန်းပါဘူး

သမ္မတ က အရပ်သားကို အယုံအကြည်မရှိဘူးကိုး

ငဝန်နဒီ

မတ် ၁၃ ရန်ကုန်စက်မှုတက္ကသိုလ် အမှတ်တရ

နဂါး ကို ခြင်း ထဲ ထည့် လို့ တော့ ဘယ်ရမှာလဲ

မြန်မာ ပြည်မှာ နဂါး ကို ခြင်း ထဲ မရမက ထည့် တာတော့ မရပါဘူး

လုပ်ချင်တိုင်းလုပ်လို့  ရတယ် ထင်တာလားမသိ

နဂါး လည်းသူ့ ရာဇဝင်နဲ့ သူ ပါ

အမောက် ထောင်လိုက်လို့ ကတော့

ခြင်း လည်းမကောင်း နဂါးလည်း နာ ဖြစ်ကုန်တော့မှာပဲ

သူနေရာနဲ့ သူ ထား လိုက်ရင်ဘာမှမဖြစ်ပါဘူး

အလုပ်မရှိတော့ အလုပ်ရှာပြီး ခြင်းထဲ ထည့် ချင်လောက်အောင် မြန်မာပြည်ကြီးအားနေတာလည်း ဖြစ်နိုင်တာပဲ

ဘာပဲဖြစ်ဖြစ် လွတ်လပ်ခြင်း ကို အရာရာ တိုင်းအတွက်ဖြစ်နိုင်ပါစေ။

ငဝန်နဒီ

Friday, March 1, 2013

Bonsai Art Museum,Saitama

အိုမီယာခိုအမ် ဘူတာကနေ လမ်းလျှောက်သွားရင် ရပါတယ်

ဝင်ကြေး တစ်ယောက် ၃၀၀ ယန်း ညှပ်နည်းပါသင်နေတာပါ

ငဝန်နဒီ