ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Tuesday, December 31, 2013

ဝန်ဆောင်မှု နဲ့  ပြည်သူ့ အတွက် ဖြည့်ဆည်းပေးတဲ့ စနစ်

ဂတ်စ် အရောင်းဆိုင်ဝန်ထမ်းမလို တဲ့ ပင်လယ်ကမ်းခြေက ဆိုင်လေးပါ

ပင်လယ်ကမ်းခြေက အများသုံး ရေချိုးခန်း အဝတ်လဲခန်း အိမ်သာ အားလုံး အခမဲ့နေရာတွေ



Tuesday, December 24, 2013

ကားပါမစ် နိဂုံး ပြည်သူ့ တန်းတူ ရပိုင်ခွင့်


စာကရေးမှာပါ မဟုတ်ရင် တနှစ်မှာ ကား အရောင်းအဝယ် တွေ ၃ လလောက် သတင်းနားထောင်လိုက် အရောင်းအဝယ်ရပ်လိုက် ဈေးကစားခံရလိုက် ဖြစ်နေတော့ မြန်ပြည်နစ်နာလို့ ပါ အခုက ဖယ်ဒရယ် ပါ ထိလာတော့ ရေးကို ရေးမှာပါ

မိမိအတွက်မဟုတ်ပေမဲ့ အများအတွက် ရေးသင့်တယ်ထင်တာပဲ

အဲဒါနဲ့ ကြာနေတာ အများအတွက် အကျိုးဖြစ်ဖို့  အတွက်ကြာနေတာရယ် သူတစ်ပါး မထိမိအောင်လည်းဖြစ်စေချင်လို့ ပါ

နောက်တော့ ရေးပါမယ်

0% 

အခမဲ့တင်သွင်းခွင့် ဆိုတာထက်

 အခွန်မကောက်သင့်သော စက်တပ်ယာဉ် သို့ မဟုတ် အစိုးရက အလကား ဝန်ဆောင်မှု ပေးသင့်သော wheel chair









5% 

ဂေါက်ကွင်းသုံးကား ခရီးနီး ပါအသုံးဝင် အင်ဂျင်တပ် နယ် တွေ တောတွေ အရေးကြီး လူနာ လှည်းအစားတင်ပို့ နိုင်

နေရာစုံ ဆေးရုံ လိုက်မဆောက်ပေးနိုင်ခင် ခွင့်ပြုသင့် စက်တပ်ယာဉ်




Thursday, December 19, 2013

The governor of Tokyo resigned

TOKYO: The governor of Tokyo resigned on Thursday after he admitted receiving $500,000 from a hospital tycoon ahead of his election in what he claimed was an interest-free, personal loan.

Naoki Inose, who was elected head of one of the world's biggest cities a year ago, said he had handed his letter of resignation to the head of the assembly.

"I have decided to resign from the post of Tokyo governor," Inose told a hurriedly arranged press conference.
"I intended to fulfil my duty of explaining to the city assembly, people of Tokyo and people of the nation, but regrettably I could not clear doubts over me. It's solely because of my lack of virtue."

Inose also said he could not let the scandal impede preparations for the Olympics in 2020.

- AFP/al


Wednesday, December 18, 2013

မြန်မာစစ်အရာရှိ ၁ ဦးနဲ့ စီးပွားရေးကုမ္ပဏီ ၃ ခုအပေါ် အမေရိကန် ပိတ်ဆို့မှုချမှတ်

မြောက်ကိုရီးယားနဲ့ စစ်ရေးအရ ဆက်ဆံမှုရှိနေတဲ့အတွက် မြန်မာကုမ္ပဏီ ၃ ခုနဲ့ စစ်တပ်အရာရှိတစ်ယောက်ကို အမေရိကန်က ပစ်မှတ်ထား အရေးယူလိုက်ပါတယ်။ မြောက်ကိုရီးယားနိုင်ငံနဲ့ လက်နက်အရောင်းအဝယ် လုပ်တဲ့အတွက် Asia Metal Company Ltd., စိုးမင်းထိုက် Co. Ltd., နဲ့ Excellence Mineral Manufacturing Co. Ltd. တို့ကို အမေရိကန် ဘဏ္ဍာရေးဌာနက အရေးယူ ပိတ်ဆို့လိုက်တယ်လို့ အင်္ဂါနေ့မှာ ကြေညာချက် ထုတ်ပြန်ပါတယ်။

ကာကွယ်ရေးဝန်ကြီးဌာန ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေး အရာရှိချုပ်ရုံး (ကကထုတ်) က ဒုတိယဗိုလ်မှူးကြီး ကျော်ညွန့်ဦးကိုလည်း ဒဏ်ခတ် အရေးယူလိုက်ပါတယ်။ မြန်မာနိုင်ငံထဲမှာရှိနေတဲ့ မြောက်ကိုရီးယား လက်နက်ဆိုင်ရာ တာဝန်ရှိသူတွေဟာ နိုင်ငံခြားကသွင်းလာတဲ့ ပစ္စည်းတွေကို လက်ခံဖို့ မြန်မာနိုင်ငံက လိပ်စာတွေကို အသုံးပြုနေတယ်လို့ အမေရိကန်က ပြောပါတယ်။

စိုးမင်းထိုက် Co. Ltd. နဲ့ Excellence Mineral ကုမ္ပဏီတို့ဟာ မြောက်ကိုရီးယား တာဝန်ရှိသူတွေနဲ့ပေါင်းပြီး စစ်လက်နက် အစီအစဉ်အတွက် ပစ္စည်းတွေကို အခုနှစ် ၂၀၁၃ ဇွန်လအထိကို တင်သွင်းခဲ့သလို၊ ၂၀၁၂ ဒီဇင်ဘာအထိကို
မြောက်ကိုရီးယား အယောက် ၃၀ လောက် အလုပ်လုပ်နေတဲ့ ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေး စက်ရုံဝန်းထဲမှာ Asia Metal ကုမ္ပဏီက ဆောက်လုပ်ရေးလုပ်ငန်းတွေ လုပ်ခဲ့သလို ဆောက်လုပ်ရေး ပစ္စည်းတွေ ဖြန့်ဖြူးခဲ့တယ်လို့ အင်္ဂါနေ့ကထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ ဖော်ပြ ထားပါတယ်။

စိုးမင်းထိုက် ကုမ္ပဏီဟာဆိုရင် ကကထုတ်အတွက် နိုင်ငံခြားကနေ ပစ္စည်းကိရိယာတွေ တင်သွင်းပေးတဲ့ ပွဲစားအဖြစ် လုပ်ပေးနေတာ အနှစ် ၃၀ ထက်မနည်းရှိပြီလို့ ပြောပါတယ်။ မြောက်ကိုရီးယားဆီကနေ စစ်လက်နက်ပစ္စည်းတွေ ဝယ်ယူမှုမှာ ပတ်သက်နေတဲ့ လုပ်ငန်းတွေကို ဆက်လက် ပစ်မှတ်ထား အရေးယူနေတာဖြစ်ပြီး  မြန်မာအစိုးရကို အရေးယူတာ မဟုတ်ဘူးလို့ ကြေညာချက်မှာ ဖော်ပြပါတယ်။

စစ်လက်နက်ပစ္စည်း ရောင်းဝယ်မှုက ရရှိတဲ့ ဝင်ငွေတွေနဲ့ မြောက်ကိုရီးယားမှာ တရားမဝင်တဲ့ လုပ်ငန်းတွေကို ဆက်လက် အားပေးရာရောက်ပြီး မြန်မာနိုင်ငံ တင်မက ဒေသတွင်း အရောင်းအဝယ် လုပ်နေတာတွေကို ဆက်ပြီး ပစ်မှတ်ထား အရေးယူသွားမယ်လို့ အကြမ်းဖက်မှုနဲ့ ငွေကြေး ထောက်လှမ်းမှုဆိုင်ရာ အမေရိကန် ဘဏ္ဍာရေး လက်ထောက်ဝန်ကြီး David S. Cohen က ပြောပါတယ်။

ပိတ်ဆို့ ဒဏ်ခတ်ခံ စာရင်းဝင်သွားသူတွေရဲ့ ငွေကြေး အထုတ်အသွင်း လုပ်မှုတွေအားလုံးနဲ့ အမေရိကန်ထဲမှာရှိတဲ့ ပိုင်ဆိုင်မှုတွေအားလုံးကို အမေရိကန်က ထိန်းချုပ်လိုက်ပါတယ်။ ဇူလိုင်လတုန်းကလည်း ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေး အရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီးသိန်းဋ္ဌေးကို အမေရိကန်အစိုးရက အရေးယူ ပိတ်ဆို့ခဲ့ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)

WASHINGTON: The US Treasury on Tuesday levelled sanctions against a Myanmar military official and three Myanmar businesses for trading arms with North Korea.

The Treasury said the sanctions, which forbid any US person or entity from doing business with those blacklisted, "does not generally target" the government of Myanmar.

Lieutenant Colonel Kyaw Nyunt Oo and Myanmar firms Asia Metal Company, Soe Min Htike Co., and Excellence Mineral Manufacturing Co., had been involved in buying arms from North Korea despite strict international sanctions on the Pyongyang regime over its nuclear program, the Treasury said.
"The revenues from these continuing military sales directly support North Korea's illicit activities," said Treasury Under Secretary for Terrorism and Financial Intelligence David Cohen.

Kyaw Nyunt Oo, the Treasury said in a statement, is a Burmese military staff officer who acts on behalf of the Directorate of Defence Industries (DDI), which was blacklisted by Washington last year mainly for its arms-trade ties to North Korea.

In July, the Treasury set sanctions on the DDI's chief, Lieutenant General Thein Htay.

Soe Min Htike was a procurement agent for the DDI, the Treasury said. It and Excellence Mineral worked with North Korean officials to import material for weapons programs.

Asia Metal constructed buildings and supplied construction materials on a DDI factory compound where the Treasury said about 30 North Koreans were working.

The Treasury noted that in November 2012, the Myanmar government "publicly announced its intention to abide by United Nations Security Council Resolution 1874, which prohibits the procurement of military goods and assistance from North Korea."

- AFP/fa


Saturday, December 14, 2013

မြန်မာ့ အသံ လေးကြားချင်မြင်ချင်ရင်တော့ MRTV4

ထိုင်းနဲ့ မြန်မာဘောလုံးပွဲ တိုက်ရိုက်ထုတ်လွင့်နေတာ ကြည့်လို့ ရနေပါပြီ


www.mrtv4.tv

Wednesday, December 11, 2013

မြန်မာပြည်မှာကျင်းပနေသော Sea Game ဖွင့်ပွဲ

မြန်မာပြည်မှာကျင်းပနေသော Sea Game ဖွင့်ပွဲ

www.mrtv4.tv

အခုကျင်းပနေတာကို တွေ့ ရမှာပါ

Nelson Mandela







Saturday, December 7, 2013

သတင်းတင်တာတွေက တရုတ် အကြောင်းရေး ပြီး ဂျပန် ဝန်ကြီးပုံနဲ့ 

မြန်ပြည် တရုတ် အလံမီးရှို့ တာ ပြဿနာ သတင်းကို ရောက်ရေးထားတာတွေ့ လို့ ပါ သတင်းက တရုတ်သတင်း ဖြစ်ပြီး ဓာတ်ပုံ က ဂျပန်ဖြစ်နေတာပါ

တရုတ်ပြည် မှာ ဂျပန် အလံမီးရှို့ တာ တော့ မမေ့ ကျပါနဲ့ 

မကောင်းတာတော့ မကောင်းပါဘူး 

မဖွကျပါနဲ့  ဘယ်နိုင်ငံမဆို အကောင်းအဆိုးရှိနေတာပါ

မြေ မရ ရေမရ လေ မှာ ချ လို့  ကတော့ အားပေးနေပါတယ်

နယ်လ်ဆင်မန်ဒဲလား အတွက် လူတွေ စိတ်မကောင်းကျ ဂုဏ်ပြုတာ သူ့ တိုင်းပြည်တခုထဲ မဟုတ် ကမ္ဘာကို ပေးဆပ် ခဲ့ သူ ကို ရေးရမှာ မဟုတ်တယုတ် တွေ ရေးနေရတယ်

ရန်သူ ကို မိတ်ဆွေ ဖြစ်စေသူ က ကမ္ဘာတည်သရွှေ့ ပါ

ငဝန်နဒီ

Friday, December 6, 2013

နယ်လ်ဆင်မန်ဒဲလား ကွယ်လွန်

တောင်အာဖရိကနိုင်ငံရဲ့ ပထမဆုံး လူမည်း သမ္မတဖြစ်သူ၊ အသားအရောင်ခွဲခြားမှု ဆန့်ကျင်ရေးလှုပ်ရှားမှုခေါင်းဆောင် Nelson Mandela ဟာ ကြာသာပတေးနေ့မှာ ကွယ်လွန်သွားပါပြီ။ ကွယ်လွန်ချိန်မှာ အသက် ၉၅ နှစ်ရှိပါပြီ။ မစ္စတာ မန်ဒဲလားဟာ ငြိမ်းငြိမ်းချမ်းချမ်းပဲ ကွယ်လွန်သွားပြီ ဆိုတာကို တောင်အာဖရိကသမ္မတ Jocob Zuma က တနိုင်ငံလုံးကို ရုပ်မြင်သံကြား ကနေ ကြေညာခဲ့ပါတယ်။ တောင်အာဖရိကနိုင်ငံအဖို့ တန်ဖိုးအကြီးဆုံးသားတဦး ဆုံးရှုံးခဲ့ပြီလို့ မစ္စတာ Zuma က ကြေညာပါတယ်။ မစ္စတာမန်ဒဲလားကို နိုင်ငံတော်ဈာပနနဲ့ ဂုဏ်ပြုမှာဖြစ်ပြီး၊ အမျိုးသား အလံတွေကိုလည်း ၀မ်းနည်းခြင်းအထိမ်းအမှတ် တိုင်ဝက်လွှင့်ထူသွားမယ်လို့ မစ္စတာဇူးမားက ပြောပါတယ်။

တောင်အာဖရိကနိုင်ငံမှာ လူနည်းစုအုပ်ချုပ်မှုနဲ့ လူမည်းတွေအပေါ် ခွဲခြားဆက်ဆံမှုတွေကို တွန်းလှန်တိုက်ဖျက်ရာမှာ ဦးဆောင်ခဲ့မှုကြောင့်၊ မစ္စတာ မန်ဒဲလားဟာ အကျဉ်းထောင်ထဲမှာ ဆယ်စုနှစ်သုံးစုကြာ ထိန်းသိမ်းခံခဲ့ရပါတယ်။လွတ်မြောက်လာပြီးတဲ့နောက်မှာလည်း ငြိမ်းချမ်းရေးနဲ့ ပြန်လည်သင့်မြတ်ရေးဆိုင်ရာ အထွဋ်အမြတ်သင်္ကေတရပ်အနေနဲ့ သူ့ကို တန်ဖိုးထားခဲ့ကြပါတယ်။

မစ္စတာမန်ဒဲလားဟာ အသားအရောင် ခွဲခြားမှုဆန့်ကျင်ရေး လှုပ်ရှားမှုတွေကြောင့် ၁၉၉၃ ခုနှစ်မှာ လူဖြူသမ္မတ ဒီကလပ်နဲ့အတူ နိုဗယ်ငြိမ်းချမ်းရေးဆု  ပူးတွဲ ချီးမြင့်ခံခဲ့ရပါတယ်။ အဲဒီနောက်နှစ်မှာတော့ သူဟာ တောင်အာဖရိကနိုင်ငံရဲ့ ပထမဆုံး လူမည်း သမ္မတဖြစ်လာခဲ့ပါတယ်။

မစ္စတာမန်ဒဲလားကွယ်လွန်သွားတာကို ကြေညာသွားပြီးနောက် တကမ္ဘာလုံးက သူ့အတွက် ၀မ်းနည်းဂုဏ်ပြုခဲ့ကြပါတယ်။ကမ္ဘာကြီးဟာ သတ္တိအပြောင်မြောက်ဆုံး အကောင်းဆုံးလူသားတဦး ဆုံးရှုံးခဲ့ရပြီလို့ အမေရိကန်သမ္မတ အိုဘားမားက ပြောခဲ့ပါတယ်။
အမေရိကန်သမ္မတ အိုဘားမား ဝမ်းနည်းစကားဆို။အမေရိကန်သမ္မတ အိုဘားမား ဝမ်းနည်းစကားဆို။
မစ္စတာမန်ဒဲလားကို စံပြနမူနာမထားပဲ သူ့ဘ၀ကို ဘယ်လိုမှ စိတ်ကူးလို့ရမှာမဟုတ်ဘူးလို့လည်း သမ္မတအိုဘားမားက တင်စားဂုဏ်ပြုခဲ့ပါတယ်။

ဗြိတိန်ဝန်ကြီးချုပ် David Cameron ကလည်း တန်ဖိုးကြီးတဲ့မီးတောက်တခု ကမ္ဘာပေါ်က ကွယ်ပျောက်ခဲ့ပြီလို့ သူ့ရဲ့ တွီတာစာမျက်နှာမှာ ရေးခဲ့ပါတယ်။ မစ္စတာမန်ဒဲလားဟာသူ့ရဲ့ သူရဲကောင်းဖြစ်ပြီး၊ အခု ကွယ်လွန်သွားတဲ့အတွက် သူ့ရဲ့ ၀န်ကြီးချုပ်ရုံး အမှတ်၁၀ ဒေါင်းနင်းလမ်းအိမ်မှာ အလံတိုင်ဝက် လွင့်ထူဖို့ ပြောထားတယ်လို့လည်း မစ္စတာကင်မရွန်က ရေးထားပါတယ်။  


ဒီမိုကရေစီ တလွဲများ

စာကရေးချင်တာကြာပါပြီ အပြစ်ပြောတာမျိုး မရေးချင်လို့ ပါ

အခုတော့. အဆောင်ကျောင်းသားက နိုင်ငံရေးမလုပ်ရ ဘာကိုဆိုတာလဲတော့မသိ

အဲဒါဆို နိုင်ငံရေးပြောတဲ့သမ္မတစကား နားမထောင်မိပါစေနဲ့ 
လွတ်တော်က ပြောတာတွေသိရန်မလို လွတ်တော်ဥပဒေ အခြေခံဥပဒေသိရန်မလို 

တခုခုတော့လွဲနေပြီ

မူးယစ်ဆေးဝါးသုံးသူကို မဖမ်း တင်ပြသူ ကို ဖမ်းဖို့ လုပ်နေပြီ
မူးယစ်ဆေးဝါးသုံးပါ 

သိတာတွေမရေးမိပါစေနဲ့  မူးယစ်ဆေးဝါးသုံးတာ ကို အကာအကွယ်ပေးနေတာလားကမ္ဘာမှာ ဒုတိယကနေ ပထမနေရာ ကြိုးစားနေတာလားမသိ

နစ်နာသူက တရားစွဲခွင့်ရှိပါတယ် ဒီမိုကရေစီ ကရေးသူကရေး နစ်နာသူ ကတရားစွဲ တကယ်လွတ်လပ်ခွင့်ပါ

တခုခုတော့လွဲနေတာပါ

ဖယ်ဒရယ် ပြည်ထောင်စု တိုင်းရင်းသားအတွက် အရေးကြီးပါတယ် ဒါကအခြေခံက တန်းတူ အခွင့်အရေးပါ
အခွင့်ထူးခံမဟုတ်ရပါ

အခွင့်ထူးခံ လုပ်သူတွေက ဖယ်ဒရယ်ဆိုတာ အိပ်မက်ထဲ ယောင်အော်နေတာပါ

တန်းတူ လုပ်ပြီး တိုင်းရင်းသားတွေ ရှေ့ မားမားရပ် ဒီမိုကရေစီ ထဲက ဖယ်ဒရယ် ကို ဆွဲထုတ်ရမှာပါ

တခုခုတော့ ချော်နေပြီ 

ကားဟောင်းတစ်စီး အစုတ် ၅ သိန်းတန် ကို သိန်းတစ်ရာကျော်အောင်လုပ်နေတာ တော်တာလား မတတ်တာလား 
ညစ်ထားတာတော့ သေချာတယ် 

ညီမျှချင်း မသင်ခဲ့တာတော့ သေချာသည် 
မြန်မာတွေ ဘဝ ကို တစ်ထစ်ချင်း ဖျက်ခံနေရတာပါ

တခုခုတော့ ရစ်ရစ်နေတာပါ

ဘိုးဘွားပိုင်လဲအသိမ်းခံရ မိမိ လက်ငုတ်မြေ ပြန်ဝင်ရင် အပစ်ခံရမယ် အဖမ်းခံရမယ်ဆိုတော့

တခုခုတော့ ငမ်းနေသလိုပါပဲ

ရှယ်ယာတွေဘာတွေ လုပ်တော့မယ်ဆိုတော့ စတော့ရှယ်ယာ ဆိုတာထက် တော့ ရှယ်ယာတွေ လုပ်သင့်တာတွေကတော့

လယ်သိမ်းလို့ ရပြီး လက်နက်နဲ့  ပစ်လို့ ရနိုင်တဲ့ အခွင့်အရေးရှိသူရဲ့  ရှယ်ယာ

မြေသိမ်း ကားကို အခွန်ပျောက် သွင်းခွင့်ရသူတွေရဲ့  ရှယ်ယာ

အလုပ်သမားခ ကို တရက်ကို တစ်ဒေါ်လာ လောက်ပဲပေး ပြီးရင် အကြောင်း ပြ ပြန်နုတ် တစ်လမှ ဒေါ်လာ ၁၀ လောက်နဲ့  လုပ်နေတဲ့ ရှယ်ယာ

သွားလာစရိတ်နုတ် နေတာ နုတ် စားတာ နုတ် လို့ ရတဲ့ အပြင် လူကို ပါယူပေးမလို ဖြစ်ရတဲ့ ရှယ်ယာတွေ 

မြန်မာမှာ  တော့ ရှယ်ယာတွေပါ အထူးသဖြင့် မူးယစ်ဆေး ငွေ အတု လုပ်တာတွေ က အထူးတော့ပေါ့ 

ပိုတော့ ကျတာ ကတော့ ငွေမည်းကို ငွေဖြူလုပ်ရတာတွေ ဖြစ်နေတဲ့ ရှယ်ယာကတော့

စတော့ရှယ်ယာ စတာနဲ့  ဝယ်သင့်တဲ့ရှယ်ယာတွေပါ

တခုခုတော့ ဆန်းနေတာပါ

ဒီမိုကရေစီ တဲတဲလေးပါ

တန်းတူတာကို လူတိုင်းအတွက် ဖြစ်ဖို့ မလွယ်ပေမယ့် လုပ်နေရမှာကတော့ လူတိုင်းအလုပ်ပါ

သင်ဟာ မြန်မာပြည်ဖွားမြန်ပြည်သား ဖြစ်ရင် ပေါ့ 

ကမ္ဘာမကြေ မြန်မာပြည်။      ။

မရေးချင်ပေမယ့်
တေးမှတ်စရာလေးတွေ သတိရမိအောင်ပါ

ငဝန်နဒီ