ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Tuesday, February 18, 2014

ဒါမှ ပြည်ထောင်စု မြန်မာနိုင်ငံ

ရန်ကုန်တိုင်း ပဲခူးတိုင်း တွေမှာ အခက်အခဲဖြစ်အောင် အလုပ်ခံရသူတွေ ကို ကရင်ပြည်နယ် က ကူညီမယ် လို့  လုပ်လာတာ ဝမ်းသာစရာပါ

ကချင် တုန်းက မြန်ပြည်တနံတလျား ကူညီတာတွေ

အခု ဆို ပိုရှင်းတယ် လူသားချင်းစာနာမှု အပြည့် ပြည်ထောင်စုသားတွေ ကူညီတာကမှ

တကယ် ပြည်ထောင်စု စိတ်ဓာတ်စစ်စစ် မြန်ပြည်ပြည်ထောင်စု ကြီးဖွံဖြိုးတိုးတတ်ပါစေ

ငဝန်နဒီ

Saturday, February 8, 2014

တိုကျို နံနက်ခင်း နှင်းတွေနဲ့ ဝေ




ညနေပိုင်း နှင်းတွေ ပိုကျလာပြီး ၂၅ စင်တီမီတာ အထိ ကျမယ်လို့ သတင်းမှာ ခဏတွေ့ လိုက်ရပါတယ်

မနက်ဖြန် အထိ ဆက်ကျမယ်လို့ လည်း ဆိုထားပါသည်၊၊

အားလုံး ဘေးကင်းနိုင်ကြပါစေ၊

ညနေပိုင်း နှင်းတွေ ကျနေဆဲ

ပိုပိုလို့ သာ များလာတယ်









ကလေးတစ်ချို့ ကတော့ ဆော့ ကောင်တုန်းပေါ့

ငဝန်နဒီ

ကျောမွဲ လက်မဲ့ ဝေးကွာပပျောက်ရေး ရေးစီမံကိန်း

ဒီစီမံကိန်း ကတော့ အတော်ကြီးမားတဲ့ ရည်ရွယ်ချက် နဲ့  လုပ်ဆောင်မှာပါ

၁၊ကျောမွဲ တွေ တကယ်ရှိရဲ့ လား

၂၊လက်မဲ့ တွေ တကယ် ဟုတ်လို့ လား

၃၊အပေါ် ၂ ချက် အရေးက အရေးကြီးသ လို သေသေချာချာ ဖြစ်မဖြစ် လုပ်ဆောင်ခြင်း

၎၊အထက်ပါ အချက် သေချာ အောင် လုပ်ဆောင်နေသော လုပ်ကွက်တွေအမှန်တက် ပ ပျောက် အောင်လုပ်ဆောင်ခြင်း

၅၊လက်မဲ့ ဖြစ်အောင် ဗလာနတ္ထိ ဖြစ်အောင်လုပ်ဆောင်ခြင်း

၆၊မြစ်ချောင်းလယ်ယာ ကိုင်း လုပ်ဆောင် နေသူ လုပ်မရအောင် စနစ်တကျ လုပ်ဆောင်ခြင်း ဖြင့် ကျောမွဲ ပေါ်ပေါက်လာမည် 

၇၊နေရာ ရှိသူ ကို နေစရာမဲ့အောင် လုပ်ခြင်း ဖြင့် လက်မဲ့ သေချာသွားခြင်း

၈၊အထက်ပါ လုပ်ဆောင်ရန် ကြာမြင့်မည်ဖြစ်သဖြင့်သည်းခံ ရပေမည်

၉၊လူအများငတ်ပြတ်မွဲတေ မှအထက်ပါစီမံကိန်း အကောင်အထည် ဖော်နိုင်ပေမည် ငတ်ရင်းသေဆုံးလျှင် ပပျောက်ခြင်းလည်း မြည်ပေမည်

၁၀၊မွဲတေ လက်မဲ့ များကို အနည်းငယ် ပေးကမ်းငွေချေး ခြင်းဖြင့် အကောင်အထည် ဖော်လိုက်လျှင်  စီမံကိန်း အမှန်တကယ် အောင်မြင်ပေမည်၊၊

မှတ်ချက်၊  ၊ကျောမွဲ လက်မဲ့ ဖော်ထုတ်နေချိန် ကို သည်းခံစောင့်ဆိုင်းပေးပါရန်၊၊

ငဝန်နဒီ

သရော်စာ နောက်ဝယ်

သရော်စာ ဟာသ တွေ ရေးနေတာ တွေ နောက်မှာ

မျက်ရည် မပါပါဘူး. မျက်ရည်တွေ ကျရလွန်းတဲ့ ဘဝ တွေ မျက်ရည်ခမ်းသွားလို့ 

မျက်ရည်မပါနိုင်တော့တာပါ

ဘဝပေါင်း များစွာကို  စာနာပြီး အနည်းငယ် နားလည်ပေးပြီး သက်သာတာလေးများ လုပ်ပေးနိုင်သူ တွေ ပေါ်လာစေရန်ပါ

မကူညီနိုင်ရင်နေပါ

ဝါးကူထိုးပြီး နစ်အောင်လုပ်နေသူတွေထဲ တစ်ယောက် ဆို တစ်ယောက် မပါရင် ဘဝတစ်ချို့ သက်သာ နိုင်ကောင်းပါရဲ့ 

ငဝန်နဒီ

Friday, February 7, 2014

ယောကျာ်းပါ လို့ ဆို လက်ဝါးကောင်းတယ်တော့

တစ်ခါက အချိန်တွေ အတော်တော့ ကြာပါပြီ

လမ်းထိပ် လူကြီး တကယ့်ကို သန်သန်မာမာကြီး

အားကောင်းမောင်းသန် အဲဒါကို

ကလေးတွေ က အဲဒါ ဟန်လုပ်ထားတာ ကွ
အဲတာကို မယုံလို့  စမ်းချင်တဲ့ ကလေး က

တကယ့် လူသန်ကြီးလား ဟိုဟာလုပ်ပြ ပေးပါ
ဒီဟာ လုပ်ပြပေးပါ တောင်း ဆို လိုက်တော့

လူကြီး က ဘာလဲ မယုံလို့ လား

ဒီကလေး တွေ တော့ကွာ

ငါ လက်ဝါးနဲ့  ပါးရိုက်လိုက် ရရင်တော့

ယောကျာ်းပါ လို့ ဆိုနေ....

ဘယ်နှစ်ခါ ပြောရမလဲ....

ဘေး ကအဒေါ်ကြီးက ဟဲ့ ကလေးတွေ သူ ကမိန်းကလေး လက်ဝါးနဲ့ တော့

ငဝန်နဒီ

Thursday, February 6, 2014

ခြံခတ် တာ မြန်မြန်ခတ်ကွ

အဖိုးအို တစ်ယောက် နေလာတာ ကြာပါပြီ

အထူးအဆန်းလုပ်ပြီး

သူ့ အိမ်ဝင်းလေး သူ့ ယာ လေး ရော သူ့  လယ် ပါ ရွာ ကလူငယ်တွေ ကို ခြံခတ် ခိုင်းတော့

လူငယ်လေးတွေ က အဖိုးနေလာတာ ကြာပါပြီ တစ်သက်လုံးခြံ မခတ်ပဲနေလာ တာ

အခုတော့ ဘယ်လို ဖြစ်ရတာလဲ ပေါ့

အေး ငါလည်း ခြံမခတ်ချင်ပါဘူး

အခုက ငါခြံ ငါမခတ် တာ ပြဿနာ မဟုတ်ဖူး

သူများတွေ  လာခတ်ရင် မကြီးမငယ် နဲ့  အဖမ်းခံရမှာ စိုးလို့ ကွ

ငဝန်နဒီ

လူ အစစ်အမှန် company အခွန် ကင်းလွတ်ခွင့်

သရော်စာ မရေးရတာ ကြာတော့ ရေးချင် နေတာတော့ ကြာပါပြီ

Company ထောင်ရင် အခွန် ဘယ်နှစ် နှစ် ကင်းလွတ်ခွင့် တို့  သက်သာခွင့် တော့ ရနေတော့

မြန်ပြည် က ရိုးရိုးသားသား လူသားတွေ ဝင်ငွေခွန် ဆောင်ရမှာ ဆို တော့

လူသား Company ထောင်လိုက်

CEO က အိမ်ထောင်ဦးစီး
ရုံးခန်းက နေနေတဲ့ အိမ်

MD တွေ က အိမ်ရှိ လူတွေ ထည့်
အဲလို ဆို မြန်ပြည်ဥပဒေအရ

အခွန် အနည်းငယ်တော့ သက်သာ မှာပေါ့
အဲဒါမှ မြန်ပြည် လူသား တွေ အခွန် သက်သာမှာပေါ့

ဝင်ငွေနည်းရင် အခွန်ကောက် ဝင်ငွေများရင် အခွန် ပျောက် Company ထောင်မှ အခွန် ဖျောက် လို့ ရမည့် အပေါက်
မြန်ပြည် အခွန်ရတဲ့ ချောက်၊၊

Tuesday, February 4, 2014

ဒီမိုကရေစီ ကို ရိုးသားစွာ မြင်တွေ့ ခွင့် ၁၉၉၆ ဒီဇင်ဘာ နံနက်ခင်း

ဒီမိုကရေစီမှာ တရားမျှတတယ် လွတ်လပ်တယ် စနစ်ကျလုပ်ဆောင်နိုင်တယ် ဆိုပေမဲ့

အကြင်နာတရား  ပါမလာပါဘူး..မေတ္တာတရား ပါမလာပါဘူး

အကြင်နာတရားရှိတဲ့သူ မေတ္တာတရား ရှိသူ လက်ထဲ ရှိဖို့ လို နေတာပါ

လွတ်လပ်စွာ သဘောထား ကွဲလွဲခွင့်ရှိပါတယ် နားလည်တတ်သူ လက်ထဲ မီဒီယာတွေ ရှိဖို့ လိုပါတယ်

မလိုလားသူ ကို ပြောနေတုန်းက အားပေးအားမြှောက်ပြီး မလိုတဲ့ အခါ ငယ်ကျိုးငယ်နာ ဖော်တာတွေ ရေးနေတာ က တစ်ခုခု မှားနေတာပါ...

အကောင်းကို လက်ခံ နိုင်ရပါမယ် အဆိုးလုပ်နေသူ ကို ကြည့်ပြီးအဆိုး ကို ရှောင်နိုင်ရပါမယ်..

ဘယ်ပုံစံနဲ့  လုပ်မလဲ ဆိုတာ ကို စနစ်တကျ တွေး ပြောဖို့ လိုပါတယ်...

အတိတ်သမိုင်း က ရိုးသားတာ တွေ မကောင်းတာတွေ ကို လူတိုင်းမှာ ရှိကြတာပါ..

မလိုလားတော့မှ... မကောင်းတာတွေ ချရေးတာ မကောင်းပါဘူး
 
ဒီနေရာမှာ ရေးရတာ က ဘယ်သူ မှားတယ် မှန်တာထက် အကောင်းဆုံး လုပ်ဆောင်နိုင်ဖို့  ရေးမှာပါ...

၁၉၉၆ ဒီဇင်ဘာလ ၂ ရက်နေ့  နံနက် ပိုင်း လူစုဖို့  အခက်အခဲလေးတွေ

နောက်ပိုင်း ဒီဇင်ဘာလ ၂ ရက်နေ့ နံနက်က စလိုက်တာ ဒီဇင်ဘာလ ၃ ရက်နံနက် မှာ လုံထိန်းတွေ ပိတ်တဲ့ အချိန် နောက်ဆုံး အချိန် လေးမှာ ဘယ်သူတွေ ကျန်ခဲ့မှာလည်း ဘယ်သူတွေ ဘာလုပ်မှာလည်း အချိန်မှာ...

ကျန်ခဲ့တဲ့သူ က ဟုတ်ပြီ ဒီလူတွေ ကို ပြန်ထုတ်ဖို့  ခဏပြန်ပြီး လူပြန်စုဖို့ လုပ်သင့်တာလုပ်ဖို့ 
ပက်စီ အပါ အတူပြန်လာ ခဲ့ပေမဲ့ ချက်ချင်း  E ဆောင်ထဲ အ၀င် ခဏ ပြပြီး ချက်ချင်း ကားငှား ပြန် လိုက်

အဲဒီ ကျန်ခဲ့နေရာ ကို သွား အသံနားထောင် ပြီး ကျောင်း ကို ချက်ချင်းသွား ဆရာတွေ ကို သွားပြောပြီး ပြန်လွတ်လာဖို့  ပြောတော့ မရတော့ဘူး ပြောတော့ လူ ပြန်စု ဖို့  လုပ်တော့ရမယ်ဆိုတော့ မှ ဆရာ တွေ က ဖုန်းဆက်ပေးပြီး လုပ်လိုက်တော့ မှ သိပ်တော့ မကြာလိုက်ပါဘူး ပြန်တော့ ရောက်လာကြပါတယ်

အဲတော့ မှ စိတ်အေးရတာပါ...ကျန်ခဲ့သူ မှားလား ပြန်လိုက်တဲ့သူ မှားလား ဆိုတာထက် ရိုးသားစွာ တစ်ဦးကို တစ်ဦး ကူညီခဲ့ကြတာပါ..

အခုလည်း သဘောထားတွေ ကွဲကြပါ ဒီမိုကရေစီ ကို ရိုးသားစွာ ရယူကြပါ ...မပေးချင်သူ လက်ထဲက နှစ်ပေါင်း အတော်ကြာ ကြိုးစားလာခဲ့ပြီးပြီ...ပြန်ပေးလိုက်ဖို့ ထက်...

သဘောထားကွဲစွာ နဲ့ ဒီမိုကရေစီ ကို ဆုတ်ကိုင် နိုင်ဖို့  အရေးကြီးပါတယ်

ပက်စီ ဂျပန် လာတုန်း က တွေ့  လိုက် ဖြစ်ပါတယ် သူရဲ့ ပေးဆပ်မှုတွေ အများကြီး ပေးဆပ်လိုက်ရတာပါ..
အခုအချိန်တော့ သူလည်း အေးချမ်းစွာ ဖြတ်သန်း နိုင်ပါစေ...

င၀န်နဒီ