ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Saturday, September 27, 2014

တလုတ်စားဖူး သူ့ ကျေးဇူးမသိတတ်သူ


ထမင်းကျွေးမိလို့  ထောင် တစ်သက်ကျနိုင်သည်

ငဝန်နဒီ

Thursday, September 25, 2014

IOs 8 မြန်မာလို နောက်တစ်မျိုး ဇော်ကြီး အခမဲ့ပါ

safari ကနေ zawgyi ကိုသွင်းပါ

ttkeyboard ကို Apple Store မှာအခမဲ့ပါ

တခုကောင်းတာစာလုံးတွေ ပိုကောင်းတာပါ

Black keys လောက်စာလုံးမစုံတာပါ

မြန်မာလို ရအောင်ကြိုးစားသူများကျေးဇူးတင်လျက်

အိုင်ဖုန်းတွေ အိုင်ပက်စ်တွေ ဂျေးဘရိတ် ဖောက်တာ တရားဝင် ဥပဒေက ကာကွယ်ထားပြီးသားပါ

ပိတ်ပင်ထားတာတွေ ကို့ နည်းပညာ နဲ့ ဖွင့် တာဆိုပြီး ခွင့်ပြုထားတာပါ

ငဝန်နဒီ




လ ကမ္ဘာ ကပစ္စည်း နိုင်ငံ အမည်မရေး

မြန်ပြည်မှာ လ ပေါ် အလည်သွားမယ့် သူနဲ့ 

လ ကမ္ဘာ ကပစ္စည်း မှာရောင်းသူ နဲ့ ပါ

မြန်ပြည် အဝင် စစ်ဆေးသူ တွေ  က လ ပေါ်လည်း မရောက်ဖူး

လ ပစ္စည်း အမှတ်တွေအသားတွေ လည်းသိတာမဟုတ်

လ မှာ နိုင်ငံ မှ မရှိတာ နိုင်ငံ အမှတ် တံဆိပ် ဘယ်ပါ ပါ့မလဲ

လ စီးပြီးခရီးသွား သူတွေ သာသိသည့် ကိစ္စ

လ ပစ္စည်း မြန်ပြည် တံဆိပ် ရိုက် ထုတ်လုပ်သည်ပေါ့


မြန်ပြည်သား တွေ အတုအပ ဘေးဝေးပါစေ

ငဝန်နဒီ

Monday, September 22, 2014

မြန်မာ ကီးဘုတ် မြန်မာစာ ကို iOs 8 မှာထည့်လို့ ရပြီ


Zawgyione 
Zawgyi-tai
ကိုသာသွင်းပါ

Install missing fonts 

ကိုသွင်းပါ

ပြီးလျှင်

Zawgyione 
ကိုသွင်းပါ

ပြီလျှင် Settings သို့ သွား

General သို့ သွား

ပြီးမှ

Keyboard add ကို လုပ်ပါ

Black keys ကိုရွေးပါ

ပြီးမှ Burmese ကို ရွေးပါ

မြန်မာကီးဘုတ်နှင့် မြန်မာ လိုရေးလို့ ရမှာပါ

မြန်မာလို ပေါ်စေလို လျှင်

General ထဲက language and regions ကို 

Burmese လို့ ရွေးပြီး

မြန်မာ ပြောင်းက မြန်မာလို ပေါ်လာပေမည်

မြန်မာလို ရအောင် လုပ်ဆောင်သူများအားကျေးဇူးတင်စွာဖြင့်

ငဝန်နဒီ




Saturday, September 20, 2014

လွတ်လပ်ရေး သို့ မဟုတ် ကိုယ်သမိုင်း ကိုယ်ရေး ကိုယ်ပိုင် အုပ်ချုပ်ခွင့် နှင့် ဒီမိုကရေစီ လားလားမှ မဆိုင်

ဒီမိုကရေစီ ဆိုပြီး ကုန်းကုန်းအော် နေတာတွေ ထဲမှ လွတ်လပ်ရေး ကို ဒီမိုကရေစီ နည်းအရ ဆိုတာတွေ လုပ်လာလို့  ရေးတာပါ..

လွတ်လပ်ရေး က လွတ်လပ်ရေးပါ
ကိုယ်သမိုင်း ကိုယ်ရေး ဖို့ ပါ.
ဒီမိုကရေစီ နဲ့  လားလားမှ မဆိုင်ပါ...

နမူနာတခု ဆိုရရင် ကလေးတစ်ယောက် မုန်းစားချင် တာ ကို သူလွတ်လပ်ရေးလို့ ဆိုရအောင်

ဒီနေရာမှာ အိမ်သား က ၅ ယောက် ဒါ ကို ဒီမိုကရေစီ အရ မဲ ခွဲ ရင် အဲဒီကလေး မုန့် စားရဖို့  ဘယ်လို မှ မဖြစ် နိုင်ပါဘူး

အဲဒါ ဒီမိုကရေစီ လား မဟုတ်ပါဘူး သူ့  လွတ်လပ်ရေး က မုန့် စားဖို့  ဆို မုန့် စားရရေး က အဓိကပါ ဒါဆိုတော့ သူ့ လွတ်လပ်ရေးက သီခြားကြီးပါ...

ဒါကြောင့် သူ့ လွတ်လပ်ရေး ကို သီးခြားခွင့်ပြုရမှာပါ မုန့် စားရရေး ကို သာ သီးသန့်  ကူညီရမှာပါ..

ပြီးမှ မိသားစု နဲ့  အတူတကွ စားသုံးရေး ကို စနစ်တကျ ပြင်ဆင်သင့်တာပါ..

ဒီစာတွေ ရေးလို့  ဒီစာ အခုတော့ အရာ ထင်မှာမဟုတ်ပါဘူး

သာဓက ဆိုရရင် တချိန်က ရေးခဲ့တဲ့ ဂိမ်းကစားပွဲ အမှန်တရား က ၂၀၁၁ က အခု ၂၀၁၄ ကျမှ အမှန်ဖွင့်ရေးတာ တွေ့ ရလို့ ပါ...

၂၀၁၁ တုန်းကရေးတုန်း က အရမ်းသတိထားရေးခဲ့ရတာပါ သိတာ ကို မသိသလို ဂိမ်းကစားပွဲ အရှုံးနဲ့ ကစားခြင်း ဆိုပြီးရေးတာ အခုလည်း ဒီလိုပါပဲ

ဒီစာ က နောက် ၁၀ နှစ်လောက် ကြာမလားပဲ ဒီစာတွေ ရေးတတ်ဖို့  အသိပညာ ရခဲ့တာတွေ သင်ခဲ့ရတာတွေ က စင်ကာပူ မှာ စာသင် လာတဲ့ အကျိုးကြောင့် ရေးနိုင်တာပါ..

အခုလည်း ကြည့်ရင် လွတ်လပ်ရေးတောင်းတာတွေ ကို ဖိနှိပ်တာတွေ ဒီမိုကရေစီ နည်းတွေ ဘာတွေ ဆိုပြီး လုပ်တာတွေ တွေ့ လို့ ရေးရတာပါ

အဲလိုတွေ အလုပ်ကောင်း လို့  ကမ္ဘာမှာ လူမဆန် လူသတ်မှုတွေ တွေ့ နေရတာပါ..

စနစ်တကျ ဖြေရှင်းတာတွေ စိတ်ဓာတ် အမှန် နဲ့  အလုပ်လုပ်တာတွေ ရှိဖို့ လိုနေတာပါ

လွတ်လပ်ရေးဆို လို့  လွတ်ထွက်သွားအောင် လုပ်နေတာတွေ ထက် သီးခြား လွတ်လပ်ခွင့် နဲ့  ကိုယ်ပိုင် အုပ်ချုပ်ခွင့် ပေးပြီး အတူတကွ ပူးတွဲ နေထိုင် ရေး UNITED ကို လုပ်ဖို့  လိုနေတာပါ...

UNION ဆိုတာတွေ က နောက်တော့ မလွယ်တာတွေ့ ရပါတယ် UNIှTED ကတော့ အမြဲတမ်း အတွက် မှန်နေတာပါ..

UNION ကို ဆက်သွားချင်ရင် အဲဒီ နယ်မြေ က လူတွေ ကို သီးခြားလေးစားဖို့  လိုပြီး လွတ်လပ် ခွင့် ကို ပေးလိုက် ပြီးမှ အတုတကွ ပေါင်းစည်းနေထိုင်ခြင်း ကို လုပ်ရမှာပါ...

လွတ်လပ်ခွင့် ဆိုလို့  ပြိုကွဲတဲ့ လွတ်လပ်ခွင့် ထက် မိမိသမိုင်းမိမိရေးတဲ့ လွတ်လပ်ခွင့် ဒါ ကို မပြိုကွဲ ပဲ လုပ်ဖို့  က အနည်းငယ်ခက်မှာပါ

တကယ်တော့ လွတ်လပ်ခွင့် အရ အဲနေရာက လူတွေ ကို နေရာစနစ်တကျ ချပြီး ကိုယ်တိုင်ရေး သမိုင်းမျက်နှာစာ ဖွင့်ခွင့် ပေးလိုက်ရမှာပါ..

ဒါဆို UNION လည်းမကွဲ ကိုယ်သမိုင်းလည်း ကိုယ်ရေး ကိုယ်ပိုင် အုပ်ချုပ် ပိုင်ခွင့် လေးပါရပြီး လွတ်တော် မှ အတူတူ တိုးတတ်ရေး အနာဂတ် သမိုင်းကောင်းလာမှာပါ...

ဒါကြောင့် နေရာတိုင်းမှာ ဒီမိုကရေစီ အတိုင်း ကုန်းကုန်း မအော် ပါနဲ့ 

သမိုင်းကို သမိုင်း အတိုင်းရေးနိုင်ကြပါစေ...

သမိုင်း ကို ပိတ်မထားပါနဲ့  သမိုင်း ကို အရည်ဖျော် လို့  ရတယ် ဆိုပေမဲ့ 

သမိုင်းက မှတ်တိုင် တွေ တစ် တိုင်ပြီး တစ်တိုင် စိုက် နေမှာပါ...

တိုင်တိုင်း မှာ ဖျောက်မရတာတွေ ရှိနေမှာပါ...

လွတ်လပ်မှု ကို အသိအမှတ်ပြုပါ ရောမချပါနဲ့ 

လွတ်လပ်ရေး စာလုံး က ဖိနှိပ်သူ အတွက် တန်ဖိုး မရှိပေမဲ့ ခဏလေးပဲ ဖြစ်ဖြစ် လွတ်လပ်ခွင့်လေး က ဘာနဲ့ မှ မတူပါဘူး

အတူတူ လက်တွဲ ရတာတွေ အများကြီးပါ

သမိုင်း တိုင်း ရာဇ၀င် တွင် စေရမည်...

ရာဇ၀င် တိုင်းလွယ်လွယ် မဖြစ်ပေမဲ့ နောက်ဆုံးတော့ သက္ကရာဇ်တွေ ကို ဖြိုဖျက် နိုင်သူပါ

လွတ်လပ်ရေးတိုင်း ကို လေးစားစွာဖြင့်..

င၀န်နဒီ

Friday, September 19, 2014

ဂျပန် iphone 6 ,iphone 6 Plus တရုတ်ပွဲစား Apple ဆိုင်ရှေ့  အမြတ် ယန်း၃သောင်း ၄သောင်း ပေးပြီးဝယ် ညနေ ၃ နာရီ အရောင်းရပ်

ဒီနေ့  iphone 6 Plus SIM free လေး ၀ယ်လို့ ရမလား ထင်နေတာ ညနေ ၃ နာရီ က အရောင်းပိတ်သွားတယ် ဆိုလို့  ထူးတယ်လို့ ထင်နေတာ

ညဘက် TV ကြည့်တော့မှပဲ တရုတ်ပွဲ စားတွေ က ကားရပ်ပြီး ချက်ချင်း အမြတ် ယန်း ၃ သောင်း ၄ သောင်းပေးပြီး ၀ယ်သွားတာ သတင်းသမား က လိုက်မေးလို့  မရတာ တွေ့ လိုက်ရတယ်

အဲဒီကားပေါ်မှာ နောက် အဖုံးထဲ မှာ အပြည့်   နောက်ကားတစီးကအလယ်တခါးဖွင့်ရတဲ့ ကား က ခုံပေါ် မှာ အထပ်လိုက် တွေ့ လိုက်ရတယ်...

ဂျပန်မှာနေပြီး အမှန်တကယ် ဂျပန် မှာ သုံးချင်သူတွေ အတွက် တော့ ညနေ ၃ နာရီကျော် က အရောင်းပိတ် လိုက်ပြီ

ဘယ်လိုပဲဖြစ်ဖြစ် ဂျပန်မှာ ဖုန်းတန်းစီ ရောင်းစား တာ ကို တွေ့ လိုက်ရတာ အံ့သြစရာပါ..

ဂျပန် ရဲ ကတော့ ဒီ အတိုင်းကြည့်နေ မှာလား နောက် ၃ ..၄ လ လောက်ကြာအောင် သေချာအောင် လုပ်ပြီးအဖြေ ထွက်လာမှာလားတော့ မသိ..

ဘယ်လို ပဲဖြစ်ဖြစ် ဒီလိုမျိုးနဲ့ ဆို iphone 6 Plus ကတော့ ခပ်ဝေးဝေးမှာပေါ့

င၀န်နဒီ

Wednesday, September 10, 2014

Apple Watch

ပြောနေတုန်းတင်ပေးလိုက်တာပါ


ငဝန်နဒီ















Saturday, September 6, 2014

သမ္မတ ပြောတဲ့ မြေယာ ဆရာဆရာမ ပီတိ စားသုံးဆဲ ဆည်းဆာ

သမ္မတ မြေယာ ပြောလို့  ဒီစာ ကို သေချာအောင် လုပ်ပြီးမှ ရေးတာပါ...

ဒီနေရာမှာ ဘယ်သူ ကိုမှ မရည်ရွယ်ပါ...အနာဂတ် မြန်ပြည် ပညာရေး နောင် အနှစ် ၅၀ လောက် နောက်ကျ မည့် အဖြစ်ကို ရေးတာပါ..

မြေယာတွေ ပေးတာ တွေ သိမ်းတာတွေ နောက်ကွယ် က အကြောင်းအရာတချို့ ရှိနေတာပါ...

စီမံကိန်း ဆိုတာနဲ့  မြေသိမ်းလို့ ရတာ က တကယ် ကို ကောင်းတဲ့အရာတစ်ခုလို လက်ခံနေ တောင်းခံနေ ပေးနေတာ တွေ ပြီးရင် ဘာမှ မလုပ်ပဲ ရောင်းစား ပေါင်စား မြေယာ ပြဿနာ မြောက်မြားစွာ ဖြစ်နေတာ က

ပေးသူ ကို ပြင်ဆင် စေလို က ပညာအခြေခံ လိုလာပါပြီ ပြင်ချင်ရင် ၁၀ နှစ်ကြာ စေမည့် မြန်ပြည် ပညာရေး ဖြစ်နေမှာပါ..ဘာဖြစ်လို့ လည်းဆိုတော့ နည်းပညာ မရှိ အတွေးမရှိ တဲ့ အသိပညာကြောင့် မြေယာကို အသုံးချရေးသာ လုပ်နေရလို့ ပါ...

မြေယာ တစ်ခု ကို နည်းပညာ အနာဂတ် ပါတွက် မှ နောက် မှာ အကျိုးဖြစ်မှာပါ..

နိုင်ငံတစ်ကာမှာ လေယာဉ်ကွင်းတွေ တစ်ကွင်းပြီး တစ်ကွင်း ဆောက်တဲ့ နိုင်ငံ မရှိပါဘူး

ရှိတာ ကို စနစ်တကျ နည်းပညာမြှင့် တိုးချဲ့တာသာ ရှိတာပါ..

လက်ခံရယူဖို့ တောင်းခံသူ တွေ ရှိခြင်း က အခွင့်ထူးခံ စိတ် ဆိုတာထက် ထိုးဖောက်ရန် နည်းသစ် ကျန်ဆ ခြင်းမဲ့ အတွေးသစ် မရှိခြင်းလည်း ပညာရေး အတွေးဆွေးမြှေ့ နေခြင်း ကို တွေ့ နေရမှာပါ..

နေရာတစ်ခု က ကျဉ်းနေတာ ကို ဘယ်လိုဖောက်ထွက် လုပ်ဆောင်မလည်း ကို သိရမှာပါ..

တစ်ခုခု ဆို ထိန်ချန် လုပ်စားစနစ် နဲ့ ကြီးပွားနေရတာ က အမှား ကို အမှား ဖုံးရင်း ရှေးလမ်းေ၀၀ါးနေတာပါ..

ဒီလိုနေရာမှာ အစိုးရ နှစ် ပေါင်းများစွာ ပညာရေးလုပ်လာသူတွေ ၀န်ထမ်းတွေ ကို မြေယာချပေးတာတွေ ရှိနေတော့

ရသင့်လို့ ပေးတာတွေ လုပ်တာလို့ တွေ့ ရပါတယ် နည်းပညာ နည်းတော့ အိမ်မဆောက် ပေးနိုင်မြေယာပေးတာနဲ့  ဆရာဆရာမ တွေ ကျေနပ်စရာ လို့  ထင်စရာပါ..

ဒီနေရာမှာ ပီတိစားဆဲ ဆည်းဆာ ဆိုတာက

ပီတိ က လက်ဆုတ်လက်ကိုင် မပြနိုင်သလို ဆည်းဆာ ဆိုတာကလည်း နေ၀င်ချိန် စောင့် နေရတဲ့

ဆရာဆရာမ ဘ၀ တွေ က လက်ဗလာချည်းသက်သက် တွေ့ နေရလို့ 

သေချာအောင် အထပ်ထပ် လုပ်ပြီး

ဖြေရှင်းစရာနည်းလမ်းမဲ့  အထောက်အကူမဲ့ ဖြစ်တာတင် မက နောက် အနာဂတ် မှာ အမွေမဲ့ အာစရိ အကြောင်း ဖြစ်လာ လို့ ပါ..

ပညာရေးအတွက် နှစ် တွေ ရာစုနှစ် တစ်ဝက် ရင်လေးစရာပါ..

အစိုးရပေးသော အိမ်ယာ မရသော ဆရာဆရာမ ဆိုလို့  စီစစ်ပေးသူ မဲ့အဖြစ်ပါ..

အစိုးရကပေးသော အိမ်ယာ ဆိုလို့  စလစ် ကလေးတစ်ခုရယ်ပါ..

ငွေတော့ ပေးသွင်းလိုက်ရပါရဲ့

တကယ်တမ်းမေးလိုက်တော့ အခြေခံပညာက လည်းတာဝန် မယူပေးပဲ မြို့ နယ် ကို လွဲချ နေတော့ အစကပျောက် အထက်က တာဝန်မယူတော့ အောက်ကငြင်း

မြေယာဌာန ကဖျောက် လုပ်ဆောင်သူက ဖျောင် လိုက် တာဆိုပေမဲ့

ဒီနေရာမှာ လုပ်ဆောင်သူ ကရောင်းစား တာ ကို ပညာရေးဌာန က တာဝန်ယူ မဖြေရှင်းနိုင်တာ လာဘ်စားထားလို့ လား

မြေစာရင်း က ပိုင်ရှင်မဟုတ်ပဲ လက်လွဲ ရောင်းခွင့် ခွင့် ပြုနေတာလား လာဘ်စားပြီး လုပ်ပေးနေတာလား

အစိုးရ အမွေ လို့ ပြောရတဲ့ မြေယာ လေး ဆရာဆရာမ က မရလိုက်ပဲ နာမည်သာ ခံလိုက်ရတယ်

နှစ်ပေါင်းများစွာ မြေဖြူမှုန့်  ကိုရှု စာသင် လာသူ အစိုးရ အမွေမဲ့  အဖြစ် ဆည်းဆာ မှာ တွေ့ နေရတာပါ..

ဒီအချိန် မှာတွက် ရင် ..တရားဥပဒေစိုးမိုးရေး အရ ကြည့်ရအောင်

လုပ်ဆောင်ခွင့် ရသူက ရောင်းစား တာ ကို အမှုဖွင့် ပြီ ထားပါတော့

ပညာရေးဌာန က တာဝန် မယူတော့ အမှု ကတ၀က် လောက် အလိုလို ရှုံးပြီးသား နောက် ဆက်ကြည့်ရအောင်

မြေစာရင်းကလည်း လာဘ် ယူပြီး စာရွက် အတု ကို အစစ်ဟန် ကို မသိဟန်ဆောင် ရောင်းစားခွင့် ပြုတော့
နောက်ထပ် ၂၀% ထပ်ရှုံး ပြီပေါ့

တရားရုံးတို့  ဘာတို့ ဆိုတာ ဆရဆရာမ တွေ အတွက် လားလား မ မဆိုင် တကယ်ပါ သူတပည့် တစ်ယောက်က မေးရင် အမှန်တရား အတွက် တရား လာ လုပ်တာ ကို တပည့် ကို ပြောဖို့  ခက်ပါတယ်

ဒီတော့ တရားရုံး ကရော ဆရာဆရာမ ဖက်ပါဖို့  စလစ် ကလေးတစ်ခုနဲ့  မဖြစ်နိုင် အငြင်းခံ ရဖို့  က ၃၀ % ဆိုတော့ ကဲ အရှုံးကြီးပဲ...

ဆည်းဆာ ချိန် အသက်ကလည်း ၇၀ နီးလာနေပြီ နေ၀င်ချိန် မစောစေဖို့  တရားရုံးလည်း မသွားရအောင်
တပည့်တွေ ကိုလည်း ဒီလိုအဖြစ်မျိုးမမြင်ရအောင်

အမူလည်းမလုပ် မြေယာလည်းမရ အစိုးရ အမွေမဲ့ မြေယာ ပီတိစား ဆရာဆရာမ ဆည်းဆာမှာ နေပျော် အောင်နေနေရတာပါ..

မြေယာရသူ ဆရာဆရာမ အတွက် နိုင်ငံတော် အမွေ ပြသစရာ ရှိပေမဲ့

နှစ်ပေါင်းများစွာ အလုပ်လုပ်ပြီး မြေယာ မရသူ ဆရာဆရာမ တွေ အစိုးရ အမွေ မရတာထက်

နောက် မျိုးဆက် ဆရာဆရာမ တွေ ပီတိမစား ရက်စက်တာတွေ မဖြစ်စေချင်လို့ ရေးတာပါ..

သမ္မတ ပြောတဲ့ မြေယာ တော့ မသိ လောလောဆယ် ဆည်းဆာ မလှတာထက်

နောက်မျိုးဆက် စေတနာမဲ့ ပီတိ နတ္ထိအဖြစ်တွေ က ရင်လေးစရာပါ...

တရားဥပဒေ တရားရုံးမှာပါ...

မြေယာ က စာရင်းထဲမှာသာ. အချိန်မရွေး ကူးပြောင်းပေးနိုင်တာပါ ကိုယ်တိုင်မလို စနစ် ထက်စလစ် ဖျောက်ဖျက် နိုင်သူတွေပါ..

ပညာရေးဆိုတာထက် ပ ဆိုတာ က ပထုတ်တတ်ရေး စနစ် ကို အကောင်အထည်ဖော် ရင်း ညာတုတ် ရင်း ညာစာရင်း လုပ်နေရင်တော့

ကျောင်းမနေ ရတဲ့ ကလေး တွေ ရင်လေးရတာထက် မကောင်းမှု ထပ်မတတ်မှာတော့ မစိုးရိမ်ရတော့ဘူးပေါ့

နောက်ဆုံးတော့ နေ၀င်ဆည်းဆာ ပီတိစားရင်း လူတိုင်းလှတာထက်..

မိမိ အပိုင်းမိမိ တာဝန်ယူနိုင်သူတွေ ဖြစ်နိုင်ကြပါစေ...

နေ၀င် ချိန် ဆည်းဆာ မှာ တိမ်တောက်တာ ကို မြင်ခွင့် ရနိုင်သေးရင်ပေါ့

င၀န်နဒီ